News Upload

News Upload Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from News Upload, Media/News Company, .

MPT က မြန်မာနိုင်ငံရှိ ဘွဲ့ရပြီးစလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်မည့် အခွင့်အလမ်းများကို ယူဆောင်လာ(ရန်...
01/12/2023

MPT က မြန်မာနိုင်ငံရှိ ဘွဲ့ရပြီးစလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်မည့် အခွင့်အလမ်းများကို ယူဆောင်လာ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ရှေ့သို့ လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နဲ့အညီ ယခုအခါ မြန်မာနိုင်ငံရှိ ဘွဲ့ရပြီးစ လူငယ်များအတွက် ဆက်သွယ်ရေးကဏ္ဍတွင် ထူးခြားကောင်းမွန်သော လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်မည့် အခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ “Fresh Graduate Hiring Program 2023” တွင် ပါဝင်ခြင်းအားဖြင့် နိုင်ငံတစ်ဝန်းရှိ ဘွဲ့ရပြီးစ လူငယ်များအနေဖြင့် တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်းခွင် အတွေ့အကြုံများကို ထိုက်သင့်သော လစာဖြင့် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

MPT ၏ “Fresh Graduate Hiring Program 2023” တွင် လူငယ်အယောက် (၆၀)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော လူငယ်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်တွင် စတင်မည့် လုပ်ငန်းခွင် အလုပ်သင် အစီအစဉ် (Internship Program) တွင် အလုပ်သင်ဝန်ထမ်းများအဖြစ် (၃) လတာ ပါဝင်ခွင့်ရမည်ဖြစ်သည့် အတွက် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် အလုပ်သင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို ပိုမိုအဆင်မြှင့်တင်ပေးနိုင်ရန် စီစဉ်ပို့ချပေးမည့်သင်တန်းများဖြစ်သည့် ဆက်သွယ်ရေး ကဏ္ဍအကြောင်း သိမှတ်ဖွယ်ရာများ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား၊ လုပ်ငန်းခွင်သုံး Microsoft Application ကျွမ်းကျင်မှု၊ လုပ်ကိုင်နိုင်မှုစွမ်းရည် (presentation နှင့် ဆက်ဆံရေး) နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အလုပ်သင်ကာလ (၃)လ

ပြီးဆုံးချိန်တွင် အရည်အချင်းပြည့်မီသူများအား ရွေးချယ်၍ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT တွင် အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ကာလအတွင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ဆိုလာမီးအိမ်များ လှူဒါန်းခြင်း၊ ကွန်ပျူတာများ လှူဒါန်းခြင်း ပြုလုပ်ပေးခဲ့တဲ့အပြင် ပညာသင်ယူဖို့ အခွင့်အလမ်းနည်းပါးတဲ့လူငယ်တွေအတွက် အွန်လိုင်းကနေ အခမဲ့သင်ယူခွင့်များ ပေးအပ်နိုင်ရန် CSR E-Learning အစီအစဥ်ကိုလည်း မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအစီအစဥ်ကတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက် တိုးတက်ရန် အခွင့်အလမ်းတွေကို ဖန်တီးပေး နိုင်တဲ့အပြင် ရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ ပြီးပြည့်စုံတဲ့ အသက်မွေးဝမ်းကျောင်းသာမကဘဲ ဘဝတက်လမ်းတွေ တိုးတက်ရေးအတွက် ပျော်ရွှင်စွာ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေကို MPT က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့ ဒီလိုတန်ဖိုးရှိတဲ့အခွင့်အရေးကို အမိအရ ရယူဖို့ MPT ရဲ့ကိုယ်စားဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“Fresh Graduate Hiring Program 2023” အတွက် အောက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီသူ လူငယ်များအနေဖြင့် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

• (၂၀၂၂- ၂၀၂၃) ပညာသင်နှစ်မှ ရိုးရိုးဘွဲ့ (သို့မဟုတ်) မာစတာ ဘွဲ့ရရှိသူ - B.E (Civil/EC/EP/MP/IT), B.C.Sc, B.Sc, B.A, B.Com, B.Act, B.Bsc, B.B.M, B.B.A, L.L.B.

• အင်္ဂလိပ်စာ အရေးအသားနှင့် အပြောအဆို အထူးကောင်းမွန်ရမည်။

• ကွန်ပျူတာ (word, Excel, PowerPoint) ကျွမ်းကျင် ရမည်။

• လေ့လာသင်ယူနိုင်စွမ်းမြင့်မားပြီး တိုးတက် အောင်မြင်လိုစိတ်ရှိရမည်။

• အကောင်းမြင်စိတ်နှင့် အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

ရွေးချယ်ခံရသူများအနေဖြင့် အိုင်တီနည်းပညာလုပ်ငန်းများ၊ ဆက်သွယ်ရေးကွန်ရက်စီမံထိန်းသိမ်းမှု နှင့် တည်ဆောက်မှုဆိုင်ရာ နည်းပညာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာလုပ်ငန်းများ၊ Brand and Advertising နှင့် Business Intelligence စသည့် စီးပွားရေးဆိုင်ရာလုပ်ငန်း နယ်ပယ်များစွာတို့တွင် မိမိတို့၏သင်ကြားတက်ရောက်ထားသည့် ဘာသာရပ်များအပေါ်မူတည်၍ ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ် Application Form မှတစ်ဆင့် (သို့မဟုတ်) MPT ၏ တရားဝင် LinkedIn စာမျက်နှာနှင့် (သို့မဟုတ်) HR Hotline No (01-380666) သို့ခေါ်ဆိုမေးမြန်းပြီး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ MPT ၏ “Fresh Graduate Hiring Program 2023” တွင်ပါဝင်ရန်အတွက် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပါသည်။ MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

ယနေ့သတင်းထုတ်ပြန်ချက်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်။ Ooredoo Group မှ ဝန်ထမ်းများတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ...
30/11/2023

ယနေ့သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်။

Ooredoo Group မှ ဝန်ထမ်းများတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် အူရီဒူးမြန်မာ အပါအဝင် ၎င်းအောက်ရှိကုမ္ပဏီများတွင် Ooredoo Learning Academy (OLA) ကို စတင်လုပ်ဆောင်

ယခုအစီအစဥ်သည် လုပ်ငန်းကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန်နှင့် တိုးတက်မှုကို ပံ့ပိုးမြှင့်တင်ရန်သာမက ကုမ္ပဏီအနေဖြင့်လည်း လုပ်ငန်းနယ်ပယ် ရေစီးကြောင်းတွင် အမြဲခြေတစ်လှမ်းသာဦးဆောင်နိုင်စေရန် ရည်ရွယ်ထားပါသည်။

ရန်ကုန်၊ မြန်မာ။ ။ ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်လျက်ရှိသောကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo Group သည် လုပ်ငန်းကျွမ်းကျင်သူများကို ပြုစုပျိုးထောင်ရန်၊ တိုးတက်မှုကို မြှင့်တင်အားပေးရန်နှင့် အမြဲတိုးတက်ပြောင်းလဲလျက်ရှိသော လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နိုင်စေရန် ပံ့ပိုး‌ပေးမည့် ကုမ္ပဏီ၏ကတိကဝတ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ရှေ့ရေးမြှော်တွေး၍ ဆောင်ရွက်သော Ooredoo Learning Academy (OLA) ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အဆိုပါအစီအစဥ်သည် လက်ရှိကျင့်သုံးနေသည့် လေ့လာသင်ယူမှုနည်းလမ်းများဖြစ်သော လုပ်ငန်းခွင်တွင်းသင်ယူမှုနှင့် အနီးကပ်လမ်းညွှန်သင်ကြားမှုကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ နည်းလမ်းများအပြင် ဝန်ထမ်းများအတွက် သင်ယူလေ့လာမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်မှု ရှိစေမည့် ဘက်စုံလေ့လာသင်ယူမှုဆိုင်ရာ နည်းလမ်းများအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ထားပါသည်။

အူရီဒူး၏ ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာနှင့်အညီ Ooredoo Learning Academy (OLA) သည် Group ၏ သင်ယူမှုဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်လာပြီး ကျွမ်းကျင်မှုဆိုင်ရာကွာဟချက်များကို ဖြည့်ဆည်းကာ အနာဂတ်စီးပွားရေးအတွက် အရေးပါသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ကျွမ်းကျင်ပညာရှင်များစွာကို လုပ်ငန်းတွင်းမှမွေးထုတ်ပေးနိုင်ရန် ရည်ရွယ် ထားပါသည်။ ၎င်းသည် ကုမ္ပဏီ၏ မဟာဗျူဟာမြောက်ရည်မှန်းချက်များကို အောင်မြင်မှုရစေရန်အတွက် အူရီဒူး၏ ထင်ရှားသော လုပ်ကိုင်ပုံနည်းလမ်းများနှင့်အတူ စဉ်ဆက်မပြတ်သင်ယူမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အကောင်းဆုံးရလဒ်များဖြင့် ထင်ရှားစွာပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

အူရီဒူး၏ Group Chief Human Resources Officer ဖြစ်သူ Fatima Sultan Al Kuwari က "နည်းပညာ အလျင်အမြန်တိုးတက်လာမှုတွေ၊ လုပ်ငန်းနယ်ပယ်ဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေမြန်ဆန်တဲ့ ခေတ်ကြီးမှာ လေ့လာသင်ယူမှုတွေဟာ ဘယ်သူ့ကိုမဆို ဆက်လက်တိုးတက်အောင်မြင်ဖို့နဲ့ ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်ရာမှာ အဓိကကျတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ OLA က အမြဲပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အူရီဒူးဝန်ထမ်းတွေအနေနဲ့ တိုးတက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ အူရီဒူးရဲ့ကတိကဝတ်ကို လေးနက်စွာဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်" ဟု ပြောကြားလိုက်သည်။

အောင်မြင်မှုရရှိရန် ချဲ့ထွင်ဆောင်ရွက်ခြင်း
OLA ၏ အဓိကရည်ရွယ်ချက်များစွာထဲမှ တစ်ခုသည် လွယ်ကူစွာ တိုးချဲ့နိုင်မည့် သင်ယူလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဥ်များကို Group နှင့် လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများအနှံ့ ဖန်တီးပေးရန်ဖြစ်ပါသည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်မှုရှိယုံသာမက သင်ယူလေ့လာမည့်သူ အားလုံးအတွက် တစိုက်မတ်မတ်ဖြင့် အရည်အသွေးမြင့်ပညာရေးကို ရရှိစေရန် ရည်ရွယ်ထားပါသည်။
လက်ရှိတွင် ဒစ်ဂျစ်တယ်၊ နည်းပညာ၊ စီးပွားရေး၊ ဝယ်ယူရေး၊ ငွေကြေးပိုင်း၊ လူသားအရင်းအမြစ်၊ ခေါင်းဆောင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအကြောင်းအရာများပါဝင်သော သင်တန်းများကို ဝန်ထမ်းများအနေဖြင့် OLA မှတစ်ဆင့် အဆင်ပြေစွာ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။

အသိပညာဗဟုသုတစုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း
အူရီဒူး၏ စုပေါင်းသင်ယူလေ့လာမှုဆိုင်ရာပလက်ဖောင်းတစ်ခုအနေဖြင့် OLA အစီအစဥ်သည် Group နှင့် ၎င်း၏ လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီများကြားတွင် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သမားရိုးကျ လေ့လာသင်ယူမှုကို ပိုမိုအဆင့်မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသိပညာမျှဝေခြင်းကို ပံပိုးပေးသွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည် တသမတ်တည်းဖြစ်ပြီး အားလုံးပါဝင်နိုင်မည့် လေ့လာသင်ယူမှုအတွေ့အကြုံများကို ရရှိစေမည့်အပြင် ကုမ္ပဏီရှိ ဝန်ထမ်းအားလုံး၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Learning Academy
Ooredoo Group ၏ ဦးဆောင်မှုအောက်တွင် အူရီဒူးမြန်မာသည် “Ooredoo Myanmar Learning Academy” ကို အဓိက အုတ်မြစ် ၂ ရပ်ဖြစ်သည့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာပညာရပ်များကို သင်ယူလေ့လာနိုင်မည် ဖြစ်သော “Leadership Academy” နှင့် လုပ်ငန်းနယ်ပယ်တစ်ခုချင်းဆီအလိုက် သင်ယူလေ့လာနိုင်မည် ဖြစ်သည့် “Functional Academy” များဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

Ooredoo Myanmar Learning Academy သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်နှင့် အလားအလာများကို မြှင့်တင်ရန်အတွက် လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီအလိုက် ကျွမ်းကျင်မှုများ၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အပြုအမူဆိုင်ရာကျွမ်းကျင်မှုများကို သင်ယူနိုင်သည့် ဒစ်ဂျစ်တယ် သင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။

Ooredoo Myanmar Learning Academy မှတစ်ဆင့် ဝန်ထမ်းများသည် ကုမ္ပဏီမှ ပံ့ပိုးပေးထားသော သင်ကြားပို့ချမှုများနှင့် ကိုယ်တိုင်လေ့လာသင်ယူနိုင်သော သင်တန်းများကို ချိန်ညှိတက်ရောက်ကာ စနစ်ကျသောသင်ယူမှုလမ်းကြောင်းမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစိုက် လေ့လာနိုင်မည် ဖြစ်ပါသည်။ သင်ယူမှုဆိုင်ရာနည်းစနစ်အနေဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့်သင်ယူမှု၊ အသိပညာမျှဝေမှုနှင့် လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားမှုများပါဝင်ပါသည်။

- ပြီး -

MPT ၏ မြန်နှုန်းမြင့် LTE ကွန်ရက်ဖြင့် ပိုမိုမြန်ဆန်ကောင်းမွန်သော ခံစားချက်အသစ်ကို ရရှိခံစားနိုင်(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ...
29/11/2023

MPT ၏ မြန်နှုန်းမြင့် LTE ကွန်ရက်ဖြင့် ပိုမိုမြန်ဆန်ကောင်းမွန်သော ခံစားချက်အသစ်ကို ရရှိခံစားနိုင်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်) _ မြန်မာနိုင်ငံ၏ နံပါတ် (၁)ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ဆန်းသစ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးစွမ်းရုံသာမကဘဲ ပိုမိုမြန်ဆန် ကောင်းမွန်သော ကွန်ရက်အတွေ့အကြုံများကိုပါ ပေးစွမ်းနိုင်ရန်အတွက် ကွန်ရက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ MPT သည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် ပိုမိုမြန်ဆန် ကောင်းမွန်သော မြန်နှုန်းမြင့် LTE ကွန်ရက်ကို တိုးချဲ့လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ကွန်ရက်တိုးချဲ့မှုနှင့်အတူ သုံးစွဲသူများ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် အထူးသီးသန့် ဂိမ်းပက်ကေ့ချ်များ နှင့် အထူးကမ်းလှမ်းချက်များကို MPT က မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် ဒေတာအသုံးပြုမှုအတွက် စိတ်ပူစရာမလိုဘဲ ပိုမိုလျင်မြန်သော ခံစားချက်အသစ် အတွေ့အကြုံများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများသည် အဆိုပါ အထူးကမ်းလှမ်းချက်များကို *555 # သို့ခေါ်ဆိုခြင်းဖြင့် သို့မဟုတ် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ရယူခြင်းစသည့် နည်းလမ်းများဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အတွင်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO ၏ နည်းပညာဌာနကြီးမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr.Yoshihisa OUCHI မှ “ကျွန်တော်တို့ MPT ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်လွှမ်းခြုံမှု ၉၆% ရှိနေပြီး အကျယ်ပြန့်ဆုံးသော ကွန်ရက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်လာတဲ့ နည်းပညာခေတ်မှာ ဆက်သွယ်​ရေးကွန်ရက်ရဲ့အရေးပါမှုကို သိရှိထားပြီး ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုလျင်မြန်တဲ့ ခံစားချက်အသစ်ကို ရရှိခံစားနိုင်မယ့် မြန်နှုန်းမြင့် LTE ကွန်ရက် အဆင့်ပြောင်းလဲ မြှင့်တင်မှုကို ​ဆောင်ရွက်​ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုကွန်ရက် အဆင့်မြှင်တင်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှု ၊ မိမိချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေနိုင်မှု၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဒါမှမဟုတ် လေ့လာသင်ယူမှုဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ရရှခံစားနိုင်မှုစတဲ့ အားသာချက်တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်နဲ့အတူ အထူးကမ်းလှမ်းချက်တွေကို စိတ်ကျေနပ်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်မှုကို ကျန်ရှိသော နေရာများတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT က လက်ရှိတွင် ပေးအပ်လျက်ရှိသော တန်ဆောင်တိုင် ပရိုမိုးရှင်း အစီအစဉ် (၃) ခု အပြင် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပ...
24/11/2023

MPT က လက်ရှိတွင် ပေးအပ်လျက်ရှိသော တန်ဆောင်တိုင် ပရိုမိုးရှင်း အစီအစဉ် (၃) ခု အပြင် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကို မိတ်ဆက်.

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT အနေဖြင့် တန်ဆောင်တိုင်ပွဲတော်ကို စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဉ်များ နှင့်အတူ ရင်ခုန်စရာ ဆုလက်ဆောင်များ ပါဝင်မည့် တန်ဆောင်တိုင် အမှတ်တရ ဒီဂျစ်တယ် ဓာတ်ပုံပြိုင်ပွဲကို ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ MPT အနေဖြင့် မြန်မာ့ရိုးရာပွဲတော်များအား လေးစားမြတ်နိုးပြီး တန်ဖိုးထားရသော သုံးစွဲသူများအတွက် အမှတ်တရအချိန်လေးများ ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အောက်ဖော်ပြပါဇယားတွင် MPT က ပေးအပ်သွားမည့် တန်ဆောင်တိုင် အထူးအစီအစဥ်များကို ဖော်ပြထားပါသည်။

ယခုကဲ့သို့ ထူးခြားသော ပရိုမိုးရှင်းများတွင် ပါဝင်ပြီး စိတ်လှုပ်ရှားဖွယ် ဆုကြီးများအား အရယူနိုင်မည်ဖြစ်ပါသည်။ ပရိုမိုးရှင်းတစ်ခုစီနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ဇယားထဲတွင် ပါဝင်သောလင့်ခ်များအား ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နိုဝင်ဘာ (၂၅) ရက်မှ (၂၇) ရက်အထိ ကျင်းပသွားမည့် MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် ပါဝင်ပြီး အမှတ်တရအချိန်လေးများကို ပိုင်ဆိုင်နိုင်သလို အပျော်တွေကိုပါ မျှဝေပေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

အောက်တွင်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ပါဝင်နိုင်ပါသည်။
ပြိုင်ပွဲဝင်ရန်-
ပါဝင်သူတိုင်းသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်သက်ဆိုင်သည့်ဓာတ်ပုံရိုက်၍ “MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲအစီအစဉ် ပို့စ်အောက်တွင် မှတ်ချက်ပြု(Comment) လာမန့်ပေးရပါမည်။

“MPT နှင့်အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” ဓာတ်ပုံပြိုင်ပွဲ ပို့စ်ကို hashtag များဖြစ်သည့် နှင့် နှင့်အတူ public setting ဖြင့် share ရပါမည်။

ပြိုင်ပွဲပြီးဆုံးမည့်အချိန်- ပါဝင်သူများသည် မှတ်ချက်ပြု (Comment) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ ညသန်းခေါင်ယံ (23:59) နာရီထက် နောက်မကျဘဲ ပေးပို့ထားရမည်ဖြစ်ပါသည်။

အမှတ်တရဆုလက်ဆောင်များ- အမှတ်တရ ဆုလက်ဆောင် ကံထူးရှင် စုစုပေါင်း (၁၉၀)ဦးကို ကျပန်းစနစ်ဖြင့် ရွေးချယ်၍ ဆုများပေးအပ်သွား မည်ဖြစ်ပါသည်။ အမှတ်တရ ဆုလက်ဆောင်များမှာ- realme mobile handsets, realme gift sets, Mi SmartWatch, Wireless Earbuds နှင့် MPT မိုဘိုင်းဖုန်းဘေလ်များ၊ MPT Club ပွိုင့်များဖြစ်ပါသည်။ အသေးစိတ်ကို https://mpt.com.mm/mm/tazaungtine-photo-contest/ လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ထူးခြားမှုများကို ယခုပဲလုပ်ဆောင်လိုက်ပါ-ပါဝင်သူများ၏ ဓာတ်ပုံတစ်ပုံစီအတွက် (၅၀၀) ကျပ်သတ်မှတ်ပြီး လက်ခံရရှိသည့် ဓါတ်ပုံအရေအတွက် ပေါ်မူတည်၍ မေရီချက်(ပ်)မင်း နားမကြားကလေးများ၏ ပညာရေး နှင့် ကျန်းမာရေးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။

အမှတ်တရဆုလက်ဆောင်ရရှိသူများကို MPT က page နှင့် Viber တို့တွင်ကြေညာပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကိုhttps://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/uploads/2023/11/23171422/Terms__Conditions_Tazaungdaing_Lighting_Festival_Photo_Conest_MM_23112023_Final.pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ ကျွန်တော်တို့အနေနဲ့ အခုလို မင်္ဂလာရှိတဲ့ ပွဲတော်အခါသမယမှာ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားမှုနဲ့ပျော်ရွှင်မှုတွေ ဆောင်ကြဥ်းပေး နိုင်ဖို့ ပရိုမိုးရှင်းအစီအစဉ် (၃) ခုနဲ့ ဒီဂျစ်တယ် အမှတ်တရ ဓာတ်ပုံပြိုင်ပွဲကို စီစဉ်ဆောင်ရွက်ပေး ခြင်းဖြစ်ပါတယ်။ MPT ကို စဥ်ဆက်မပြတ်ပံ့ပိုးပေးကြတဲ့ သုံးစွဲသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာပြည်သူပြည်သား အားလုံး အေးချမ်းသာယာတဲ့ ပျော်ရွှင်ဖွယ်ရာ တန်ဆောင်တိုင်ပွဲတော်ကို ပိုင်ဆိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။အခုလို တန်ဆောင်တိုင် အမှတ်တရ ဓါတ်ပုံပြိုင်ပွဲကို အတူဆင်နွှဲရင်း လူမှုအသိုက်အဝန်းအတွက် အတူတူထောက်ပံ့ပေးနိုင်မှာမို့ အားလုံး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါရစေ။” ဟုပြောကြားခဲ့ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ဆန်းသစ်ပြီး အဆင်ပြေ လွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ MPT အနေဖြင့် အနာဂတ်တွင် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော ကမ်ပိန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့်လည်း အချိန်နှင့်တပြေးညီ သိရှိရန် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း MPT Club နှင့်အတူ အထူးစျေးဝယ်နိုင်မည့် အတွေ့အကြုံကို ခံစားရယူလိုက်ပါ (ရန်ကုန်၊ ၂၀၂၃ ခုနှစ်...
10/11/2023

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း MPT Club နှင့်အတူ အထူးစျေးဝယ်နိုင်မည့် အတွေ့အကြုံကို ခံစားရယူလိုက်ပါ
(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်) – MPT က MPT Club သုံးစွဲသူများကို အထူးနှုန်းထားဖြင့် စျေးဝယ်ယူနိုင်မည့် “MPT Club ပွိုင့်များဖြင့် စျေးဝယ်လိုက်ပါ” ပရိုမိုးရှင်း အစီအစဉ်ဖြင့် တန်ဆောင်တိုင်ပွဲတော်ကို ကြိုဆိုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ပရိုမိုးရှင်းကို ရယူရန် MPT Club ပွိုင့် (၃၃) ပွိုင့်ဖြင့် အထူးလျှော့စျေး ရယူခွင့်ကို လဲလှယ်ရန်လိုအပ်ပြီး ပရိုမိုးရှင်းကာလမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်မှ ဒီဇင်ဘာလ (၃) ရက်အထိဖြစ်ပါသည်။ ယခုအစီအစဉ်ကို MPT Club ပွိုင့် (၃၃) ပွိုင့် နှင့်အထက်ရှိသော သုံးစွဲသူများအနေဖြင့် MPT Club ၏ မိတ်ဖက် စျေးဝယ်စင်တာများ၊ အွန်လိုင်းကုန်စုံ စူပါမားကတ်များ၊ မုန့်ဆိုင်များအပါအဝင် သစ်သီး နှင့် ဟင်းသီးဟင်းရွက် စတိုးဆိုင်များ စသည့် သတ်မှတ်ထားသောဆိုင်အသီးသီးတွင် အထူးလျှော့စျေးများကို ရရှိနိုင်မည် ဖြစ်ပါသည်။
MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “တန်ဆောင်တိုင်ပွဲတော်ကာလဟာ မြန်မာလူမျိုးတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်ပြီး ပွဲတော်ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အချင်းချင်း လက်ဆောင်ပစ္စည်း ပေးကြတာတွေ၊ မိမိထက်အသက်အရွယ် ကြီးရင့်သူတွေကို ဂါရဝပြုကန်တော့ကြတာတွေအပြင် ချစ်ခင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစု တွေနဲ့ အတူတူ တန်ဖိုးရှိတဲ့အချိန်တွေကို ဖန်တီးကြတဲ့ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ မိတ်ဖက်လုပ်ငန်းတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် အခုလို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ “MPT Club ပွိုင့်များဖြင့် စျေးဝယ်လိုက်ပါ” ပရိုမိုးရှင်းအစီအစဉ်ကို MPT Club အဖွဲ့ဝင်တွေအတွက် မိတ်ဆက်ပေးနိုင်ခဲ့ပြီး မိတ်ဖက်လုပ်ငန်းတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုပရိုမိုးရှင်းအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ MPT သုံးစွဲသူတွေအားလုံး ပျော်ရွှင်စရာ တန်ဆောင်တိုင်ပွဲတော်ကာလမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ" ဟု ပြောကြားခဲ့ပါသည်။
MPT Club ၏ အကျိုးခံစားခွင့်များကို ရရှိနိုင်ရန်အတွက် MPT Club အဖွဲ့ဝင်မဖြစ်သေးသည့် သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းမှ တစ်ဆင့် (သို့မဟုတ်) အမျိုးသားများအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးများအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ လည်းကောင်း (သို့မဟုတ်) *345 # သို့ခေါ်ဆို၍ လည်းကောင်း စာရင်းသွင်း၍ အဖွဲ့ဝင်နိုင်ပါသည်။ MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် (၅၀) ရရှိမည် ဖြစ်သည်။
MPT Club ပွိုင့်များဖြင့် MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု၊ အင်တာနက်အသုံးပြုခြင်း နှင့် စာတိုပို့ဆောင်မှု စသည့် ဝန်ဆောင်မှုများအား လဲလှယ် အသုံးပြုနိုင်သည့်အပြင် MPT Club မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကိုလည်း MPT4U APP မှတစ်ဆင့် (သို့မဟုတ်) *345 # ကိုခေါ်ဆို၍ လဲလှယ်အသုံးပြုနိုင်ပါသည်။ MPT Club မိတ်ဖက်ဆိုင်များ၏ အသေးစိတ်အချက်အလက်များကို https://mpt.com.mm/en/mpt-club/ တွင် ကြည့်ရှုနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသောဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် တန်ဖိုးရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရန် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ခုနစ်ရက်သားသမီးများအားလုံးအတွက်  တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ-----...
09/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့
ခုနစ်ရက်သားသမီးများအားလုံးအတွက်
တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ
-----------------------

ရွှေကံဆင့်ဗေဒင်
အခန်း (၀၀၁)၊ တိုက် (၃၀)၊ စီဘလောက် (၂)လမ်း၊
ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်။
Phone, Messenger, Viber နဲ့ ဗေဒင် လုံး၀ လုံး၀ မဟောပါ ...။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်အတွက်ခုနစ်ရက်သားသမီးများအားလုံးအတွက်  တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ====...
07/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်အတွက်
ခုနစ်ရက်သားသမီးများအားလုံးအတွက်
တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ
===========================================
*** ရွှေကံဆင့်ဗေဒင် ဆင်တူရိုးမှား အတုအပ အထူးအထူး သတိပြုတော်မူကြပါ ... ***
============================================
အခန်း (၀၀၁)၊ တိုက် (၃၀)၊ စီဘလောက် (၂)လမ်း၊
ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ထားပါတယ်။
Phone, Messenger, Viber နဲ့ ဗေဒင် လုံး၀ လုံး၀ မဟောပါ ...။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်အတွက်ခုနစ်ရက်သားသမီးများအားလုံးအတွက်  တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ====...
06/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်အတွက်
ခုနစ်ရက်သားသမီးများအားလုံးအတွက်
တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ
===========================================
*** ရွှေကံဆင့်ဗေဒင် ဆင်တူရိုးမှား အတုအပ အထူးအထူး သတိပြုတော်မူကြပါ ... ***
============================================
အခန်း (၀၀၁)၊ တိုက် (၃၀)၊ စီဘလောက် (၂)လမ်း၊
ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ထားပါတယ်။
Phone, Messenger, Viber နဲ့ ဗေဒင် လုံး၀ လုံး၀ မဟောပါ ...။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်အတွက်ခုနစ်ရက်သားသမီးများအားလုံးအတွက်  တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ====...
03/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်အတွက်
ခုနစ်ရက်သားသမီးများအားလုံးအတွက်
တစ်နေ့တာဟောစာတမ်းနှင့် ဆောင်ရန် ရှောင်ရန် ယတြာများ
===========================================
*** ရွှေကံဆင့်ဗေဒင် ဆင်တူရိုးမှား အတုအပ အထူးအထူး သတိပြုတော်မူကြပါ ... ***
============================================
အခန်း (၀၀၁)၊ တိုက် (၃၀)၊ စီဘလောက် (၂)လမ်း၊
ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ထားပါတယ်။
Phone, Messenger, Viber နဲ့ ဗေဒင် လုံး၀ လုံး၀ မဟောပါ ...။

ဂိမ်းဝါသနာရှင်များ အနေဖြင့် MPT-GG Fest ၏ Vlog ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Apple iPad Air5 ကို ကံထူးနိုင်မည်...
02/11/2023

ဂိမ်းဝါသနာရှင်များ အနေဖြင့် MPT-GG Fest ၏ Vlog ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Apple iPad Air5 ကို ကံထူးနိုင်မည်

(ရန်ကုန်၊၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)- MPT သည် GG Fest 2023 ပွဲတော်အတွင်း MPT အသုံးပြုသူ များအနေဖြင့် တစ်မူထူးခြားသော ဗွီဒီယို ဖန်တီးနိုင်မှုစွမ်းရည်များကို ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိတ်လှုပ်ရှားဖွယ်ရာ MPT-GG Fest Vlog ပြိုင်ပွဲကို ကျင်းပ လိုက်ပြီဖြစ်ပါသည်။ Vlog ဝါသနာရှင်များအနေဖြင့် MPT နှင့် GG Fest 2023 ၏ အမှတ်တရပုံရိပ်များဖြင့် Vlog ဗွီဒီယိုများ ဖန်တီးပြီး အဆိုပါပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ Vlog ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အကောင်းဆုံး Vlog ဗွီဒီယိုဖန်တီးနိုင်သူအား Apple iPad Air 5 ဆု ကို ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ထို့အပြင် GG Fest 2023 အော့ဖ်လိုင်း(Offline) ပွဲတော်ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် Rose Garden ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်သို့ ဝင်ရောက်ရန် GG Fest သို့ လက်မှတ်ပြရမည် ဖြစ်ပါသည်။
ပွဲတော်အတွင်း ဂိမ်းချစ်သူများအနေဖြင့် cosplay ပြိုင်ပွဲ၊ PS4 ဂိမ်းပြိုင်ပွဲ အတွေ့အကြုံများ၊ အခြားသော ပျော်ရွှင်စရာ အစီအစဉ်များကို ခံစားနိုင်မည့်အပြင် ဂိမ်း ကဏ္ဍမှ နာမည်ကျော်ကြားသော အနုပညာရှင်များနှင့် တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ လူငယ်များအကြား ဒီဂျစ်တယ်နှင့် ဂိမ်းအတွေ့အကြုံများကို မြှင့်တင်ရန် MPT သည် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီထားပြီး ဂိမ်းကစားသူများသည် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဂိမ်းကစားနိုင်မှုစွမ်းရည်တို့ကို ပြသရန် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

Vlog ပြိုင်ပွဲသည် GG Fest 2023 အော့ဖ်လိုင်း(Offline) ပွဲတော်တွင် ဂိမ်းချစ်သူများ ပါဝင်နိုင်ယှဉ်ပြိုင်နိုင်ရန်အတွက် အထူးသီးသန့်ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။

၁။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် Vlog ဗွီဒိယိုကို မတင်မီတွင် https://bit.ly/mpt-gg-vlog မှတစ်ဆင့် စာရင်းသွင်းရန်လိုအပ်ပါသည်။
၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နှင့် (၅) ရက်တို့တွင် ရန်ကုန်မြို့၊ Rose Garden Hotel ၌ ပြုလုပ်မည့် GG Fest ပွဲအတွက် ဝယ်ယူထားသည့် လက်မှတ်ကို GG Fest သို့ ပြရမည် ဖြစ်ပါသည်။
၃။ GG Fest ပွဲတွင် ရိုက်ကူးထားသည့် Volg သည် ကြာချိန် (၁)မိနစ် မှ (၃) မိနစ်အတွင်းရှိသည့် Vlog ဗွီဒီယို တစ်ခုဖန်တီးရမည်ဖြစ်ပြီး အဆိုပါ ဗွီဒီယိုတွင် MPT ၏ အမှတ်တံဆိပ်နှင့်ပုံရိပ်တို့အား Video ကြာမြင့်ချိန်၏ သုံးပုံတစ်ပုံပါရှိအောင် ထည့်သွင်းရိုက်ကူးရမည် ဖြစ်ပါသည်။
၄။ ပါဝင်ဆောင်ရွက်သူမှ အထက်ပါအတိုင်းရိုက်ကူးထားသည့် ဗွီဒီယိုအား “ ” ဆိုသောစာသားဖြင့် Facebook တွင် မိမိ၏ အကောင့်၌ Public ဖြင့် နိုဝင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ ပို့စ်တင်ရမည် ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်သူများအနက်မှ အကောင်းဆုံး ဗွီဒီယိုအား ဖန်တီးနိုင်သူတစ်ဦးကို MPT နှင့် GG Fest အဖွဲ့တို့မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ဆုရရှိသူအား MPT ၏ Facebook ပေ့ချ်တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။ Vlog ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ### တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
GG Fest 2023 ပွဲတော်တွင် MPT အနေဖြင့် MPT booth ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ MPT booth တွင် ပါဝင်မည့် Fun Meeting များ၊ PS4 ဂိမ်းပြိုင်ပွဲများ၊ Vlog ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်သည့် ကောင်တာနှင့် MPT အရောင်းကောင်တာတို့ကို ထည့်သွင်းထားပါသည်။ ထို့အပြင် MPT သည် MPT IPTV တွင်လည်း ဂိမ်းပြိုင်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှုများကို တင်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ အထူး ဆောင်ရွက်မှုသည် MPT သုံးစွဲသူများ ၎င်းတို့နေအိမ်တွင် သက်တောင့်သက်သာရှိစွာဖြင့် Offline ပြိုင်ပွဲ များကို ကြည့်ရှုနိုင်စေရန်နှင့် ၎င်းတို့၏ စိတ်ကြိုက်ကစားသမားများကို အားပေးရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဂိမ်းကိုနှစ်ခြိုက်သူများအတွက် ဆန်းသစ်၍ ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများကို ပံ့ပိုးပေးနိုင်သည့်အတွက် ဂုဏ်ယူမိပါသည်။ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာများတွင် ဖော်ပြပေးသွားမည့် ဂိမ်းပြိုင်ပွဲနှင့်ပတ်သက်သည့် အသစ်သစ်သော သတင်းများနှင့် စာရင်းသွင်းနိုင်မည့် အသေးစိတ်အချက်အလက်များကို စောင့်မျှော်ကြည့်ရှုပေးပါ။

Flip Industry မှာ ပထမဦးဆုံး Telephoto Camera နဲ့ ထွက်ရှိလာပြီး “A Better Flip” ဖုန်းဖြစ်လာမဲ့ OPPO Find N3 Flip ကို မြန်...
02/11/2023

Flip Industry မှာ ပထမဦးဆုံး Telephoto Camera နဲ့ ထွက်ရှိလာပြီး “A Better Flip” ဖုန်းဖြစ်လာမဲ့ OPPO Find N3 Flip ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

OPPO Find N3 Flip ကို မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့်
နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့ အထိ Pre-order စတင်မှာယူနိုင်ပြီ။

၂၊ နိုဝင်ဘာ၊ ၂၀၂၃၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ “A Better Flip” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ Flip Industry ထဲကို ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးနဲ့ အသုံးပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ Flip ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ Official Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OPPO Find N3 Flip ကို Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာ ဖြစ်ကာ Pre-order Gift အနေဖြင့် OPPO Enco Buds2 အပြင် International Warranty Service နဲ့ တစ်နှစ်အတွင်း မှန်ကွဲအာမခံ တစ်ကြိမ် အခမဲ့ ရရှိနိုင်မဲ့ Find N3 Flip Screen Protection Plan ကတ်ကို ရရှိမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Find N3 Flip ဝယ်ယူသူတိုင်းကို Designer မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။ ဒီ OPPO Find N3 Flip Official Launch Event မှာတော့ OPPO Brand Ambassador ဖြစ်တဲ့ အကယ်ဒမီခင်ဝင့်ဝါနဲ့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ နန်းဆုရတီစိုး၊ အလင်းရောင်၊ May Grace Parry တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး OPPO Find N3 Flip ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီ OPPO Find N3 Flip Official Launch Event မှာတော့ အထူးအစီအစဉ်တစ်ခုအနေနဲ့ မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ Old Money Ready to Wear Collection ရဲ့ Fashion အသစ်စက်စက်တွေကိုလဲ ပြသခဲ့လို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်နဲ့ OPPO တို့ အထူးသီးသန့် Collaboration လုပ်ထားတဲ့ OPPO Find N3 Flip Mini Bag ကိုပါ မြင်တွေ့ခံစားခဲ့ရပြီး စိတ်ဝင်စားဖွယ်အစီအစဉ်များနဲ့ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာကို ပြုလုပ်ခဲ့ပါတယ်။

Intuitive Cover Screen နဲ့ ထွက်ရှိလာတဲ့ OPPO Find N3 Flip
OPPO Find N3 Flip ဟာ ထူးခြားချက်တစ်ခုအနေဖြင့် ဖုန်း Cover Screen ဟာ Intuitive Cover Screen နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ OPPO ဟာ Vertical Cover Screen ကို အသုံးပြုသူတွေရဲ့ User Experience နဲ့ တုန့်ပြန်မှုတွေကနေတစ်ဆင့် လူကြိုက်များခဲ့တာကြောင့် အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဒေါင်လိုက်ဖြစ်တဲ့ Vertical Cover Screen ကို ဖန်တီးလုပ်ဆောင်ထားတဲ့အတွက် Cover Screen ပေါ်မှာ Mini Phone လေးသုံးနေရသလို ခံစားစေရမှာပါ။ App များများ အသုံးပြုသူတွေအတွက် အခြားဖုန်းများနဲ့ မတူပဲ Find N3 Flip ရဲ့ Intuitive Cover Screen မှာ လူသုံးများတဲ့ နာမည်ကြီး App ပေါင်း ၈၀ ကျော်ကို အသုံးပြုနိုင်အောင် ဖန်တီးပေးထားပြီး Customized GIFတွေ ပြုလုပ်လို့ရတဲ့ Function တွေလဲ ပါဝင်ပါတယ်။ ဖုန်းဖြေဆိုတာ၊ GameSnacks နဲ့ ဂိမ်းဆော့တာ၊ အငှားကား ခေါ်ယူတာ၊ Google Map ကြည့်တာ၊ Email ဖွင့်တာ၊ Social media အသုံးပြုတာနဲ့ Video အတိုလေးတွေ ကြည့်တာ စတာတွေကို ဖုန်းကို ဖွင့်စရာ မလိုဘဲ Cover Screen ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ OPPO Find N3 Flip ရဲ့ ကင်မရာ
Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ OPPO ဟာ Find N3 Flip ဖုန်းနဲ့အတူ ခေါက်လို့ရတဲ့ဖုန်းတွေမှာ ပထမဆုံး Flagship Telephoto len ပါဝင်တဲ့ ကင်မရာ ၃ လုံးကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ Main wide-angle camera အတွက် Find N3 Flip မှာ အခြား Flip ဖုန်းများထက် ၃၀% ပိုမိုကြီးမားတဲ့ Flagship 50MP Sony IMX 890 Sensor ကို တပ်ဆင်ထားပြီး ပိုပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝေဝါးမှုလျှော့ချပြီး ရိုက်ကူးနိုင်စေမဲ့ OIS ကိုလဲ ထည့်သွင်းထားပါတယ်။ Ultra-wide မြင်ကွင်းအတွက် အခြား Flip ဖုန်းတွေထက် ၁၀၀% ပိုမိုကြီးမားတဲ့ 48MP Sony IMX 581 Sensor ကို တပ်ဆင်ထားတာပဲ ဖြစ်ပြီး ခေါက်လို့ရတဲ့ဖုန်းတွေမှာ ပထမဆုံးသော Telephoto Camera ဖြစ်တဲ့ 32MP Telephoto Portrait Camera လည်းပါဝင်လာပါတယ်။ သူ့ရဲ့ Sensor မှာ အလင်းရောင် နည်းတဲ့ နေရာတွေမှာ ကြည်လင်တဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်စေမဲ့ OPPO ရဲ့ အထူးသီးသန့် RGBW IMX 709 sensor လုပ်ဆောင်ချက်လဲ ပါဝင်လာပါတယ်။ Find N3 Flip ရဲ့ Mobile Imaging ဟာ Zoom ကို 2x Optical Zoom၊ 20x Digital Zoom အထိ ပံ့ပိုးပေးနိုင်ကာ Flip ဖုန်းမှာ ပထမဆုံးအကြိမ်အဖြစ် 47mm Classic Portrait Professional Focal Length ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါအပြင် OPPO Find N3 Flip ရဲ့ 32 MP ရှိတဲ့ Front Camera ဟာ Portrait ပုံကောင်းတွေ ရရှိဖို့အတွက် ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ Optical Zoom ပါဝင်သလို RGBW IMX709 Sensor ပါဝင်လာတဲ့ တစ်ခုတည်းသော Flip ဖုန်းဖြစ်ပါတယ်၊

ဖန်တီးထားတဲ့ Update ဒီဇိုင်း
OPPO Find N3 Flip မှာဆိုရင် Flagship ကင်မရာဒီဇိုင်းကို ပုံဖော်ပေးနိုင်ဖို့အတွက် Cosmos Ring Design လို့ ခေါ်တဲ့ High-end Watch တွေမှာ ပါဝင်တဲ့ နာရီရဲ့ ဒိုင်ခွက်ကို Inspire ရယူထားပြီး ပြုလုပ်ထားပါတယ်။ OPPO Find N3 Flip ရဲ့ ဖုန်းပတ်ပတ်လည်ကို သက်သောင့်သက်သာရှိပြီး ဖုန်းကိုင်သုံးစွဲမှု ကောင်းမွန်စေဖို့ Micro-Carved Flowing Hinge ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး အလွန်ချောမွေ့ပြီး သက်သောင့်သက်သာ ကိုင်တွယ်နိုင်ဖို့အတွက် Curve အဖြစ်ဆုံး ဖန်သားအမျိုးအစားကိုလဲ အသုံးပြုပေးထားပါတယ်။ Alert Slider ကို ထည့်သွင်းပေးထားပြီး ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို ဖုန်း Screen ကို မပွင့်စေပဲ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ OPPO Find N3 Flip ဟာ အဆင့်မြှင့်တင်ထားတဲ့ Flexion Hinge ကြောင့် ဖုန်းထဲကို အမှုန်အမွှားဝင်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ကြားမှာ ဟနေခြင်းလုံးဝမရှိအောင် ဖန်တီးပေးထားပါတယ်။ TÜV Rheinland ရဲ့ အဆိုအရ ဒီ OPPO Find N3 Flip ဟာ အကြိမ်ပေါင်း 600,000 အခေါက်အဖြန့်လုပ်နိုင်ပြီး ကြာရှည်ခံနိုင်အောင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အလျင်မြန်ဆုံး စွမ်းဆောင်ရည်နဲ့ ဘက်ထရီ
Find N3 Flip ကို အလျင်မြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Chipset ဖြစ်တဲ့ အဆင့်မြင့် MediaTek Dimensity 9200 Chipset တပ်ဆင်ပေးထားပြီး RAM 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။ ကြီးမားတဲ့ ဘက်ထရီ 4300mAH ပါဝင်တာကြောင့် တစ်နေကုန် စိတ်ကြိုက် အသုံးခံမှာ ဖြစ်သလို 44W SUPERVOOC အမြန်အားသွင်းစနစ်က အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းနိုင်စေမှာဖြစ်ပြီး မိနစ် အချိန် ၂၀ လောက်ပေးပြီး အားသွင်းလိုက်ရုံနဲ့ ဖုန်းအားကို ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။

“A Better Flip” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ Flip Industry ထဲကို ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးနဲ့ အသုံပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OPPO Find N3 Flip ကို Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာဖြစ်ကာ Pre-order Gift အနေဖြင့် တစ်နှစ်အတွင်း မှန်ကွဲအာမခံ တစ်ကြိမ် အခမဲ့ ရှိနိုင်မဲ့ Find N3 Flip Screen Protection Plan ကတ်နဲ့ International Warranty Service တို့ကို ရရှိမှာဖြစ်သလို OPPO Enco Buds2 ကိုလဲ ရရှိမှာဖြစ်ပါတယ်။ OPPO Find N3 Flip ဝယ်ယူသူတိုင်းကို မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်း လျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when News Upload posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share