Knowledges , Advertisements & News

  • Home
  • Knowledges , Advertisements & News

Knowledges , Advertisements & News သတင်း - အစုံအလင် သိအောင် မင်မင် တို့ရ?

▪️ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော်     စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်     ကဉ္စနာရာမချောင်ဆရာကြီး အဖွား ဒေါ...
05/10/2023

▪️ပါမောက္ခချုပ်ဆရာတော်ကြီး​၏ အစ်မတော်
စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်
ကဉ္စနာရာမချောင်ဆရာကြီး အဖွား ဒေါ်ကဉ္စနာ
သက်တော် (၉၇)နှစ်
၁၃၈၅-ခုနှစ်၊
တော်သလင်းလပြည့်ကျော်(၆)ရက်၊ ကြာသပတေးနေ့
၅/၁၀/၂၀၂၃ ရက်နေ့ ၊ နံနက် ၅ နာရီ ၅ မိနစ် ခန့်တွင်
တစ်ဘဝဇာတ်သိမ်း ချုပ်ငြိမ်းသွားလေပြီ....၊

💠 အန္တိမအဂ္ဂိဈာပန အစီအစဉ် 💠
▪️ 7-10-2023 (စနေနေ့)
၁၃၈၅-ခု တော်သလင်းလပြည့်ကျော်(၈)ရက်
▪️ နံနက်(၈)နာရီအချိန်
မဟာသုဗောဓာရုံ ကဉ္စနာရာမချောင်မှ
ထွက်ခွါကြမည်။

▪️ နံနက်(၉)နာရီအချိန်
စစ်ကိုင်းမြို့ ရွှေသမားရပ်
#ရွှေသမားရွှေရိပ်သာသုဿာန် တွင်
မီးသင်္ဂြိုဟ်ပါမည်။

30/09/2023

မွန်ပြည်နယ် သထုံမြို့မှာ

#စောက်ချိုးမပြေ

#ဒေါက်မကျိုးတာ

#ပြည်သူတွေကို အနိုင်ကျင့်တာ

ဘယ်ဌာန ဖြစ်မလဲ?

, Knowledges , Advertisements & News

စစ်ကောင်စီကို ပံ့ပိုးနေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်‌မြောက်နေသူကို JSM ထုတ်ပြန်(မဇ္ဈိမ)။။   စစ်ကောင်စီကို ပံ့ပိုးနေသ...
28/09/2023

စစ်ကောင်စီကို ပံ့ပိုးနေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်‌မြောက်နေသူကို JSM ထုတ်ပြန်

(မဇ္ဈိမ)။။ စစ်ကောင်စီကို ပံ့ပိုးနေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်‌မြောက်နေသူတဦးကို Justic for Myanmar (JSM) က ထုတ်‌ဖော်လိုက်သည်။

နိုင်ငံတကာအရေးယူမှုများမှ လွတ်‌မြောက်နေသူမှာ အသက် ၆၃ နှစ်အရွယ် ဂျော့ရင်ဆွန်း မြန်မာအမည် ဦးကျော်ကျော်ထွန်းဟု ဆိုသူ ဖြစ်သည်။

၎င်းမှာစင်ကာပူတွင် အ‌ခြေချကာ သိုသိုသိပ်သိပ်နေ ထိုင်တတ် သူဖြစ်ပြီး မီဒီယာများနှင့် တွေ့ဆုံခြင်းမရှိသူဟု JSM က ဆိုသည်။

" အခြားလူတွေနဲ့မတူတာက ဂျော့ရင်ဆွန်းဟာ အွန်လိုင်းမှာ မရှိသလောက် ဖြစ်ပြီး၊ မီဒီယာတွေနဲ့ အင်တာဗျူးတွေလည်း သိပ်လုပ်လေ့မရှိသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ကို ဂေါက်ရိုက် သင်တန်းမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် သာမန်လူတွေ အနားမကပ်နိုင်တဲ့ ဆန်တိုဆာ ဂေါက်ကလပ်မှာ တွေ့နိုင်ပြီး အဲဒီဂေါက်ကလပ်ဟာ အလွန်အမင်း ကြွယ်ဝချမ်းသာသူတွေအတွက် ဂုဏ်ထည်ဝါမှုအတိပြီးတဲ့ နိဗ္ဗာန်ဘုံအလား ဖြစ်တာကြောင့် နှစ်စဉ်အသင်းဝင်ကြေးဟာလည်း ဟားဗက် တက္ကသိုလ်မှာ လေးနှစ်ကြာ ပညာသင်ကြားတာထက် ပိုမိုကုန်ကျပါတယ်" ဟု JSM က ဆိုသည်။

ဦးကျော်ကျော်ထွန်းမှာ စစ်ကောင်စီနှင့် ဆယ်စုနှစ်များစွာ လက်တွဲ လုပ်ကိုင်လာသည့် စီးပွားရေးသမားဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ၏ ဆေးရွက်ကြီးလုပ်ငန်းနှင့် လက်တွဲလုပ်ကိုင်လျက်ရှိ သည်ဟု JSM က ထုတ်ပြန်သည်။

" လက်ရှိမှာတော့ သူဟာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးနဲ့ အတူ နာမည်ကြီး ဆေးရွက်ကြီး စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး၊ စစ်ရာဇဝတ်ကောင်တွေနဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုအဖွဲ့အစည်းတွေအတွက် ဘဏ္ဍာငွေတွေ တိုက်ရိုက် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်" ဟု JSM က ဆိုသည်။

၎င်း အ‌ခြေချနေထိုင်သည့် စင်ကာပူနိုင်ငံအနေဖြင့် မသမာသည့် စီးပွားရေးလုပ်ငန်းများကို လက်မခံ‌ကြောင်း ပြသရန် တိုက်တွန်း ‌ကြောင်း JSM က တိုက်တွန်းသည်။

"စင်ကာပူနိုင်ငံအနေနဲ့ မသမာစီးပွားရေးလုပ်ငန်းတွေနဲ့ ဝိသမစီးပွားရေးသမားတွေကို လက်မခံကြောင်း ကမ္ဘာကို ပြသဖို့ အချိန်တန်ပါပြီ။ သူ့ ငွေတွေ၊ လောင်စာဆီတွေနဲ့ ကူညီခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြန်လည်ရင်ဆိုင်ဖို့ ဂျော့ရင်ဆွန်းကို မြန်မာပြည်ပြန်ပို့ပါ" ဟု JSM က ဆိုသည်။

Justic for Myanmar က စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ် လက်နက်တင်သွင်းခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည့် စီးပွားရေးသမား ကိုးဦးကို ထုတ်ပြန်လျက်ရှိရာ ယင်းစာရင်း တွင် ဂျော့ရင်ဆွန်း (ခ) ဦးကျော်ကျော်ထွန်းလည်း ပါ၀င်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ပုံအညွှန်း- ဂျော့ရင်ဆွန်း ခေါ် ဦးကျော်ကျော်ထွန်း(ဓာတ်ပုံ-JSM)


For Myanmar
#ဂျော့ရင်ဆွန်း (ခ) ဦးကျော်ကျော်ထွန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၁၉ ရက်မြောက်  ရွာပေါင်းစုံချီတက်ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှ...
28/09/2023

စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၁၉ ရက်မြောက် ရွာပေါင်းစုံချီတက်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၉၁၉ ရက်အဖြစ် စက်တင်ဘာလ ၂၈ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ခွပ်ဒေါင်းအလံ ၊ ကြယ်ဖြူအလံတို့ကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ သပိတ်စစ်ကြောင်းသည် ကျဆုံးသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#လူထုသပိတ်စစ်ကြောင်း
#ခွပ်ဒေါင်းအလံ
#ယင်းမာပင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းရန်အတွက် ဗြိတိန်နိုင်ငံသား Josh လုပ်ဆောင်သည့် မိုင် ၁၀၀၀ စက်ဘီးနင်း ရ...
28/09/2023

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းရန်အတွက် ဗြိတိန်နိုင်ငံသား Josh လုပ်ဆောင်သည့် မိုင် ၁၀၀၀ စက်ဘီးနင်း ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ် မိုင် ၅၀၀ အထိ‌ ရောက်ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေ ရရှိစေရန် ရည်ရွယ်၍ ဗြိတိန်နိုင်ငံသား Josh မှ မိုင် ၁၀၀၀ စက်ဘီးနင်း၍ ရန်ပုံငွေ ရှာဖွေရေး ခရီးစဉ်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့တွင် မိုင် ၅၀၀ သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံသား Josh ၏ စက်ဘီးနင်း ရန်ပုံငွေ ရှာဖွေရေးမှ ရရှိသည့် အလှူငွေများအားလုံးကို မြန်မာနိုင်ငံအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ စက်ဘီးနင်း ခရီးစဉ်တစ်လျှောက်တွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များနှင့် Charity များ အကြောင်းကို UK နိုင်ငံသားများကို ရှင်းလင်းပြောပြဖြစ်ခဲ့ကြောင်း၊ UK နိုင်ငံသားများမှ ၎င်းတို့၏ အိမများ ၊ Camp Site များတွင် အခမဲ့ တည်းခိုခွင့်ပြုခဲ့ကြပြီး အလှူငွေများလည်း ထည့်ဝင်ကြကြောင်း သိရှိရသည်။

ပါဝင်လှူဒါန်းလို ပြည်သူများအနေနှင့် https://gofund.me/071d26d0 လင့်ကို ဝင်ရောက်၍ ထည့်ဝင်လှူဒါန်းနိုင်ပြီး အသးစိတ်အချက်အလက်များကို အဆိုပါ ပေ့တွင် ဝင်ရောက် ဖတ်ရှုနိုင်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေး မြန်မာစားသောက်ဆိုင် ဖွင့်ပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလု...
28/09/2023

တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေး မြန်မာစားသောက်ဆိုင် ဖွင့်ပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၈

တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးလေးမြို့တွင် ဆုံမှတ် (နွေဦးတော်လှန်ရေး မြန်မာစားသောက်ဆိုင်) ဖွင့်ပွဲ ၊ ထောက်ပို့ငွေပေးအပ်ပွဲ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး ထိုးစစ် အရှိန်  ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲသွား ရန်ရှိ နေပြီး ကျေးလက်မှ မြို့ပြဆီသို့ မဟာဗျူဟာဖြင့်...
28/09/2023

နွေဦးတော်လှန်ရေး ထိုးစစ် အရှိန် ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲသွား ရန်ရှိ နေပြီး ကျေးလက်မှ မြို့ပြဆီသို့ မဟာဗျူဟာဖြင့် ထိုးစစ် အကြိုကာလ ရောက် ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲများတွင် စစ်ရေးအရ အောင်မြင်မှုများစွာ ရှိနေပြီး တော်လှန်ရေး ထိုးစစ် အရှိန် တစ်ဆင့်ထပ်မြှင့်လျှင် စစ်ကောင်စီပြိုလဲ ပြိုကွဲသွားရန်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြော ရေး ဆိုခွင့်ရှိသူ ဒုအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောဆိုလိုက် သည်။

နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ နှစ်ပတ်တစ်ကြိမ် တင်ပြ ထုတ်ပြန် သည့် အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

"တော်လှန်ရေး အင်အားစုတွေ မဟာမိတ်အင်အားစုတွေနဲ့ ဒေသခံတော်လှန် ရေး အင်အားစုတွေရဲ့ ထိုးစစ်အရှိန်ကို နောက်တစ်ဆင့်သာ မြှင့်လိုက်မယ် ဆိုလို့ ရှိရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပိုပြီးတော့ ပြိုလဲသွားဖို့ ပြိုကွဲသွား ဖို့ရှိတယ်ဆိုတာကိုလည်း ထပ်လောင်းပြီးတော့ တင်ပြချင်ပါတယ်။ အကြမ်း ဖက် စစ်တပ်ပြိုလဲပျက်စီးလာတာနဲ့ အမျှ ပြည်သူ့ကာကွယ်ရေး တပ်မတော် အနေနဲ့ကလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ အတွက်ကို နေရာစုံ ထောင့်ပေါင်းစုံကနေ အဆင်သင့်ရှိနေပါပြီ။ မကြာခင် ကာလ မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ပူပေါင်း ပါဝင် ပူးပေါင်းအားနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင် တော့ မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ကလည်း အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက်ကို ပိုပြီးတော့ ပူးပေါင်းပါဝင်ဖို့ အတွက် ကို တိုက်တွန်းချင်ပါတယ်" ဟု ဦးမောင်မောင်ဆွေက ဆိုသည်။

စစ်အာဏာရှင် တော်လှန်ရေး ခုခံ တော်လှန်စစ်သည် ၂ နှစ်ပြည့်မြောက်ခဲ့ပြီး အဆင့်ဆင့် အသွင်ပြောင်းနေရာ ယခုဒုတိယအဆင့်တွင် ထိုးစစ်အကြိုကာလ ကို အသွင်ပြောင်းခဲ့ပြီဖြစ်ကြောင်း ၊ ကျေးလက်ဒေသ အများအပြားကို စိုးမိုး ထားနိုင်ပြီး ကျေးလက်မှတ်သည် မြို့ပြဆီသို့ ဗျူဟာအရ စစ်ကောင်စီက ကျေးလက်ဒေသများကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ၊ ကျေးလက်ဒေသမှ တစ်ဆင့် မြို့နယ်၊ ယင်းမှ တစ်ဆင့် မြို့ကြီးများနှင့် မြို့တွင်းတိုက်ပွဲများအထိ ပုံမှန် ဖော်ဆောင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"ကျေးလက်ဒေသတွေက တစ်ဆင့် မြို့နယ်တွေ မြို့ကြီးတွေမှာလည်း မြို့တွင်းတိုက်ပွဲတွေကို အမြောက်အမြားပုံမှန်ဖော်ဆောင်ပြီးတော့ တိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်။ မဟာဗျူဟာ ထိုးစစ်အကြိုကာလမှာ မြို့တွင်း တိုက်ပွဲတွေ အမြောက်အမြားကို စပြီးတော့ ဖော်ဆောင်လာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဖော်ဆောင်တဲ့ တိုက်ပွဲတွေကို အနည်းငယ် ဖော်ပြချင်ပါတယ်။ မဲ့စဲမှာဆိုရင်လည်း မဲ့စဲမှာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေက အခုချိန်အထိကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ မြိုင်မြို့နယ် မှာဆိုရင်လည်း‌ ထွေအုပ်၊ ရဲစခန်း။ ဂိတ် ၊ နောက်ဘူတာရုံဂိတ်၊ မြို့ဝင် စစ်ဆေးရေးဂိတ်တွေကိုလည်း ကျွန်တော်တို့ အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ပြီး ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ မုံရွာအမြင့်လမ်း ညောင်ပင်သာမှာ အထိုင်ချထားတဲ့ စစ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ၅ ဦးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ရေနံချောင်းမြို့မဈေးကိုလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ယောက် ကိုလည်း တိုက်ခိုက်ချေမှုန်းပြီးတော့ ၁ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်။ ထန်တလန် မှာဆိုရင် စစ်တပ် စစ်စခန်း ၅ ခု ၊ မြို့တွင်းမှာ အထိုင်ချထားတဲ့ စစ်စခန်း ၂ ခု ၊ နောက် အော်တိုတာဝါတောင် ပေါ့နော်။ အဲဒီနေရာမှာ ချထား တဲ့ စစ်စခန်းတွေကို ချင်းတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်နိုင်ခဲ့ပါ တယ်။ အဲဒီလိုပါပဲ မင်းတပ်မြို့မှာဆိုရင်လည်း ကင်းလှည့်နေတဲ့ စစ်ကြောင်းကို မင်းတပ်ဒေသခံ ကာကွယ်ရေးအဖွဲ့အစည်းတွေက တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တနင်္သာရီတိုင်းရေဖြူမြို့မှာဆိုရင်လည်း စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မှာလည်း မြို့တွင်း တိုက်ပွဲတွေကို အအောင်အောင်မြင်မြင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က ဆိုရင်လည်း တန့်ဆည်မြို့မှာဆိုရင်လည်း မြို့တွင်း တိုက်ပွဲတွေ ကို ချေမှုန်းတိုက်ခိုက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂၃ ဦးကို ချေမှုန်းနိုင် ခဲ့ပြီးတော့ လက်နက် ၁၄ လက်နဲ့ ခဲယမ်းမီးကြောက်အမြောက်အမြားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့ အစည်း တွေ၊ မဟာမိတ်အင်အားစုတွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ မြို့တွင်းတိုက်ပွဲ ဖြစ် ပွားရာ ဒေသတွေကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ ချင်းတောင်တန်း ဒေသ ၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ မြို့တွင်းတိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာ တယ်ဆိုတာကိုလည်း တွေ့ရပါတယ်" ဟု ဦးမောင်မောင်ဆွေက ဆိုသည်။

နေပြည်တော်အေလာလေဆိပ်ကိုပင် ဒရုန်းဖြင့် ဗုံးကျဲလာနိုင်ပြီး စစ်စခန်းများ သိမ်းပိုက်ရရှိမှုများလည်း တိုးတက်လာနေသည်ဟု ၎င်းက ဆိုသည်။

" နေပြည်တော်ဧလာလေဆိပ်ကို ကျွန်တော်တို့ရဲ့ ကျားသံလုံးစစ်ကြောင်းကနေ ဒရုန်းနဲ့ ဗုံးကျဲပြီးတော့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပါ။ ဆိုတော့ ဒီလို တိုက်ခိုက် နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ မဟာမိတ်တော်လှန်ရေး အင်အားစုတွေရဲ့ နည်းပညာက မြင့်မားလာတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်းတွေကို ဟန့်တားတဲ့ Jumper Frequencyကို ကျွန်တော်တို့က စနစ်တကျ ကျော်လွှားပြီးတော့ စစ်ဆင်ရေးတွေကို‌ အောင်အောင် မြင်မြင်လုပ်လာနိုင်တဲ့ နည်းပညာအရ အသာစီးရ နေတယ် ဆိုတာကိုလည်း ဒီတိုက်ပွဲက ဖော်ပြနေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီတွေ အနေနဲ့ သူတို့ရဲ့ အထိုင်စခန်း အမြောက်အမြားကို ဒီရက်ပိုင်းထဲမှာ လက်လွှတ်ဆုံးရှုံးနေရပါတယ်။ ဒူပလာယာ ခရိုင် ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်စခန်းကို ကရင်အမျိုးသား တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက နာရီဝက် အတွင်း မှာပဲ သိမ်းပိုက်ရရှိခဲ့ပါတယ်။ လက်နက်ခဲယမ်းမီးတောက် အမြောက်အမြား ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီးမှာရှိတဲ့ သူတို့ရဲ အထိုင်စခန်းကိုလည်း ကချင် လွတ်မြောက် ရေး တပ်မတော်က သိမ်းယူရရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ မြစ်ကြီးနား ဆွမ်ပရာပွန် လမ်းပေါ်က ပဒူချောင် စစ်စခန်းကိုလည်းပဲ သိမ်းပိုက်ရရှိ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် ပလောင်ပြည်နယ် လွတ်‌မြောက်ရေး တပ်ဦးနဲ့ ကယန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးတို့ ပူးပေါင်းပြီးတော့ ကနောင်စစ်ဆင်ရေးဆိုတဲ့ စ စ်ဆင်ရေးတပ်ရပ်ကို ဇူလိုင်လ ၁၅ ရက်ကနေ စက် တင်ဘာလ ၁၈ ရက်အထိကို ဆင်နွှဲခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ အရာရှိ အရာခံ တိုင်းတပ်သားအဆင့် ၈၂ ဦးကို ချေမှုန်းနိုင်ခဲ့ပြီးတော့ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက် ခဲယမ်း မီးကျောက်တွေ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

စစ်ဆင်ရေး အောင်မြင်မှုများ ရရှိနေချိန် စစ်ကောင်စီအတွင်း အကွဲအပြဲများဖြင့် အချင်းချင်း ပြန်ဖမ်း ၊ ဖြုတ်၊ ထုတ် ၊ သတ်ဇတ်လမ်းများ ရှိနေကြောင်း၊ယင်းအခြေ အနေများသည် စစ်ကောင်စီအတွင်း ပြိုလဲလာမှုဖြစ်ပြီး အောက်ခြေ တပ်ရင်းများတွင်လည်း စစ်မတိုက်ဘဲ ထွက်ပြေးသူများ၊ အမိန့်မနာခံဘဲ ထွက်ပြေးသူများရှိနေကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ CDM ဝင်လာသူများ ယခုရက်ပိုင်းအတွင်း မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။

"ဒီရက်ပိုင်းမှာဆိုရင် ပြည်သူ့ဘက်ကို ကူးပြောင်းလာတာ၊ တစ်နည်း ပြည်သူ့ရင် ခွင်ကို ချိတ်ဆက်ပြီးတော့ ခိုလှုံလာတဲ့ အရာရှိ အရာခံ အကြပ်စစ်သည်တွေ အမြောက်အမြားရှိပါတယ်။ အဲဒီလိုပါပဲ လှည့်ပတ်ထွက်ပြေးကြတာတွေ၊ လှည့်ပတ်ပြီးတော့ Own CDM လုပ်ကြတဲ့ အရာရှိ၊ အရာခံ အကြပ် စစ်သည် တွေလည်း အမြောက်အမြားရှိတယ်လို့ သိရှိရပါတယ်။ ၈ လပိုင်း ၁ရက်နေ့ ကနေ ၁၁ ရက် ၉ လအထိဆိုရင် ပြည်သူ့ရင်ခွင်ကို တရားဝင်ချိတ်ဆက်လာတဲ့ အရာရှိအရာခံ အကြပ်စစ်သည် ၅၂ ဦး ရှိပါတယ်။ အဲဒီ ၅၂ ဦးမှာ ၁၄ ဦးက လက်နက်တွေနဲ့ ပါလာတဲ့အတွက် ကာကွယ်ရေး ဝန်ကြီး ဌာနအနေနဲ့ လက်နက် အတွက်ကို ထပ်ဆောင်းချီးမြှင့်ငွေတွေကိုလည်း ထုတ်ပေးပြီးတော့ ချီးမြှင့်လျက်ရှိပါတယ်။ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ဆောင်ရွက်လာကြတဲ့ ပြည်သူ့ သားကောင်း အမြောက်အမြားထဲကမှ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းတွေကို ကြိုတင်သိရှိနိုင်ဖို့ ဖရဲသီးစီမံချက်မှာ ပူးပေါင်း ဆောင် ရွက်ချင်ပါတယ်လို့ ဆက်သွယ်လာတဲ့ လူတွေကလည်း အမြောက် အမြား ရှိပါတယ်" ဟု ၎င်း က ဆိုသည်။

တော်လှန်ရေး အရှိန်မြင့်လာမှုနှင့်အတူ စစ်တပ်ပြိုကွဲရေး၊ စစ်တပ် ကြီးစိုးရေး ဝါဒ ပျက်စီးရေးသည် မဝေးတော့သည့် ကာလတွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး NUG အနေဖြင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အဆင်သင့် အစားထိုး ဆောင်ရွက်နိုင်ရေး မဟာမိတ်တော်လှန်ရေး အင်အား စုများ နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဦးမောင်မောင်ဆွေက ရှင်းလင်းပြောဆို ထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်  စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက...
25/09/2023

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်က ပြည်သူ့စစ်များ တိုးချဲ့ ဖွဲ့စည်းရန် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံနေ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့ စစ်ဖွဲ့စည်းရန် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လူငယ်များကို အတင်းအဓမ္မ ခြိမ်းခြောက် ရွေးချယ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ကာ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ လူငယ်များ၊ လူလတ်ပိုင်းများကို မဲနှိုက်ခိုင်းပြီး တစ်ရွာလျှင် လူ ၅ ဦးနှုန်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

" ကွမ်းခြံကုန်းမြို့နယ်က ရွာတွေကို ပြည်သူ့စစ် ဖွဲ့ဖို့ဆိုပြီး စစ်တပ် လက် အောက်ခံ အုပ်ကြီးတွေကနေ တဆင့် ရွာထဲက လူငယ် လူလတ်ပိုင်းတွေကို မဲနှိုက်ခိုင်းပြီး တစ်ရွာကို ၅ ဦးနှုန်းနဲ့ ရွေးချယ်ထားတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ မဲနှိုက် ရွေးချယ်မှုကို ကျေးရွာ ၃ ရွာ၌ စတင်ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများတွင်လည်း အလားတူ ရွေးချယ်မှုများ ပြုလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

အလားတူ ကွမ်းခြံကုန်းမြို့နယ်၊ ကြခတ်ကုန်းကြီးကျေးရွာတွင်မူ ပျူစော ထီး(သို့မဟုတ်) ပြည်သူ့စစ် ဖွဲ့စည်းရန် လူလတ်ပိုင်း ၂၀ မှ ၄၀ ဦးအထိ စာရင်း တောင်းယူနေကြောင်း သိရှိရသည်။

"အခုလက်ရှိကျမတို့ ရွာဘက်မှာ စစ်တပ်က လူလတ်ပိုင်းအသက် ၂၀ ဦးကနေ ၄၀ ဦး အထိကို တစ်ရွာကို ပေးဖို့ တောင်းနေတယ်။ ကြခတ်ကုန်းကြီးကျေးရွာရဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှုး ဦးသန်းထိုက် က ရွာမှယောကျာ်းလေးတွေကို မဲနှိုက်ပြီး စာရင်းယူပါတယ်။ ခု ပေါက်တဲ့လူတွေရဲ့ မှတ်ပုံတင်တွေ အိမ်ထောင် စုစာရင်းတွေတောင်းထားပါတယ် ရွာမှတပါးသို့လည်း သွားခွင့်မပေးပါဘူး။ မဲကျတဲ့ထဲက ချမ်းသာတဲ့ လူတန်းစားတွေလည်းပါပါတယ်။ ချမ်းသာတဲ့ သူတွေ ကတော့ ပျူစောထီး မလုပ်ချင်ရင် ငွေ ၃သိန်း၊ ၄ သိန်းအထိတောင်းပါတယ်။ ပျူစောထီးရွှေ အကြီး(ခ)တင်မောင်စန်းတို့က အပေါင်းအပါတွေနဲ့အတူ ငွေလိုက် တောင်းတယ်။ စစ်ထဲမဝင်ချင်တဲ့သူတွေက။ တချို့လူဆင်းရဲ တွေ ကတော့ ခက်ခဲနေတဲ့ကာလမှာ သူတို့တောင်းတဲ့ပိုက်ဆံမပေးနိုင်ပါဘူး ခုမဲကျ တဲ့လူတွေက စစ်တပ်က ခေါ်တဲ့အချိန်သွားရမှာ ဖြစ်ပြီး ရွာလူကြီးပြောတာက သင်တန်းပဲတက်ရမယ်ဆိုပြီး ပြောပါတယ်။ ရွာမှာလည်း အကြောင်းမရှိ အကြောင်း ရှာပြီး ရွာလူကြီးနှင့် ပျူးစောထီးတို့ပေါင်းပြီး ငွေကြေးတွေ ကောက် ခံနေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြံ့၊ မှော်ဘီ၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံတို့တွင်လည်း ပြည်သူ့စစ်(ခ) ပျူစောထီးများ တိုးချဲ့ ဖွဲ့စည်းရန် စစ်ကောင်စီက ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လူစာရင်းများ တောင်းခံနေကြောင်း သိရှိရသည်။

တောင်ဥက္ကလာပတွင် ဗုံးပေါက်ပြီးနောက်  အရပ်သား  ၂ ဦး ဖမ်းဆီးခံရရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်း Indo City အနီးနဲ...
25/09/2023

တောင်ဥက္ကလာပတွင် ဗုံးပေါက်ပြီးနောက် အရပ်သား ၂ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်း Indo City အနီးနဲ့ တောင်ဥက္ကလာဂေါက်ကွင်းမှာ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီက ဗုံးပေါက်ပြီးနောက် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကိုရီးယားဝန်ကြီးချုပ်တွေ့ဆုံ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ  တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်...
25/09/2023

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကိုရီးယားဝန်ကြီးချုပ်တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ဆိုး နဲ့ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့ ရှီက ကိုရီးယားဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။

ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္...
25/09/2023

ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ ...
25/09/2023

သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီး မြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှတစ်ဆင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခဲ့​သော​ကြောင့် အသက် ၈၀ အဖွားအို ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိူးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အသက် ၈၀ အရွယ် အဖွားအို သည် ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် အသက်န္တရာယ်စိုးရိမ်ရ​ကြောင်း သိရှိရသည်။

သံတောင်ကြီး မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် စိုက်ပျိုး ရိတ်သိမ်း ကာလ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ များကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ​လေကြောင်း တိုက် ခိုက်မှုများနှင့် မြေမြုပ်မိုင်းများ ထောင်သွားသောကြောင့် ပြည်သူများ နေရပ် မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မ...
25/09/2023

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံး ကို ယနေ့ နံနက်ပိုင်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက် ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက်ရှိ ရဲစခန်းကို KIA တပ်ရင်း ၆ က ထိုးစစ်ဆင် တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ ကြောင်း၊ ထို့အတူ စရဖရုံးကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက် ခိုက် မှု ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

"ရဲအသေအပျောက်တော့ရှိတယ်။ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက် လုပ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားကြတာ။ နောက်တစ်ခါ စရဖရုံးကိုလည်း ပစ်ခတ် တိုက် ခိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်နေရာတိုက်ခိုက်မှု ဖြစ်တာ ပါ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ဘက်တွင် စစ်တပ်နှင့်ရဲ များက ဖြန့်ကျက်နေရာယူထားပြီး လမ်းဆုံလမ်းဂွတချို့ကို ပိတ်ဆို့ထား ကြောင်း သိရှိရသည်။

ယင်းမာပင် ဘန့်ဘွေးပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိသဖြင့် ၁၂၀ ...
25/09/2023

ယင်းမာပင် ဘန့်ဘွေးပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိသဖြင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် စစ်တပ်က ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(ပျူ)ရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိပြီး ၁၂၀ မမ လက်နက် ကြီးများဖြင့် စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စံဖဲ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန် ယင်းမာပင်မြို့နယ်၊ ဘန့် ဘွေး (ပျူ)ရွာစခန်းအတွင်း၌ Jammer များဖွင့်ကာ သောက်စားမူးယစ် ပျော်ပါး နေသော အကြမ်းဖက်စစ်သားများ၊ ရဲများနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိပြီး အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်နှင့် လေထန်ကုန်းတပ်တို့က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ် ကူ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“Jammer ကို နည်းပညာနဲ့ကျော်ပြီး ဗုံးသွားကျဲခဲ့တာ၊ စစ်ခွေးတွေအထိနာ တော့ နမခရော၊ အကျိုးအ ကန်းကုန်းခေါ်လေထန်ကုန်းကရော ၁၂၀ မမ လက် နက်ကြီးနဲ့ ၉ လုံးပစ်တယ်၊ ဘန့်ဘွေးရွာကထဲ ခွေး တွေကတော့ ၆၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ ခွေးလက်နက်ကြီးတွေက ဘန့်ဘွေးပျူရွာ အနီးတဝိုက်ကို ကျတာပါ၊ ကျနော်တို့ ရဲဘော်တွေအထိအခိုက်မရှိပါဘူး၊ စစ်ခွေး သေဆုံးထိခိုက်လည်း မသိရသေးပါဘူးဗျ၊ စုံစမ်းနေတုန်းပါ” ဟု နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စံဖဲ က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Infinite Revolution Force (IRF)၊ Yinmarbin Local PDF ၊ Chindwin Galone Yarzar Guerrilla Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ယခုကဲ့သို့ ဒရုန်းစစ်ဆင်ရေးမျိုး ပိုမိုလုပ်ဆောင်နိုင်ရန် ပြည်သူများu ဝိုင်းဝန်းထောက်ပံ့ ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းနှင့်ဗုံးများ။

 #အောင်သွယ်တော်လမင်းကြီး သီချင်းကို စာ‌သားပြောင်းပြီး တော်လှန်ရေးသီချင်း‌ ရေးစပ်သီဆိုပြလိုက်တဲ့  ရဲဘော် #နားထောင်ကြည့် စ...
31/08/2023

#အောင်သွယ်တော်လမင်းကြီး သီချင်းကို စာ‌သားပြောင်းပြီး တော်လှန်ရေးသီချင်း‌ ရေးစပ်သီဆိုပြလိုက်တဲ့
ရဲဘော်
#နားထောင်ကြည့် စာသားတွေ မိုက်ချက်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကံပေါက်တွင် ပန်းသပိတ်ပြုလုပ် (ဓာတ်ပုံ)ဇွန် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစ...
19/06/2023

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကံပေါက်တွင် ပန်းသပိတ်ပြုလုပ် (ဓာတ်ပုံ)

ဇွန် ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ထားဝယ်ခရိုင် ကံပေါက်ဒေသမှ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ "တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံ့ခြင်းဖြစ်ပြီး စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးဖြစ်တယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းတွေပန်ဆင်ပြီး အကြမ်းမဖက် လူထုလှုပ်ရှားမှုတခုကို ဇွန် ၁၉ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

#ကံပေါက် #ပန်းသပိတ်

မကွေးခရိုင် အမှတ် ၁ တပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်ရန်ကုန်၊ ဇွန် ၁၉အမှတ် ၁ စစ...
19/06/2023

မကွေးခရိုင် အမှတ် ၁ တပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉

အမှတ် ၁ စစ်ဒေသရှိ မကွေးခရိုင် အမှတ် ၁ တပ်ရင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်ဦးတွင်  ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့အဖြစ် သက်ကြီးရွယ်အို အဘွားများက ဦးဆောင်ပြီး ပရိတ်တော်များရွတ်ဖတ်ပူဇ...
19/06/2023

ခင်ဦးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့အဖြစ် သက်ကြီးရွယ်အို အဘွားများက ဦးဆောင်ပြီး ပရိတ်တော်များရွတ်ဖတ်ပူဇော်ကာ ပန်းသပိတ်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းတွင် ဇွန်လ ၁၉ရက်နေ့၌ ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့အဖြစ် သက်ကြီးရွယ်အို အဘွားများက ဦးဆောင်ပြီး မေတ္တာသုတ်နှင် မောရသုတ် ပရိတ်တော်များရွတ်ဖတ်ပူဇော်ပြီး "အမေစု ကျန်းမာပါစေ အမေစု သက်တော်ရာကျော်ရှည်ပါစေ အမေစု အချုပ်အနှောင်ဘေးမှ အမြန်ဆုံး လွတ်ပြောက်ပါစေ"ဟု ကြွေးကြော်ဆုတောင်းပြီး ပန်းသပိတ် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် "မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်" စာသားချိတ်ဆွဲရန်ကုန...
19/06/2023

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် "မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်" စာသားချိတ်ဆွဲ

ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်မြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အဖြစ် "မွေးနေ့ရှင် ကို ပြည်သူများက သတိရနေပါတယ်" ဆိုသော စာသားကိုချိတ်ဆွဲကြသည်။

ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ 'We Miss You' ဟူသော စာသားပါ ဘန်နာတခုအား YRF ၏ Soft Strike Community က ယနေ့ နံနက်ပိုင်း ချိတ်ဆွဲခြင်းဖြစ်သည်။

19.   6.  2023 🎂❤ အမေစု  ကျန်းမာပါစေ🌹❤ သက်ကျော်ရာကျော်ရှည်ပါစေ🌹❤အမြန်ဆုံး ပြန်လွတ်ပါစေ🌹🙏🌹၁၉ ရက်နေ့မှာအမေစု ရဲ့ ၇၈ နှစ်ပြ...
19/06/2023

19. 6. 2023 🎂

❤ အမေစု ကျန်းမာပါစေ🌹
❤ သက်ကျော်ရာကျော်ရှည်ပါစေ🌹
❤အမြန်ဆုံး ပြန်လွတ်ပါစေ🌹🙏🌹

၁၉ ရက်နေ့မှာ
အမေစု ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ပါနော်🎂🎂

လောကမှာ လူဆိုတာ
ချစ်သူလဲ ရှိမယ်
မုန်းသူလဲ ရှိမယ်
ကြိုက်သူလဲ ရှိမယ်
မကြိုက်သူလဲ ရှိမယ်...

အမေ... ကျန်းမာပါစေ🙏

မတရား ဖမ်းဆီးခံ အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ🙏

ပြည်သူတွေရဲ့ မေတ္တာစွမ်းအားကြောင့် အမေ အေးချမ်းပါစေ🙏
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ😘

မြန်မာ အမျိုးကောင်းသမီး အပျို မိန်းကလေးများကို ရိုင်းပြခက်ထန်သော စကားလုံးများဖြင့် လိုက်လံစော်ကား နေသော KoMayKoLoe လေး အ...
28/05/2023

မြန်မာ အမျိုးကောင်းသမီး အပျို မိန်းကလေးများကို ရိုင်းပြခက်ထန်သော စကားလုံးများဖြင့် လိုက်လံစော်ကား နေသော

KoMayKoLoe လေး အကောင့် အား report ဝိုင်းထုပြီးကူညီကြပါ။

ဒီလို ခွေးမျိုးက မွေးကိုမမွေးလာသင့်တာ

👇👇👇👇👇👇Ma A Loe Lay အကောင့်

https://www.facebook.com/profile.php?id=100072275618123&mibextid=ZbWKwL

နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဌဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူ~~~~~~~~~~~~~~~~~~~~~နိုင်ငံတော်သံဃမဟာနာယကအဖွဲ...
26/05/2023

နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဥက္ကဌဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူ
~~~~~~~~~~~~~~~~~~~~~

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တ လေးမြို့၊ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမ ဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)ကြီးသည်သာသနာတော်နှစ် (၂၅၆၇)ခု ခရစ်နှစ်(၂၅.၅.၂၀၂၃)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခု နယုန်လဆန်း ၇ ရက်နေ့ (ကြာသပတေးနေ့) ည(၁၁နာရီ၁၁မိနစ်)အချိန် တွင်ဘဝနတ်ထံသို့ပျံလွန်တော်မူရှာလေသည်။
ဆရာတော်သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်ရှည်ဆေးကုသမှုခံယူခဲ့ရပြီးနောက် ဆရာတော်မူလသီတင်းသုံးသည့်မန္တလေး ဗန်းမော်ကျောင်းတိုက်မှာ ပျံလွန်တော်မူသွားတာလို့ ဆရာတော်ရဲ့ တပည့်တွေထံကနေ သိရပါတယ်။
ပျံလွန်တော်မူချိန်မှာ သက်တော် ၉၅ နှစ် သိက္ခာတော် ၇၅ ဝါ ရှိပြီဖြစ်သည်။

ဆရာတော်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရဘဲရွာဇာတိဖြစ်ပြီးညအသက် ၁၄ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။
သာသနာဆိုင်ရာဘွဲ့ထူးဂုဏ်ထူးတွေ များစွာရရှိထားပြီး၊ အဋ္ဌကထာကျမ်းကြီး ကိုးကျမ်းကို ပါဋ္ဌိဘာသာနဲ့ ဖြေဆိုအောင်မြင်ပြီး "သိရောမဏိ" ဘွဲ့ကိုရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသော ဆရာတော်လည်း ဖြစ်ပါတယ်။

ဆရာတော်ဟာ ၂ဝ၁၀ ပြည့်နှစ်ကစတင်ပြီး သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

#ဗန်းမော်ဆရာတော်

....အနိစ္စဝတ ပါတကား...🙏🙏🙏ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်း🙏🙏🙏~~~~~~~~~~~~~~~~~~~~~~~~~~နိုင်ငံတော်သံဃမ...
26/05/2023

....အနိစ္စဝတ ပါတကား...🙏🙏🙏

ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်း🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ
အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးသည် ယနေ့ မေလ (၂၅) ရက်၊ ကြာသပတေးနေ့၊ ည (၁၁:၁၁) နာရီအချိန်တွင် မန္တလေးမြို့၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီ

သာသနာတော်အတွက်ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပါတယ်ဘုရား ...

ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် သံဃာ့ဂုဏ်တို့အား ရည်မှန်း၍ ရိုသေစွာဖြင့်
ရှိခိုးဦးတင် ကန်တော့လိုက်ပါ၏ဘုရား🙏🙏🙏🙏

▪️လူငယ်လေးတစ်စုခေတ်တိုင်းမှာ သူတို့ရှိတယ် ။ဆေးလိပ်ကြိုက်တယ်ကဗျာကြိုက်တယ်လက်ဖက်ရည်ကြိုက်တယ်စာအုပ်ကြိုက်တယ်ဂန္တဝင်ဂီတကြိုက...
27/04/2023

▪️လူငယ်လေးတစ်စု
ခေတ်တိုင်းမှာ သူတို့ရှိတယ် ။

ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး နိုင်ငံရေးကြိုက်တယ် ။

လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို
ကြက်ဥ နဲ့ပေါက်တဲ့အကောင်တွေတဲ့။

တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။

ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့ ။

အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ
ဘာဆုလာဒ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ် ။

လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစ်စုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။

◾မောင်ငြိမ်းချမ်း

27/04/2023

နွားထိုးကြီး မြို့မရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဧပြီ ၂၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းကို ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၂၆ ရက် ည ၇ နာရီခန့်က နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်း သည် မြို့ ၏ အရှေ့ဘက် ဂတ်စ်ပိုက်လိုင်းရဲကင်းစခန်းရှိသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ထန်းဇင်းကျေးရွာအနီး အရောက် မြင်းခြံခရိုင် တပ်ရင်း ၄ Natogyi People Defence Force တပ်ဖွဲ့မှ တားဆီး မေးမြန်းရာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နွားထိုးကြီးမြို့မရဲစခန်းကနေ သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်းထွက်လာတာ၊ လက်နက်လဲ မပါ ဘူး၊ ကျနော်တို့က တားတဲ့အချိန်မှာ မောင်းပြီထွက်ပြေးလို့ ပစ်ခတ်လိုက်တာပါ"

 #ဒေါင်းပန်းလေးတွေ လှတာ                        ဒီလူကြီးအလှကို                                        လိုက်မမီဘူး 💙💜
27/04/2023

#ဒေါင်း

ပန်းလေးတွေ လှတာ
ဒီလူကြီးအလှကို
လိုက်မမီဘူး 💙💜

27/04/2023

#ဂဏန်းပေါင်းစက်လိုက်မမှီနိုင် တဲ့ သထုံသား

မွန်ပြည်နယ် ၊ သထုံမြို့မှ သင်္ချာ ကို ဘယ်ကစမ်းစမ်း မြန်မြန်နဲ့ မှန်မှန် အဖြေထုတ်နိုင်တဲ့ နေဇင်ဦး ရုပ်သံ

, Advertisements & News

" ခံစားချက် ပြင်းပြင်းကြောင့် တော်လှန်ခဲ့သလိုခံယူချက်ပြင်းပြင်းနဲ့ ခရီးအဆုံးထိ တိုက်ပွဲဝင်ပါ့မယ် "                      ...
27/04/2023

" ခံစားချက် ပြင်းပြင်းကြောင့်
တော်လှန်ခဲ့သလို
ခံယူချက်ပြင်းပြင်းနဲ့
ခရီးအဆုံးထိ တိုက်ပွဲဝင်ပါ့မယ် "

အောင်မြင့်မြတ်

လေယာဥ်ပျံတွေကို သားကြောက်တယ် မေမေ 🥺🥺
27/04/2023

လေယာဥ်ပျံတွေကို
သားကြောက်တယ် မေမေ 🥺🥺

 #တိတ်တိတ်လေးပျော်ပေးပါ… #တိုးတိုးလေးငိုနေသူတွေရှိလို့… #ကန့်ဘလူ
15/04/2023

#တိတ်တိတ်လေးပျော်ပေးပါ…

#တိုးတိုးလေးငိုနေသူတွေရှိလို့…

#ကန့်ဘလူ

ခရမ်းတွင် ရဲ ၂ ဦးသေဆုံးသည့် တိုက်ခိုက်ခံရမှုအပြီး ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင် မီးပွားနေအိမ်ကို စစ်တပ်က မီးရှို...
15/04/2023

ခရမ်းတွင် ရဲ ၂ ဦးသေဆုံးသည့် တိုက်ခိုက်ခံရမှုအပြီး ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင် မီးပွားနေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၅

ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်ရှိ ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင်ကိုမီးပွား (အမည်အရင်း မဟုတ်ပါ)၏ နေအိမ်ကို အ ကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့က ပြောသည်။

ယနေ့ ဧပြီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ခရမ်းမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ချိတ်ပိတ်ကာ အတွင်း ရှိ ပစ္စည်းများအားလုံးကို အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ခိုးယူထားပြီး ကျန်ရှိနေ သော နေအိမ်ကို အကြမ်းဖက်စစ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက် နေ့က ခရမ်းမြို့နယ် လဝကရုံးရှေ့၌ ဂိတ်ဖွင့်ထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများစောင့်နေသည့် ဘန်ကာကို PDF-Khayan တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ သေနတ် ၂ လက်သိမ်းဆည်းခံလိုက်ရ သည့်အပေါ် မကျေမနပ်ဖြစ်သည့်အတွက် ရဲနှင့်စစ်တပ်က ထို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြို့ဝင်အထွက်များကို ပိတ်ဆို့ပြီး ဘေးတွဲဆိုင်ကယ်၊ လျှပ်စစ် စက်ဘီးများပါမကျန် ဖမ်းဆီးပြီး စီးနင်းခွင့်ပိတ်ပင်ခဲ့ကြောင်း PDF - Khayan တပ်ဖွဲ့က ထုတ်ပြန်ထား သည်။

ထိုကဲ့သို့ အသိဉာဏ်တရားကင်းမဲ့စွာ ချိတ်ပိတ်ထားသည့် နေအိမ်ကိုပင် မီးရှို့ဖျက်ဆီးနေသော အကြမ်း ဖက်စစ်တပ်အား PDF – Khayan အနေဖြင့် နောက်ဆုတ်လက်လျှော့သွားမည်မဟုတ်ဘဲ တစ်တိုင်းပြည် လုံးရှိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လိပ်ပြာသန့်သန့်လေး နဲ့ ပျော်ကြပါ
15/04/2023

လိပ်ပြာသန့်သန့်လေး နဲ့ ပျော်ကြပါ

ဒီအတိုင်း လိုက်ဆဲ နေကြတာထက် မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာ ပိုကောင်းမယ်။(၁) ပိုင်တံခွန် (မော်ဒယ်/သရုပ်ဆောင်) - ကြည...
15/04/2023

ဒီအတိုင်း လိုက်ဆဲ နေကြတာထက် မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာ ပိုကောင်းမယ်။

(၁) ပိုင်တံခွန် (မော်ဒယ်/သရုပ်ဆောင်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်
(၂) Gfatt (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်
(၃) Floke rose (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်
(၄) Ice cold (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်
(၂) ယုန်လေး (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ်
(၄) နန်းစုရတီစိုး (အဆိုတော်/သရုပ်ဆောင်) - နေပြည်တော် For You မဏ္ဍပ်
(၅) စန္ဒီမြင့်လွင် (အဆိုတော်) - နေပြည်တော် For You မဏ္ဍပ်
(၆) ကျော်ဇောဟိန်း (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်
(၇) လှမျိုးသဥ္စာနွယ် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ်
(၈) အာကာမြင့်အောင် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ်
(၉) ရဲအောင် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်
(၁၀) မိုးယံဇွန် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်
(၁၁) စိုးမြတ်သူဇာ (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်
(၁၂) ရန်အောင် (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်
(၁၃) စိုးသူ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်
(၁၄) စိုးမြတ်နန္ဒာ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်
(၁၅) အိုင်ရင်းဇင်မာမြင့် (အဆိုတော်) - မန္တလေး ရွှေမန်းမြေ မဏ္ဍပ်
(၁၆) လမင်းကဗျာ (ဖြတ်လျှောက်) - ပဲခူးတိုင်း မဏ္ဍပ်
(၁၇) နေထက်လင်း (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်
(၁၈) ဖြိုးပြည့်စုံ (အဆိုတော်) - ကိုးကန့် ဗဟို မဏ္ဍပ်
(၁၉) ဂျူဝယ် (အဆိုတော်) - ကိုးကန့် ဗဟို မဏ္ဍပ်
(၂၀) ပွင့် (သရုပ်ဆောင်) - ကိုးကန့် ဗဟို မဏ္ဍပ်
(၂၁) ဖူးပွင့်သခင် (သရုပ်ဆောင်) - ကိုးကန့် ဗဟို မဏ္ဍပ်
(၂၂) Snare (နေဝင်း+ဖြိုးလေး) (အဆိုတော်) - နေပြည်တော် For You မဏ္ဍပ်
(၂၃) သားသား (အဆိုတော်) - နေပြည်တော် For You မဏ္ဍပ်
(၂၄) ရဲလေး (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၂၅) ထက်ယံ (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၂၆) ရွှေထူး (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၂၇) ခန့်စည်သူ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ်
(၂၈) ရဲရင့်အောင် (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၂၉) ကျော်ထွဋ်ဆွေ (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၃၀) သားငယ် (အဆိုတော်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၃၁) ဂျိုကာ (လူပြက်) - မန္တလေး မြို့တော်ဝန် မဏ္ဍပ်
(၃၂) ရတနာမိုင် (အဆိုတော်) - မင်္ဂလာမန္တလေး မဏ္ဍပ်

ဆက်ရန်….

Crd...
BurmeseMemory

Address


Website

Alerts

Be the first to know and let us send you an email when Knowledges , Advertisements & News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share