JB - မှတ်စု

  • Home
  • JB - မှတ်စု

JB - မှတ်စု စုဆောင်းခြင်း

04/03/2022

🛎စာစီစာကုံး ၁၀ မှတ်အတွက် ဘယ်လို ​ခေါင်းစဥ်​တွေ့​တွေ့ ကျက်စရာမလိုဘဲ
လက်တန်း​ရေးနိုင်မဲ့အခွင့်အ​ရေး
🛎၁ လ တက်တက်၊ ၂ လ တက်တက် အကျိုးရှိ​စေမဲ့ သင်တန်း
🛎ဘယ်ရက်မှ စ တက်တက် လိုက်မမီတာ မဖြစ်​စေရတဲ့ပုံစံမျိုးနဲ့ သင်ကြား​​ပေးပါတယ်။
☎️ Ph no. 09976727266 / messenger သို့ စာရင်း​ပေးသွင်းအပ်နှံနိုင်ပါတယ်။

🍀စာစီစာကုံး ဘယ်လို ရေးရပါ့မယ်။
♦️စာ - အကြောင်းအရာအချက်အလက်တစ်ခုခုကို
♦️စီ - စနစ်တကျစီစဉ်ပြီး
♦️စာ - စကားလုံး၊ ပုဒ်၊ ဝါကျ၊ စာပိုဒ်၊ စာပုဒ်အဖြစ်
♦️ကုံး - သီကုံးဖွဲ့နွဲ့ရေးသားခြင်း လို့ ရှေးမြန်မာပညာရှင်များက ဖွင့်ဆိုကြပါတယ်။
🍀အတွေးတွေကို အရေးသွက်ဖို့ ဘာတွေလိုနေ‌သေးလဲ။
♦️မြန်မာစာလုံးလေးတွေကို ပန်းသဖွယ် သဘောထားလို့ အရေးအသားဆိုတဲ့ကြိုးကလေးနဲ့ သီကုံးလိုက်အခါ စာစီစာကုံးဖြစ်ပြီပေါ့။
♦️ကိုယ်တွေ့ဖြစ်ရပ်တွေကို ဖြစ်စဉ်ပြသရုပ်ဖော်ရေးမလား
♦️သဘာဝအလှတရားမြင်ကွင်း‌တွေကို သရုပ်ဖော်ရေးမလား
♦️စကားပုံနဲ့ဆိုရိုးစကားတွေကို ဖွင့်ဆိုရှင်းပြ‌ ရေးမလား
♦️အကောင်း အဆိုးကို ကျိုးကြောင်းပြ ရေးမလား
🍀ကျောင်းသား ကျောင်းသူတွေရဲ့ပင်ကိုအတွေးနဲ့ ကိုယ်တိုင်လက်ရည်သွေးဖို့ စာစီစာကုံး ရေးကျင့်ကြရအောင်
#မြန်မာစာဥယျာဉ် က ဖိတ်ခေါ်ပါတယ်။

မြန်မာစာ စာစီစာကုံးရေးနည်း သင်တန်း
(အလယ်တန်း၊ အထက်တန်းအဆင့်)
တပတ် - ၂ ရက် / တစ်ရက် - ၂ နာရီ
Fees - တစ်လ ၃၀၀၀၀ ကျပ်

မြန်မာစာဥယျာဉ် - စံပယ်တန်း
စ​နေ+တနင်္ဂ​နွေ
(နေ့လယ် ၄:၀၀ မှ ၆:၀၀ ထိ)

🌐 Zoom Application ဖြင့် သင်ကြားပါမည်။

Daw Thida Latt @ Tr.Thida
Freelance Teacher
ကဆ-၁၃/၄၀/၆၁၄၂

☎️ Ph no. 09976727266 (စာရင်း​ပေးသွင်းအပ်နှံရန်)

🎓B.Sc ( Environmental Studies), Dagon University
🎓Studies Post Graduate Diploma in Applied Psychology, University of Yangon
🎓Studies Post Graduate Diploma in Creative Writing and Editing (Myanmar), University of Yangon

ဒီနိုင်ငံမှာ ကျနော်တို့ဟာ ... ခွင့်လွှတ်ခြင်းတွေကို သင်တယ် ၊ မေ့ပစ်လိုက်ဖို့ သင်တယ် ၊အရှုံးပေးလိုက်ဖို့ သင်တယ် ၊ သည်းခံလ...
20/02/2022

ဒီနိုင်ငံမှာ ကျနော်တို့ဟာ ...
ခွင့်လွှတ်ခြင်းတွေကို သင်တယ် ၊
မေ့ပစ်လိုက်ဖို့ သင်တယ် ၊
အရှုံးပေးလိုက်ဖို့ သင်တယ် ၊
သည်းခံလိုက်ဖို့ တိုက်တွန်းတယ် ၊
ဘာသာရေးစကားတွေကို ဖော
ဖောသီသီ ပြောကြတယ် ။

ဒါကြောင့် ဒီနိုင်ငံမှာ ...
လူလိမ်တွေ ကောင်းစားတယ် ၊
လူလည်တွေ မော်ကြွားတယ် ၊
ဆရာအတုတွေ စီးပွားဖြစ်တယ် ၊
အာဏာရှင်တွေ ခြေကုပ်မြဲတယ် ။

သူတော်ကောင်းစိတ်ဓာတ်ဆိုတာ
တန်ဖိုးထားမှု ၊တကယ်ကိုပြတ်သား
တဲ့သူရဲ့နှလုံးသားထဲမှာ ၊စိတ်ဓာတ်
အင်အားကြီးတဲ့သူရဲ့ နှလုံးသားထဲ
မှာသာ ဖြစ်ထွန်းခွင့်ရတာပါ ။

သင်ချင်းသင် အရင်ဦးဆုံးသင်ရမှာ
က ...

- လူလိမ်မခံရဖို့ အရင်သင်ရမှာပါ ။
- မဟုတ်မခံစိတ်ဓာတ်ကို အရင်သင်
ရမှာပါ ။
- မတရားမှုနဲ့ရင်ဆိုင်ရတဲ့အခါ အထက်
တန်းကျကျတုံ့ပြန်တတ်ဖို့ သင်ရမှာပါ ။
- တရားနည်းလမ်းမကျတဲ့ကိစ္စနဲ့ကြုံရတဲ့
အခါ ဆတ်ဆတ်ထိမခံတဲ့ ကိုယ့်ရဲ့သိက္ခာ
တရားကိုထုတ်ပြတတ်အောင် သင်ရမှာ
ပါ ။
- သတ္တိရဲ့နက်နဲသိမ်မွေ့တဲ့ အနက်အဓိပ္ပါယ်
ကို သင်ရမှာပါ ။

မတရားမှုကိုအနိုင်မရနိုင်လို့ တရားသဖြင့်လိုလိုမျိုး အရှုံးပေးနေရတာကို သည်းခံ
ခြင်းနဲ့အစားထိုးနေရတာအတွက် ယူကျုံး
မရဖြစ်ရတယ် ။

လူဟာ လူချင်းပေါင်းဖော်ဆက်သွယ်ရင်း
လူ့အသိုင်းအဝိုင်းထဲမှာနေရတဲ့ social animal ပါ ။ဒါ့ကြောင့် လူအကြောင်းသိဖို့ အင်မတန်အရေးကြီးပါတယ် ။ဘယ်လို
လူက မြတ်နိုးထိုက်တယ် ၊ဘယ်လိုလူက စက်ဆုပ်ထိုက်တယ်ဆိုတာသင်ဖို့ ပိုတောင်
အရေးကြီးပါတယ် ။

"လူလောကမှာ ငါ ဘယ်လိုနေသွားမှာလဲ"
ဆိုတဲ့မေးခွန်းကလည်း သေရေးရှင်ရေး
တမျှအရေးကြီးပါတယ် ။

Value မပီပြင်တဲ့သူ ၊ဝေတေတေ ဝါးတား တားအသိအမြင်တွေကို အကောင်းထင်
နေတဲ့သူဟာ သူ့ကိုယ်သူဖြေသိမ့်ရင်း
လောကအလယ်မှာ ရေတိမ်နစ်ရမှာပါ ။

လူတစ်ယောက်ဟာ သူတကယ်မုန်းတတ်
ရင် သူဟာ တကယ်ချစ်တတ်လာပါတယ် ။
မုန်းဖို့ဆိုတာလည်း မုန်းတီးနေဖို့ ၊ဒေါသထွက်နေဖို့ ၊ကျိန်ဆဲနေဖို့ပြောတာ မဟုတ်ပါဘူး ။
"No" လို့ပြောရမယ့်အရာကို "No" လို့ ပြတ်
ပြတ်သားသားပြောဖို့ပါ ။

"ဘယ်လိုလူကိုမုန်းရမလဲ"ဆိုတာ မသိတဲ့သူ
ဟာ "ဘယ်လိုလူကိုချစ်ရမလဲ" ဆိုတာလည်း သိမှာမဟုတ်ပါဘူး ။

တကယ်မုန်းထိုက်တဲ့သူကို မမုန်းတတ်ရင်
တကယ်ချစ်ထိုက်တဲ့သူကိုလည်း ချစ်တတ် မှာမဟုတ်ဘူး ။ဒီလိုလူဟာ အရေးကြုံလာ
ရင် သူ့ကိုယ်သူတောင် ကယ်တင်နိုင်မှာမဟုတ်ဘူး ။

တစ်ဆက်တည်းပြောရရင် နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံရဲ့အကောင်းဆုံးလူတွေကို မကြည့်တတ်သေး ၊မမြင်တတ်သေး ၊
မချစ်တတ်​သေး ၊မမြတ်နိုးတတ်သေးဘူးဆိုရင် ကိုယ်နေတဲ့လူ့အသိုင်းအဝိုင်းကြီးကောင်းလာအောင် လုပ်နိုင်တဲ့သူလည်း ဖြစ်မှာမ ဟုတ်ပါဘူး ။

Credit to H.H.H

" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "ပြုံးပြနိုင်ဖို့ အတွက် ဝမ်းနည်းခြင်းတွေ ဟန်ဆောင်ခဲ့ရတာလည်း ရှိမယ်။ခွင့်လွှတ်တတ်ဖို့ အတွက...
07/02/2022

" စိတ်ဓါတ်ကျတိုင်း အမြဲဖတ်ဖို့ "

ပြုံးပြနိုင်ဖို့ အတွက်
ဝမ်းနည်းခြင်းတွေ ဟန်ဆောင်ခဲ့ရတာလည်း ရှိမယ်။

ခွင့်လွှတ်တတ်ဖို့ အတွက်
သည်းခံစိတ်တွေ မွေးမြူးခဲ့ရတာလည်း ရှိမယ်။

နားလည်းပေးနိုင်ဖို့ အတွက်
ဒေါသတွေ ဖြေလျော့ခဲ့ရတာလည်း ရှိမယ်။

ခံနိုင်ရည်ရှိဖို့ အတွက်
ထိုးနှက်ခဲ့တဲ့ လောကဓံဆိုးတွေကြောင့်
နာကျင်ခဲ့ရတာလည်း ရှိမယ်။

အဆင်ပြေဖို့ အတွက်
ဖြစ်ချင်တာတွေ လက်လျော့ခဲ့ရတာလည်း ရှိမယ်။

ရင်ဆိုင်ရဲဖို့ အတွက်
စိန်ခေါ်နေတဲ့ ပြဿနာတွေရဲ့
လှောင်ပြောင်ခံခဲ့ရတာလည်း ရှိမယ်။

သတိရွိဖို့ အတွက်
ဆုံးရှုံးကြတဲ့ အခွင့်အရေးတွေ
နောက်တစ်ကြိမ် ပြန်မရတော့တာလည်း ရှိမယ်။

အောင်မြင်မှုရဖို့ အတွက်
ကြိုးစားမှုနဲ့အတူ အချိန်တွေ ရင်းနှီးခဲ့ရတာလည်း ရှိမယ်။

နေတတ်ဖို့ အတွက်
ဆန္ဒတွေကို လူသိမခံ မျိုသိပ်ခဲ့ရတာလည်း ရှိမယ်။

စိတ်တည်ငြိမ်ဖို့ အတွက်
ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို
အသိဉာဏ်နဲ့ ချိန်ဆခဲ့ရတာလည်း ရှိမယ်။

ကိုယ် ဒုက္ခရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်
အကူအညီမဲ့နေတဲ့ အခါ၊ အားပေးမယ့်သူ မရွိတဲ့အခါ
ငိုချင်ရင် ငိုချလိုက်ပါ။

ဒါပေမယ့် ငိုပြီးရင်တော့
ပြန်ပြီး နိုးကြားတက်ကြွရမယ်။

ဘာလို့လဲဆိုတော့လဲကျတိုင်းသာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်သွားမှာမို့လို့ပါ။

အီရာနွန်(မွတ်စလင်မ်)လူမျိုးစု-------------------♥-------------------အီရာနွန်လူမျိုးစုဟာ  ဖိလစ်ပိုင်တိုင်းရင်းသား ၁၃၄ မျိ...
06/02/2022

အီရာနွန်(မွတ်စလင်မ်)လူမျိုးစု
-------------------♥-------------------

အီရာနွန်လူမျိုးစုဟာ ဖိလစ်ပိုင်တိုင်းရင်း
သား ၁၃၄ မျိုးထဲမှာ မွတ်စလင်မ်လူမျိုးစု
၁၃ စုကို စုပေါင်းခေါ်ဆိုတဲ့ `မိုရို´အုပ်စုဝင်
လူမျိုးစုတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ၊ မင်
ဒါနာအိုကျွန်းအနောက်ပိုင်းနှင့် မလေးရှား
နိုင်ငံ ၊ စာဘားပြည်နယ်တို့မှာ အများအား
ဖြင့် နေထိုင်ကြပါတယ်။ လူဦးရေ ၃သိန်း
ရှိပြီး ၉၀% ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ
ဖြစ်ကြပါတယ်။
သူတို့ဟာ မဂွင်ဒါနာအို(မင်ဒါနာအို) မွတ်
စလင်မ်ဘုရင့်နိုင်ငံတော်(၁၅၂၀ - ၁၉၀၅)
ခေတ်မှာ ဟိန္ဒူဘာသာမှ အစ္စလာမ့်အေး
ရိပ်သို့ ခိုလှုံလာခဲ့ကြပါတယ်။ မဂွင်ဒါနာ
အိုနိုင်ငံကိုတည်ထောင်သူ စုလ်တန်ရှရီးဖ်
မုဟမ္မဒ် ကဘောင်ဆူဝမ်ဟာ အီရာနွန်လူ
မျိုးစုခေါင်းဆောင်ရဲ့သမီးကို မိဖုရားတင်
မြှောက်ခဲ့ပြီး သူ့ကိုဆက်ခံသူ စုလ်တန် ရှ
ရီးဖ် မာကာအာလမ်ကိုဖွားမြင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ အီရာနွန်အမျိုးသားတွေဟာ
မဂွင်ဒါနာအိုပြည်မှာ သြဇာညောင်းလာခဲ့
ကြတယ်။ သူတို့ဟာ အစ္စလာမ့်နိုင်ငံတော်
ကို နယ်ချဲ့စပိန်တို့ရဲ့ရန်က​နေ အစွမ်းကုန်
တွန်းလှန်ကာကွယ်ခဲ့ကြတယ်။ မဂွင်ဒါနာ
အိုပြည်ကျဆုံးသွားပြီးတဲ့နောက်မှာလည်း
အစ္စလာမ်မတိုင်မီက ပင်လယ်ပြင်မှာ အုပ်
စုလိုက် ကျက်စားခဲ့ကြတဲ့ အီရာနွန်လူမျိုး
စုတွေဟာ ဖိလစ်ပိုင်လွတ်လပ်ရေးတိုက်ပွဲ
တွေမှာ စပိန် ၊ ဂျပန် ၊ အမေရိကန် ကိုလိုနီ
နယ်ချဲ့တို့ကို ရေကြောင်းကနေ တွန်းလှန်
ခဲ့ကြပါတယ်။ မိုရိုခေါင်းစဉ်အောက်မှာ စု
ပေါင်းခံထားရတာကြောင့် လူမျိုးစုအနေ
နှင့် လူသိနည်းကြပါတယ်။
သူတို့ဟာ ရှာဖီအီမဇ်ဟဗ်ဝင်တွေ ဖြစ်ကြ
ပါတယ်။ ဘာသာစကားအရ မာရာနာအို
မွတ်စလင်မ်လူမျိုးစုနှင့် နီးစပ်မှုရှိပြီး ယဉ်
ကျေးမှုအရ စာမာဘာဂျူဝါပင်လယ်ပျော်
မွတ်စလင်မ်လူမျိုးစုနှင့်နီးစပ်ကြပါတယ်။

ညီညီနိုင်

02/02/2022

ဘဝထဲကို အခက်အခဲတစ်ခုထည့်ထားပါ
---------------------------------------
ဂျပန်လူမျိုးတို့သည် လတ်ဆတ်သည့် ငါးများကိုသာ စားလိုကြသူများဖြစ်သည်။ နှစ်ပေါင်းများစွာ ငါးတွေကို စားလာကြသောကြောင့် ငါးတွေကလည်း ရှားပါးလာ၊ ကမ်းဝေးပင်လယ်ပြင်အထိထွက်ကာ ငါးတွေကို ဖမ်းလာကြရသည်။ နိုင်ငံလူဦးရေကလည်း ရှေးကနှင့်မတူ ပိုပြီးများလာသောကြောင့် ငါးစားသုံးမှုလည်း များလာ၊ ကမ်းဝေးပင်လယ်ပြင်ကို ငါးဖမ်းထွက်ရန်အတွက်လည်း ငါးဖမ်းလှေကြီးတွေကို ပိုပြီး ကြီးမားအောင်နှင့် ခေတ်မီအောင် တည်ဆောက်လာကြသည်။

ပင်လယ်ကမ်းဝေးဒေသများတွင် ငါးတွေကိုထွက်ဖမ်းရသဖြင့် ရက်ကြာသည်။ မိမိဒေသကို လှေတွေ ပြန်ရောက်သည့်အခါတွင် ငါးတွေက သိပ်ပြီး လတ်ဆတ်ခြင်းမရှိတော့။ ထို့ကြောင့် အရသာကိုလည်း မတွေ့သောကြောင့် ငါးဖမ်းလုပ်ငန်းမှာ ကျဆင်းလာသည်။

သူတို့အဖြေရှာကြသည်။ လှေကြီးများပေါ်တွင် အအေးခန်းများကိုထည့်သွင်းတပ်ဆင်ကာ ပင်လယ်ထွက်ပြီး ငါးဖမ်းကြသည်။ ရလာသော ငါးများကို အအေးခန်းအတွင်း လှောင်ထားနိုင်သဖြင့် ရက်ကြာလည်း ကိစ္စမရှိနိုင် တော့ပေ။

သို့သော် ဂျပန်လူမျိုးတွေက အေးခဲထားသော ငါးတွေကိုမကြိုက်ကြပြန်။

ထို့ကြောင့် ငါးဖမ်းကုမ္ပဏီကြီးတွေက လှေကြီးများပေါ်တွင် လှောင်ကန်ကြီးများဖြင့် ထည့်သွင်းတည် ဆောက်ကာ ဖမ်းဆီးရမိသော ငါးတွေကို အရှင်လှောင်ပြီး ပြန်ယူလာ၍ ဈေးကွက်တင်သည်။ သို့သော် ငါးက ရှင်သည်မှာ မှန်သော်လည်း စား၍မကောင်းသဖြင့် စိတ်ကြိုက်အနေအထားသို့ မရောက်ပြန်။

လတ်ဆတ်သော ငါးအရှင်တွေကို လှောင်ကန်ထဲထည့်နိုင်ရန်အတွက် ငါးဖမ်းလှေကြီးတွေကို ကြီးသည်ထက် ကြီးအောင် တည်ဆောက်ကြသည်မှာ မှန်၏။ ငါးတွေလည်း အရှင်တွေကို ပြန်လည် ယူဆောင်နိုင်သည်မှာ မှန်၏။ သို့သော် ငါးစားသုံးသူတွေက မနှစ်သက်ကြသောကြောင့် ထပ်မံ အဖြေရှာကြပြန်သည်။

သူတို့ အဖြေတစ်ခုကို တွေ့ကြသည်

ငါးလှောင်ကန်ကြီးများထဲတွင် ငါးမန်းအရှင် သေးသေးတစ်ကောင်စီကို ထည့်ထားလိုက်ကြသည်။

ငါးလှောက်ကန်ထဲတွင် ငါးမန်းနှင့် ငါးများသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တောက်လျှောက် အားပြိုင် ကူးခတ်ကြရသည်။ ငါးတွေအားလုံးသည် ကန်ထဲတွင် အန္တရာယ်မရှိ အေးချမ်းစွာ လိုက်ပါလာရမည့်အစား အသက်ရှင်ရေးအတွက် ပိုပြီးရုန်းကန်နေကြရသောကြောင့် ပိုပြီးလတ်ဆက်၊ ပိုပြီးအရသာရှိသည်ဟုဆိုသည်။

ငါးမန်းနှင့်အတူ ရှင်သန်ရသော ငါးများသည် ပိုပြီး လူကြိုက်များလာသည်။

ကျွန်တော်တို့ဘဝတွင် အားလုံးအဆင်ပြေ၊ အားလုံးအသင့်ဖြစ်နေလျှင် လူတွေကလည်း ပျင်းလာ၊ ဖျင်းလာကြ သည်။ စိန်ခေါ်မှုတွေမရှိ၊ အခက်အခဲတွေမရှိ၊ ဘဝကြီးက ချောမွေ့သာယာနေလျှင် အသက်မဝင်သောဘဝ၊ အချည်းနှီးသောဘဝ၊ အဓိပ္ပာယ်မဲ့သော ဘဝတွေ ဖြစ်နေတတ်သည်။

ကိုယ့်ဘဝထဲကို အန္တရာယ်တစ်ခုခု ရောက်လာပါစေ။ မကြောက်ပါနှင့်။ ရင်ဆိုင်လိုက်ပါ။ တိုက်ခိုက်ပြီး ရှင်သန် အောင်လုပ်လိုက်ပါ။

လူတိုင်းသည် တစ်နေ့တွင် မလွဲမသွေ သေကြရမည့်သူများဖြစ်ပါသည်။

အသက်ရှင်နေစဉ်ကာလ ကိုယ့်လုပ်နိုင်စွမ်း၊ ခံနိုင်စွမ်း၊ တုံ့ပြန်နိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းတွေ တိုးတက် လာစေရန်အတွက် မိမိတို့ဘဝထဲကို ငါးမန်းတစ်ကောင်လောက် ထည့်ထားကြည့်စေချင်ပါသည်။

(Ref: Put the fishes with a small shark)

တင်ညွန့်

၂.၂.၂၀၂၂

ဆရာဦးတင်ညွန့်

သွေးတိုးတတ်သူ​တွေ သိထားသင့်တဲ့ အချက်ယခုနောက်ဆုံး..WHOကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..သတ်မှတ်ချက်အရ..Blood Pressure..သ...
01/02/2022

သွေးတိုးတတ်သူ​တွေ သိထားသင့်တဲ့ အချက်
ယခုနောက်ဆုံး..
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

Crd,
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်

🍀ဆီးချိုသမားများအတွက် အကောင်းဆုံးထမင်းချက်နည်း (ကိုယ်ကဆီးချိုရှိတဲ့သူ ဒါမှမဟုတ် မိသားစုထဲမှာ ဆီးချိုရှိတဲ့သူရှိရင် ဒီစာက...
29/01/2022

🍀ဆီးချိုသမားများအတွက် အကောင်းဆုံးထမင်းချက်နည်း (ကိုယ်ကဆီးချိုရှိတဲ့သူ ဒါမှမဟုတ် မိသားစုထဲမှာ ဆီးချိုရှိတဲ့သူရှိရင် ဒီစာကိုဖတ်ပေးပါ)
‏‏‎ ‎
🍚ဆီးချိုတက်စေတဲ့အကြောင်းအရင်းက ထမင်းအစားများလို့ဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။
‏‏‎ ‎
👏ဒါကြောင့် ထမင်းစားခြင်းကဘာလို့ဆီးချိုတက်စေလဲဆိုတဲ့အကြောင်းအရင်းကို မသိသေးတဲ့သူတွေအတွက်ကော၊ သိပြီးသားသူတွေအတွက်ကော ပြန်ပြောပေးချင်ပါတယ်။
‏‏‎ ‎
📌ထမင်းစားခြင်းကဆီးချိုကိုတက်စေတဲ့အကြောင်းအရင်း 📌
➖ ➖ ➖ ➖ ➖
အားလုံးသိတဲ့အတိုင်းပဲ ထမင်းထဲမှာက ဆီးချိုကိုတက်စေတဲ့ ကစီဓာတ်တွေအများဆုံးပါဝင်ပါတယ်။
‏‏‎ ‎
❗အဲ့တော့ ထမင်းစားလေ ထမင်းထဲက ကစီဓာတ်တွေကို ပိုစားသုံးသလိုဖြစ်ပြီး ဆီးချိုကိုပိုတက်စေပါတယ်။
‏‏‎ ‎
💯ဒါ့အပြင် ထမင်းကိုချက်တဲ့နည်းထဲမှာမှ ဆီးချိုအတက်စေဆုံး ထမင်းချက်နည်းကတော့ ရိုးရိုးပေါင်းအိုးနဲ့ချက်ခြင်း (သို့) ရေခမ်းချက်ခြင်းပဲဖြစ်ပါတယ်။
‏‏‎ ‎
ရေခမ်းချက်တဲ့အခါမှာ ထမင်းထဲက ဆီးချိုဖြစ်စေတတ်တဲ့ ကစီဓာတ်တွေက ချက်နေတဲ့ရေထဲကို ရောက်သွားပါတယ်။ ရေခမ်းချက်တာမို့လို့ အဲ့ဒီကစီဓာတ်တွေပျော်ဝင်သွားတဲ့ရေကို သွန်ပစ်လို့မရတဲ့အတွက် အဲ့ကစီဓာတ်တွေအားလုံး ထမင်းထဲကိုပြန်စိမ့်ဝင်သွားပါတယ်။
‏‏‎ ‎‏‏‎ ‎
🍚ဒါကြောင့် ရိုးရိုးပေါင်းအိုးနဲ့ချက်တဲ့ထမင်းမှာ သာမန်ထက် ကစီဓာတ်တွေ အများဆုံးပါဝင်နေပါတယ်။
‏‏‎ ‎
⚠️ပြီးတော့လည်း လေ့လာတွေ့ရှိချက်‌တွေအရ တစ်နေ့ကို ပေါင်းအိုးနဲ့ချက်ထားတဲ့ ထမင်းတစ်ပန်းကန်ကို နေ့စဉ်စားသုံးရင် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းက ၁၁ရာခိုင်းနှုန်းထိမြင့်မားနိုင်တယ်လို့ သိရပါတယ်။
‏‏‎ ‎

📌ဆီးချိုသမားတွေအတွက် အကောင်းဆုံးထမင်းချက်နည်း 📌
➖ ➖ ➖ ➖ ➖
💡ကိုယ်ကဆီးချိုရောဂါခံစားနေရတယ်၊ ဒါမှဟုတ်လည်း ကိုယ့်မိသားစုထဲမှာ ဆီးချိုရောဂါဖြစ်ထားတဲ့သူ ရှိတဲ့အတွက် ဆီးချိုရောဂါကိုမဖြစ်ချင်ဘူး၊ ကြိုတင်ကာကွယ်ချင်တယ်ဆိုရင် ကိုယ့်အတွက် အကောင်းဆုံးထမင်းချက်နည်းလေးရှိပါတယ်။
‏‏‎ ‎
🍀အဲ့တာကတော့ ငှဲ့ချက်တာပါပဲ။
ဒါဆိုဘာလို့ဆီးချိုရောဂါရှိသူတွေအတွက် ထမင်းငှဲ့ချက်တာက ဘာလို့ကောင်းလဲဆိုတာ ပြောပြပေးမယ်နော်။
‏‏‎ ‎
ထမင်းကိုငှဲ့ချက်တဲ့အခါ ထမင်းထဲက ဆီးချိုကိုမြင့်စေနိုင်တဲ့ ကစီဓာတ်တွေက ငှဲ့လိုက်တဲ့ရေထဲ ပါသွားတဲ့အတွက် ကစီဓာတ်တွေနည်းသွားပါတယ်။
💯ဒါကြောင့် ငှဲ့ချက်ထားတဲ့ထမင်းက ဆီးချိုရောဂါရှိသူ၊ ဆီးချိုရောဂါကိုကြိုတင်ကာကွယ်လိုသူတွေအတွက် အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံးထမင်းဖြစ်ပါတယ်။
‏‏‎ ‎
📌ထမင်းငှဲ့ချက်ခြင်းရဲ့ကောင်းကျိုး 📌
➖ ➖ ➖ ➖ ➖
ဒါကြောင့်ထမင်းငှဲ့ချက်ခြင်းက
✅ကစီဓာတ်တွေနည်းသွားတဲ့အတွက် ဆီးချိုကိုထိန်းညှိပေးတယ်
✅အဲ့ဒီအတွက် ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါကိုကာကွယ်ပေးနိုင်တယ်
✅ဆီးချိုရောဂါမရှိတဲ့သူတွေမှာလည်း ဆီးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်။
✅ကစီဓာတ်လျော့ထားတဲ့အတွက် အဝလွန်ရောဂါဖြစ်ခြင်းကိုလည်းထိန်းပေးပါတယ်။
ဒါကြောင့် ကိုယ့်မိသားစုလည်းကျန်းမာပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနိုင်တာပေါ့
‏‏‎ ‎
ဒါဆိုအခုကစပြီးတော့ ကိုယ့်မှာ ဆီးချိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်မိသားစုကျန်းမာရေးအတွက် ထမင်းကိုငှဲ့ချက်ဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။
‏‏‎ ‎
🙏မိသားစုဝင်အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။
‏‏‎ ‎
🔰စကားမစပ်
ကိုယ့်မိသားစုကျန်းမာရေးပိုကောင်းစေဖို့ ထမင်းငှဲ့ချက်စားချင်တယ်၊
ဒါပေမယ့်အရမ်းအလုပ်များလို့ ထမင်းငှဲ့ချက်ဖို့ကို အချိန်မပေးနိုင်ဘူးဆိုရင်
ရေငှဲ့ချက်သလိုမျိုးချက်ပေးနိုင်တဲ့ ကစီဓာတ်လျော့ ကျန်းမာရေးထမင်းပေါင်းအိုးလေး ရှိပါတယ်နော်။
‏‏‎ ‎
ကိုယ့်မိသားစုကျန်းမာရေးအတွက် ကျန်းမာရေးထမင်းပေါင်းအိုးအကြောင်းကိုပိုမိုသိရှိဖို့ အောက်က Link လေးကိုနှိပ်လိုက်ပါနော် 👇
https://www.facebook.com/104082041286071/posts/473639917663613/?sfnsn=mo

ဗြောင်တောင်တောင်--------------------အိန္ဒိယနိုင်ငံတွင် ပြည်သူချစ်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီအား အိုရှို...
07/11/2021

ဗြောင်တောင်တောင်
--------------------
အိန္ဒိယနိုင်ငံတွင် ပြည်သူချစ်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည့် မဟတ္တမဂန္ဒီအား အိုရှိုက “လူလိမ်” ဟု တရားပွဲတစ်ခုတွင် စွပ်စွဲခေါ်ဆိုခဲ့ဖူးပါသည်။ သူအဘယ်ကြောင့် ဂန္ဒီကြီးကို လူလိမ်ဟု ခေါ်ရခြင်းကို လည်း ရှင်းပြခဲ့သည်။

တစ်နေ့တွင် အိုရှိုသည် အိမ်တစ်အိမ်သို့အလည်ရောက်နေသည်။ ထိုအိမ်တွင် အာနန် ဆွာမိဆိုသူကလည်း ရောက်နေသည်။ အာနန်ဆွာမိက သူနှင့် ဂန္ဒီအကြောင်းကို အိုရှိုအားပြောပြသည်။

အာနန်ဆွာမိသည် ဂန္ဒီကို အလွန်ကြည်ညိုလေးစားသူဖြစ်ကြောင်း သူ့စကားများထဲတွင်ပါနေသဖြင့် အိုရှိုက

“သင်အဘယ်ကြောင့် ဂန္ဒီကို လေးစားအထင်ကြီးရသနည်း” ဟု မေးလေသည်။

အာနန်ဆွာမိက သူလေးစားရသည့်အချက်တွေထဲမှ တစ်ခုကို စပြောသည်။
ဂန္ဒီသည် အာဖရိကမှ အိန္ဒိယနိုင်ငံကို ပြန်ရောက်စဉ် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ အာနန်ဆွာမိသည် သတင်းစာသမားတစ်ယောက်ဖြစ်သောကြောင့် ဂန္ဒီပြောကြားချက်များကို ပြန်ရေးကာ သတင်းစာတွင် ပုံနှိပ်ဖော်ပြရန် စီစဉ်သည်။

ဂန္ဒီကြီးထုတ်ပြန်သည့် ကြေညာချက်တွင် ဗြိတိသျှတို့နှင့် ပတ်သက်ပြီး ဆန့်ကျင်သည့် ကြမ်းတမ်းသော စကားလုံးများ ပါသွားသည်။ ထိုအချိန်က အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့ လက်အောက်တွင်သာ ရှိနေသေး သောကြောင့် ဂန္ဒီကြီး ပြောကြားသည့် စကားအချို့သည် ပုံနှိပ်ဖော်ပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အာနန် ဆွာမိသည် ကြမ်းတမ်းသော စကားလုံးများကို ဖြုတ်ကာ သတင်းစာတွင်ထည့်လိုက်လေသည်။

နောက်တစ်နေ့တွင် ဂန္ဒီကြီးက အာနန်ဆွာမိကို ခေါ်တွေ့သည်။ ထို့နောက် သူပြောသည့်အတိုင်း ကြမ်းတမ်းသောစကားများကို သတင်းစာတွင် ဖြုတ်ကာထည့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလေသည်။ ဂန္ဒီကြီးက သူ့ကို ကျောပုတ်ကာ သတင်းစာသမားကောင်းတစ်ယောက်ဟု ချီးကျူး ကြောင်း အာနန် ဆွာမိက အိုရှိုကို ပြောပြလေသည်။

အိုရှိုက အာနန်ဆွာမိပြောသည်ကို နားထောင်ပြီး သူ့ကို ချီးမွမ်းမည့်အစား ပြစ်တင်ဝေဖန်လေတော့သည်။

“သင်က ဂန္ဒီကြီးပြောတဲ့ ကြမ်းတမ်းသောစကားတွေကို ဖြုတ်ပစ်တယ်ပေါ့ ဟုတ်လား”

“တကယ်တော့ သင်က ဂန္ဒီကို လေးစားတာမှ မဟုတ်တာ … အကာအကွယ်ပေးနေတာပဲ”

“သင့်ကို ကျောလေးပုတ်ပြီးတော့တောင် သတင်းသမားကောင်းလို့ ချီးကျူးသေးသတဲ့လား”

အာနန်ဆွာမိသည် အိုရှိုပြောစကားကြောင့် အံအားသင့်သွားရသည်။

အိုရှိုပြောသည်ကရှင်းပါသည်။ သတင်းသမားသည် သတင်းသမားအလုပ်ကို လုပ်ရန်သာဖြစ်သည်။ ဂန္ဒီကြီးက ဘာပြောပြော သတင်းသမားတစ်ယောက်အနေဖြင့် အကာအကွယ်ပေးရန် အကြောင်းမရှိ။ သူပြောသည့်အတိုင်း ပြည်သူကို သိရန် ထုတ်ပြန်ပေးနိုင်ရမည်။

သင့်လုပ်ရပ်သည် ဂန္ဒီကြီးကို မြှင့်တင်ရာမရောက်။ ဂန္ဒီကြီးကလည်း သူပြောသည့်စကားကို သူတာဝန်ယူရဲ ရမည်။ သင်မထည့်ပေးသည့်အတွက် ချီးကျူးရန် အကြောင်းမရှိ။ သင်ဤသို့ လုပ်ဆောင်ချက်သည် ဂန္ဒီကြီးအား အမှန်တရားကို ရင်မဆိုင်ရဲသူ၊ လူလိမ်တစ်ယောက်ဖြစ်သယောင် လုပ်ဆောင်ရာ ရောက်သည်။

လူတစ်ယောက်သည် သူပြောသည့်စကားကို သူတာဝန်ယူနိုင်ရမည်။ တာဝန်မယူနိုင်လျှင် အစကတည်းက မပြောရုံသာဖြစ်သည်။ ကိုယ်ပြောသည့်စကားက မှားသွားသည်ဆိုစေ သတ္တိရှိရှိ ရင်ဆိုင်ရမည်သာဖြစ် သည်။

ဂန္ဒီကြီးပြောခဲ့သမျှကို ဖြုတ်ခဲ့ခြင်းသည် သင်ကိုယ်တိုင်က အမှားကို ကျူးလွန်ခြင်းဖြစ်သည်။ ဂန္ဒီကြီးက ရဲဝံ့စွာဖြင့် ကြမ်းတမ်းသည့် စကားကို ပြောခဲ့ပါလျက်၊ သင်က မပြောခဲ့သယောင် ဖြုတ်ခဲ့ ဖြတ်ခဲ့ခြင်းသည် နောင်တစ်ချိန်တွင် ဂန္ဒီကြီးသည် ဤသို့သောစကားမျိုးကို ပြောရဲသူတစ်ယောက် မဟုတ်ကြောင်း သမိုင်း တွင်သွားနိုင်သည်။ ထိုသို့ ပြောခဲ့သည်ကို မပြောခဲသယောင်လုပ်ခြင်းကြောင့် သင့်မှာလည်း တာဝန်ရှိ သည်။

လူတစ်ယောက်သည် စကားပြောရာတွင် ထိန်းသိမ်းစွာ ပြောဆိုနိုင်ရမည်။ သတိထားပြီးတော့လည်း ပြောဆိုနိုင်ရမည်။ ဂန္ဒီကြီးသည် အကြောင်းမဲ့ပြောဆိုခြင်း ဖြစ်ချင်မှလည်း ဖြစ်မည်။ သူ့စိတ်ခံစားချက် ကြောင့် ပြောခြင်းလည်း ဖြစ်နိုင်သည်။ နိုင်ငံရေးခေါင်းဆောင်များသည် ဒီနေ့တစ်မျိုးပြော၊ နောက် တစ်နေ့တွင် မဟုတ်ဟု ငြင်းကောင်းငြင်းနိုင်သည်။

မည်သူက မည်သို့ပြောသည်ဖြစ်စေ မှားသည်၊ မှန်သည်၊ ကောင်းသည်၊ ဆိုးသည် ဆုံးဖြတ်စရာမလို။ သတင်းသမားဆိုသည်မှာ အမှန်အတိုင်း ဖော်ထုတ်ကာ တင်ပြရန်သာဖြစ်သည်။ ဂန္ဒီကြီးလည်း မှားနိုင်သည်။ မှားတာကို လက်ခံနေလျှင်လည်း ထိုသူသည် လူလိမ်သာဖြစ်သည်။

လောကကြီးတွင် အလိမ်အညာထဲ၌ ကြောက်၍ လိမ်သူ၊ မြှောက်၍ လိမ်သူတွေများလှသည်။

ထိုအထဲတွင် ကိုယ့်နေရာ ကိုယ့်ရာထူး ကိုယ့်အာဏာ တည်မြဲရေးအတွက် အမှားကို အမှန်လုပ်ကာ ဗြောင်လိမ်၊ ဗြောင်စား လုပ်နေသော ဗြောင်တောင်တောင်တွေက ပိုပြီးကြောက်စရာကောင်းလှသည်။

(Ref: Why Osho called Mahatma Gandi a liar?)

တင်ညွန့်

၇.၁၁.၂၀၂၁

25/09/2021

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ
************************************

ဆန့်ကျင်ဘက်မြို့များ
•••••••••••••••••••
၁။ ကျောက်ဖြူ X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၄။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
===========
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

နာမည်တစ်လုံးရှိမြို့များ
==============
၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း

ဂဏန်းသင်္ချာ ပါတဲ့မြို့များ
================
၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း

ဖားမြို့များ
======
၁။ ဖားကန့် ၂။ ဖားဆောင်း

စစ်မြို့များ
======
၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း

ဆင်မြို့များ
=======
၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း

မြင်းမြို့များ
=======
၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ်

ဆိပ်မြို့များ
=======
၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ

ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့
===================
၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည်

တပ်မြို့များ
=======
၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်)
၄။ တပ်ကုန်း

အကျဉ်းအကြပ်ဆုံးမြို့
=============
၁။ ဝမ်းတွင်း

ရွာအမည်ရှိမြို့များ
============
၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း
ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်)

တောအမည်ရှိ မြို့များ
==============
၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော

ရေးအမှန် ဖတ်အသံမြို့များ
=================
၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင်

ပါဠိမြို့
====
၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ

လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော)

လူကြီးမဟုတ်တဲ့မြို့ (ကလေး)

ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ)

မပူပင်ရတဲ့မြို့ (ကံမ)

ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း)

ထွက်ပေါက်မရှိသောမြို့ (အလုံ)

ကြောက်စရာ ကောင်းသောမြို့ (ဘီလူး)

မင်းမရှိတဲ့မြို့ (မင်းကင်း၊)

အချမ်းသာဆုံးမြို့ (ရွှေတောင်)

မျက်နှာများတဲ့မြို့ (လေးမျက်နှာ)

ကြည့်ပေါင်းရသောမြို့ (သာပေါင်း)

မသေသောမြို့ (အမရပူရ)

ဒဏ်ရာရှိတဲ့မြို့ (အရာတော်)

အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ)

ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း)

ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်)

လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်)

အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး)

မိန်းမမြို့ (မေမြို့)

ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ)

မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ)

ရွာမလို လာမလိုလိုမြို့ (မိုးညို)

လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ)

တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း)

လုံခြုံသောမြို့ (ကျောက်တံခါး)

ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း)

တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ)

နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော)

ဆီပေါတဲ့မြို့ (ဆီဆိုင်)

ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း)

အလုပ်ကြမ်းမြို့ (ကျောက်ထု)

ဖြောင့်မတ်သောမြို့ (မကွေး)

အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း)

နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်)

အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ)

နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့
၁။ ညောင်ရွှေ >< ရွှေညောင်

နာမည်တူမြို့
* မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ)
* မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ)

* ထန်းတပင် (ရန်ကုန်တိုင်း)
* ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့)
* ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်)

ကာမြို့များ
၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ

ကျိုက်အမည်ရှိမြို့များ
၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်

ကျိုင်းမြို့များ
၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်

ကျောက်အမည်ရှိမြို့များ
၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း

တောင်အမည်ရှိမြို့များ
၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင်

စမြို့များ
၁။ စကု ၂။ စလင်း

စဉ့်မြို့များ
၁။ စဉ့်ကူး ၂။ စဉ့်ကိုင်

တာမြို့များ
၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ

တန့်မြို့
၁။ တန့်ယန်း ၂။ တန့်ဆည်

နမ့်မြို့များ
၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ်

နောင်မြို့များ
၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း

ပင်မြို့များ
၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင်

ပေါင်းမြို့များ
၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း

ပန်မြို့
၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း

ပန်းမြို့
၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း

မိုးအမည်ရှိသောမြို့များ
၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ်

မော်မြို့
၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက်

မောက်မြို့များ
၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက်

မင်းမြို့များ
၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ

မိုင်းအမည်ရှိမြို့များ
၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း

မြိုင်မြို့များ
၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင်

ရေမြို့များ
၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး

ရန်မြို့များ
၁။ ရန်ကင်း ၂။ ရန်ကုန်

ရွှေအမည်ရှိမြို့များ
၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော်

လားမြို့များ
၁။ လားရှိူး ၂။ မိုင်းလား

လင်မြို့များ
၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင်

လွိုင်မြို့များ
၁။ လွိုင်ကော် ၂။ လွိုင်လင်

ဟိုမြို့များ
၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း

ဦးတို့ရဲ့မြို့များ
၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး

အောင်မြို့များ
၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင်

အကောင်နာမည်ပါသောမြို့များ
၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက်

Crd #ဆရာညို(မကွေး)

မေတ္တာဖြင့်...
ဝင်းသီဟ ကျော်

Address


Website

Alerts

Be the first to know and let us send you an email when JB - မှတ်စု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share