Football Myanmar-MK

  • Home
  • Football Myanmar-MK

Football Myanmar-MK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Football Myanmar-MK, Video Creator, .

ဂိတ်တိုရဲ့စေတနာပါ🤣🤣😁😁..ွဲရှာမယ်
17/08/2023

ဂိတ်တိုရဲ့စေတနာပါ🤣🤣😁😁..
ွဲရှာမယ်

ဂိတ်မှုး၏စေတနာ😁

17/08/2023

အခြေနေကအဲလိုဆို 🤣🤣 အိမ်ပေါင်ပြီချထားတာ....😁😁

27/03/2023

ယူနိုက်တက်မှာဝက်ဟော့စ်ကို အံ့အားသင်းစေတဲ့အရာ myanmar

27/03/2023

အသင်းဖော်မာရှယ်ကို ဒဏ်ရာမင်းသားလို့ နာမည်ပြောင်ပေးလိုက်တဲ့ ဝက်ဟော့စ် #မန်ယူ #မန်ယူသတင်းများ

နွေရာသီမှာအကြီးစားပြင်ဆင်မှုတွေပြုလုပ်ဦးမယ့် မန်ယူနည်းပြ အဲရစ်တန်ဟက် " 6.2.2023 (February) "မန်ယူအသင်းကို အကောင်းဆုံးဦးေ...
06/02/2023

နွေရာသီမှာအကြီးစားပြင်ဆင်မှုတွေပြုလုပ်ဦးမယ့် မန်ယူနည်းပြ အဲရစ်တန်ဟက်

" 6.2.2023 (February) "

မန်ယူအသင်းကို အကောင်းဆုံးဦးဆောင်ထားနိုင်ခဲ့တဲ့အဲရစ်တန်ဟက်ကတော့ လာမယ့်နွေရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ တန်ဟက်ရဲ့ လက်ထက်မှာ မန်ယူအသင်းအသင်းဟာ ကွင်းတွင်းကွင်းပြင် တိုးတက်လာခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ဆုဖလားတစ်လုံးပြန်လည်ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးရှိနေပါတယ်။

Mirror ရဲ့ ဖော်ပြချက်မှာတော့ တန်ဟက်ဟာ အသင်းမှာရှိနေတဲ့ ကစားသမား ၆ ယောက်လောက်အထိ ရှင်းထုတ်သွားမှာဖြစ်ပြီး အဲဒီအထဲမှာတော့ မက်ဂွိုင်းယား ဗန်ဒီဘိခ်နဲ့ တွမ်မီနေးတို့အပြင် ခြေစွမ်းပြနေတဲ့ မာရှယ်နဲ့ အငှားထွက်ကစားနေကြတဲ့ အဲလက်စ် တဲလက်စ်နဲ့ ဘိုင်လီတို့လည်း ပါဝင်နေခဲ့ပါတယ်။ ဗန်ဒီဘိခ်ကိုတော့ တန်ဟက်ရဲ့လက်အောက်မှာ ပြန်လည်တောက်ပလာမယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ဖြစ်မလာခဲ့တာကြောင့် အရောင်းစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ တန်ဟက်ရဲ့လက်အောက်မှာ ခြေစွမ်းပြကစားနေခဲ့ပြီး ၇၂၂ မိနစ်သာကစားရသေးပေမယ့် ၆ ဂိုးသွင်းထားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ မလိုအပ်တော့တဲ့ကစားသမားတွေကို ရှင်းထုတ်ပြီး လိုအပ်တဲ့နေရာတွေအတွက် ကစားသမားကောင်းတွေခေါ်ယူပေးမယ်ဆိုရင် အဲရစ်တန်ဟက်ဟာ ဆာအဲလက်စ် ဖာဂူဆန်နောက်ပိုင်း မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ယူဆောင်လာပေးမယ့်သူဖြစ်တယ်လို့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ညွှန်းဆိုနေခဲ့ကြပါတယ်။

#မန်ယူ

သင်သိပါသလား?ဆီနီဂေါနိုင်ငံသားတွေဟာ မာနေးပါဝင်ကစားမယ့် ဘောလုံးပွဲရှိတဲ့ရက်တွေဆို အလုပ်တွေမလုပ်ကြဘဲ လူတိုင်း တီဗွီရှေ့ကို ...
05/07/2022

သင်သိပါသလား?

ဆီနီဂေါနိုင်ငံသားတွေဟာ မာနေးပါဝင်ကစားမယ့် ဘောလုံးပွဲရှိတဲ့ရက်တွေဆို အလုပ်တွေမလုပ်ကြဘဲ လူတိုင်း တီဗွီရှေ့ကို ရောက်လာပြီး အားပေးလေ့ရှိကြပါတယ်။

မာနေးရဲ့ဘောလုံးပွဲရှိတဲ့နေ့ရက်တွေဟာ သူတို့အတွက် အပန်းဖြေစရာအားလပ်ရက်တွေပဲ ဖြစ်ပါတယ်။

PHOTO NEWS!ဆေးစစ်ဖို့ကာရစ်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေ ပြီးဖြစ်သော မာလာစီယာ။[The Sun]
05/07/2022

PHOTO NEWS!

ဆေးစစ်ဖို့ကာရစ်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိနေ ပြီးဖြစ်သော မာလာစီယာ။
[The Sun]

ဇာဗီးရဲ့လာမယ့်ဘောလုံးရာသီဘာစီလိုနာအစီအစဉ်တွင် ဒီပေးပါဝင်ခြင်းမရှိ=========ဘာစီလိုနာနည်းပြဇာဗီးကဒတ်ချ်စတားမမ်ဖစ်ဒီပေးက သူ...
05/07/2022

ဇာဗီးရဲ့လာမယ့်ဘောလုံးရာသီဘာစီလိုနာအစီအစဉ်တွင် ဒီပေးပါဝင်ခြင်းမရှိ
=========

ဘာစီလိုနာနည်းပြဇာဗီးကဒတ်ချ်စတားမမ်ဖစ်ဒီပေးက သူ့ရဲ့လာမယ့်ဘောလုံးရာသီအစီအစဉ်တွင် မပါဝင်ကြောင်းနှင့်ကလပ်ကသူ့ကိုအလိုမရှိတော့ကြောင်းပြောကြားလိုက်ပြီဖြစ်ပါတယ်။စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဘာစီလိုနာဟာလွန်ခဲ့တဲ့၁၂လခန့်တုန်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့တဲ့မမ်ဖစ်ဒီပေးကို ရောင်းချကာ လိဒ်တောင်ပံကစားသမားရာဖင်ညာကိုခေါ်ယူရေးငွေဖြည့်တင်းသွားမယ်လို့သိရပါတယ်။Sportmail ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာရာဖင်ညာကိုခေါ်ယူရေးကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ချဲလ်ဆီးကပေါင်သန်း၆၀ဖြင့်ခေါ်ယူမှုကို လိဒ်ကလက်ခံလိုက်ကြောင်းသိရပါတယ်။
ဒါပေမဲ့ရာဖင်ညာရဲ့အေးဂျင့်ဒေကိုဟာ ဘာစီလိုနာဘက်ကနောက်ထပ်ကမ်းလှမ်းမှုကိုစောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။၊ဘာစီလိုနာလာမယ့်၂၅နှစ်တာအတွက်ကလပ်ရဲ့ရုပ်သံလွှင့်ခဝင်ငွေရဲ့၁၀ရာခိင်နှုန်းကိုပေါင်၂၂၉သန်းဖြင့် ရောင်းချကာ Six Street ထံမှရင်းနှီးမြှပ်နှံမှုရရှိထားပါတယ်။ဒီပေးဟာယခင်နည်းပြရော်နယ်ကိုးမန်းလက်ထက်တွင်အဓိကကစားသမားအဖြစ်ကစားခွင့်ရခဲ့ပေမဲ့ ဇာဗီးရောက်လာချိန်တွင်ဒဏ်ရာပြဿနာများနှင့်ကြုံခဲ့ရပြီးနောက် နေရာရရှိရန်ရုန်းကန်ခဲ့ရပါတယ်။
Marca ရဲ့ဖော်ပြချက်အရဘာစီလိုနာနည်းပြဇာဗီးဟာဒီပေးအား သူ့ရဲ့လာမယ့်ရာသီအစီအစဉ်တွင်မပါဝင်တော့ကြောင်းပြောကြားသွားခဲ့ပါတယ်။ဘာစီလိုနာဟာဒီပေးကိုပေါင်၂၁.၅သန်းရရှိပါကရောင်းချလာပါမယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်း နည်းပြ အဲရစ်တန်ဟက်ကို ခန့်အပ်ဖို့သဘောတူညီမှု ရရ...
11/11/2021

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်း နည်းပြ အဲရစ်တန်ဟက်ကို ခန့်အပ်ဖို့သဘောတူညီမှု ရရွိသြား မွသာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ် ထားကြောင်း သိရပါတယ်

အိုဇေးလ် :  ကျွန်တော်ကောင်းကောင်းကစားပေးနိုင်ရင် ကျွန်တော်က ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်ပီး၊နဲနဲလေးလောက် ခြေစွမ်းမပေါ်တာန...
02/10/2021

အိုဇေးလ် : ကျွန်တော်ကောင်းကောင်းကစားပေးနိုင်ရင် ကျွန်တော်က ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်ပီး၊နဲနဲလေးလောက် ခြေစွမ်းမပေါ်တာနဲ့ ကျွန်တော်က သူတို့ပါးစပ်ထဲမှာ တူရကီနိုင်ငံသားဖြစ်သွားတာပါပဲ။ 😢

Racismလုပ်တာတွေကို ရပ်သင့်ပါပီ

လီဗာပူးနောက်ခံလူဗန်ဒိုက်ဟာ အသင်းမှာကစားလာတဲ့ 4နှစ်နီးပါးကာလအတွင်း အန်ဖီးလ်ကွင်းမှာသူပါဝင်ကစားတဲ့ပွဲတိုင်း ရှူံးပွဲကြုံတွ...
22/09/2021

လီဗာပူးနောက်ခံလူဗန်ဒိုက်ဟာ အသင်းမှာကစားလာတဲ့ 4နှစ်နီးပါးကာလအတွင်း အန်ဖီးလ်ကွင်းမှာသူပါဝင်ကစားတဲ့ပွဲတိုင်း ရှူံးပွဲကြုံတွေ့ထားရခြင်းမရှိပါဘူး။
ဗန်ဒိုက်ဟာ လီဗာပူးကစားသမားဘဝတစ်လျောက် အန်ဖီးလ်ကွင်းမှာ48ပွဲကစားထားပြီး 43ပွဲနိုင်,5ပွဲသရေကျထားပြီး 23ပွဲအထိ ပေးဂိုးမရှိရလဒ်ကိုရရှိထားပါတယ်။
လီဗာပူးအတွက်ကတော့ ကျောက်ဆောင်ကြီးတစ်ခုပါပဲ

မန်ချက်စတာယူနိုက်တက် Vs နယူးကာဆယ် ပွဲကြိုသုံးသပ်ချက်====================================== နိုင်ငံပွဲတွေကြောင့် ရပ်နားထာ...
11/09/2021

မန်ချက်စတာယူနိုက်တက် Vs နယူးကာဆယ် ပွဲကြိုသုံးသပ်ချက်
======================================

နိုင်ငံပွဲတွေကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်
ပွဲတွေ ဒီကနေ့မှာ ပြန်လည်စတင်ကစားဖို့ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်
ပွဲစဉ်(၄)အဖြစ် နယူးကာဆယ်အသင်းနဲ့ အိမ်ကွင်း
Old Traffordမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ဒီပွဲကိုတော့
မြန်မာစံတော်ချိန် ယနေ့ ည ၈နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

ဒီပွဲဟာ သာမန်ထက် ထူးခြားပြီး ပရိတ်သတ်စိတ်ဝင်စားမှု အရမ်းမြင့်တက်နေတဲ့ ပွဲစဉ်တစ်ပွဲလဲဖြစ်ပါတယ်။ ခရစ်တီယာနိုရော်နယ်ဒိုရဲ့ ဒုတိယအကြိမ် ပွဲဦးထွက်ဖြစ်ဖို့ အလားအလာရှိနေတာကြောင့်ပါ။ ဒီပွဲအတွက် လက်မှတ်တွေတောင် မှောင်ခိုဈေးကွက်မှာ အဆပေါင်းများစွာ ထိုးတက်သွားပါသေးတယ်။

အားလုံးမျှော်လင့်နေသလို ရော်နယ်ဒိုဟာ မန်ချက်စတာ
ယူနိုက်တက်အသင်းရဲ့ ယနေ့ပွဲစဉ် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ နယူးကာဆယ်အသင်းနဲ့ ကစားဖို့ထွက်ခွာလာတဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ De Gea, Heaton, Grant,
Wan-Bissaka, Dalot, Varane, Maguire, Lindelf, Bailly, Shaw, Mati, Van de Beek, Pogba, Mata, Lingard, Bruno Fernandes, Martial, Sancho, Greenwood, Elangaနဲ့ Cristiano Ronaldo တို့
ပါဝင်လာခဲ့ပါတယ်။ Rashfordဒဏ်ရာကြောင့် မပါဝင်နိုင်သေးသလို တိုက်စစ်မှူး Cavaniဟာလဲ ဒီပွဲရဲ့ လူစာရင်းမှာ
ပါဝင်မလာခဲ့ပါဘူး။

လက်ရှိပွဲစဉ် (၃)ပွဲအပြီးမှ ယူနိုက်တက်က ရမှတ် (၇)မှတ်နဲ့
အဆင့် (၃)နေရာမှာ ရပ်တည်နေပြီး နယူးကာဆယ်ကတော့
ရမှတ် (၁)မှတ်သာ ရရှိထားပြီး အဆင့်(၁၇)မှာ ရပ်တည်နေပါတယ်။ ဒီပွဲသုံးသပ်ချက်ကို ပြောရရင် ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၅ကြိမ်မှာ ယူနိုက်တက်က ၄ကြိမ်နိုင်ပြီး နကူးကာဆယ်က ၁ကြိမ်နိုင်ထားပါတယ်။ နယူးကာဆယ်အနေနဲ့ ဒီနေ့အဝေးကွင်းမှာ ယူနိုက်တက်ကို အံ့တုကစားဖို့ ခက်ခဲပါလိမ့်မယ်။ အထူးသဖြင့် ရော်နယ်ဒို ပါဝင်လာမယ့် တိုက်စစ်ကို နယူးကာဆယ်ခံစစ်က ပွဲချိန်ပြည့် ထိန်းချူပ်ဖို့ ခက်ခဲပါလိမ့်မယ်။

နယူးကာဆယ်ဘက်ကတော့ တိုက်စစ်ကစားသမား
Saint - Maximinရဲ့ တိုးအားနဲ့သာ တိုက်စစ်ကို စတင်နိုင်ချေရှိပြီး ယူနိုက်တက် ကစားသမားတွေအနေနဲ့ မြန်နှုန်းမြင့်တဲ့ သူ့ကို သတိထားချဉ်းကပ်ဖို့တော့ လိုအပ်ပါမယ်။ နယူးကာဆယ်ထက် ဘက်ပေါင်းစုံက သာနေတဲ့ ယူနိုက်တက်တို့ ဒီပွဲကို ၃-၁ လောက်နဲ့ အနိုင်ရရှိသွားမယ်လို့ ခန့်မှန်းမိပါတယ်။

😁 သေပြီဆရာ မန်ယူကို စီရော်နယ်ဒိုရောက်လာပြီဆိုတော့  ပင်နယ်တီရတဲ့အခါ ဘယ်သူကန်မှာလဲဘရူနိုလား စီရော်နယ်ဒိုလာ
27/08/2021

😁 သေပြီဆရာ

မန်ယူကို စီရော်နယ်ဒိုရောက်လာပြီဆိုတော့

ပင်နယ်တီရတဲ့အခါ ဘယ်သူကန်မှာလဲ

ဘရူနိုလား စီရော်နယ်ဒိုလာ

Romano လာပြီရော်နယ်လ်ဒိုကတော့ ဂျူဗင်ကနေ ထွက်ခွာခွင့်တောင်းလိုက်ပါပြီဂျူဗင်တို့ကလည်း စီးတီးထံက တရားဝင်ကမ်းလှမ်းမှု ရတာနဲ့...
27/08/2021

Romano လာပြီ

ရော်နယ်လ်ဒိုကတော့ ဂျူဗင်ကနေ ထွက်ခွာခွင့်တောင်းလိုက်ပါပြီ

ဂျူဗင်တို့ကလည်း စီးတီးထံက တရားဝင်ကမ်းလှမ်းမှု ရတာနဲ့ အပြောင်းအရွေ့ ချက်ချင်းအထမြောက်မှာ ဖြစ်ပါတယ်။

အေးဂျင့် ဂျော့မန်ဒက်က သူ့ကစားသမားအတွက် ပုဂ္ဂိုလ်ရေးအချက်တွေအားလုံး စီးတီးနဲ့ တိုက်ရိုက်ညှိနှိုင်းလျက်ရှိနေပါတယ်။

စီးတီးတို့ကလည်း တရားဝင်ကမ်းဖို့ ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၅ ကနေ ၃၀ ကြားရှိမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရောက်တာနဲ့ စတားလင်းက ထွက်ခွာမှာဖြစ်ပြီး ဂျေးဆက်ကတော့ ဆက်ရှိမယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။

ကဲ..Goat ကြီးရဲ့ မန်ချက်စတာ တစ်ကျော့ပြန်ခရီးက အပြာရောင် တကယ်ဖြစ်လာတော့မှာလား..

https://mkmyanmarnews.com/?p=12
22/08/2021

https://mkmyanmarnews.com/?p=12

football  လွမ်းမောဖွယ်ရာ ပရီးမီးယားလိဂ်ညချမ်းများ August 13, 2021August 13, 2021 thanzinoo 0 Comments သက္ကရာဇ် 2000 ကျော်ဝန်းကျင်လောက်ကို ပြန်သွားမယ...

https://mkmyanmarnews.com/?p=35
22/08/2021

https://mkmyanmarnews.com/?p=35

football  မန်​စီးတီးအသင်းနဲ့အ​ပြောင်း​ရွေ့သတင်း​တွေလှုပ်​ခတ်​​နေတဲ့ စပါး August 22, 2021August 22, 2021 thanzinoo 0 Comments မန်​စီးတီးအသင်​....

~တိုက်ဆိုင်မှုလား ကော်ပီလား~            ========= ချဲလ်ဆီးဟာ တီယာဂိုဆေးလ်ဗား ကို PSG ကနေ အလွတ် နဲ့ ခေါ်တယ်။ ယူနိုက်တက်ကလည်...
20/08/2021

~တိုက်ဆိုင်မှုလား ကော်ပီလား~
=========
ချဲလ်ဆီးဟာ တီယာဂိုဆေးလ်ဗား ကို PSG ကနေ အလွတ် နဲ့ ခေါ်တယ်။
ယူနိုက်တက်ကလည်း ကာဗာနီ ကို PSGကပဲ အလွတ် နဲ့ ခေါ်လိုက်ပြန်တယ်။

ချဲလ်ဆီးဟာ ဇီယက် ကို အေဂျက်ဇ် ကနေ ပေါင် ၃၃ သန်းနဲ့ ဝယ်တယ်။
ယူနိုက်တက်ကလည်း ဘန်ဒီဘိခ် ကို ပေါင် ၃၄ သန်း နဲ့ ဝယ်လိုက်ပြန်တယ်။

ချဲလ်ဆီးဟာ ကန်တီ ကို လက်စတာ ကနေ ပေါင် ၃၄ သန်းနဲ့ ဝယ်တယ်။
ယူနိုက်တက်ကလည်း မက်ကွိုင်းယား ကို ပေါင် ၈၀ သန်း နဲ့ ဝယ်လိုက်ပြန်တယ်။

ချဲလ်ဆီးဟာ ကိုဗာဆစ်ကို ရီးရဲလ်ကနေ ပေါင် ၄၀ သန်း နဲ့ဝယ်တယ်။
ယူနိုက်တက်ဟာ ဗာရိန်းကို ပေါင် ၄၃သန်းနဲ့ ဝယ်လိုက်တယ်။

ချဲလ်ဆီးဟာ ပူလီဆစ် ကို ဒေါ့မွန် ကနေ ပေါင် ၅၈ သန်းနဲ့ ဝယ်တယ်။
ယူနိုက်တက်ကလည်း ဆန်ချို ကို ပေါင် ၇၃ သန်း နဲ့ ဝယ်လိုက်ပြန်တယ်။

စီရော်နယ်ဒို  ဝိန်းရွန်းနီနှင့် တွဲကစားရတဲ့အချိန်တွေကို သတိရလွမ်းမိတယ် အဲ့တုန်းက သူဟာ အင်္ဂလန်ရဲ့ လူတိုင်းချစ်ကြတဲ့ ကလေးလေ...
20/08/2021

စီရော်နယ်ဒို
ဝိန်းရွန်းနီနှင့် တွဲကစားရတဲ့အချိန်တွေကို သတိရလွမ်းမိတယ် အဲ့တုန်းက သူဟာ အင်္ဂလန်ရဲ့ လူတိုင်းချစ်ကြတဲ့ ကလေးလေးတစ်ယောက်ပါပဲ သူက အားအရမ်းကြီးတဲ့အတွက် ကျွန်တော်သူ့ကို 'Pitbull' လို့ ခေါ်လေ့ရှိတယ်၊
ဝိန်းရွန်းနီရဲ့ အဓိက အားသာချက်က အမြဲတမ်းတွန်းတွန်းတိုက်တိုက် ကစားလေ့ရှိပြီး ကြံ့ခိုင်သန်စွမ်းမူ့ နဲ့
စိတ်ပိုင်းဆိုင်ရာလဲ သန်မာပြီး ဘယ်တော့မှ ရပ်တန့်သွားတယ်ဆိုတာမရှိပါဘူး

ဒီလိုလေ မြင်ချင်ကျဘူလား... ❣❣❣
19/08/2021

ဒီလိုလေ မြင်ချင်ကျဘူလား... ❣❣❣

လူးဝစ် နာနီအပေါ် ဖာဂူဆန်ရဲ့ပြောစကား :"သူ့အဖေက သူအသက် ၇နှစ်မှာပဲ မိသားစုကို ထားသွားခဲ့တယ်။ အမေက ၁၂နှစ်အရွယ်မှာ သူ့ကို ထပ်ခ...
19/08/2021

လူးဝစ် နာနီအပေါ် ဖာဂူဆန်ရဲ့ပြောစကား :

"သူ့အဖေက သူအသက် ၇နှစ်မှာပဲ မိသားစုကို ထားသွားခဲ့တယ်။ အမေက ၁၂နှစ်အရွယ်မှာ သူ့ကို ထပ်ခွဲသွားပြန်တယ်။အခန်း ၆ခန်းပဲ ရှိတဲ့ သူ့အဒေါ်အိမ်မှာ ဝမ်းကွဲညီအစ်ကိုတွေနဲ့အတူ မောင်နှမ ၉ယောက်စလုံး ကပ်နေခဲ့ရတယ်။

မိသားစုဝင် များတာကြောင့် သူ့အဒေါ်ဟာ စီးပွားရေးကြပ်တည်းခဲ့ပြီး သူဟာ တရက်ကို အစာ တစ်နပ်လောက်သာ စားခဲ့ရတယ်။

ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လိုတဲ့ စိတ်ဆန္ဒကိုတော့ ဒါတွေက မတားဆီးနိုင်ခဲ့ပါဘူး။ သူဟာ ယူနိုက်တက်လို ခမ်းနားတဲ့ အသင်းတစ်သင်းရဲ့ သမိုင်းမှာ တစိတ်တစ်ဒေသ ပါဝင်ခွင့်ရခဲ့သလို နိုင်ငံပေါ်တူဂီအတွက်လည်း နိုင်ငံသားကောင်းပီသစွာ ထမ်းပိုးရင်း ပေးဆပ်ကစားခဲ့သူ ဖြစ်ပါတယ်.."

ချန်ခဲ့သူ နဲ့ ကျန်ခဲ့သူ  လူတိုင်း လူတိုင်း ဘဝမှာ အပျော်အနေနဲ့ဖြစ်ဖြစ် အမှတ်တရဖြစ်ဖြစ် ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြဖူးပါ...
19/08/2021

ချန်ခဲ့သူ နဲ့ ကျန်ခဲ့သူ

လူတိုင်း လူတိုင်း ဘဝမှာ အပျော်အနေနဲ့ဖြစ်ဖြစ် အမှတ်တရဖြစ်ဖြစ် ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြဖူးပါတယ်။

တစ်ချို့ဓာတ်ပုံတွေဟာ ရှာရှာကြံကြံဆက်စပ်ကြည့်မယ်ဆိုရင် မထင်မှတ်ဘဲ ဇာတ်လမ်းတစ်ပုဒ်ကောင်းကောင်း ဖြစ်နေတတ်ပါတယ်..

ခရစ္စတီယာနို ရော်နယ်ဒို "ကျွန်တော် ရွန်းနီနှင့် တွဲကစားရတဲ့အချိန်တွေကို လွမ်းမိတယ်၊ သူဟာ အင်္ဂလန်ရဲ့ လူတိုင်းချစ်ကြတဲ့ ကလေး...
18/08/2021

ခရစ္စတီယာနို ရော်နယ်ဒို
"ကျွန်တော် ရွန်းနီနှင့် တွဲကစားရတဲ့အချိန်တွေကို လွမ်းမိတယ်၊ သူဟာ အင်္ဂလန်ရဲ့ လူတိုင်းချစ်ကြတဲ့ ကလေးလေးတစ်ယောက်ပါပဲ၊ သူက အားအရမ်းကြီးတဲ့အတွက် ကျွန်တော်သူ့ကို 'Pitbull' လို့ ခေါ်လေ့ရှိတယ်၊ ဝိန်းရွန်းနီရဲ့ အဓိက အားသာချက်က စိတ်ပိုင်းဆိုင်ရာသန်မာပြီး ဘယ်တော့မှ ရပ်တန့်သွားတယ်ဆိုတာမရှိပါဘူး။ သူဟာ တကယ်ကို ထူးချွန်တဲ့ အသင်းသားတစ်ယောက်ဖြစ်ပြီး ကစားသမားကောင်းလည်း ဖြစ်ပါတယ်။"
ရော်နယ်ဒို တိဗက် ရွန်းနီ အတွဲကို ယူနိုက်တက်ဖန်များ အမြဲသတိရနေကြမှာပါ

ပုံထဲက လှဲအိပ်နေတဲ့ကောင်က တကယ့်မိန်း(main)ပဲ။ ကျတော်တို့ ကလေးဘဝမှာ သူက ဖီဖာဥက္ကဋ္ဌပဲ။ဒါတင်မကဘူး ။ သူဟာ အဆုံးအဖြတ်ပေးမယ့် ကွ...
18/08/2021

ပုံထဲက လှဲအိပ်နေတဲ့ကောင်က တကယ့်မိန်း(main)ပဲ။
ကျတော်တို့ ကလေးဘဝမှာ သူက ဖီဖာဥက္ကဋ္ဌပဲ။

ဒါတင်မကဘူး ။ သူဟာ အဆုံးအဖြတ်ပေးမယ့် ကွင်းလယ်ဒိုင် ၊ အငြင်းအခုံတွေကို ဖြေရှင်းပေးမယ့် VAR ၊ ပြီးတော့ ဦးဆောင်သူ ခေါင်းဆောင်ပေါ့...။

ဘာကြောင့် ဒီလောက် ဂုဏ်ပုဒ်တွေ များနေရသလဲဆို သူက ဘောလုံးပိုင်ရှင်ဖြစ်နေလို့ပါ...

ကဲ..ပရိတ်သတ်တွေရော
ကလေးဘဝတုန်းက ဘောလုံးပိုင်အဖြစ်နေခဲ့ရဖူးလား ဒါမှမဟုတ် သူများ ဘောလုံးကပ်ကန်ရသူ ဖြစ်ခဲ့ရင်း အမှတ်တရတွေ ရှိခဲ့ဖူးမှာပေါ့နော်...😁

လွမ်းမောဖွယ်ရာ ပရီးမီးယားလိဂ်ညချမ်းများhttps://mkmyanmarnews.com/?p=12
13/08/2021

လွမ်းမောဖွယ်ရာ ပရီးမီးယားလိဂ်ညချမ်းများ
https://mkmyanmarnews.com/?p=12

သက္ကရာဇ် 2000 ကျော်ဝန်းကျင်လောက်ကို ပြန်သွားမယ်ဆိုရင် အမှောင်ခေတ်ထဲက ကျွန်တော်တို့မျိုးဆက်တွေအကြောင်းပေါ့။ .....

"ငါ့ရဲ့ ဂန္ဓဝင်ကျောနံပါတ် က နံပါတ် (၁၀) ပါဒါပေမယ့် ကျောနံပါတ် (၁၀) က မင်းအတွက်ပါပဲ "သူငယ်ချင်းဆိုလဲဟုတ်တယ်.ညီအကိုတွေဆိုလဲ...
12/08/2021

"ငါ့ရဲ့ ဂန္ဓဝင်ကျောနံပါတ် က နံပါတ် (၁၀) ပါ
ဒါပေမယ့် ကျောနံပါတ် (၁၀) က မင်းအတွက်ပါပဲ "

သူငယ်ချင်းဆိုလဲဟုတ်တယ်.
ညီအကိုတွေဆိုလဲဟုတ်တယ်.

Address


Website

Alerts

Be the first to know and let us send you an email when Football Myanmar-MK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Football Myanmar-MK:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share