Taungoo U- History Family

  • Home
  • Taungoo U- History Family

Taungoo U- History Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taungoo U- History Family, Media/News Company, .

"၅၀၀ကျပ်" သာလှူပေးပါ။တော်လှန်ရေးဟာ ရေချိန်မြင့်ပြီးကြီးမားလာသည်နှင့်အမျှ ကဏ္ဍအသီးသီးမှ လိုအပ်ချက်များသည်လည်း တရိပ်ရိပ်မြ...
19/01/2022

"၅၀၀ကျပ်" သာလှူပေးပါ။

တော်လှန်ရေးဟာ ရေချိန်မြင့်ပြီးကြီးမားလာသည်နှင့်အမျှ ကဏ္ဍအသီးသီးမှ လိုအပ်ချက်များသည်လည်း တရိပ်ရိပ်မြင့်မားလျက်ရှိပါသည်။

စစ်အာဏာရှင်ပျက်သုဉ်းရန် တစ်ဖက်တစ်လှမ်းမှ ဆန့်ကျင်လျက်ရှိသော CDMer များသည်လည်း အခက်အခဲများစွာနှင့်ကြုံတွေ့နေရပါသည်။ ကျွန်ုပ်တို့pageထံကူညီတောင်းခံသည့် CDMer များစွာရှိသည့်အတွက် ယခုကဲ့သို့အလှူခံရခြင်းဖြစ်ပါသည်။ နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်နေသူအချင်းချင်း ကူညီထောက်ပံ့ပေးဖို့ရာ ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သမဂ္ဂမှ "၅၀၀ကျပ်သာလှူပေးပါ" campaignကိုထပ်မံစီစဉ်လိုက်ရခြင်းဖြစ်ပါသည်။

ယခင်အလှူခံဖူးခဲ့သည်မှရရှိသော လှူဒါန်းငွေများကို ကျွန်ုပ်တို့ အမှုဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များမှ ထပ်မံစိုက်ထည့်ကာ လိုအပ်သည့်နေရာများသို့ အားလုံးလှူဒါန်းခဲ့ပါသည်။ ဤ campaignမှရ‌ရှိသော လှူဒါန်းငွေများအား CDMerများကိုလှူဒါန်းခြင်း၊ ကျွန်ုပ်တို့သမဂ္ဂ၏
လှုပ်ရှားမှုများနှင့် အခြားသောလိုအပ်သည့်နေရာများတွင် တစ်ပြားမကျန်ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းပြောကြားလိုပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ကျောင်းသားထုနှင့်တကွ မိဘပြည်သူများအားလုံး "၅၀၀ကျပ်သာလှူပေးပါ" campaign တွင် တတပ်တအား ပါဝင်ကူညီပေးရန် တိုက်တွန်းလိုက်ပါသည်။
ဤCampaignတွင်ပါဝင်လှူဒါန်းလိုပါက Page chatboxသို့လာရောက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

#အလုပ်အမှုဆောင်အဖွဲ့
#တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

၀မ်းနည်းကြောင်း သ၀ဏ်လွှာ
19/01/2022

၀မ်းနည်းကြောင်း သ၀ဏ်လွှာ

ကျွန်ုပ်တို့တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သည် ၂၀၂၁ခုနှစ် ဂျူလိုင်လ ၁၇ရက်နေ့တွင် တိုက်ပွဲအတွင်းမှ ...
17/01/2022

ကျွန်ုပ်တို့တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သည် ၂၀၂၁ခုနှစ် ဂျူလိုင်လ ၁၇ရက်နေ့တွင် တိုက်ပွဲအတွင်းမှ စတင်ပေါ်ပေါက်ခဲ့ပြီး ဗကသများအဖွဲ့ချုပ်၏မူဝါဒ(၆)ချက်နှင့် လက်ခံချက်(၃)ရပ်ကိုစွဲကိုင်ကာ အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပါသည်။
ကျွန်ုပ်တို့သမဂ္ဂပေါ်ပေါက်လာသည့်အချိန်မှစ၍ ဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ ကျောင်းသားထုအကျိုး ပြည်သူလူထုအကျိုးအတွက်လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ကျွန်ုပ်တို့သည် ယခုအချိန်အထိအာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ရှေ့ဆက်၍လည်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။ယခုကျွန်ုပ်တို့သမဂ္ဂပေါ်ပေါက်လာသည်မှာ ၆လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့သည် အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံးကိုမျက်နှာမူလျက် အာဏာရှင်စနစ်ကို အဆုံးထိသပိတ်မှောက်ကာ ရရာနည်းလမ်းမျိုးစုံဖြင့် အဆုံးထိတိုက်ပွဲဝင်သွားမည်ဟုကတိသစ္စာပြုအပ်ပါသည်။

#အလုပ်အမှုဆောင်အဖွဲ့
#တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)

27/12/2021

ရန်ကုန်တက္ကသိုလ်ကျောင်းသားတဦး စစ်ကြောရေး၌ ကျဆုံး

ဒီဇင်ဘာ ၂၇၊ ၂၀၂၁

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော် သည် ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေး၌ ကျဆုံးသွားသည်ဟု သိရသည်။

ကိုအောင်ဘုန်းကျော်ကို စစ်ကောင်စီတပ်များက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တာမွေမြို့၌ ဖမ်းဆီးခဲ့ပြီး ၁ ရက်အကြာတွင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကိုအောင်ဘုန်းကျော်နှင့်အတူ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုသူရအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ယခုတွင် စစ်ကြောရေးသို့ ရောက်ရှိနေကြောင်း သိရသည်။

ကိုအောင်ဘုန်းကျော် ကျဆုံးသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ထားသည်။

06/12/2021

Breaking News- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ် ၄ နှစ်စီ စစ်ကောင်စီတရားရုံး ချမှတ်၊ ပြစ်ဒဏ် ၂ နှစ်လျှော့ပေါ့ပြီး လက်ရှိ နေအိမ်တွင်ပင် ထားရှိမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ အကြမ်းဖက်စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမှု နှစ်ခုအတွက် ထောင်ဒဏ် ၄ နှစ်၊ သမ္မတဦးဝင်းမြင့်က အမှု နှစ်ခု ထောင်ဒဏ် ၄ နှစ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အမှု ၁ ခု ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရကြောင်း တရားရေး သတင်းရပ်ကွက်က အတည်ပြုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက် တာမျိုးအောင်တို့သည် လက်ရှိနေထိုင်နေသော နေရာများတွင်သာ ဆက်လက် နေထိုင်ပြီး ကျန်ရှိနေသော အမှုများကို ဆက်လက် ရင်ဆိုင်ရမည်ဟု AFP သတင်းဌာနသို့ ပြောဆိုထားသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ် ၂ နှစ်လျှော့ပေါ့ပြီး ယခုလက်ရှိ နေအိမ်များတွင် ဆက်လက် ထားရှိမည်ဟု ယနေ့ည ၈ နာရီတွင် အကြမ်းဖက်စစ်ကောင်စီပိုင် ဝါဒဖြန့် သတင်းဌာနများ ကြေညာသည်။

05/12/2021

◾️သွေးခင်းလမ်းမှာ ဆက်တိုက်ပွဲဝင်ကြ။

ဒီနေ့ မနက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ရန်ကုန်လူထုသပိတ်ကို အလေးပြုဦးညွတ်ပါတယ်။

လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းနိုင်ပေမယ့် ကြွေးကြော်သံတွေနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။

ပြည်သူများကိုတိုက်တွန်းချင်တာက ရန်သူကတော့ သူ့အလုပ်သူတွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်နေပါတယ်။ ကျနော်တို့တွေကလည်း ကျနော်တို့ရဲ့ တော်လှန်ရေးကို တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ ရရာနေရာမှ ဆက်လုပ်ကြပါ၊ ဒီလို လမ်းမပေါ် ကျဆုံးခဲ့ကြရတဲ့ ရဲဘော်များကို အစဥ်အမြဲ အမှတ်ရကြပါ ။

(ကျဆုံးခဲ့ရသူများနဲ့ ဖမ်းဆီးခံရသူများရဲ့ စာရင်းကို အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါ)

ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး
05/12/2021

ပေတရာပေါ်မှာစီးတဲ့ သွေးတွေ မခြောက်သေးဘူး

ဒီနေ့ မနက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ရန်ကုန်လူထုသပိတ်ကို အလေးပြုဦးညွတ်ပါတယ်။

လမ်းမတွေပေါ်က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းနိုင်ပေမယ့် ကြွေးကြော်သံတွေနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ ဖြိုခွင်းနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။

ပြည်သူများကိုတိုက်တွန်းချင်တာက ရန်သူကတော့ သူ့အလုပ်သူတွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်နေပါတယ်။ ကျနော်တို့တွေကလည်း ကျနော်တို့ရဲ့ တော်လှန်ရေးကို တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ ရရာနေရာမှ ဆက်လုပ်ကြပါ၊ ဒီလို လမ်းမပေါ် ကျဆုံးခဲ့ကြရတဲ့ ရဲဘော်များကို အစဥ်အမြဲ အမှတ်ရကြပါ ။

(ကျဆုံးခဲ့ရသူများနဲ့ ဖမ်းဆီးခံရသူများရဲ့ စာရင်းကို အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပါ)

26/11/2021
15/11/2021

တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။

• ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမှီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

• လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။

• ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

14/11/2021

⬛နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထုအစည်းအဝေးကြီး ကျင်းပမည်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အခြေခံပညာကျောင်းသားထုအား ကိုယ်စားပြုသည့် သမဂ္ဂ အဖွဲ့အစည်းများမှ ဦးဆောင်‌၍ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းသားထုတစ်ရပ်လုံးပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အခြေခံပညာကျောင်းသားထု အစည်းအဝေးကြီးအား နိုဝင်ဘာလ (၁၅) ရက်၊(၁၆) ရက်နှင့် (၁၇) ရက်များတွင် မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲမှ (၈) နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာတနိုင်ငံလုံးမှ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအသီးသီးရှိ လူမျိုးဘာသာ ကျားမ မရွေး အခြေခံပညာကျောင်းသားဟူသမျှ တက်ရောက်ပူးပေါင်းပေးနိုင်ကြပါရန် လေးစားစွာ အသိပေး ဖိတ်‌ခေါ်အပ်ပါသည်။ အစည်းအဝေးတက်ရောက်လိုသူများအနေဖြင့် အောက်ပါ Google Form အား ပြည့်စုံစွာဖြည့်စွက်ထားရန် လိုအပ်ပြီး အစည်းအဝေးမစတင်မီ လေးနာရီခန့်စော၍ Zoom Meeting Link အား Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။

https://forms.gle/Qi7kahprSzPyA1bk6

အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများမှာ

🔴 လက်ရှိဗမာ့နိုင်ငံရေးအခြေအနေ
🔴ကြားကာလပညာရေးစနစ်
🔴ဖက်ဒရယ်ပညာရေး
🔴စစ်ကျွန်ပညာရေးစနစ်အပေါ်ရှုမြင်ချက်များ
🔴ကျောင်းသားထုအခွင့်အရေး
🔴သပိတ်တိုက်ပွဲ

စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည်ပြီး အခြေခံပညာကျောင်းသားထုတစ်ရပ်လုံးအနေဖြင့်
စစ်ကျွန်ပညာရေးစနစ်အား ဆက်လက်သပိတ်မှောက်‌နိုင်ရန်အတွက်လည်း ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ပါသည်။

ထို့ကြောင့် အခြေခံပညာကျောင်းသားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သော ပညာရေးဆိုင်ရာ အကြောင်းအရာများအား ကျောင်သားထုတစ်ရပ်လုံးညီညွတ်စွာ ပူးပေါင်းတိုင်ပင်ဆုံးဖြတ်နိုင်ရန်အတွက် နိုင်ငံလုံးဆိုင်ရာအခြေခံပညာကျောင်းသားထုအစည်းအဝေးအား တက်ရောက်ပူးပေါင်းပေးကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

အစည်းအဝေးဖြစ်မြောက်ရေးကော်မတီ
-ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
-အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက်
-အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
-အခြေခံပညာကျောင်းများရေးရာအဖွဲ့ချုပ်

"အားလုံးတော်လှန် တို့ကျောင်းသားအသံ"

#သတင်းနှင့်ပြန်ကြားရေး
#ဗကသများအဖွဲ့ချုပ်

09/11/2021

"ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော် ထောင်(၁၀)နှစ်ချမှတ်ခံရ"

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)သည် ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ခ(က) ဖြင့် ယနေ့ နိုဝင်ဘာလ ၈ရက်နေ့၌ အကြမ်းဖက်စစ်တပ်၏ စစ်တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခြင်းကိုခံခဲ့ရသည်။ သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ၆ဦးသည် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ထို၆ဦးတွင်ပါဝင်‌သော ကိုစည်သူအောင်တင်သည် နိုဝင်ဘာလ ၃ရက်နေ့၌ ထောင် ၁၀နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်‌ကျောင်းသား‌၊ကျောင်းသူ ၄ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးပေ။

07/11/2021

ဆရာ ကောင်းရာမွန်ရာရောက်ပါစေ 🌟

#တန်ဖိုးရှိသောကြယ်တစ်ပွင့်ကြွေလွင့်ခြင်း

#နီကိုရဲ [၁၉၆၆-၂၀၀၉]

နီကိုရဲ ရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊ စိတ်အိုင်ပက်သူ၊ မကြည်ပြာ၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ဝတ္ထုများဖြစ်သည်။ သူ၏ ဝတ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။

#ဘဝဖြစ်စဉ်

စာရေးဆရာ နီကိုရဲအား ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂) ရက်နေ့၊ ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မြကြည်မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ ရဲဝင်း ဖြစ်သည်။

၁၉၉၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရုက္ခဗေဒပညာ) ဘွဲ့ရရှိခဲ့သည်။

#စာရေးဆရာဘဝ

အသက် (၂၇) နှစ်အရွယ်တွင် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် "တိတ်ဆိတ်ခြင်း တံတားပေါ်မှာ" ဝတ္တုတိုဖြင့် စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္တုကို "တောင်ပံမပါတဲ့ ပန်းအကြောင်း"အမည်ဖြင့် ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။

ပင်နီစာအုပ်တိုက်မှ ထုတ်ဝေသည့် ချစ်ခြင်း၏ နဂ္ဂတစ်များ လုံးချင်းဝတ္တုဖြင့် အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့သည်။ ထိုဝတ္တုကို "ကြည်ပြာရောင်နဂ္ဂတစ်များ"အမည်ဖြင့် လွင်မိုး၊ထွန်းအိနြ္ဒာဗိုတို့နှင့် ဇာတ်ကားရိုက်ကူးခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုဝတ္တုကို "ငါတို့စာပေ"မှ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။

လုံးချင်းဝတ္တု (၃၀)အုပ်ကျော် ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၁၀၀)ကျော် ရေးသားခဲ့သည်။ ဗီဒီယိုဇာတ်ကားများကိုလည်း ကိုယ်တိုင် ရိုက်ကူးခဲ့သူဖြစ်သည်။ အိုက်ဒီယာ မဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တစ်ဦး အပါအဝင်ဖြစ်သည်။

ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် ထက်ထက်မိုးဦးတို့ ပါဝင်သရုပ်ဆောင်သော သစ်ခက်ငါး ဇာတ်ကားကို ရိုက်ကူးခဲ့သည်။

စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄ဝ နီးပါး ရိုက်ကူးခဲ့သည်။

နီကိုရဲနှင့် ခေတ်ပြိုင်စာရေးဆရာများမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစံတို့ ဖြစ်သည်။

#ဘဝနိဂုံး

နီကိုရဲ (ခ) ကိုရဲဝင်း သည် (၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄) စနေနေ့ နံနက် ဝဝး၃ဝ နာရီခန့်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ လုဗ္ဗနီအထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်နိုင်နိုင်ဝင်း (အီတွန့်ပွမ်) နှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် ရေဝေးသုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

#ရေးသားခဲ့သောဝတ္ထုများ

မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ
နှလုံးသားထဲကြွက်ဝင်နေသည်
ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ အလွဲများ
ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ ဒုတိယအလွဲများ
ကျွန်တော်နှင့်လက်တွဲဖော်များ
ကျွန်တော်နှင့်ဈေးသည်အလွဲများ
လွယ်အိတ်ထဲကအလွဲများ
နတ်ဆိုးတစ်ကောင်နဲ့ရင်လွဲသူ
တစ်သုံးခုနှစ်ရှစ်
လှည့်စား
သံစုံကြူးတဲ့ည
လူနှင့်သူတို့၏ဟာသများ
ဇွတ်
ဇက်ပေါ်ကဆီးသီး
အိုးလေး
ရည်းစားစာ (ဝတ္ထုတိုစု)
ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း
အိတ်
သူရာထောင့်မှအလွဲများ
သူရာထောင့်မှ ဒုတိယအလွဲများ
အူကြောင်ကြား
အနောက်
ပန်းသီးထဲကနံရိုး ပန်းသီးထဲကဗုံး
ပန်းသီးဖန်တုံးတစ်တုံးရဲ့ ဘိုင်အိုဂရပ်ဖီ
မသိကိန်းများ
ယောက်ပျား
ဘာကြီးလဲ
ဝတ်မှုန်...အချိုး
မုန်းဆိုး
မိန်းမအလွဲများ
စိတ်နှင့်ခြွေတဲ့အကြွေ
ပန်းစိတ်ကူး
ခင်ဗျား...ဘယ်သူပါလဲခင်ဗျား
မွေးစားသမီး
ရဲရင့်ရိုးရာ
ညို့တံမဲ့မြှားနှစ်စင်း
မချစ်ဘူး
နတ်ငယ်
ကွကျဖ
သစ္စာမြှား
ငတုံး
သစ်ခက်ငါး
ဒုတိယသစ်ခက်ငါး
တို့ဖေဖေ
စိတ်အိုင်ပက်သူ
ချဲဝီး
ကျွန်မ၏ပြား
ဘ…နာ
ဒဏ်ရာရလိပ်ပြာအထူးကု
နှလုံးသားနှင့်ကန်တဲ့ ဘောလုံး
နှလုံးသားနှင့်ကန်တဲ့ ဘောလုံး-၂
နှလုံးသားနှင့်ကန်တဲ့ ဘောလုံး-၃



Bookish by Karine 📚✨

06/11/2021
06/11/2021

◾️ "ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင် ထောင်(၁၀)နှစ်ချမှတ်ခံရ"

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်(ဥပဒေ-တတိယနှစ်)သည် ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ခ(ဃ) နှင့် ၅၀၅ - က တို့ဖြင့် နိုဝင်ဘာလ ၃ရက်နေ့၌ အကြမ်းဖက်စစ်တပ်၏ စစ်တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခြင်းကိုခံခဲ့ရသည်။ ကိုစည်သူအောင်တင်အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ၆ဦးသည် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်း ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ကျန်‌ကျောင်းသား‌၊ကျောင်းသူ ၅ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးပေ။

05/11/2021
စဉ်ဆက်မပြတ်ပညာရေးနှင့် ပတ်သက်သောထုတ်ပြန်ချက်၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်
05/11/2021

စဉ်ဆက်မပြတ်ပညာရေးနှင့် ပတ်သက်သောထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်

စစ်ကျွန်ပညာရေးကို တိုက်ဖျက်ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ကြ
04/11/2021

စစ်ကျွန်ပညာရေးကို တိုက်ဖျက်
ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ကြ

03/11/2021

တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ

3 Nov 2021 By TUMB

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌‌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။

"သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။

မအေးနန္ဒာစိုးသည် မန္တလေးမှ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တစ်ခုသို့ သွားရာတွင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိအဆက်အသွယ်မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူ့မိသားစုက အဆက်အသွယ်မရတော့ ပိုပြီးစိတ်ပူတာပေါ့။ မိခင်အဖွဲ့စည်းကိုလည်း စုံစမ်းဖို့ အကူအညီ တောင်းတယ်။ အဖွဲ့ချုပ်ကိုလည်း စုံစမ်းပေးဖို့ ခဏခဏပြောပါတယ် "ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။

အကြမ်းဖက်စစ်တပ်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်လှုပ်ရှား သူများကိုဖမ်းဆီးပြီး စစ်ကြောရေးစခန်းများသို့ ပို့‌ဆောင်ပြီး နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်စက်မေးမြန်းလေ့ရှိသည်။
ယင်းသို့နှိပ်စက် မေးမြန်းရာတွင် သေဆုံးခဲ့မှုများ ရှိခဲ့သဖြင့် မအေးနန္ဒာစိုးအတွက် အသက်အန္တရာယ်ပင် စိုးရိမ်ရလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်း ပညာရေး တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူ မအေးနန္ဒာစိုးသည် စစ်ကိုင်းဘက်အဝင် စစ်‌ဆေး ရေးဂိတ်တွင် အရပ်ဝတ်များက မှတ်ပုံတင်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မအေးနန္ဒာစိုးကိုမည်သည့်နေရာ၌ ဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်မှာ တာဝန်ရှိသူများ ထံသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတရာတုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေး အသင်း ၏ ထုတ်ပြန်ချက်များ အရ နိုဝင်ဘာလ ၂ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ ပြည်သူပေါင်း ၉၆၀၀ကျော်ကို ဖမ်းဆီးထားပြီး လူပေါင်း၁၂၀၀ကျော်ကို နည်းလမ်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့သည်။

#ဗကသ #အေးနန္ဒာစိုး #ဖမ်းဆီးခံရ #အဆက်အသွယ်မရ

03/11/2021
31/10/2021
29/10/2021
28/10/2021
အရာတော်ဗကသ ဥက္ကဌ၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို ဖက်ဆစ်စစ်တပ်က ချိတ်ပိတ်၂၈/၁၀/၂၀၂၁အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသမျ...
28/10/2021

အရာတော်ဗကသ ဥက္ကဌ၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို ဖက်ဆစ်စစ်တပ်က ချိတ်ပိတ်

၂၈/၁၀/၂၀၂၁

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဖြစ်သူ၏ နေအိမ်နှင့် မြို့မဈေးအတွင်းမှ ကုန်စုံဆိုင်ကို ဖက်ဆစ်စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ချိတ်ပိတ်သွားကြောင်း သိရသည်။ ဖက်ဆစ်စစ်တပ်သည် ဝင်ရောက်စီးနင်းချိန်တွင် မိသားစုဝင်များကို သေနတ်ဖြင့်ချိန်ရွယ်ကာ အိမ်တွင်းပစ္စည်းများနှင့် ကုန်စုံဆိုင်မှ ပစ္စည်းများကို ချက်ချင်းပြောင်းရွှေ့ရန် အတင်းအဓမ္မစေခိုင်းခဲ့ပြီး အိမ်နှင့်ဆိုင်ကို ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ အရာတော်ဗကသ ဥက္ကဌ၏ ဖခင်ဖြစ်သူသည်လည်း အရာတော်မြို့တွင် ပထမဆုံး CDM ပြုလုပ်ခဲ့သည့် အရာတော်စည်ပင်မြို့တော်ဝန် ဖြစ်သည့်အတွက် လက်ရှိတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

#ဗကသများအဖွဲ့ချုပ်

အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၃၇ /၂၀၂၁)၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ...
28/10/2021

အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၃၇ /၂၀၂၁)
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်

ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို ဖိနှိပ်ခြိမ်းခြောက်လျက်ရှိသော
Non-CDMဝန်ထမ်းများ နှင့် ပတ်သက်၍ ကြေညာချက်

28/10/2021
21/10/2021

“နိုင်ငံရေးသဘောတရားရေးရာ၊ နိုင်ငံရေးဦးဆောင်မှု နဲ့ နိုင်ငံရေးရပ်တည်ချက်မခိုင်မာတဲ့ လက်နက်ကိုင်စုဖွဲ့မှုဟာ အန္တရာယ်များပါတယ်”

တော်လှန်ရေးဆိုတာမှာ လူ‌ဟောင်း၊ စနစ်‌ဟောင်းကို လူသစ်၊ စနစ်သစ်နဲ့ အစားထိုးဖို့ပါပဲ၊ ဒီနေရာမှာ ပဋိပက္ခပြုရခြင်းဟာလည်း တော်လှန်ရေးရဲ့ ရွေးချယ်စရာ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်ပဲ လက်နက်ကိုင်တော်လှန်ရေးဆီကို စနစ်ရဲ့ တွန်းပို့မှုကြောင့် ရောက်ခဲ့ကြတယ်။

လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးဦးဆောင်မှုရှိဖို့၊ နိုင်ငံရေးသဘောတရားရေးရာနဲ့ စစ်ရေးပေါင်းစပ်နိုင်ဖို့က အရေးကြီးတယ်လို့မြင်ပါတယ်။ နိုင်ငံရေးသဘောတရားရေးရာ၊ နိုင်ငံရေးဦးဆောင်မှု နဲ့ နိုင်ငံရေးရပ်တည်ချက်မခိုင်မာတဲ့ လက်နက်ကိုင်စုဖွဲ့မှုဟာ အန္တရာယ်များပါတယ်။

နိုင်ငံရေးဦးဆောင်မှုမရှိဘဲ တော်လှန်ရေးအလွန်ကာလကိုရောက်လာခဲ့ရင် သိပ်ကြီးမားကျယ်ပြန့်တဲ့ ပြဿနာတွေတက်နိုင်တယ်၊ နိုင်ငံရေးဦးဆောင်မှုမရှိတဲ့ လက်နက်ကိုင်စုဖွဲ့မှုများကနေ စစ်ဘောင်ကျယ်လာမှာပါပဲ၊ စစ်ဘောင်ကျယ်လာတဲ့အခါ နိုင်ငံရေးဘောင်ကျဥ်းသွားမှာပဲ၊ စစ်ဘောင်ကျယ်လာရခြင်းရဲ့ ဆိုးကျိုးတွေကို ကျနော်တို့ လက်ရှိခံစားနေရရုံနဲ့တင် မြင်နိုင်ပါတယ်။

လက်နက်ကိုင်စုဖွဲ့မှုကို နိုင်ငံရေးဦးဆောင်မှု ပြုဖို့အရေးကြီးတဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးရဲဘော် တဦးတယောက်ချင်းစီရဲ့ နိုင်ငံရေးအတွေးအခေါ်၊ ရေချိန် ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ အမိန့်နာခံမှုနဲ့တည်ဆောက်တဲ့ စုဖွဲ့မှုဖြစ်တဲ့အတွက် အဲဒါတွေဟာ အရေးမကြီးပါဘူးဆိုပြီး သဘောထားလို့မရပါဘူး၊

တော်လှန်ရေးဟာ ရေသေမဟုတ်ဘူး၊ ရေရှင်ဖြစ်တယ်၊ လေ့လာရင်းနဲ့ တော်လှန်၊ တော်လှန်ရင်းနဲ့ လေ့လာရတာပါပဲ၊ ဒီနေရာမှာ ခုနက ပြောခဲ့တဲ့အတိုင်း စစ်ပညာတခုတည်းသာမကပဲ တော်လှန်ရေးအတွက် တခြားသော ဖြည့်ဆည်းလေ့လာစရာတွေကအများကြီးပါပဲ။

နောက်တချက်ကတော့ ဖက်ဆစ်စစ်တပ်ကိုတိုက်နေတုန်း ကျနော်တို့တွဲပြီးလုပ်ရမယ့် လုပ်ငန်းစဥ်တွေအများကြီးရှိတယ်၊ ဒီတော်လှန်ရေးရဲ့ စစ်မီးကြောင့်‌ရော၊ ဒီ့ကာလမတိုင်ခင်က ပြည်တွင်းစစ်မီးနဲ့ တရားမမျှတမှုတွေကြောင့်ရော တိုင်းပြည်နေရာအနှံ့က ပြည်သူတွေ ဒုက္ခများစွာခံစားခဲ့ရတယ်၊ ဒီတော်လှန်ရေးတိုက်ပွဲတွေမှာလည်း ကျနော်တို့ဟာ ပြည်သူလူထုကို ကြီးစွာသော ဒုက္ခတွေ မပေးမိလေအောင် ပြုမူကြရလိမ့်မယ်။ ဒါအပြင် သူတို့ခံစားခဲ့ရတဲ့၊ ခံစားနေရတဲ့ စနစ်ရဲ့ ဒုက္ခတွေကြားထဲကနေပြီး ကျနော်တို့ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ကြရလိမ့်မယ်၊ ပြန်လည်ထူထောင်ကြရလိမ့်မယ်၊ ကျနော်တို့တတ်တဲ့ပညာတွေနဲ့၊ ကျနော်တို့ရဲ့ ကိုယ်ချင်းစာတရားနဲ့၊ ကျနော်တို့ အတိတ်ကာလတွေက မှားခဲ့ကြတဲ့အမှားတွေကို ဝန်ခံသိမြင်ပြင်ဆင်လိုတဲ့စိတ်နဲ့၊ တကယ့်စိတ်ရင်းနဲ့ ဒါတွေကို လုပ်ရလိမ့်မယ်။ ဒါဟာ တော်လှန်ရေးနဲ့အတူ တွဲပြီးလုပ်ကိုလုပ်ရမယ့် ကိစ္စတွေပါပဲ၊ ဒါဟာ အရင်က လူတိုင်းပြောနေကြတဲ့ လူမျိုးစုအသီးသီးနဲ့ ရင်ကြားစေ့ရေးကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးလို့ကောင်းရုံ ခေါင်းစဥ်တခုအနေနဲ့ သဘောထားတာမဟုတ်ဘူး၊ တကယ်လက်တွေ့ဆောင်ရွက်ခြင်းသာဖြစ်တယ်။

နိုင်ငံရေးဦးဆောင်မှုရှိတဲ့၊ တဦးချင်းစီကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့၊ မျက်စိတဆုံးကိုမျှော်ကြည့်ပြီးစုဖွဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး စုဖွဲ့မှုများကို မျှော်ရည်ပါတယ်ခင်ဗျာ...။

မင်းဟန်ထက်
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)

(ကိုမင်းဟန်ထက်၏ လူမှုကွန်ယက်စာမျက်နှာမှ ကူး‌ယူဖော်ပြသည်။)

21/10/2021
လူငယ်လေးတစ်စုခေတ်တိုင်းမှာ သူတို့ရှိတယ် ။ဆေးလိပ်ကြိုက်တယ်ကဗျာကြိုက်တယ်လက်ဖက်ရည်ကြိုက်တယ်စာအုပ်ကြိုက်တယ်ဂန္တဝင်ဂီတကြိုက်တ...
21/10/2021

လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။

မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ်
အချစ်ရေးတော့ကံခေကြတယ်ဗျ ။

အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

-မောင်ငြိမ်းချမ်း

20/10/2021

2021 သီတင်းကျွတ် 🌕
🕯

20/10/2021

"သူရဲကောင်းတွေအတွက် တစ်လ သိန်းတစ်သောင်း ထောက်ပံ့နိုင်ဖို့
ထောက်ပို့ရဲဘော်တို့က တစ်နေ့တစ်နာရီအချိန်ပေးပါ"

သီတင်းကျွတ်လက်ဆောင်လေးတွေ များများပေးလို့ရအောင် Website လေးတွေဝင်ပေးကြပါခင်ဗျာ။
ဒီနေ့တော့ဝဘ်ဆိုက်ကရငွေ ဆယ်သိန်းကျော်နေပါပီခင်ဗျာ။ (ပုံမှန်ဆိုအရင်ကဆို သုံးခုပေါင်းရင် ၆၀ လောက်ရနေကျတွေပါ)။

ဒီလင့်လေးတွေကိုကော်ပီကူးပီး browser မှာသွားထည့်ပြီး သွားယုံပါပဲအရမ်းလွယ်ပါတယ်ခင်ဗျာ။ (တိုက်ရိုက်မနှိပ်ပါနဲ့ခင်ဗျာ လင့်ကိုကော်ပီကူးပီးပဲသွားပေးကြပါနော်)

www.weclick4pdf.com

www.raungni.com

www.pyithuarr.com

ဒီသုံးဆိုက်လုံးက ပိုက်ဆံအပြည့်ဝင်နေတာမို့ လူတစ်သိန်းဝင်ရင် တစ်ဆိုက်ကနေသိန်းတစ်ရာရမှာပါ သုံးဆိုက်လုံး လူတစ်သိန်းဝင်ပေးရင် တစ်နေ့သိန်းသုံးရာရမှာပါခင်ဗျာ တစ်နေ့ထဲမဟုတ်ပဲနေ့စဉ်ဝင်ပေးကြပါခင်ဗျာ။
‼ တစ်လ သိန်းကိုးထောင်ပါ နဲတဲ့ပမာဏမဟုတ်ပါဘူးခင်ဗျာ။
--------------------------------------------------------------------------

APP ဆိုရင်လဲ ဒီနေ့ရောမနေ့ကရောဝင်တဲ့လူ အရမ်းကိုနဲပါတယ်ခင်ဗျာ။ ဝင်ပေးကြပါဦးနော်။ မနက်ကမကြေညာပေးတာကလဲ ဒီလိုနေ့မှာစိတ်ညစ်ကြမှာစိုးလို့ပါ။

APP လဲတူတူပဲ လူတစ်သိန်းဝင်ပေးပီး လင့်နှစ်ဆယ်နဲ့အထက်နှိပ်ပေးရင် သိန်းတစ်ရက်သိန်းတစ်ရာရမှာပါခင်ဗျာ တစ်လ သိန်းသုံးထောင်ကျော်ပါခင်ဗျာ။
------------------------------------------------------------------------

YOUTUBE ကတော့ ချန်နယ်နှစ်ခုပေါင်း ဒီလအတွက် သိန်းငါးဆယ်ကျော်လောက်ရနေပါပြီခင်ဗျာ။ ပျင်းတဲ့လူတွေအတွက် ဗီဒီယိုအရှည်ကြီးတွေလုပ်ထားပါတယ် AUDIO BOOK လေးတွေပါ အဲ့ဒါလေးတွေဖွင့်ပြီးပစ်ထားထားလို့ရပါတယ်ခင်ဗျာ။ ဝိုင်ဖိုင်သမားတွေအတွက်ပါခင်ဗျာ။
ပြန်ကြည့်ကြဖို့မေ့နေကြလို့လားမသိဘူး တရက်မှ ကြည့်ရှုသူ ငါးထောင်နဲ့ကိုးထောင်ကြားပဲရှိပါတယ်။

------------------------------------------------------------------------
ကိုယ့်ထဲက ဘာမှစိုက်ထုတ်စရာမလိုပဲ အချိန်လေးတွေပေးယုံနဲ့
တစ်လသိန်းတစ်သောင်းလောက်ရှာပေးနိုင်တဲ့ ဒီပရောဂျက်လေးတွေကို တစ်နေ့ အချိန်တစ်နာရီလောက်လေးတော့ ပေးပြီး ပါဝင်ပေးကြပါဦးလို့ နားပူနားဆာတိုက်ပြီး တောင်းဆိုပါရစေခင်ဗျာ အရမ်းကိုအရေးကြီးတဲ့အချိန်တွေမို့လို့ပါဗျာ။

တစ်နေ့မှ တစ်နာရီလောက်ပါပဲခင်ဗျာ။

ကာတွန်းပုံလေးအကြောင်းသိချင်ရင် ပြည်သူ့အားမှာသွားဖတ်ပါခင်ဗျာ။

20/10/2021
19/10/2021



တောင်ငူမြို့ ၃ ရပ်ကွက် ၃လမ်း၌ လူငယ် ၃ ဦး ဖမ်းဆီးခံရ
==================
အောက်တိုဘာ ၁၉၊ တောင်ငူ။

- ယနေ့မနက် ၁၁နာရီ၃၀မိနစ်ခန့်က တောင်ငူမြို့
၃ ရပ်ကွက် ၊ ၃ လမ်း၌ လူငယ်သုံးဦး ဖမ်းဆီးခံရကြောင်း ကနဦးသိရ။

ဖြစ်စဥ်မှာ- အားရှန် လို့ခေါ်သော လူငယ်တစ်ဦး မှ သူ၏ အသိမိတ်ဆွေများနှင့် စကားစမြည် ပြောဆိုရန် လက္ဘက်ရည် ဆိုင်တစ်ဆိုင်၌ ထိုင်နေစဥ်
အရတ်ဝတ်များနှင့်စခရခများရောက်လာပြီး အဆိုပါလူငယ် ၃ ဦးစလုံးကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ် ။
" လူငယ်၃ ဦးက တော်တော်ငယ်သေးတဲ့ပုံပဲ၊ သူတို့ကို honda fit ကားအဖြူပေါ် တင်ပြီး ဖမ်းသွားတာပါ " လို့ မျက်မြင်တွေ့ရှိသူများက tsrnc ကို ပြောပါတယ် ။

- အဖမ်းခံရတဲ့ လူငယ်၃ ဦးအနက် အားရှန် ဆိုသူဟာ ခဏခဏနှာခေါင်းသွေးယိုတတ်သူဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ကျန်လူငယ် နှစ်ဦး မှာ ယောက်ျားလေး များဖြစ်ကြောင်းလည်း သိရပါတယ်။

* Update
ကျန်လူငယ် နှစ်ဦး မှာ ယောက်ျားလေး များဖြစ်တယ်လို့ သိရပါတယ်။

19/10/2021
19/10/2021
19/10/2021

Taungoo Universityမှ ကျောင်းသားနှစ်ယောက် ပြန်လည်လွတ်မြောက်သည်ဟု
သိရသောကြောင့် ၀မ်းသာရပါတယ်ခင်ဗျာ။

Address


Website

Alerts

Be the first to know and let us send you an email when Taungoo U- History Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share