18/08/2021
ဆာလောင်နေတဲ့ ဝေဒနါကို ဖြေရှင်းဖို့
အစာတစ်လုပ်ကို အသက်နဲ့ ရင်းပြီး ထွက်ရှာရတယ်...
လူကိုလည်း ကြောက်ရ...
ခွေးကိုလည်း ကြောက်ရ...
ကြောင်ကိုလည်း ကြောက်ရ...
ဒီကြားထဲ
ဘာမှန်းမသိတဲ့ သက်္မဲ့ထောင်ခြောက်တွေကိုလည်း ကြောက်ရ...
သံပြားလေးပေါ်က ပိုင်ရှင်မဲ့တဲ့ အသားလေးတစ်တုံးကို
ရိုးရိုးသားသားသွားဖြုတ်စားမိတာ
ချက်ကနဲ မြည်လိုက်တဲ့ မောင်းတံဖြုတ်သံလေးမှာ
ခါးတစ်ပိုင်း ပြတ်သွားရတယ်...
ဗိုက်ဆာလွန်းလို့ ကောက်စားမိလိုက်ပါတယ်...
ဝမ်းဗိုက်တစ်ခုလုံး နာကြင်ခံစားပြီး
အသက်ဆုံးရှုံးသွားရတယ်...
(အဆိပ်ဆိုတဲ့ စကားလုံးကို သူတို့ မသိရှာဘူး)
အရှေ့မှာ အစာလေးမြင်လို့
ငါ့ကလေးတွေအတွက် ညစာတော့ ရပြီဟေ့ ဆိုပြီး
အပြေးလေးအသွား...
ခြေလှမ်းတွေက ရှေ့ဆက္မရောက်တော့...
အလွန် စေးကပ်တဲ့ စက္ကူရွက် တစ်ရွက်ပေါ်
တစ်ကိုယ်လုံး ဘုံးဘုံးလဲပြီး သေဖို့အချိန်ကို
တုတ်တုတ်မှ လှုပ်ခွင့်မရဘဲ စောင့်နေရ ရှာ...
ပြန်မလာနိုင်တဲ့ အမေကို
ချောင်ထဲကနေ မျှော်နေကြတဲ့ သားပေါက်လေးတွေလည်း ဆာလောင်နေကြရောပေါ့...
ကြွက်ဆိုတဲ့ သတ္တဝါက ပစ္စည်းတွေကို
ဖျက်ဆီးတတ်တာမှန်ပါတယ်...
လူဆိုတဲ့ သတ္တဝါတွေလောက်တော့
သဘာဝပတ်ဝန်းကျင်ကို ဒုက္ခမပေးတတ်ကြပါဘူး.....
ကြွက်လေးတွေဟာ ဖျက်ဆီးသူများဟု ခေါင်းစဥ် တပ်ခါခံရပါက လူလောကကြီးကို ချယ်လှယ်ဖျက်ဆီးနေသော လူသားများမှာ အဘယ်ဆိုဖွယ်ရှိသနည်းး.. crd #မူရင်းရေးသားသူကိုလေးစားလျက်....