06/01/2024
📌 ယက္ကန်းအနုပညာ
Thank You Dabax for choosing me as your media manager.
𝗬𝗔𝗧𝗞𝗔𝗡: 𝗔 𝗛𝗲𝗿𝗶𝘁𝗮𝗴𝗲 𝗔𝗯𝗼𝘂𝘁 𝗧𝗼 𝗕𝗲𝗰𝗼𝗺𝗲 𝗘𝘅𝘁𝗶𝗻𝗰𝘁
ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက လက်မှု အနုပညာတွေနဲ့ ထွန်းကားတဲ့နိုင်ငံတစ်ခုဆိုတာ အားလုံးသိထားကြပြီးသားပဲ ဖြစ်မှာပါ။ အဲ့လို များပြားတဲ့ လက်မှု အနုပညာ တွေထဲမှာ ယက္ကန်းရက်လုပ်ခြင်းကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ယက္ကန်းထည်တွေရဲ့ အခြေခံအစဖြစ်တဲ့ ဝါဂွမ်းစိုက်ပျိုးတဲ့လုပ်ငန်းနဲ့ အထည်ချောရက်လုပ်တဲ့ အတတ်ပညာတွေဟာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာတော်နှင့်အတူ ရောက်ရှိလာတယ်လို့ ယူဆရပါတယ်။ ယက္ကန်းထည်လုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ ရှေးမြန်မာ့သမိုင်းမှာ ဘယ်လောက်တောင်အရေးပါသလဲဆိုရင် " မိန်းမများသည် ယက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောက်ျားများသည် စာမတတ်လျှင် အကန်းနှင့်တူသည်။” ဆိုတဲ့ ဆိုရိုးစကားတွင်ရလောက်တဲ့အထိကိုပါပဲ။ အဲ့လောက်ထိတောင် အရေးပါအရာရောက်ခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့်လဲ အရင်ခေတ်အဆက်ဆက်ထဲက အခုထိတိုင် မြန်မာ့လက်မှု ယက္ကန်းထည်လုပ်ငန်းဟာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ အမြတ်တနိုးတန်ဖိုးထားရတဲ့အရာလေးတစ်ခုအဖြစ်ထင်ကျန်နေခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀)ကျော်ကတည်းက ရှေးမြန်မာတွေဟာ အထည်တွေကို ရက်လုပ်ပြီးပဲ ဝတ်ဆင်ခဲ့ကြတာဖြစ်ပြီး နှစ်ပေါင်းများစွာ အမြတ်တနိုးနဲ့ မျိုးရိုးစဉ်ဆက်မပြတ် လက်ဆင့်ကမ်းပြီး ယက္ကန်းရက်တဲ့အလုပ်ကို လုပ်ကိုင်လာခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ အခုခေတ်အခါမှာတော့ တဖြည်းဖြည်းနဲ့ ယက္ကန်းရက်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လာကြတာဟာ နည်းပါးလာပြီပဲ ဖြစ်ပါတယ်။ (၂၀)ရာစု အစောပိုင်းအထိ ယက္ကန်းဘေးလွယ်အိတ်ကလေးတွေကို ကျောင်းသူ၊ ကျောင်းသားတိုင်းလိုလို လွယ်ခဲ့ကြတဲ့ ပုံရိပ်လေးတွေဟာ ယက္ကန်းထည်တွေကို နေ့စဉ်လူမှုဘဝမှာ အများအပြားမြင်ခဲ့ရတဲ့ နောက်ဆုံးနေ့ရက်တွေတောင် ဖြစ်လာခဲ့ရတာမို့ လုံးဝကို Memorable ဖြစ်စေတဲ့ ပုံရိပ်လေးတွေလို့ ကျွန်တော်ထင်မိတယ်။
ကျွန်တော့်ခေါင်းထဲ ဒီရက်ပိုင်းအမြဲလိုလိုတွေးနေမိတာက ဒီလို တန်ဖိုးရှိတဲ့ Heritage ကြီးတစ်ခုကို မပျောက်ကွယ်သွားအောင် ခေတ်လူငယ်တစ်ယောက်အနေနဲ့ ဘယ်လို ဆက်ထိန်းသိမ်း သွားနိုင်မလဲ။ ဒီ ယက္ကန်းထည်ကို ယနေ့ခေတ် လူနေမှုပုံစံနဲ့ အံဝင်ခွင်ကျဖြစ်အောင် ကျွန်တော်တို့ဘာတွေလုပ်ပေးလို့ရနိုင်မလဲ။
#မြန်မာ့ရက်ကန်း