Social Wizards - Creative Lab

  • Home
  • Social Wizards - Creative Lab

Social Wizards - Creative Lab We are strategic. We make magic.

မားကတ်တင်းဖောက်မယ့်သူလေးတွေအတွက် မယ်ခွေရဲ့ ရင်ခွင်နွေးနွေး ခိုလှုံပေးထားတဲ့ ဆေးလိပ်လေးအကြောင်း ပြောပါရစေဉီး..content mar...
11/08/2023

မားကတ်တင်းဖောက်မယ့်သူလေးတွေအတွက် မယ်ခွေရဲ့ ရင်ခွင်နွေးနွေး ခိုလှုံပေးထားတဲ့ ဆေးလိပ်လေးအကြောင်း ပြောပါရစေဉီး..

content marketing နဲ့ ဈေးကွက်ကို ထိုးဖောက်၀င်‌ရောက်တာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုထဲ ပါတာပေါ့ ကိုယ့်လူတို့ရေ.. အိုင်ဒီယာကောင်းရင်ကောင်းသလို marketing budget တွေ လျှော့ချနိုင်တာ တကယ့်အားသာချက်တစ်ခုပေါ့။

ဟုတ်ပြီ.. ကိုယ်က Competitor တွေနဲ့ဖိုက်ရပြီ.. ရှယ်လန်း Content တွေ‌လည်း ပုံမှန်တင်ဖြစ်တယ်။ ဒါပေမယ့် ကိုယ့် Brand မှ ကိုယ့် Brand ကွာဆိုပြီး အမြဲအားပေးမယ့် loyal customer တွေ သိပ်မရှိနေဘူးဆိုရင် အရေးကြီးတာတစ်ခု လွတ်ထွက်နေပြီ..

သေချာတာပေါ့.. မှန်ကန်တဲ့ audience တွေကို သူတို့အတွက်ရည်ရွယ်တဲ့၊ လိုအပ်တဲ့ personalized content တွေ မဖြည့်ဆည်းပေးနိုင်သေးလို့ပါပဲ။

စဉ်းစားကြည့်ဗျာ...မယ်ခွေ ကဗျာထဲကလို "ချစ်သူအတွက် ကိုယ်တိုင် ရင်ငွေ့လှုံပြီး လိပ်ပေးထားတဲ့ ဆေးလိပ်နဲ့ သာမန်လူတိုင်း၀ယ်လို့ရ‌နေတဲ့ဆေးလိပ်နဲ့ဆို ကိုယ့်လူ ဘယ်ဟာကို သောက်မလဲ။"

ဂရုစိုက်မှု၊ နွေးထွေးမှုက အဲ့လောက်ကို အရေးပါပါတယ်နော်..

ကြော်ငြာစာတွေက လူတိုင်းတင်နေကြတာပဲ။ ကိုယ့် Potential Customer တွေကို တကယ်ရော မယ်ခွေလို ဂရုစိုက်မိရဲ့လား?

ကိုယ့်ရဲ့ customer တွေကို သေချာ target ထားပြီး သူတို့ကို နွေးထွေးစေမယ့် content package
‌‌တွေ လိုချင်သွားရင်တော့ Social Wizards - Creative Lab ကိုသာ လာခဲ့လိုက်ဗျာ...

အသေးစိတ်ရှင်းပြမယ့်ကျွန်တော်က "ကွမ်းယာဆိုင်ကစပြီး University Page တွေ အထိ" ရေးဖူးတဲ့ အစုံသုပ်အတွေ့အကြုံအရ Digital marketing free consulting လည်းလုပ်ပေးဉီးမှာပါ။
ကျွန်တော်က တော်ကီလည်းကောင်းတော့ Content အပ်မယ့်သူတွေအတွက်လည်း ပျော်ရတာပေါ့..

အိုဘယ့် မယ်ခွေရယ်..

Contact us:
💌 m.me/socialwizardsmm
☎ 09976757116



#မယ်ခွေ

လူတွေက ဘာလို့ပေါက်ကရစာတိုတွေ Zodiac signs တွေကို share နေကြတာလဲ?အရှင်းဆုံး အဖြေကတော့ ဒီလိုအရာတွေက သူတို့ရဲ့ symbolics တွ...
10/08/2023

လူတွေက ဘာလို့ပေါက်ကရစာတိုတွေ Zodiac signs တွေကို share နေကြတာလဲ?

အရှင်းဆုံး အဖြေကတော့ ဒီလိုအရာတွေက သူတို့ရဲ့ symbolics တွေဖြစ်နေလို့ပဲ။

သူတို့ ဘယ်လိုလူဖြစ်ပါကြောင်းကို သွယ်ဝိုက်ပြသော နည်းလမ်းတွေဖြစ်‌နေတာကြောင့်ပါ။

လူတွေက social media မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့သူပုံစံ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်လေ့ရှိတယ်။ ဥပမာ - ငါက smart ကျတဲ့သူ၊ ခေတ်ရှေ့ပြေးတဲ့သူ ဘလာဘလာပေါ့။

ဒီ trick ကို Luxury brands တွေက နင်းပြီးသုံးကြတယ်။ ပြောရရင် Brand positioning ပေါ့။

"ဒီ ရေမွှေးလေးသုံးလိုက်ရင် မင်းပျိုမဒီတွေကြားမှာ မျက်နှာပန်းပွင့်‌‌မှာ..."

"Fashion ကျတဲ့သူတိုင်းက ဒီဒေါက်ဖိနပ်စီးနေကြပြီ"

စသဖြင့်ပေါ့။

ဒီအချက်ကိုသိထားရင် ကိုယ်က viral ဖြစ်တဲ့ contents တွေရေးချင်တာဖြစ်ဖြစ်၊ ကိုယ့် brands ကို လူတွေရဲ့ စိတ်ထဲမှာနေရာယူချင်တာဖြစ်ဖြစ် အသုံး၀င်ပါလိမ့်မယ်။

⚡ Follow us for more Marketing Tips & Tricks.

အတတ်ကြူးတော့အရူးတဲ့...အချစ်ရေးမှာ အရူး၊ စာရေးရင် "ထူး" တဲ့ writer တွေရှိရင် မန့်ခဲ့ကွာ..
10/05/2023

အတတ်ကြူးတော့အရူးတဲ့...
အချစ်ရေးမှာ အရူး၊ စာရေးရင် "ထူး" တဲ့ writer တွေရှိရင် မန့်ခဲ့ကွာ..

"စာရေးတာများလွယ်လွယ်လေး....ဘာလို့မင်းကို ဈေးကြီးပေးရေးခိုင်းရမှာလဲ?" ဆိုတာမျိုး content writing ကို Professional လုပ်နေတ...
01/05/2023

"စာရေးတာများလွယ်လွယ်လေး....ဘာလို့မင်းကို ဈေးကြီးပေးရေးခိုင်းရမှာလဲ?" ဆိုတာမျိုး content writing ကို Professional လုပ်နေတဲ့ သူတိုင်းကြုံဖူးကြမှာပါ။

ကျွန်တော် ဒီမှာ စာတစ်ပုဒ်မရေးခင် အဆင့်ဆင့်ဖြတ်သန်းရတဲ့ work flow ကို ပြောပြပါမယ်။

𝗥𝗲𝘀𝗲𝗮𝗿𝗰𝗵
အရင်ဆုံး client က ကိုယ့်ကို content တစ်ပုဒ်လာအပ်ရင် ပထမဆုံးလုပ်ရတာက research ပါ။
ကိုယ်က ရေးနေကြမလို့ ဒီ industry ကိုနားလည်နေရင်တောင်
◼ ကိုယ့် client ရောင်းချင်တဲ့ product or service ကဘာလဲ?
◼ ဘယ်သူ့ကိုရောင်းချင်တာလဲ?
◼ သူ့ရဲ့ benefits တွေကဘာလဲ?
◼ ဘယ်လိုရောင်းချင်တာလဲ? စတာစတာ တွေကို research လုပ်ရပါတယ်။

𝗧𝗮𝗿𝗴𝗲𝘁 𝗮𝘂𝗱𝗶𝗲𝗻𝗰𝗲
Research လုပ်ပြီးရင် ကိုယ်ရေးမယ့် content ကို ဖတ်မယ့် consumer or target audience ကိုခွဲထုတ်ရပါတယ်။ ပြီးရင်သူတို့ကို empathize လုပ်ရပါတယ်။ သူတို့နေရာကတွေးပြီး သူတို့လိုခံစားရပါတယ်။
ကိုယ့် audience တွေ သုံးနေတဲ့ စကားလုံးတွေ၊ သူတို့သဘောကျမယ့် trends တွေ၊ သူတို့ရဲ့ needs & wants တွေကို လေ့လာရပါတယ်။

𝗧𝗼𝗻𝗲 𝗼𝗳 𝗩𝗼𝗶𝗰𝗲
အဲ့လိုလေ့လာပြီးရင် ကိုယ်စာရေးမယ့်ဟန်...ဒီ brand အတွက် ဘယ်လို tone of voice ကို သုံးရမလဲ ဆိုတာ တည်ဆောက်ရပါတယ်။

𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗶𝗹𝗹𝗮𝗿𝘀
ပြီးရင်တော့မပါမဖြစ်...content pillars ပေါ့။ ကိုယ်ကရေးချင်တာကို ရေးချင်တဲ့အချိန် လျှောက်ရေးနေလို့မရပါဘူး။ ကိုယ်လိုချင်တဲ့ goals အပေါ်မူတည်ပြီး content pillars တည်ဆောက်ရပါတယ်။

𝗢𝗯𝗷𝗲𝗰𝘁𝗶𝘃𝗲
နောက်ဆုံးက objective ပေါ့...objective မရှိဘဲ ဈေးရောင်းချင်တာလိုလို...စကားပြောချင်တာလိုလို ဘာဖြစ်ချင်နေမှန်းမသိတဲ့ စာတွေမြင်ဖူးကြမှာပါ။ ဒါကြောင့် objective တစ်ခု...message တစ်ခုကိုသတ်မှတ်ပြီးရေးရပါတယ်။

𝗪𝗿𝗶𝘁𝗶𝗻𝗴
ပြီးရင်တော့ စာစရေးတဲ့အဆင့်ပါ။ စာရေးတာက အဲ့တာတွေအားလုံးပြီးမှ စရေးတာပါ။

ဒါတောင် post-editing မှာ spelling check တွေ word play တာတွေ မပါသေးပါဘူး။

Professional writer တစ်ယောက်က သင့် brand ရဲ့ reputation ကို တည်ဆောက်ပေးနိုင်သလို unprofessional writer တစ်ယောက်ရဲ့ စကားလုံးတစ်လုံးကြောင့်လည်း brand image ကို ပျက်စီးသွားစေနိုင်ပါတယ်။

🌟သင့်ရဲ့ Brand အတွက် professional contents တွေလိုအပ်နေတယ်ဆိုရင်တော့ page chat box or ph no. ကနေ ဆက်သွယ်လိုက်ပါခင်ဗျာ။

Contact us:
💌 m.me/socialwizardsmm
☎ 09976757116


💢Creatives သမားတွေနဲ့ဆက်ဆံတဲ့အခါ ''ဘာလို့လဲ...ဘာလို့ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတာလဲ'' ဆိုပြီး ခေါင်းခြောက်ဖူးပါသလာ...
15/12/2022

💢Creatives သမားတွေနဲ့ဆက်ဆံတဲ့အခါ ''ဘာလို့လဲ...ဘာလို့ကိုယ်ဖြစ်စေချင်တဲ့အတိုင်း မဖြစ်လာတာလဲ'' ဆိုပြီး ခေါင်းခြောက်ဖူးပါသလား⁉️

🔥ဒီပြဿနာက Creative သမားကြောင့်လည်းဖြစ်နိုင်သလို Client ဖြစ်တဲ့ကိုယ့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

✔️ဒါကြောင့် Client တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

💥 Briefing မပြည့်စုံခြင်း

- ကိုယ့်လုပ်ငန်းအကြောင်းအသေးစိတ်၊
- Unique selling point၊
- Target Audience၊
- Brand identity၊
- Brand colours စတာတွေကို information အပြည့်အစုံပေးနိုင်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင် သာမန်အပေါ်ယံ Content တွေ design တွေပဲထွက်လာဖို့များပါတယ်။

💥 Goals ‌and direction မရှိခြင်း

Marketing or creative agency ကိုအပ်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ သတ်သတ်မှတ်မှတ် Goal ရှိထားဖို့လိုပါတယ်။
ကိုယ်က ကိုယ့် brand ကိုလူသိပိုများစေချင်တာလား။ လူတွေကို engage လုပ်စေချင်တာလား... စသဖြင့် SMART Goals တွေ ထားထားဖို့လိုပါမယ်။

💥 ပူးပေါင်းပါဝင်မှုအားနည်းခြင်း

ကိုယ့်ရဲ့ Brand ကို Marketing agency အပ်ပြီး ဖြစ်ချင်ရာဖြစ် လွှတ်ထားလို့မရပါဘူး။ Online and offline ပူးပေါင်းလုပ်ဆောင်ရမယ့်အရာမျိုးတွေ Brainstorm လုပ်ရမယ့်အရာမျိုးတွေကို Client နဲ့ agency ပူးပေါင်းလုပ်ဆောင်မှသာ သင့်ရဲ့ customer တွေကို delight ဖြစ်စေမယ့် buying experience ကိုရရှိစေမှာပါ။

✅ဒီအချက် ၃ ချက်ကတော့ Client တော်တော်များများမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အားနည်းချက်မဟုတ်တဲ့ လိုအပ်ချက်လေးတွေပါပဲ။

💯ကိုယ်က ဒါတွေကိုသိသွားပြီဆိုရင်တော့ အထာကျတဲ့ Client တစ်ယောက်အနေနဲ့ ကိုယ့်ပြိုင်ဘက်တွေကို နောက်ကောက်ချခဲ့လို့ရပါပြီ။

သင်သိပြီးပြီလား? Buyer Journey သိတဲ့သူတိုင်းစော်ရကုန်ပြီဆိုတာ...😮💯သင်က ဈေးဗန်းတွေစွတ်ခင်း sales တွေဇွတ်လုပ်နေလည်းရောင်းမ...
19/10/2022

သင်သိပြီးပြီလား? Buyer Journey သိတဲ့သူတိုင်း
စော်ရကုန်ပြီဆိုတာ...😮💯

သင်က ဈေးဗန်းတွေစွတ်ခင်း sales တွေဇွတ်လုပ်နေလည်း
ရောင်းမထွက်သေးတာ buyer journey မသိသေးလို့ပဲ
ဖြစ်ပါတယ်။

ဝယ်သူတစ်ယောက်က သင့် Product or services
ကို ဝယ်ဖို့ အဆင့်သုံးဆင့်ကိုဖြတ်ကျော်ရပါတယ်။

ဒီအဆင့်သုံးဆင့်ကို ဥပမာလေးတွေနဲ့ကြည့်လိုက်ရအောင်...
သင်ဟာ မလှမွန်ကိုဖွန်ကြောင်နေတယ်ပဲဆိုပါစို့...

𝟭. 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘀𝘁𝗮𝗴𝗲

👧ဒီအဆင့်မှာ မလှမွန်ဟာ... ကောင်လေးလိုတာ စသတိထားမိပါပြီ။
သူနဲ့ကိုက်မယ့်ကောင်လေးကို လိုက်ချိန်နေတာပဲဖြစ်ပါတယ်။

🧑ဒီအချိန်မှာ ကိုယ့်လူလုပ်ရမှာက သင်ရှိနေတာကို
ကောင်မလေး သတိထားမိအောင်
လုပ်ရပါမယ်။ ကောင်မလေး ချိန်နေတဲ့ကောင်လေး
က သင်ဖြစ်ဖို့ဆိုရင် ကောင်မလေးရဲ့ pain point တွေကို
သိထားဖို့လိုပါမယ်။ (ဥပမာ-ကောင်မလေးက
အချစ်ခံချင်နေတာလား။ romantic ဆန်တဲ့
ကောင်လေးကိုကြိုက်တာလား။)စတာတွေကို သင် research
လုပ်ထားရပါမယ်။ သူလိုနေတဲ့အချက်က သင်နဲ့ကိုက်ညီကြောင်း
ကောင်မလေးမြင်အောင်ပြရပါမယ်။ ကောင်မလေးရင်ထဲ
စိုးမိုးနေရပါမယ်။

𝟮. 𝗖𝗼𝗻𝘀𝗶𝗱𝗲𝗿𝗮𝘁𝗶𝗼𝗻 𝘀𝘁𝗮𝗴𝗲

👧ဒီအဆင့်မှာတော့ မလှမွန်က သူသဘောကျတဲ့
စကာတင် ကောင်လေး ငါးယောက်လောက် သတိထားမိ
သွားပါပြီ။ စကာတင်ထဲကမှ သူရွေးနေတဲ့အဆင့်ပေါ့။

🧑ဒီအချိန်မှာ သင့်ကိုသင်စကြွယ်ရတော့မယ့် အချိန်ရောက်ပါပြီ။
သင့်ပြိုင်ဘက်တွေနဲ့သင့်ကို ယှဉ်နေပါပြီ။၊ သင့်ကိုလည်း
အကဲခတ်နေပါပြီ။ ဒီအဆင့်မှာ promotion တွေရှယ်ဆင်း
ရတော့မှာပါ။သင့် ပြိုင်ဘက်တွေထက် ဘာတွေသာလည်း
ထုတ်ပြရတော့မှာပါ။ ဒါတင်မကသေးဘူး သူ့ Trust ကို
ရအောင်ယူရမယ့် stage လည်း
ဖြစ်ပါတယ်။ ဒီ stage မှာ သူ့ရဲ့ KOL တွေက
ဘာလဲသင်သိထားရပါမယ်။ KOL တွေက သူ့သူငယ်ချင်းတွေ
ဖြစ်နိုင်ပါတယ်။ဒါကြောင့် သူ့သူငယ်ချင်းတွေကြားထဲမှာလည်း
Feedback ကောင်းကောင်းတည်ဆောက်ထားရမှာပါ။

𝟯. 𝗗𝗲𝗰𝗶𝘀𝗶𝗼𝗻 𝘀𝘁𝗮𝗴𝗲

👧ဒီအဆင့်ကတော့ မလှမွန်ရောင်းထွက်သွားတဲ့အဆင့်ပဲဖြစ်ပါတယ်။

🧑မလှမွန် decision ချဖို့ သင့်မှာ Call to Action
ဖြစ်တဲ့ ဖွင့်ပြောတာလုပ်ရပါမယ်။ သင်က marketing
ပဲလုပ်နေပြီး sales မလုပ်ပြန်ရင်လည်းရောင်းမထွက်ပါဘူး။
sales လုပ်တဲ့ကောင်နောက်ပါသွားမှာပဲဖြစ်ပါတယ်။





❌လူတွေက တွေးရတာမကြိုက်ပါဘူး။အခုလို fast-paced ခေတ်ကြီးမှာ ပိုဆိုးပါတယ်။သင့် စာကိုဖတ်ကြည့်လို့ နားမလည်ဘူးဆိုရင် "ဟာ...ဘာက...
12/10/2022

❌လူတွေက တွေးရတာမကြိုက်ပါဘူး။
အခုလို fast-paced ခေတ်ကြီးမှာ ပိုဆိုးပါတယ်။
သင့် စာကိုဖတ်ကြည့်လို့ နားမလည်ဘူးဆိုရင် "ဟာ...ဘာကြီးလဲ "
ဆိုပြီးကျော်သွားမှာပါ။

𝗗𝗼𝗻'𝘁 𝗺𝗮𝗸𝗲 𝗺𝗲 𝘁𝗵𝗶𝗻𝗸 ဆိုတာ
Steve Krug ရဲ့ web usability နဲ့ပတ်သက်ပြီး
ကျော်ကြားတဲ့စာအုပ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အယူအဆက content
marketing မှာလည်းအသုံးဝင်ပါတယ်။

ကျွန်တော်တို့ဦး​နှောက်ဟာ တစ်နေ့တစ်နေ့ consume
လုပ်ရတာတွေများပါတယ်။ အဲ့တာကြောင့် Post တစ်ခုကို အများကြီးမတွေးပဲအရင် Skimming လုပ်ပါတယ်။ စိတ်မဝင်စားရင် auto ကျော်သွားပါတယ်။

💢သင့်စာကို ဆက်ဖတ်မယ်မဖတ်ဘူးကို ပထမဆုံး 3 secs အတွင်းမှာ ဆုံးဖြတ်ပါတယ်။

Facebook post တစ်ခုကို Skimming လုပ်တဲ့အခါ
Graphic and Tagline ကိုအရင်ကြည့်ကြပါတယ်။ ပြီးမှ
Headline ကိုဖတ်ပါတယ်။ အဲ့နှစ်ခုကိုသဘောကျမှ
ဆက်ဖတ်ကြပါတယ်။

ကျွန်တော်တို့စာသားတွေ၊ အသုံးအနှုန်းတွေကြောင့်
သူတို့နားမလည်ဘူးဆိုရင်လည်း ကျော်သွားလိုက်တာများပါတယ်။

✔︎ ကျွန်တော်တို့က လူတွေဖတ်ဖို့ရေးနေတာဖြစ်တဲ့အတွက်
စာကို လူနားလည်အောင်ရေးရပါတယ်။

➧ဥပမာ - Apple က ipod ကို introduce လုပ်တော့
"1,000 songs in your pocket." ဆိုပြီး
ကြေငြာပါတယ်။ သူ့ရဲ့ specifications တွေအစား
benefits ကိုပဲလူနားလည်အောင် ပြောသွားတာပါ။

ကိုယ့်ရဲ့ product ကြီးက ဘယ်လောက်ကောင်းကြောင်း
ဘာ features တွေပါကြောင်းပြောနေတာထက်
How? ဘယ်လိုကောင်းတာလဲဆိုတာကို လူနားလည်တဲ့
ဥပမာနဲ့ ပြောပြလို့ရပါတယ်။

➧ဥပမာ- ကျွန်တော်တို့ "Delivery က အရမ်းမြန်တာ"ဆိုပြီးပြော
နေမယ့်အစား "ဒုံးပျံလိုမြန်တဲ့ service'' ဆိုပြီးပြောလိုက်တာက
ပိုပြီးမြင်သာထင်သာရှိပါတယ်။

ဒါဆို သင့်ရဲ့ content တွေကရော လူသားဆန်ပြီလား⁉

You can contact us via:
Messenger: m.me/socialwizardsmm
Gmail: [email protected]
Ph No. 09976757116





🎯ကိုယ့် product or service ကို မရောင်းခင် ဝယ်မယ့်သူကို ဇာတ်ကောင်လေးတစ်ခုသတ်မှတ်ပြီးရုပ်လုံးပေါ်လာအောင် အရင်ဖန်တီးရပါတယ်။...
11/10/2022

🎯ကိုယ့် product or service ကို မရောင်းခင် ဝယ်မယ့်သူကို ဇာတ်ကောင်လေးတစ်ခုသတ်မှတ်ပြီး
ရုပ်လုံးပေါ်လာအောင် အရင်ဖန်တီးရပါတယ်။

🧑 ထိုဖန်တီးထားတဲ့ဇာတ်ကောင်ကို buyer persona လို့ခေါ်ပါတယ်။

✅ ဒါမှလည်း ကိုယ်တစ်ကယ်ရောင်းနေတာ ဘယ်သူ့ကိုလဲဆိုတာသိလာပြီး customer အစစ်တွေ
တကယ်လိုအပ်နေတာကို ဖြည့်ဆည်းနိုင်မှာပဲ ဖြစ်ပါတယ်။

✔︎အောက်ပါနည်းလမ်းတွေအတိုင်း ကိုယ့် buyer persona ကို ဖန်တီးနိုင်ပါတယ်။ အခုကျွန်တော်နဲ့အတူ
လမ်းဘေးမှာဖွင့်ထားတဲ့ မုန့်ဟင်းခါးဆိုင်လေးအတွက် persona လေးတစ်ခု ဖန်တီးပါမယ်။

𝗗𝗲𝗺𝗼𝗴𝗿𝗮𝗽𝗵𝗶𝗰𝘀 ✔︎

Demographic မှာ Name, Age, Gender, Income level, Occupation တွေပါဝင်ပါတယ်။

Name: Kyaw Gyi (ကျော်ကြီးပဲထားလိုက်ပါ။)
Age: 16 to 50 ( မုန့်ဟင်းခါးဝယ်စားနိုင်တဲ့အရွယ်ကနေ အသက်ကြီးတဲ့အထိ customer ဖြစ်နိုင်ပါတယ်။)
Gender: Male
Income: 1 lakhs to above
Occupation: low level employee

𝗕𝗲𝗵𝗮𝘃𝗶𝗼𝗿𝘀 ✔︎

(သူ့ရဲ့ behavior ကိုသတ်မှတ်ရပါမယ်။)
- မုန့်ဟင်းခါးစားရင်ဟင်းအရည်အပိုသောက်ချင်တယ်။
- အဝေးကြီးမသွားချင်ဘူး။ လမ်းထိပ်ထွက်တာနဲ့စားချင်တယ်။
- အကြော်စုံထည့်စားချင်တယ်။

𝗣𝗮𝗶𝗻 𝗽𝗼𝗶𝗻𝘁 ✔︎

- လက်ရာမကောင်းမသန့်ရှင်းတာတွေစားရမှာကြောက်တယ်။
- ဟင်းအရည်အပိုတောင်းရင် မျက်နှာရှုံ့မှာကြောက်တယ်။
- ဆိုင်ရှင်အဒေါ်ကြီးအပေါက်ဆိုးမှာကြောက်တယ်။

𝗚𝗼𝗮𝗹 𝗮𝗻𝗱 𝗠𝗼𝘁𝗶𝘃𝗮𝘁𝗶𝗼𝗻 ✔︎

- မြန်မာအစားစားတွေကို သန့်သန့်ရှင်းရှင်းစားချင်တယ်။

ဒါဆိုကျော်ကြီးဆိုတဲ့ဇာတ်ကောင်လေး ရပါပြီ။
ဒါဆို သူလိုအပ်နေတာတွေကို ကိုယ့်မုန့်ဟင်းခါးဆိုင်လေးက ဖြည့်စည်းပေးလို့ရပါပြီ။
Business ကိုလိုက်ပြီး persona က သုံးလေးငါးခုလည်းဖြစ်နိုင်ပါတယ်။

Persona တစ်ခုဖန်တီးထားခြင်းဖြင့် ကိုယ့် customer တွေမလိုအပ်တဲ့နေရာမှာ အချိန်၊ငွေ သုံးမှုကို
လျှော့ချနိုင်ပါတယ်။




Tone of voice ကိုမပြောခင် Tone vs Voice ဆိုတာ ဘာကွာလဲအရင် သိဖို့လိုပါတယ်။💯တော်တော်များများက Tone of voice လို့ပြောလိုက်ရ...
10/10/2022

Tone of voice ကိုမပြောခင် Tone vs Voice
ဆိုတာ ဘာကွာလဲအရင် သိဖို့လိုပါတယ်။💯

တော်တော်များများက Tone of voice လို့ပြောလိုက်ရင်
Girl tone, Boy tone လောက်ပဲသိကြပါတယ်။

တကယ်တော့ သူ့ထက်ပိုအနုစိတ်ပြီး brand တစ်ခုရဲ့ content
တွေ consistency ရှိဖို့ Tone of Voice က
အရေးကြီးတဲ့နေရာကပါဝင်ပါတယ်။ ✔︎

▪ 𝗩𝗼𝗶𝗰𝗲

Voice = personality ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့
voice က လုံးဝမပြောင်းပါဘူး။ ဥပမာ Engineer တွေ
သုံးတဲ့အသုံးအနှုန်းနဲ့ ဆရာဝန်တွေသုံးတဲ့ အသုံးနှုန်း၊ဝေါဟာရ
ချင်းမတူပါဘူး။

Brand တွေမှာလည်း personality ရှိပါတယ်။ မျက်လုံးမှိတ်ပြီး
Pessi ကိုတွေးလိုက်ရင် မြင်တဲ့အမြင်နဲ့ Coca-cola ကို တွေးကြည့်ရင် မြင်တဲ့အမြင် မတူပါဘူး။ ဒါသူတို့ Personality ချင်းမတူလို့၊တစ်နည်းအားဖြင့် Brand voice ချင်းမတူလို့ပဲဖြစ်ပါတယ်။

Brand voice မှာ ကိုယ့် brand ရဲ့သုံးနေကျ စကားလုံးတွေ
လုံးဝမသုံးတဲ့ စကားလုံးတွေခွဲခြားသတ်မှတ်ရပါတယ်။

💢 ဥပမာ - Private university တစ်ခုရဲ့
voice က educated women above 25 years old
ဖြစ်နိုင်ပါတယ်။ ဒါ personality တစ်ခုကို သတ်မှတ်လိုက်တာ
ပဲဖြစ်ပါတယ်။

▪ 𝗧𝗼𝗻𝗲

Tone = emotion ပါပဲ။ voice က မပြောင်းလဲပေမယ့်
Tone က ကိုယ်ပေးချင်တဲ့ message အပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ အမေ့ကိုအော်တဲ့လေသံနဲ့ ကောင်မလေးကို
ပြောတဲ့လေသံမတူသလိုပါပဲ။

💢 ဥပမာ- အရည်အတွက် ကန့်သတ်ပြီး promotion ပေးနေတာ
မလို့ မြန်မြန်ဝယ်မှစိတ်ချရမယ်ဗျို့!! ဆိုတာမျိုးပေါ့။ ဒါဆို
excited emotion(tone) နဲ့သွားပါတယ်။

​Emotion တွေကို Emoji လေးတွေသုံးပြီးလည်း ပြလို့ရပါတယ်။ 🤗

🎯သင်က ကိုယ်တိုင် content writer ပဲဖြစ်ဖြစ်၊
business owner ပဲဖြစ်ဖြစ် Tone of voice ကို
သတ်သတ်မှတ်မှတ်ဖန်တီးပြီး အသုံးပြုကြည့်သင့်ပါတယ်။ တစ်ခြား
ဆင်တူရိုးမှား brand တွေနဲ့ကွာခြားလာတာမြင်ပါလိမ့်မယ်။

You can contact us via:
💬Messenger: m.me/socialwizardsmm
📩Gmail: [email protected]
☎ Ph No. 09976757116




𝗪𝗲𝗹𝗰𝗼𝗺𝗲 𝗳𝗿𝗼𝗺 𝗦𝗼𝗰𝗶𝗮𝗹 𝗪𝗶𝘇𝗮𝗿𝗱 ‼𝗪𝗵𝗼 𝗮𝗿𝗲 𝘄𝗲⁉ကျွန်တော်တို့က Digital ခေတ်မှာပေါက်ဖွားတဲ့လူငယ်တွေပဲဖြစ်ပါတယ်။𝗪𝗵𝗮𝘁 𝘄𝗲 𝗱𝗼 ⁉❝ We do...
09/10/2022

𝗪𝗲𝗹𝗰𝗼𝗺𝗲 𝗳𝗿𝗼𝗺 𝗦𝗼𝗰𝗶𝗮𝗹 𝗪𝗶𝘇𝗮𝗿𝗱 ‼

𝗪𝗵𝗼 𝗮𝗿𝗲 𝘄𝗲⁉
ကျွန်တော်တို့က Digital ခေတ်မှာပေါက်ဖွားတဲ့
လူငယ်တွေပဲဖြစ်ပါတယ်။

𝗪𝗵𝗮𝘁 𝘄𝗲 𝗱𝗼 ⁉
❝ We do the difference. ❞

𝗛𝗼𝘄 𝗮𝗿𝗲 𝘄𝗲 𝗱𝗶𝗳𝗳𝗲𝗿𝗲𝗻𝘁 ⁉
🎯Marketing agency တွေနဲ့ ကျွန်တော်တို့ Creative
Lab ရဲ့ မတူတဲ့အချက်ကတော့ ကျွန်တော်တို့က ချစ်တတ်တာပဲဖြစ်ပါတယ်။

✅ဟုတ်ပါတယ်။ ချစ်တတ်တာပါ။ Content ရေး၊ Design ဆွဲရုံမဟုတ်ပဲ Brand တစ်ခုရဲ့ Personality ကိုတည်ဆောက်ပေးပြီး နေရောညပါ ကျွန်တော်တို့ တည်ဆောက်ပေးခဲ့တဲ့ brand လေးကို တစ်စိမ့်စိမ့် ခံစားတာပါ။

❌ကိုယ့် brand ကိုမချစ်တတ်ပဲ ပြီးပြီးရော content ရေး၊ design ဆွဲပြီးတင်ရုံလောက်ပဲဆိုရင်တော့ ကျွန်တော်တို့နှင့် လက်မတွဲသင့်ပါဘူး။

ကိုယ့် brand or product လေးကိုတကယ်လည်းချစ်တတ်တယ်။
ကျွန်တော်တို့နဲ့ တူတူလက်တွဲချင်တယ်ဆိုရင်တော့ အောက်ပါ
Contact address တွေကနေ ဆက်သွယ်နိုင်ပါတယ်ဗျာ။

How can I Contact💌⁉
You can contact via:
💬Messenger: m.me/socialwizardsmm
📩Gmail: [email protected]
☎ Ph No. 09976757116

Address


Telephone

+959976757116

Website

Alerts

Be the first to know and let us send you an email when Social Wizards - Creative Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share