27/11/2020
" ခွင့်လွှတ်လိုက်ပါ.... "
# # # # # # # # # # # #
သူ စိတ်ဆိုးနေလား...ကိုယ်က ခွင့်လွှတ်
လိုက်ပါ....
သူ ပူလောင်နေပေမယ့် ကိုယ်က မပူတော့ပါ...
သူ မှားနေသလား....သနားလိုက်ပါ....
သူ့ ခမျာ အသိက မှောင်နေရှာတာပါ....
သူ ရွဲ့နေလား....ကိုယ်က မှန်အောင်နေ
လိုက်ပါ....
သူ မသိရှာဘူး...ရွဲ့သူသာလျှင် တိမ်းပါး
သွားတော့မှာ....
သူ မာနတွေ အလံလွှင့်နေသလား...
သူ မသိဘူး...သူ အောက်ကျတော့မှာ....
သူ တွန့်တိုနေလား.....ကိုယ်က ရက်ရော
လိုက်ပါ...
သူ ဆင်းရဲမယ့်လမ်းစ သူ ဖန်တီးနေတာပါ...
သူ မေတ္တာ မထားနိုင်ဘူးတဲ့လား...ကိုယ်က
ဥာဏ်ရှိတာဘဲ...
သူ နှလုံးသား လောင်ကျွမ်းနေပေမယ့်
ကိုယ်က မေတ္တာခြုံလို့ လုံနေတယ်...
သူ့ ကိုခွင့်မလွှတ်နိုင်ဘူးလား...ကိုယ်က
ဥပေက္ခာပြုလိုက်ပါ...
ကိုယ့်ကိုကိုယ် သနားတယ်မဟုတ်လား...
ခွင့်လွှတ်ခြင်းကိုရယူလိုက်ပါ...
ကိုယ့် နှလုံးသားဟာ တန်ဖိုးရှိတဲ့အတွက်
ကိလေသာမီးတွေ လောင်မြိုက်ဖို့
မထိုက်တန်လို့ ပါ...
မေတ္တာဖြင့် အလင်းရောင် မိုးကုတ်
News and Media