General Knowledge For Burmese

  • Home
  • General Knowledge For Burmese

General Knowledge For Burmese Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from General Knowledge For Burmese, .

မန်ချူးဝက်မြီးဆံပင်အကြောင်း ၁၉၁၁ ခုနှစ် ရှင်းဟိုက်တော်လှန်ရေးအပြီးတွင် ဟန့်လူမျိုးတို့သည် ခေတ်ပြောင်းတော်လှန်ရေးကို ဆင်န...
16/04/2023

မန်ချူးဝက်မြီးဆံပင်အကြောင်း

၁၉၁၁ ခုနှစ် ရှင်းဟိုက်တော်လှန်ရေးအပြီးတွင် ဟန့်လူမျိုးတို့သည် ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲသည့်အနေဖြင့် မန်ချူးဝက်မြီး ခေါ် ကျစ်ဆံမြီး ကို ဖြတ်ပစ်ကြရန် လှုံ့ဆော်စည်းရုံးခဲ့ကြရသည်။ အကြောင်းမှာ မန်ချူးတို့ တရုတ်ပြည်မကို သိမ်းယူပြီးနောက် ၁၆၄၄ ခုနှစ်တွင် ဟန့်လူမျိုးများကို ဖိနှိပ်သည့်အနေဖြင့် မန်ချူးဝက်မြီးဆံပင်ပုံစံကို နိုင်ငံ၏ နေရာအနှံ့အပြားတွင် ညှပ်ခိုင်းစေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်သမ္မတနိုင်ငံကို တည်ထောင်သည့်အခါ ထူးခြားသောဥပဒေတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံသားတို့သည် မိမိတို့ ကြိုက်နှစ်သက်ရာ ဆံပင်ပုံစံအမျိုးမျိုးကို ထားရှိခွင့်ရှိကြောင်း ကြေညာပေးခဲ့ရသည်။

သမိုင်းကြောင်းအစ

၁၆၄၄ ခုနှစ်တွင် မင်းသားကြီး သော်အောကွမ့်သည် သစ္စာဖောက် ဝူစန်းကွေ့၏ အကူအညီဖြင့် တရုတ်ပြည်ကို သိမ်းပိုက်နိုင်ခဲ့သည်။ တရုတ်ပြည်ကို သိမ်းပိုက်ပြီးသည်နှင့် သော်အောကွမ့်သည် ဟန့်လူမျိုးများကို ဖိနှိပ်သည့်အနေဖြင့် မတရားဥပဒေအများအပြားကို ပြဌာန်းခဲ့သည်။ ဥပမာ ခြေထောက်များကို သေးသွယ်နေစေရန် ကျပ်စည်းခိုင်းခြင်း၊ ဟန့်လူမျိုးနှင့် မန်ချူးလူမျိုးတို့ ချစ်ကြိုက်မင်္ဂလာဆောင်ခြင်းကို တားမြစ်ထားခြင်း၊ မန်ချူးဝက်မြီးဆံပင်ပုံစံကို ထားရှိစေခြင်း၊ မန်ချူးဝတ်စုံများကိုသာ ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ထားခြင်းမျိုး ဖြစ်သည်။

၁၂ ရာစုခေတ်က မှတ်တမ်းများကို စုစည်းထားသည့် စာအုပ်ထဲတွင် မန်ချူးလူမျိုး ယောကျာ်းများသည် ဆံပင်ကို အပြောင်ရိတ်ထားပြီး နောက်စေ့နေရာတွင် ဒင်္ဂါးဝိုင်းအရွယ်အစားရှိ ဆံပင်အုံလေးသာ ချန်ထားရစ်သည်။ ထိုဆံပင်အုံအရှည်ကို ကျစ်ဆံမြီးကျစ်ထားလေ့ရှိသည့်ဓလေ့မှာ ဟန့်လူမျိုးတို့၏ အရွယ်ရောက်သည်နှင့် ဆံပင်ကို အပြောင်ရိတ်ခြင်းအား တားမြစ်ထားသောဓလေ့နှင့် များစွာကွာခြားနေပေသည်။ နောက်ပိုင်းမှ ဖြေလျော့ပေးခဲ့ခြင်းကြောင့် ကျစ်ဆံမြီးရှိမရှိကိုသာ အဓိကထား စစ်ဆေးခဲ့ကြပြီး ဇာတ်ကားထဲတွင် မြင်တွေ့ရသော ရှေ့ခြမ်း ကတုံးပြောင်၊ နောက်ခြမ်း ဝက်မြီး ခေါ် ကျစ်ဆံမြီးထားသည့် ဆံပင်ပုံစံမျိုးကို ပြောင်းလဲလာခဲ့ကြသည်။

ဆံပင်မရိတ်မနေရဥပဒေ

မင်းသားကြီး သော်အောကွမ့်သည် တရုတ်ပြည်ကို သိမ်းပိုက်ပြီးသည်နှင့် ပထမဆုံးဥပဒေအနေဖြင့် ဆံပင်မရိတ်မနေရဥပဒေအမိန့်ပြန်တမ်း () ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကို ဟန့်လူမျိုးများက အပြင်းအထန် ဆန့်ကျင်ခဲ့ကြပြီး ပုန်ကန်ထကြွမှုများလည်း လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ဆံပင်ရှည်ကို သပ်ရပ်စွာ ဆံထုံးထားတတ်သော ဟန့်လူမျိုးများအကြားတွင် ထိုကဲ့သို့ ဆံပင်ရိတ်ပြီး ကျစ်ဆံမြီး (ဝက်မြီး) ထားရခြင်းသည် မနှစ်မြို့ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ပေသည်။ ထို့ကြောင့် မန်ချူးမင်းသားကြီး သော်အောကွမ့်က ၁၆၄၅ ခုနှစ်တွင် ဆံပင်ရိတ်ခြင်းဥပဒေအမိန့်ကို သေဒဏ်အထိ တိုးမြှင့်ပြီး မန်ချူးစစ်သားများကို မြို့ရွာတိုင်းသို့ စေလွှတ်၍ ဟန့်လူမျိုးများကို ဆံပင်ရိတ်စေသည်။

စစ်သားများကို ဆံပင်ရိတ်မလား၊ ခေါင်းဖြတ်ခံမလား () ဟူသည့် ကြွေးကြော်သံကို ကြွေးကြော်စေပြီး ဆံပင်ရိတ်ခိုင်းခဲ့သည်။ ဆံပင်မရိတ်သည့် လူများကို လူပုံအလယ်မှာပင် ခေါင်းဖြတ်သတ်ပြလေသည်။ ထို့ကြောင့်လည်း ရှင်းဟိုက်တော်လှန်ရေးအပြီးတွင် ဆံပင်ကို မိမိစိတ်ကြိုက်ပုံစံထားလို့ရပြီဟု တရားဝင်ကြေညာပေးခဲ့ရခြင်း ဖြစ်သည်။ ဤသို့ ကြေညာပေးသည့်တိုင် ကျစ်ဆံမြီးကို မဖြတ်ရဲသည့်သူများ၊ မိန်းကလေးများ၏ ခြေထောက်ကို ကျပ်စည်းရသည့်ထုံးစံ မပယ်ရဲသည့်သူများ ကျန်ရှိနေသေးသည်။ ထို့အတွက် ချန်ကေရှိတ် လက်ထက်တွင် ထိုအပြုအမူများသည် နိုင်ငံ့ပုံရိပ်ကို ကျဆင်းစေသည်ဟုဆိုကာ စစ်သားများကို စေလွှတ်ပြီး ကျစ်ဆံမြီးထားသူများ၏ ကျစ်ဆံမြီးကို ဖြတ်ပစ်ခြင်း၊ ခြေထောက်ကို အတင်းအကျပ် ကျပ်စည်းသည့် မိသားစုများကို ပညာပေးခြင်း စသည်တို့ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။

ဆံပင်ရိတ်ခြင်းဆန့်ကျင်မှုများနှင့် ဆံပင်ရိတ်ခြင်းပြဿနာ

မန်ချူးဝက်မြီးဆံပင်ပုံစံကိုသာ ရိတ်ခိုင်းခဲ့သောကြောင့် တရုတ်ပြည်တစ်ဝှမ်းတွင် ပုန်ကန်ထကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ မန်ချင်းမင်းဆက်တစ်လျှောက် ပုန်ကန်ထကြွမှုစတင်ရန် စည်းရုံးရာ၌ အကောင်းဆုံးလက်နက်မှာ ထိုဆံပင်ကိစ္စပင် ဖြစ်သည်။ ပုန်ကန်ထကြွလိုသူတို့သည် သူတို့၏ ပုန်ကန်ရသည့် အဓိကအကြောင်းအရင်းများကို ပြောဆိုရာ၌ ကျစ်ဆံမြီးဆံပင်ရိတ်ခြင်းကို ဆန့်ကျင်ကြ ဟူသည့် ကြွေးကြော်သံမှာ မပါမဖြစ်ပင် ဖြစ်လေသည်။ သို့သော်လည်း ဘာသာရေးအရ ကျစ်ဆံမြီးမထားခြင်းကိုမူ ခွင့်ပြုပေးထားခဲ့သည်။ ဥပမအားဖြင့် ဆံပင်ရှည် ဆံထုံးထုံးထားရသော တာအိုရသေ့များ၊ ဦးပြည်းဂတုံးဖြင့်သာ နေရသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ထိုဥပဒေနှင့် ငြိစွန်းခြင်း မရှိခဲ့ပေ။

တရုတ်ပြည်ရှိ အထက်တန်းလွှာများ၊ စာပေပညာရှင်များသည် အစပိုင်းတွင် ထိုကျစ်ဆံမြီးကျစ်ရန်နေရာသာ ချန်ထားရပြီး တစ်ခေါင်းလုံးအပြောင်ရိတ်ရသည့် ဆံပင်ပုံစံကို အပြင်းအထန် ဆန့်ကျင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် နန်းတွင်းအရာရှိစာမေးပွဲများ၊ ရာထူးနေရာတို့ဖြင့် မြှူဆွယ်သည့်ဒဏ်ကို မခံနိုင်တော့ပဲ ထိုကိစ္စကို တဖြည်းဖြည်းချင်း လက်ခံခဲ့ကြလေသည်။ အစပိုင်း မန်ချူးဝက်မြီးဆံပင်ပုံစံကို ထားရသည့်ပုံစံမှာ ပြင်းထန်သည့်သဘောမှာ ရှိသည်။ အကြောင်းက မန်ချင်းမင်းဆက် အုပ်ချုပ်မှုအစပိုင်းတွင် ကျစ်ဆံမြီးကျစ်ရန် ကြေးဒင်္ဂါးဝိုင်းသာသာ ဆံပင်ကို ချန်ထားရစ်ပြီး တစ်ခေါင်းလုံးအပြောင် ရိတ်ကြရသည်။ ခန်းရှီးဧကရာဇ် လက်ထက်တွင် ဆံပင်ကို အနည်းငယ်ပိုထားခွင့်ပေးခဲ့ပြီး အနောက်ခြမ်းကို ထမင်းပန်းကန်လုံးအရွယ်အစားရှိသော ဆံပင်စုကို ကျစ်ဆံမြီးကျစ်ရန် ချန်ထားခွင့်ရခဲ့သည်။ ယနေ့ခေတ် ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် မြင်တွေ့ရသည့် ရှေ့ခြမ်း ကတုံး၊ နောက်ခြမ်း ကျစ်ဆံမြီး ဆံပင်ပုံစံကို မန်ချင်းမင်းဆက် ကျရှုံးချိန်ဖြစ်သည့် ကွမ်းရွှီဧကရာဇ်လက်ထက် (၁၈၇၅ ခုနှစ် - ၁၉၀၈ ခုနှစ်) ရောက်မှသာ ဖြေလျှော့ပေးခဲ့သောကြောင့် ထားရှိခွင့်ရကြလေသည်။

မန်ချူးတို့၏ ဝတ်စားဆင်ယင်မှုပုံစံနှင့် ဝက်မြီးပုံစံ ဆံပင်ကို ထိုက်ဖင်းပုန်ကန်မှု (၁၈၅၀ ခုနှစ် - ၁၈၆၄ ခုနှစ်) အတွင်း အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ ထိုက်ဖင်းပုန်ကန်မှုသည် ခရစ်ယာန်ဘာသာဝင်တို့ ဦးဆောင်သည့် ဘာသာရေးပုန်ကန်မှုဖြစ်သော်လည်း ခရစ်ယာန်မဟုတ်သူများပါ ပါဝင်လာစေရန် မန်ချင်းဝက်မြီးဆံပင်ထားရခြင်းဥပဒေကို ဆန့်ကျင်ရေး စည်းရုံးချက်များဖြင့် စည်းရုံးခဲ့ကြသည်။ ယခင် ဟန့်မင်းဆက်ခေတ်က ဟန့်အမျိုးသားတို့၏ ဆံပင်နှင့်ဆိုင်သော ဓလေ့ထုံးစံများအတိုင်း ဆံပင်ရှည်များကို ထားရှိပြီး ဆံထုံးထုံးထားကြဖို့ကို တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။ ထို့ကြောင့် မန်ချူးနန်းတွင်းက ထိုက်ဖင်းပုန်ကန်မှုကို ဆံရှည်ပုန်ကန်မှု ဆံရှည်သူပုန်များ ဟု ခေါ်ဝေါ်ခဲ့ကြသည်။

၁၉ ရာစုတွင် တရုတ်ပြည်မရှိ တရုတ်လူမျိုးများသည် နိုင်ငံရပ်ခြားသို့ ထွက်ခွာပြီး နေရာသစ်များတွင် အခြေချ နေထိုင်ကြလေသည်။ ထိုသို့ နိုင်ငံခြားသို့ ရောက်လာသည့် တရုတ်လူမျိုးတို့၏ ဆံပင်ပုံစံကိုကြည့်ပြီး အနောက်တိုင်းသားတို့က ဝက်မြီးကေ ဟု နှိမ့်ချခေါ်ဝေါ်ခဲ့ကြသည်။ ထိုသို့ ခေါ်ဝေါ်ခြင်းကို ပညာတတ် တရုတ်လူငယ်များက နာကြည်းကြပြီး ထိုကျစ်ဆံမြီးများကို ဖြတ်တောက်ပစ်ကြသည်။ မန်ချူးဥပဒေအရ ကျစ်ဆံမြီးမရှိပါက ခေါင်းဖြတ်သတ်ခံရမည်ဟု အမိန့်ထုတ်ထားလေရာ ကျစ်ဆံမြီးမရှိသည့်အခါ တရုတ်ပြည်သို့ ပြန်ခွင့်မရတော့ပေ။ ထိုကြောင်းကို သိသွားသည့် အနောက်တိုင်းသားတို့သည် မိမိတို့၏ တရုတ်အလုပ်သမားများ ထွက်ပြေးမည်စိုးသည့်အခါ မှတ်ပုံတင်ကို သိမ်းမည့်အစာ ကျစ်ဆံမြီးကို ဖြတ်ထားလေ့ရှိသည်။

မန်ချင်းမင်းဆက်၏ နောက်ဆုံးနေ့ရက်များတွင် ထိုကျစ်ဆံမြီးထားရခြင်းသည် တရုတ်လူမျိုးတို့အတွက် နိုင်ငံတကာတွင် အရှက်ရစရာကိစ္စတစ်ရပ်ဟု တစ်နိုင်ငံလုံးက ယူဆလာခဲ့ကြသည်။ မန်ချင်းမင်းဆက် ဖြုတ်ချခံခဲ့ရသည့် အကြောင်းရင်းများဖြစ်သည့် အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှုမှားယွင်းမှုများ စသည့်ကိစ္စများပြီးလျှင် နောက်ဆက်တွဲပြဿနာတစ်ခုမှာ ဆံပင်ကိစ္စဖြစ်ကြောင်း သက်သေပြခဲ့သည့် ကိစ္စများရှိလေသည်။ ရှင်းဟိုက်တော်လှန်ရေး အစပျိုးနေသည့်အချိန်တွင် ကွမ်တုံး၊ ထျန်းကျင်း၊ ရှန်ဟိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များတွင် တရုတ်ရိုးရာဝတ်စုံနှင့် ဆံသပညာရှင် အသင်းအဖွဲ့ များကို တည်ထောင်ခဲ့ကြပြီး မန်ချူးဝတ်စုံမြီးကို ဖြတ်ပစ်ရန်၊ မန်ချူးဝတ်စုံများကို စွန့်ပယ်ပြီး ဟန့်လူမျိုးတို့၏ ရိုးရာဝတ်စုံများကို ခေတ်နှင့်လျော်ညီစွာ ဖန်တီးဝတ်ဆင်ကြရန် လှုံ့ဆော်စည်းရုံးခဲ့ကြသည်။ မန်ချင်းအစိုးရသည်လည်း အသစ်ဖွဲ့စည်းလိုက်တော် တပ်မတော်အသစ်တိုင်းတွင် ကျစ်ဆံမြီးဆံပင်ပုံစံကို မထားစေတော့ပဲ၊ စစ်တပ်ပုံစံ ဆံပင်အတိုကိုသာ ညှပ်စေခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် မန်ချင်းအစိုးရသည် နောက်ဆုံးထုတ်ပြန်ချက်အနေဖြင့် ဆံပင်ပုံစံမျိုးစံကို ခေတ်နှင့်လျော်ညီစွာ ညှပ်ခွင့်ပြုကြောင်း ကြေညာပေးခဲ့သည်။

ထိုအမိန့်ထုတ်ပြန်ချက်မှာ မန်ချင်းအစိုးရက သူ၏ တရားဝင်မှုကို ပြသချင်ရုံသက်သက်သာ ဖြစ်ပေသည်။ ထိုအမိန့် မထုတ်ပြန်ခင် ၁၉၁၁ ခုနှစ် ရှင်းဟိုက်တော်လှန်ရေးကာလကတည်းကပင် တော်လှန်ရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်သွားသည့် စစ်ဘက်အရာရှိတိုင်းသည် ၎င်းတို့၏ ကျစ်ဆံမြီးများကို ဖြတ်တောက်ပြီး မိမိ၏ တပ်သား စိတ်ဓာတ်တက်ကြွစေရန် လှုံ့ဆော်ခဲ့ကြလေသည်။ နန်းချန်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးမှူးက မြို့လုံးကျွတ် မန်ချူးဝက်မြီးဖြတ်ပွဲ (ကျစ်ဆံမြီးဖြတ်ပွဲ) ကို မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်ပြည်တစ်ဝှမ်းတွင်လည်း ထိုကဲ့သို့ ပွဲများကို ကျင်းပပြုလုပ်ပြီး မန်ချူးဝက်မြီးဆံပင်ပုံစံကို စွန့်ပယ်ခဲ့ကြလေသည်။

၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံကို တည်ထောင်သည့်အခါ ဆံပင်ညှပ်ခြင်းဆိုင်ရာဥပဒေ ကို ပြဌာန်းပေးခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ပြောင်းပြန်ဖြစ်သွားလေပြီ၊ အမိန့်ပြန်တမ်းအရ ခေတ်နှင့်မလျော်ညီသော မန်ချူးဝက်မြီးများ (ကျစ်ဆံမြီး) ကို မည်မျှ မထားရှိရတော့ပဲ ဖြတ်တောက်ပစ်ရမည်၊ လမ်းတွင်တွေ့ပါက ကျစ်ဆံမြီးကို ဖြတ်ပစ်ပြီး ပြစ်ဒဏ်ပေးခံရမည်၊ ခေတ်နှင့်လျော်ညီသော ဆံပင်ပုံစံများကိုသာ ထားရှိခွင့်ရှိသည်ဟု ဆိုလေသည်။ ထိုအခါ ရှေးရိုးစွဲဝါဒီ မန်ချင်းသစ္စာခံများက ထိုဥပဒေကို အပြင်းအထန် ဆန့်ကျင်ကြပြန်လေသည်။ အကြောက်တရားနှင့် အသားကျနေသော လူတစ်စုသည် နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲလိုသော လူငယ်တို့ကို အရှုံးပေးခဲ့ရလေသည်။ ၁၉၂၂ ခုနှစ်တွင် မန်ချင်းမင်းဆက်၏ နောက်ဆုံးဧကရာဇ် ဖူရီ သည် ၎င်း၏ ဗြိတိသျှလူမျိုး ကျူရှင်ဆရာ၏ အားပေးမှုကြောင့် ထိုရှေးရိုးစွဲကျစ်ဆံမြီးဆံပင်ကို ဖြတ်တောက်ကာ မန်ချူးဝက်မြီးဆံပင်ပုံစံသမိုင်းကို အဆုံးသတ်စေခဲ့လေသည်။

#

ခရူးဆိတ် စစ်ပွဲကရုဆိတ်စစ်ပွဲ(Crusades)ဘာသာရေးစစ်၁၁-ရာစုမှ ၁၄-ရာစုအတွင်း ဥရောပလက်နက်နိုင်ငံများက မူဆလင်တို့လက်အောက်မှ ခရစ...
13/04/2023

ခရူးဆိတ် စစ်ပွဲ

ကရုဆိတ်စစ်ပွဲ(Crusades)ဘာသာရေးစစ်
၁၁-ရာစုမှ ၁၄-ရာစုအတွင်း ဥရောပလက်နက်နိုင်ငံများက မူဆလင်တို့လက်အောက်မှ ခရစ်တော်ပွင့်ရာ မြေမြတ်ကို ပြန်လည်သိမ်းပိုက်ရေးအတွက် စေလွှတ်သော စစ်ချီတက်မှုများ ဖြစ်သည်။ ၁၀၉၅-ခုနှစ်တွင် ရဟန်းမင်း၏ လှုံ့ဆော်မှုအရ ချီတက်ရာတွင် ဘာသာရေးစွဲလန်းသူများသာမက မြေလိုချင်သူ၊ ကုန်ကူးသန်းလိုသူ၊ ခရီးထွက်လိုသူ၊ စွန့်စားလိုသူ မျိုးစုံပါဝင်ခဲ့သည်။ ပထမအကြိမ် ၁၀၉၉-ခုနှစ်တွင် ဂျေရုဆလင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဒုတိယအကြိမ် ၁၁၄၄-ခုနှစ်တွင် ချီတက်ရာ၌ အရေးနိမ့်၍ တတိယအကြိမ် ၁၁၉၁-ခုနှစ်တွင် ချီတက်ရာ၌ ဂျေရုဆလင်သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ဖြင့် စစ်ပြေငြိမ်း၍ စတုတ္ထအကြိမ် ၁၂၀၂-ခုနှစ်တွင် ချီတက်ရာ၌ကား နယ်ချဲ့ရုံသာဖြစ်၍ ကွန်စတင်တီနိုပိုမြို့ကို သိမ်းပိုက်လုယက်ကြသဖြင့် ရည်ရွယ်ချက်ပြောင်းကာ သိက္ခာပျက်ကြရသည်။ အခြားအကြိမ်များစွာတွင်ကား အောင်မြင်ခြင်း မရှိကြချေ။ သခင်ယေရှု ဖွားမြင်ရာ ဂျရူးဆလမ်းမြို့ကို ပိုင်ဆိုင်ရေးအတွက် အနှစ် ၂ဝဝ အတွင်း၌ ခရစ်ယန်တို့သည် မွတ်စလင်တို့နှင့် ၈ ကြိမ်မျှ သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြ၏။ ထိုစစ်ပွဲများကြောင့် အပျက်နာခဲ့သလောက် အကျိုးလည်း များခဲ့ပေ သည်။

" စကားကြီး ဆယ်မျိုး "မြန်မာ့စံနမူနာ စကားပြောနည်းဆယ်မျိုးမြန်မာမှု နယ်ပယ်၊ စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်း...
13/04/2023

" စကားကြီး ဆယ်မျိုး "

မြန်မာ့စံနမူနာ စကားပြောနည်းဆယ်မျိုး

မြန်မာမှု နယ်ပယ်၊ စကားပြောသည့်အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်း အမျိုးမျိုးတို့ကို စကားကြီးဆယ်မျိုးဟူ၍ မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားသည်။

ထိုဆယ်မျိုးမှာ -
'ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ရေသွားသည့်သွင်၊ ခက်တင်မောင်းနင်း၊ ဆိုခြင်း စကား ဤ ၁ဝပါး'ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့၏ အမည်အပြည့်အစုံမှာ-

ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။

ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။

ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍ ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်းဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။

အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့ ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။

ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍ မိမိလိုဘတ်ကိစ္စပြီးသကဲ့သို့ လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။

ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။

တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာမြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။

ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့ သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။

ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။

ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျပြောဆိုခြင်း။[၁]

#ရေကူးညာတင်ပြောနည်း

မြစ်တဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်၊ မြစ်ညာက တင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့၊ မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေး၏။ သူဌေးသားက မအိပ်နိုင်ပါဟု ဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာ ဆုတ်ကာမေး၏။ နောက်ဆုံး လိုရင်းဖြစ်သော ခုနစ်ရက်သို့ ရောက်ခါမှ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီးလျှင် ဝမ်းကိုခွဲ၍ အူထုံးကို ဖြေသည်။ ဤစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်၏။ အရပ်သားအသုံးအနှုန်း၌ ဒူးလောက်တင် ရင်လောက်ကျ ဟူသောစကား၏ အဓိပ်ပါယျကဲ့သို့ပငျ ဖြစ်သည်။

#ကောက်ပင်ရိတ်လှီးပြောနည်း

စပါးရိတ်လျှင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့၊ တစ်ဖက်လူ၏ စကားကို သိမ်းကျုံး ဖမ်းယူပြီးမှ၊ အရင်းကဖြတ်၍ ပိုင် အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်း ဖြစ်၏။ ရှေးအခါက သူဌေးသားတစ်ယောက်သည် ဗျိုင်းတစ်ကောင်ကို လေးနှင့်ပစ်၍ယူလာသည်ကို အခြားသူဌေးသားတစ်ယောက်က မြင်၍၊ လိုချင်သဖြင့် 'ဤဗျိုင်းသည် တစ်နေ့လျှင် ရွှေစင်တစ်ကျပ်သား အန်ထုတ်ပေးလေ့ရှိသော ငါ၏ဗျိုင်းဖြစ်သည်' ဟု စွပ်စွဲသည်။ ထိုအခါ လေးနှင့်ပစ်သူက'ထိုသို့ အန်ထုတ် ပေးလာသည်မှာ မည်မျှကြာပြီနည်း'ဟုမေးရာ၊ဗျိုင်းရှင်ဆိုသူက 'တစ်နှစ်ရှိပြီ'ဟု ထပ်၍ဖြေ၏။ ထိုအခါမှ လေးနှင့်ပစ်သူက 'မိမိအိမ်ရှေ့တွင် ပုံထားသော ရွှေစင်ပုံကြီးမှ တစ်နေ့လျှင်တစ်ကျပ်သား ပျောက်ဆုံးခဲ့သည်မှာ တနှစ်ရှိခဲ့ပြီဖြစ်ရာ၊ ယနေ့မှ သူခိုးကိုမိသည်။ ဗျိုင်းသည်သူခိုးဖြစ်၍ ဗျိုင်းရှင် သည် သူခိုး လက်ခံဖြစ်သည်။ ထိုကြောင့် တစ်နှစ်ထွက် ရွှေသုံးပိသာ ခြောက်ဆယ်သား လျော်ပေးရမည်'ဟူ၍တောင်းလေ၏။ ထိုကြောင့် ဗျိုင်းကိုလိုချင်သော သူဌေးသားသည် အလျော်ပေးရလေ၏။ ဤသို့ တဖက်လူ၏စကားကို ဖမ်းပြီးမှ ပိုင်လောက်အောင် ပြောခြင်းသည် ကောက်ပင်ရိတ်လှီးပြောနည်းမည်၏။

#ရေစီးဖောင်ဆန်ပြောနည်း

ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ၊ လိုရာဆန္ဒရှိသမျှကိုတင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင်၊ လိုရာအရပ်သို့ ရောက်နိုင်၏။ ဤဥပမာကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောသောစကားသည် ရေစီးဖောင်ဆန်မည်၏။ ဟံသာဝတီဘုရင် ရာဇဓိရာဇ်မင်းလက်ထက်၊ ဒွါရာဝတီမင်း စစ်ချီလာရာတွင်၊ ရာဇာဓိရာဇ်က သံစေလွှတ်ရာ၌ စာသဝဏ်တွင် 'အဆွေတော်'ဟု ရေးသည်ကို၊ဒွါရဝတီမင်းက မနှစ်သက်လေ။ ထိုကြောင့် ပဝတ္တိမင်းက ဇာတိအားဖြင့် မင်းဖြစ်သူကို အဆွေတော်ဟု ခေါ်ဝေါ်သည်မှာမသင့်။ဤအရေးကို ပြေအောင်သံတော်တို့ကချေလည်စေ။ မချေလည်နိုင်လျှင် ဆီအိုးကင်း၌ ထည့်၍ ကြော်ရမည်ဟု ဒွါရာဝတီမင်းက သံတော်တို့ကို မိန့်လေ၏။ ထိုအခါ သံတော်တို့က 'အဆွေတော်'ဟု ရေးခြင်းသည် ဘုရားရှင်တို့မှစ၍ တပည့်သားသံဃာနှင့်တကွရေမြေ့ရှင် တို့တိုင်အောင် ခေါ်ဝေါ်သည့်ထုံးစံဖြစ်ကြောင်း၊ ဘုရားရှင်တို့သည် ဘုရားရှင်ချင်းကိုသာ ညီတော်နောင်တော် ခေါ်၏။ လူ့ဘဝမှ တော်စပ်သောဆွေမျိုးများကိုကား ဤသို့မခေါ်ချေ။ ထို့အတူ ဘုရင်မင်းမြတ်တို့သည်လည်း ထီးနန်း မစံသေးသော ဆွေတော်မျိုးတော်တို့ကို အဆွေတော်ဟုခေါ်ရိုးမရှိ။ နန်းစံဘုရင် ချင်းကိုသာ အဆွေတော် ခေါ်ရိုးဖြစ်၍ ရာဇဓိရာဇ်မှာလည်း ဟံသာဝတီရွှေနန်းရှင် ဖြစ်သောကြောင့် အဆွေတော်ဟု ရေးရပါသည်ဟု သံတို့က လျှောက်ထား၏။ ထိုအခါ၊ ဒွါရာဝတီ မင်းနှင့် ပါလာသော ပညာရှိမှူးမတ်တို့က ယခုချေပသည် စကားသည် သဗ္ဗညုရှင်တော်ဘုရားတို့ကို ဥပမာပြု၍ တပည့် သားသံဃာတော်နှင့်တကွ ရေမြေ့ရှင်တို့တိုင်အောင် ခေါ်ဝေါ် ပြီးသည့် ထုံးစံနှင့်ချေလည်ခြင်းဖြစ်သည်ဟု ချီးမွမ်းကြသဖြင့်၊ ဒွါရာဝတီမင်းလည်း စကားချေလည်သည် သင့်ပေ၏ဟု ဆုလာပ် များစွာပေးလေသည်။ ဤကဲ့သို့ ဥပမာ ဥပမေယျတို့ဖြင့် လိုရာ ရောက်အောင် ပြောခြင်းသည် ရေစီးဖောင်ဆန်ပြောခြင်းပင် ဖြစ်၏။

#အိုးတန်ဆန်ခပ်ပြောနည်း

အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။ ဘုရားအလောင်း သုဝဏ္ဏသာမသည် မြားဆိပ်သင့်၍ လဲနေရာ၊ မိဘ ၂ပါးအား သိကြားမင်းက သားရှင်စေလိုသလော၊ ရွှေအိုးလိုချင်သလော၊ မျက်စိမြင်ချင်သလောဟု မေးရာတွင် သားရွှေအိုးထမ်းလာသည်ကို မြင်ချင်ပါသည်ဟု ဖြေသဖြင့် လိုအပ်သမျှပြည့်စုံ၏။ ထိုသို့အလိုရှိသောစကားကို မယုတ်မလွန်ပြောခြင်း သည် အိုးတန်ဆန်ခပ်ပြောနည်းဖြစ်၏။

#ဆီပွတ်ကျည်ပွေ့ပြောနည်း

ဆီကိုရအောင်ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောခြင်းသည် ဆီပွတ်ကျည်ပွေ့ပြောနည်း ဖြစ်၏။ ရှေးအခါ မင်းတစ်ပါးသည် ဘုရားတည်မည်ပြုရာ၊ ဘုရားပိန်နဲတိုငျကို မန်ကျည်းနှစ်ဖြင့် လုပ်ရသည် မကောင်းလောဟု အမတ်ကြီးအားမေး၏။ အမတ်ကြီးက 'မန်ကျည်းနှစ်လည်း ကောင်း၊ကျွန်းသားလည်း ကောင်း၏' ဟု ဖြေသည်။ ဤသို့ ဘုရင်မေးသမျှသော သစ်သားများတွင် ကျွန်းသားကောင်းကြောင်းကို ထပ်တစ်လဲလဲ ထည့်၍ ပြောသဖြင့်၊ ကျွန်းသားကိုပင် ဘုရားပိန်နဲတိုငျ လုပ်ရလေသည်။ ထိုသို့ အလိုရှိသောစကားကို ထပ်တလဲလဲပြောခြင်းသည် ဆီပွတ် ကျည်ပွေ့ပြောနည်းမည်၏။

#ဆင်ဝှေ့ရန်ရှောင်ပြောနည်း

ဆင်ဝှေ့မည်ဟုဆိုလိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့၊ စကားအရာတွင်လည်း မိမိအဖို့ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်းသည် ဆင်ဝှေ့ရန်ရှောင် ပြောနည်းပင်ဖြစ်၏။ ရှေးအခါက အိမ်ရှေ့မင်း တစ်ပါးသည် ကျောင်းဆောက်ရာ၊ ကျောင်းတိုင်ကို ရက်မအောက် မြေကြီးထိအောင် ရွှေချလေသည်။ထိုသည်ကို မြို့ဝန်ကဧကရာဇ်ကို တုပ၍မြေကြီးထိ ရွှေမချသင့်ဟု အောက်ခြေမှ ရွှေများကို တိုက်ဖျက်ပစ်လေ၏။ ထိုအခါ အိမ်ရှေ့မင်းသည် အမျက်ထွက်၍ စစ်မေးလေရာ၊ မြို့ဝန်သည် တိုက်ရိုက် မလျှောက်ဘဲ၊ စကားတိမ်းရှောင်၍၊ အရှင် အိမ်ရှေ့မင်းသည် နောင် ဧကရာဇ်မင်း ဖြစ်မည့်သူဖြစ်ပါသည်။ မင်းဧကရာဇ် မဖြစ်မီ ရွှေအပြည့်ချ၍ ကျောင်းဆောက်သော် မင်းဧကရာဇ် ဖြစ်သည့်အခါ မူလဆောက်သောကျောင်းနှင့် မင်းဖြစ်မှ ဆောက်သောကျောင်းသည် အတူတူပင်၊ ခြားနားခြင်းမရှိပါလေဟု ဆိုရန်ရှိသောကြောင့် မင်းဖြစ်သည့်ကာလ ကျောင်း ဆောက်တော်မူလျှင် နောင်ကို ချရန် ရွှေအခင်းကို ချန်လှပ်ထားရပါမည်'ဟု လျှောက်တင်လေ၏။ ဤသို့ လျှောက်တင်သည့်အတွက် အသက်ချမ်းသာရာ ရလေသည်။ ဤကဲ့သို့ ဘေးလွတ်အောင် တိမ်းရှောင်၍ပြောခြင်းသည် ဆင်ဝှေ့ရန်ရှောင်ပြောခြင်းပင် ဖြစ်၏။

#တောင်သူယာခုတ်ပြောနည်း

တောင်သူတို့သည် ယာခုတ်လျှင် ချုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင် ဦးစွာစကားငယ်ကို ပြော၍ နောက်မှ စကား ကြီးများကို ဖိပြောခြင်းဖြင့် အနိုင်ယူသည်ကို တောင်သူယာခုတ်ပြောနည်းဟု ခေါ်သည်။ ရှေးအခါက ဝိဒေဟရာဇ်မင်းကြီး၏ သိန်းအမတ်နှင့် မဟောသဓာ ပညာရှိသုခမိန်သည် ပညာနှင့် ဥစ္စာ မည်သည်က မြတ်ကြောင်း ငြင်းခုံကြရာတွင်၊ မဟောသဓာသည် ပထမဦးစွာ သေးငယ်သောဥပမာတို့ဖြင့်သာ တင်ပြပြောဆို၍ နောက်ဆုံးတွင် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဉာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားထက် အဘယ်ဥစ္စာရှိသူမှ သာလွန်နိုင်မည်မဟုတ်၍၊ ဥစ္စာရှိထက် ပညာရှိ မြတ်ပေ၏ဟု စကားကြီးဖြင့် ပိတ်၍ဆိုလေသည်။ ဤသို့ဖြင့် အနိုင်ရလေ၏။ ဤကဲ့သို စကားငယ်ကို ပြောပြီးမှ စကားကြီးဖြင့် ပိတ်၍ဆိုခြင်းသည် တောင်သူယာခုတ်ပြောနည်းမည်၏။

#ကြက်ဆုတ်ခွပ်ပစ်ပြောနည်း

ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ အကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင် သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင်၊ စီးသောအခါမှ စီးလျက်ပြောသောစကားမျိုးသည် ကြက်ဆုတ်ခွပ်ပစ် ပြောနည်းစကားမျိုးမည်၏။ ဦးပေါ်ဦး၏လျှောက်ထုံး ဖြစ်သော ကဝိသေတ္တုမဉ္ဇူသာကျမ်းတွင် ဖော်ပြထားသော အောက်ပါအကြောင်းရပ်တို့သည် ကြက်ဆုတ်ခွပ်ပစ်စကားမျိုး ဖြစ်သည်။ တစ်ရံရောအခါ အမရပူရနေပြည်တော်ကြီးအတွင်း တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖိုမှ မီးထလောင်ကျွမ်းရာ နန်းတော်ကြီးမှစ၍ ရှိရှိသမျှ မီးသင့်လောင်ကျွမ်းကုန်ရကား၊ ခေါက်ဆွဲဖိုရှင် ငရွှေကြည်သည် လက်လွတ်ထွက်ပြေးတိမ်း ရှောင်နေ၏။ ထိုအခိုက်တွင် ဂန္ဓာလရာဇ်ပြည့်ရှင် ချင်းလုံဦးတည် မင်းက လျောင်းတူရဲနှင့် အဖော် ၂ဦးတို့ကို သံတမန်ခန့်လျက် ပဏ္ဏာလက်ဆောင်များ၊ ကုန်စည်ဝယ်ရန် ငွေတော်ရှစ်သိန်း၊ ကုန်တင်ရန် လားကောင်ရေ ခုနစ်ထောင်ကျော်တို့နှင့် အမရပူရ သို့ လွှတ်လိုက်၏။ ထိုသူတို့ ရန်ကင်းတောင်အနီးတွင် စခန်းချနေစဉ် စစ်ကိုင်းမင်း၏ အိမ်တော်သားတို့သည် လက်နက်လှံဓား အမြောက်အမြားနှင့် တရုတ်ကုန်သည်တို့ကို တိုက်ခိုက်လုယူကြရာ လားတို့လည်း တကွဲတပြား၊ တရုတ်တို့လည်း ဒဏ်ရာဒဏ်ချက် အများရကြ၏။ ထိုအခါ တရုတ်သံ တို့က မင်းတရားကြီးအား ထိုအကြောင်းကို အစီရင်ခံလျက် ဒဏ်ရာဒဏ်ချက်ရရှိသည်တို့ကို မဟာမိတ်နိုင်ငံချင်း ဖြစ်သဖြင့် မပြောမဆိုလိုကြောင်း၊ အထည်ပစ္စည်းဝယ်ရန် လွှတ်လိုက်သော ငွေတော်ရှစ်သိန်းကိုသာ ပေးလျော်ပါရန်၊ ယင်းသို့ မဟုတ်ပါက လုယက်သူတို့ကို ပေးအပ်ပါရန် လျှောက်ထားလေ၏။

ဘုရင် မင်းမြတ်သည် ထိုအရေးကို ဆောင်ရွက်စေရန် အမတ်ကြီး ဦးပေါ်ဦးအား တာဝန်လွှဲတော်မူ၏။ အမတ်ကြီး ဦးပေါ်ဦးလည်း တရုတ်တို့အား ဧည့်ဝတ်ကျေပြွန်စွာ ပြုစုပြီးလျှင် တရုတ်သံတို့တောင်းဆိုသော လျော်ကြေးအတွက် ဤသို့ စကား ဆိုသည်။ ဘုရင်ဦးတည်မင်း၏ အမိန့်စာချွန်ကို ဖတ်သိရသည့် အတိုင်း၊ ကြှနျုပျတို့က ပေးလျော်ပါမည်။ တရုတ်ကုန်သည်တို့၌ ပျောက်ဆုံးသော ပစ္စည်း အရပ်ရပ်ကိုသာ နောင်အခါ ကျန်ပါသေးဟု မဆိုရစေရန်၊ ထမင်းစားသော တူကိုမျှမချန် ယခုတစ်ခါတည်း စာရင်းတင်ပါဟု ဆိုလေ၏။ တရုတ်တို့က ငွေတော်ရှစ်သိန်းနှင့် မိမိတို့ပိုင်ငွေနှင့် ပေါင်းသော် ကိုးသိန်းခန့် ပျောက်ပါသည်ဟု ဆို၏။ ထိုအခါ ဦးပေါ်ဦးက ထိုငွေကို ပေးလျော်ပါမည် ယခု အမရပူရ နေပြည်တော်မှ ရွှေနန်းတော်ကြီးနှင့်တကွ တစမကျန် တရုတ်လူမျိုး ငရွှေကြည် ခေါက်ဆွဲဖို မှစ၍ မီးလောင်ခံသည်ကို သံမင်းတို့ အသိပင် ဖြစ်သည်။ သို့အတွက် မူလ မီးရှင် တရုတ် ငရွှေကြည်ကို ကြှနျုပျတို့ လက်သို့ အပ်စေလိုပါသည်။ တရုတ် ငရွှေကြည် လက်ဝယ်ရောက်လျှင် ပျောက်ဆုံးငွေ ကိုးသိန်းကို ရပါစေမည် ဟု ပြန်ကြားလေသည်။ တရုတ်သံ တို့လည်း ငရွှေကြည်အား ရှာဖွေရာမတွေ့သဖြင့် မရနိုင်ကြောင်း စကားပြန်၏။ ထိုအခါ ဦးပေါ်ဦးက နှစ်တိုင်းနှစ်ပြည်မဟာမိတ်ဖြစ်ကြသည်မှာ နှစ်ရှည်လများခဲ့ပြီ။ မိတ်မပျက်စေခြင်း အကျိုးငှာ တိမ်းရှောင်နေသူ တရုတ်ငရွှေကြည် တစ်ယောက်ကိုသာ ပေးအပ်ပါ ဆိုသည်ကို ရှာဖွေမရသဖြင့် မအပ်နိုင်ဆိုချေ၏။ ကြှနျုပျတို့ထံ တောင်းရမ်းသော ဓားပြတို့မှာ လူများစွာဖြစ်၍ အဘယ်မှာရှာကြံ၍ အပ်နိုင် ပါအံ့နည်း။ ပေးလျော်စေလိုသော ငွေကိုးသိန်းမှာလည်း၊ တရုတ်လူမျိုး ငရွှေကြည်၏ မီးအတွက် ပျက်စီးသော ပစ္စည်းတန်ဖိုးမှာ ကုဋေငါးဆယ်မျှ မက ရှိချေသည်။ ယင်းငွေများကို ကြှနျုပျတို့သညျ နှစ်ပြည့်တစ်ပြည် အကြည်တော် မပျက်ရှိကြစေခြင်းငှာ သံမင်းတို့ဘုရင်ထံ တောင်းခံခြင်း မပြုပါ။ ကြှနျုပျတို့ထံတှငျ ပျောက်ဆုံးသော ငွေကိုးသိန်းခန့်လောက်ကို တောင်းခံခြင်းပြုသည်မှာ ပြည်ထောင်တကာ မင်းများစွာတို့ ကြားခါစင်စစ် ရယ်ဖွယ်ကြီး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ဤတရားကို စဉ်းစားပြီးမှ တောင်းခံသင့်ကြောင်းကို သံမင်းတို့မင်းထံ လျှောက်ထားပါဟုဆို၏။ ထိုအခါ သံအမတ်တို့၏ တင်ဆက်လွှာအရ ဦးတည်မင်းက လျော်ကြေးငွေမတောင်းစေတော့ဘဲ၊ ပြန်လာရန် အကြောင်းကြားလေသည်။ဤကဲ့သို့ စကားကို ဦးစွာ၌ အလျှော့ပေးပြီးလျှင် စီးသာသည့်အခါမှ စီး၍ ပြောခြင်းသည် ကြက်ဆုတ်ခွပ်ပစ် ပြောခြင်းမည်၏။

#ရေစစ်ကရားရေသွားသည့်အသွင်ပြောနည်း

ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ရေသွားသည့်သွင် ပြောနည်းမည်၏။ ရှေးအခါက သူငယ် ၄ ယောက်နှင့် သူအိုတစ်ယောက်သည် မယုံဘူးဆိုသူ ကို ကျွန်ပြုစတမ်းဟု ချိန်းချက်၍ ယုံတမ်းစကားပြောကြ၏။ ပထမ သူငယ်က 'ငါငယ်စဉ်က အမိဝမ်းတွင်း၌ ပဋိသန္ဓေနေစဉ် အမိဖြစ်သူ ချဉ်သီးစားချင်ကြောင်း သိသဖြင့် ဝမ်းမှ ထွက်၍ ချဉ်သီးရှာပေးသည်။ ယုံကြသလော'ဟုဆိုရာ ကျန်လူများက ယုံသည်ဟု ဆိုသည်။ ဒုတိယသူငယ်က 'ငါသည် မန်ကျည်းသီး စားချင်သောကြောင့် ခြေမကို ကိုင်ပစ်ခါ မန်ကျည်းပင်ပေါ်သို့ တက်သည်။ မန်ကျည်းသီး တင်းပေါင်းများစွာ ဆွတ်ပြီးလျှင် မဆင်းနိုင်၍ အိမ်မှလှေကားကို ပြန်၍ယူကာ ဆင်းရသည်။ ယုံကြသလော'ဟု မေးရာ ယုံပါ၏ဟုဆိုကြ၏။ တတိယ သူငယ်က 'ငါသည် ငါးစားချင်သောကြောင့် ရေတွင်ငုပ်၍ ငါးကိုဖမ်းပြီး ရေထဲမှာပင် မီးဖုတ်၍စား၏။ ယုံကြသလော' ဟုဆိုရာ ယုံပါ၏ဟု ပြောကြ၏။ စတုတ္ထသူငယ်က တစ်ဖန် 'ငါ့မိဖအိမ်သည် အလွန်မြင့်၏။ အိမ်မှကျွန်မ၏ ဖွားမြင်စ သားသည် ကြမ်းပေါက်မှကျရာ ဆံပင်ဆွတ်ဆွတ်ဖြူမှ အောက်သို့ ရောက်၏။ ယုံကြသလော'ဟု မေး၏။ ကျန်လူများက ယုံပါ၏ဟု ဆို၏။ နောက်ဆုံးတွင် သူအိုက 'ငါသည် ဝါပင်တစ်ပင် စိုက်၏။ ထိုဝါပင်မှ ဝါသီး ၄ သီးသီးသည်။ ထိုဝါသီးများမှ သူငယ် ၄ ယောက်ပေါ်ပေါက် သည်ကို ငါ၏ကျွန်ပြုထားသည်။ ထိုသူငယ်တို့သည် ငါ့ထံမှ ထွက်ပြေးကြသည်ကို ငါရှာဖွေနေသည်မှာ ယခုမှ တွေ့ရသည်။ သင်တို့ ၄ ယောက်သည် ငါ့ကျွန်ဖြစ်သည်။ ယုံကြသလော'ဟု မေး၏။ သူငယ် ၄ ယောက်မှာ ယုံပါ၏ဟု ဆိုလျှင်လည်း သူအို၏ကျွန်၊ မယုံပါ၏ ဆိုလျှင်လည်း သူအို၏ကျွန်သာဖြစ်ကြရ၏။ ဤသို့ သူ့စကားကို ပိတ်မိအောင် ပြောသောစကားသည် ရေစစ်ကရား ပြောနည်းဖြစ်၏။

#ခက်တင်မောင်းနင်းပြောနည်း

သူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်း မဆိုဘဲ၊ မတင်မကျ ပြောသောစကားသည် ခက်တင်မောင်းနင်း ပြောနည်း ဖြစ်၏။ရှေးအခါ မင်းမှုထမ်းတစ်စုက လူဆိုးတစ်ယောက် အား ဖမ်းဆီး၍ သတ်မည်ပြုသည်တွင်၊ လူဆိုးက ငါသည် တောင်ဖီလာဆရာတော်၏တူ ဖြစ်သည်ဟုဆိုရာ၊ မှန်မမှန် မေးရန် ဆရာတော်ထံသို့ ခေါ်သွားကြ၏။ ကျောင်းရောက်၍ ဆရာတော်အား မေးလျှောက်ကြရာ ဆရာတော်က မဟုတ်ဘူး ဆိုလျှင် ဤသူ သေမည်၊ ဟုတ်၏ ဆိုလျှင်လည်း ငါမုသား ရောက်မည်ဟုကြံ၍ 'ဤသူငါ့တူမဟုတ်ဟု မည်သူပြောသနည်း' ဟု မိန့်တော်မူ၏။ မင်းမှုထမ်းတို့လည်း ထပ်၍ မလျှောက်ဝံ့ သဖြင့် ပြန်သွားရ၏။ ဤသို့ဖြင့် လူဆိုးလည်း ချမ်းသာရာ ရ၏။ ဤကဲ့သို့ မတင်မကျပြောခြင်းကို ခက်တင်မောင်းနင်း ပြောနည်းဟုခေါ်၏။[၂]

ကိုးကား

သုတေသနသရုပ်ပြအဘိဓာန်

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ခရက်ဒစ်...ဝီကီပီးဒီးယား

လေ့လာနေသူများအတွက်ဗဟုသုအဖြစ်မျှဝေပါသည်။


#နော်ဂဲလယ်ထူး(စာပေပရဟိတ)

13/04/2023

#လူတူ ပရိုင်းမိတ် နှင့် လူသား အစ မြန်မာ ကဆိုသည်မှာ

ဂျာမနီမှာ နေပြီး. . အာဖရိကပြည်သူတွေကို အွန်လိုင်းပေါ်မှ လှမ်းအုပ်ချုပ်နေတဲ့ ဘုရင်ဥရောပ တိုက်မှာနေပြီး အာဖရိက ပြည်သူတွေကိ...
13/04/2023

ဂျာမနီမှာ နေပြီး. . အာဖရိကပြည်သူတွေကို အွန်လိုင်းပေါ်မှ လှမ်းအုပ်ချုပ်နေတဲ့ ဘုရင်

ဥရောပ တိုက်မှာနေပြီး အာဖရိက ပြည်သူတွေကို Skype ကနေ လှမ်းချုပ်တဲ့ ဘုရင် တစ်ပါး ရှိပါတယ်။

ဂါနာနိုင်ငံရဲ့ အရှေ့တောင်ဒေသ ပြည်နယ် တစ်ခု ဖြစ်တဲ့ Hohoe ကို King Togbe Ngoryifia Cphas Kosi Bansah အမည်ရ ဘုရင် အုပ်ချုပ်ပါတယ်။

ဂါနာ ဆိုတာ အာဖရိကတိုက် အနောက်ပိုင်းက နိုင်ငံငယ် တစ်ခု ဖြစ်ပါတယ်။ ယင်းထဲမှာ Hohoe ဆိုတာ ရှေးကနေ ယနေ့အထိ ဘုရင်စနစ် ကျင့်သုံးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားတဲ့ ဒေသ ဖြစ်ပါတယ်။

ယင်းဒေသကနေ ၁၉၉၀ ကျော်တုန်း Ngoryfia ကို ဘုရငအဖြစ် တင်မြောက်ခဲ့ပါတယ်။ ရှိနေတဲ့ အစ်ကိုကြီး ၂ ယောက်က ဘယ်သန် (ဘယ်ဘက်လက်သန်)သူတွေ ဖြစ်နေတာကြောင့်မို့ Ngoryfia ဟာ ဘုရင်ခံ ဘွဲ့ကို ရရှိခဲ့ ပါတယ်။

ဒါပေမယ့် သူဟာ အဲ့ဒီအချိန်ကတည်းက Student program နဲ့ ဂျာမနီကို ခဏခဏရောက်ပြီး ဂျာမနီကို ကြိုက်နှစ်သက်ခဲ့ ပါတယ်။

တစ်ချိန်တုန်းကလည်း ဂါနာရဲ့ Volta Region ဟာ ဂျာမနီလက်အောက်မှာ ရှိခဲ့ ဖူးတာကြောင့် ဂျာမနီအနေနဲ့ ဂါနာတို့ကို ၎င်းတို့ တိုင်းပြည်မှာ ကျောင်းတက်ခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်တို့ ပေးတတ်ပါတယ်။

ဒီတော့ ဘုရင်အဖြစ် တင်မြောက်ခံရပေမယ့် Togbe Ngoryifia Cphas Kosi Bansah ဟာ ဂျာမနီမှာပဲ ဆက်နေသွားပြီး သူ့ဒေသကို Skype ကနေ လှမ်းအုပ်ချုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်တဲ့။

Skype တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Skype မပေါ်ခင်က Fax, email တို့ သုံးပေမယ့် ယနေ့တော့ အင်တာနက် ကနေ tool အမျိုးမျိုး သုံးပြီးတော့ ဆက်သွယ် အုပ်ချုပ် ပါတယ်။

သူနဲ့ သူ့အမျိုးသမီးက ဂျာမနီက မြို့ကြီးတစ်ခုမှာ နေထိုင်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့အိမ်မှာ သိမ်းထားတဲ့ ဘုရင့်သရဖူ ပျောက်သွားလို့ သတင်းကြီးနေပါသေးတယ်။

ယူရိုပေါင် ၁သောင်းခွဲ မက တန်ကြေး ရှိပြီး သူကတော့ ဒါဟာ တန်ဖိုးဖြတ်မရဘူးလို့ ဆိုပါတယ်။ သူ့အနေနဲ့ နယ်ခြားကနေ နေပြီး တိုင်းပြည်အတွက် များစွာ ကြိုးပမ်း ဆောင်ရွက်ကြောင်းလည်း ဆိုပါတယ်။

ဂျာမနီမှာ ဖောင်ဒေးရှင်းထောင်ပြီး ဂါနာနဲ့ သူ့အုပ်ချုပ်တဲ့ ဒေသတို့ ရေသန့်ရရှိဖို့ နဲ့ ဆေးရရှိဖို့ကို အမြဲ ပြုလုပ်ပေးပါတယ်။ အခြားသော ပစ္စည်းများကိုလည်း တင်ပို့ ပေးပါသတဲ့။

ဂျာမနီက ရုပ်သံ အချို့မှာတောင် ပုံမှန်ပါဝင်လာပါတယ်။ ယခုတော့ အသက် ၆၆ နှစ်ရှိပါပြီ။ သူဟာ ဂျာမနီမှာပဲ ပညာသင်ကြားပြီး စက်မှုနဲ့ မော်တော်ယာဉ်ဆိုင်ရာ ပညာရပ်တို့မှာ မာစတာ ဘွဲ့ယူထားသူ ဖြစ်ပါတယ်။

သူ့ဌာနေ မပြန်ချင်တဲ့ အကြောင်း အချက် တစ်ခုကလည်း သူ တတ်ထားတဲ့ ယင်း ပညာကို ဂျာမနီမှာ ပြည်လည် အသုံးချချင်လို့ ဖြစ်ကြောင်း ဆိုပါတယ်။

တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ သူ့ အုပ်ချုပ်တဲ့ ပြည်နယ်ကို သွားရောက် လည်ပတ်လေ့ ရှိကြောင်းလည်း သိရပါတယ်။

သူအုပ်ချုပ်တဲ့ ဒေသမှာ နေထိုင်သူ ၂ သိန်း ဦးရေ မက ရှိပါတယ်။

credit

အာဖရိက တလွှားမှ အင်ပါယာများ========================================အာရှ ၊ ဥရောပ နှင့် အမေရိက မှ အင်ပါယာများအကြောင်းကို က...
13/04/2023

အာဖရိက တလွှားမှ အင်ပါယာများ

====================
====================

အာရှ ၊ ဥရောပ နှင့် အမေရိက မှ အင်ပါယာများအကြောင်းကို ကြှနျုပျတို့အမြားစု သိရှိပြီးဖြစ်သည်။ ထို့အတူ အာဖရိကတွင်လည်း သမိုင်းတလျှောက် Ajuran အင်ပါယာ ၊ မာလီအင်ပါယာ ၊ Songhai အင်ပါယာ ၊ ဘီနင်အင်ပါယာ Ashanti အင်ပါယာ ၊ Aksumite အင်ပါယာ စသည်ဖြင့် အင်ပါယာများ ပေါ်ပေါက်ခဲ့သည်။

ဂါနာ ဘုရင့်နိုင်ငံ , မာလီအင်ပါယာ နှင့် Songhai အင်ပါယာ တို့သည် အေဒီ ၁၀၀၀ မှ ၁၅၀၀ အချိန် အတွင်း အင်အားကြီးထွားခဲ့သည့် အင်ပါယာများ ဖြစ်ကြသည် ။ ထိုအင်ပါယာဒေသမှ ဘုရင်များသည် အာဖရိက အနောက်ဖက်ဒေသမှ ရွှေသတ္တုတူးဖေါ်သည့် လုပ်ငန်းများ နှင့် ကုန်သွယ်ရေးများကို ထိန်းချုပ်ခဲ့ကြသည် ။

ဂါနာ အင်ပါယာသည် အေဒီ ၅ -ရာစုအချိန်မှ စတင်ခဲ့ပြီး အင်ပါယာ၏ အမြင့်ဆုံး အချိန်သည် အေဒီ ၁၀၀၀ ခုနှစ်အချိန်ခန့်ကဖြစ်ကာ ၁၃ -ရာစုအချိန်တွင် တစစီပြိုလ်ကွဲ သွားခဲ့ ကြသည် ။ ဂါနာ ဘုရင်များကျရှုံးပြီးနောက် ၁၃-ရာစုအချိန်တွင် ထိုဒေသ၌ မာလီအင်ပါယာ ထွန်းတောက်လာခဲ့ပြီး ၁၅-ရာစုအချိန်တွင် မာလီအင်ပါယာဒေသ အများအပြားသည် Songhai အင်ပါယာဒေသ ဖြစ်လာ ခဲ့သည် ။ ၁၅၉၁ ခုနှစ်အချိန်တွင် မြောက်ဖက်မှ Moroccan လူမျိုးများမှ စစ်အောင်နိုင်မှု နှင့်အတူ Songhai အင်ပါယာ လုံးဝပျောက်ကွယ်ခဲ့ရသည် ။

ဂါနာဘုရင့်နိုင်ငံ

အေဒီ ၅ ရာစုအချိန်မှစ၍ အာဖရိကအနောက်ဖက်ဒေသတွင် တည်ရှိခဲ့သည့် ဘုရင့်နိုင်ငံဖြစ်ပြီး ထိုအချိန်က Mauritania နိုင်ငံ အရှေ့တောင်ဖက် ဒေသ နှင့် မာလီနိုင်ငံ အနောက်တောင်ဖက် ဒေသတွင် တည်ရှိခဲ့သည် ။ ယနေ့ဂါနာနိုင်ငံသည် ထိုအချိန်က တည်ရှိခဲ့သည့် သူတို့၏ ဘုရင့်နိုင်ငံ အမည်ကိုရယူထားခြင်း ဖြစ်သည် ။

ထိုအချိန်က ဂါနာဘုရင့်နိုင်ငံကို ထူထောင်ခဲ့ကြသူများမှာ Soninke လူမျိုးများဖြစ်ကြပြီး သူတို့ ဒေသတွင်းမှ ထွက်ရှိသည့် ရွှေများကို သယ်ဆောင်ကာ ၊ အာဖရိကမြောက်ဖက်ဒေသရှိ မူဆလင်များ၏ ထွက်ကုန် ဆားများဖြင့် လဲလှယ်ကုန်သွယ်ခဲ့ကြသည်ဟုဆိုသည် ။ သူတို့၏မြို့တော်သည် ယနေ့ Mauritania နိုင်ငံ အရှေ့တောင်ဖက်ရှိ Kumbi Saleh မြို့ဖြစ်ပြီး အင်ပါယာ၏ အမြင့်ဆုံး အင်အားကောင်းချိန်သည် အေဒီ ၁၀၀၀ ခုနှစ်အချိန်ခန့်ကဖြစ်သည် ။

အေဒီ ၁၀၇၆ ခုနှစ်တွင် ထိုဒေသရှိ Berbers အုပ်စုမှ စတင်တော်လှန်မှု နှင့်အတူ ဂါနာဘုရင်များ အင်အားကျဆင်းလာခဲ့ပြီး ၁၂၀၃ ခုနှစ်တွင် ဂါနာအင်ပါယာ၏ မြို့တော် အား Susu လူမျိုးများမှ သိမ်းယူခဲ့ကြသည် ။ အေဒီ ၁၂၃၅ ခုနှစ်အချိန်တွင် Kangaba ဒေသမှ ဘုရင် Sundiata Keita သည် ဂါနာများအား Battle of Kirina စစ်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဂါနာအင်ပါယာ ကျရှုံးပျောက်ကွယ်ခဲ့ရသည် ။

မာလီအင်ပါယာ

အေဒီ ( ၁၃- ၁၄ ) ရာစုအချိန်က အာဖရိက အနောက်ဖက်ဒေသတွင် တည်ရှိခဲ့သည့် အင်အားကြီးမားသည့် အာဖရိကန်လူမျိုးများ၏ အင်ပါယာတခုဖြစ်သည် ။ မာလီ အင်ပါယာသည် Niger မြစ်ဒေသတွင် တည်ရှိခဲ့ပြီး စိုက်ပျိုးရေးဖြစ်ထွန်းရာဒေသ ဖြစ်ကာ ရွှေသတ္တုများ တည်ရှိသည့် ဒေသလည်း ဖြစ်သည် ။ ဤဒေသ သည် ၁၁ -ရာစုအလယ်ခေတ် အချိန်က ဂါနာဘုရင်များကြီးစိုးရာ ဂါနာအင်ပါယာဒေသ ဖြစ်ခဲ့သည် ။

အေဒီ ၁၂၃၅ ခုနှစ်အချိန်တွင် Kangaba ဒေသမှ ဘုရင် Sundiata Keita သည် ဂါနာများအား Battle of Kirina စစ်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဂါနာအင်ပါယာ ကျရှုံးပျောက်ကွယ်ခဲ့ရသည် ။ ထို့နောက် Sundiata Keita သည် ထိုဒေသမှ အုပ်စုငယ်များကိုစုစည်းကာ မာလီ အင်ပါယာကို စတင် ထူထောင်ခဲ့သည်ဟု မှတ်တမ်းများမှဆိုသည် ။

Sundiata လက်ထက်တွင် မာလီ အင်ပါယာသည် အလျင်အမြန် ကျယ်ပြန့်လာခဲ့ပြီး အနောက်ဖက် အတ္တလန်တိတ်ကမ်းခြေဒေသ ၊ အရှေ့ဖက်တွင် Niger မြစ်ဒေသ ၊ မြောက်ဖက် ဆာဟာရကန ္တာရ ဒေသ အထိ ကျယ်ပြန့်ခဲ့သည် ။

ထိုအချိန်က အင်ပါယာ၏ မြို့တော်မှာ Niani ဖြစ်ပြီး အင်ပါယာထဲတွင် ကွန်ဖက်ဒေးရှင်းပြည်နယ် ၃ -နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၂ ခုကို ပေါင်းစည်းထားသည့် အင်ပါယာဖြစ်သည် ။ မာလီဘုရင်များသည် ဒေသတွင်းထွက်ရှိသည့် ရွှေများကို ဥရောပဒေသများ ၊ မူဆလင်တို့၏ မြို့တော် ယနေ့ဆော်ဒီအာရေဗီယနိုင်ငံ မက္ကာဒေသသို့ကုလားအုပ်များ ဖြင့် သွားလာကာရောင်း၀ယ်ခဲ့ကြသည်။

အစ္စလမ် အယူဝါဒပြန့်နှံ့လာမှု နှင့်အတူ မာလီဘုရင် Mansa Musa သည် အစ္စလမ် ဘာသာ၀င်တဦး ဖြစ်လာခဲ့ပြီးနောက် ဤဒေသတွင်အစ္စလမ် အယူဝါဒများ ပိုမိုပြန့်နှံ့လာခဲ့သည် ။ အေဒီ ၁၄ ရာစုအချိန်တွင် မြောက်ပိုင်းပြည်နယ်များမှ တော်လှန်ပုံကန်မှု နှင့်အတူ အင်ပါယာ သည် အင်အား ကျဆင်းလာခဲ့သည် ။

ပထမဆုံး Songhai လူမျိုးများသည် လွတ်လပ်ရေး ရယူပြီးကိုယ်ပိုင်ခွဲထွက် သွားခဲ့သည် ။ အေဒီ ၁၅- ရာစုအချိန်တွင် မာလီအင်ပါယာဒေသ အများအပြားသည် Songhai Empire ဒေသ ဖြစ်လာခဲ့သည် ။

Songhai အင်ပါယာ

အာဖရိကအနောက်ဖက် Niger မြစ်ဒေသတွင် တည်ရှိခဲ့သည့် အင်ပါယာဖြစ်ပြီး သူတို့၏ အမြင့်ဆုံးအချိန်သည် အေဒီ (၁၅ ၁၆ ) ရာစု အချိန်ကဖြစ်သည် ။ Songhai လူမျိုးများ၏ မူလနေရာသည် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဖက် Dendi ဒေသဖြစ်ပြီး သူတို့သည် ငါးဖမ်းလုပ် ၊ ကုန်သွယ်လုပ်ငန်းများဖြင့် အသက်မွေး၀မ်းကြောင်းပြုကြသူများ ဖြစ်သည် ။

အေဒီ ၈-ရာစုအချိန်တွင် သူတို့၏ စီးပွားရေးမြို့ကို ယနေ့မာလီနိုင်ငံ Gao မြို့တွင် ထူထောင်ခဲ့ပြီး နောက် သူတို့၏နေရပ်သည် တဖြည်းဖြည်းကျယ်ပြန့်လာခဲ့သည် ။ Songhai လူမျိုးများ၏ ဒေသသည် ၁၃ -ရာစုအချိန်က မာလီအင်ပါယာဒေသ ဖြစ်သည် ။

Songhai လူမျိုးများသည် အင်အားကြီးထွားလာခဲ့ပြီးနောက် ၁၃- ရာစုနှောင်းပိုင်းအချိန်တွင် မာလီအင်ပါယာဒေသ မှ ခွဲထွက်ပြီး Sunni dynasty ကို ထူထောင်ခဲ့ကြသည် ။ အေဒီ ၁၄၇၁ ခုနှစ်အချိန် ဘုရင် Sunni Ali လက်ထက်တွင် မာလီအင်ပါယာ၏ အရှေ့ဖက်ဒေသများ ကို သိမ်းယူခဲ့ပြီးနောက် Songhai empire သည်လည်း ကြီးမားကျယ်ပြန့်လာခဲ့သည် ။

Songhai အင်ပါယာ ကျယ်ပြန့်လာမှု နှင့်အတူ နယ်မြေများကို မထိန်းချုပ်နိုင်ဘဲ ပြည်နယ်များစွာခွဲထွက် လာခဲ့ပြီး အင်အားကျဆင်းလာခဲ့သည် ။ ၁၅၉၁ ခုနှစ်အချိန်တွင် မြောက်ဖက်မှ Moroccan လူမျိုးများမှ ဤဒေသကို သိမ်းယူမှု နှင့်အတူ Songhai အင်ပါယာ သည် လုံးဝပျောက်ကွယ်ခဲ့ရသည် ။

Page

Address


Website

Alerts

Be the first to know and let us send you an email when General Knowledge For Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share