Lingkhaw Tlang

  • Home
  • Lingkhaw Tlang

Lingkhaw Tlang Lingkhaw tlang in Chinram le Western umnak tiang thong theih ternak.

11/10/2024
Pingleebu myo aa lahna paw letah hrainang aa lah paw aa hlu hmuisui.11.10.24ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်...
10/10/2024

Pingleebu myo aa lahna paw letah hrainang aa lah paw aa hlu hmuisui.

11.10.24

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ရရှိသော လက်နက်များ အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

(၁၀- ၁၀- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို အောက်တိုဘာလ (၈) ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဖက်က ၇၀ ကျော်အထိ သေဆုံးပြီး လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိတယ်လို့ PDF အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၅ ကနေ အောက်တိုဘာ ၈ ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က (၇၀) ခန့် သေဆုံး၊ (၂၇၅) ဦး ပျောက်ဆုံး၊ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်တွေထံ အလင်းဝင် (၄၈) ဦး၊ စစ်သုံ့ပန်းအဖြစ်ဖမ်းမိသူက (၁၀၂) ဦးရှိတယ်လို့ ဆိုပါတယ်။

သိမ်းမိတဲ့လက်နက်တွေထဲမှာတော့ ၈၁ မမ၊ ၆၀ မမ မော်တာတွေ၊ ပွိုင့် ၅ စက်သေနတ်၊ RPG လောင်ချာအပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းတွေထဲ တွေ့ရပါတယ်။

07/10/2024
29/09/2024

Khit Thit သတင်းဌာန စက်တင်ဘာ ၂၉ ရက်နေ့ ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မှာ ရန်ကုန်ခေတ်...

22/09/2024

Khit Thit သတင်းဌာန စက်တင်ဘာ ၂၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မှာ ရန်ကုန်ခေတ်...

Zahai Chin raang kong a ty pahmonah a hnui paw thawngpang.22.9.24CC le CB, ICNCC nih an tlingnak an ngeih mi...Chinland ...
21/09/2024

Zahai Chin raang kong a ty pahmonah a hnui paw thawngpang.

22.9.24

CC le CB, ICNCC nih an tlingnak an ngeih mi...

Chinland Council Le CB, ICNCC Nih Lungtlinnak Phun 5 An Ngei
=============

Tuchun September 21 ah ZORO hrihawhnak in Chin National Front (CNF), Interim Chin National Consultative Council (ICNCC), Chin Brotherhood le Chinland Government hruaitu hna tonnak an ngei.

Hi tonnak hmun ah a tanglei bantuk in lungtlinnak phun 5 an ngei kho.

1. Kan nih Chin hnahthlak (Chin-Kuki-Mizo) hi Hrinkhat, holhkhat hmang (Same language - different dialect), Nunphung khat, hrihhram tlai, ruahchannak biatlaih ah, har ah harkhat lawmh ah lawmhkhat tiin Unau kan si.

2. Kan ram le Miphun ca i hma kan laknak ah lungduhfah sual ruangah Unau kan i hmuhthiam lo hi a poi ngaingai. Hmailei ah cun um ti hlah seh.

3. Hmailei ah buainak a um zong ah thahrum chuah lo le hriamnam hman lo in hmalak siseh.

4. ZORO hmalaknak in Remnak minthut ceihnak hi kan cohlan. Remnak tlamtling a um khawhnak hnga a herhning hoih in i chawnhbiaknak um ṭhan seh.

5. Remnak Committee ser a ṭha kan ti i, meeting țhan tikah i remnak Committee ser siseh, tiah biakhiahnak an tuah.

15/09/2024

Khit Thit သတင်းဌာန စက်တင်ဘာ ၁၅ ရက်နေ့ ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ရန်ကုန်ခေတ်သစ်....

Totei za thawngpang.
08/09/2024

Totei za thawngpang.

Khit Thit သတင်းဌာန စက်တင်ဘာ ၈ ရက်နေ့ ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ...

25/08/2024

လက်ပံတန်း တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်ကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ ပစ်ထားသဖြင့် ပုတ်စော်နံနေ

ရန်ကုန်၊ ဩဂုတ် ၂၅

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်မှာ ကောက်ယူမည့်သူ မရှိဘဲ ဖြစ်နေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သား အလောင်းများကိုပါ PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများကို လက်ရှိချိန်အထိ ကောက်ယူမည့်သူမရှိသေးဘဲ ပုတ်စော်နံ့များထွက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လာရောက် ကောက်ယူ သဂြိုလ်ပေးခြင်းမရှိကြောင်း သိရှိရသည်။

"ကျွန်တော်တို့ အားလုံးပေါင်း စစ်ခွေး အလောင်း ၂၀ ကျော်တွေ့တယ်။ တချို့ စစ်ခွေး အလောင်းတွေဆို လယ်ထဲမှာပုတ်စော်နံနေပြီ အလောင်းလာကောက်သူ မရှိဘူး" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပြီး G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

20/08/2024
Zahai Veraang chung a tuhdyna letah raehrang lawng teita 219 a thi he. Lung hrang a tlung caimang.မြန်မာနိုင်ငံတစ်ဝန်း စ...
19/08/2024

Zahai Veraang chung a tuhdyna letah raehrang lawng teita 219 a thi he. Lung hrang a tlung caimang.

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၉ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉

မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၁၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Thawngpang Ka va kua pachaw kaw hrah.Lautu Miphun Lawngthangtlang Khua AG Khrihfa Bu Pawl An Khua In An Chuah Hna=======...
19/08/2024

Thawngpang Ka va kua pachaw kaw hrah.

Lautu Miphun Lawngthangtlang Khua AG Khrihfa Bu Pawl An Khua In An Chuah Hna
=========
19| August| 2024

Matupi peng, chung um mi Lautu miphun Lawngthangtlang khua 𝐀𝐬𝐬𝐞𝐦𝐛𝐥𝐲 𝐨𝐟 𝐆𝐨𝐝 (𝐀𝐆) khrihfa bu hna cu an khuachung in an chuah hna tiah ṭuanvo ngeitu upa hna nih an chim.

Lawngthangtlang khua ah hin ukhruainak ai ṭhen ruang, AG khrihfa bu hi a hlan an khrihfabu min ṭhing 𝐌𝐚𝐫𝐚 𝐄𝐯𝐚𝐧𝐠𝐞𝐥𝐢𝐜𝐚𝐥 𝐂𝐡𝐮𝐫𝐜𝐡 (𝐌𝐄𝐂) in 𝐀𝐬𝐬𝐞𝐦𝐛𝐥𝐲 𝐨𝐟 𝐆𝐨𝐝 (𝐀𝐆) tiah min thlen ruang le MDF ukhruainak tangah um duh lo ruangah a tu bantuk in buainak a chuah hi a si.

"Lawngthangtlang khua ah hin MEC khrihfa bu chung in MDF ukhruainak tangah um duh ti lo ruangah an bu min thlen ding ah Baptist timi min le AG tiin minthlen ding ah me (vote) lak a si i AG khrihfa bu siseh tiah minung tamdeuh nih an tei hna. A si nain a duh lo mi MEC upa hna nih an Biakinn cu an hrenh piak hna. Cucaah a tuabantuk in buainak a chuah le an khuachung tiangin an ṭhawl hna nak a si"tiah tualchung mi pakhat nih CBH Channel ah a chim.

Hi khua an i hruainak ah hin Lawngthangtlang khua ah a um cia mi Khrihfa bu 3 pin ah Bu dang dirh ti lo dingin phungphai an rak ngei. Lawngthangtlang khua in chuah a tongmi AG khrihfabu hna cu Hnaring khua mi nih an lak hna.

"AG khrihfa bu in a chuak mi hna hi khua in chuah lo dingah Upa hna nih sathi luanh in an thloh ko hna nain an duh lo" tiin khua upa pakhat nih a langhter ve.

A si nain khuami hna nih an thloh hna le thloh hna lo nak kong tu cu CBH Channel nih kan fehter ngam lo.

Lawngthangtlang khua hi Matupi peng Mara tlangthluan ramri ah a um i Lautu miphun an si. Hi khua cu a hlan ah Lautu ramchung ah a rak um mi a si ko nain U Nay Win nih Matupi peng ah a rak fonh mi hna khua a si tiah kan theih.

: Lailungrawn

တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည်■ နေပြည်တော်တွင် အာဏာသိမ်းမှု ထပ်ဖြစ်ရန်မှာ ဖြစ်နိ...
14/08/2024

တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည်

■ နေပြည်တော်တွင် အာဏာသိမ်းမှု ထပ်ဖြစ်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး တတ်စွမ်းနိုင်သူမှာ တစ်ဦးတည်းသာ ရှိဟု စစ်ဘက်သတင်းရင်းမြစ် ပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၄

အကြမ်းဖက် စစ်ဗိုလ်ချုပ်များအကြား အာဏာလုယူမှုများဖြစ်ပေါ်သည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယနေ့ မွန်းတည့်အချိန် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်ရန်ရှိနေကြောင်း သိရှိရသည်။

လတ်တလော သိရှိထားရသော ကြိုတင်စီစဉ်ထားသည့် အစီအစဉ်ဇယား သတင်းအချက် အလက်များအရ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိလိုက်ပါသော လေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံဘက်က လုံခြုံရေးနှင့် ကြိုဆိုရေးများ စီစဉ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကိုးကြိမ်မြောက် မဲခေါင် - လန်ချန်းပူး ပေါင်းဆောင် ရွက်ရေးအစီအစဉ်၏ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ ရောက်ရှိချိန်သည် စစ်တပ်အတွင်း စစ်ဗိုလ်ချုပ်များအကြား အချင်းချင်း ဖမ်းဆီးမှုနှင့် အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့သည်ဆိုသော အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်ဖြစ်ရာ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိသည်။

သို့ရာတွင် တရုတ်ဘက်က ထုတ်ပြန်မှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင် ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာ နိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေး နွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော်အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်၏ စစ်တပ် ဖရဲသီးသတင်း ရင်း မြစ်တချို့က လက်ရှိအချိန်အထိ အာဏာသိမ်းမှု ဖြစ်သည်ဆိုသော သတင်းများ အပေါ် အတည်ပြု မရကြောင်း၊ စစ်ရေးအရ ရှုံးနိမ့်များစွာ ရှိနေ၍ မင်းအောင်လှိုင်ကို စစ်တပ်အတွင်း လက်မခံနိုင်သည်မှာ မှန်သော်လည်း မင်းအောင်လှိုင်ထံမှ ပြန်၍ အာဏာသိမ်းရန်အထိ ဖြစ်ရန်မှာ အလား အလာအား ဖြင့် အလွန် နည်းပါးကြောင်း၊ သို့ရာတွင် မင်းအောင် လှိုင်ထံမှ ပြန်လည် အာဏာသိမ်းရန် အမှန် တကယ်လုပ်ဆောင် တတ်စွမ်း နိုင်သူမှာ တစ်ဦးတည်းသာရှိကြောင်း၊ ထိုသို့ စွမ်းနိုင်သူမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ နှင့် ၎င်း၏ ဩဇာခံ စစ်ဗိုလ်ချုပ်များကသာလျှင် အာဏာ ထပ်သိမ်းနိုင်စွမ်း၊ လုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်အတွင်း အပြောင်းအလဲ၊ အရွှေ့အပြောင်းသတင်းများကို အစဉ် တစိုက် ဖော် ထုတ် တင်ပြနေသော CDM ဗိုလ်ကြီးဇင်ယော်ကမူ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေးက ပြန်လည် ဖမ်းဆီးထားကြောင်း ၊မင်းအောင်လှိုင် ၏ ရူးကြောင်ကြောင် အမိန့်များကို မနာခံလိုသည့် အတွက် အောင်လင်းဒွေးက ပြန်လည် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

"လောလောဆယ်တော့ လုံးဝအဖမ်းခံသွားရပါပြီ။ အဲဒါကတော့ သေချာပါတယ်"ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Hakha Thantlang kaa le tei aa ung paw haehrang ungna zahai CC phu tah aa lah khy. Raehrang 10 thi he kah hrainang 11 aa ...
13/08/2024

Hakha Thantlang kaa le tei aa ung paw haehrang ungna zahai CC phu tah aa lah khy. Raehrang 10 thi he kah hrainang 11 aa lah chi khy pai.

ဟားခါး -ထန်တလန်လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်မှု စစ်သား အလောင်း ၁၀ လောင်းနှင့် ၆၀ မမ လက်နက်ကြီးအပါအဝင် သေနတ် ၁၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး -ထန်တလန်လမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ Keivangzaun စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သား အလောင်း ၁၀ လောင်းနှင့် ၆၀ မမ လက် နက်ကြီးအပါအဝင် ၁၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Chinland Defense Force – Hakha မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်မှ စတင်ပြီး ဟားခါး - ထန်တလန်လမ်းမပေါ် ဟားခါး မြို့တော်နှင့် သီမြစ်ချောင်းကြားမှာရှိအကြမ်းဖက်စစ်ကောင်စီ၏ Keivangzuan စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ စစ်တပ်စခန်းအတွင်းမှ အကြမ်းဖက်စစ်သားအလောင်း ၁၀ လောင်း ၊ 60 မမ၊ MA1 ၂ လက်၊ MA2 ၄ လက်၊ MA3 ၁ လက်၊ MA4 ၂ လက်၊ Machine gun ၁ လက်၊ ကျည်‌ဘောက် ၂၅ ခု၊ မိုင်းနှင့် ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၁၅ ယောက် အယောက် ၂၀ လောက်ပဲရှိတဲ့ စခန်းသေးလေးပါ။ ဒီမနက် ၅ နာရီ ၅၅ လောက်ကနေ ၆ နာရီ ၄၅ မိနစ်လောက်အထိကြာခဲ့တာပေါ့။ ဖမ်းမိတာတော့မရှိဘူး။ စစ်သား အလောင်း ၁၀ လောင်းတော့ တွေ့ထားတယ်၊ ပြီးတော့ ၃ ယောက်လောက်ကတော့ ဒဏ်ရာအပြင်း အထန်ရတယ်၊ သူတို့လည်း သွားရင်းနဲ့ သေနိုင်တယ်။ လက်ရှိတော့ အဲဒီစခန်းကို အကုန်လုံးရှင်းလင်း ပြီးခဲ့ပြီ။ ထပ်သိမ်းဖို့စခန်းတွေ နည်းနည်းတော့ရှိသေးတယ်။ စခန်းသေးလေးတွေပေါ့။ အခုသိမ်းလိုက် တဲ့စခန်းလို့ စခန်းလေးတွေတော့ ရှိသေးတယ်။ ၃ ခုလောက်ပေါ့” ဟု Chinland Defense Force – Hakha မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Operation Rung အမည်ဖြင့် Chinland Defense Force - Hakha နှင့် Chin National Army တို့ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော် ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန် မေတ္တာ ရပ်ခံထားသည်။

Thantlang khua raehrang ungna cawh sakhain cawh CC tah a lah my ca tapaw tah Khit Thit media tah thawng thangna a tua.ချ...
05/08/2024

Thantlang khua raehrang ungna cawh sakhain cawh CC tah a lah my ca tapaw tah Khit Thit media tah thawng thangna a tua.

ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး ထန်တလန်မြို့ကို မကြာမီ သိမ်းပိုက်နိုင်တော့မည်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၅

ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းကို အပြီး အပိုင်သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်အစိုးရအလံလွှင့်ထူလိုက်ပြီဖြစ်ကြောင်း CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်အချိန် ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချို့မှာမြို့တွင်းရှိ ရဲစခန်း၊ CB ဘဏ်စသည့် နေရာများကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“ထန်တလန်မြို့မှာ စစ်ခွေးတွေ အဓိက အထိုင်ချတဲ့နေရာက ၇ ခုလောက်ရှိတယ်။ အဲဒီထဲက အဓိက ကျ တဲ့ တပ်ကုန်းကိုပဲ သိမ်းနိုင်သေးတာ။ ကျန်တဲ့ ရဲစခန်းတို့ CB တို့ကျတော့ ကျန်သေးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းမိတာတွေလည်းရှိတယ်၊ ပြီးတော့ တပ်ကုန်းကနေ CB ဘဏ်တို့၊ ရဲစခန်းတို့မှာ ထွက်ပြေးသွားကြတာ၊ စခန်းကုန်းထဲကနေ လက်နက်ကြီးတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်း နိုင်ခဲ့တာရှိတယ်။ သေဆုံးထိခိုက်တာတွေလည်းရှိတယ်။ အရေအတွက်ဘယ်လောက်ဆိုတာ ပြောလို့ အဆင်မပြေသေးဘူး၊ လက်ရှိက နယ်မြေရှင်းလင်းနေတုန်းပဲ။ လက်ရှိတော့ တပ်ကုန်းမှာ ကျနော်တို့ အလံ လွှင့်ထူလို့ရပြီ” CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန်နေ့ ဩဂုတ လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ ယနေ့ ဩဂုတ်လ ၅ ရက်နံ နက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းတွင် ခလရ ၇၇ ၊ ခလရ ၂၆၉ နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ့ များက ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချနေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့တွင်း၌ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“အခုထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော် တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အား ရအောင် ပြောချင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုစစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲ့အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်သည့် CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့်ချင်းတော်လှန် ရေးအဖွဲ့အစည်း ၁၅ ဖွဲ့ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Momay khua pui 31.7.24 letah aa lah napaw hmangthlah. မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ T...
02/08/2024

Momay khua pui 31.7.24 letah aa lah napaw hmangthlah.

မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ TNLA ထုတ်ပြ

မိုးမိတ်၊ ဩဂုတ် ၂

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ဟောင်ဝှစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့ကစပြီး စတင်တိုက်ခိုက်ခဲ့ရာ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင် ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ အလက် ၄၀၀ ကျော်၊ ခဲယမ်းအမြာက်အများနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မိုးမိတ်မြို့ရှိ တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေချိန် စစ်ကောင်စီရဲ့ အရပ်ဖက်ကို ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၅ လုံး မီလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း တအာင်းတပ်မတော် TNLA က နောင်ချိုမြို့နဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အခုတတိယမြောက်အဖြစ် သိမ်းပိုက်ခဲ့တဲ့ မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ - TNLA

Auto tlang aa lah my ca.Kumkhat chung rakhrang nih a control cang mi Auto tlang cu kan pasal tha Chinland ralkap hna nih...
28/07/2024

Auto tlang aa lah my ca.

Kumkhat chung rakhrang nih a control cang mi Auto tlang cu kan pasal tha Chinland ralkap hna nih nizan zing 3:00am ah an luh hnawh hna i 4:00am hrawngah an ting khawh.

-Ralhrang hi a thi mi zong an tam i hliam tuar le a zam mi zong an um tiah theih a si
-Ralhrang hriam lak khawh mi ah Meithal 19, RPG-2,Ngacimin-1, 60 mm-1 le kuan zei maw zat an lak khawh.

Cawlcanghnak hi pehzulh thliahmah asi rih caah fak piin thlacam bawm an herh i chawva zong tampi an herh rih caah mipi k*t ah tuanvo a um rih. Țang chin rih cio ko hna usih. A rauh hlan ah Thantlabg zong an lak khawhnak hnga chawva in siseh thlacam nak in siseh thazaang tampi chuah a hau rih ko.

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဖြစ်ကာ ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများ၊ အစိုးရဝန...
26/07/2024

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဖြစ်ကာ ဆရာဝန်၊ သူနာပြု၊ ဆရာ၊ဆရာမများ၊ အစိုးရဝန်ထမ်းများကို ဖိတ်ခေါ်

ရန်ကုန်၊ ဇူလိုင် ၂၆

လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဟု ယမန်နေ့ နေ့စွဲဖြင့် တရားဝင် ကြေညာသည်။

ယမန်နေ့တွင် တရုတ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယနေ့တွင်မူ မြန်မာဘာသာဖြင့် ကြေညာချက် အသစ်ထုတ်ပြန်လာခြင်းဖြစ်သည်။

လားရှိုးတွင် စစ်ရေးအုပ်ချုပ်မှု ကော်မတီဖွဲ့စည်းပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပြန်လည် လာရောက် ထမ်းဆောင်ကြရန်၊ တရုတ်အမျိုးသားလူမှုရေး အဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေး ကော်မတီကို ကူညီပံ့ပိုးကြရန် ပန်ကြားထားသည်။

MNDAA ရဲဘော်များအနေဖြင့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ရာထူးကို အလွဲသုံးစားလုပ်ခြင်း၊ အရပ်သားများ၏ အကျိုးအမြတ်ကို လုယူခြင်းနှင့် အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများ ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

ပြည်သူများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုကို စိုးရိမ်ထိတ်လန့်ရန် မလိုဘဲ ဆိုင်းခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်စျေးနှုန်း မြှင့်တင်ခြင်းကို ကန့်ကွက်ပြီး မူလ နေထိုင်ရေးစန်စကို အမြန်ဆုံး ပြန်လည် တည်ဆောက်ရန် တိုက်တွန်းထားသည်။

Lasu myo cawh a dawng ka sy ny teita aa lah thlu my ca.
26/07/2024

Lasu myo cawh a dawng ka sy ny teita aa lah thlu my ca.

Mokoh khua a tuhdyna le tei hrainang le kawng le bomp aa lah paw a hlu dang cawh lung cang a chui hmuisui.မိုးကုတ်မြို့သ...
25/07/2024

Mokoh khua a tuhdyna le tei hrainang le kawng le bomp aa lah paw a hlu dang cawh lung cang a chui hmuisui.

မိုးကုတ်မြို့သိမ်းတိုက်ပွဲက ရရှိတဲ့လက်နက်ခဲယမ်းများကို TNLA ထုတ်ပြန်
==========
CBN Daily News July 25,2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲ မှ စစ်ကောင်စီရဲ့ အတွဲလိုက်ပစ်ဒုံး လက်နက် အပါအဝင် လက်နက် မျိုးစုံ ၂၀၀ ကျော်ရရှိပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန် လာပါတယ်။

မိုးကုန်မြို့သိမ်းတိုက်ပွဲကနေ အတွဲလိုက်ဒုံးကျည်များအပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁ လက်၊ ငဂျင်းမီး ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဂျမ်းပါ ၁ စုံ၊ အတွဲလိုက်ဒုံး ၄လုံးတွဲပစ်အမြောက် ၁ လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင် ပစ္စည်းများ အပါ အဝင် လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်းဆည်းရရှိခဲ့ခဲ့ကာ စစ်သုံးပန့် ၃၀ ကျော် လည်း ဖမ်းဆီးခဲ့ တယ်လို့သိရပါတယ်။

မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ ၇၈၊ ၈၈၊ ၁၄၈ ဗျူဟာမှူးကြီးအခြေ ချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီ အချိန် တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်း လင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား ၁၄ ဦး၊ မ ၈ ဦး၊ ကလေး ၉ ဦး သေဆုံးခဲ့ပြီး၊ ၅၉ ဦး ဒဏ်ရာရခဲ့ကာဘုန်းကြီးကျောင်း ၄ ကျောင်းနဲ့ လူနေအိမ် ၂၉ လုံးပျက်စီး ခဲ့တယ်လို့သိရပါတယ်။

min aung hlaing cawh cai kaa lalo president cawta a ma teita aa pei.Breaking News- အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအ...
22/07/2024

min aung hlaing cawh cai kaa lalo president cawta a ma teita aa pei.

Breaking News- အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး လွှဲပြောင်း ပေးအပ်ကြောင်း ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၂

ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ အကြမ်းဖက်မင်းအောင်လှိုင်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ရာထူး လွှဲပြောင်း ပေးအပ်ကြောင်း ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ယာယီသမ္မတတာဝန်များကို လွှဲပြောင်းအပ်နှံလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။

မင်းအောင်လှိုင်သည် ၎င်းအနေဖြင့် သမ္မတလုပ်လိုကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် သမ္မတရူး ရူးနေသူတစ်ဦးဖြစ်ရာ ယခု သမ္မတရာထူး လွှဲပြောင်းရယူမှုမှာလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်ပါဝင်ခြင်းမရှိဘဲ ယာယီ သမ္မတရာထူးကို လွှဲပြောင်းရယူလိုက်ခြင်းဖြစ်သည်။

21/07/2024

Khit Thit သတင်းဌာန ဇူလိုင် ၂၁ ရက်နေ့ ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ...

Toning Hawkhaw (Hakha) thawng pang.BreakingNews :ဟားခါးမြို့မရဲစခန်းကို CDF-Hakha သိမ်းပိုက်ပြီး ရဲ ၄ ဦးသေဆုံးကာ အကျဉ်းသ...
20/07/2024

Toning Hawkhaw (Hakha) thawng pang.

BreakingNews :ဟားခါးမြို့မရဲစခန်းကို CDF-Hakha သိမ်းပိုက်ပြီး ရဲ ၄ ဦးသေဆုံးကာ အကျဉ်းသား ၆၂ ဦးကယ်ထုတ်နိုင်ခဲ့၊ လက်နက် ၂၀ ကျော်သိမ်းဆီးနိုင်ခဲ့
==========
CBN Daily News July 20,2024

ချင်းပြည်နယ်၊ ဟားခါးမြို့ ၊မြို့မရဲစခန်းကို ဒီကနေ့ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှာ Operation Rung အမည်ဖြင့် Chinland Defense Force - Hakhaမှသွားရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းများလည်း သိမ်းဆီးနိုင်ခဲ့တယ်လို့ CDF-Hakha က ကနဦးသတင်း ထုတ်ပြန် လာပါတယ်။

ဟားခါးမြို့မ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၆ ၂ ဦးတို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ် လို့သိရပါတယ်။ အဆိုပါကျဉ်းသားများက အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦး တို့ဖြစ်ကြပါတယ်။

မိမိတို့ CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည် ဖြစ်သည့် အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန် မေတ္တာရပ်ခံအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDF-Hakha ရဲ့ထုတ်ပြန်ချက်ထဲမှာ လက်နက် ၂၃ လက်နဲ့ ခဲယမ်းတစ်ချို့ကိုလည်းတွေ့ရှိရပါတယ်။



Address


Website

Alerts

Be the first to know and let us send you an email when Lingkhaw Tlang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share