Ko Phyo

Ko Phyo myanmar onion

တောင်သူများ စည်းလုံးဖို့လိုအပ်လာပါပြီနော်🤝🤝🤝🤝crd # #
21/01/2021

တောင်သူများ စည်းလုံးဖို့လိုအပ်လာပါပြီနော်🤝🤝🤝🤝
crd # #

ထိုင်းနိုင်ငံ၏ ကြက်သွန်နီ မူဝါဒသစ်အား ပြည်တွင်းကုန်သည်များ စောင့်ကြည့်နေ
====================================================

သုသု(AMIA)

ရန်ကုန်၊ ဇန်နဝါရီ ၈

{Unicode}

ထိုင်းနိုင်ငံဘက်မှ ကြက်သွန်နီ တင်သွင်းမည့် မူဝါဒသည် ယခုနှစ်တွင် သက် တမ်းကုန်ဆုံးတော့မည် ဖြစ်သည့် အတွက် ယခုနှစ်သစ္ တွင် ထုတ်ပြန်မည့် မူဝါဒအသစ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

ယခုနှစ်စတွင် ထုတ်ပြန်မည့် ထုတ်ပြန်ချက်၌ အခွန်နှုန်းထားတိုးမြှင့် ကောက်ခံမှု ရှိ၊ မရှိကို စောင့်ဆိုင်းလျက် ရှိပြီး၊ ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ ထိုမူဝါဒအပေါ် မူတည်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာနမှ ကြက်သွန်နီ တင်သွင်းခြင်းဆိုင်ရာ ၂၀၁၈-၂၀၂၀ အရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထိုစာအရ ထိုင်းသို့ တင်သွင်းမည့် မည်သည့်နိုင်ငံမဆို အကောက်ခွန်သက်သာခွင့် Form-D ဖြင့် တင်ပို့ရောင်းချခွင့်ကို “ နှစ်စဉ် သြဂုတ်လမှ အောက်တိုဘာ လအတွင်း တင်ပို့ရောင်းချခွင့်ရရှိပြီး၊ ကျန်ကာလများ၌ တင်သွင်းမည် ဆိုပါ က အခွန်နှုန်းထား ၆၀ မှ ၇၀ ရာခိုင်နှုန်းကျော် ကောက်ခံသည်ဟု ပါရှိသည်။

မြဝတီရှိ ကြက်သွန်နီ ကုန်သည် ဦးထွန်းထွန်းက “ ထိုင်းနိုင်ငံဘက်က ကုန် သည်တွေ ပြောတာကတော့ ထိုင်း နိုင်ငံဘက်မှာ ကြက်သွန်နီ တင်သွင်းခွင့် အမိန့် ကြော်ငြာစာအသစ် ထပ်မံမထွက်သေးလို့ အခုလက်ရှိ အမိန့် ကြော် ငြာစာအတိုင်း ဆက်လက်တင်သွင်းနိုင်တယ်။ ဒါပေမယ့် အခုနှစ်ကုန်ပြီးလို့ မူဝါဒအသစ် ထွက်လာရင် အခွန်နှုန်းထားနဲ့ တင်သွင်းခွင့်ပြုမယ့် ကာလတွေ အသစ် ဖြစ်လာနိုင်တော့ ဒါကို နှစ်ဖက်ကုန်သည်တွေ စောင့် ကြည့်နေတာပေါ့။ အခွန်နည်းနည်းနဲ့ တင်သွင်းခွင့် ပေးရင်တော့ ဒီဘက်က ကြက်သွန်ဈေးလည်း ကောင်းလာ မှာပါ။ အခုတော့ သူတို့ဘက်က ဝယ်ပေမယ့် အခွန်အခ ကရှိတော့ တောင်သူတွေဆီက ဈေးကောင်းကောင်း မ ဝယ်နိုင်ကြသေးဘူး” ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ ကြက်သွန်နီ တင်ပို့ရောင်းချမှုသည် ယခုနှစ် ၉ လပိုင်း (နိုဝင်ဘာလ) က ယခင်နှစ်ကထက် နှစ်ဆတိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေး-မြဝတီ ကုန်သည် ဦးခင်မောင်လတ်က “ ထိုင်းနိုင်ငံဘက်က ကြက် သွန်နီကို တိုးမြှင့်ဝယ်ယူလာတာက အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီပေါ်ချိန် မရောက် သေးလို့ မြန်မာဘက်က ဝယ်ယူနေတာပါ။ လာမယ့် ဧပြီလ လှိုင်လှိုင်ပေါ်ချိန်မှာ ထိုင်းဘက်က ကြက်သွန်နီ မူ ဝါဒအပေါ် မူတည်ပြီးတော့ တင်ပို့ရမှာဖြစ်လို့ ဒါကို ကုန်သည်တွေက စောင့်ကြည့် ထိန်းသိမ်းဝယ်ယူကြမှာပါ။ သူတို့ဘက်က အခွန်ကင်းလွတ်ခွင့်ကို သတ်မှတ်ထားတဲ့ လ အတိုင်း ထားရှိရင်တော့ ပြည်တွင်းဈေးနှုန်းက ကျ ဆင်းမှာတော့ မဟုတ်ဘူး” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်သို့ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ကြက်သွန်နီကို တင်ပို့ရောင်းချရာတွင် Good Agricult ural Practice (GAP) တောင်းခံခြင်း မရှိသေးသော်လည်း Country of Origin(Co) Form အပါအဝင် Phytos anitary Certificate များနှင့် အတူ တင်ပို့ရောင်းချကြရကြောင်း သိရသည်။

လက်ရှိ ကြက်သွန်နီ ပေါက်ဈေးများမှာ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံ စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သတ်မှတ်ထားသည့် လိုင်စင် (FOB) ဈေးနှုန်းများအရ ကြက် သွန်နီ အရွယ်အစားအလိုက် ကွဲပြားမှုရှိရာ ကြက်သွန်နီ (20mm-30mm) အရွယ်အစား (၁) တန်လျှင် အမေရိ ကန်ဒေါ်လာ (၁၁၀) ခန့်ဖြင့်လည် းကောင်း၊ (25mm-35mm) အရွယ်အစား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၈၅) ခန့်ဖြင့်လည်းကောင်း 35mm-Up) အရွယ်အစား (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၃၅) ခန့်ဖြင့် အသီးသီး တင်ပို့ရောင်းချနေကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်မှ အဝယ်များနေသည့် ကြက်သွန်နီ အရွယ်အစားများမှာ (20mm- 30mm)၊ (25mm-35mm) အရွယ်အစားများဖြစ်ပြီး၊ အဆိုပါ ကြက်သွန်နီများမှာ ပခုက္ကူနှင့် မုံရွာဒေသများမှ ထွက်ရှိကြကြောင်း သိရသည်။


{Zawgyi}

====================================================

သုသု(AMIA)

ရန်ကုန်၊ ဇန်နဝါရီ ၈

ထိုင်းနိုင်ငံဘက်မှ ကြက်သွန်နီ တင်သွင်းမည့် မူဝါဒသည် ယခုနှစ်တွင် သက် တမ်းကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ယခုနှစ်သစ်တွင် ထုတ်ပြန်မည့် မူဝါဒအသစ်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။









Address


Website

Alerts

Be the first to know and let us send you an email when Ko Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share