Myeik Now

Myeik Now The Voice Of Myeik

ဘယ်ကောင် သိမ်းတာလဲ ? 😁
14/10/2024

ဘယ်ကောင် သိမ်းတာလဲ ? 😁

🚨 တနင်္သာရီ၊ တကူကျေးရွာမှာ အငြိမ်းစားဆရာမတစ်ဦး အသတ်ခံရ တနင်္သာရီတိုင်းမ်၊ အောက်တိုဘာ ၁၀ တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာ...
10/10/2024

🚨 တနင်္သာရီ၊ တကူကျေးရွာမှာ အငြိမ်းစားဆရာမတစ်ဦး အသတ်ခံရ

တနင်္သာရီတိုင်းမ်၊ အောက်တိုဘာ ၁၀
တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာ အသက် ၆၀ ကျော်အရွယ် အငြိမ်းစားဆရာမတစ်ဦး အသတ်ခံခဲ့ရတယ်လို့ တကူရွာဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ တကူကျေးရွာ၊ ကျောင်းထက်ပိုင်းမှာနေထိုင်သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားဆရာမ ဒေါ်စီစီနွယ်ဖြစ်တယ်လို့ တကူကျေးရွာနေ ‌ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ဒေါ်စီစီနွယ်ရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၈ ရက်၊ ည ၈ နာရီခွဲဝန်းကျင်မှာ သူ့နေအိမ်ရဲ့ ကိုက် ၅၀ အကွာအဝေးမှာရှိတဲ့ စိုက်ခင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဆရာမကို ပြန်ရှာတွေ့တဲ့ စိုက်ခင်းက သူ့စိုက်ခင်းပဲဗျ။ ဆရာမအိမ်နဲ့လည်း နီးနီးပဲ” လို့ တကူကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

သေဆုံးသူ ‌ဒေါ်စီစီနွယ်ဟာ ပင်စင်ယူပြီးကတည်းက ဟင်းသီးဟင်းရွက်စိုက်ခင်း စိုက်ပျိုးကာနေထိုင်သူဖြစ်ပြီး သူမရဲ့ စိုက်ခင်းမှာပဲ ရုပ်အလောင်းရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်၊ မွန်းလွဲပိုင်းက သေဆုံးသူ ဒေါ်စီစီနွယ် အိမ်ကထွက်ခွာသွားတာကို သူမရဲ့ အိမ်နီးနားချင်းတွေက နောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပြီး ညနေ ၅ နာရီလောက်ထိ အိမ်ပြန်မလာသေးတာကြောင့် အိမ်းနီးချင်းတွေနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေက လိုက်လံရှာဖွေရင်း သေဆုံးလျှက်တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ တကူရွာခံတွေက ပြောပြပါတယ်။

ဒေါ်စီစီနွယ်ရဲ့ ရုပ်အလောင်းမှာ ဦးခေါင်းထိပ်ပိုင်း၊ နဖူး၊ မျက်လုံးနဲ့ ဦးနှောက်တွေမှာ ပုဆိန်နဲ့ခုတ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာဒဏ်ချက်များစွာကို တွေ့ရတယ်လို့ တကူရွာဒေသခံတွေက ဆိုပါတယ်။

ဆရာမဒေါ်စီစီနွယ်ကို သတ်သွားတဲ့ တရားခံနဲ့ အကြောင်းအရင်းကို အခုထိမသိရဘူးလို့ တကူကျေးရွာနေ ဒေသခံတွေက ပြောပါတယ်။

တကူကျေးရွာအုပ်စုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် ဒေါ်စီစီနွယ်ရဲ့ မိသားစုဝင်တွေကနေ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အမှုဖွင့်တိုင်ကြားထားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ အမှုမှန်ပေါ်ပေါက်ရေးအတွက် စတင်စုံစမ်းနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အစကလည်း တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာက အသက် ၂၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦး သူတို့ပိုင်ဆိုင်တဲ့ ဥယျာဥ်ခြံထဲမှာ အသတ်ခံရပြီး ဓါးခုတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်မှာလည်း သတ်ဖြတ်ခံရတဲ့ အကြောင်းအရင်းနဲ့ တရားခံကို မသိရှိရဘူးလို့ ဇဝဲရွာခံတွေက ဆိုပါတယ်။

The Tanintharyi Times
ပုံစာ - အသတ်ခံရသူ အငြိမ်းစားဆရာမ ဒေါ်စီစီနွယ်

Address


Alerts

Be the first to know and let us send you an email when Myeik Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share