GOAL Myanmar

GOAL Myanmar Admin က မန်ယူဖန်ပါဗျာ..... မန်ယူရှုံးတိုင်

နာပိုလီရဲ့နည်းပြသစ်အဖြစ် ကွန်တီကို မြင်ရနိုင်ချေရှိမလား?စီးရီးအေကလပ် အင်တာမီလန်၊ လန်ဒန်ဗျူးတီးစလွန်းနဲ့ ကြက်ဖကြီးတို့ရဲ့...
12/10/2023

နာပိုလီရဲ့နည်းပြသစ်အဖြစ် ကွန်တီကို မြင်ရနိုင်ချေရှိမလား?

စီးရီးအေကလပ် အင်တာမီလန်၊ လန်ဒန်ဗျူးတီးစလွန်းနဲ့ ကြက်ဖကြီးတို့ရဲ့ ရှုးဂါးဒယ်ဒီဖြစ်ခဲ့ဖူးသူ အန်တိုနီယိုကွန်တီဟာ အခုတလော သူ့ရဲ့ဇာတိမြေက နာပိုလီအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေထွက်ပေါ်လာပါတယ်။

အီတလီသားနည်းပြက ပြီးခဲ့တဲ့ မတ်လမှာ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကနေ ထွက်ခွာလာအပြီးမှာ လနဲ့ချီပြီး အသင်းလက်မဲ့ဖြစ်နေခဲ့သူပါ။ အခုချိန်မှာတော့ သူ့ရဲ့အနာဂတ်ကို တဖန်ပြန်ပြီး ဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။

ကွန်တီက သူ့ရဲ့ဇာတိမြေ အီတလီမှာရော အင်္ဂလန်မြေမှာပါ ဆုဖလာအောင်မြင်မှုတွေ ရရှိထားသူပါ။ ဒါကြောင့်လည်း ဒီရာသီအစမှာ ရလဒ်တွေကို စိတ်ပျက်နေတဲ့ စီးရီးအေကလပ်အသင်း နာပိုလီရဲ့ ဘုတ်အဖွဲ့က အေးဆေးကလေးမွေးလုပ်နေတဲ့ ကွန်တီကို မျက်စိကျလာပါတယ်။

ယခုနာပိုလီနည်းပြက ပြင်သစ်လီဂူးအသင်းဖြစ်တဲ့ လိုင်လီနဲ့ ထိပ်သီးစီးရီးအေကလပ်တစ်ခုဖြစ်တဲ့ ရိုးမားတို့ရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးသူ ရူဒီဂရာစီယာပါ။ ပြီးခဲ့တဲ့ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲမှာ စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာ၊ တင်္နလာနေ့က ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖလော်ရန်တီနာအသင်းကို ရှုံးနိမ့်ခဲ့တာတွေကြောင့် ရာသီအစမှာတင် ချိုမိုင်မိုင်ကနေ ဂရာစီယာကို ဘုတ်အဖွဲ့က ကြည့်မရတော့ပါဘူး။

လန်ဒန်ကြက်ဖကြီးတို့ဆီမှာ အလုပ်မဖြစ်ခဲ့တာကို ဖယ်ထားလိုက်ရင် ကွန်တီက ကမ္ဘာထိပ်တန်းနည်းပြတစ်ယောက် ဖြစ်နေဆဲပါပဲ။ စီးရီးအေမှာ ရှိနေခဲ့စဉ်က ဂျူဗင်တပ်အသင်းနဲ့ စကူဒတ်တိုချန်ပီယံဘွဲ့ကို နှစ်ကြိမ်ရယူနိုင်ခဲ့သလို အင်တာမီလန်ကိုလည်း ၁၁နှစ်ကြာ ဝေးကွာနေတဲ့ စကူဒတ်တိုကို ပြန်လည်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

နာပိုလီဘက်က အတော်လေး လိုလားနေပေမယ့် ကွန်တီကတော့ စိတ်ပါဟန်မတူပါဘူး။ နာပိုလီ သူ့ဆီကို ချည်းကပ်လာတာနဲ့ ပတ်သက်ပြီး ကွန်တီက “ထိပ်သီးကလပ်တွေက ကျုပ်ကို လာကမ်းလှမ်းတာတော့ ရှိပါတယ်၊ ဒါပေမယ့်လည်း ကျုပ်အနေနဲ့ အခြေအနေကို စောင့်ကြည့်သွားဦးမှာပါ။ မိသားစုနဲ့လည်း ဆက်ပြီးပျော်ပျော်ရွှင်ရွှင် နေချင်ပါသေးတယ်”လို့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ အပြောင်းအရွှေ့ တကယ်ဖြစ်လာမလာကတော့ ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။

ဒီညပွဲစဉ် ပြင်သစ်ဘက်မှ ဘတ်ပီဆိုတဲ့ ကောင်ဆိုးလေးကိုတားနိုင်မယ့် ဂေါင်ကြီးအားတွေ့ရစဉ်
10/12/2022

ဒီညပွဲစဉ် ပြင်သစ်ဘက်မှ ဘတ်ပီဆိုတဲ့ ကောင်ဆိုးလေးကိုတားနိုင်မယ့် ဂေါင်ကြီးအားတွေ့ရစဉ်

10/12/2022

Breaking News ဘရာဇီးလ်နည်းပြရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တက်တေ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့...
10/12/2022

Breaking News
ဘရာဇီးလ်နည်းပြရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တက်တေ
ကွာတားဖိုင်နယ်ပွဲစဉ်တွင် ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဘရာဇီးလ်နည်းပြ တက်တေ ဟာ ရာထူးမှ နှုတ်ထွက်ခဲ့ပြီဖြစ်သည်။

👉👉နောက်ကျဂိုးကြောင့် အချိန်ပိုဆက်ကစားရမည့် အာဂျင်တီးနား နဲ့ နယ်သာလန် Argentina 2-2 Netherlands (FT)⚽️Molina 35'⚽️Messi 7...
10/12/2022

👉👉နောက်ကျဂိုးကြောင့် အချိန်ပိုဆက်ကစားရမည့် အာဂျင်တီးနား နဲ့ နယ်သာလန်
Argentina 2-2 Netherlands (FT)
⚽️Molina 35'
⚽️Messi 73'(Pen)
⚽️⚽️Weghorst 83',90+11’

👉👉ရိုဒရီဂို၊မာကင်းဟို့စ် ရဲ့ပယ်နယ်တီလွဲချော်မှုများကြောင့် ကွာတားဖိုင်နယ်နဲ့သာကျေနပ်ခဲ့ရတဲ့ ဘရာဇီးလ် 🇧🇷Brazil 1-1 Croati...
10/12/2022

👉👉ရိုဒရီဂို၊မာကင်းဟို့စ် ရဲ့ပယ်နယ်တီလွဲချော်မှုများကြောင့် ကွာတားဖိုင်နယ်နဲ့သာကျေနပ်ခဲ့ရတဲ့ ဘရာဇီးလ် 🇧🇷
Brazil 1-1 Croatia (AET)
⚽️Neymar 105+1’
⚽️Petkovic 117’
Croatia 🇭🇷 ✅✅✅✅
Brazil 🇧🇷 ❌✅✅❌
Croatia Won (4-2)by Penalty

Men will be men 😇
09/12/2022

Men will be men 😇

(၂၀၂၂)ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့  ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေမှုများ 💪💪(၂၀၂၂)ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့  ရွှေဖိနပ်ဆုအတွ...
09/12/2022

(၂၀၂၂)ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေမှုများ 💪💪
(၂၀၂၂)ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် ရေပန်းစားနေမှုများတွင် ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေး က သွင်းဂိုး (၅)ဂိုး ဖန်တီးမှု (၂)ကြိမ် ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ဒုတိယနေရာတွင် ဘရာဇီးလ်တိုက်စစ်မှူး ရီချာလီဆန်၊တတိယနေရာတွင် အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ် မက်ဆီ အသီးသီးရပ်တည်နေသည်။ထိပ်ဆုံး(၃)ဦးရဲ့နောက်တွင် အိုလီဗီယာ ဂျရူး၊ဂွန်ဇာလို ရာမို့စ်၊ကိုဒီ ဂတ်ပို၊ဘာကာယို ဆာကာ၊မားကပ်စ် ရပ်ရှဖို့ဒ်၊နေမာ ဂျုနီယာ၊ဂျုလီယန် အဲဗာရက်ဇ်၊ဟယ်ရီ ကိန်း တို့က အစဉ်လိုက်ကရပ်တည်နေသည်။
ဦးဆောင်သူ အမ်ဘတ်ပေကို ဘယ်ကစားသမားတွေ ကျော်ဖြတ်သွားနိုင်မှာလဲ?

ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့သည့် နိုင်ငံလက်ရွေးစင်အသင်းများရဲ့ အသင်းခေါင်းဆောင်များ ဟယ်ရီ ကိန်း၊ခရစ်စတီယာနို ရော်နယ်လ...
09/12/2022

ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့သည့် နိုင်ငံလက်ရွေးစင်အသင်းများရဲ့ အသင်းခေါင်းဆောင်များ
ဟယ်ရီ ကိန်း၊ခရစ်စတီယာနို ရော်နယ်လ်ဒို၊ဟူဂို လိုရစ်၊လီယိုနယ် မက်ဆီ
ဗာဂျယ် ဗန်ဒိုက်၊သီယာဂို ဆေးလ်ဗား၊ရိုမန် ဆာရီး၊လူကာ မိုဒရစ်
ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်မည့် အသင်းခေါင်းဆောင်က ဘယ်သူဖြစ်လာမှာလဲ?

OFFICIAL!ယူနိုက်တက်နှင့် (16)နှစ်ကြာ တာဝန်ထမ်းဆောင် ပေးခဲ့သည့် ကလပ်ဆေးဆရာဝန် Steve McNally က အသင်းနှင့်လမ်းခွဲခဲ့ကြောင်း...
09/12/2022

OFFICIAL!
ယူနိုက်တက်နှင့် (16)နှစ်ကြာ တာဝန်ထမ်းဆောင် ပေးခဲ့သည့် ကလပ်ဆေးဆရာဝန် Steve McNally က အသင်းနှင့်လမ်းခွဲခဲ့ကြောင်း ယူနိုက်တက်မှ တရားဝင်ကြေညာခဲ့သည်။ အသင်းဘက်မှ ၎င်း၏ အလုပ်ကျွေးများအတွက် ကျေးဇူးတင်ကြောင်း၊ အနာဂတ်တွင်အဆင်ပြေရေးအတွက်ကိုပါ ဆုတောင်းပေးခဲ့သည်။

08/12/2022

🤣🤣🤣

FACT: ကမ္ဘာ့ဖလား ကွာတာဖိုင်နယ်၌ ကျန်ရှိနေသေးသည့် ယူနိုက်တက်ကစားသမားများTyrell MalaciaLisandro MartínezRaphaël VaraneHarr...
07/12/2022

FACT: ကမ္ဘာ့ဖလား ကွာတာဖိုင်နယ်၌ ကျန်ရှိနေသေးသည့် ယူနိုက်တက်ကစားသမားများ
Tyrell Malacia
Lisandro Martínez
Raphaël Varane
Harry Maguire
Luke Shaw
Marcus Rashford
Fred
Casemiro
Antony
Alex Telles
Diogo Dalot
Bruno Fernandes

TODAY MATCH!ကာဒစ်ဇ် vs မန်ချက်စတာယူနိုက်တက်ပွဲချိန် ယနေ့ည (1)နာရီခွဲ။ယနေ့ညမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမရှိတဲ့အချိန် ယူနိုက်တက...
07/12/2022

TODAY MATCH!
ကာဒစ်ဇ် vs မန်ချက်စတာယူနိုက်တက်
ပွဲချိန် ယနေ့ည (1)နာရီခွဲ။
ယနေ့ညမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမရှိတဲ့အချိန် ယူနိုက်တက် ရဲ့ခြေစမ်းပွဲက ရှိနေမှာပါ။ 😎

FT: ပေါ်တူဂီ 6-1 ဆွတ်ဇလန် (ကမ္ဘာ့ဖလား-16သင်းအဆင့်)⚽⚽⚽ ရာမို့စ်( 17' , 51', 67')⚽ ပီပီ( 33')⚽ ကော်ရီရာရို (55')⚽ လီယို (9...
07/12/2022

FT: ပေါ်တူဂီ 6-1 ဆွတ်ဇလန် (ကမ္ဘာ့ဖလား-16သင်းအဆင့်)
⚽⚽⚽ ရာမို့စ်( 17' , 51', 67')
⚽ ပီပီ( 33')
⚽ ကော်ရီရာရို (55')
⚽ လီယို (90+2')
ဖာနန်ဒက် နဲ့ ဒါလော့တို့ ပွဲထွက်ကစား အဖြစ်ကစားခဲ့ကြ ပြီး ဒါလော့က ပွဲပြီးတဲ့အထိကစားခဲ့ကာ ဖာနန်ဒက်က (87)မိနစ်အထိ ကစားခဲ့ပါတယ်။ တစ်ဦးကို ဖန်တီးမှုတစ်ကြိမ်စီ ပြုလုပ်ပေးခဲ့ပါတယ်။

Breaking News!!!     ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ဆော်ဒီကလပ် အယ် နက်စ်ဆာထံ ၂နှစ်ခွဲ သက်တမ်း ရှိတဲ့ ...
06/12/2022

Breaking News!!!
ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ဆော်ဒီကလပ် အယ် နက်စ်ဆာထံ ၂နှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
အယ် နက်စ်ဆာက ရိုနယ်ဒိုကို ဘောလုံးသမိုင်းတလျှောက် အမြင့်မားဆုံး လုပ်ခလစာ အဖြစ် တနှစ်ကို ပေါင် ၁၇၃သန်း အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားပါတယ်။
ရိုနယ်ဒိုက လက်ရှိမှာ ပေါင် ၄၀၀သန်းကျော်သာ ချမ်းသာ ကြွယ်ဝတာကြောင့် သူက အယ် နက်စ်ဆာမှာ ၂နှစ်ခွဲ ကစားရုံနဲ့ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကို ၂ဆ တိုးနိုင်ဖို့ ရှိသလို ဘီလီယံနာ တဦး ဘဝကိုပါ ရောက်သွားမှာပါ။

FT: ဘရာဇီး 4-1 တောင်ကိုးရီးယား⚽ ဗင်နီဆီယက် (7')⚽ နေမာ (13')⚽ ရစ်ချာလစ်ဆန် (29')⚽ ပါကွီတာ (36')ယူနိုက်တက် ကွင်းလယ်လူ ကက်စ...
06/12/2022

FT: ဘရာဇီး 4-1 တောင်ကိုးရီးယား
⚽ ဗင်နီဆီယက် (7')
⚽ နေမာ (13')
⚽ ရစ်ချာလစ်ဆန် (29')
⚽ ပါကွီတာ (36')
ယူနိုက်တက် ကွင်းလယ်လူ ကက်စီမဲရိုက ပွဲထွက် ကစားသမားအဖြစ်ပါဝင်ပြီး ပွဲပြီးတဲ့အထိ ကစားခဲ့ပါတယ်။ အန်တိုနီ နဲ့ ဖရတ်တို့ ပါဝင်ကစားခြင်းမရှိခဲ့ပါ။

လာမယ့် January Transfer မှာ Ten Hag ဆုံးဖြတ်ရမယ့် အရာနှစ်ခုရှိတယ်။ ဒါက Fred နဲ့ Van De Beak တို့ကို အသင်းမှာဆက်ထားမှာလား...
06/12/2022

လာမယ့် January Transfer မှာ Ten Hag ဆုံးဖြတ်ရမယ့် အရာနှစ်ခုရှိတယ်။ ဒါက Fred နဲ့ Van De Beak တို့ကို အသင်းမှာဆက်ထားမှာလား ရှင်းထုတ်မှာလားဆိုတာ ဆုံးဖြတ်ပေးရပါတော့မယ်။ ဒီ Analysis မှာ Tactically အရရော Theory အရပါ သုံးသပ်ပြသွားပါမယ်။


Address


Website

Alerts

Be the first to know and let us send you an email when GOAL Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share