Myanmar News

Myanmar News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar News, News & Media Website, .

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရိုက်ခတ်မှုနှင့် နိုင်ငံရေးမတည်ငြိမ် မှုများကြောင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ဆိုးရွားခဲ့သေ...
24/01/2022

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရိုက်ခတ်မှုနှင့် နိုင်ငံရေးမတည်ငြိမ် မှုများကြောင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ဆိုးရွားခဲ့သော မြန်မာ့စီးပွားရေးသည် ယခုနှစ်သစ် ၂၀၂၂ ခုနှစ်ထဲတွင်လည်း အဆိုးဆုံး အခြေအနေများကို ထပ်မံ ကြုံတွေ့လာရဖွယ်ရှိနေသည်။ ကျပ်ငွေတန်ဖိုးဟာ ၃၈ ရာနှုန်းလောက်ကျသွားတယ်။ ဒေါ်လာစျေး ၃၈ ရာနှုန်းတက်သွားတယ်။ပြည်တွင်းဘဏ်များထံမှ ငွေသားထုတ်ယူနိုင်မှု အကန့် အသတ်သည် အလုပ်တွေမရှိတော့ဘူး။ ဝင်ငွေတွေနည်းလာပြီဆိုရင် ရန်ကုန်လို မန္တလေးလို မြို့ပြတွေမှာ ဆင်းရဲမှုနှုန်းက အများဆုံးဖြစ်လာနိုင်တယ်။ အထူးသဖြင့်က ရန်ကုန်ပေါ့ ။ စိုက်ပျိုးရေးကဏ္ဍတွင်မူ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ အလုံအလောက်မရရှိတော့ခြင် ။
အရေးပေါ် ပိတ်ဆို့ဖို့ ၊ ဓာတ်ငွေ့လုပ်ငန်းတွေကို အရေးပေါ် ပိတ်ဆို့ဖို့ ပြည်သူများအတွက် အခက်အခဲများ ပိုမိုများပြားလာနိုင်မည်။ ပြည်သူ့ဘဝအတွက် ကောင်းကျိုးမဆောင်နိုင်ပါ။ ၎င်းပိတ်ဆို့အရေးယူမှုများသည် မြန်မာ့ပြည်သူအတွက် ကောင်းကျိုးများ တကယ်ရှိသလား။
ပြည်သူပြည်သားများသည် တည်ငြိမ်အေးချမ်းသောဘဝကို မျှော်လင့်နေ ပါသည်။ မြန်မာပြည်တွင် ဘေးကင်းကြပါစေ။ ငြိမ်းချမ်းရေးကို မြန်မြန်ရရှိနိုင်ပါစေ။

မြန်မာ့ကျွန်းသစ်မှောင်ခို တားဆီးဖို့ အမေရိကန်အစိုးရကို Justice for Myanmar တိုက်တွန်းမြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊...
12/01/2022

မြန်မာ့ကျွန်းသစ်မှောင်ခို တားဆီးဖို့ အမေရိကန်အစိုးရကို Justice for Myanmar တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ မြန်မာ့ကျွန်းသစ် တန်ချိန် ၁၆၀၀ နီးပါး၊ အမေရိကန်ကုမ္ပဏီတွေက တင်သွင်းခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး ( OFAC ) က၊ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ နိုင်ငံတွင်း သစ်အရောင်းအဝယ်၊ ပြည်ပကို တင်ပို့မယ့် သစ်လေလံတွေ စီစဉ်ဆောင်ရွက်နေတဲ့၊ နိုင်ငံပိုင် မြန်မာ့သစ် လုပ်ငန်း (MTE) ကိုလည်း ပိတ်ဆို့လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာ့သစ်လုပ်ငန်းက တစ်ဆင့်၊ အကျိုးအမြတ်တွေ ရရှိနေ တာပါ။ ပြည်တွင်း သစ်အရောင်းအဝယ်၊ ပြည်ပ တင်ပို့မယ့် သစ်လေလံတွေကနေ အခွန်အခ မျိုးစုံကနေ ရရှိတဲ့ ဝင်ငွေတွေကို အသုံးချပြီး၊ ပြည်သူလူထုကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ လက်နက်မဲ့ အရပ်ဘက်ပြည်သူ ၁၄၀၀ ကျော်ကို၊ စစ်တပ်က သတ်ဖြတ်ခဲ့ပြီး၊ တစ်သောင်းတစ်ထောင် ဝန်းကျင်ကို ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပေမယ့်၊ အမေရိကန် စီးပွားရေး လုပ်ငန်းတွေဟာ၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကနေ ၊ နိုဝင်ဘာလကုန်အထိ၊ မြန်မာနိုင်ငံက သစ်မာတွေကို ဆက်လက်တင်သွင်းနေခဲ့ကြကြောင်း နယူးယောက်အခြေစိုက် Panjiva ကမ္ဘာ့ ကုန်သွယ်ရေး အချက်အလက် ဆိုင်ရာ ကုမ္ပဏီက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ၊ နိုဝင်ဘာ ၃၀ ရက်နေ့အတွင်း၊ လမ်းကြောင်းအမျိုးမျိုးကနေ၊ သစ်တင်သွင်းမှု ၈၂ ကြိမ်ရှိခဲ့ပြီး၊ သင်္ဘောတည်ဆောက်ရေးနဲ့ ကျွန်းသစ်နဲ့ ပရိဘောဂ ဆောက်လုပ်ရာမှာ သုံးစွဲတဲ့ သစ်မာပြားတွေ အများအပြား ပါဝင်ပါတယ်။

အမေရိကန် သစ်မာဈေးကွက်မှာ လက္ကား အရောင်းဆိုင်ကြီးတွေနဲ့ ပရိဘောဂ ဆိုင်ကြီးတွေဖြစ်တဲ့ East Teak Fine Hardwoods, J. Gibson McIlvain, Kingsley Bate Warehouse, Lumberbest, World Panel Products ဆိုင်တွေဟာ ထင်ရှားပါတယ်။

အချက်အလက်တွေအရ အဲဒီကုမ္ပဏီတွေဟာ ပိတ်ဆို့အရေးယူခံရမှာကို တိမ်းရှောင်တဲ့အနေနဲ့ မြန်မာ့သစ် လုပ်ငန်း (MTE) နဲ့ တိုက်ရိုက် မဆက်သွယ်ကြဘဲ၊ ကြားခံ အဆက်အသွယ်တွေကနေတစ်ဆင့်သာ ဆက်ဆံ နေကြတာ ဖြစ်ပါတယ်။

အမေရိကန်ပို့ကုန်တွေနဲ့ ပတ်သက်ပြီး၊ အဲဒီကြားခံ အဆက်အသွယ်တွေရဲ့ အသေးစိတ်အချက်အလက်တွေသာ ဒီအစီရင်ခံစာမှာ ပါဝင်ဖွယ်ရှိပြီး၊ တရားမဝင် ဖြစ်ဖွယ်ရှိတဲ့ ပို့ကုန်တွေကတော့ အမေရိကန် အာဏာပိုင်တွေရဲ့ ရေဒါအောက်နေ ဖြတ်သန်းနေကြပါတယ်။

မြန်မာ့သစ်လုပ်ငန်းအပေါ် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားတာတွေကြောင့်၊ ငွေကြေး၊ ပစ္စည်း၊ ဝန်ဆောင်မှု ပေးတာတွေ တားဆီးနိုင်ဖွယ် ရှိပါတယ်။

ပိတ်ဆို့မှုတွေက မြန်မာ့သစ်လုပ်ငန်း MTE နဲ့ ကုန်သွယ်တာကို တားဆီးဖို့ ရည်ရွယ်တာဆိုရင်၊ မြန်မာ့သစ် တင်ပို့မှုဟာ၊ မူလအားဖြင့် MTE က လေလံတင်ရောင်းချတာဖြစ်ပြီး၊ ပြည်ပကို တရားဝင် သစ်တင်ပို့သူ ဘယ်သူပဲဖြစ်ဖြစ်၊ စစ်ကောင်စီက ငွေကြေးတွေ ရရှိနေမှာ ဖြစ်ပါတယ်။

အမေရိကန် ကုမ္ပဏီတွေနဲ့ မြန်မာ့သစ်လုပ်ငန်း MTE ကြားက၊ အဲဒီ တစ်ဆင့်ခံ ကုန်သွယ်ရေးဟာ၊ ဒီလို အခြေအနေမှာ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး ( OFAC ) ထံက ပြစ်ဒဏ်ဘောတွေ ရရှိမှာ မဟုတ်ပေမယ့်၊ တစ်စုံတစ်ရာ ချက်ချင်းလက်ငင်း ဆောင်ရွက်ဖို့တော့ လိုအပ် နေပါတယ်။

Justice For Myanmar ရဲ့ ပြောခွင့်ရသူ ဒေါ်ရတနာမောင် ကလည်း - ထိထိရောက်ရောက်ဖြစ်ဖို့၊ ပိတ်ဆို့ အရေးယူတာတွေ ဆောင်ရွက်ရပါမယ်၊ မြန်မာ့သစ်လုပ်ငန်းကို ပိတ်ဆို့ အရေးယူခဲ့ပြီးတဲ့နောက်၊ အမေရိကန် ကို တင်ပို့နေတဲ့အပေါ်၊ စုံစမ်းစစ်ဆေးဖို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ နိုင်ငံခြားငွေ ထိန်းချုပ်ရေးရုံး (OFAC) ကိုလည်း တိုက်တွန်းထားပါတယ်၊ အမေရိကန်အစိုးရကိုလည်း မြန်မာ့သစ် တင်ပို့မှုအားလုံး တားဆီး ပိတ်ပင်ပေးဖို့၊ သစ်တင်ပို့မှုက ရရှိတဲ့ ငွေကြေးတွေ၊ တရားမဝင် စစ်ကောင်စီ ထံ မရောက်ရှိစေဖို့၊ ကလေး သူငယ်တွေ သတ်ဖြတ်ခံနေရတာ အပါအဝင်၊ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ပြီး၊ လွတ်မြောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့၊ မြန်မာနိုင်ငံအတွင်း စစ်တပ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့၊ တရားမဝင် စစ်ကောင်စီထံ ဘဏ္ဍာရေး စီးဆင်းနေမှုကို အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံအများက၊ တားဆီးဖို့၊ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး၊ ဖက်ဒရယ် ဒီမိုကရေစီကို ထူထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

11/01/2022

မြန်မာပြည်မှာကိုဗစ်စည်းကမ်းရှိသေးလို့လား 😓😓😓

ရန်ကုန်က ဟိုတယ်မှာ ကွာရန်တင်းဝင်နေတဲ့ ကိုဗစ်ပိုးတွေ့ အမေရိကန်နိုင်ငံသား ၂ ယောက်ကို ဆေးကုသပေးဖို့ အမေရိကန်သံရုံးက ခေါ်ဆောင်သွားတဲ့အပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အပြင်းအထန်ကန့်ကွက်လိုက်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့တဲ့ အမေရိကန် သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ တယောက်ဟာ ဆရာစံဟိုတယ်မှာ ကွာရန်တင်းဝင်နေစဉ် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သလို ဇန်နဝါရီ ၃ ရက်ကလည်း မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်လာတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတယောက်ဟာလည်း Pan Pacific ဟိုတယ်မှာ ကွာရန်တင်းဝင်နေစဉ် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကိုဗစ်ရောဂါပိုး တွေ့ရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံတွေကို တက်ရောက် ကုသမှုခံယူဖို့ အသိပေးခဲ့ပေမဲ့ အမေရိကန်သံရုံး ဝန်ထမ်းတယောက်နဲ့ အပေါင်းအပါတို့က ဘယ်သူ့ ခွင့်ပြုချက်မှ မပါရှိဘဲ ဟိုတယ်ကို လာရောက်ပြီး ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသား နှစ်ယောက်ကို သူတို့ရဲ့ အစီအစဉ်နဲ့ ကုသမယ်ဆိုပြီး ပြန်လည် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ဥပဒေနဲ့ဆန့်ကျင်တာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့အပြင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လမ်းညွှန်ချက်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အမေရိကန် သံရုံးဘက်ကတော့ တစုံတရာ ထုတ်ပြန် ကြေညာတာ မတွေ့ရသေးပါဘူး။

Address


Website

Alerts

Be the first to know and let us send you an email when Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share