Be Our Nation Once Again

  • Home
  • Be Our Nation Once Again

Be Our Nation Once Again Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Be Our Nation Once Again, News & Media Website, .

ခေတ်သစ်ပုံပြင်ပူပြင်းသည့် နွေရာသီအတွင်း၊တောအုပ်တခု အလယ်က 'စမ်းရေအိုင်ငယ်' တအိုင်မှာ ခြင်္သေ့တကောင်နဲ့ တောဝက် တကောင် ရေသေ...
22/01/2022

ခေတ်သစ်ပုံပြင်

ပူပြင်းသည့် နွေရာသီအတွင်း၊တောအုပ်တခု အလယ်က 'စမ်းရေအိုင်ငယ်' တအိုင်မှာ ခြင်္သေ့တကောင်နဲ့ တောဝက် တကောင် ရေသောက် ဆင်းလာရင်း ဆုံတွေ့ကြပါတယ်။

ခြင်္သေ့ ကသူဟာ တောဘုရင် မို့ဤရေကန်သည် သူ့အပိုင် လို့ ပြောတယ်။

တောဝက် ကလည်း ဤရေကန်သည် သတ္တဝါ အားလုံးနဲ့ သက်ဆိုင်ကြောင်း ပြန်ပြောတယ်။

အဲဒီ့ နေရာမှာတင် သူ နဲ့ဆိုင်တယ်၊ ငါ ပိုင်တယ် နဲ့ ငြင်းခုံရင်း မကြာခင် သတ်ပုတ် ကြတော့တယ်။

ဤရန်ပွဲမျိုးကား..
တစ်ကြိမ် လည်းမက နှစ်ကြိမ်လဲမဟုတ်တော့။

တောဝက် တွေသာ တစ်ကောင်ပြီးတစ်ကောင် ပြောင်းသွားတယ်၊
ခြင်္သေ ကားမပြောင်း။

မေးစရာ မေးခွန်းက...

ခြင်္သေ့ကို အံတု ခုခံ ရဲတာ တောဝက် တစ်ကောင်တည်းလား ⁉️
#ငါတို့နိုင်ငံတစ်ဖြန်ဖြစ်စေ

24/12/2021
"IRA ကျဆုံးခဏ်း မှ သင်ခန်းစာ"'မိစ္ဆာစနစ် ကို ခုခံခြင်းသည် အကြမ်းဖက်ဝါဒ မဟုတ်' ဟု ယုံကြည်ခဲ့ကြသည့် IRA များကဏ္ဍအဘယ်ကြောင့...
19/12/2021

"IRA ကျဆုံးခဏ်း မှ သင်ခန်းစာ"

'မိစ္ဆာစနစ် ကို ခုခံခြင်းသည် အကြမ်းဖက်ဝါဒ မဟုတ်'
ဟု ယုံကြည်ခဲ့ကြသည့် IRA များကဏ္ဍအဘယ်ကြောင့် မှေးမှိန်သွားရသနည်း?

IRA (Irish Republican Army) တပ်ဖွဲ့ ဆိုသည်မှာ၊ အိုင်ယာလန်ကျွန်း ပေါ် ၌ ဗြိတိသျှအုပ်ချုပ်ရေးလုံးဝမရှိစေရေး၊ အိုင်ယာလန် နှင့် မြောက်ပိုင်းအိုင်ယာလန် ပြန်လည်ပေါင်းစည်းရေး ဟူသော အဓိကရည်ရွယ်ချက်ဖြင့်၊ ဗြိတိသျှအစိုးရကို တော်လှန်တိုက်ပွဲဝင်ရန် ၁၉၁၉ ၌ စတင်တည်ထောင်ခဲ့သည့် တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သည်။

တော်လှန်ရေးတစ်ခု ၏ ရေသောက်မြစ် သည် နောက်ခံလူထု ၏အထောက်အပံ့ ဖြစ်သည်။

ပြည်တွင်း နှင့် နိုင်ငံတကာမှ အိုင်းရစ်လူထု ၏ အားပေးထောက်ပံ့နိုင်မှုကျဆင်းသွားခြင်းသည် IRA ကျဆုံးခဏ်း၏အဓိက အကြောင်းရင်းဖြစ်၏။

[မြောက်ပိုင်းအိုင်ယာလန် (Northern Ireland ) ဟူ၍ သီးသန့်ပိုင်းခြားခံရသည့်အကြောင်းမှာ၊ အင်္ဂလိပ်ဘုရင် ပထမဂျိန်းစ်ဘုရင်လက်ထက် ၁၆၀၇ ခုနှစ်၌ အိုင်ယာလန်ကျွန်း ၏မြောက်ပိုင်း စီရင်စု (County) ၆ ခု ပါဝင်သောဒေသ၌ အခြေချနေထိုင်သူများ (အင်္ဂလန်မြောက်ပိုင်း နှင့် စကော့တလန် မှ ပရိုစတက်တန့်ဂိုဏ်းဝင်များ) ရှိသဖြင့်၊ အဆိုပါဒေသအား ဘုရင်၏အစောင့်အရှောက်ခံဒေသအဖြစ် သတ်မှတ်ခဲ့ခြင်းမှ စတင် ၍သီးခြားနေတစ်ခုဖြစ်သွားခဲ့သည်]

ပထမကမ္ဘာစစ်ကြီးပြီးနောက် ကြွင်းကျန်ရစ်သော 'မိုက်ကယ် ကောလင်း' ဦးဆောင်သည့် Irish Volunteer တပ် နှင့် အိုင်းရစ်အမျိုးသားတပ် (Irish Citizen Army) ကိုစုစည်း၍ တည်ထောင်ထားသည့် နယ်ချဲ့ခုခံရေးတပ် IRA သည် ၂၀ ရာစု၏ အန္တရာယ်အရှိဆုံးပြောက်ကျားစစ်သည်များ ဖြစ်ခဲ့၏။
တစ်ချို့သော မီဒီယာများ နှင့် အစိုးရအဖွဲ့များ ကအကြမ်းဖက်သမားများ ဟူ၍လည်း အမည်တပ်ကြ၏။

IRA သည် နယ်ချဲ့ကို ခုခံရာ၌ လက်နက်ကိုင်စစ်ဆင်ရေးသက်သက်မဟုတ်၊ နိုင်ငံရေးနယ်ပယ်၌ IRA ၏ Political wing အဖြစ် ရှင်န် ဖိန်းန် (Sinn Fein - We ourselves) အမည်ရ နိုင်ငံရေးပါတီ အနေဖြင့်လည်း မြေပေါ် မှလှုပ်ရှားခဲ့ကြ၏။

IRA ကို ကမ္ဘာ ကသတိပြုသွားရသည့်စစ်ပွဲမှာ အင်္ဂလိပ်-အိုင်းရစ် စစ်ပွဲ (Anglo-Irish War 1919-21) ကြောင့်ဖြစ်သည်။
ဤစစ်ပွဲအတွင်း၌ IRA တို့သည် ဗြိတိသျှအုပ်ချုပ်ရေးယန္တရား နှင့်ပါတ်သက်သည့် ကဏ္ဍမှန်သမျှအား စီးနင်းသိမ်းပိုက်ခြင်း၊ ပြောက်ကျားစစ်ဆင်ခြင်း၊ ဗုံးခွဲဖျက်စီးခြင်း စသည့်ထိရောက်သည့်ထိုးနက်ချက်များကြောင့်၊ ဗြိတိသျှအစိုးရသည် နောက်ဆုံး၌ လွတ်လပ်ရေးပေးရန် ညှိနှိုင်းဆွေးနွေးခဲ့ရသည်။

IRA တပ်အင်အား တစ်သောင်း နှင့် ဗြိတိသျှစစ်တပ်၏ လက်နက်ကိုင်တပ် ၅ ခုမှ အင်အား ၄၀,၀၀၀ ခန့် တို့ ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး၊ လူ ၂၃၀၀ ကျော် ကျဆုံး ခဲ့သည့် ၃ နှစ်ကြာ စစ်ပွဲ ဖြစ်သည်။

ဤ စစ်ပွဲအပြီး၌
ဗြိတိသျှတို့သည် အိုင်ယာလန်ကျွန်း (Island of Ireland) အား အင်ဂလို-အိုင်းရစ် စာချုပ် (Anglo-Irish Treaty 6 December 1921) အရ၊ စီရင်စု ၂၆ ခုပါဝင်သည့် တောင်ပိုင်း အိုင်ယာလန်အား သီးခြားလွတ်လပ်နိုင်ငံ (Irish Free State) တစ်ခုအဖြစ် ၁၉၂၂ ဒီဇင်ဘာလ တွင် ကြေငြာပေးခဲ့သော်လည်း၊ စီရင်စု ၆ ခုပါဝင်သော မြောက်ပိုင်းအိုင်ယာလန် သည် ဗြိတိသျှတို့လက်အောက်၌ဆက်လက်ကျန်ရစ်၏။

ထိုကြောင့် IRA တို့၏ တော်လှန်ရေးခရီး ဆက်ကြရပြန်သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၀ ဇူလိုင်လ၌ IRA တို့သည့်၊ နာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ ထံချဉ်းကပ်၍၊ အိုင်ယာလန်ကျွန်းပေါ်မှ ဗြိတိသျှတို့အားမောင်းထုတ်ရန်ပင်ကြိုးပမ်းခဲ့ကြ၏။ ဤကိစ္စပေါက်ကြားသွားသဖြင့်၊ IRA ထိပ်တန်းခေါင်းဆောင် ၅ ကွပ်မျက်ခံရပြီး၊ အဖွဲ့ဝင်များစွာ ထောင်ဒဏ်ချမှတ်ခံကြရ၏။

IRA တို့၏ တော်လှန်ရေးခရီးရှည် အား မည်သည့် ငွေကြေးကျောထောက်နောက်ခံ ဖြင့်ခရီးဆက်နိုင်ခဲ့ကြသနည်း?

The IRA: Finance and Weapons စာအုပ်၏ အဆိုအရ..
IRA သည် မိမိတို့၏ တစ်နှစ်စာ တော်လှန်ရေးစရိတ် အား စတာလင်ပေါင်ငွေ ၃ သန်း မှ ၄ သန်း ထိကုန်ကျမည်ဟုတိကျစွာသတ်မှတ်ပြီးနောက်၊ ဤငွေပမာဏ ရရှိအောင်ရှာဖွေကြ၏။
စစ်ရေးရံပုံငွေရှာရန်အတွက် အိုင်ယာလန် (Republic of Ireland) နှင့် ယူကေ (UK) ကိုအခြေခံ၍ ပြည်ပတိုင်းပြည်များ၌ရှာဖွေကြ၏။

ပြည်ပမှ အဓိကဝင်ငွေ/လက်နက် ရှာပေးခဲ့သည့်အဖွဲ့အစည်းမှာ အမေရိကား အခြေစိုက် NORAID- Irish Northern Aid Committee အမည်ရ မြောက်ပိုင်းအိုင်ယာလန်ထောက်ပံ့ရေး အဖွဲ့ဖြစ်သည်။

USA ၌ အခြေချနေထိုင်သည့် အိုင်းရစ်နောက်ခံ နိုင်ငံသား Irish-American သန်း ၂၀ ကျော်ရှိ၏။ ၎င်းတို့မှနှစ်စဉ် အလှူငွေ ၃ သန်းမျှထောက်ပံ့ခဲ့ကြသည်။
ထို့အတူ ယူကေ, ဩစတေးလျ, နယူးဇီလန်, စသည့်နိုင်ငံများ မှ အ်ိုင်းရစ်လူမျိုးတို့သည် IRA အတွက် ရသမျှ ငွေကြေး လက်နက်စုဆောင်းပေးလှူကြ၏။

၁၉၆၉ ဒီဇင်ဘာလ ၌ IRA နှစ်ခြမ်းခွဲခြင်းမှ စတင်ကာ IRA သည်အင်အားချိနဲ့စပြုလာတော့သည်။

တောင် နှင့် မြောက် ပေါင်းစည်းထားသော စုစည်းသည့်အိုင်းရစ်နိုင်ငံ (United Ireland) တည်ထောင်ရန် အတွက်၊ နိုင်ငံရေးနည်းလမ်းဖြင့် သွားလိုသော Official အမည်ရအုပ်စုနှင့် လက်နက်ဖြင့်ဆက်လက်တ်ုက်ပွဲဝင်လိုသော Provisional အမည်ရအုပ်စုတို့ဖြစ်ကြသည်။

IRA ၏ ရစ်ပတ်ပလီကန်လှုပ်ရှားမှုကြီး (Republican Movement) အား ငွေကြေး အဓိက ပံ့ပိုးနေသော ဒဗ္ဗလင်မြို့ အခြေစိုက် အဖွဲ့များ အား ၁၉၇၅ တွင်ထုတ်ဖော်အရေးယူခံရခြင်းကြောင့်လည်းကောင်း၊ အမေရိကား မှ NORAID အဖွဲ့သည် ၁၉၈၁ ဧပြီ ၌ တရားမဝင်ငွေကြေးထောက်ပံ့မှုဖြင့် တရားစွဲ ပိတ်သိမ်းခံရသဖြင့်လည်းကောင်း၊ ဗြိတိန် နှင့် ဩစတေးလျ တို့မှ IRA အဖွဲ့အစည်းများဖော်ထုတ်ဖမ်းဆီး ခံကြရ၍လည်းကောင်း၊ IRA ၌ ငွေကြေးကျောထောက်နောက်ခံလုံးဝ မရှိဖြစ်သွား၏။

IRA တို့သည် တော်လှန်ရေး ရံပုံငွေရရှိရေးအတွက်၊ လက်နက်မှောင်ခိုရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချပေးခြင်း၊ မူးယစ်ဆေးဝါးဂိုဏ်းများ၌ပါဝင်လာခြင်း၊ ​ကြေးစားလူသတ်ခြင်း စသည့်ကိစ္စများဖြင့် ရံပုံငွေရှာကြ၏။

ထိုမှစ၍.. လူအများအမြင်၌ IRA ၏ပုံစံသည် တစ်မျိုးပြောင်းသွားခဲ့သည်။

ဗြိတိသျှအစိုးရ ၏ IRA လက်နက်ကိုင်တော်လှန်ရေး အားအပြီးသတ် ထိုးနှက်ချက်ကြီး မှာ Good Friday Agreement အမည်ရ Belfast သဘောတူစာချုပ် (10 April 1998) ဖြစ်သည်။

ဤစာချုပ်အရ ဗြိတိသျှအစိုးရသည် ညီညွတ်သည့်အိုင်ယာလန်နိုင်ငံ (United Ireland) ကို အသိအမှတ်ပြု၏၊
သို့သော် မြောက်ပိုင်းအိုင်ယာလန်နိုင်ငံသားအများစု၏ ဆန္ဒဖြင့်ဆုံးဖြတ် ခွင့်ပြု မှသာ အထမြောက် စေရမည် ဟူ၍ဖြစ်၏။

ထိုကြောင့်..
တောင် နှင့် မြောက် ပြန်လည်ပေါင်းစည်းရေး အား လက်နက်ဖြင့်တိုက်ယူ၍မရ၊ နိုင်ငံရေးနည်းလမ်း သည်သာတစ်ခုတည်းသောအဖြေဖြစ်သွားရတော့သည်။

IRA တို့၏ လက်နက်ကိုင်တော်လှန်ရေး အရေးနှိမ့်သွားရသော်လည်း၊ ပျောက်ကွယ်သွားကြသည်တော့မဟုတ်ပေ။

၎င်းတို့သည် အဆုံးမသတ်သေးသော တော်လှန်ရေး အတွက် New IRA အမည်ဖြင့် ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်၏။

သင်ခန်းစာယူ ဆင်ခြင်စရာမှာ..
ကိုယ်ကျိုးစွန့် အသက်ပေး၍
တော်လှန်ရေးတိုက်ပွဲ ဝင်နေကြရသူ အင်အားစုများအတွက်..
ထောက်ခံသည့်ပြည်သူလူထုမှ
စိတ်ဓာတ်အင်အား
ဘဏ္ဍာရေးအင်အား
လက်နက်အင်အား
စသည့် အထောက်အပံ့များ ပုံမှန် ထောက်ပံ့ပေနိုင်ခြင်း မရှိပါက..
တော်လှန်ရေး အဓွန့်ရှည်နိုင်မည်မဟုတ်။

Thank you for reading this article

ကိုးကားစာအုပ်များ-
_ A Secret History of IRA
_ The IRA: Finance and Weapons

20/10/2021

ကျပ်ငွေကို ဖောင်းပွ စေပြီးနောက်၊
ရွှေ ကိုပါ ဖောင်းပွ စေပြန်ပါပြီ။

မြန်မာ့ဗဟိုဘဏ်၌ ရွှေအပေါင် (Gold Reserve) ရွှေတန်ချိန် ၇.၂၇ တန်(၂၀၂၁ ခုနှစ်) ရှိ၏။
(source: World Gold Council)

အခြေခံအားဖြင့်..
ဗဟိုဘဏ်မှလည်းကောင်း၊
ပုဂ္ဂလိကရွှေလုပ်ငန်းမှသော်လည်းကောင်း၊ အမှန်တကယ်ရှိသည့်ရွှေပမာဏထက်ပိုမို၍ ငွေသားဖြင့်ရောင်းချကြလျှင်၊
ရွှေဖောင်းပွမှုကြီးစတင်ပေတော့မည်။

စက္ကူရွှေ Paper Gold သည်
စီးပွားရေးဒုက္ခအသစ်တစ်ခုထက်
ပိုမည်မဟုတ်။

တစ်ခါက စစ်အုပ်စုစီးပွားရေး မဟာ ဉာဏ်ကြီးရှင်တစ်စုသည် FEC (Foreign Exchange Certificates) ဟူ၍
US$ ကိုယ်စားပြု စက္ကူများကို (၁၉၉၃)ခုနှစ်မှစတင်ရောင်းချ အသုံးပြုခဲ့ကြတယ်။
ဒေါ်လာဈေးက ၂ မျိုးဖြစ်လာခဲ့တယ်၊ (FEC ကဈေးတစ်မျိုး နှင့် ဒေါ်လာအစစ်ကဈေးတစ်မျိုး ဟူ၍)။
ထိုနောက် FEC များယောင်ဝါးဝါးဖြင့်(၂၀၁၃) ခုနှစ်၌ပျောက်ကွယ်သွားခဲ့လေ၏။

ယခုလည်း မကြာမီ...
ရွှေသားအစစ်(Physical Gold)ဈေးနှုန်း နှင့် ရွှေစက္ကူ (Paper Gold) ဈေးနှုန်းဟူ၍ဖြစ်လာလိမ့်ဦးမည်။

#ငါတို့နိုင်ငံတစ်ဖန်ဖြစ်စေ

စာသင်ကျောင်းများမှ အသင်းအဖွဲ့အားလုံး၏အမည်များက...ကျန်စစ်သား၊ ဘုရင့်နောင်၊အလောင်းဘုရား နှင့် ဗန္ဓုလ..အားလုံးစစ်သားတွေ။သင်...
05/10/2021

စာသင်ကျောင်းများမှ အသင်းအဖွဲ့အားလုံး၏အမည်များက...
ကျန်စစ်သား၊ ဘုရင့်နောင်၊အလောင်းဘုရား နှင့် ဗန္ဓုလ..အားလုံးစစ်သားတွေ။

သင်ခဲ့ရသောမြန်မာ့သမိုင်း၌ စစ်သားအားလုံး သူရဲကောင်း။

လမ်းမကြီး တံတား များအမည် နှင့် ရုပ်ထုကြီးတွေအားလုံး စစ်သား။

(၁၉၄၈) ခုနှစ်လွတ်လပ်ရေး
ရပြီးကတည်းက ယနေ့အထိ..

အစဉ်အဆက်အစိုးရအဖွဲ့ပေါင်း (၁၂) ခု၌ စစ်တပ်မှဖွဲ့စည်းသည့်အစိုးရက (၉)ခု။

နိုင်ငံတော်သမ္မတ(၁၄)ယောက် ထဲမှာ စစ်သားက (၈)ယောက်။

သက်တမ်းအရှည်ဆုံးသမ္မတ (၁၉ နှစ် ၈လ) က စစ်သား။

ယနေ့လက်ရှိ..
အာဏာလုယူပြီးထင်ရာလုပ်
ဇွတ်အုပ်ချုပ်နေသူက..
စစ်သား။
#ငါတို့နိုင်ငံတစ်ဖန်ဖြစ်စေ

"သစ်ကျုတ်(Jaguar) နှင့် သိမ်းငှက်(Eagle) စစ်သည်တော်များ"မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း၌ အက်စ်တက်အင်ပိုင်ယာကြီး (Aztec Empir...
28/09/2021

"သစ်ကျုတ်(Jaguar) နှင့် သိမ်းငှက်(Eagle) စစ်သည်တော်များ"

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း၌
အက်စ်တက်အင်ပိုင်ယာကြီး (Aztec Empire) သည် အေဒီ (၁၃၂၅) မှ (၁၅၂၁) ခုနှစ်အထိထွန်းကားခဲ့သည်။

အက်စ်တက် စစ်သည်တော်များ (Aztec warriors) အနက် တစ်ချို့သည် မိမိလူမျိုးစုအတွက် အသက်အသေခံတိုက်ပွဲဝင်ကျဆုံးသွားခဲ့ကြရသော်လည်း၊ မည်သည့်ဆုတံဆိပ်မျှမရခဲ့၊ မည်သူကမျှလဲ အသိအမှတ်မပြုခံကြ။ ဤအုပ်စုမှစစ်သည်များကား သစ်ကျုတ်စစ်သည်တော်များ(Jaguar warriors) ဟုအမည်ရသည့်အုပ်စုဖြစ်သည်။

၎င်းသစ်ကျုတ်များသည် ဂုဏ်သရေ(Glory) ကိုမမက်မောခဲ့၊ လွတ်လပ်ခြင်း(Freedom) ကိုသာတွယ်မက်ခဲ့ကြလေ၏။

သစ်ကျုတ်စစ်သည်များအသက်အသေခံစတေး၍ရရှိခဲ့သောအောင်ပွဲများ၏ ဆုတံဆိပ်နှင့်ရာထူးများလက်ခံယူရန် အတွက် နောက်ထပ်စစ်သည်အုပ်စုများကဝင်ရောက်နေရာယူလေ့ရှိကြတယ်။သိမ်းငှက်စစ်သည်တော်များ(Eagle warriors) အုပ်စုဖြစ်သည်။

သူတို့ကား တကယ့်စစ်မြေပြင်သို့ပင်ရောက်ဖူးသူများမဟုတ်ကြ။ လူထုအတွက်အနစ်နာခံစွန့်စားသူများလည်းမဟုတ်ကြ။သို့သော်လူအများကသူတို့ကို သူရဲကောင်းများအဖြစ်သာယုံကြည်ထားခဲ့ကြသည်။

အက်စ်တက်ရာဇဝင်၌လည်း သိမ်းငှက်စစ်သီတော်များကိုသာအောင်နိုင်သူများအဖြစ်မှတ်တမ်းတင်ခဲ့ကြသည်။

ယနေ့ မက္ကဆီကိုနိုင်ငံ၏ နိုင်ငံတော်အလံ၌ပင် သိမ်းငှက်အမှတ်အသား(National Coat of Arms)ကိုထဲ့သွင်းထားကြလေ၏။

(မြန်မာ့နိုင်ငံရေး၌ ဤအချိန်ကာလကား သစ်ကျုတ်စစ်သည်တော်များ Jaguar warriors အသက်ပေးကျဆုံးနေရချိန်ဖြစ်သည်)

Ref: Aztec Warriors (Fierce fighters) by Charlotte Guillain

ပြောက်ကျားစစ်သည်များ၊သတင်းဋ္ဌာနတစ်ခုခု နှင့်တွေ့ဆုံ အင်တာဗျူးခြင်း နှင့် တော်လှန်ရေးသတင်းများပေါက်ကြားခြင်း များသည်၊ မည်...
12/09/2021

ပြောက်ကျားစစ်သည်များ၊
သတင်းဋ္ဌာနတစ်ခုခု နှင့်တွေ့ဆုံ အင်တာဗျူးခြင်း နှင့် တော်လှန်ရေးသတင်းများပေါက်ကြားခြင်း များသည်၊ မည်မျှအန္တရာယ်ရှိကြောင်းအား 'Massoud' လုပ်ကြံခံခဲ့ရမှုကထင်ရှားသည့်ပြယုဂ်ဖြစ်သည်။

အာဖဂန် (Afghan) တို့၏ပြောက်ကျားခေါင်းဆောင် 'Ahmad Shah Massoud' သည်၊(စက်တင်ဘာလ ၉ရက်၂၀၀၁) ၌ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့မှစီမံစေလွှတ်လိုက်သည့်၊အယောင်ဆောင်သတင်းသမားများ၏လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့ရသည်။

အကြမ်းဖက်အုပ်စုသည်၊ 'မာဆူ့' ကိုလုပ်ကြံနိုင်ရေးအတွက် အကွက်ချစီမံပြီးနောက်၊ သတင်းသမားအသွင်ဖြင့် တွေ့ဆုံ အင်တာဗျူးပြုလုပ်ချိန်အတွင်း၌၊ ကင်မရာအတွင်းသယ်ဆောင်လာသည့်ပေါက်ကွဲရေးပစ္စည်းဖြင့်၊ အသေခံဗုံးခွဲတိုက်ခိုက်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။

အာဖဂန်ပြည်သူများသည်၊ ကျဆုံးသူ 'မာဆူ့' အား 'Lion of Panjshir' (ပန်ချ်ရှား ၏ တောဘုရင်ကြီး) ဟူသောအမည်ဖြင့် 'ပြည်သူ့အာဇာနည်' အဖြစ် သတ်မှတ်ထားကြ၏။

'အာမက် ရှား မာဆူ့' သည် အာဖဂန်စစ်ကြီး(၁၉၇၉-၈၉)အတွင်း၌ ကျူးကျော်သူဆိုဗီယက်ရုရှားတပ်များ၊ တာလီဘန် နှင့် အယ်လ်ကေးဒါး အကြမ်းဖက်သမားများကို၊ တိုက်ခိုက်ဆန့်ကျင်ခဲ့သည့်၊ သက်တမ်းရှည်ပြောက်ကျားခေါင်းဆောင်ကြီးဖြစ်သည်။

ပန်ချ်ရှား ဒေသကား ယနေ့ ၂၀၂၁-စက်တင်ဘာလအထိ၊ တာလီဘန်များ အပြီးသတ်ထိန်းချုပ်မရနိုင်သေးသည့်၊ မာဆူ ၏မွေးရပ်တောင်ကြားဒေသဖြစ်သည်။
#ငါတို့နိုင်ငံတစ်ဖန်ဖြစ်စေ

Political Revolt မှသည်National Rebellion ဆီသို့...
08/09/2021

Political Revolt မှသည်
National Rebellion ဆီသို့...

နိုင်ငံရေးကဏ္ဍတွင်..ဦး ကိုနင်းတော့ ပဲ့ ကထောင်၊ ပဲ့ ကိုနင်းတော့ ဦး ကထောင်။ကျန်းမာရေး၌ကပ်ရောဂါ ကိုင်တွယ်ရေးက ယောင်ဝါးဝါး။စ...
31/08/2021

နိုင်ငံရေးကဏ္ဍတွင်..
ဦး ကိုနင်းတော့ ပဲ့ ကထောင်၊
ပဲ့ ကိုနင်းတော့ ဦး ကထောင်။

ကျန်းမာရေး၌ကပ်ရောဂါ ကိုင်တွယ်ရေးက ယောင်ဝါးဝါး။

စီးပွားရေးကတော့ ပြည်သူတွေထမင်းတောင် ဝဝလင်လင် မရှိနိုင်ကြတော့။

ကာကွယ်ရေးဘက်ကျတော့လည်း
ဟိုနေရာ အုံး ဒီနေရာ ဒိုင်း။

ကဏ္ဍအားလုံးကား
ဂျူံးဂျူံးကျနေလေပြီ။

"ရှုပ်ထွေးစေသော နိုင်ငံရေးဝေါဟာရများ"နိုင်ငံရေးဝေါဟာရတစ်ချို့သည်၊တိုက်ရိုက်မြန်မာမှုပြုထားခြင်း နှင့်မူရင်းအဓိပ္ပာယ်နားလ...
26/08/2021

"ရှုပ်ထွေးစေသော နိုင်ငံရေးဝေါဟာရများ"

နိုင်ငံရေးဝေါဟာရတစ်ချို့သည်၊
တိုက်ရိုက်မြန်မာမှုပြုထားခြင်း နှင့်
မူရင်းအဓိပ္ပာယ်နားလည်မှုလွဲခြင်း များကြောင့်၊ လူအများစုအား ရှုပ်ထွေး၍နားလည်မှုလွဲစေသော စကားစုများဖြစ်လာရပါတယ်။

'ဖယ်ဒရယ်မူ' (Federalism) ဟုဆိုလျှင် 'လွတ်လပ်စွာခွဲထွက်ခွင့်' (Freely to secede) ဟုမှတ်ယူမိတတ်ကြပါတယ်။ ဖယ်ဒရယ်စနစ်(Federal system)ဖြင့် ပြည်နယ်/ဒေသများအားစုပေါင်းတည်ထောင်ထားသည့် 'ပြည်ထောင်စု' ၌ ဗဟိုအစိုးရ (Central/National Government) နှင့် ဒေသဆိုင်ရာအစိုးရများ(Regional/Subnational Governments) တို့က လုပ်ပိုင်ခွင့်အာဏာခွဲဝေယူ၍ အုပ်ချုပ်ခြင်းဖြစ်သည်။ ဗဟိုအစိုးရ၏ချုပ်ကိုင်မှုတင်းကျပ်ခြင်း(Centralized Federal) နှင့် ဗဟိုချုပ်ကိုင်မှု့ကိုလျော့ချထားခြင်း(Decentralized Federal) ဟူ၍သာကွဲပြားသော်လည်း၊ ပြည်နယ်ဒေသများသီးသန့်ခွဲထွက်နေထိုင်ခြင်းမျိုးကားမဟုတ်ချေ။ [ဖယ်ဒရယ်အစိုးရတချို့- India , Malaysia, USA, Russia, Mexico, UAE, Australia, Canada...]

'ယူနီယံ' (Union - ပြည်ထောင်စုနိုင်ငံ) ၏ ဆိုလိုရင်းအား၊ ဗဟိုအစိုးရတစ်ခုတည်းရှိသည့် 'တစ်ပြည်ထောင်' (Unitary) နိုင်ငံများနှင့်မှားယွင်းမှတ်ယူလေ့ရှိကြပါတယ်။

'ကိုယ်ပိုင်အုပ်ချုပ်ခွင့်'(Autonomy) ရသည်ဟုဆိုလျှင်၊ လုံးဝသီးသန့် အထိန်းအချုပ်ကင်းမဲ့ပြီဟုသဘောပေါက်လေ့ရှိကြပါတယ်။

'ဒိုင်ယာလော့' (Dialogue) နှင့် 'ဒူယယ်လ်လော့' (Dual-log) - နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် Dialogue ဖြစ်၍၊ နှစ်ဦးနှစ်ဖက်တွေ့ဆုံကြသော်လည်း အနိုင်လုငြင်းခုံပြီးအဖြေမထွက်ခြင်းသည် Dual-log သာဖြစ်ပါတယ်။

'လူမျိုးစုအခွင့်အရေး' (Ethnic Rights) လား? 'နိုင်ငံသားအခွင့်အရေး'(Bill of Rights) လား? - တိုင်းရင်းသားလူမျိုးစုများစွာ ပါဝင်နေသည့်မြန်မာနိုင်ငံ၌ ဤရပိုင်ခွင့်များ(Rights)သည် မကြာခဏရောထွေးယှက်တင်ဖြစ်ကြရပါတယ်။

'သယံဇာတမျှဝေအသုံးပြုရေး'(Resource Sharing) ဟူသည် မိမိဒေသထွက်ပစ္စည်းများသည်၊ မိမိတို့နှင့်သာသက်ဆိုင်သည်ဟုဆိုလိုခြင်းမဟုတ်။ အခြားဒေသများနှင့်ပူးတွဲမျှဝေသုံးစွဲခြင်းမူကိုအလေးထားခြင်းသာဖြစ်ပါတယ်။

'သီးခြားလုပ်ပိုင်ခွင့်အာဏာ'(Exclusive power) နှင့် 'သဘောတူညီထားသည့်လုပ်ပိုင်ခွင့်အာဏာ'(Concurrent power) တို့သည် အလွန်နီးစပ်သည့်အဓိပ္ပာယ်များကိုဆောင်ကြသောကြောင့်၊ နားလည်မှုလွဲလေ့ရှိတတ်ပါတယ်။

'မျှဝေကျင့်သုံးခွင့်ရှိသောလုပ်ပိုင်ခွင့်အာဏာ' (Shared power) နှင့် 'လုပ်ပိုင်ခွင့်အာဏာမျှဝေယူခြင်း'(Power sharing) တို့သည် လုံးဝမတူမညီသည့်အဓိပ္ပာယ်ကိုဆောင်ကြပါတယ်။

'အတူယှဉ်တွဲရေး' (Coming Together) မှာ အတူတကွစတင်ပေါင်းစည်းခြင်းဖြစ်၍၊ 'အတူပေါင်းစည်းရေး'(Holding Together) မှာ မတူညီသူ/တူညီသူများစုစည်းခြင်းဖြစ်ပါတယ်။

'ကြွင်းကျန်အာဏာ'(Residual Power) အား ဗဟိုအစိုးရ၏လုပ်ပိုင်ခွင့်အာဏာမှလွဲ၍ကျန်သည့်အာဏာများဟုမှားယွင်းစွာနားလည်လေ့ရှိကြပါတယ်။ အမှန်မှာ ကြွင်းကျန်အာဏာ ဟူသည် အခြေခံဥပဒေတွင်ဖေါ်ပြမထားသည့်ပြဿနာများနှင့်ပါတ်သက်သည့်လုပ်ပိုင်ခွင့်အာဏာကိုဆိုလိုခြင်းဖြစ်ပါတယ်။ [ဤလုပ်ပိုင်ခွင့်အာဏာကြောင့် CRPH နှင့် NUG ကဲ့သို့သောအဖွဲ့အစည်းများပေါ်ပေါက်လာဟန်ရှိပါတယ်]

နိုင်ငံရေးနင့်ပါတ်သက်သော ဝေါဟာရများအား လိုအပ်သလို ဆွဲသုံးနေကြသော ခေတ်အတွင်း၌၊ ယေဘုယျအားဖြင့် ဆိုလိုရင်းလောက်တော့သိရှိထားရန်လိုအပ်လာပါပြီ။

ကျေးဇူးတင်ပါသည်။

မှီငြမ်းပြု- Comparative Federalism by Michael Burgess

ကျရာတာဝန်ကိုယူရောက်ရာအရပ်မှ၌ရုန်းကန်နေကြသောစစ်အာဏာရှင် တော်လှန်ရေးအင်အားစုများသို့...
21/08/2021

ကျရာတာဝန်ကိုယူ
ရောက်ရာအရပ်မှ၌
ရုန်းကန်နေကြသော
စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများသို့...

တိရိစ္ဆာန်တို့သည်ဤကိစ္စသည်၎င်းတို့နှင့်သက်ဆိုင်၏၊ဟိုကိစ္စသည်လုံးဝမသက်ဆိုင်၊စသည်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိနိုင်က...
20/08/2021

တိရိစ္ဆာန်တို့သည်
ဤကိစ္စသည်၎င်းတို့နှင့်သက်ဆိုင်၏၊
ဟိုကိစ္စသည်လုံးဝမသက်ဆိုင်၊
စသည်ဖြင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိနိုင်ကြ။

(၁၉၄၆) ခုနှစ် မှစတင်ပြီး(၈)နှစ်ကျော်ကြာခဲ့သည့် ပြင်သစ်-အင်ဒိုချိုင်းနားစစ်ပွဲ(French Indochina War) နှင့် အနှစ်(၂၀)နီးပါ...
13/08/2021

(၁၉၄၆) ခုနှစ် မှစတင်ပြီး(၈)နှစ်ကျော်ကြာခဲ့သည့် ပြင်သစ်-အင်ဒိုချိုင်းနားစစ်ပွဲ(French Indochina War) နှင့် အနှစ်(၂၀)နီးပါးကြာမြင့်ခဲ့သောဗီယက်နမ်စစ်ကြီး(Vietnam War/Second Indochina War) များအတွင်း၌ ဗီယက်နမ်ပြည်သူ့တော်လှန်ရေးအင်အားစုများ၏အဓိကမဟာဗျူဟာမှာ
တော်လှန်ရေးကြီးအား
'အာရုံစိုက်စိတ်ဝင်စားခြင်း'
(Art of Focus)ဖြစ်သည်။

ဟိုချီမင်း(Ho Chi Minh) ဦးဆောင်ဖွဲ့စည်းခဲ့သည့် 'ဗီယက်မင်း'(Viet Minh) အမည်ရ 'ဗီယက်နမ်လွတ်မြာက်ရေးတပ်ဦး(League for the Independence of Vietnam) ၏ဦးဆောင်မှုအောက်မှနေ၍ 'ဗီယက်ကောင်းန်'(Viet Cong- ဗီယက်နမ်ကွန်မြူနစ်) များနှင့်လက်တွဲကာ၊ ရန်သူကိုကြံ့ကြံ့ခံခုခံခဲ့ကြသည်။

ကျောင်းဆရာ၊ ရှေ့နေ၊ ကျောင်းသား၊ စစ်သား၊ ဆရာဝန်၊ လယ်သမား၊ ဈေးသည်၊ ပွဲစား...စသည့်လူတန်းစားအားလုံးတို့သည်၊ တော်လှန်ရေးကြီးအား (၂၄)နာရီ စိတ်ဝင်စားကြသည့်၊ တော်လှန်ရေးသမားများဖြစ်ကြသည်။
ရန်သူနှင့်ထိပ်တိုက်တွေ့သည်နှင့်အားလုံးသည်တော်လှန်ရေးသမားများဖြစ်သွားကြသည်တည်း။
တော်လှန်ရေး၏ပြောင်းလဲနေမှုဖြစ်စဉ်ကြီးကိုအားလုံးက မျက်ခြေလုံးဝအပြတ်မခံ စိတ်ဝင်တစားအမြဲရှိနေခဲ့ကြသည်။

တစ်ဖက်ရန်သူသည်
လက်နက်အင်အား
လူအင်အား အစစတို့ ၌သာလွန်မှန်းသိကြ၏။
သို့သော်...
၎င်းတို့သည် တော်လှန်ရေးကြီးအတွင်း၌၊ မည်သည့်အလုပ်ဖြင့်အသက်မွေးနေကြသည်ဖြစ်စေ၊ 'အနီရောင်နောက်ခံ အဝါရောင်ကြယ်တစ်ပွင့်' အမှတ်အသား (🇻🇳) အား မိမိကိုယ်၌ကပ်လိုက်၍ကျရာ
တာဝန်ယူတိုက်ပွဲဝင်ရန်အမြဲအသင့်ရှိနေခဲ့ကြ၏။

ထိုကြောင့်..
စစ်ပွဲကြီးပြီးသွားတော့..
'Lost the battle but won the war' ဟူသောစကားရပ်ကြီးတွင်တွင်ကျယ်ကျယ်ပြောစမှတ်ကျန်ရစ်ခဲ့သည်။

ဗီယက်နမ်ပြည်သူတို့သည် တိုက်ပွဲ(Battle) များစွာတို့၌သေကျေကျဆုံးပြီးရှုံးခဲ့ကြသော်လည်း၊ စစ်ပွဲကြီး(War) ကိုတော့အောင်နိုင်ခဲ့ကြသည်။

(၂၀၂၁) ခုနှစ် မြန်မာတို့၏
'စစ်အာဏာရှင်စနစ်တော်လှန်ရေးကြီး' အား၊ မြန်မာတစ်ဦးစီတိုင်းသည် အမှန်တကယ် 'မျက်ခြေမပြတ်အာရုံစိုက်စိတ်ဝင်စား' ကြလျှင်ဖြင့်၊ တော်လှန်ရေးကြီးရှေ့သို့တိုး၍..တိုး၍ သွားရမည်သာ။
#ငါတို့နိုင်ငံတစ်ဖန်ဖြစ်စေ

ကပ်ရောဂါကြီးဘေးဒဏ်အာဏာရူးစစ်အုပ်စု၏ဒဏ်အရာအားလုံးဈေးနှုန်းမြင့်မားလာနေသည့်ဒဏ်...စသည့်များစုပုံကျရောက်နေသည့်ဤအခြေအနေအတွင်း...
24/07/2021

ကပ်ရောဂါကြီးဘေးဒဏ်
အာဏာရူးစစ်အုပ်စု၏ဒဏ်
အရာအားလုံးဈေးနှုန်းမြင့်မားလာနေသည့်ဒဏ်...
စသည့်များစုပုံကျရောက်နေသည့်
ဤအခြေအနေအတွင်း၌၊
အသိဉာဏ်ပညာ ဖြင့်..
အံဝင်ခွင်ကျ နေထိုင်တတ်ဆုံးသူများသာ၊ အသင်ရှင်ကျန်ရစ်တော့မည်။

ကျန်ရစ်ခဲ့သောလူ့သမိုင်း၌
ပြင်းထန်သောကပ်ဆိုးများ၊
မမျှော်လင့်သောရာသီဥတုပြောင်းလဲခြင်းများ ကာလအတွင်းတွင်၊ အံဝင်ခွင်ကျနေထိုင်ခြင်းငှာ မတတ်စွမ်းသည့် လူမျိုးစုများ၊ ဒေသနိုင်ငံ များ၊ တိရစ္ဆာန်မျိုးစိတ်များ နှင့် သစ်ပင်မျိုးခွဲများ သည်၊ ဤလောကအတွင်းမှထာဝရပျောက်ကွယ်သွားခဲ့ကြရသည်။

နေ့စဉ် ဒုက္ခအသစ်
ပြဿနာအသစ်တို့အတွင်း၌
မိမိနှင့်မိမိ၏နီးစပ်ရာပါတ်ဝန်းကျင်အား၊ အသိဉာဏ်ဖြင့်လုံခြုံစွာနေထိုင်ပြီး ကာကွယ်နိုင်မှသာ၊ ဆက်လက်အသက်ရှင်ခွင့်ရကြပါလိမ့်မည်။

"အံဝင်ခွင်ကျနေတတ်ဆုံးသူသာ
အသက်ရှင်ကျန်ရစ်မည်"

"Survival of the Fittest"
[Herbert Spencer and Charles Darwin]

ကမ္ဘာ့အရပ်ရပ်၌ရုတ်တရက်ကျရောက်လာသည့်ကပ်ဆိုးဒုက္ခကြီးများကြောင့်၊လူသားတို့၏အမူအကျင့်အမှန်များကိုပေါ်လွင်စေသကဲ့သို့..ပိုမို...
18/07/2021

ကမ္ဘာ့အရပ်ရပ်၌
ရုတ်တရက်ကျရောက်လာသည့်
ကပ်ဆိုးဒုက္ခကြီးများကြောင့်၊
လူသားတို့၏အမူအကျင့်အမှန်များကိုပေါ်လွင်စေသကဲ့သို့..
ပိုမိုကောင်းမွန်သောအပြောင်းအလဲများ ကိုလည်းသမိုင်းတင်စေခဲ့ကြပြန်သည်။

'ဟေတီငလျင်ကြီး(Haiti earthquake 2010)'
လူ့အသက်ပေါင်း (၂)သိန်း(၂)သောင်းဆုံးရှုံးခဲ့ပြီး၊ တိုင်းပြည်၌အရိုးစွဲနေသည့် အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်သော အကျင့်ဆိုးကြီးအား၊ ပြန်လည်ထူထောင်ရေးကာလအတွင်း၌နှိမ်နင်းနိုင်ခဲ့ကြသည်။ အမျိုးသမီးများ၏ကဏ္ဍ​ရှေ့တန်းတဆင့်မြှင့်ပေးနိုင်ခဲ့ကြသည်။

'ဂျပန် - ဖူကုရှီးမား ဆူနာမီကြီး (၂၀၁၁)'
ငလျင် ဆူနာမီ ရေလှိုင်းကြီးများကြောင့်လူ(၂)သောင်းကျော်သေဆုံးခဲ့ရပြီး၊ ဖူကုရှီးမား ဒိုင်ချီ နျူကလီးယား ယိုဖိတ်မှု ပြဿနာကြီးအတွင်း၌၊ သူဌေးများကစည်းစိမ်ဥစ္စာစွန့်ကူညီသကဲ့သို့၊ ဒုက္ခ​ရောက်ရသူများကလည်း၊ရေ နှင့် အစားအစာမှစ၍စည်းကမ်းတကျခွဲဝေသုံးစွဲခဲ့ပုံကို ကမ္ဘာကြီးမှအတုယူမျက်ရည်လည်ခဲ့ကြရသည်။

'တိုင်ဖွန်း ဟိုက်ယံ (ဖိလစ်ပိုင် - ၂၀၁၃)'
ကမ္ဘာအင်အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်း ဟုမှတ်တမ်းဝင်ခဲ့သည့် ဤအဖြစ်အပျက်ကြောင့် လူ(၇၀၀၀) ကျော်သေဆုံးခဲ့ရသည်။ တစ်နာရီလျှင်မိုင်(၂၀၀)နှုန်းတိုက်ခတ်နေသော မုန်တိုင်းကြား၌ ဒုက္ခသည်များအား၊ မူးယစ်ဆေးစွဲလူငယ်များနှင့်အိမ်ယာမဲ့များမှ အသက်စွန့်ကယ်တင်ပေးခဲ့ခြင်းလုပ်ရပ်သည် အားလုံးကိုအံ့အားသင့်စေခဲ့ရသည်။

'နီပေါနိုင်ငံမြေငလျင်(၂၀၁၅)'
ခတ်မန်ဒူမြို့မြေငလျင်ကြီးကြောင့်၊ လူပေါင်း(၉)ထောင်ကျော်သေဆုံးခဲ့ရသည်။ ဧဝရတ်တောင်ထိပ်တက်ရန်ရောက်ရှိနေကြသည့်၊ ကမ္ဘာအရပ်ရပ်မှ ခြေလျင်တောင်တက်သမားများသည် မိမိတို့၏မူလခရီးစဉ်ကိုမေ့ပျောက်ပစ်ပြီး၊ ရံပုံငွေမတည်၍ဒေသခံများအတွက်ကယ်ဆယ်ရေးလုပ်ငန်းများ၌လပေါင်းများစွာပါဝင်ခဲ့ကြသည်။

ကိုဗစ် တတိယလှိုင်း (မြန်မာနိုင်ငံ-၂၀၂၁)
ကပ်ရောဂါအားဝိုင်းဝန်းတွန်းလှန်ကြသည့်အကြောင်းကိုမည်သို့သောမှတ်တမ်းများထားခဲ့ကြမည်နည်း?
ကိုယ်ကျိုးစွန့်လူတန်းစားများသည် အန္တရာယ်ကိုမျက်ကွယ်ပြုလျက်
နေ့ ည ကူညီနေကြတဲ့မှတ်တမ်းတွေလား?
သို့မဟုတ်...
Oxygen Cylinder များ၏ဈေးနှုန်းသည် ၃၀၀% ကျော်ခုန်တက်သွားတဲ့ကိစ္စတွေလား?
CNG ဓါတ်ငွေ့အိုးများအတွင်းသို့ Oxygen များထဲ့၍ရောင်းချခြင်းမျိုးလား?
မျက်နှာဖုံး (Mask ) များ နှင့် ဆေးဝါးများအား ဈေးတင်ရောင်းချတာတွေလား?
ကပ်ဘေးသင့်ရုပ်အလောင်းများအား ချက်ခြင်းမီးသဂြိုဟ်လိုပါကငွေ(၄)သိန်းကျော်ပေးနေရတာတွေလား?
ရွေးချယ်ကြရတော့မည်။

ကြက်ဥ တွေတော့အနံ့ပျောက်သွားပြီ၊
ကြက်သွန်ဖြူ နှင့် ဂွေးတောက်ရွက်တို့ရော Q ဝင်ကြဦးမှာလား?

"လှစ်ဟာမြို့တော်"တခါတုန်းကနေ့ ညမရွေး ဒီမြို့ကြီးထဲမှာလိုရာသွားပြီး ဝယ်ခြမ်းစားသုံးလို့ရခဲ့တယ်ဆိုတာ မယုံနိုင်စရာဖြစ်ရပြီ။...
17/07/2021

"လှစ်ဟာမြို့တော်"

တခါတုန်းက
နေ့ ညမရွေး ဒီမြို့ကြီးထဲမှာ
လိုရာသွားပြီး ဝယ်ခြမ်းစားသုံးလို့ရခဲ့တယ်ဆိုတာ မယုံနိုင်စရာဖြစ်ရပြီ။

လွန်ခဲ့တဲ့ (၅) နှစ်ကျော်မှပင် မြို့ကြီးဟာ ထိုးထိုးထောင်ထောင် နဲ့ မိုးမျှော်တိုက်တွေတောင်ပေါ်လာခဲ့တာပါ။
ကမ္ဘာကြီးနဲ့စပြီးချိတ်နိုင်ခဲ့ပြီ။

ပမာပြရလျှင်..
နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ Just Eat လို App သုံးပြီး ဒီမြို့ထဲကအမျိုးတွေအိမ်ကို Takeaway မှာပို့ပြီးကျွေးလို့ရခဲ့တဲ့အခြေအနေတောင်ထိတောင်ဖြစ်ခဲ့ဘူးတာ။

မီးခိုးလုံးတွေ၊ ဗုံးပေါက်သံတွေ နှင့် လူဖမ်းပွဲတွေကြောင့် လပေါင်းများစွာအိပ်ရေးပျက်ခဲ့ရသော မြို့သားများသည်၊ ယခု..လေဝဝရှုနိုင်ရေးကိုသာအားထုတ်ကြရပြန်ပြီ။

မစည်ကားအပ်သော
ဆေးရုံအိုကြီး နှင့်သင်္ချိုင်းကုန်း(၄)ခုတို့၌နေ့ ည စုပြုံတိုးနေကြသည်။

ဧည့်မြို့သားတစ်ချို့သည်
အခြေခံစားကုန်
အသက်ကယ်ဆေးဝါး
အရှက်လုံစရာအဝတ်အထည် နှင့်
ကျောတစ်ခုခင်းစရာနေရာ
စသည့်ပစ္စည်းလေးပါးကိစ္စ
ခက်ခဲလှသဖြင့်
ဒီမြို့ကြီးကို စတင်စွန့်ခွာနေကြရပြီ။

အောက်စီဂျင် ကျနေသော
ဤမြို့ကြီး၌
အရာရာခြောက်ကပ် လှစ်ဟာ စပြုနေသည်မှာ လေဟာနယ်ထဲရောက်သည့်နှယ်။

သို့သော်..
မြို့သားဟောင်းကြီးများ ၏
ခေါက်ရိုးကျိုး စိတ်ကူးကား
ဤမြို့ကြီးအတွင်းသို့
ပြန်ဝင်ရောက်နိုင်ရေး
သာဖြစ်၏။

ရန်ကုန်မြို့ (သို့မဟုတ်) လေဟာနယ်ထဲ လှစ်ဟာ နေတဲ့မြို့

[ပြည်ပရောက် မြန်မာများကိုယ်စားရေးသားပါသည်]

ဇော်ဇော်

“The city in a vacuum”

It is unbelievable that people could go anywhere they wish and buy anything what they need in this city once.

Over the past five years,
the city has skyrocketed.
It was beginning of connecting with world.
For instance, there was even a situation where a foreign country could use Just Eat App to send out a takeaway meal to a relative in this city.

The residents of this city who have been deprived of sleep for months due to military raids, bomb blasts and kidnappings, are now struggling to breathe again because of Covid-19.

They are crowded day and night in an old hospital and four cemeteries.

The inhabitants of the city are at starting point of leaving the city because of causing hardships in food, life-saving drug, cloth, and a place to lay a back.

In this city where even breathing becomes difficult, it seems everything in this city is in a vacuum.

But the former citizens of this city all-time dreams may about to be able to return to their homeland.

It called Yangon, the city in a vacuum.

"ထွက်သက်ဝင်သက်များ ပြင်းလွန်းတော့ မီးအိမ်ဟာ ​ငြိမ်းခဲ့တယ်....၊အားလုံးကို ငါဟာ "လမ်းပြ"အဖြစ်နဲ့ လိုရာပို့ခဲ့ပြီး.....အပြန...
05/07/2021

"ထွက်သက်ဝင်သက်များ ပြင်းလွန်းတော့ မီးအိမ်ဟာ ​ငြိမ်းခဲ့တယ်....၊
အားလုံးကို ငါဟာ "လမ်းပြ"အဖြစ်နဲ့ လိုရာပို့ခဲ့ပြီး.....အပြန်
လေနီတွေ ထန်ကာနှိပ်စက်လို့...လှေငယ်ငယ်ဟာအက်ကွဲ၊
ငါ့ရွက်တိုင်တွေဟာ ကျိုးပဲ့လို့၊ "တက်"တွေဟာ အလုပ်မလုပ်တော့...၊

"ပဲ့ကိုင်"(ဖိုးချို)

["Star boy" by Kaungsu]

"မြို့ပြတိုက်ပွဲများအတွင်း အသက်ရှင် ရေးနည်းလမ်းများ"မြို့ပြတိုက်ပွဲ (Urban Warfare) များသည်၊ ပြည်တွင်းစစ်(Intrastate War...
28/06/2021

"မြို့ပြတိုက်ပွဲများအတွင်း အသက်ရှင် ရေးနည်းလမ်းများ"

မြို့ပြတိုက်ပွဲ (Urban Warfare) များသည်၊ ပြည်တွင်းစစ်(Intrastate Wars) နှင့် ပြည်ပနိုင်ငံများနှင့်ဖြစ်ပွားသော
စစ်များ (Inter-State Conflicts)
အတွင်း၌၊ ပြည်သူလူထုအတွက်
ထိခိုက်နစ်နာမှု အများဆုံး နှင့်
အန္တရာယ်အနီးကပ်ဆုံး လက်နက်ကိုင်
စစ်ပွဲများဖြစ်သည်။

မြို့ပြလူထု သည်မိမိနေထိုင်ရာနေရာ/ရောက်ရှိနေသည့်နေရာ ၌၊
တိုက်ပွဲများဖြစ်ပွားသည့်အခါ၊
မည်သို့အသက်ရှင်နေထိုင်ရမည်
ဆိုသည်ကို၊ အခြေခံအားဖြင့်သိထားအပ်သည့် အချက်များကို မျှဝေရေးသားပါသည်။

၁။ မိသားစုအတွင်း၌ ရှေ့၌ကြုံတွေ့ရ
နိုင်သည့် အဆိုးဆုံးအခြေအနေများ(Possible worst scenarios)ကိုကြိုတင်ဆွေးနွေးအဖြေရှာပါ။
- မိမိတို့အိမ်၏မည်သည့်နေရာသည်၊ အကာကွယ်ယူရန် အလုံခြုံဆုံး (Safest)နှင့် မည်သည့်နေရာသည် အန္တရာယ်အများဆုံး(Harmful) ဖြစ်သည်ကို၊ မိသားစုဝင်အားလုံးသိရှိထားအပ်ပါသည်။
- မိမိတို့၏အိမ်မှစွန့်ခွာ ထွက်​ပြေးကြရသည့်အခါ၊ မည်သည့်နေရာသို့ ဦးတည်သွားကြမည်ကို၊ ကြိုတင်ဆွေးနွေးအသိပေးထားပါ။
- တိုက်ပွဲကြောင့် မိသားစုဝင်များ၊ အုပ်စုကွဲသွားသည့်အခါ၊ မည်သည့်နေရာ ဆုံရပ်(Rendezvous ) ၌၊ ပြန်လည်တွေ့ဆုံကြရမည်ဆိုသည်ကို တိကျစွာသတ်မှတ်ပါ။
- သက်ကြီးရွယ်အိုများ၊ ကလေးများ နှင့် မသန်မစွမ်းဖြစ်နေသည့်မိသားစုဝင်များ ၏ ခန္ဒာကိုယ်ပေါ်၌၊ အုပ်ထိန်းသူထံဆက်သွယ်ရမည့်အချက်အလက်များ(ဖုန်းနံပါတ်/လိပ်စာ) ပါဝင်သည့် အချက်အလက်များတပ်ဆင်ထားပေးထားရန်လိုအပ်ပါသည်။

၂။ ရုတ်တရက်ပြင်းထန်စွာ စိတ်လှုပ်ရှားမှု(Freak out) ကိုထိန်းချုပ်ခြင်း။
မျှော်လင့်မထားသည့် တိုက်ခိုက်မှု၊ ရုတ်တရက်စိတ်အခြေအနေပြောင်းလဲမှု နှင့် စိုးရိမ်သောကများကြောင့်၊ ကြောက်လန့်တုန်လှုပ်ခြင်းကိုခံးစားရသည့်အခါ၊ မိမိကိုယ်မိမိ ထိန်းချုပ်၍အမြန်ဆုံးပြန်လည်တည်ဆောက်ပါ။ မိမိသည်ဦးဆောင်ရသူဖြစ်လျှင် ပို၍သတိပြုရမည့်အချက်ဖြစ်သည်။

၃။ မိမိနေအိမ်အဆောက်အဦးထံမှစွန့်ခွာရန်ကြိုတင်ပြင်ဆင်ခြင်း။ (Evacuation Plan)
မိမိနေထိုင်ရာအိမ်အား အလုံခြုံဆုံးနေရာဟုစိတ်အထင်ရှိသဖြင့်၊ စွန့်ခွာရန်ဝန်လေးတတ်ကြသည်။ အိမ်​ဂေဟာသည်လည်းအန္တရာယ်ကျရောက်သည့်အခါ၊ပိုမိုလုံခြုံသောနေရာတစ်ခုထံသို့၊ပြောင်းရွေ့ရန်ပြင်ဆင်ထားရပါမည်။
- မိမိတို့ဦးတည်သွားရောက်ခိုလုံမည့်နေရာမှ ဆွေမျိုး/မိတ်ဆွေများထံကြိုတင်၍အသိပေးအကြောင်းကြားထားရပါမည်။
- တိကျသောလမ်းကြောင်းကိုကြိုတင်ရွေးချယ်၍ မိသားစုဝင်များကိုအသိပေးတိုင်ပင်ရပါမည်။ ဖြတ်လမ်း/အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းများထက်၊ ပိုမိုအန္တရာယ်ကင်းသေားလမ်းကြောင်းကိုသာအသုံးပြုပါ။
- မည်သို့ထွက်ခွာမည်ကိုစုံစမ်းရွေးချယ်ပါ။ ဥပမာ-ကိုယ်ပိုင်ကား/စက်ဘီး/အများသုံးပို့ဆောင်ရေးလမ်းကြောင်း/ခြေလျင်
- မည်သည့်အချိန် နေ့/ည ၌မဆို၊ ထွက်ခွာပြေးရန် အသင့်ရှိနေနိုင်ရပါမည်။
- မိမိ၏အိမ်ပိုင်မော်တော်ကားများအား ဆီ အပြည့်အမြဲထဲ့ထားပါ။
- မိသားစုလိုအပ်သည့်ပစ္စည်းများ(Necessary items) အား၊ မရှိမဖြစ်လိုအပ်သည့်ပစ္စည်းများ(Basic necessities) နှင့် အပိုဆောင်ထားရမည့်ပစ္စည်းများ(Extra necessities) ဟူ၍၊ သယ်ယူနိုင်သလောက်သော အရွယ်အစားများဖြင့်၊ ထုပ်ပိုးပြင်ဆင်ထားပါ။
- မရှိမဖြစ်လိုအပ်သည့်ပစ္စည်းများ = သောက်ရေ၊ နေ့စဉ်သုံးဆေးဝါး၊ ငွေကြေး၊ သက်သေခံအထောက်အထား(မှတ်ပုံတင်၊သန်းခေါင်စာရင်း၊ မိသားစုဝင်များ၏ဓါတ်ပုံ၊ ယာဉ်မောင်းလိုင်စင်)၊ ကလေးငယ်များအတွက်အစားအစာ၊ အသင့်ချက်ချင်းစားသုံးနိုင်သည့်အစားအစာ(ဘီစကစ်၊ချောကလက်၊ကော်ဖီမစ်စ်၊ခေါက်ဆွဲခြောက်)၊ မီးခြစ်၊လက်နှိတ်ဓါတ်မီး၊ လက်ကိုင်ဖုန်းအားသွင်းကြိုး နှင့် ဘက်ထရီအပို၊ အိမ်သော့နှင့် ကားသော့အပိုတစ်စုံ။
- အပိုဆောင်ထားရမည့်ပစ္စည်းများ = အဝတ်အစား(မိုးကာ၊ အနွေးထည်၊ အတွင်းခံ)၊ အခင်း/အမိုးအကာအဖြစ်သုံးနိုင်သည့် ရွက်ဖျင်စ၊ အိမ်သာ/ရေချိုးခန်း သုံးအသုံးအဆောင်များ၊ လမ်းညွှန်မြေပုံ။

၄။ အန္တရာယ်ကျရောက်လာသည့်အခါ (In case of emergency)
- မိမိ၏စိတ်သည်တည်ငြိမ်၍လက်ရှိဖြစ်ရပ်အပေါ်၌သာအာရုံစိုက်ပါ။
- မိသားစုဝင် အားလုံး မိမိ၏နေအိမ်တွင် ရှိ/မရှိ စစ်ဆေးပါ။ တစ်ဦးဦးပျောက်နေလျှင်၊ မည်သည့်နေရာရောက်ရှိနေသည်ကို ချက်ခြင်း သိရှိရန်ကြိုးစားပါ။
- ဖြစ်ပေါ်လာသည့်အခြေအနေပေါ် မူတည်၍၊ အိမ်အတွင်း၌ ဆက်နေ၍ လုံခြုံမည်လား(သို့မဟုတ်) မိမိအိမ်အားစွန့်ခွာရမည်လား ဆုံးဖြတ်ပါ။
- ဖုန်းတွေနေရာအနှံ့ဆက်သွယ်ပြီး၊ အချိန်ကုန်စေခြင်းကိုရှောင်ရှားပါ။ သို့သော် မိမိတို့ ဦးတည်သွားရောက်ခိုလုံမည့် နေရာသို့ ကြိုတင်ဆက်သွယ်ရပါမည်။
- ရုပ်မြင်သံကြား၊ လူမှုကွန်ရက် နှင့် အင်တာနက်ပေါ်မှထင်မြင်ချက်သတင်းများထက်၊ ပြင်ပမျက်မြင်အခြေအနေကိုသာ ယုံကြည်ကိုးစား၍ဆုံးဖြတ်ချက်ချခြင်းကပို၍သင့်လျော်ပါသည်။
- အကယ်၍ ပြေလွှားထွက်ပြေးရန်၊ မစွအ်းတော့သည့် သက်ကြီးရွယ်အိုများအား၊ အိမ်၌ကျန်ရစ်စေမည်ဆိုလျှင်၊ အိမ်အပြင်မှနေ၍ သော့ခတ်ထားခဲ့ရန်လုံးဝမသင့်ပါ။
- အိမ်မွေးတိရစ္ဆာန်များအား၊ လွတ်လပ်ရာသိုထွက်သွားခွင့်ပြုခဲ့ပါ။
- တန်ဘိုးကြီးသော ရွှေ/လက်ဝတ်ရတနာများ(မေ့လျော့ပြီး)ဝတ်ဆင်သွားခြင်း ကိုရှောင်ကြဉ်သင့်သည်။

မည်သည့်နည်းလမ်းကိုကျင့်သုံးသည်ဖြစ်စေ၊ အန္တရာယ်အနည်းဆုံး နှင့် အသက်ရှင်နိုင်ခြေအများဆုံးနည်းလမ်းကိုသာရွေးချယ်ပါ။

မှီငြမ်းပြုခြင်း-
- Regulating the conduct of urban warfare
- Prepare to survive emergencies and war

"စစ်အင်အားဟူသည် လူ နှင့် လက်နက်များပြားခြင်းမဟုတ်၊ တိုက်ခိုက်စွမ်းရည်ရှိသောစိတ်ဓာတ် သာဖြစ်သည်..."[ _ ဗိုလ်မြတ်ထွန်း ]ဗို...
24/06/2021

"စစ်အင်အားဟူသည်
လူ နှင့် လက်နက်များပြားခြင်းမဟုတ်၊ တိုက်ခိုက်စွမ်းရည်ရှိသောစိတ်ဓာတ် သာဖြစ်သည်..."
[ _ ဗိုလ်မြတ်ထွန်း ]

ဗိုလ်မြတ်ထွန်း သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ(Second Anglo-Burmese War: 5/4/1852 _ 20/1/1853)
စစ်ပွဲအတွင်းမှ နယ်ချဲ့ကိုတွန်းလှန်ခဲ့သောသူရဲကောင်းတစ်ဦးဖြစ်သည်။

မြစ်ဝကျွန်းပေါ်(သပြုရွာ-ဓနုဖြူ)ဇာတိသားသည်၊ သာယာဝတီမင်း(ရွေဘိုမင်း) [၁၈၃၇-၁၈၄၆] နှင့် ပုဂံမင်း [၁၈၄၆-၁၈၅၃] တို့ထံ၌ ဘုရင့်ရေတပ်၏ 'ပဲ့နင်းကြီး' တာဝန်ထမ်းရွက်ခဲ့သူ
တစ်ဦးဖြစ်သည်။

အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ အတွင်း၌၊ ဗိုလ်မြတ်ထွန်းသည် 'ဓနုဖြူမြို့' တွင် 'လေးမြို့ဝန်' ဘွဲ့ခံယူပြီးနောက်၊
နယ်ချဲ့အားခုခံတိုက်ပွဲဝင်ခဲ့သည်။ ၎င်း၏သား(၃)ဦးသည်လည်း ဖခင်နှင့်အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

စစ်ကြီးပြီးသွားသော်လည်း၊
ဗိုလ်မြတ်ထွန်းသည် နယ်ချဲ့ကို
ဆက်လက်ခုခံခဲ့ရာ၊ ဇန်နဝါရီလ ၁၇ ရက်(၁၈၅၃) ဓနုဖြူတိုက်ပွဲသည်၊
ပထမဆုံးအောင်ပွဲဖြစ်သည်။

နယ်ချဲ့သည် ဒုတိယအကြိမ်အဖြစ်၊ ဖေဖော်ဝါရီလ(၁၈၅၄) ၌ ကြည်းတပ် နှင့် ရေတပ်အင်အား (၆၀၀) ဖြင့်၊ ဗိုလ်မြတ်ထွန်း၏အင်အားစုများအား
ထပ်မံလုပ်ကြံကြပြန်သည်။

ဗိုလ်မြတ်ထွန်းနှင့်တော်လှန်ရေးတပ် သည် စစ်ကြိုထွက်၍ခုခံရန်ပြင်ဆင်ချိန်၌၊ ၎င်း၏သားတစ်ဦးသည်
အင်္ဂလိပ်တို့၏ကြီးမားသောစစ်အင်အားကိုမြင်ရ၍၊ သွေးပျက်ပြီးအုပ်စုဖွဲ့
စစ်ဆုတ်ရန်ပြင်ဆင်သောအခါ...
ဗိုလ်မြတ်ထွန်း က
"စစ်အင်အားဟူသည်
လူ နှင့် လက်နက်များပြားခြင်းမဟုတ်၊ တိုက်ခိုက်စွမ်းရည်ရှိသောစိတ်ဓာတ် သာဖြစ်သည်၊
ငါ၏သွေးသား၌သူရဲပေါကြောင်သူမရှိ"
ဟုဆိုကာ၊
၎င်း၏သားအရင်းအား ဧရာဝတီမြစ်
ကမ်း၌ခေါင်းဖြတ်၍ကွပ်မျက်ခဲ့လေ၏။
[ဧရာဝတီမြစ်ရိုးတလျှောက်မှ ရိုးရာနတ်ကိုးကွယ်သူများသည် ကွင်းပိုင်ဘိုးဘိုးကြီး အမည်ဖြင့်၊ ဗိုလ်မြတ်ထွန်း၏သားကိုပူဇော်ပသလေ့ရှိကြသည်]

နယ်ချဲ့တပ်တို့အား
တိုက်ပွဲကြီး (၃)ကြိမ်နှင့်တိုက်ပွဲငယ်များစွာ၌၊ အောင်မြင်ခဲ့သော ရှေးမြန်မာ ပြောက်ကျား စစ်ဗိုလ်ကြီးသည်၊ ဟင်္သတခရိုင် ဒူးယားကျေးရွာ၌ ကျဆုံးသွားခဲ့သည်။

ဗိုလ်မြတ်ထွန်း နှင့်ပါတ်သက်၍
လော့ဒ် ဒါလ်ဟိုစီ (James Brown-Ramsay, Lord Dalhousie) နှင့်
စစ်ပညာရှင်များက၊
စစ်ဗျူဟာကျွမ်းကျင်သောမြန်မာ့စစ်သူရဲ အဖြစ်လည်းကောင်း၊ ဒုတိယ မဟာဗန္ဓုလ ဟုလည်းကောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုခဲ့သည်။

မှီငြမ်းပြု
_ Burma, the Independence Struggle.
_ ဓနုဖြူနယ်မြေမှနယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ကြီး
#ငါတို့နိုင်ငံတဖန်ဖြစ်စေ

"(၇၆) နှစ်မြောက်  မွေးနေ့မှသည်..   သံသရာ အဆက်ဆက် အချုပ်အနှောင်   ကင်းဝေးပါစေကြောင်း..   ဆုမွန်ကောင်းတောင်းပါ၏"
18/06/2021

"(၇၆) နှစ်မြောက် မွေးနေ့မှသည်..
သံသရာ အဆက်ဆက် အချုပ်အနှောင်
ကင်းဝေးပါစေကြောင်း..
ဆုမွန်ကောင်းတောင်းပါ၏"

မြန်မာနိုင်ငံရေးသမိုင်း၌တော်လှန်ရေးအရပ်ရပ်နိုင်ငံရေးအင်အားစုတစ်ခုခုတို့သည်၊အင်အားအကောင်းဆုံး အဆင့်အောင်မြင်မှုအထွတ်အထိပ်...
16/06/2021

မြန်မာနိုင်ငံရေးသမိုင်း၌
တော်လှန်ရေးအရပ်ရပ်
နိုင်ငံရေးအင်အားစုတစ်ခုခု
တို့သည်၊
အင်အားအကောင်းဆုံး အဆင့်
အောင်မြင်မှုအထွတ်အထိပ် ရောက်သည်နှင့်..
နှစ်ဖွဲ့ကွဲသွားကြလေတော့သည်။
ဒါမှမဟုတ်..
မူလမှပဲ့ထွက်၍ 'အပဲ့များ' စင်ပြိုင်ပေါ်ထွက်ပြီးနောက်၊
အစိတ်စိတ်ကွဲပြားပျောက်ကွယ်သွားတတ်ကြသည်။

'ဖဆပလ' (ဖက်ဆစ်ဆန့်ကျင်ရေး ​ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) သည် 'သန့်ရှင်း' နှင့် 'တည်မြဲ' ဟူ၍ ပါတီကြီးနှစ်ခုကွဲသွားခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ 'ဗကပ' ထံမှ 'အလံနီ' သည်ခွဲထွက်ပြီးနောက်၊ အလံဖြူ နှင့် အလံနီ ဟူ၍ဖြစ်သွားခဲ့ရသည်။

(၁၉၈၈) ဒီမိုကရေစီတော်လှန်ရေးကြီး
၌ အာဏာသိမ်းစစ်အုပ်စု အား 'ငြိမ်းချမ်းစွာ' နှင့် 'လက်နက်ဆွဲကိုင်' တော်လှန်မည်ဟူ၍ နှစ်ခြမ်းကွဲခဲ့ကြပြန်သည်။

'အောင်-စု-တင်' ဟု
နိုင်ငံရေးဩဇာအင်အားကြီးမားစွာ ပေါ်ထွက်လာခဲ့သည့် 'NLD' မှ၊
ဦးအောင်ကြီး သည် စတင် ပဲ့ထွက်သွားခဲ့သည်။
'ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်'(UNLD) [တိုင်းရင်းသားပါတီ(၂၁)ခုပေါင်းထားခြင်း] နှင့် 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်'(NLD) တို့ ပူးပေါင်း၍ ဒီမိုကရေစီတပ်ပေါင်းစုကြီး (ဗိုလ်အောင်ကျော်လမ်းကြေငြာချက်-၁၉၈၉/၉၀) တည်ထောင်ခြင်းသည်လည်း မအောင်မြင်မီအဖွဲ့ကွဲ၍မှေးမှိန်သွားခဲ့ရပြန်သည်။

တော်လှန်ရေးအင်အားစုများသည်
ညီညွတ်အရှိန်ပြင်အားကောင်းစွာဖြင့်
တစ်နေရာရောက်ရှိသည်နှင့်..
သဘောထားကွဲလွဲ၍
မတူညီသောလမ်းများဆီသို့
အင်္ဂလိပ်အက္ခရာ (T) သဏ္ဍန် လမ်းဆုံ၌ လမ်းခွဲဝေးကွာသွားကြတော့သည်။

ဤ မြေနိုင်ငံမှလူမျိုးစု/အဖွဲ့အစည်းများအတွင်း၌
ဆန္ဒမတူ သဘောထားကွဲလွဲခြင်းများ
ကြုံကြသည့်အခါ..
ဖြေရှင်းသည့်နည်းလမ်းမှာ 'တစ်ခု' တည်းသာရှိခဲ့ကြပါသည်။

'ငြင်းခုန်ပြီးနောက်လုံးဝစကားမပြောကြခြင်း' နည်းလမ်းဖြစ်သည်။

တစ်ချို့ဆို သေသည်အထိပင်မျက်နှာချင်းတောင်မဆိုင်ကြတောပေ။ ဝမ်းနည်းစရာပင်တည်း။

ပြဿနာတစ်ခုအား စကားပင်မပြောကြတော့သည့် လူ/အုပ်စု နှစ်ခုအကြား၊ မည်သို့ဆွေးနွေးအဖြေရှာကြမည်နည်း?

စစ်အာဏာရှင် အမြစ်ဖြုတ်ရေး ယနေ့ခေတ်၏ ဤတော်လှန်ရေး၌ပင်
'အက်သံ' ထွက်စပြုပြီ။

​'သဘောထား' မတူညီနိုင်ကြသော်လည်း.. 'ရန်သူ' တူပါသည်။
ရန်သူ မှာတစ်ဦးသာရှိပါသည်။

ကျောမခိုင်းကြနှင့်ဆွေးနွေးအဖြေရှာကြပါ။
'T Junctuon' ၌လမ်းမကွဲကြေး!
#ငါတို့နိုင်ငံတဖန်ဖြစ်စေ

"တိတ်ဆိတ်စွာ(သို့မဟုတ်) Sotto Voce (စောတို-ဗိုချေ) လှုပ်ရှားမှု"မူရင်း အီတလီစကားစု 'Sottovoce' (Under the voice) အားပထမ ...
14/06/2021

"တိတ်ဆိတ်စွာ(သို့မဟုတ်) Sotto Voce (စောတို-ဗိုချေ) လှုပ်ရှားမှု"

မူရင်း အီတလီစကားစု 'Sottovoce' (Under the voice) အား
ပထမ နှင့် ဒုတိယကမ္ဘာစစ်ကာလ
လျှို့ဝှက်သောလှုပ်ရှားမှုများ၌၊
လက်သုံးစကား တစ်ခုအဖြစ်
ဥရောပအလယ် နှင့် အနောက်ပိုင်းနိုင်ငံများ၌ အသုံးပြုခဲ့ကြသည်။
ရန်သူသတိမပြုမိစေရန် အသံမထွက်
လှုပ်ရှားကြခြင်း ဖြစ်သည်။

လှုပ်ရှားမှုတိုင်း၌ အသံ ရှိသည်
သို့သော်.. တိုးတိတ်ညင်သာသောအသံမျိုးကိုဆိုလိုသည်။

စစ်အုပ်ချုပ်မှုဆန့်ကျင်တော်လှန်ရေး တွင် မည်သည့်ကိစ္စမဆို၊ အသံကျယ်ကျယ်လောင်လောက်ထွက်၊ လူသိများသွားသည် နှင့် ဒုက္ခပေါင်းစုံ ကျရောက်နေကြရပြီ။

တော်လှန်ရေး၌ မည်ကဲ့သို့ - မည်သည့်အရာတွေကို - မည်သူ့ထံ ထောက်ပံ့နေသည် (သို့မဟုတ်) လက်ခံရယူနေသည်.. စသည်များကိစ္စများအား၊
လူအများသိရှိသွားလျှင် မည်ကဲ့သို့ အကျိုးကျေးဇူး ရရှိမည်ကို မသိရသော်လည်း၊
စစ်ကောင်စီ၏အနှောင့်အယှက်မျိုးစုံ
လက်ခံရရှိတော့မှာတော့ကျိန်းသေနေပြီ။
'ဒလန်' တွေအားကောင်းသည့်
ကာလဖြစ်နေသည်။

မိမိကအရမ်းသတ္တိရှိတာ
ဘာကိုမျှမကြောက်ဘူး ဆိုဦးတော့..
မိမိနှင့်ပါတ်သက်နေသော တော်လှန်ရေးအင်အားစုများအားငဲ့ညာပေးပါ။

တော်လှန်ရေး၌တစ်ဦးစီတိုင်းသည်တန်ဘိုးကြီး၏။
တိတ်ဆိတ်စွာလှုပ်ရှားကြ။
'Sotto Voce - စောတို ဗိုချေ' ခေတ်ရောက်ပြီ!
#ငါတို့နိုင်ငံတဖန်ဖြစ်စေ

'မလုပ်ရဲတာဘာတစ်ခုမှမရှိဘူးအကုန်လုပ်ရဲတယ်'ဟူ၍ မအလ သည် ၁၄/၈/၂၀၂၀ - ကြံ့ဖွံ့ ဦးဆောင်သည့်(၃၄)ပါတီနှင့်တွေ့ဆုံပွဲ၌မိုက်ကြေးခွ...
13/06/2021

'မလုပ်ရဲတာဘာတစ်ခုမှမရှိဘူး
အကုန်လုပ်ရဲတယ်'
ဟူ၍ မအလ သည်
၁၄/၈/၂၀၂၀ - ကြံ့ဖွံ့ ဦးဆောင်သည့်(၃၄)ပါတီနှင့်တွေ့ဆုံပွဲ၌
မိုက်ကြေးခွဲ ပြောဆိုခဲ့သည်။

ထိုနောက်..
အမှန်တကယ်ပင် အစွမ်းကုန်
ရက်စက်ယုတ်မာပွဲကြီးစတင်ခဲ့သည်။

ဤကဲ့သို့ အပြုအမူမျိုးသည်
အကြမ်းဖက်စစ်အုပ်စု အတွက်
အသစ်အဆန်းတော့မဟုတ်ပါ။

မအလ တို့၏ ဘိုးတော်ကြီး
(ဦး)နေဝင်း သည်လည်း
ပြည်သူလူထုအား
'စစ်တပ်ဆိုတာပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး' [မတ်လ - ၁၉၈၈]
ဟု ခြိမ်းခြောက်၍
ပြည်သူထောင်ပေါင်းများစွာကို
သုတ်သင်ခဲ့သည်။

ယနေ့ ခေတ်၌ 'မအလ' နှင့်
လက်မရွံ့အုပ်စုသည်
၎င်းတို့အားဆန့်ကျင်သူ ဟုအမည်တပ်ခံကြရသည့် မည်သူ့ကိုမဆို လက်စတုံးရှင်းပစ်၏။
နိုင်ငံ၏အခြေခံအဆောက်အအုံအားရည်ရွယ်ချက်ရှိရှိဖြိုလှဲနေ၏။
မြန်မာ့လူမှုအဖွဲ့အစည်းအားစနစ်တကျဖြိုခွဲနေ၏။
မြန်မာ ဟူသောဂုဏ်သိက္ခာကိုအောက်ဆုံးသို့ကျရောက်နေစေ၏။
လူထု၏ပိုင်ဆိုင်မှုများကိုအနိုင်ကျင့်လုယက်ယူငင်နေကြ၏။
အခြေပြုစ ဒီမိုကရေစီစနစ် ကိုမြေလှန်နေ၏။

'မလုပ်ရဲတာ' ဘာတစ်ခုမျှမရှိတော့ပြီ။

ယဉ်ကျေးသောလူ့ပါတ်ဝန်းကျင်ဆိုသည်မှာ...
'မလုပ်သင့်သောအရာ
မလုပ်ရမည့်အရာ
မလုပ်ရဲသည့်အရာ'
စသည်တို့ဖြင့်ဖွဲ့စည်း
တည်ဆောက်ထားပါသည်။

'မလုပ်ရဲတာမရှိ' ဟုဆိုသူများသည်
သတ္တိရှိခြင်းမဟုတ်..
လူမှုစည်းကမ်းများဖောက်ဖျက်ရန်ကြုံးဝါးခြင်းသာဖြစ်၏။
#ငါတို့နိုင်ငံတဖန်ဖြစ်စေ

Address


Website

Alerts

Be the first to know and let us send you an email when Be Our Nation Once Again posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share