Phyo Kyaw Zin Thant

  • Home
  • Phyo Kyaw Zin Thant

Phyo Kyaw Zin Thant This page give you some experience, knowledge and emotional thoughts. It is mainly for young people who want to develop it.

02/02/2021

ကိုယ် Control လုပ်လို့မရတဲ့ အရာတွေအတွက် သည်းခံပေးထားပါ။

သည်းခံတာဟာ အရှုံးပေးခြင်းမဟုက်ပါ။

ကိုယ် Control လုပ်လို့ရတဲ့ အရာတွေကိုပဲ အကောင်းဆုံး လုပ်ဆောင်ကြပါ။

ပါးနပ်ကြပါ။

30/01/2021

စာမဖတ်ကြလို့ စာကြည့်တိုက်တွေ ပိတ်ထားတာလား?
စာကြည့်တိုက်တွေပိတ်ထားလို့ စာမဖတ်ကြတာလား?
--------------------------------------------------------------
ကလေးငယ်တွေအတွက် စာဖတ်တဲ့အလေ့အကျင့်ကောင်းကို ဘယ်လိုမွေးမြူပေးသင့်လဲ?
ပိုကောင်းတဲ့ နည်းလမ်းတွေကိုလည်း ဖြည့်စွက်အကြံပြုရေးခဲ့ဖို့ တောင်းဆိုပါတယ်။

ကျွန်တော့်မိတ်ဆွေများထဲမှ ကံထူးသူများ ပေါ်ထွက်လာပါပီ။အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းBirthday Giveaway အစီအစဥ်လေးမ...
22/01/2021

ကျွန်တော့်မိတ်ဆွေများထဲမှ ကံထူးသူများ ပေါ်ထွက်လာပါပီ။

အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း

Birthday Giveaway အစီအစဥ်လေးမှာပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေ တိုးလို့ပိုင်ဆိုင်နိုင်ကြပါစေ။

21/01/2021
ဘယ်သူတွေဖြစ်မလဲ?Jan 21, 4pm တွင် ပါဝင်ခွင့်စာရင်း ပိတ်မှာဖြစ်ပြီးည 9pm မှာ ကံထူးသူ (၅)ဦးကို မဲနှိုက်ရွေးချယ်ပါမယ်။Good ...
19/01/2021

ဘယ်သူတွေဖြစ်မလဲ?

Jan 21, 4pm တွင် ပါဝင်ခွင့်စာရင်း ပိတ်မှာဖြစ်ပြီး
ည 9pm မှာ ကံထူးသူ (၅)ဦးကို မဲနှိုက်ရွေးချယ်ပါမယ်။

Good Luck
See you on Thursday

သွားတိုက်ဆေးကြော်ငြာဖို့ မမေ့ပါနဲ့ 😁 Every smile makes you a day younger.-Chinese Proverb
13/01/2021

သွားတိုက်ဆေးကြော်ငြာဖို့ မမေ့ပါနဲ့ 😁


Every smile makes you a day younger.
-Chinese Proverb

09/01/2021

ပဲခူးရိုးမသို့ စာကြည့်တိုက်အလှူ
Eps-2

26/12/2020

သူတို့ဆီမှာရှိတက်ကြသော တူညီမှုလေး



19/12/2020

အဆောက်အဦးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ M&E services လုပ်ငန်းများကို စိတ်၀င်စားသူ ကျောင်းပြီးစ အင်ဂျင်နီယာများ၊ M&E နယ်ပယ်ထဲကို ၀င်ရောက်လုပ်ကိုင်လိုသော မိတ်ဆွေများအားလုံးအတွက်ဖြစ်ပါတယ်။

Smiling can make you and others happy.                           – Roy T. Bennett
16/12/2020

Smiling can make you and others happy.
– Roy T. Bennett

12/12/2020

သာမန်လူအဖို့ အချိန်တိုင်းမှာ အကျိုးရှိတာတွေပဲလုပ်နေဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး...

ဒါပေမယ့်...

တစ်နေ့တာရဲ့ အချိန်အများစုမှာ ဒီအရာ(၅)ခုထဲက တစ်ခုခုတွေကိုလုပ်ရင်းနဲ့ အချိန်ကုန်နေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပေးလိုက်ပါ...
(အချိန်အများစုတော့ဖြစ်ရပါမယ်)

ပိုကောင်းတဲ့ အခြေအနေတစ်ခု ပိုင်ဆိုင်နိုင်ပါစေ...

05/12/2020

ကူပြောပေးမယ် တချို့သော အိမ်ကလူကြီးတွေကို

28/11/2020

လုပ်ငန်းခွင်၀င်စ လူငယ်များအတွက် အကြံပြုချက် (၃)ခု

24/11/2020

အင်ဂျင်နီယာ အလုပ်အကိုင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်
👇👇👇
လူနေအဆောက်အဦးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ M&E Services (သို့) MEP Services များအကြောင်းကို စိတ်ဝင်စားတဲ့သူများရှိပါသလား။

M&E Services လုပ်ငန်းတွေဆိုတာ အကြမ်းအားဖြင့် ခက်လွယ်လွယ်ပြောရရင်
🚽ရေဆိုး၊ 🚰ရေသန့်ဆိုင်ရာလုပ်ငန်း
💨 အဲယားကွန်းလုပ်ငန်းဆိုင်ရာ
🧯မီးငြိမ်းသက်ခြင်းဆိုင်ရာလုပ်ငန်း
💡လျှပ်စစ်သွယ်တန်းမှုဆိုင်ရာလုပ်ငန်း အကြောင်းတွေဖြစ်ပါတယ်။

✅ ဘယ်လမ်းကြောင်းရွေးရမှန်းမသိ အခက်တွေ့နေတဲ့အင်ဂျင်နီယာကျောင်း ပြီးစလူငယ်များ
✅ နည်းပညာကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့ ညီငယ်၊ ညီမငယ်များနဲ့
✅ အင်ဂျင်နီယာမဟုက်ပဲ အသက်မွေးဝမ်းကြောင်းပညာတစ်ခုအဖြစ် လေ့လာ လုပ်ကိုင်လိုတဲ့သူတွေအားလုံးအတွက် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပါတယ်။

M&E services နဲ့ပတ်သက်တဲ့ Intro video လေးလုပ်ပေးဖို့ရှိပါတယ်။
စိတ်ဝင်စားရင် ပြောခဲ့ (မန့်ခဲ့)ပေးပါ။ လိုအပ်သူများအတွက် မျှဝေပေးခြင်းဖြင့်လည်း ကူညီပေးစေချင်ပါတယ်။

21/11/2020

ညီလေးငယ် ယဥ်ကျေးဖွယ် အမူအကျင့်ဆိုတာ

14/11/2020

ငယ်ဆရာနှင့် လက်ညှိုးလက်မပုံပြင်

You should try to remove bad habits so please try to watch this video.

မီးပျက်တဲ့ရလဒ်--------------ကျွန်တော့်ရဲ့ ညတိုင်းဖြတ်သန်းနေကျပုံစံအများစုက မိသားစုနဲ့ ညစာစားပြီးတာနဲ့ ကွန်ပျူတာရှေ့မှာထိ...
12/11/2020

မီးပျက်တဲ့ရလဒ်
--------------
ကျွန်တော့်ရဲ့ ညတိုင်းဖြတ်သန်းနေကျပုံစံအများစုက မိသားစုနဲ့ ညစာစားပြီးတာနဲ့ ကွန်ပျူတာရှေ့မှာထိုင်ပြီး လုပ်စရာရှိတာတွေနဲ့ လုပ်ချင်တာတွေကို မအိပ်ခင်ထိလုပ်လေ့ရှိတာပါပဲ။

အဖြစ်အပျက်က မနေ့ညက...
(၇)နာရီဝန်းကျင်လောက် မမျှော်လင့်ဘဲ မီးပျက်သွားတော့ ဖယောင်းတိုင်ထွန်းပြီး ညစာစားခဲ့ရတယ်။ ခဏနေရင် မီးပြန်လာမယ်လို့ထင်ခဲ့ပေမယ့် စားပြီးတဲ့အချိန်ထိ ပြန်မလာခဲ့ဘူး။

အဲ့ဒါနဲ့ Laptop မှာရှိတဲ့ Battery အားလေးနဲ့ လုပ်စရာရှိတာကို ရသလောက်လုပ်မယ်ဆိုပြီး ဖွင့်ကြည့်လိုက်တယ်။ နေ့ခင်းက အားမသွင်းပဲ သုံးထားတော့ Laptop ရဲ့Battery အားက 13% ပဲကျန်တယ်။ (ကွက်တိ Unluckly Number ပဲ)

မီးပျက်တော့ Wifi လည်းဘယ်ရတော့မလဲ။ Wifi နဲ့ပဲသုံးနေကျဆိုတော့ ခုမီးပျက်တဲ့ခဏလေးမှာ Internet ဖွင့် ဖုန်းဘေလ်အကုန်ခံပြီး ဖုန်းပွတ်ရအောင်လည်း အရေးတကြီးကိစ္စကမရှိပြန်ဘူး။ Internet / Wifi မရှိ၊ ကိုယ့်ရဲ့ဖုန်း၊ ကွန်ပျူတာတွေမှာ အားမရှိရင် လူပါ အားအင်ချိနဲ့လာသလိုလို၊ စိတ်ဓါတ်ပဲကျချင်လာသလိုလို၊ သိပ်အရေးပါတဲ့ အဟာရတစ်ခုလိုအပ်နေသလိုလို ဘာဖြစ်မှန်းမသိတာပဲ။

အရင်ညတွေဆို ကျွန်တော်အပါအဝင် ကျွန်တော့်ရဲ့ ညီ၊ ညီမတွေ အားလုံးက ကိုယ့်ကွန်ပျူတာ၊ ကိုယ့်ဖုန်းကိုယ်စီနဲ့ ဖန်သားပြင်ထဲက အကြောင်းအရာတွေအတွက်ပဲ အချိန်ပေးဖြစ်တာများတယ်။ မီးပျက်လို့ လုပ်နေကျအရာတွေမလုပ်ရတော့ နေရတာတစ်မျိုး။ အီနားရှားသဘောလို ဖြစ်နေတာ (လုပ်နေကျအရာတွေကို ဆက်လုပ်ချင်နေတာ)။

အမှန်တိုင်းပြောရရင် မီးပျက်တော့ လုပ်ရမယ့်အရာတစ်ချို့နောက်နှေးသွားတဲ့အတွက် စိတ်ပူမိတယ်၊ ဒေါသဖြစ်မိတယ်။ မီးပျက်ရကောင်းလားပေါ့။ ဒီအခြေအနေမှာ ဘာလုပ်ရမှန်းမသိ မီးမှောင်နေတဲ့ အခန်းထဲလည်း မနေချင်တာအမှန်။

ညဦးရဲ့ရာသီဥတုအခြေအနေက သာယာနေတယ်။ ကျွန်တော်အကြံတစ်ခုရသွားတယ်။ ဖုန်းနဲ့မျက်နာနဲ့ဟက်နေတဲ့ ညီ၊ ညီမတွေရော၊ ကျွန်တော့ အလုပ်စားပွဲရှေ့မှာ ငေါင်စွေစွေထိုင်နေတဲ့ ကျွန်တော့်ရဲ့အဖေကိုပါခေါ်ပြီး ခြံရှေ့ကမြေကွက်လပ်ဆီ သွားကြဖို့ ဆော်ဩပေးလိုက်တယ်။

ပြီးတော့ ကျွန်တော်ကိုယ်တိုင် စတိုးဆိုင် (g&g Convenience Store) ကနေ သူတို့အတွက်မုန့်တွေနဲ့ အအေးတွေသွားဝယ်လိုက်တယ်။ ကျွန်တော်ပြန်လာတော့ သူတို့အားလုံး မြေကွက်လပ်ဆီ ရောက်နှင့်နေကြပီ။

ကျွန်တော်တို့ စားပွဲလေးတစ်လုံးကိုအလယ်မှာထား၊ မုန့်တွေတင်ပြီး ခက်ခွာခွာဝိုင်းဖွဲ့ထိုင်ကြတယ်။ အအေးသောက်၊ မုန်းစားကြရင်း စကားတွေပြောကြတယ်။ အတိတ်ကကြုံခဲ့ဖူးတဲ့ ရယ်စရာအခိုက်အတန့်တွေကို တစ်ယောက်ကစလို့ တစ်လှည့်စီပြောကြတယ်။ ကျွန်တော့်အဖေလည်း လူငယ်တွေအားတက်သရော ရယ်မော ပြောဆိုနေတာမြင်တော့ သူလည်းပြုံးပြီး နားထောင်နေလေရဲ့။

အဲ့နေရာလေးက ကောင်းကင်ကိုမော့ကြည့်လိုက်ရင် အကာကွယ်မရှိ ကြယ်ကလေးအနည်းငယ်ကို လှမ်းမြင်ရတယ်။ ပတ်ဝန်းကျင်မှာလည်း ပန်းပင်လေးတွေရှိတယ်။

စကားပြောကြ ရယ်မောကြရင်း မရဖူးသေးတဲ့မွှေးရနံ့တစ်ခု သင်းလာတာကို အားလုံးသတိထားမိကြတယ်။ ဘယ်ပန်းက မွှေးရနံ့သင်းနေလည်းဆိုတာ ကျွန်တော်သိချင်သွားတယ်။ ဘာလို့ဆို နေ့ပိုင်းမှာ ခုလိုမွှေးရနံ့မျိုး တစ်ခါမျှမရဖူးလို့။ နောက်ဆုံးမှာတော့ မွှေးတဲ့ပန်းလေးကို ရှာတွေ့ခဲ့တယ်။ ညမှမွှေးတာဆိုတော့ ညမွှေးပန်းလို့ပဲခေါ်ရမလားမသိ အဖြူရောင်ပန်းပွင့်အသေးလေးတွေ။ ပိုလို့စိတ်ကြည်နူးရတယ်။

စားသောက်နေတုန်း ကိုယ်တော်ချောမီးက အဲ့တော့မှပြန်လာတယ်။ မီးလာတော့ ပတ်ဝန်းကျင်က မီးရောင်တွေလင်းကုန်တာပေါ့။ ကျွန်တော့်ညီ၊ ညီမတွေအားလုံးက "ဟာ!" ဆိုပြီး အသံထွက်လာတယ် (မီးပြန်လာတာကို မလိုလားတဲ့ အသံမျိုး)။

ကျွန်တော်ကိုယ်တိုင်လည်း မီးကိုပြန်မလာစေချင်သေးတာအမှန်။ ဘာလို့ဆို လျှပ်စစ်မီးရောင်မရှိပဲ ညရဲ့ကောင်းကင်ကြီးကို မြင်ရတဲ့အရသာက ခေတ်စကားနဲ့ဆို တော်မိုက်တယ်ပေါ့။ ပူပင်စရာတွေမတွေးပဲ သဘာဝနဲ့ထိတွေ့ရတဲ့ဒီအရာသာကို နှစ်သက်မိတယ်။ လုပ်စရာအလုပ်တွေ မလုပ်လိုက်ရပေမယ့် မိသားစုနဲ့ ကုန်သွားတဲ့အချိန်တွေအတွက် ကျေနပ်မိတယ်။

မီးပျက်သွားတယ်ဆိုတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့် "အခက်အခဲ" လေးတစ်ခုကနေ ကောင်းမွန်တဲ့ "အတွေ့အကြုံသစ်၊ ရသအသစ်" ကို ရစေခဲ့တယ်။ တစ်ဦးထက်ပိုတဲ့သူတွေကို ပျော်ရွှင်စေခဲ့တယ်။ မီးပျက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

အဖြစ်အပျက် = 10 %
တုံ့ပြန်မှု = 90 %

Sharing is caring

07/11/2020

Making your goals SMART

ကျွန်တော့်အိတ်ထဲက ပိုက်ဆံတစ်ထောင်ယူသွားတဲ့သူ---------------------------ည (၈)နာကျော်လောက်...ထုံးစံအတိုင်း ကျွန်တော်က ရွှေ...
31/10/2020

ကျွန်တော့်အိတ်ထဲက ပိုက်ဆံတစ်ထောင်ယူသွားတဲ့သူ
---------------------------
ည (၈)နာကျော်လောက်...
ထုံးစံအတိုင်း ကျွန်တော်က ရွှေဂုံတိုင်ကားမှတ်တိုင်ကနေ ရေတာရှည်လမ်းဟောင်းအတိုင်းလမ်းလျှောက်ပြန်လာခဲ့တယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ခက်လှမ်းလှမ်းကနေ ကြားနေမကျတဲ့ ဇာတ်မင်းသားလေသံမျိုး သဲ့သဲ့လေးကြားလိုက်တယ်။ အသံလာရာကိုလှမ်းကြည့်မိတော့ စက်ဘီးဟောင်းလေးရဲ့အနောက်ထိုင်ခုံမှာ လေးထောင့်ပုံ သစ်သားမုန့်ဗန်းတစ်ခုကိုတင်ပြီး တွန်းလာနေတဲ့ လူတစ်ယောက်။

အသံကထူးခြားတော့ သူဘာတွေလျှောက်အော်နေတာလဲဆိုပြီး စိတ်ဝင်တစားနားထောင်ကြည့်မိတယ်...
"အရမ်းပျော်တက်တဲ့ ပေါင်မုန်သည်လေးပါ ခင်ဗျာ...
အရမ်းပျော်တက်တဲ့ ပေါင်မုန့်သည်လေးပါ ခင်ဗျာ..." ဆိုပြီး ဇာတ်မင်းသားလေသံနဲ့ ပေါင်မုန့် လိုက်ရောင်းနေတာဗျ။ လူပုံစံ ဝတ်စားပုံက ခက်နွမ်းနွမ်းပေမယ့် သပ်သပ်ရပ်ရပ်ပါ။ ထူးခြားတဲ့သူ့ပုံစံက တစ်ကယ်ကို တက်ကြွပျော်ရွှင်နေတဲ့ဟန်။

ကျွန်တော်စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ ပေါင်မုန့်သည်ရှိတဲ့ဘက်ဆီ ပြေးသွားပြီး "အရမ်းပျော်တက်တဲ့ ပေါင်မုန့်သည် နေပါဦးဗျ" ဆိုပြီး ရယ်ရယ်မောမောနဲ့ သူ့ကိုလှမ်းခေါ်လိုက်တယ်။ သူလည်း ကျွန်တော့ခေါ်သံကိုကြားကြားချင်း စက်ဘီလေးကိုထောက်ပြီး ကျွန်တော်အလာကို ပြုံးပြီးစောင့်နေတယ်။

ကြည့်လိုက်တော့ ကြိုးသိုင်းပြီးအုပ်ထားတဲ့ဗန်းထဲမှာ ပေါင်မုန့်တုံး အတွဲလိုက်လေးတွေ။ ပေါင်မုန့်တုံးလေးတွေက လတ်ဆတ်နေတာ သိသာတယ်။ အဲ့ဒါနဲ့ ဝယ်ချင်တဲ့ စိတ်ဖြစ်သွားတယ်။

"တစ်တုံးဘယ်လောက်လဲ" လို့ ကျွတော်မေးတော့
"တစ်တုံးကို သုံးရာ၊ လေးတုံးတွဲကို တစ်ထောင်ပါ" လို့ ပြန်ဖြေတယ်။
"အဲ့ဒါဆို ကျွန်တော့်ကို လေးတုံးပေးဗျာ" လို့ပြောလိုက်တော့ ပေါင်မုန့်သည်က "အလယ်သားလေးတွေ အရမ်းကောင်းတယ်" ဆိုပြီး အလယ်က လေးတုံးကို ရွေးယူပြီး အိတ်ထဲထည့်ပေးတယ်။

ပြီးတော့ "ကျေးဇူးတင်ပါတယ်" ဆိုပြီး မုန့်အိတ်ကိုလှမ်းပေးတယ်။ ကျွန်တော့်ကိုအံ့အားသင့်စေတာက မုန့်အိတ်ကိုရိုးရိုးမပေးဘူး လက်နှစ်ဖက်နဲ့ကိုင်ပြီး ခါးလေးပါညွှတ်ပေးတာဗျ။ သူ့မျက်နှာလေးက ပြုံးရွင်လို့။ ဟန်ဆောင်ထားတာမတွေ့ရဘူး။ ကျွန်တော်လည်း သူ့ကိုထောင်တန်တစ်ရွက်ပေးပြီးလို့လှည့်အပြန်မှာ ပေါင်မုန့်သည်ဆီက မျှော်လင့်မထားတဲ့ဆုတောင်းစကားတစ်ခု ထပ်ကြားလိုက်ရတယ်... သူ့ရဲ့ စျေးဝယ်သူ (Customer) ကိုအကဲခတ်နိုင်တယ်ပဲပြောရမှာပေါ့... 😁
"အကိုလေး မိန်းမချောချောလေးရပါစေ" တဲ့ဗျာ... 😂
ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် အဲ့ဒီမှာတော်တော်ကြွေသွားတာပေါ့နော့်...။ ဘဝင်တွေလေဟက်သလို လမ်းလျှောက်ရတာ မြေနဲ့မထိသလိုမျိုး 😂😂😂

ဟုက်ပါတယ် သူရောင်းသွားတာ Customer Satisfaction အဆင့်ထိရောက်သွားလို့ပါ။ ဒီပစ္စည်း (ဒီ Product) အတွက် ငွေကုန်လိုက်ရလို့ Customer တစ်ယောက်အနေနဲ့ နောင်တရသွားတာမျိုး မဖြစ်ဘူး။ သူပေးလိုက်တဲ့ဝန်ဆောင်မှု (Service)က မျှော်လင့်မထားပဲရလိုက်တဲ့အတွက် ပိုလို့တောင် စိတ်ကျေနပ်မှုဖြစ်ခဲ့ရတယ်။...။
____________________________

အတူတူသုံးသပ်ကြည့်ရအောင်
--------------------------
ပုံမှန်အားဖြင့် ဒီအဖြစ်အပျက်လေးက အဆန်းတကြယ်မဟုက်ပါဘူး...
ဟာသသက်သက်လောက်ပါပဲ။ ဒါပေမယ့် ဒီပေါင်မုန့်သည်ဆီက ကျွန်တော်တို့ သင်ယူမယ်ဆိုရင် သင်ယူစရာရှိပါတယ်။

စီးပွားရေးရှုထောင့်ကကြည့်ရင်...
အရောင်းတစ်ခုဖြစ်ဖို့အတွက် AIDA Model ဆိုတာရှိပါတယ်။
* A = Attention (ပထမအဆင့် ကိုယ့် Product ကိုသတိပြုမိဖို့ပါ)
* I = Interest (ဒုတိယအဆင့် စိတ်ဝင်စားဖို့ပါ)
* D = Desire (တတိယအဆင့် အဲ့ဒါကို လိုချင်စိတ်ဖြစ်စေဖို့ပါ)
* A = Action (နောက်ဆုံးအဆင့်က ဝယ်ယူစေဖို့ပါ)
ပေါင်မုန့်သည်က ဒီအဆင့်(၄)ဆင့်ကို လုပ်နိုင်တဲ့အပြင် ကျွန်တော်လေ့လာနေတဲ့ စာတွေထဲမှာမတွေ့သေးတဲ့ ဝန်ဆောင်မှုတွေကိုပါသူပေးသွားခဲ့တယ်။ ကျွန်တော်သူ့ဆီက သင်ယူစရာတချို့ရလိုက်တယ်။

ကျွန်တော်တို့ ကုန်ပစ္စည်း ဒါမှမဟုက် ဝန်ဆောင်မှု (Product or Service) တစ်ခုခုကိုရောင်းတဲ့အခါ
* ဘယ်လို ရောင်းမလဲ?
* ဘယ်လို ဝန်ဆောင်မှုပေးမလဲ?
ဆိုတဲ့ ဒီနှစ်ချက်ကို Marketing Plan တစ်ခုအနေနဲ့ သေချာစဉ်းစားဖို့ သတိဝင်စေပါတယ်။

(လေ့လာသူတစ်ယောက်အနေနဲ့ ထင်မြင်ချက်ကို မျှဝေခြင်းသာ...
လက်ရှိကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းရဲ့ လျှပ်စစ်ဒီဇိုင်းအင်ဂျင်နီယာတစ်ယောက်ပါ။ ဒီဇိုင်းဖန်တီးတာအပြင် အဆောက်အဦးတစ်ခုလုံးရဲ့ လျှပ်စစ်နဲ့ ရေဆိုး၊ရေသန့်ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် တာဝန်ယူစီမံခန့်ခွဲမှုတွေပြုလုပ်ပါတယ်။ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဦးဆောင်စီမံခန့်ခွဲမှုပညာရပ်များကိုလည်း လေ့လာနေသူဖြစ်ပါတယ်။)

မေတ္တာဖြင့်
Sharing is caring

24/10/2020

ကျွန်တော့်မိတ်ဆွေအားလုံးဆီက တောင်းဆိုစရာလေးရှိပါတယ်

17/10/2020

နေရာတိုင်းမှာ တော်နေစရာမလိုဘူး
ဒါပေမယ့်...

14/10/2020

ကလေးမိဘထံသို့ ပြန်စာ
-----------------------------
၁၅နှစ်အောက် ကလေးအားလုံးကို ဖြစ်စေချင်ပါတယ်


10/10/2020

တုံ့ပြန်မှုက ၉၀% အရေးကြီးတယ်


03/10/2020

မျက်မမြင်ခြောက်ယောက်က ပေးတဲ့သင်ခန်းစာ


29/09/2020

ပြန်လိုချင်မိတယ်
---------------
ကလေးဘဝတုန်းက အမေချက်ကျွေးတဲ့လက်ရာလေးကို ဟိုဟင်း၊ ဒီဟင်းမစားချင်ဘူးလို့ ငြူဆူခဲ့ဖူးတယ်...
ဘဝအတွက်ကြိုးစားရလို့ ကိုယ်တိုင်ချက်စား၊ ဝယ်စားနေရတော့မှ အမေ့ရဲ့လက်ရာတွေက သိပ်အရသာရှိခဲ့မှန်း သိလိုက်ရတယ်...။

ငါးဟင်းချက်တိုင်း အမြှီးနဲ့ ခေါင်းပဲရွေးစားတက်တဲ့ အမေ့ကို ကြိုက်လို့စားတယ်လို့ပဲ ထင်ခဲ့တယ်...
အခုတော့သိခဲ့ရပီ အမေညာခဲ့တယ်ဆိုတာ...။

အမေခိုင်းတဲ့ အိမ်အလုပ်တွေ မလုပ်ချင်လို့ ငြူဆူခဲ့ဖူးတယ်...
ခုတော့ အလုပ်တာဝန်တွေကြားမှာ သား ပျော်အောင်နေနေရပီ...။

အိပ်ရာဝင်ရင် စောင်လေးကို အနားထားအိပ်ဖို့ မှာတဲ့ စကားကို သိပ်မကြိုက်ချင်ခဲ့ဘူး...
ခုများတော့ တစ်ရေးနိုးရင် စောင်ခြုံပေးတက်တဲ့ အမေ့ရဲ့မေတ္တာတွေကို နားလည်တက်နေပီ...။

အမေ့ရဲ့ အိမ်အိုလေးမှာနေခဲ့စဉ်က သူများတွေလို အိမ်ကောင်းကောင်းမှာ မနေရလို့ဆိုပြီး ငြူဆူချင်ခဲ့ဖူးတယ်...
အခုတော့ သား သိလိုက်ပါပြီ၊ အမေ့အိမ်အိုလေးလောက် ဘယ်နေရာကမှ နွေးထွေးမှုတွေ၊ လုံခြုံမှုတွေ မပေးနိုင်ဘူးဆိုတာ...။

တစ်ခါတစ်လေကျတော့လည်း သိပ်သတိရတယ်...
အမေနဲ့အတူရှိခဲ့တဲ့ အချိန်တွေရယ်၊ အမေ့ရဲ့ အိမ်အိုလေးရယ်ကိုပေါ့...။...။

(မိဘတွေကို ရှိနေတုန်းမှာ တက်နိုင်တဲ့ပုံစံနဲ့ တန်ဖိုးထားပေးနိုင်ဖို့ ရည်ရွယ်ပါတယ်)

26/09/2020

ပေတံ မတူတဲ့သူနှစ်ယောက်

19/09/2020

COVID-19 ကြောင့် ပူပန်နေပါသလား?

12/09/2020

ကျွန်တော့်လို အနီးမှုန် မဖြစ်စေလို


ပျော်ရွှင်မှုတွေ ရောက်လာဖို့------------------------လုပ်နေကျအရာတွေလုပ်ရင်း ပျင်းစရာကောင်းတဲ့ဘဝကြီးမှာ အလိုလိုနေရင်း ပျော...
05/09/2020

ပျော်ရွှင်မှုတွေ ရောက်လာဖို့
------------------------
လုပ်နေကျအရာတွေလုပ်ရင်း ပျင်းစရာကောင်းတဲ့ဘဝကြီးမှာ အလိုလိုနေရင်း ပျော်ရွှင်မှုတွေ ရောက်လာတယ်ဆိုတာ ကြုံရခဲပါတယ်...

ကံအားလျှော်စွာ ပျော်ရွှင်မှုနဲ့ တွေ့ကြုံခွင့်ရတာထက်...
"ပျော်ရွှင်မှုဆိုတာ အခက်အခဲတစ်ခုကို ဖြေရှင်းလိုက်တော့မှ ​ရောက်လာတာမျိုးပါ"...

(အခက်အခဲဆိုတာ လိုအပ်ချက်တွေဖြစ်နိုင်သလို ပြဿနာလို့ထင်ရတဲ့ စိန်ခေါ်မှုတွေလည်းဖြစ်နိုင်ပါတယ်)

better

05/09/2020

ခဏခဏကျတက်တဲ့ Motivation ကို ဒါလေးတွေနဲ့ ထိန်းထားလို့ရတယ်
better

Address


Website

Alerts

Be the first to know and let us send you an email when Phyo Kyaw Zin Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyo Kyaw Zin Thant:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share