Myat ryan

Myat ryan Travel / Money / Fitness / Tech

ဘီလီယံနာ သူငှေး ၂ ယောက်ရဲ့ partnership ကို စတွေ့ရပါပြီPresident ဟောင်း Donlad Trump က Elon Musk အတွက် အစိုးရတွင်း ရာထူးတ...
09/09/2024

ဘီလီယံနာ သူငှေး ၂ ယောက်ရဲ့ partnership ကို စတွေ့ရပါပြီ

President ဟောင်း Donlad Trump က Elon Musk အတွက် အစိုးရတွင်း ရာထူးတစ်ခုဖန်တီးပြီး ခန့်အပ်မယ်လို့ ထုတ်ပြောလာပါတယ်

ဒီလိုပြောရခြင်းက မဲဆွယ်မှုထဲက တစ်ခုလဲဖြစ်နိုင်ပါတယ်

Trump က တကယ်တော့ environmentalist တေ့ပတွက် ချဥ်ဖတ်ဖြစ်ပါတယ် ဒါပေမယ့် အခု လျှပ်စစ်ကား သူငှေး elon musk ကို ခေါ်သွင်းလာပြီး သူ့ရဲ့ budget စီမံရေးမှာ ခန့်လိုက်ခြင်းအားဖြင့် environmental ဘက်ကသူတွေ free speech လိုလားသူတွေကိုလဲ ဆွယ်ပြီးသားဖြစ်သွားပါတယ်

Trump ကတော့ ရွေးကောက်ပွဲနိုင်အောင် မဟာမိတ်တွေတယောက်ပြီးတယောက်လုပ်နေပါပြီ

အစပိုင်းမှာ elon musk ပိုင်တဲ့ X platform ကနေ တယောက်ကောင်းကြောင်းတယောက်ချီးကျူးနေကြရာကနေ podcast ၂ နာရီကျော်စာ (podcast link ကို cmt မှာ တင်ထားပါမယ်) ပြောတဲ့ထိရင်းနှီးမှုရလာပြီး အခုဆို အစိုးရအဖွဲ့ ရာထူးတခုတောင် ကမ်းလှမ်းတာကြည့်ရင် ဘယ်လောက်အဆက်အဆံရှိတာပိုသိနိုင်ပါတယ်

အနာဂတ် သူတို့ ၂ ယောက်ပေါင်းပြီး ဘာတွေလုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

တချို့သူတွေက ကြီးကျယ်တာလား ကိုယ်က သိမ်ငယ်နေတာလားတစ်ခုခုဆို ကြီးကျယ်လိုက်တာ ဆိုတဲ့စကားလုံးကြားဖူးမှာပါ ကြီးကြီးကျယ်ကျယ်နဲ...
06/09/2024

တချို့သူတွေက ကြီးကျယ်တာလား ကိုယ်က သိမ်ငယ်နေတာလား

တစ်ခုခုဆို ကြီးကျယ်လိုက်တာ ဆိုတဲ့စကားလုံးကြားဖူးမှာပါ ကြီးကြီးကျယ်ကျယ်နဲ့ဆိုတာမျိုးလည်းပြောတတ်ကြပါတယ်

ဒီနေရာမှာဥပမာတစ်ခုနဲ့ပြောရရင် လူ ၂ ယောက်ရှိတယ်ပေါ့
တစ်ယောက်က ဒီနေရာကို ကားနဲ့ပဲလာဖြစ်လို့ အခု လိုလမ်းလျောက်လာရတာ အတွေ့အကြုံအသစ်ပဲလို့ပြောလိုက်မယ်

အဲ့ဒီအခါ ဒုတိယလူက ဒီလူကြီးကျယ်လိုက်တာလို့ တွေးမလား

ဒါမှမဟုတ် ဒုတိယလူကလည်း ကားနဲ့ပဲလာနေကြဆို ကြီးကျယ်လို့တွေးမယ့်အစား ဒီတိုင်းသာမန် စကားတစ်ခုလိုပဲဖြစ်သွားမှာပါ

အောက်ကပုံလေးကတော့ mindset ထားပုံထားနည်းကို ကာတွန်းတိုလေးနဲ့ထိထိမိမိရှင်းပြသွားတာပါ

ပိုက်ဆံတွေအများကြီး ရှာနိုင်ပြီး ကိုယ်လိုချင်တာတွေဝယ်နိုင်ပေမယ့် နေ့တိုင်း အလုပ်နဲ့ အိမ်နဲ့ပဲ ပိတ်ရက်မရှိ သွားရတဲ့ ဘဝ ကိ...
05/09/2024

ပိုက်ဆံတွေအများကြီး ရှာနိုင်ပြီး ကိုယ်လိုချင်တာတွေဝယ်နိုင်ပေမယ့် နေ့တိုင်း အလုပ်နဲ့ အိမ်နဲ့ပဲ ပိတ်ရက်မရှိ သွားရတဲ့ ဘဝ ကို လိုချင်လား?

ဒါမှမဟုတ်

ပိုက်ဆံတွေမရှိပေမယ့် လွတ်လပ်ပေါ့ပါးပြီး လုပ်ချင်တာလုပ်လို့ရတဲ့ဘဝကိုလိုချင်လား?

ပိုက်ဆံလည်းရှာချင်တယ် လုပ်ချင်တာလဲလုပ်ချင်တယ်ဆိုရင်တော့ အောက်က ပုံထဲကလို digital nomad လုပ်ပါ

Digital nomad အကြောင်းသင်ဘာတွေသိပြီးပြီလဲ?

White collar movie review မဟုတ်ပါ 😜White collar job လုပ်တဲ့သူတွေအပြောခံရတာတစ်ခုကကြည့်ရတာလွယ်လွယ်လေးနဲ့ ဝင်ငွေများတယ်ဆိုတ...
03/09/2024

White collar movie review မဟုတ်ပါ 😜

White collar job လုပ်တဲ့သူတွေအပြောခံရတာတစ်ခုက
ကြည့်ရတာလွယ်လွယ်လေးနဲ့ ဝင်ငွေများတယ်ဆိုတာပါ

Work from home လုပ်တဲ့သူတွေဆို ပိုဆိုးပါတယ် အပြင်ကသူတွေအမြင်မှာ တစ်နေကုန် နားလိုက်ဖုန်းလေးကြည့်လိုက်နဲ့ ပြီးသွားတယ် ထင်တတ်ကြပါတယ်

အချိန်တွေပိုနေလို့ တခြားတခုခုပါလုပ်လို့ တူတူနေတဲ့ မိဘတွေပြောကြတာလဲကြားဖူးမှာပါ

တစ်ကယ်တော့ white collar အလုပ်တော်တော်များများက ခေါင်းထဲမှာလုပ်ကြရတာများပါတယ် decision တစ်ခုချမယ်ဆို ခေါင်းထဲမှာ အရင် debate ဖြစ်ပါတယ် အဆင့်ဆင့်ပြီးတော့မှ execute လုပ်တဲ့ process က မြန်တာဖြစ်ပါတယ် ဒီလို brain ထဲမှာ အလုပ်လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့က တခြား physical လမ်းလျောက်တာတို့ သစ်ပင်ရေလောင်းတာတို့လဲလုပ်နိုင်ကြပါတယ်

ဒီတော့ white collar တစ်ယောက် အလုပ်ချိန်ကြီး တခြားတခုလုပ်နေရင် အပြစ်တင်မစောဖို့ ပြောချင်ပါတယ် 😜

ပြသနာတွေကို ရှိရင်းစွဲထက် ကြီးပြီးမြင်တာ ဘာကြောင့်လဲလူတိုင်း ပြသနာကြုံနေရတဲ့အချိန်ရှိဖူးမှာပါ အဲ့အချိန်အတွင်းမှာ တခြားဘာ...
02/09/2024

ပြသနာတွေကို ရှိရင်းစွဲထက် ကြီးပြီးမြင်တာ ဘာကြောင့်လဲ

လူတိုင်း ပြသနာကြုံနေရတဲ့အချိန်ရှိဖူးမှာပါ အဲ့အချိန်အတွင်းမှာ တခြားဘာကိုမှမမြင်နိုင်ပဲ ဒီပြသနာကိုပဲစိတ်ရောက်နေတတ်ဖူးကြမှာပါ

နောက်ပိုင်း ပြသနာပြေလည်သွားပြီး အတော်ကြာမှ ဒီပြသနာအကြောင်းကို ဟာသအဖြစ်ပြန်ပြောင်း ပြောတတ်ကြပါတယ်

ဒီလို ပြသနာတွေကိုရှိရင်းစွဲထက် ပိုပုံဖော်ပေးတာက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကြောင့်ပါ ဒီပြသနာအကြောင်းကို လိုတာထက်ပိုတွေးနေမိတာ ကိုယ့် စိတ်ထဲမှာတင်ကိုယ် အခြေအတင်တွေဖြစ်နေတာမျိုးကြုံဖူးမှာပါ

မိမိစိတ်ကပဲမိမိကို ပို ပင်ပန်းစေပါတယ် ဒီလိုအချိန်မျိုးတွေမှာ ပြသနာအကြောင်းအရမ်းမတွေးတော့ပဲ စိတ်သက်သာရာရစေမယ့် Activity တစ်မျိုးလုပ်တာ ပြသနာရဲ့အရင်းခံ နဲ့ ဆက်သွယ်အဖြေရှာတာ တွေလုပ်သင့်ပါတယ်

31/08/2024

သိန်း ၁၀၀ 😮

ပန်းတိုင် တစ်ခုရောက်အောင် ကြိုးစားနေကြတဲ့ လူငယ်တွေအနေနဲ့ ကြိုးစားနေတဲ့ လမ်းတစ်လျောက်မှာ ကြိုးစားမှုတွေအရာမထင်လာတဲ့အခါ ၊ ...
28/08/2024

ပန်းတိုင် တစ်ခုရောက်အောင် ကြိုးစားနေကြတဲ့ လူငယ်တွေအနေနဲ့ ကြိုးစားနေတဲ့ လမ်းတစ်လျောက်မှာ ကြိုးစားမှုတွေအရာမထင်လာတဲ့အခါ ၊ အကြိမ်ကြိမ်လဲပြိုပြီးနောက်မှာ ပင်ပန်းပြီး လက်လျော့လိုက်ဖို့ စဥ်းစားမိဖူးကြမှာပါ

အဲ့ဒီအခါ အောက်ကစာကြောင်းလေးလို တွေးကြည့်ပါ အိမ်မက်ကြီးကြီးမက်လေလေ ပိုခက်လေလေပါပဲ

ကိုယ့် ပန်းတိုင်က ကြီးမားနေရင် လုံလောက်တဲ့ ကြိုးစားမှုထုတ်ရမှာပါပဲ

ဒီတော့ အခက်ခဲ တွေကြုံတဲ့အခါ ပန်းတိုင်ရောက်ဖို့ လမ်းပေါ်ရောက်ပြီစဥ်းစားပြီး အားမလျော့ပဲဆက် ချီတက်ပါ

အရာရာက လွယ်ကူရိုးရှင်းပြီး လူတိုင်းလုပ်နိုင်နေရင်
ကိုယ့်ပန်းတိုင်က တန်ဖိုးရှိတော့ပါဦးမလား

Can you find me?
28/08/2024

Can you find me?

Global UGRAD Pakistan 2025 in the USA | Fully Funded | USA Exchange Program

Apply here: https://tinyurl.com/47r6uw63?utm_source=facebook&utm_medium=facebook&utm_campaign&utm_content=ap_dkukurxiek

Benefits:
• Full tuition fee coverage for the selected participants.
• Cost of travel to and from the United States.
• Health insurance.
• A living stipend for the duration of the UGRAD exchange program 2025.
• Food and accommodation.
• A fully funded exchange opportunity for international students to visit the United States for free.

Deadline: 25 September 2024

For more internships and scholarships, visit:
https://www.opportunitiescircle.com/?utm_source=facebook&utm_medium=facebook&utm_campaign&utm_content=ap_tzppmfpwwo

26/08/2024

US sushi experience with japanese friends

24/08/2024

US မှာ စစ ရောက်ခါစ ပထမ အပတ် ပျော်ရွှင်တာ စိတ်ရှုပ်တာ အားလုံးပေါင်းစုံတဲ့အချိန်ပါပဲ

မြန်မာပြည်မှာ Covid နောက်ပိုင်း ဘယ်လူအသစ်နဲ့မှ ၂ နှစ်လောက် စကားမပြောခဲ့တာကနေ လူအရောက် ၅၀ လောက်နဲ့ ချက်ချင်းကြီး မိတ်ဖွဲ့ရတဲ့ အချိန်ပေါ့

အဆောင် ကျောင်း အကုန်လုံး ရော school tour တွေ time table အမှီပြေးရတာတွေရောနဲ့ ပင်လည်းပင်ပန်း ပျော်လည်းပျော်ရတဲ့ အပတ်ပါပဲ

မေ့မရမယ့် US က $50 steak ribsUS airport မှာ Austin ကနေ LA သွားမယ့် transit စောင့်နေတုန်း ဗိုက်ဆာလာတော့မှ သတိရတယ် အိမ်ကထွ...
22/08/2024

မေ့မရမယ့် US က $50 steak ribs

US airport မှာ Austin ကနေ LA သွားမယ့် transit စောင့်နေတုန်း ဗိုက်ဆာလာတော့မှ သတိရတယ် အိမ်ကထွက်လာထဲက ဘာမှမစားလာခဲ့တာ

တစ်မြို့ပြီး တစ်မြို့ပြောင်းနေတော့ နာရီတွေလဲ လှည့်ပြီး အချိန်တိုက်ရလွန်းလို့ ဘယ်အချိန်မှန်းမသိတော့ဘူး ပြန်တွက်ကြည့်မှ အစာချိန်ကိုတော်တော်လွန်နေပြီ

ဂျပန်ကထွက်လာတော့လဲ ၂၇ ရက်နေ့ လေယာဥ် ၁၇ နာရီလောက်စီးပြီး US ရောက်ပြန်တော့လဲ ၂၇ ရက်ဆိုတော့ တော်တော် မျက်စိလည်ရတယ်

ဒါနဲ့ US လေဆိပ်မှာ card ထဲ လိုလိုမယ်မယ်ချန်ထားတဲ့ ဒေါ်လာ ၅၀ နဲ့ steak တစ်ပွဲမှာလိုက်တယ် (မှာတာကဖုန်းကမှာရတာပါ waiter မရှိပါ ဖုန်းနဲ့ပဲတစ်ခါထဲရှင်း ပြီးမှ ကိုယ်ထိုင်တဲ့နေရာ လာပို့တာ)

ဗိုက်ဆာဆာနဲ့ ribs တစ်ပွဲလုံးကို ၁၂ မိနစ်နဲ့ကုန်အောင်စားရတာပါ connecting flight က ၁၅ မိနစ်ဆိုထွက်တော့မှာ

ဒီ steak လောက်အရသာရှိတဲ့ ဟင်းပွဲ နောက်စားမိနိုင်ဖို့မသေချာပါ
အရသာထက် ဗိုက်ဆာပင်ပန်းနေတဲ့အချိန် card ထဲ ပိုက်ဆံမကျန်လောက်ဘူး ထင်တဲ့အချိန်မှာ မမျှော်လင့်ပဲ စားရလို့ပို အရသာကောင်းသွားတယ်

US ကအပြန်မှာ key takeaway က Gift တွေမဟုတ်ပါဘူး ဒါပေမယ့် တန်ဖိုးအများကြီး ပိုရှိတာကို ရလာခဲ့တယ်Comfort zone က ထွက်ဆိုတာ တ...
22/08/2024

US ကအပြန်မှာ key takeaway က Gift တွေမဟုတ်ပါဘူး ဒါပေမယ့် တန်ဖိုးအများကြီး ပိုရှိတာကို ရလာခဲ့တယ်

Comfort zone က ထွက်ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကို challenge လုပ်ခိုင်းတာပါ မတူညီတဲ့ skill တွေဆိုတာ နယ်ပယ်အသစ်ရောက်မှ ရမှာမဟုတ်လား
ဒီနည်းတူပါပဲ

US မှာ တစ်ယောက်ထဲ survive လုပ် ဘယ်မှမသွားပဲ အခန်းထဲအောင်းနေတဲ့ ကာလ ကနေ US တစ်နိုင်ငံလုံး
အရှေ့ဘက် အစွန်ဆုံး New York က နေ အနောက်ဖက်အစွန်ဆုံး Los Angeles ထိ တစ်ယောက်ထဲလျောက်သွား ခဲ့တာ Comfort Zone ထဲက ထွက်ခဲ့တဲ့အကျိုးကျေးဇူးပါ

US မှာ extrovert တွေများပါတယ် introvert ဖြစ်နေလဲ လာကူညီမယ့်သူမရှိပါဘူး ဒီတော့အစစ အရာရာ သိနေတတ်နေအောင်လုပ်ရပါတယ် Banking လုပ်တာ, ကားမောင်း လိုင်စင်လုပ်တာ, သူတို့ရဲ့ Gun law တွေအကြောင်း ဒါတွေအကုန်သိအောင်လုပ်ရပါတယ်

ဒီလိုတွေလုပ်ရင်းကနေ လူတွေနဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံလာရတယ် ဒီကနေတဆင့် connection တွေရပြီး ခရီးသွားတဲ့ မြို့တွေမှာ အလကား ဝင်တည်းနိုင်တဲ့ လူပေါင်းဆံ့လာတယ်
သူများတွေ ကားခ ဒေါ်လာ ၃၀၀ လောက်ကျမယ့် ခရီးမှာ ကိုယ့် သူငယ်ချင်းက အလကား လိုက်ပို့တယ်

US က opportunityတွေများတဲ့ တိုင်းပြည်ပါ ဒါပေမယ့် ကိုယ်က ကိုယ်ရခွင့်ရှိတဲ့ အခွင့်ရေးတွေကိုတော့ နော်ကြေနေမှရပါမယ်

US က takeaway ရလာတဲ့ Gift က ဘဝနေနည်းပါပဲ မိမိကိုယ်ကို ပြန် ရှာဖွေ ဆန်းစစ်ခြင်းပါ အသွားခရီးနဲွ အပြန်ခရီးမှာ မတူတော့ပါဘူး

Starbuck မှာ နာမည် မှားရေးရင် မပြောရဲတဲ့သူကနေ cookie အဆစ်တောင်းတတ်သူဖြစ်လာပြီ
Airline က date မှားဖြတ်လို့ Los Angeles မှာ 3 stars Hotel တစ်ညစာနဲ့ တစ်မြို့လုံးလျောက်ပတ်တတ်တဲ့သူဖြစ်လာပြီ
၁၇ နာရီကြာမယ့် လေယာဥ်ပေါ်မှာ လေယာဥ်မယ်နဲ့ လူပေါင်းဆံ့လို့ free upgrade ရတဲ့သူဖြစ်လာပြီ

Keytakeaway က Gift တွေမဟုတ်ပါဘူး ကိုယ့်ကိုယ်ကို ပြန် ရှာဖွေတွေ့ရှိခြင်းပါပဲ

ငယ်ငယ်က ဆင်းဆင်းရဲရဲနေခဲ့ရတယ်အများကြီးကြိုးစားပြီး အခက်ခဲတွေအများကြီး ကြုံပြီး နောက် အခုတော့ ... အသက်မငယ်တော့ဘူး 😆When I...
21/08/2024

ငယ်ငယ်က ဆင်းဆင်းရဲရဲနေခဲ့ရတယ်
အများကြီးကြိုးစားပြီး အခက်ခဲတွေအများကြီး ကြုံပြီး နောက် အခုတော့ ...
အသက်မငယ်တော့ဘူး 😆

When I was Young, I was broke.
After many years of hard work and dedication.
Now,

I am no longer young. 😆

21/08/2024

လေ့ကျင့်ခန်းလုပ်ဖို့ တစ်နေ့ ၁ နာရီပဲကြာတယ်
ဒါပေမယ့်ကိုယ့် ကျန်းမာရေးကို အများကြီးအထောက်ကူဖြစ်တယ်

နောက်တစ်နေ့စာအတွက်အချိန်စီမံခန့်ခွဲဖို့ မိနစ် ၃၀ လောက်ကြာတယ်
ဒါပေမယ့် တစ်နေကုန် ဘာလုပ်ရမလို့
လမ်းပျောက်မနေတော့ဘူး

စာအုပ်တစ်အုပ်ပြီးဖို့ ၅ နာရီလောက်ကြာတယ်
ရလာတဲ့ပညာတွေကတော့
မသေမချင်းသုံးလို့တယ်

Skill အသစ်တစ်ခုသင်ဖို့ ၃ လကနေ ၆ လကြာတယ်
ဒါပေမယ့် သိန်းပေါင်းများစွာပြန်ရှာပေးနိုင်တယ်

ဘာလေးပဲလုပ်လုပ် ရေရှည်အကျိုးဆက်ကို
မြင်အောင်ကြည့်တတ်ဖို့လိုတယ်

Credit

US မှာ တုန်းက ကိုယ့်ရဲ့အသုံးစရိတ် ဒါက shopping တစ်ခါထွက်စာ ဒီနေ့ညနေမှာ US မှာကြုံတွေ့ခဲ့တဲ့ life changing experience ကို...
20/08/2024

US မှာ တုန်းက ကိုယ့်ရဲ့အသုံးစရိတ်
ဒါက shopping တစ်ခါထွက်စာ
ဒီနေ့ညနေမှာ US မှာကြုံတွေ့ခဲ့တဲ့ life changing experience ကို တင်ပေးပါမယ်

Privilege ဖြစ်တယ် ဆိုတိုင်းမကောင်းတာမဟုတ်ပါဘူးတချို့ privilege တွေက လူတိုင်း ကြိုးစားလုပ်ယူလို့ရတဲ့ အရာတွေရှိပါတယ်
20/08/2024

Privilege ဖြစ်တယ် ဆိုတိုင်းမကောင်းတာမဟုတ်ပါဘူး
တချို့ privilege တွေက လူတိုင်း ကြိုးစားလုပ်ယူလို့ရတဲ့ အရာတွေရှိပါတယ်

World Longest cable car and eating frog meat on Bana hill
18/08/2024

World Longest cable car and eating frog meat on Bana hill

🧑‍💻 Let's work together!⇁ [email protected]_______________________📱 Latest updates on my social medias⇁ Instagram ⇁ tiktok ⇁ face...

18/08/2024

သမ္မတေလာင်းဒေါ်နယ်ထရမ့် နဲ့ ကမ္ဘာ့အချမ်းသာဆုံး နည်းပညာရှင် အီလွန်မတ်စ် တို့ ရဲ့ ဆွေးနွေးပွဲ နောက်ဆုံး ပိုင်းပါ

အနာဂတ်ကမ္ဘာမှာ rockets ခရီးသွားပုံတွေ လျပ်စစ်ကားနည်းပညာတွေ စသဖြင့် ဗဟုသုတ ရစရာတွေအများကြီး ပါလို့ လူတိုင်း နားထောင်သင့်တဲ့ထဲပါပါတယ်

နောက်ဆုံးပိုင်းကိုတင်ပေးထားပါတယ် အပြည့်အစုံကို youtube မှာလဲ နားထောင်နိုင်ပါတယ်

16/08/2024

သမ္မတေလာင်းဒေါ်နယ်ထရမ့် နဲ့ ကမ္ဘာ့အချမ်းသာဆုံး နည်းပညာရှင် အီလွန်မတ်စ် တို့ ရဲ့ ဆွေးနွေးပွဲ တတိယ ပိုင်းပါ

အနာဂတ်ကမ္ဘာမှာ rockets ခရီးသွားပုံတွေ လျပ်စစ်ကားနည်းပညာတွေ စသဖြင့် ဗဟုသုတ ရစရာတွေအများကြီး ပါလို့ လူတိုင်း နားထောင်သင့်တဲ့ထဲပါပါတယ်

တတိယပိုင်းကိုတင်ပေးထားပါတယ် အပြည့်အစုံကို youtube မှာလဲ နားထောင်နိုင်ပါတယ်

15/08/2024

သမ္မတေလာင်းဒေါ်နယ်ထရမ့် နဲ့ ကမ္ဘာ့အချမ်းသာဆုံး နည်းပညာရှင် အီလွန်မတ်စ် တို့ ရဲ့ ဆွေးနွေးပွဲ ဒုတိယ ပိုင်းပါ

အနာဂတ်ကမ္ဘာမှာ rockets ခရီးသွားပုံတွေ လျပ်စစ်ကားနည်းပညာတွေ စသဖြင့် ဗဟုသုတ ရစရာတွေအများကြီး ပါလို့ လူတိုင်း နားထောင်သင့်တဲ့ထဲပါပါတယ်

ဒုတိယပိုင်းကိုတင်ပေးထားပါတယ် အပြည့်အစုံကို youtube မှာလဲ နားထောင်နိုင်ပါတယ်

15/08/2024

အမေရိကန် သမ္မတ လောင်း ဒေါ်နယ်ထရမ့် နဲ့ နည်းပညာဘီလီယမ်နာ အီလွန်မတ်စ် တို့ X platform ပေါ်က နေ တရင်းတနှီး စကားပြောခဲ့ကြပါတယ်

နည်းပညာပိုင်းရဲ့ ရှေ့အပြေးဆုံး သူလည်းဖြစ် အချမ်းသာဆုံးလည်းဖြစ်တဲ့ အီလွန်မတ်စ် နဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ ဟောင်းလဲဖြစ် လာမယ့် ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာနိုင်ခြေလည်း ရှိနေတဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ဒီစကားဝိုင်းမှာ ကမ္ဘာပေါ်က လက်ရှိအခက်ခဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားလို့ လူတိုင်းနားထောင်သင့်ပါတယ်

အီလွန်မတ်စ်က ဒေါ်နယ်ထရမ့်ကို ချီးကျူးပြောဆိုခဲ့ပြီး civilization အတွက်အရေးပါတဲ့သူလို့ ဒေါ်နယ်ထရမ့်ကို အမွှန်းတင်ခဲ့ပါတယ်

အမေရိကန်ရဲ့ စီးပွားရေး လူဝင်မှုကြီးကြပ်ရေးပြသနာ လက်ရှိကမ္ဘာ့ အခင်းအကျင်း ရာသီဥတုပြောင်းလဲမှုပြသနာ နြူကလီးယားအရေး AI နည်းပညာ စသဖြင့် စုံနေ
အောင်ပြောသွားတာကိုတွေ့ရပါတယ်

စုစုပေါင်း ၂ နာရီကြာတဲ့ ဒီဆွေးနွေးပွဲကို မိနစ် ၃၀ အပိုင်း ၄ ပိုင်းခွဲပြီး မြန်မာ English နှစ်ဘာသာနဲ့ လူတိုင်းနားထောင်နိုင်အောင် တင်ပေးသွားပါမယ်

လူတိုင်းအတွက် အကျိုးရှိလို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ပါ။

ဆီတန်းစီတာ ကန်တော်ကြီး တစ်ပတ်ပြည့်လို့ နောက် တစ်ပတ်တောင် ဖြစ်နေပြီ
15/08/2024

ဆီတန်းစီတာ ကန်တော်ကြီး တစ်ပတ်ပြည့်လို့ နောက် တစ်ပတ်တောင် ဖြစ်နေပြီ

ဒေါ်သိန်းတင်နှင့်သိမ်ဖြူလမ်း5ခွဆုံယာဉ်ကြောတွေကြပ်နေပါတယ်တခြားလမ်းကရှောမောင်းကြပါ။
14/08/2024

ဒေါ်သိန်းတင်နှင့်သိမ်ဖြူလမ်း5ခွဆုံယာဉ်ကြောတွေကြပ်နေပါတယ်တခြားလမ်းကရှောမောင်းကြပါ။

ဒေါ်လာစျေး ဘတ်စျေးတွေ အကုန်တက်နေတော့ ကိုယ် US မှာနေတုန်းက lifestyle ကို ပြန်စဥ်းစားမိပြီး အကုန် နှမြောမိတယ်US ၁ ဒေါ်လာတေ...
13/08/2024

ဒေါ်လာစျေး ဘတ်စျေးတွေ အကုန်တက်နေတော့ ကိုယ် US မှာနေတုန်းက lifestyle ကို ပြန်စဥ်းစားမိပြီး အကုန် နှမြောမိတယ်

US ၁ ဒေါ်လာတောင် ဒီနေ့ပေါက်စျေး ၇၀၀၀ ဆိုတော့ dollar mart မှာသွားဝယ်ရင်တောင် စျေးကြီးနေဦးမှာပဲ

အခုစျေးနဲ့တွက်ရရင်
Ramen တစ်ပွဲ ၂ သိန်း ($33)
Tequilla shot တစ်ခွက် ၁ သိန်း ($14)
Uber စီးရင် အနည်းဆုံး $20 ကနေ $300 အထိ
Mala Xiangguo တစ်ပွဲ ၁၀ သိန်း ($139)
ကစားကွင်းဝင်ခွင့် ၅ သိန်း ($69)
ကားငှားရင် တစ်နေ့ ၂၁ သိန်း ($300)
Hoodie တစ်ထည် ၅ သိန်း ($71) (student discount ပါပြီး)
တခုခုဖြစ်လို့ ambulance ခေါ်ကြေးက သိန်း ၁၀၀ ($1500) (မဖျားရဲဘူး)
Boba tea တစ်ခွက် ၄ သောင်း ($5.8)
And So On....

အဲ့ချိန်က ဘာမှမသုံးပဲသာ ခြစ်ကုပ်စုခဲ့ရင် 😁😁😁

" ကိုယ်လုပ်နိုင်စွမ်း ဘာမှမရှိတော့တဲ့ အရာတွေအပေါ်လိုက်ပြီး ပူပင်မနေပါနဲ့ "မင်းတို့က အဆင်ပြေနေတော့ ဒီလိုပြောနိုင်တာပေါ့လိ...
13/08/2024

" ကိုယ်လုပ်နိုင်စွမ်း ဘာမှ
မရှိတော့တဲ့ အရာတွေအပေါ်
လိုက်ပြီး ပူပင်မနေပါနဲ့ "

မင်းတို့က အဆင်ပြေနေတော့ ဒီလို
ပြောနိုင်တာပေါ့လို့ မထင်ပါနဲ့။

ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတဲ့အပေါ်မှာ
ဘယ်သူမှတော့ အဆင်ပြေမနေပါဘူး။

အဆင်ပြေ မနေကြောင်းကို
ထုတ်ပြောလို့လည်း သူများတွေ
စိတ်ညစ်ရတာပဲ အဖတ်တင်မှာမလို့
ထုတ်မပြော ကြတာပါ။

လူတန်းစား အားလုံးမှာက
သူ့ ဒုက္ခနဲ့သူပါပဲ။

ကိုယ်တွေရဲ့ အပြစ်ကြောင့်လည်း
မဟုတ်ပဲနဲ့ကို ဒုက္ခခံစားနေကြရတာ။

ဒါကြီးကို ဖြေရှင်းနိုင်တဲ့
အစွမ်းလည်း ကိုယ့်မှာ မရှိတော့တဲ့
အခါမျိုးကျတော့ ထိုင်ပြီး စိတ်ညစ်မယ့်
အတူတူ ထိုင်ပြီး Relax ပဲ လုပ်လိုက်ပါ။

ကိုဗစ်တုန်းကလည်း ကိုယ်ဘာမှ
မတတ်နိုင်တော့ Just sit back and relax
လုပ်ခဲ့ကြရတာပဲ။

အခုလည်း ဘာမှမတတ်နိုင်တော့
Sit back and relax ပဲပေါ့။

ပူနေလို့လည်း ပြသနာက
ပြီးမှ မပြီးသွားတာ။

ကျွန်တော်တော့ ကိုယ်လုပ်နိုင်စွမ်း
ဘာမှမရှိတော့တဲ့အရာတွေ
ကြုံလာတိုင်း ကိုယ်လုပ်နိုင်တာလေးတွေ
လုပ်ရင်း Just sit back and relax
နေပြီး ကိုယ့််စိတ်ကို ကိုယ်ပဲ
အနားပေးဖြစ်တော့တယ်။

ဒီတော့ when things are out of our control.
Just sit back and relax ပါမိတ်ဆွေတို့။

Crd Sint Nyi

I participated in this competition. Would you like to know more about progress? Can you guess which one is my design?
12/08/2024

I participated in this competition. Would you like to know more about progress? Can you guess which one is my design?

☀️ တန်ဖိုးသင့် အိမ်သုံး ဆိုလာဒရိုင်ယာဒီဇိုင်း ဆန်ခါတင်ပြိုင်ပွဲဝင်တွေရဲ့ ဖန်တီးမှုလက်ရာအချို့ကို ရင်ခုန်စွာ မျှဝေပေးလိုက်ပါတယ်။👏🏻

WWF-မြန်မာက ဦးဆောင်ကျင်းပတဲ့ တန်ဖိုးသင့် အိမ်သုံး ဆိုလာဒရိုင်ယာ ဒီဇိုင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်တွေထဲက အချို့ကို ဆန်ခါတင် ရွေးချယ်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ ကူညီကြီးကြပ်မှု၊ WWF-မြန်မာမှ ငွေကြေးထောက်ပံ့မှုနဲ့အတူ ဆိုလာဒရိုင်ယာတစ်လုံး လက်တွေ့ တည်ဆောက်စေခဲ့တာပါ။

🔊လက်ရှိမှာတော့ ဆန်ခါတင် ပြိုင်ပွဲဝင်တွေဟာ သူတို့ ပုံစံထုတ်ထားတဲ့ ဆိုလာဒရိုင်ယာတွေနဲ့ သတ်မှတ် စားသောက်ကုန်ဖြစ်တဲ့ ကြက်သွန်နီကို စမ်းသပ် အခြောက်ခံမှု ပြုလုပ်နေကြပြီး မကြာခင်မှာ အနိုင်ရရှိတဲ့ဒီဇိုင်းကို ရွေးချယ်ပေးသွားတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ပေးကြပါဦးနော်။ 🤩🙌🏻

နိုင်ငံတစ်ဝှမ်းမှာ ဆိုလာဒရိုင်ယာ နည်းပညာကျယ်ပြန့်စွာ အသုံးချနိုင်ဖို့နဲ့ ကျေးလက်နေလူထုရဲ့ စိုက်ပျိုးသီးနှံ အခြောက်ခံစနစ်ကို မြှင့်တင်နိုင်ဖို့ အားလုံး အတူပါဝင်လိုက်ကြရအောင်။ 🙌🏻✨

Check out the incredible creations from our shortlisted contestants in the 'Cost-Effective Household Solar Dryer Design Contest'! 👏🏻

A few designs were shortlisted nationwide in the first round. With one-on-one coaching from solar drying experts and financial support from WWF-Myanmar, our contestants constructed their functional solar dryers!

These dryers are now being tested with onions. The results will be reviewed by our judges, who will assess them for dryness, texture, and quality. The winner will be announced soon! 🏆

Together, let’s promote solar drying systems and help improve agricultural drying methods in rural communities! ☀️

၂၀၂၄ မှာအသက် ၂၀ ကျော်ဖြစ်ခြင်းဟာပင်ပန်းစရာကောင်းပါတယ် လုပ်ငန်းတစ်ခုပဲစရမလားအလုပ်ထွက်ရမလားမာရသွန်ပြေးရမလားအရာတိုင်းကနေအနာ...
12/08/2024

၂၀၂၄ မှာအသက် ၂၀ ကျော်ဖြစ်ခြင်းဟာပင်ပန်းစရာကောင်းပါတယ်

လုပ်ငန်းတစ်ခုပဲစရမလား
အလုပ်ထွက်ရမလား
မာရသွန်ပြေးရမလား
အရာတိုင်းကနေအနားယူပြီးကျန်တဲ့ဘဝကိုတောထဲမှာကုန်ဆုံးရမလား
ဧဝရက်တောင်ကိုတက်ရမလား
Youtube channel ကိုစဖွင့်ရမလား

ဒီရက်ပိုင်း American lifestyle ကို မဆီမဆိုင် သတိရနေတယ် အိမ်လွမ်းတာပဲကြားဖူးတာ ဒီလိုလွမ်းတာတော့ အခုမှပဲကြုံဖူးတယ် Chamber...
11/08/2024

ဒီရက်ပိုင်း American lifestyle ကို မဆီမဆိုင် သတိရနေတယ်

အိမ်လွမ်းတာပဲကြားဖူးတာ ဒီလိုလွမ်းတာတော့ အခုမှပဲကြုံဖူးတယ် Chamber of reflection နားထောင်ရင်း American တွေရဲ့ တစ်နေ့တာကုန်ဆုံးပုံတွေကို ပြန်မြင်ယောင်လာတယ်

Rodeo ကျွဲဝှေ့ပွဲတွေ American football လူဝှေ့ပွဲတွေ Bad bunny show ပွဲ circus ပွဲတွေ သူနေတဲ့ပြည်နယ်ကလွဲပြီး အပြင်ကို မရောက်ဖူး/မထွက်ချင်တဲ့ American တွေ... in fact, so many things to miss indeed

Address


Website

Alerts

Be the first to know and let us send you an email when Myat ryan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat ryan:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share