Depeyin Real News&Imformation

  • Home
  • Depeyin Real News&Imformation

Depeyin Real News&Imformation Depeyin 12345

07/12/2021
ယနေ့ အောက်တိုဘာ ၉ ရက် ၂၀၂၁ တွင်စကစ ဘက်က သိသာသောလှုပ်ရှားမှုများ စတင်ပြုလုပ်လာပြီ ဖြစ်ပါသည်။ပြည်သူများအနေဖြင့် ကြိုတင်ပြင...
09/10/2021

ယနေ့ အောက်တိုဘာ ၉ ရက် ၂၀၂၁ တွင်
စကစ ဘက်က သိသာသော
လှုပ်ရှားမှုများ စတင်ပြုလုပ်လာပြီ
ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ
ပြင်ဆင်ထားကြပါရန် နှင့်
သတိထား နေထိုင်ကြပါရန် အသိပေးပါရစေ။

စကစ ယာဉ်တန်းနဲ့ အတူ ယှဉ်တွဲမောင်းနင်ခြင်း
စကစ တပ်သား ဖြစ်သော
ရဲ စစ်သား များအနီးတွင် မနေထိုင်ခြင်းဖြင့်
ပြည်သူ့ပြောက်ကျားစနစ်ကို ပုံဖော်ပေးရန်
တောင်းဆိုပါသည်။
ပေါက်ကွဲမှုများ ဖြစ်လာပါက
ပေါက်ကွဲမှုနှင့်နီးသောနေအိမ်များ
ပြည်သူလူထုအနေဖြင့်
တိမ်းရှောင်ခြင်း လုံခြုံရာအရပ်တွင် နေထိုင်ခြင်းနဲ့
မိမိအိမ်တံခါးများ ပိတ်ထားခြင်း
ပြုလုပ်ပေးပါရန် တောင်းဆိုပါသည်။

စကစ ၏ လှုပ်ရှားမှုများ
စကစ ခရီးကြောင်းများကိုသာ သတင်းပြုလုပ်ရန်
နှင့် တိုက်ပွဲသတင်းများကို
LDF official page များက
အတည်မပြုမချင်း မျှဝေခြင်း မပြုလုပ်ရန်
တောင်းဆိုပါသည်။

သွားလာမှုများ လျော့ချခြင်း နဲ့
Stay At home နေထိုင်ကြပါရန် ထပ်လောင်း
တောင်းဆိုပါသည်။

09/10/2021

Page Cbမှာရော Signalမှာပါ တစ်နာရီတစ်ခါလောက် ဘာထူးလဲ ဘယ်ရောက်နေပြီလဲ စတဲ့ မေးခွန်းတွေ မေးတဲ့လူ တော်တော်များတယ် ဒါဟာ သတိရှိနေတာမဟုတ်ဘူး ကြောက်နေတာပါ ကြောက်တတ်တာနားလည်ပါတယ် လိုတာထက်ပိုပြီး ကြောက်နေတာ​ မကောင်းပါဘူး

ဒီလိုအမြဲမေး အမြဲလန့်နေတဲ့လူဟာ ကောလဟာလ ပေးချင်သူအတွက် အဆင်ပြေဆုံး သားကောင်ပါပဲ ဒါကြောင့် ဒီအကြောင်းကို လိုတာထက်ပိုပြီး စိတ်မဝင်စားပါနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ပါ ပြေးကြပြီဆို တစ်ယောက်တည်း ပစ်ထားခဲ့မှာ မဟုတ်ပါဘူး

နောက်တစ်ချက်ပြောချင်တာက အခြေနေတွေဟာ အမြဲ ပြောင်းလဲနေတာပါ အရင်လို လိုင်းပေါ်ပဲ အာရုံစိုက် လိုင်းပေါ်ပဲမေးနေလို့ မရပါဘူး မြေပြင်အခြေနေကို အပြည့်အဝ သိမှရမယ် လိုင်းပေါ်က သတင်း အားကိုးမှုရာခိုင်နှုန်းကို မဖြစ်မနေ လျှော့ချရပါမယ်

အရင်က ခြောက်လှန့်ရုံလောက်
ရွာထဲဝင် ဖမ်းချင်တဲ့အိမ် ဝင်မွှေပြီး ပြန်ထွက်သွားတာ အဲဒီတုန်းက သိပ်မကြောက်တဲ့လူ ကိုယ့်အိမ်ကိုယ်နေလို့ရတယ် အဲဒါကြောင့် သူတို့လာရင် ကိုယ့်အိမ်လေးထဲကို သတိနဲ့နေဖို့နဲ့ လန့်နေတဲ့လူတွေအတွက် အကြောက်တရားဖယ်တဲ့အနေနဲ့ပါ အားကိုးအားထားပြုစရာအဖြစ် အားရှိအောင်တင်ပေးတာပါ

အခုအခြေနေဟာ အရင်လိုမဟုတ်ဘူး မြင်မြင်သမျှကို အကုန်ဖမ်း အကုန်ပစ်နိုင်တယ် ဒါကြောင့် သတင်းဟာ အစောဆုံးသိဖို့လိုတယ် လိုင်းပေါ်တင်တာနဲ့တင်အဆင်မပြေဘူး အချိန်ပြည့် ဖုန်းပဲကြည့်ပြီး ဘယ်ချိန်လာမလဲ ဘယ်ချိန်တင်မလဲမျှော်မနေပါနဲ့ ကားတွေ ဘယ်သွားပြီလို့ လိုင်းပေါ်တင်လိုက်တဲ့အချိန်မှာ တင်လိုက်တဲ့နေရာနဲ့ ကားရောက်သွားတဲ့နေရာဟာ အနည်းဆုံးတစ်မိုင်ကွာသွားပါပြီ သေနတ်ပစ်နိုင်တဲ့အကွာအဝေးနဲ့ဆို ၂မိုင်လောက်ကလူဟာ ပြေးဖို့မလွယ်တော့ပါဘူး

ရှေ့ကအယောင်ပြပြီး နောက်ကဝင်စွဲနိုင်တယ်ဆိုတာလည်း သိထားရမယ် ဒါကြောင့် မြေပြင်အခြေနေကို ပိုပြီး မြန်မြန်သိရဖို့ အချင်းချင်း ဖုန်းတွေချိတ်ဆက်ဖို့ပြင်ထားကြပါ မဖြစ်မနေချိတ်ဆက်ပါ လိုင်းပေါ်ကတင်နေတာ တစ်ခုထဲကိုပဲ ဖက်တွယ်မထားပါနဲ့

KHIN U REAL NEWs

19/ September /2021(10:45pm)ဘုတလင်ဘက်မှ  စခကားကြီး ၂စီး  (အင်အားပြည့်)ဒီပဲယင်းသို့ရောက်ရှိ
20/09/2021

19/ September /2021
(10:45pm)ဘုတလင်ဘက်မှ စခကားကြီး ၂စီး (အင်အားပြည့်)ဒီပဲယင်းသို့ရောက်ရှိ

September 18ဒီပဲယင်းမြို့နယ်အေးသာယာ(ပျံကျ) ကျေးရွာမှစစ်ကောင်စီသတင်းပေးဒလံ ဟုအပြောများသည့်ပျူအဖွဲ့ဝင် ကိုအောင်နိုင်ထွန်း ...
18/09/2021

September 18
ဒီပဲယင်းမြို့နယ်အေးသာယာ(ပျံကျ) ကျေးရွာမှ
စစ်ကောင်စီသတင်းပေးဒလံ ဟုအပြောများသည့်
ပျူအဖွဲ့ဝင် ကိုအောင်နိုင်ထွန်း
ညပိုင်း(8:30PM)ဝန်းကျင်ခန့်က အသတ်ခံခဲ့ရဟုသိရ။

ကြယ်တွေဟာ ကြွေလုဆဲဆဲမှာတောင်အစွမ်းကုန်တောက်ပခဲ့ကြတယ်😥😥😥
13/09/2021

ကြယ်တွေဟာ ကြွေလုဆဲဆဲမှာတောင်
အစွမ်းကုန်တောက်ပခဲ့ကြတယ်😥😥😥

ရေဒီယို အသုံးပြုနည်းအခြေခံ။ရေဒီယိုတွေမှာ FM နဲ့ AM ဆိုပြီးရှိတယ်။ မြို့ထဲလွှင့်တဲ့ City FM ဘာညာဆိုတာ FM ပေါ့။ အကွာအဝေးနည...
20/08/2021

ရေဒီယို အသုံးပြုနည်းအခြေခံ။

ရေဒီယိုတွေမှာ FM နဲ့ AM ဆိုပြီးရှိတယ်။ မြို့ထဲလွှင့်တဲ့ City FM ဘာညာဆိုတာ FM ပေါ့။ အကွာအဝေးနည်းနည်းပဲ ရောက်တယ်။

AM က ပိုဝေးတဲ့နေရာတွေ လွှင့်တယ်။ AM မှာ ၂ မျိုးရှိတယ်။ MW (လှိုင်းလတ်) နဲ့ SW (လှိုင်းတို)။ လှိုင်းတိုမီတာဘယ်လောက်၊ ဘယ်လောက်ကီလိုဟတ်ဇ်တို့မှ ဖမ်းယူနားဆင်နိုင်ပါသည်ဆိုတဲ့အထဲက လှိုင်းတိုဆိုတာ SW ကို ပြောတာ။

SW က ကြိမ်နှုန်းများတော့ ရေဒီယိုပေါ်မူတည်ပြီး ချန်နယ်လေးတွေ ထပ်ခွဲထားတယ်။ ဥပမာ ချန်နယ် ၁ ဆိုရင် ၅၀၀၀ ကီလိုဟတ်ဇ်ကနေ ၇၀၀၀ ကီလိုဟတ်ဇ်ကြားပေါ့။

VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32

အပေါ်ကဟာက နမူနာ။ VOA ။ မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ လွှင့်တယ်။ ကြိမ်နှုန်း ၃ ခုကနေ လွှင့်တယ်။ တခုမမိ တခုဖမ်း။ 15110, 11820 နဲ့ 9335 ကီလိုဟတ်ဇ်တွေ။ M (မီတာ) တွေကို ခဏမေ့ထားလိုက်။ ရေဒီယိုအများစုမှာက မီဂါဟတ်ဇ် MHz နဲ့ ရေးတတ်တယ်။ KHz ကို ၁၀၀၀ နဲ့စား။ 15.110 MHz, 11.820 MHz နဲ့ 9.335 MHz ပေါ့။ ဘယ်ချန်နယ်က ဘယ်လောက် MHz ကနေ ဘယ်လောက် MHz အထိ ဆိုတာပါလိမ့်မယ်။ အဲ့ဒီအတိုင်း လှည့်ပြီးဖမ်းပေါ့။

ဓာတ်ခဲအပိုပါ ဆောင်ထားဖို့လိုမယ်။

နောက်တခုက လျှပ်စစ်လှိုင်း နှောက်ယှက်မှု။ ရန်ကုန်လို မီးချောင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ များတဲ့နေရာဆိုရင် လိုင်းမမိ၊ လိုင်းဖမ်းမရ၊ လိုင်းမကောင်း ဖြစ်တတ်တယ်။ နေရာပြောင်းပြီး စမ်းကြည့်။ မီးတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပိတ်ပြီး စမ်းကြည့်။

ရေဒီယိုလှိုင်း ထုတ်လွှင့်မှုတွေက နိုင်ငံခြားက လာတာ။ တခြားဆက်သွယ်မှုတွေ အကုန်ပြတ်သွားရင်တောင် ရေဒီယိုကတော့ ဆက်ရနေလိမ့်မယ်။ သတင်းတွေ သိရလိမ့်မယ်။

ဖုန်းထဲ app ထည့်ပြီး ရေဒီယိုဖမ်းတာမျိုး မရပါ။ အဲ့ဒါတွေက အင်တာနက်ရှိမှ အလုပ်လုပ်ပါတယ်။ ရေဒီယိုတလုံး ဝယ်ဖို့ လိုပါမယ်။

စိုင်ပြင်​မြို့ က NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား****************************...
18/08/2021

စိုင်ပြင်​မြို့ က NLD လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့မိသားစုဝင်တွေကို
စစ်ကောင်စီတပ်က ဖမ်းဆီးသွား
******************************
August (18)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်
စိုင်ပြင်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်နဲ့ တိုင်းဒေသကြီး အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်
ဦးမိုးမင်းဝင်းရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

ဦးဝင်းမြင့်အောင်ရဲ့ညီ ကိုဆန်းလင်း၊သားနဲ့အမျိုးသမီး၊ ဦးမိုးမင်းဝင်းရဲ့ အကို ကိုကျော်ဆန်းနဲ့ တူဖြစ်သူအပြင် မိသားစုဝင် အမျိုးသမီးတွေကို စစ်မေးစရာရှိတယ်လို့ ပြောပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။

"ဒီနေ့ စိုင်ပြင်က အမတ်တွေအိမ်ကို ဝင်ရှာကြတယ်။အမတ်တွေက ရှောင်နေတော့ သူတို့ကို မတွေ့လို့
မိသားစုဝင်တွေကို ဖမ်းဆီးသွားတာပါ။ " လို့
ဒေသခံတစ်ဦးက ပြောပါတယ်။

တိုင်းဒေသကြီး အမှတ် ၁ ကိုယ်စားလှယ်
ဒေါ်နှင်းခိုင်စိုးရဲ့ အဖေက အောက်ဆီဂျင်ရှူနေရတဲ့ အခြေအနေကြောင့် မဖမ်းသွားဘူးလို့
ဒေသခံတစ်ဦးက ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒီပဲယင်းမြို့နယ်
စိုင်ပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ပါတယ်။

Lwin Khet news
မူရင်း သတင်းpostများနှင့်Photos Credit

စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူထားသည့် စလင်းမြို့အဝင်ဂိတ် ဗုံးပေါက်ပြီး ရဲ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသြဂုတ် ၁၇မကွေးတိုင်း၊ ...
17/08/2021

စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူထားသည့် စလင်းမြို့အဝင်ဂိတ် ဗုံးပေါက်ပြီး ရဲ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၁၇

မကွေးတိုင်း၊ စလင်း-မင်းဘူးကားလမ်း၊ စလင်းမြို့အဝင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် ဂိတ်တွင် ယနေ့ သြဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဗုံးပေါက်ကွဲပြီး ရဲ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

“စလင်းမြို့တောင်ဘက် ဂိတ်အထွက်မှာ ဗုံးပေါက်ကွဲတော့ ဂိတ်စောင့်နေတဲ့ ရဲ ၇ ယောက်ရှိတာ ၃ ယောက်ထိတယ်၊ တစ်ယောက်က သေသွားပြီ၊ နှစ်ယောက်က ဆေးကုနေရပြီ” ဟု ဒေသခံကပြော‌ကြောင်း ဒေသသတင်းရင်းမြစ် လူထုနွေဦးသတင်းတွင်ဖော်ပြသည်။

17/08/2021

ရွှေဘို🔺
speakout လုပ်ပေးကြပါဦး😢
တောထဲထိလိုက်ပစ်နေတယ်‼


crd

17/08/2021

17.8 2021
မုံရွာပင်မသပိတ်ခေါင်းဆောင်များအဖမ်းခံရတယ်တာ
သတင်းအမှားဖြစ်ပါတယ် တစ်ယောက်မှအဖမ်းမခံရပါ။

Monywa The Boysအသိပေးကြေညာချက်၁။ ယနေ့ (၁၅-၈-၂၀၂၁)၊ မုံရွာမြို့၊ နာရီစင်အနီးနှင့် နေရာအနှံ့အပြားအား ဗုံးဖြင့်ပစ်ခတ် တိုက်...
15/08/2021

Monywa The Boys
အသိပေးကြေညာချက်

၁။ ယနေ့ (၁၅-၈-၂၀၂၁)၊ မုံရွာမြို့၊ နာရီစင်အနီးနှင့် နေရာအနှံ့အပြားအား ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိတို့လက်ချက်ဖြစ်သည်။ စစ်ကောင်စီမှပြည်သူများ၏စားဝတ်နေရေးနှင့် ကျန်းမာရေးကို ထောက်ထားငဲ့ညှာခြင်းမရှိပဲ အမိန့်အမျိုးမျိုးထုတ်ကာ ၎င်းတို့အလိုကျ ရွှံ့ရုပ်သဖွယ် စမ်းသပ်ပုံသွင်းလျက်ရှိသည်ကို မကျေနပ်သဖြင့် ဤသို့ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၂။ ယခုအခါ ပြည်သူများမှာစားဝတ်နေရေးကြပ်တည်းနေပြီး COVID-19 ကူးစက်မှုကြောင့် မိသားစုသေရေးရှင်ရေးအတွက် အောက်ဆီဂျင်လိုအပ်ချက်များကို မိသားစုဝင်များကိုယ်တိုင် အချိန်မရွေးသွားရောက်ရှာဖွေနေရသည်။ ထို့ကြောင့် စစ်ကောင်စီသည် အသွားအလာကန့်သတ်သောအမိန့်များဖြင့် ပြည်သူအများကိုသတ်ဖြတ်လျက်ရှိသည်။

၃။ စစ်ကောင်စီသည် ၎င်းတို့အင်အားကိုနယ်များတွင်ဖြန့်ကျက်လျက်ရှိပြီး အင်အားနည်းပါးလျက်ရှိသည်ကို ဖုံးကွယ်ရန်အတွက် ပြည်သူများကိုအပြင်ထွက်ချိန်ကန့်သတ်ခြင်းသာဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့၏အမိန့်အာဏာများကိုမလိုက်နာကြပဲ သတိထားကြလျက် သွားမြဲလာမြဲအတိုင်းသွားလာကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

ဒေါနမောင်မောင်
သခင်ကြီး
Monywa The Boys

Address


Website

Alerts

Be the first to know and let us send you an email when Depeyin Real News&Imformation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share