SouthernPost

SouthernPost News

သရက်ချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း...
24/06/2023

သရက်ချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံစစ်ကြောင်းထိုးလာမယ့် သတင်းကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြစဉ်။

ဓာတ်ပုံ - CJ

သံဖြူဇရပ်မှာ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံရသံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၁၉မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ...
19/02/2023

သံဖြူဇရပ်မှာ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ကွင်းအမှတ် (၉၀၂)မှာ ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

​ေဖဖော်ဝါရီလ ၁၉ ရက်နေ့
မနက် ၁၁ နာရီကျော်ခန့်မှာ ဝဲကလိကျေးရွာကို လှေနဲ့ရောက်လာပြီး ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"သူတို့က လှေနဲ့လာပြီး မော်လမြိုင်ကနေတဆင့် မလေးရှားသွားမယ့်သူတွေဖြစ်နိုင်တယ်။ စကစ အဖွဲ့တွေ လာဖမ်းသွားမှာ သူတို့တွေရောက်နေတာကို သိရတယ်။ ဘယ်နေ့ကတည်းက ရောက်ပြီး ပုန်းနေလဲ မသိရဘူး"လို် ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကျား ၂၅ဦး၊ မ ၁၂ ဦး၊ ကလေး ၃ ဦး စုစုပေါင်း ၄၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေက သံဖြူဇရပ်မြိုဘက်ကို ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။

အပစ်ရပ်ထိုးထားတဲ့ DKBA အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့...
21/01/2023

အပစ်ရပ်ထိုးထားတဲ့ DKBA အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ

မော်လမြိုင်၊ ဇန်နဝါရီ၊ (၂၁)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၂၁ ရက်၊ မနက်(၁)နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု မဖြစ်ပွားခင် မိနစ်ပိုင်းအလိုမှာ ဗိုလ်မှူးကြီးစောအေဝမ်းနဲ့ မိသားစုဝင်တွေ၊ နေအိမ်ခြံဝင်းမှာနေထိုင်သူတွေက ကြိုတင်ထွက်ပြေးခဲ့တာကြောင့် လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံတွေနဲ့ အလုပ်သမားတန်းလျားတွေ ဗုံးထိမှန် ပျက်စီးခဲ့တဲ့အပြင်လေယာဉ်ပေါ်က ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာ ကြောင့် နေအိမ်တခုလုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ NCA ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မကြခဏသွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

သတင်း - Southern Post
ဓါတ်ပုံ - Crd

17/12/2022

ရေးက ရော်ဘာမှိုင်းရုံမီးလောင်နေ

ရေး၊ ဒီဇင်ဘာလ ၁၇

မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက် အရှေ့ပိုင်းရှိ ဒေါ်ခင်မေ ရော်ဘာမှိုင်းရုံကနေစတင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မီးလောင်းမှုနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုအ​ခြေနေကို မသိရသေးဘဲ မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ကုန်တင်ရထားတွဲ မိုင်းခွဲခံရသထံု၊ ဒီဇင်ဘာ ၁၄ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမ...
14/12/2022

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းမှာ ကုန်တင်ရထားတွဲ မိုင်းခွဲခံရ

သထံု၊ ဒီဇင်ဘာ ၁၄

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမြို့နယ် သိမ်ဆိပ်နဲ့ဒုံးဝန်းဘူတာကြားမှာ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက ကုန်တင်ရထားတစ်စင်း မိုင်းခွဲခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီည ၇ နာရီ ခွဲခန့်မှာ မော်လမြိုင်ဘက်ခြမ်းကနေ ရန်ကုန်ဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ရထားတွဲကို လက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။

မိုင်းခွဲခံရလို့ ရထားတွဲ ၃ တွဲပျက်စီးခဲ့ပြီး တွဲပေါ်ပါ ကုန်ပစ္စည်းတွေပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"လမ်းခင်းကျောက်တွေနဲ့ မျက်နှာကျက်တွေ တင်လာတဲ့ ရထားတွဲလို့ သိရတယ်။ မိုင်းထိလို့ ရထားတွဲတွေလဲ ရထားလမ်းဘေးကျ တွဲပေါ်ပါ မျက်နှာကျက်တွေလဲ ပျက်စီးတယ္"လို့ ေဒသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ကုန်တွဲရထား မိုင်းခွဲခံရလို့ မော်လမြိုင်မြို့ရှိ မော်လမြိုင်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန် လေအိတ်အမြန်ရထားမှာ ထွက်ခွာနိုင်ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားမှာ နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အစုန်၊အဆန် ပြေးဆွဲလေ့ရှိကြောင်း သိရပါတယ်။

ရန်ကုန်မှ မော်လမြိုင်မြို့ကို ကားလမ်းနဲ့ သွားပါက ပဲခူးတိုင်းအတွင်းရှိ နာမည်ကျော် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ယာဉ်များ အစစ်ဆေးခံရန် နာရီနဲ့ ချီကာ စောင့်ဆိုင်းရမှုကြောင့် ခရီးသည်
တေွအနေနဲ့ရထားလမ်းပိုင်းကို ပိုမိုအားကိုးကာ သွားလာရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ
ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ ရထားခရီးစဥ်အားလုံးကို ရပ်နားထားရတယ်လို့ သိရပါတယ်။

မော်လမြိုင် မြေနီကုန်းက နေအိမ် မီးလောင်လို့ အိမ် ၂ လုံးပျက်စီးမော်လမြိုင်၊ ဒီဇင်ဘာလ ၁၄မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေ...
14/12/2022

မော်လမြိုင် မြေနီကုန်းက နေအိမ် မီးလောင်လို့ အိမ် ၂ လုံးပျက်စီး

မော်လမြိုင်၊ ဒီဇင်ဘာလ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းပိုင်း ဇေယျာမြိုင်၀င်တဲ့ဘက်ခြမ်း အပေါ်စု ရထားလမ်းဘေးက နေအိမ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်လို့ နေအိမ် ၂ လုံးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်မှာ ရထားလမ်းဘေးနေအိမ်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာပြီး လက်ရှိအချိန်ထိ နေအိမ် ၂ လုံးမီးလောင်ပျက်စီးသွားပြီး မီးထိန်းထားနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဘယ်ကနေ စတင်လောင်တယ်ဆိုတာမသိရသေးဘဲ မီးသတ်နဲ့ပြည်သူတွေ ဝိုင်းဝန်း​ငြိမ်းသတ်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။

ဘီးလင်း တိုးဂိတ်ဟောင်းအနီး စစ်ကားမိုင်းဆွဲခံရဘီးလင်း၊ ဒီဇင်ဘာလ ၁၃မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း တိုးဂိတ်ဟောင်းမှာ ပေ...
13/12/2022

ဘီးလင်း တိုးဂိတ်ဟောင်းအနီး စစ်ကားမိုင်းဆွဲခံရ

ဘီးလင်း၊ ဒီဇင်ဘာလ ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း တိုးဂိတ်ဟောင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကားတစ်စီးလည်း မိုင်းထိခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇
နာရီခွဲကျော်က ဘီးလင်းကနေ သထုံဘက်အထွက် တိုးဂိတ်အဟောင်းမှာ ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကာ ပေါက်ကွဲမှုအပြီး ဂိတ်စောင့်စစ်သားတွေက ပြန်လည်ပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

"ညက ဒေါက်ရပ်နဲ့ တိုးဂိတ်ကြားမှာ စကစ ကာစတန်းမိုင်းဆွဲခဲ့ရတယ်။ ကားတော့မိုင်းထိပြီး လူထိခိုက်တာတော့မသိရဘူး။ အဲနေရာက မကြာခဏ စစ်ကားတွေ မိုင်းဆွဲခံရတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့၊ မနက် ၇ နာရီ မိနစ် ၅၀ လောက်ကလည်း ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ ဘီးလင်းမြို့မှာ ကျိုက်ထိုဘက်ကနေ ဘီးလင်းဘက်လာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကားမထိဘဲ နောက်နေ လိုက်လာတဲ့ စည်ပင်အမှိုက်သယ်ကားထိပြီး ယာဥ်မောင်းဒဏ်ရာရသွားတာဖြစ်ပါတယ်။

စစ်ကောင်စီကားတန်းတွေနဲ့ဘီးလင်းတိုးဂိတ်ဟောင်းနားက စစ်ကောင်စီဂိတ်ဟာ မကြာခဏတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ၊ စစ်ကောင်စီကားတန်းပုံဟောင်း

ရေး-သံဖြူဇရပ်ကားလမ်းမှာ ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက် ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရရေး၊ ဒီဇင်ဘာလ ၁၂မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့က...
12/12/2022

ရေး-သံဖြူဇရပ်ကားလမ်းမှာ ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက် ၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရေး၊ ဒီဇင်ဘာလ ၁၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်းကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ဟိုက်ဂျက်နဲ့ကုန်တင်ကားတိုက်မိပြီး၁ ဦးသေ၊ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မနက် ၆ နာရီခွဲခန့်မှာ သံဖြူဇရပ်ဘက်ကနေ ရေးဘက်ကို ဆင်းလာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ ေရးဘက်ကနေ သံဖြူဇရပ်ဘက်ကိုလာတဲ့ ကုန်တင်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ယာဥ်မှာ တိ်မ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

"သံဖြူဇရပ်ဘက်ကလာတဲ့ ဟိုက်ဂျက်ယာဥ်မှာက လူများတယ်။ ဟိုဘက်က ကားက ရာဘာသားတွေ တင်လာတဲ့ကားလို့ပြောတယ်။ တိုက်တာ။ လးသေဆုံးတာ။ ဒဏ်ရာရတဲ့သူတွေများတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဥ်ပေါ်ပါ ကျား ၂ ဦး၊ မ ၉ ဦးအနက် မ ၁ ဦးသေဆုံးသွားပြီး ကျန် ၁၀ ဦးမှာ ဒဏ်ရာတွေ ရရှိသွားတယ်လို့ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေအနက် ဒဏ်ရာပြင်းထန်သူ ၇ ဦးကို မော်လမြိုင်ဆေးရုံကို ပို့ထားရပြီး ကျန်သူတွေကိုတော့ လမိုင်းဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ကြံခိုင်ရေးပါတီအမာခံတဦး ပစ်သတ်ခံရလို့ သေဆုံးရေဖြူ၊ ဒီဇင်ဘာလ ၁၂တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာမ...
12/12/2022

ကြံခိုင်ရေးပါတီအမာခံတဦး ပစ်သတ်ခံရလို့ သေဆုံး

ရေဖြူ၊ ဒီဇင်ဘာလ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာမှာ ကြံခိုင်ရေးပါတီအမာခံတဦး ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းကပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ယနေ့ မနက် ၈ နာရီခန့်မှာ ပုဂေါဇွန်းရွာသား ဦးနေလင်းဦး(ခ)နွန်မှတ်ကိုအမျိုးသား ၄ ဦးက ​နေအိမ်ရှေ့မှာ
့သေနတ်နဲ့ဝိုင်းပစ်ခဲ့တယ်လို သိရပါတယ်။

"နေအိမ်ကနေ ခေါ်ချပြီး ပစ်သွားတာ။ သေနတ်သမားက ၄ ယောက် ဘယ်အဖွဲ့ကဆိုတာကတော့ မသိရဘူး။ သူက
အရင်ရွေးကောက်ပွဲကာလကတော့ ကြံခိုင်ရေးပါတီဝန်းရံအားပေးသူပေါ့။ "လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးနေလင်းဦး(ခ)နွန်မှတ်ဟာ ဦးခေါင်းနဲ့ဗိုက်မှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ရေဖြူမြိူ့နယ်ထဲမှာ စစ်ကောင်စီသတင်းပေး၊ ဒလန်၊ ပျူစောထီးနဲ့ စွန်ရဲအဖွဲ့ဆိုသူတွေဟာ မကြာခဏပစ်သတ်ခံနေရတာဖြစ်ပါတယ်။

လူကြီးကား ရိုက်နေကြတဲ့ တရုတ် ၃၀ ဦး ထိုင်းမှာ ဖမ်းခံရပတ္တယား၊ ဒီဇင်ဘာလ ၁၂ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်၊ ပတ္တယ...
12/12/2022

လူကြီးကား ရိုက်နေကြတဲ့ တရုတ် ၃၀ ဦး ထိုင်းမှာ ဖမ်းခံရ

ပတ္တယား၊ ဒီဇင်ဘာလ ၁၂

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ လူကြီးကားရိုက်ကူးနေတဲ့ တရုတ်လူမျိုး ၃၀ ဦးကို ပြီးခဲ့တဲ့ရက်က နယ်မြေရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးခဲ့တယ်လို့ နယ်မြေခံသတင်းပေ့ချ်တစ်ခုက ဖော်ပြထားတယ်လို့ သိရပါတယ်။

အဲဒီတရုတ်လူမျိုးတွေဟာ ၂၄ နာရီပတ်လုံး လူကြီးဇာတ်ကားရိုက်နေလို့ ပတ်ဝန်းကျင်က တိုက်ကြားတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးနေချိန်မှာ ဂရု(ပ်) မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးနေပြီး ကြည့်ရှုသူတွေက ဝင်ကြေးပေးဆောင်ပြီးမှ ကြည့်ရှု့လို့ ရတယ်လို့လည်း သျရပါတယ်။

တက္ကစီသမားနဲ့ခရီးသဉ်ကို လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုယက်မှုဖြစ်မော်လမြိုင်၊ ဒီဇင်ဘာလ ၁၂မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊...
12/12/2022

တက္ကစီသမားနဲ့ခရီးသဉ်ကို လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုယက်မှုဖြစ်

မော်လမြိုင်၊ ဒီဇင်ဘာလ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အုတ်ဖို မြို့ပတ်လမ်းမှာတက္ကစီသမားနဲ့ခရီးသဉ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ညက
လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ​ သိရပါတယ်။

အဆိုပါည ၁၂ နာရီခန့်မှာ ငန်းတေးရပ်ကွက်ဘက်ကနေ ကိုအောင်ကို တက္ကစီမောင်းနှင်သူဟာ သူငယ်ချင်းဖြစ်သူ အမျိုးသားနဲ့ ခရီးသည် မဖြူဖြူဝင်းတို့ကို တင်ပြီး ဆိုင်ကယ်မောင်းလာတယ်လို့ ဆိူပါတယ်။

ဆိုင်ကယ်အတူစီးလာပြီး အုတ်ဖိုမြို့ပတ်လမ်းအရောက်မှာ ကိုအောင်ကို သူငယ်ချင်းဖြစ်သူက ကိုအောင်ကိုနဲ့ ခရီးသည် မဖြူဖြူဝင်းတို့ကို လည်ပင်းဓားနဲ့လှီးပြီး အာယ်ဖာအမျိုးအစား
ိဆိုင်ကယ်ကို လုယူသွားတယ်လို့ သိရပါတယ်။

" ၃ ယောက်တူတူစီးလာပြီးမှာ တက္ကစီသမားသူငယ်ချင်းက သူတို့နှစ်ယောက်စလုံးကို လည်ပင်းဓားနဲ့လှီး၊ ဓားနဲ့ထိုးပြီး ဆိုင်ကယ်ကို လုသွားတာဖြစ်တယ်"လို့ ဒေသခံတစ်ဦးက Southern Post ကို ပြောပါတယ်။

လည်ပင်းဓားနဲ့ လှီးခံရလို့ တက္ကစီသမားမှာ လည်ပင်းပြတ်ရှ၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ခရီးသည် မိန်းကလေးမှာ လည်ပင်းပြတ်ရှ၊ နားရွတ်ပြတ်ရှ ဒဏ်ရာ ရခဲ့တာကြောင့် လူမှုကူညီရေးအသင်းအဖွဲ့တွေက မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ထွက်ပြေးနေတဲ့ တရားခံကို ဖမ်းမိဖို့် ရဲနဲ့စစ်ကောင်စီတပ်သားတွေက လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

ကားနဲ့ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးသေဆုံး မြိတ်၊ ဒီဇင်ဘာလ ၁၁တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်မြို့၊ ရွှေ...
11/12/2022

ကားနဲ့ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးသေဆုံး

မြိတ်၊ ဒီဇင်ဘာလ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေဘေးလမ်းမကြီး ရတနာဂုဏ်ရည်ကျောင်းရှေ့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ည က ကားနဲ့ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့လို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါည ၇ နာရီခန့်မှာ အိမ်စီးကားတစ်စီးဟာ ရွှေဘေးလမ်းမကြီးအတိုင်းမောင်းနှင်လာစဥ် ရှေ့မှာ သွားနေတဲ့ကားကို ကျော်အတက် လမ်းတဖက်လြမ်းကို ရောက်သွားပြီး ဆန့်ကျင်ဘက်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"ကားက သူရှေ့က သွားနေတဲ့ ကားကိုကျော်တက်တာ။ အရှိန်လွန်ပြီး လမ်းတထက်ခြမ်းရောက်သွားပြီး တဖက်ယာဥ်ကြောကလာတဲ့ ဆိုင်ကယ်ကို တိုက်လိုက်တာ မိသားစု ၃ ဦးလုံးသေဆုံးသွားတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာပဲ လင်မယားနှစ်ယောက်စလုံး ပွဲချင်းပြီး ဆုံးသွားကာ ကလေးကတော့ ဆေးရုံမှာ ကုသနေတုန်း ည ၁၂ နာရီလောက်က ဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူတွေသာ အသက် ၃၇ နှစ်အရွယ် ဦးစိုးမင်း၊ ဒေါ်အေးငယ်နဲ့ အသက် ၈ နှစ်အရွယ်
သားဖြစ်သူ မောင်စည်းလုံးညီ တို့ဖြစ်တယ်လို့ဆိုပါတယ်။

ယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ ကိုယ်ပိုင်ကားမောင်းနှင်သူကိုလည်း ဖမ်းဆီးရမိထားပြီး ယာဥ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လ

ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကံပေါက်၊ဒီဇ...
11/12/2022

ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိ

ကံပေါက်၊ဒီဇင်ဘာလ ၁၁

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ကလိန်အောင်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက ကလိန်အောင် ရဲစခန်းက နယ်ထိန်းရဲ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရ၊နေအိမ်နဲ့ ကားပျက်စီး၊ ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါ ည ၇ နာရီခန့်အချိန်က နယ်ထိန်းရဲတပ်ကြပ်ကြီး ရဲဝင်းထွန်း ရဲ့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို SPRING DHAMNA ​ကလိန်အောင် ပြည်သူ့ကာကွယ်ရေးတပ်မှ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

"လက်နက်ကိုင်အဖွဲ့တွေ လာပစ်ချိန် ရဲဝင်းထွန်းက အိမ်မှာ မရှိဘူး။ ရဲတပ်သားတစ်ယောက်တော​ြ ရှိနေတယ်။ သူလဲ ပစ်ခံလိုက်ရတယ်။ သေတော့မသေဘူး ဒဏ်ရာရသွားတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ရဲဝင်းထွန်းရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ကလိန်အောင်မြို့ ဆေးရုံမှ တစ်ဆင့် ထားဝယ်မြို့ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဇင်းကျိုက်က ရဲတပ်သား ၂ ဦးပစ်သတ်ခံရဇင်းကျိုက်၊ ဒီဇင်ဘာလ ၁၀မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကား...
10/12/2022

ဇင်းကျိုက်က ရဲတပ်သား ၂ ဦးပစ်သတ်ခံရ

ဇင်းကျိုက်၊ ဒီဇင်ဘာလ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်သား ၂ ဦးပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ ၃ နာရီခွဲခန့်မှာ ဥတ္တံတားကျေးရွာဘက်ကနေ ဇင်းကျိုက်ဘက်ကို ​ပြန်လာတဲ့နယ်ထိန်းရဲတပ်သား မောင်ကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်းတို့ကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ဦးက အနီးကပ် သေနတ်နဲ့ပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ကလဲ ဆိုင်ကယ်နဲ့ဘဲ ပြန်လာတာ။ သူတို့စီးလာတာက CBR အမဲရောင်။ အဲဒါကို သေနတ်သမားတွေက အနောက်ကနေ လိုက်လာပြီး ပစ်တာ။ နေရာမှာဘဲ ပြီးသွားတယ်"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

သေနတ်နဲ့ အနီးကပ်ပစ်ခံရလို့ ရဲတပ်သား ၂ ဦးဟာ ဦးခေါင်းနဲ့ကျောကုန်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရရ သေဆုံးသွားတယ်လို့ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး သေနတ်ပစ်ဖောက်ကာ အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။

သတင်း - SouthernPost

PDF က မူးယစ်ဆေးဝါးတွေ ဖမ်းပြီး မီးရှို့ဖျက်စီးနေရပုလော၊ဒီဇင်ဘာလ ၁၀တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ စစ်ကောင်စီဘက်...
10/12/2022

PDF က မူးယစ်ဆေးဝါးတွေ ဖမ်းပြီး မီးရှို့ဖျက်စီးနေရ

ပုလော၊ဒီဇင်ဘာလ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ စစ်ကောင်စီဘက်က မူးယစ်ဆေးဝါးတွေ မဖမ်းလို့ PDF တွေက ဖမ်းဆီးမီးရှို့နေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က လက္ကူးရွာကို ​PDF တွေက ရှောင်တခင်အနေနဲ့ သွားရောက်ချိန် မူးယစ်ဆေးဝါးရောင်းချနေသူတစ်ချို့ကို တွေ့ရှိပြီး မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းခဲ့ရတယ်လို့သိရပါတယ်။

္"ကျွန်တော်တို့ရွာဘက်မှာ မူးယစ်ဆေးရောင်းသူတွေက ပေါ်တင်ဘဲ ရောင်းနေတာ။ စကစ က ဖမ်းတာမရှိဘူး။ မသိချင်ယောင်ဆောင်နေတယ်။ လိုင်းကြေးယူတယ်။ လုပ်ချင်သလိုလုပ်ဘဲ။ ခုလိုဖမ်းမှ မှတ်မှာ။ ဒါမှ လူငယ်တွေ မူးယစ်ဆေးကျွန်ဘဝကနေ လွတ်မှာ"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

​ြမြိတ်ခရိုင် တပ်ရင်း ၁ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး
မူးယစ်ဆေးဝါးရောင်းချသူတွေကိုတော့ ဖမ်းဆီးအရေးမယူခဲ့ဘဲ ပြင်းပြင်းထန်ထန်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေက
ဘိန်းစာမှုန့် အထုပ်ပေါင်း (၃၀၆) ထုပ် ၊ မြင်းဆေး (၄၆၀) လုံးခန့် ကာလတန်ဖိုး သိန် ၃၀ ကျော် ခန့်ရှိပြီး အကုန်လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

PDF တွေကို ငကြောက်လို့ပြောတဲ့ ပလမြို့ ရဲစခန်း ဝင်ရောက်ပစ်ခံရပုလော၊ဒီဇင်ဘာလ ၉တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်က PDF တ...
09/12/2022

PDF တွေကို ငကြောက်လို့ပြောတဲ့ ပလမြို့ ရဲစခန်း ဝင်ရောက်ပစ်ခံရ

ပုလော၊ဒီဇင်ဘာလ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်က PDF တွေကို ငကြောက်လို့ပြောတဲ့ ပလမြို့ ရဲစခန်း ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်ပစ်ခံရတယ်လို့ သိရပါတယ်။

ယနေ့နံနက် (၁၁) နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁) နှင့် အရိပ်ပျောက်ကျားတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

" ဟုတ်တယ်ဗျ။ ဒီနေ့ (၁၁) နာရီလောက်က ပလ ရဲစခန်း ကို ပူးပေါင်းဝင်တိုက်တယ်။ ယမန်နေ့က ပုလောကိုဝင်တယ်၊ ဒီနေ့ ပလကိုဝင်တာ။ သူတို့က ပလကို PDF တွေ မလာနိုင်ဘူး။ငကြောက်တွေပြောထားကိုး။" ဟု မြိတ်ခရိုင်တပ်ရင်း(၁) က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီရဲဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး အရအတွက်တော့ မသိရဘူးလို့ဆိုပါတယ်။

ပလ ရဲစခန်းဟာ ပြည်သူတွေကို မတရားဖမ်းဆီးငွေတောင်းခြိမ်းလြောက်လေ့ရှိသလို PDF တွေကိုလဲ ပလ ထိမတက်လာရဲဘူးလို့ စိန်ခေါ်နေတဲ့ စခန်းဖြစ်ပါတယ်။

စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၄ ဦးဒဏ်ရာရပုလော ၊ ဒီဇင်ဘာလ ၉မြိတ်ခရိုင်၊ပုလောမြို့နယ်၊ခလရ တနင်္သာရီတိုင်းဒေသကြီး၊ ...
09/12/2022

စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၄ ဦးဒဏ်ရာရ

ပုလော ၊ ဒီဇင်ဘာလ ၉

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ခလရ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

အဲဒီမနက်ပိုင်းမှာ ပုလောအခြေစိုက် စစ်ကောင်စီ ၂၈၅ တပ်ရင်းကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံကတာကို မကျေမပ်လို့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ လက္ကူးကျေးရွာရှိ ဦးဥာဏ်ကြွယ်နေအိမ်နားကို ကျရောရက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

"လက်နက်ကြီးကျလို့ အိမ်တိုင်တွေကော လူတွေကောထိတာ။ ၄ ဦးပါ အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦးပါ"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

လက်နက်ကြီးထိတဲ့ လူနာတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ပုလောဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

အဲဒီနေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့နယ်ခန်းမရှိ စစ်ကောင်စီတပ်စွဲခါးတဲ့နေရာ၊ ခလရ ၂၈၅ တပ်နဲ့ ပုလောကုန်းကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်အရှေ့တောက  PDFအဖွဲ့တစ်ခုရဲ့ လက်နက်ဂိုဒေါင်တစ်ခုကို စစ်ကောင်စီကရှာဖွေသိမ်းဆည်းတာခံရထားဝယ် ၊ ဒီဇင်ဘာလ ၉ တနင်္သာရီတို...
09/12/2022

ထားဝယ်အရှေ့တောက PDFအဖွဲ့တစ်ခုရဲ့ လက်နက်ဂိုဒေါင်တစ်ခုကို စစ်ကောင်စီကရှာဖွေသိမ်းဆည်းတာခံရ

ထားဝယ် ၊ ဒီဇင်ဘာလ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက်က PDFအဖွဲ့တစ်ခုရဲ့ လက်နက်ဂိုဒေါင်တစ်ခုကို စစ်ကောင်စီကရှာဖွေသိမ်းဆည်းတာခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့က ဝကုန်းရွာအနီးရှိပြည်သူ့ကာကွယ်ရေးဖွဲ့ ၏လက်နက်ထားသည့် နေရာကို စကစတပ်သား(၃၀)ခန့်ပါ စစ်ကြောင်းဝင်ရောက်ရှာဖွေချိန် တွေ့ရှိသိမ်းဆည်းသွားတာဖြစ်တာ်လို့ သိရပါတယ်။

သိမ်းဆည်းခံလိုက်ရတဲ့ ပစ္စည်းတွေဟာ ကာလတန်ကြေး ကျပ်သိန်း ၂၀၀ ခန့်ရှိတဲ့ ၆၀ မမ ၄၀လုံး၊ လက်လုပ်မိုင်းမျိုးစုံ၊ လက်လုပ်သေနတ် ၃ လက်၊ ၉ လုံးကျည် ၁၀၀၀ ကျော်အပါအဝင် ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ် အင်တိုင်းရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့လို့ အိမ်ခြေထက်ဝက်ခန့် မီးလောင်ပျက်စီးရန်ကုန်၊ဒီဇင်ဘာ ၇စစ်ကောင...
07/12/2022

ကျွန်းလှမြို့နယ် အင်တိုင်းရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့လို့ အိမ်ခြေထက်ဝက်ခန့် မီးလောင်ပျက်စီး

ရန်ကုန်၊ဒီဇင်ဘာ ၇

စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ နဲ့ ပျူစောထီးတွေပါတဲ့စစ်ကြောင်း စုစုပေါင်း အင်အား၂၀၀ ခန့်ဟာ ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းက ကျွန်းလှမြို့နယ် အင်တိုင်းရွာကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာမှာရှိတဲ့အိမ်ခြေထက်ဝက်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မွန်းလွဲ ၃ နာရီကစပြီး အင်တိုင်းရွာကို မီးရှို့ဖျက်ဆီးခဲ့‌ကြောင်း၊ အင်တိုင်းရွာဟာ အိမ်ခြေ ၂၇၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ မီးရှို့ဖျက်ဆီး မှုကြောင့် ဒေသခံတို့ရဲ့ နေအိမ် ၁၄၃ လုံး မီးလောင်ပျက်စီးသွားကြောင်း မြေပြင်သတင်းတွေအရ သိရှိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အင်တိုင်းရွာနဲ့ အနီးတဝိုက် ရွာတွေက ဒေသခံပြည်သူ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက် ၈ နာရီခွဲခန့်မှာ အင်တိုင်းရွာကထွက်သွားပြီး သဖန်းဆိပ် ဆင်စွယ်စခန်းမှာရောက်ရှိနေကြောင်းနဲ့ စစ်‌ကောင်စီတပ်သားတွေဟာ ကျေးရွာတွေမှာ မိုင်းထောင် ထားခဲ့တတ်တာကြောင့် စစ်ကြောင်းထွက်သွားပေမယ့်လည်း မြေမြှုပ်မိုင်းအန္တရာယ်စိုးရိမ်ကြလို့ အင်တိုင်းရွာသူရွာသားတွေ ရွာထဲမဝင်ရဲသေးဘဲ နီးစပ်ရာတောတိုက်တွေမှာ စစ်ဘေးရှောင်နေတယ် လို့ စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ- ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး နေအိမ် ၉ဝဝ နီးပါး မီးရှို့ဖျက်ဆီးခဲ့...
07/12/2022

အကြမ်းဖက်စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး နေအိမ် ၉ဝဝ နီးပါး မီးရှို့ဖျက်ဆီးခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၇
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလတလအတွင်း အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၉ဝဝ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
ဒီအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာ၁၃ ရွာက ပြည်သူပိုင်နေအိမ် ၈၉၅ လုံးအပြင် စာသင်ကျောင်း၊ဗလီ၊ဆွမ်းစားကျောင်း၊ဘူတာရုံတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်များရဲ့ဖမ်းဖီးခံရပြီး အသတ်ခံရမှု ၁၇ ကြိမ်၊ လက်နက်ကြီးကျ‌ည်ထိမှန် မှုကြောင့် သေဆုံးမှုနှစ်ကြိမ်၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု ငါးကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ ဇီးကနားရွာက အသက် ၁၃ နှစ်အရွယ်တဦး၊ လျော်ဖြူကုန်းရွာက အသက် ၁၇ နှစ်အရွယ် ရှစ်တန်း ကျောင်းသားတစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပျူစောထီးတွေ နိုဝင်ဘာ ၃ ရက်နေ့က လျော်ဖြူကုန်းနဲ့ ဇီးကနားရွာက ဒေသခံ ၁၄ ဦးကိုဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ အစုအပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းနဲ့ အဲဒီလုပ်ရပ်ကို ဦးဆောင်သူတွေဟာ အမှတ် ၃၆၃ ခြေမြန်တပ်ရင်းက လုပ်ဆောင်ခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ လူသတ်မီးရှို့မှုများကို ကျူးလွန်ခဲ့တဲ့အပြင် ဒေသခံရွာသားများ ကျေးရွာထဲမှာမနေနိုင်စေရန်ရည်ရွယ်ပြီး မြေမြှုပ်မိုင်းများထောင်ထားခဲ့တာကြောင့် အသက်၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုကြောင့် ဒေသခံကျေးရွာသားတွေဟာ တောတိုက်တွေမှာ တဲထိုးနေရတဲ့အတွက် မြွေဆိုးကိုက်ခံရမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးခြင်းဟာ ကချင်တမျိုးသားလုံးကို စော်ကားလိုက်ခြင်းဖြစ်တယ်လို့ KWC ထုတ်ပြန်ရန်ကုန်၊ ဒီဇင်ဘာ ၇ကခ...
07/12/2022

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးခြင်းဟာ ကချင်တမျိုးသားလုံးကို စော်ကားလိုက်ခြင်းဖြစ်တယ်လို့ KWC ထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၇
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခြင်းသည် ကချင်တမျိုးသားလုံးကို စော်ကားလိုက်ခြင်းဖြစ်တယ်လို့ KWC က ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အပြစ်မရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးလိုက်တဲ့အတွက် ကချင်တမျိုးသားလုံး ဒေါသဖြစ်ရပြီး ကန့်ကွက်ရှုတ်ချတယ်လို့လည်းဆိုပါတယ်။
ဒီလုပ်ရပ်ဟာ ဘာသာရေးနဲ့လူမျိုးရေးစစ်ပွဲတွေဆီကို ဦးတည်စေပြီး ကချင်တမျိုးသားလုံးကို ရန်စစော်ကားရုံတင်မဟုတ်ဘဲ စစ်ကြေညာလိုက်တာလို့ KWC က အသိပေးပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်အဖြစ် အစေအပါးခံ ဆောင်ရွက်နေကြတဲ့ လူ၊အဖွဲ့အစည်းများ အားလုံးကို အမြစ်ပြတ်ချေမှုန်းကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ခြယ် အနိုင်ကျင့်မှုတွေကနေ လွတ်မြောက်လိုသူအားလုံး တော်လှန်ရေးရဲဘော်တွေကို အရှိန်မြှင့်ပြီး ထောက်ပံ့ကူညီပါဝင်ကြဖို့လည်း WKC က အလေးအနက်တိုက်တွန်းထားပါတယ်။

အထိနာသွားတဲ့စစ်တပ်က ဆားလင်းကြီးမြို့နယ်က ဒေသခံတွေရိတ်သိမ်းထားတဲ့ သီးနှံများကို မီးရှို့ဖျက်ဆီးရန်ကုန်၊ ဒီဇင်ဘာ ၇စစ်ကိုင်...
07/12/2022

အထိနာသွားတဲ့စစ်တပ်က ဆားလင်းကြီးမြို့နယ်က ဒေသခံတွေရိတ်သိမ်းထားတဲ့ သီးနှံများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက တရားကျေးရွာကို မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာမှာ အထိနာသွားတဲ့ စစ်တပ်က ဒေသခံတွေရိတ်သိမ်းထားတဲ့ သီးနှံတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသကာကွယ် ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဆားလင်းကြီးမြို့နယ်က တရားကျေးရွာကိုဖျက်ဆီးပြီးထွက်လာတဲ့ အာဏာလုစစ်ကောင်စီ စစ်ကြောင်းဟာ တရားကျေးရွာနဲ့ရှမ်းကိုင်းကျေးရွာအကြားမှာတစ်ကြိမ်၊ရွှေဘုံသာကျေးရွာအနီးမှာ တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်သား ၈ ဦးသေဆုံးပြီး ဒဏ်ရာရသွားတဲ့သူများတဲ့အတွက် စစ်ကောင်စီတပ်ဟာ ရှမ်းကိုင်းကျေးရွာနဲ့ အုန်းတောကျေးရွာက ဒေသခံတွေရဲ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံများနဲ့ ထွန်စက်တွေကို မီးတိုက်ခြင်းများ လုပ်ဆောင်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ) က အသိပေး ပြောဆိုလိုက်ပါတယ်။

Salingyi Special Task Force - SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ ရေစကြိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ.က.ဖ တပ်ရင်း၂ ) တို့က အထူးလက်ရွေးစင်တွေ အာဏာလုစစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

06/12/2022

မော်လမြိုင်မြို့မှာ ဘက်ထရီဆိုင်ကယ်အားသွင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ဦးပိုင်ကုမ္မဏီနှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် NUG ကြေညာရန်ကုန်၊ ဒီဇင်ဘာ ၆အကြမ်းဖက်စစ်ခေါင်...
06/12/2022

ဦးပိုင်ကုမ္မဏီနှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် NUG ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၆
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေအတွက်သာ အကျိုးအမြတ် ဖြစ်ထွန်းစေတဲ့ ဦးပိုင်ကုမ္မဏီနဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်အုပ်စုအဖြစ် NUG က ဒီနေ့ ကြေညာလိုက်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေဖို့အတွက် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ်ချယ်လှယ်ပြီး နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာရှာဖွေထောက်ပံ့လျက်ရှိနေတာကို စိစစ်တွေ့ရှိရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဘဏ္ဍာရန်ပုံငွေတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေ အတွက်ပဲ အကျိုးစီးပွားဖြစ်ထွန်းနေပြီး အောက်ခြေက အကြပ်၊စစ်သည်တွေကတော့ ခံစားခွင့်မရှိသလောက် နည်းပါးနေတာကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊စာရွက်စာတမ်းတွေအရ သိရတယ်လို့ ပြောပါတယ်။
ဒီအကျိုးအမြတ်တွေကိုအသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုဟာ တနိုင်ငံလုံးမှာရှိတဲ့ ဒေသခံ ပြည်သူတွေကို လူအဆန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ရဲ့ ပိုင်ဆိုင်မှုအားလုံး ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းများ အဖြစ်သတ်မှတ်ပြီး အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နဲ့အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့လည်း NUG က အသိပေးလိုက်ပါတယ်။

သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့အတူ ရပ်တည်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလောင်းလုံး၊ ဒီ...
06/12/2022

သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့အတူ ရပ်တည်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

လောင်းလုံး၊ ဒီဇင်ဘာလ ၆

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသကာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ကျောင်းသားပြည်သူတွေကို မတရားဖမ်းဆီးကာ သက်သေခိုင်လုံမှုမရှိဘဲ မတရားပုဒ်မတပ် သေဒဏ်အမိန့်ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။

တစ်ဖက်တွင်လည်း နိုင်ငံတဝှမ်းက ကလေးငယ်တွေပါမချန် တိုင်းရင်းသားပြည်သူတွေကို နေ့စဥ်နဲ့အမျှ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။

ဒါဟာ သူတို့အာဏာတည်မြဲရေးအတွက် အင်အားကောင်းလာတဲ့ လူထုတော်လှန်ရေးကို ဦးချိုးလိုတဲ့အတွက် ကျောင်းသားပြည်သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။

တန့်ဆည်နယ်မှ စစ်‌ကောင်စီစစ်ကြောင်း ကျွန်းလှမြို့နယ်ထဲဝင်လာလို့ ဒေသခံထောင်ချီထွက်ပြေးနေရရန်ကုန်၊ ဒီဇင်ဘာ ၆တန့်ဆည်မြို့နယ်...
06/12/2022

တန့်ဆည်နယ်မှ စစ်‌ကောင်စီစစ်ကြောင်း ကျွန်းလှမြို့နယ်ထဲဝင်လာလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

တန့်ဆည်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ယနေ့မနက်ပိုင်းမှာ ကျွန်းလှမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့အတွက် ဒေသခံရွာသားတွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၅ ရက်နေ့က တန့်ဆည်နယ် ပုတီးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဖြစ်ပြီး အင်အား ၂၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၆ ရက် ဒီမနက် ၁၀ နာရီခန့်မှာ ကျွန်းလှမြို့နယ်ထဲ ရောက်ရှိလာပြီး အင်တိုင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်‌ဝင်ရောက်ခဲ့​တာလို့လည်း သိရပါတယ်။

ဒီစစ်ကြောင်းကြောင့် ကျွန်းလှမြို့နယ်အတွင်းက ပေါယော၊ညောင်ကိုင်း၊မြင်သာ၊သရက်တထောင်နဲ့အင်တိုင်းရွာက ပြည်သူတွေ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ​တယ်လိုလည်း မြေပြင်သတင်းတွေအရ စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်

အကြမ်းဖက်စစ်ကောင်စီတပ် မီးဝင်ရှို့စဉ်က ရွာထဲတွင်ပိတ်မိပြီး ဦးခေါင်းဒဏ်ရာရခဲ့သူ အဘွားဒေါ်ခု သေဆုံးရန်ကုန်၊ ဒီဇင်ဘာ အကြမ်း...
06/12/2022

အကြမ်းဖက်စစ်ကောင်စီတပ် မီးဝင်ရှို့စဉ်က ရွာထဲတွင်ပိတ်မိပြီး ဦးခေါင်းဒဏ်ရာရခဲ့သူ အဘွားဒေါ်ခု သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ

အကြမ်းဖက်စစ်ကောင်စီတပ်များ အရာတော်မြို့နယ် နွားမသင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ချိန် နိုဝင်ဘာ ၂၅ ရက်နေ့က အိမ်ထဲမှာပိတ်မိနေခဲ့ပြီး ဦးခေါင်းဒဏ်ရာရရှိထားတဲ့ အဘွား ဒေါ်ခု သေဆုံးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် အရာတော်မြို့ နယ် နွားမသင်းကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ မပြေးနိုင် မျက်မမြင်အဘွား ဒေါ်ဌေး (အသက် ၉၀ ခန့်) ဟာ အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရပြီး အိမ်မှာပိတ်မိနေတဲ့အဘွားဒေါ်ခု ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကယ်ထုတ်ပြီး အရေးပေါ်ဆေးကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့ အဘွားဒေါ်ခု ဒီဇင်ဘာ ၄ ရက်နေ့က ဆုံးပါးသွားခဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

နေအိမ်မှာ မီးလောင်သေဆုံးခဲ့တဲ့ အဘွားဒေါ်ဌေးက အသက် ၉၀ ခန့်ဖြစ်ပြီး အခုဆုံးပါးသွားတဲ့ အဘွားဒေါ်ခုကလည်း အသက် ၈၆ နှစ်ကျော်ဖြစ်တာကြောင့် အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့လက်ချက်ကြောင့် သက်ကြီးရွယ်အို နှစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နွားမသင်းကျေးရွာအနီးမှာရှိတဲ့ကိုယ်ထူကိုယ် ထ ပြည်သူ့အခြေပြု စာသင်ကျောင်းအပါအ ဝင် အိမ် ၈၂ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့အရာတော်မြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။

ပုံစာ- အဘွားဒေါ်ခုကို မီးလောင်နေသော ကျေး ရွာထဲမှ ကယ်ထုတ်ပြီးနောက် အရေးပေါ်ဆေးကုသပေးနေစဉ်။
ဓာတ်ပုံ -Ayadaw post

မော်လမြိုင်မြို့မှာ ဘက်ထရီဆိုင်ကယ်အားသွင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားမော်လမြိုင်၊ ဒီဇင်ဘာလ ၆မွန်ပြည်နယ်၊မော်လမြိုင်မြ...
06/12/2022

မော်လမြိုင်မြို့မှာ ဘက်ထရီဆိုင်ကယ်အားသွင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား

မော်လမြိုင်၊ ဒီဇင်ဘာလ ၆

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊အောက်ကျင်းရပ် ကွက်၊လမ်းသစ်လမ်းက နေအိမ်တစ်လုံးမှာ ဒီဇင်ဘာလ ၆ ရင်နေ့ မနက်အစောပိုင်းက ဘက်ထရီဆိုင်ကယ်အားသွင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မနက် ၄ နာရီ ၂၅ မိနစ်ခန့်က လမ်းသစ်လမ်းရှိ ၂ ထပ်နေအိမ်မှာ ဘတ္တရီဆိုင်ကယ်ကို အားသွင်းထားရာကနေ အပူလွန်ပြီး နေအိမ် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

"မလမ မီးကလည်း လာတစ်ချက် မလာတစ်ချက်လေ။ ခုကလည်း ညဘက်မှာ ဆိုင်ကယ်ကို လျှပ်စစ်မီးနဲ့ အားသွင်းထားတာနေမယ်။ မဖြုတ်မိတော့ အပူလွန်ပြီး မီးထလောင်တာလေ။ ကပ်လျက်ထားတဲ့ ကားကိုမီးကူးပြီး အိမ်ပါလောင်တာ။ အသိမြန်လို့ မဟုတ်ရင် ရပ်ကွက်ကုန်မလားဘဲ"လို့ ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ၂ ထပ်တိုက်ရဲ့ အပေါ် ထပ်၊ကားတစ်စီးနဲ့ဘက်ထရီဆိုင်ကယ်တို့ မီး လောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားလို့ မော်လမြိုင်မြို့နယ်မီးသတ်၊ ရာမညပရဟိတအသင်း၊ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့ဝင်​တွေနဲ့ ရပ်ကွက်နေသူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် လျှပ်စစ်မီးကိူ ပေါ့ဆစွာ အသုံးပြုသူ အိမ်ရှင်ကို ရဲက ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo-ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

မုဒုံမှာ လှေဝမ်းအတွင်းလိုက်ပါလာတဲ့ ရိုဟင်ဂျာ လူမျိုး ၇၈ ဦးဖမ်းဆီးခံရမုဒုံ၊ ဒီဇင်ဘာလ၊ (၅) မွန်ပြည်နယ်၊ မုဒုံမြို့နယ်ိကမာ...
05/12/2022

မုဒုံမှာ လှေဝမ်းအတွင်းလိုက်ပါလာတဲ့ ရိုဟင်ဂျာ လူမျိုး ၇၈ ဦးဖမ်းဆီးခံရ

မုဒုံ၊ ဒီဇင်ဘာလ၊ (၅)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်
ိကမာဝက်ချောင်းဝမှာ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက လှေဝမ်းအတွင်းလိုက်ပါလာတဲ့ ရိုဟင်ဂျာ လူမျိုး ၇၈ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ယနေ့ မနက်ပိုင်း ၇ နာရီခန့်မှာ ရိုဟင်ဂျာလူမျိုးတွေ လိုက်ပါလာတဲ့ စက်လှေဟာ ကမာဝက်ချောင်းဝမှာ ကျောက်ချရပ်နားထားစဥ် ဖမ်းဆီးရမိခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။

"မသင်္ကာဖွယ် လှေတစ်စီးတွေ့လို့ စကစ ဘက်က လူတွေ သတင်းပေးရာကနေ ဖမ်းခံလိုက်ရတယ်လို​့ သိရတယ်။မိန်းကလေးငယ်တွေ ကလေးလူကြီးပါလာကြတယ်"လို့ ​ဒေသခံတစ်ဦးက Southern Post ကိုပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရိုဝင်ဂျာ လူမျိုးတွေဟာ ကျား ၅၆ ဦးနှင့် မ ၂၂ ဦး စုစုပေါင်း ၇၈ ဦးဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ကားနဲ့ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when SouthernPost posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SouthernPost:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share