General Knowledge & Daily News

  • Home
  • General Knowledge & Daily News

General Knowledge & Daily News သတင်းထူးများသိစေဖို့ See First လေးလုပ်ထာ?

ဒါကြီးက… ဘယ်လောက်တန်ကြီးလဲ ကလေး ? 🥺ခရီးက အပြန်… လမ်းမှာ အဖွားတယောက်အဖွားရေ… လာပါအုံး… ဘာတွေရောင်းတာလဲ ဗျ??တောကန်စွန်းတွေ...
16/06/2023

ဒါကြီးက… ဘယ်လောက်တန်ကြီးလဲ ကလေး ? 🥺

ခရီးက အပြန်… လမ်းမှာ အဖွားတယောက်

အဖွားရေ… လာပါအုံး… ဘာတွေရောင်းတာလဲ ဗျ??

တောကန်စွန်းတွေပါ သားရေ….

ဘယ်ကလာရောင်းတာတုန်း အဖွား??

ဟိုဘက် (၂)ရွာကျော်ကပါ သား 🥺

ဟာ… အဝေးကြီးပါလား ဗျာ

ဟုတ်တယ် သား… မနက်စောစော ထလျှောက်လာတာ…နေ့လည်လောက်ဆို ပြန်မယ် သား 😢

အသက် ဘယ်လောက်ရှိပြီလဲ အဖွား??

(၈၅)နှစ်ပါ သား 🥺

အဖွားရယ်…အသက်အတော်ကြီးပြီပဲ… ဒါတွေ အားလုံးဘယ်လောက်ဖိုးလဲ အဖွား??

အားလုံးယူမယ်ဆို (၂)ထောင်ပဲ ပေးပါ သားရယ် 😢😢

ဗျာ… အဖွား အဝေးကြီးကလာပြီ…တနေကုန်ရောင်းမှ (၂)ထောင်တည်းလား အဖွားရယ် 🥺

ဟုတ်တယ် သား… ဒါလေးကုန်ပြီဆို… အဖွားနေ့လည်လောက်ဆ်ို ရွာပြန်ရောက်ပြီ 🥺😢

ဟုတ် အဖွား…ရော့ (50,000) Ks ကန်စွန်းရွက်ဖိုးပါ အဖွား 🙏🏻🙏🏻🙏🏻

သားရေ…ဒါကြီးက ဘယ်လောက်တန်ကြီးလဲ ကလေးရဲ့… အဖွား မတွေ့ဖူးလို့ကွဲ့ 😢😢

အဖွား (၅)ထောင်တန်တွေပါ…

ဟာ… အများကြီးပါလား… အဖွားမယူပါရစေနဲ့… သား ပြန်ယူပါ 🥺😢

အဖွားကို ချစ်လို့ ကန်တော့ပါ 🙏🏻

ကျေးဇူးတင်လိုက်တာ… အဖွား ဘုန်းကြီးကျောင်းကို စုံစုံလင်လင်လေး ဆွမ်းလောင်းချင်နေတာ… ခု သားပေးတာနဲ့ အဖွား ဆွမ်းလောင်းလို့ရပြီ 🥺😢😢

ဟုတ် အဖွား… အဖွား လိုရာသုံးပါနော်… ဂရုစိုက်ပြီလဲ ပြန်ပါ 🙏🏻

ကျေးဇူးတင်ပါတယ်သားရယ်… လမ်းခရီးမှာ ဘေးမတွေ့ပါစေနဲ့ 😢🙏🏻

•အော…ကျနော်တို့ မနက်စာဖိုးတောင် မရှိတဲ့ ပိုက်ဆံအတွက်…မိုးမလင်းခင် ၁တောင်ဆင်း ၁တောင်တက်ပြီ…ရောင်းမှ (၂)ထောင်ပဲ ရတာတဲ့…အဖွားရယ်…အဆင်ပြေပါစေ 🙏🏻😢

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

အဖေ ခွဲတိုက်တဲ့ လက်ဖက်ရည်
16/06/2023

အဖေ ခွဲတိုက်တဲ့ လက်ဖက်ရည်

⛔အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်းအရင်းမပြုတ်ပါဘူး အမြတ်မ...
10/06/2023

⛔အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ

ရောင်းရငွေကို
လုံးဝမသုံးပဲ
ပြန်ပြန်ရင်းသူတိုင်း
အရင်းမပြုတ်ပါဘူး

အမြတ်မြင်ရဖို့
သုံးရဖို့ နှေးချင်နှေးမယ်
ဒါပေမယ့် အရင်းပိုပိုများလာမယ်

ပြောရတာလွယ်ပေမယ့် လူအများစုက
စည်းကမ်းမရှိကြပါဘူး
များများရောင်းရလေ
များများသုံးချင်လေဖြစ်ကြပါတယ်

သုံးလိုက်တဲ့ထဲမှာ
ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး

ဘယ်အချိန်မှာသတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့

​⛔အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ

ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး
ပစ္စည်းကပြန်ဝယ်ရတော့မှာ

အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ

⛔အရင်းပြုတ်တဲ့နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ

စလုပ်ပြီဆိုတည်းက ဒီလိုနည်း နဲ့စတော့ ထင်သလောက်မရောင်းရ
အတိုးလည်းမဆပ်နိုင်ရာကနေ နောက်ဆုံးရှိတာတွေပါ အကုန်ပြုတ်ကြတဲ့အထိပေါ့​နော်
အရင်းပြုတ်သွားတဲ့အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူးအရင်းပြုတ်တယ် ဆိုတာပါပဲ

တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေးစလုပ်မယ်
လူအား ဉာဏ်အား ပိုစိုက်ထုတ်မယ်

ရောင်းရသလောက်အရင်းထဲပြန်ပြန်ထည့်မယ်
စည်းကမ်းရှိမယ် မလိုအပ်တာ အရေးမကြီးတာ ဘာမှမဝယ်ပဲ သီးခံနိုင်တယ် မျိုသိပ်ထားနိုင်တယ်ဆိုရင်

ငွေကြေးစီးဆင်းမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းကိုင်တွယ် နိုင်တယ်ဆိုရင်

စီးပွားရေးကတစ်ဖြေးဖြေးချင်းအဆင်ပြေပြီး တိုးတက်ပြောင်းလဲလာမှာပါ

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး
စီးပွားရေးတိုင်း တိုးတက်အောင်မြင်ကြပါစေ

ီ_ဘာ_ဘာ

သံဃံသရဏံ ဂစ်ဆာမိမိမိဆရာတော် သဘာဝဆရာတော် နဲ့  Live တွေ အမြဲ ကြည့်ဖြစ်နေတဲ့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် တို့ ပြောဆို ဆွေးနွေးကြတာ ...
07/06/2023

သံဃံသရဏံ ဂစ်ဆာမိ

မိမိဆရာတော် သဘာဝဆရာတော် နဲ့ Live တွေ အမြဲ ကြည့်ဖြစ်နေတဲ့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် တို့ ပြောဆို ဆွေးနွေးကြတာ မိမိ အတွက် အများကြီး ပညာရသလို အများအပြား ကြားမြင်သုတ ရရှိပါတယ် ဘုရား ဂုဏ်တော် တရားဂုဏ်တော် သံဃာဂုဏ်တော်တွေလဲ အားရပါးရ နှစ်ထောင်းအားရ ရှိလှပါတယ် Live ကလဲ ၂ ရက်စာ တနေ့လုံးဆိုတော့ တော်တော်လေး လဲ အချိန်ပေးရပါတယ် ဆရာတော် နားမှာ မရှိပဲ အိမ်ပြန်နေချိန်ဆိုတော့ နှ​​မြောမိပါတယ်

Live တွေကြည့်တော့ ကောမန်တွေ လဲ မြင်မိပါတယ် မကြားဝံ့လောက်အောင် ပြောဆိုဝေဖန်တာတွေလဲ မြင်ရပါတယ် သံဃာတော်တွေ ဖြစ်တာမို့ ပြောဆိုဝေဖန်သူများအနေနဲ့ အမတန်မှ သတိထားရပါမယ် ကိုယ့် ဆရာတော် ကို ဒီလိုမပြောရဘူး ငါတို့ ဆရာတော် ကို တဖက်ဆရာတော်က အပြစ်တွေ တင်နေပြီ လို့ ဆိုလို့မရပါဘူး မိမိနားလည်သ လောက်ကတော့ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဟာ သာသနာ့အကျိုး အတွက် Line ပေါ် ပြန့်နှံ့နေတဲ့ ကိစ္စရပ်တွေ ကို ဆရာတော်ထံ မေးမြန်းသလို ဆရာတော် ဖြေရှင်းခွင့် ပြောပြခွင့်ကို ရရှိစေတာပါ ဒီတော့မှ ကယာကံရှင်ဘက် အမှန်တရားကို ချပြခွင့်ရတာပါ

ဆရာတော်က အလုပ်များလွန်းတော့ တကူးတက ဖြေရှင်းဖို့ အချိန်အားနည်း ဒီလိုမေးမြန်းတာဟာအမတန်ကောင်းပါတယ် ဆရာတော်ပြောပြတဲ့ တရားသဘောထားတွေ ပြသနာတွေရဲ့ ပြသနာမဟုတ်တာတွေ ဓမ္မ အနှစ်တွေ သိရ မြင်ရ ကြားသိရပါတယ် ဆရာတော်နားမှာ နေလို့ သဘောတွေ သိနေတာတောင်မှ တချို့ အချက်လေးတွေ က အခု Live ကြည့်မှ ပြည့်စုံရတာမျိုးပါ

ဗုဒ္ဓဂုဏ်ရည်ဆရာတော် ရဲ့ စေတနာတွေ မေးမြန်းစုံတဲ့ ပ ညာ တွေ စကားနူတ် စကားသိမ်းတွေ အမတန်မှ ကောင်းမွန်တာ ချက်ကျလက်ကျ ပြောတတ်တာ သိတာကို တဲ့တဲ့ မပြောပဲ တဖက်က ဖြေကောင်းအောင် မေးပေးတာ လိုရင်းကို သိချင်လို့ စကားစွမ်းရည် ပြတာတွေ ဟာ အမတန်မှ ပညာယူရပါတယ်

ကိုယ်ကတော့ ကိုယ်ဆရာတော်ထိပြီ ဆိုပြီး ငါ့ဆရာ ငါ့ကျေးဇူးရှင် ငါ့ကိုတရားပြသူဆိုပြီး အစွဲ ထားရမှာမဟုတ်ပါဘူး ပေါ်လာသမျှကို ညဏ် နဲ့ ကြည့်ရမှာပါ ဓမ္မစွမ်းရည် သာသနာအကျိုး တွေသာမက အများအမြင် တွေ သံဃာများရဲ့ အမြင် ရိပ်သာနဲ့ မပတ်သတ်သူတွေ ဘာသာခြားတွေ သက်ဆိုင်ရာ အဏာပိုင်တွေ သံဃာအဖွဲ့အစည်းတွေ သဘောထားကိုလဲ နိူင်းယှဥ် ကြည့်ရမှာပါ ဒါမှသာ မှန်ကန်သော ဝေဖန်ပိုင်းခြားသိမြင် နိင်မှု ဖြစ်ပေါ်လာရမှာပါ

မိမိအတွက်တော့ အမတန်မှ အကျိုးများလှပါတယ် မိမိ နားမလည်နိင်သော သံဃာတော်များဆိုင်ရာ ကိစ္စတွေ သဘေားထားအမြင်တွေ များစွာရရှိလို့ ဆရာတော် နှင့်တကွဗုဒ္ဓ ဂုဏ်ရည်ဆရာတော် သံဃာတော်များ ဆရာလေးများ ကိုကျေးဇူးအထူးတင်ရှိပါတယ် ဘုရား

မှတ်ချက်

ဓမ္မဂုဏ်ရည်ဆရာတော် နှင့် သဘာဝဆရာတော်တို့ ပြောဆိုလျောက်ထားမေးမြန်းချက်များ အဖြတ်တောက်မရှိ Live ကြည့်ရှုလိုပါက ( Thabarwa Live သဘာဝတရားရိပ်သာရုပ်သံမှတ်တမ်း ) တွင် လေ့လာကြည်ရှုနိင်ပါတယ်

အောင်ပါစေ😁😁😂😂
13/04/2023

အောင်ပါစေ😁😁😂😂

သင်္ကြန်ကျပြီဆိုရင် သိကြားမင်းက လူ့ပြည်ဆင်းတယ်ဆိုတာဟာ  ဗုဒ္ဓစာပေထဲမှာ မပါဘူးနော် အစဉ်အလာအရ ပြောနေကြတာသာ ဖြစ်တယ်။အဲ့ဒါ ဘု...
12/04/2023

သင်္ကြန်ကျပြီဆိုရင် သိကြားမင်းက
လူ့ပြည်ဆင်းတယ်ဆိုတာဟာ ဗုဒ္ဓစာပေထဲမှာ မပါဘူးနော်

အစဉ်အလာအရ ပြောနေကြတာသာ ဖြစ်တယ်။

အဲ့ဒါ ဘုရားလက်ထက်ကလည်း မရှိခဲ့ဘူး။

အဂုင်္တ္တရနိကာယ် စတုမဟာရာဇသုတ်မှာ

လူ့ပြည်က သတင်းတွေကို နတ်တွေကအမြဲတမ်း စုံစမ်း ထောက်လှမ်းနေတယ်ဆိုတာတော့ ပါတယ်ပေါ့။

သူဆင်းချင်ရင်တော့ သင်္ကြန်ဟုတ်ဟုတ်
မဟုတ်ဟုတ် ဆင်းတာတွေတော့ရှိတယ်။

ဥပမာ- ဘုရားဆီလာပြီးတော့ တရားတော်နဲ့ပတ်သတ်ပြီးတော့ မေးမြန်းစရာတွေရှိတယ်ဆိုရင် လာတယ်။

မြတ်စွာဘုရား သာသနာပမှာတော့
ကယ်တင်ရမယ့်သူတွေရှိရင် လာပြီး ကယ်တင်တယ်ဆိုတာတော့ ၅၅၀နိပါတ်တော်တွေမှာ ပါတယ်။

အေးဒါကြောင့် သင်္ကြန်ကာလ သိကြားမင်းဆင်းတယ်ဆိုတာ
ဗုဒ္ဓစာပေပိဋကတ်စာတွေက မဟုတ်ဘူး။

အကြောင်းအရင်းကို ဆင်ခြင်ကြည့်မယ်
ဆိုလည်း သိကြားမင်းနေတဲ့ဘုံက
တာဝတိံတာနတ်ပြည်......

အေး တာ၀တိံတာနတ်ပြည်ဆိုတာ
လူ့ပြည်မှာ အနှစ်တစ်ရာမှ တစ်ရက်ပဲရှိတယ်၊

အဲ့တော့ လူ့ပြည်က တစ်နှစ်ပြည့်တိုင်း
တစ်ခါဆင်းနေရရင် သိကြားမင်းက နတ်ပြည်ကနေ မိနစ်တိုင်း မိနစ်တိုင်း ဆင်းနေရမှာပေါ့။

အဲ့လို ယုတ္တိနဲ့ကြည့်မယ်ဆိုရင်လည်း
ဒါက အင်မတန်မှ ယုတ္တိမရှိဘူးလို့ ပြောလို့ရတယ်ပေါ့။

အကြောင်းကိစ္စရှိရင်တော့ မဆင်းဘူး
မဟုတ်ဘူး။ ဆင်းရင် ဆင်းမယ်ပေါ့။

ဒါပေမယ့် လူ့ပြည်မှာ နှစ်သစ်ကူးတိုင်းသာ ဆင်းတယ်ဆိုရင် လူ့ပြည်မှာ နှစ်သစ် ဘယ်နှစ်ခါကူးတယ် ထင်ကြတုန်း

မြန်မာနိုင်ငံမှာတင် နှစ်သစ်ကူးတာလား?
တခြားနိုင်ငံတွေမှာရော နှစ်သစ်
မကူးဘူးလား?

အဲ့တော့ မြန်မာနိုင်ငံမှာပဲ ဆင်းမယ်
ဆိုလို့ရှိရင် ဒီသိကြားမင်းက မြန်မာလူမျိုးတွေကိုပဲ Favourပေးနေတယ်လို့ပဲ ပြောမှာပေါ့။

ကမ္ဘာမှာNewYearဆိုတာ ရှိသေးတာပဲလေ

အဲ့အချိန်တွေမှာသာ ဆင်းရမယ်ဆိုရင်
မြန်မာပြည်က တန်ခူးလ။

သူတို့က ဇန်နဝါရီလဆိုတော့
နတ်တော် ပြာသိုဆိုတော့ တစ်နှစ်ကို ကမ္ဘာ့နှစ်သစ်ကူးနဲ့မြန်မာ့နှစ်သစ်ကူး ဆိုပြီးတော့ ဒီလိုတွေဆင်းရမယ့် ပုံဖြစ်နေတယ်။

အဲ့တော့ အဲ့ဒါတွေ အသာထား

ဒါတွေက စာလာ ပေစာ စကားမဟုတ်ဘူး

လူမျိုးတွေရဲ့ယုံကြည်ချက်လို့ပဲပြောရမှာပေါ့။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏🙏🙏🙏🙏

"တစ်ပတ်စာဗေဒင်ဟောစာတမ်း"(၀၅.၀၃.၂၀၂၃) မှ ( ၁၁.၀၃.၂၀၂၃)  အထိ
04/03/2023

"တစ်ပတ်စာဗေဒင်ဟောစာတမ်း"
(၀၅.၀၃.၂၀၂၃) မှ ( ၁၁.၀၃.၂၀၂၃) အထိ

တောင်အာဖရိကတွင် လူတစ်ဦးသည် တိရိစ္ဆာန်ရုံ တည်ထောင်ပြီး ၀င်ကြေး $300 သတ်မှတ်ခဲ့ပါ။ ဝင်ရောက်ကြည့်ရှု့သူတစ်ဦးတစ်ယောက်မှမလာခဲ...
02/03/2023

တောင်အာဖရိကတွင် လူတစ်ဦးသည် တိရိစ္ဆာန်ရုံ တည်ထောင်ပြီး ၀င်ကြေး $300 သတ်မှတ်ခဲ့ပါ။ ဝင်ရောက်ကြည့်ရှု့သူတစ်ဦးတစ်ယောက်မှမလာခဲ့ပါ။

သူကဝင်ကြေးကို $200 လျှော့လိုက်ပေမယ့် ဘယ်သူမှဝင်ရောက်ချင်းမရှိခဲ့ပါ။

ထို့နောက် ဝင်ကြေးကို 10$ သို့ လျှော့ချခဲ့သော်လည်း လူများ မလာသေးပေ။

နောက်ဆုံးတွင် ဝင်ကြေးကိုအခမဲ့လို့သတ်မှတ်လိုက်ပါတယ်။ သူရဲ့ တိရစ္ဆာန်ရုံလေးမှာ ဝင်ရောက်ကြည့်တဲ့ လူတွေပြည့်ကြပ်သွားလေသည်။

ရုံပိုင်ရှင်မှာအကြံတစ်ခုပေါ်လာပြီး သူသည် Zoo တံခါးကို တိတ်တဆိတ်သော့ခတ်ပြီး ခြင်္သေ့များကိုထည့်ထားသောတံခါးကိုဖွင့်ပေးလိုက်လေသည်။

ပြီးတော့ ရုံမှ ထွက်လိုပါက $500 ဆိုပြီးသတ်မှတ်ခဲ့ရာ လူတိုင်းက $500 ပေးပြီးအပြင်ထွက်ခဲ့ရလေသည်။

:
ပုံပြင်ရဲ့သင်ခန်းစာ

မင်းဘဝတစ်လျှောက်လုံး အခမဲ့ ဒါမှမဟုတ် စျေးပေါတဲ့ ကမ်းလှမ်းမှုတွေကို သတိထားပါ၊ အဲ့ဒါတွေက မင်းအတွက် နစ်နာဆုံးရှုံးမှုကိုဖြစ်စေနိုင်ပါတယ်။ 😶🙏

ဘယ်လုပ်ငန်းမှ အလကားမရဘူး?

to Web
--------------------------------------------------------

 #ဒီပုံကိုကြည့်ပြီး တစ်ခုခုမှားယွင်းနေသလိုပဲ၊ ဒီစုံတွဲတွေက မလိုက်ဘူး၊ အတွဲမှားနေတယ်လို့ မင်း ထင်မိပါလိမ့်မယ်၊ ဒါပေမဲ့......
28/02/2023

#ဒီပုံကိုကြည့်ပြီး

တစ်ခုခုမှားယွင်းနေသလိုပဲ၊ ဒီစုံတွဲတွေက မလိုက်ဘူး၊ အတွဲမှားနေတယ်လို့ မင်း ထင်မိပါလိမ့်မယ်၊

ဒါပေမဲ့....

တကယ်တော့ သူတို့ဟာ သူတို့ရှိရမယ့် နေရာမှာ ရှိနေတာပါ။

ခဲတံချွန်စက်က ခဲတံကို တဖြည်းဖြည်းနဲ့ပျက်သွားစေမှာသာဖြစ်ပြီး

နပ်ကလည်း ဝက်အူ ရွေ့မရအောင်တားဆီးမှာသာ ဖြစ်တယ်။

တစ်ခါတစ်လေမှာ.....

တစ်စုံတစ်ယောက်နဲ့ ကိုယ်က လိုက်လျောညီထွေမှုရှိမယ်လို့ ယုံကြည်ထားပေမယ့်၊ ငါတို့က သူတို့အတွက် အကျိုးမရှိစေတာမျိုးဖြစ်တတ်ပါတယ်။

ဒီကနေ့ မင်းမှာ ဘယ်လိုဆက်ဆံရေးမျိုး၊ ဘယ်လိုလက်တွဲဖော်မျိုးရှိနေတယ်ဆိုတာ အရေးမကြီးပါဘူး။

မင်းတို့ကို ဘယ်လိုခံစားမှုမျိုးတွေပေးတယ်၊
တစ်ယောက်အပေါ်တစ်ယောက် ဘယ်လိုတန်ဖိုးထားကြတယ်ဆိုတာကသာ အရေးကြီးဆုံးပါ။

မြင်းရုပ်ထုနဲ့ အဓိပ္ပာယ် အစကမသိခဲ့ဘူး Photos Credit
28/02/2023

မြင်းရုပ်ထုနဲ့ အဓိပ္ပာယ် အစကမသိခဲ့ဘူး

Photos Credit

“ခေတ်နဲ့အညီမလိုက်နိုင်ရင်ကျန်ခဲ့မှာပဲ”Microsoft မှ NOKIA ကို ဝယ်ယူလိုက်ကြောင်း ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် Nokia C...
27/02/2023

“ခေတ်နဲ့အညီမလိုက်နိုင်ရင်ကျန်ခဲ့မှာပဲ”

Microsoft မှ NOKIA ကို ဝယ်ယူလိုက်ကြောင်း ကြေညာသည့် သတင်းစာရှင်းလင်းပွဲတွင် Nokia CEO က

“ကျွန်ုပ်တို့ အမှားအယွင်းမရှိခဲ့ပါဘူး... သို့သော် ကျရှုံးခဲ့ပါတယ်”

ဟု ပြောပြီး ၎င်း၏မိန့်ခွန်းကို အဆုံးသတ်ခဲ့သည်။ ထိုသို့ပြောပြီးနောက်တွင် သူ၏ အုပ်ချုပ်မှုအဖွဲ့ဝင် အားလုံးသည် ဝမ်းနည်းစွာ မျက်ရည်ကျခဲ့ကြသည်။

Nokia သည် လေးစားဖွယ်ကောင်းသော ကုမ္ပဏီတစ်ခုအဖြစ်ရပ်တည်ခဲ့သည်။ သူတို့လုပ်ငန်းမှာ ဘာအမှားမှ မလုပ်ခဲ့ပေမဲ့ ကမ္ဘာကြီးက ပြောင်းလဲသွားတာ မြန်လွန်းသည်။ သူတို့ရဲ့ ပြိုင်ဘက်တွေကလည်း ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတယ်။

သူတို့သည် ပြောင်းလဲမှု မလုပ်​ဆောင်ခဲ့သဖြင့် ကြီးကြီးမားမားလုပ်ရန် လက်တကမ်းတွင်ရှိသော အခွင့်အလမ်းများ ဆုံးရှုံးသွားခဲ့ကြရသည်။

သူတို့အတွက် ဝင်ငွေရှာရန် အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရရုံသာမက ရှင်သန်ရန် အခွင့်အလမ်းလည်း ဆုံးရှုံးခဲ့​လေသည်။

Nokia ကနေ ကျွန်တော်တို့အား ပေးလိုက်သော မက်ဆေ့ချ်မှာ သင်မပြောင်းလဲပါက ပြိုင်ပွဲမှ ဖယ်ရှားခံရမည်ဖြစ်သည်။

အသစ်အဆန်းတွေကို မလေ့လာချင်ဘူးဆိုတာကတော့ မှားတယ်လို့တော့ ပြောမရပါဘူး။ ဒါပေမယ့် သင့်ရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်က ​ခေတ်ကို လိုက်မမီနိုင်ရင်တော့ သင်ဟာ ရပ်တည်ရန်ခက်ခဲလာပြီး ဖယ်ထုတ်ခံရလိမ့်မှာတော့ သေခြာပါတယ်။

Saya U Khin Zaw ( ဘာသာပြန် )

နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကိုလှည့်ကြည့်လိုက်တော့မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ် ရင်ဘတ်ဆောင့်ကန် လိုက်တဲ့သူကို မျက်နှာချ...
27/02/2023

နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကို
လှည့်ကြည့်လိုက်တော့
မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ်

ရင်ဘတ်ဆောင့်ကန် လိုက်တဲ့သူကို
မျက်နှာချင်းဆိုင် ကြည့်လိုက်တော့
လုပ်ဖော်ကိုင်ဖက်ကြီး ဖြစ်နေတယ်

ခေါင်းပေါ်ခြေထောက်နဲ့ ဖိထားတဲ့သူကို
သတိထားကြည့်လိုက်တော့
တစ်ခါ နှစ်ခါ " ဆရာ "
ခေါ်ဖူးတဲ့သူ ဖြစ်နေတယ်

ခြေထောက်အောက်
ငြှောင့်ဆူးထောင်ထားတဲ့သူကို
လှည့်ကြည့်လိုက်တော့
တပည့်ရင်းချာတစ်ဦး ဖြစ်နေတယ်

ဘေးဘယ်ညာ , ဝဲနှစ်ဖက်မှာ
ဟုတ် … ဟုတ် , မဟုတ်.ဟုတ်
သွားပုတ်လေလွှင့်နေသူတွေကို
ကိုယ့်ရဲ့သတင်း လွှင့်နေသူတွေကို
လှမ်းကြည့်လိုက်တော့
" မျက်နှာစိမ်း " မဟုတ်တဲ့
" မျက်နှာကျက် " တွေဖြစ်နေပြန်တယ်

ဒီလောက်တောင် ခံနေရတာတောင်
ဘာမှ မတုံ့ပြန်တော့ဘူးလား " တဲ့....
အသံတစ်သံက မေးနေရဲ့

(ကိုယ်ပြုသောအမှု မဟုတ်လို့
တုန့်ပြန်ဖို့ လိုမယ်မထင်..
သူ့စားရိတ်နဲ့ သူသွားပါလိမ့်မည်)


မေတ္တာများစွာဖြင့်...
ပန်းပျိုးလက် ✍️

#နှလုံးသားအဟာရစာစုလေးများ

26/02/2023

လူရွှင်တော် ချစ်စရာက ပြောခဲ့တယ်။

“ငါသေရင်တော့ ငါ့အလောင်းဘေးမှာ ငါးပြားကြေးရိုက်တဲ့ ဖဲဝိုင်းကို လာမထားနဲ့။ ကြေးကြီးဝိုင်းက ဘာသံမှမထွက်ဘူး။ ငါးပြားဝိုင်းက ထထငြင်းကြတာ နားညဉ်းလွန်းလို့” တဲ့။

လွတ်မြောက်ချင်တယ်တစ်ခါကဆေးဆရာတယောက်ဟာ ရွာစဉ်လှည့်ပြီး ဆေးကုသမှုနဲ့ အသက်မွေးပါတယ်.. သူဟာ ကြင်နာသနားတတ်သူ တယောက်လည်းဖြစ်ပါ...
23/02/2023

လွတ်မြောက်ချင်တယ်

တစ်ခါကဆေးဆရာတယောက်ဟာ
ရွာစဉ်လှည့်ပြီး ဆေးကုသမှုနဲ့ အသက်မွေးပါတယ်..

သူဟာ ကြင်နာသနားတတ်သူ တယောက်လည်းဖြစ်ပါတယ်..
တနေ့သူရွာတစ်ရွာကို ဆေးကုသပေးရင်း မိုးချုပ်လာတဲ့အတွက် ရွာကအိမ်တအိမ်မှာ
တစ်ညတာ တည်းခိုရပါတယ်.. ရွာထုံးစံမို့ ဧည့်၀တ်ကျေပွန်စွာ ထမင်းဟင်းများ တည်ခင်းကျွေးမွေးတာပေါ့..

အဲ့အချိန်မှာ ဆေးဆရာနားထဲမှာ "လွတ်မြောက်ချင်တယ်..လွတ်မြောက်ချင်တယ်.. ဆက်သည်းမခံနိုင်တော့ဘူး"
လို့ အော်နေသံကြားပါတယ်.. အသံလာရာကိုကြည့်လိုက်တော့ လှောင်အိမ်ထဲကကြက်တူရွေးလေး တစ်ကောင် အော်ဟစ်နေတာပါ.. မကြာခဏ အဲ့လိုအော်နေသံကြားတော့ ဆေးဆရာရင်ထဲမှာ မချိပါဘူး.

ကိုယ်ကလည်း ဧည့်သည်ဆိုတော့ ဘာမှမတတ်နိုင်ဘူးလေ.. စိတ်ထဲကတော့ကိုယ်ချင်းစာပြီး အရမ်းကို သနားနေတာပေါ့.. ကူညီချင်စိတ်တွေကိုကြိတ်မှိတ်လို့ အိမ်ရှင်ခင်းပေးတဲ့ သင်ဖျုးပေါ်အသာ လှဲချ အိပ်ပျော်အောင်ကြိုးစားပါတယ်.. ဒါပေမယ့်စိတ်က ငှက်ဆီဘဲ ရောက်နေတော့ ကောင်းစွာအိပ် မပျော်နိုင်ပါဘူး.. ညဉ့်သန်းခေါင်ကျော်လာလေ.. သနားစိတ်တွေပြင်းထန်လာလေမို့ မိုးလင်းခါနီးမှာ သူ့စိတ်တွေ ချုပ်ထိန်းမရနိုင်တော့ဘဲ ငှက်လှောင်အိမ်ဆီသွားလို့ တံခါးဖွင့်လိုက်ပါတယ်.. ငှက်ကိုနှိုက်ထုတ်ပြီးဝေလီဝေလင်း ကောင်းကင်ထဲ လွှတ်တင်အပြီးမှာ စိတ်ပေါ့သွားပြီး အိမ်ရှင် ပြောသမျှခံတော့မယ်လို့ စိတ်ကို ဒုံးဒုံးချလိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်..

အိပ်မက်ထဲမှာ "လွတ်မြောက်ချင်တယ်..လွတ်မြောက်ချင်တယ်..
ဆက်သည်းမခံနိုင်တော့ဘူး"
လို့အော်နေသံကြားပါတယ်..
သူရုတ်တရက်လန့် နိုးလာပြီးကြည့်လိုက်တော့ ကြက်တူရွေးဟာ အော်နေရင်းနဲ့ လှောင်အိမ်ထဲကိုပြန်၀င်သွားတာ တွေ့လိုက်ရပါတယ်.. လှောင်ချိုင့်တံခါးကိုတောင် သူ့ခြေတဖက်နဲ့အသာကုတ်ပြီး ပိတ်လိုက်ပါသေးတယ်..

ကျွန်ုပ်တို့လူမှုပတ်၀န်းကျင်မှာလည်း လူမှုရေး.. လောကီရေး.. မိသားစုအရေး.. နိုင်ငံရေး.. စသဖြင့်ကိစ္စရပ် အမျိုးမျိုးတိုင်းမှာ လွတ်မြောက်ချင်တယ်လို့ နေ့စဉ်အော်နေပြီး ဒီလူမှုဘောင်ထဲမှာဘဲ တဝဲလည်လည်နဲ့
ဘယ်လောက် လမ်းပြပြ မထွက်နိုင်ဘဲ ကိုယ့်ကိုယ်ကိုပိတ်လှောင်ထားသူတွေ အများကြီးပါ..

တွေးကြည့်ပါ.. တွေးလေ.. ဒီအဖြစ်အပျက်လေးက နက်နဲတဲ့ အတွေးတွေကို ပေးလာနိုင်လေပါဘဲ..

လွတ်မြောက်ချင်တယ်ပြောပြီး
လွတ်အောင်တကယ်ရော
ရုန်းထွက်မိပြီလား..

သံယောဇဉ်တွေ အပူအပင်တွေနဲ့ ကိုယ်တိုင်ကပြန်တိုး၀င်နေမိသလားလို့ပါ..

Crd

Kokolin

အရင်ကဆို ​ခေါ်င်း​လျော်ချင်ရင် ဆိုင်သွားတယ်.. ဇိမ်ခံတာ​ရော ....ပျင်းတာ​ရော.....ပိုလှတယ်ထင်တာ​ရော...ဒါ​ပေမယ့်  ​ခေါ်င်း​လ...
03/02/2023

အရင်ကဆို ​ခေါ်င်း​လျော်ချင်ရင် ဆိုင်သွားတယ်.. ဇိမ်ခံတာ​ရော ....ပျင်းတာ​ရော.....ပိုလှတယ်ထင်တာ​ရော...

ဒါ​ပေမယ့် ​ခေါ်င်း​လျော်ပြီးမကြာဘူး ဆံပင်ကို ချ မထားနိုင်ဘူး ဇက်​ကြောတက်လာတယ်...ဆိုင်က လှလှ​လေး ပုံသွင်း​ပေးလိုက်လဲ တနာရီ​လောက်ကြာရင်...ကြုံသလို လိပ်ပြီး ညှပ်တင်ထားလိုက်ရမှ ဂုတ်နားက ​လေဝင်​​လေထွက်​ကောင်းပြီး ​ပေါ့ ပါးသွားတယ်..

ဒါနဲ့ ငါဟာ ဇက်​ကြောတက်တတ်ပါလား
ဆံပင်ချထားလို့ မရဘူးဘဲ ...လို့ ကိုယ့်ကိုကိုယ်ထင်မိတယ်

​ခေါ်င်းကို ...ကြုံသလို​လျော်မိတဲ့ အခါ​တွေရှိတယ်
ဂျင်ကစားပြီး ပြန်လာတဲ့အခါတို့
​ည​နေ အားတဲ့အချိန်တို့
​နေ့လည် လမ်းကြုံလို့ တို့ ....

ပြီးမှ ​ရေချိုးဖြစ်တာလဲရှိတယ်..
​ရေချိုးပြီးမှ သွား​လျော်တာလဲရှိတယ်

ဒီ​တော့ အခန့်မသင့်တဲ့အခါ အ​အေးမိတာမျိူး
​ခေါ်င်းကိုက်တာမျိုး ..
​နောက်တ​နေ့ ဖျားချင်သလိုဖြစ်တာမျိုး
ဖြစ်ချင် ဖြစ်တယ်

အခု အသက်လည်း ၅၀ ​ရောက်လာပြီ ဆို​တော့
​နေချင်သလို မ​နေရဲ​တော့တာမို့

တ​နေ့ ဆရာကြီးဦးရန်​အောင်ရဲ့ ဆံပင်မကျွတ်​အောင် ​ခေါ်င်းဘယ်လို​လျော်ရမယ်ဆိုတာ ကြည့်မိတယ်

ဒူးက​နေ ​ရေ​လောင်း ပြီးရင် ​ရေချိုး
​ရေချိုး​နေတဲ့တဝက်မှာ မကျည်းရည်ကို​ခေါ်င်းကိုဆွတ်ပြီးနှိပ်
နှံ့​အောင် နှိပ်ပြီးရင် ​ခေါ်င်း​လျော်တဲ့

အဲဒီနည်းကို ​တော်​တော်စိတ်ဝင်စားသွားတယ်
ဒီ​တော့ ဘာလုပ်လဲဆို ပထမဆုံး တကိုယ်လုံးကို မကျည်းသီးနဲ့ပွတ်တယ် ..ကိုယ်တွင်းအပူများ​တော့​ရေချိုးပြီးရင် ​ချွေး​တွေခန​လေးထွက်လာတတ်လို့ ​ရေမချိူးခင် မကျည်းသီးနဲ့ပွတ်ရတယ်ဆိုတဲ့ ဆရာကြီး ရဲ့ ​ရေချိုးနည်းကို တွဲသုံးတယ်
ပြီး​တော့ ​ခြေဖဝါးကို ဆားပွတ်တယ်

အဲဒါပြီး​တောွ ဒူးကစ​လောင်းပြီး​ရေချိုးတယ်
​လေးငါးခွက် ကိုယ်ကို​လောင်းပြီး မကျည်းရည်နဲ့​ခေါ်င်းကို နှိပ်တယ်..အဲဒီမှာ ဇတ်လမ်းစတာဘဲ
​နောက်​စေ့​နေရာကို မကျည်းရည်နဲ့ ​လောင်းပြီး နှိပ်​တော့ အပူ​တွေထွက်တာ​လေ လက်ဖဝါးကို ဟပ်တယ်
လွင့်ကနဲ လွင့်ကနဲ ​နေတယ်
အံ့သြသွားတယ် ...တ​ခေါင်းလုံးနှံ့​အောင် နှိပ်ပြီး လက်ဖဝါးနဲ့ မထိတထိ အုပ်တာ အခိုး​တွေထွက်​နေတာခံစားရတယ်
​နောက်​တော့​​ခေါ်ငိး​လျော်ချတယ်

ပထမတကြိမ်မှာ ဆံပင်​တွေ အခဲလိုက်ကျွတ်ထွက်မလာတာသတိထားမိတဲ့အပြင် တ​နေကုန် ဆံပင် ဖားလျား ချထားတာ
လုံးဝ ဇက်​ကြောမတက်တာ သတိထားမိတယ်
တကယ်ပါ ...တကယ်ကို ​ကောင်းတဲ့ အန္တရယ်မရှိတဲ့ အကုန်ကျနဲတဲ့ အကျိုးများတဲ့ နည်းလမ်းပါ

အခု အဲဒီနည်းအတိုင်း ​ခေါ်င်း​လျော်တာ ၄ ကြိမ်ရှိပြီ
ဆံပင်​ကောက်ထားတဲ့သူဆို​တော့ ​လျော်ပြီး အပူမ​ပေးဘဲ
ဒီအတိုင်း ဖားလျားချ အ​ခြောက်ခံ ပြီး
​ခေါ်င်း တခုလုံး ​ပေါ့​ပေါ့ပါးပါး​လေးနဲ့ ​နေရတဲ့အရသာကို
Sharing လုပ်တာပါ

အရမ်း အရမ်းကို သ​ဘောကျပါတယ်
မြန်မာ​ဆေးနည်း​ကောင်း​တွေမို့ တကယ်ကိုသ​ဘောကျ ​လေးစားရပါတယ်

Credit to Myat Yee Mon

🌹 🌹 🌹  မင်္ဂလာညချမ်းလေးပါ  🌹 🌹 🌹နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿနမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿနမော တဿ ဘဂဝတော အ...
03/02/2023

🌹 🌹 🌹 မင်္ဂလာညချမ်းလေးပါ 🌹 🌹 🌹

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

🌹 ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
🌹 ဓမ်မံ သရဏံ ဂစ်ဆာမိ
🌹 သံဃံ သရဏံ ဂစ်ဆာမိ

🌹 ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
🌹 ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
🌹 ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

🌹 တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
🌹 တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
🌹 တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား

🌹 မြန်မာပြည်သူပြည်သားအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏

🌹 ကမ္ဘာသူ ကမ္ဘာသားအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏

🌹 ၃၁ ဘုံအတွင်း ၌ ရှိကြကုန်သော
🌹 ဝေနေယျသတ္တဝါအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏

🌹 စကြာဝဠာအနန္တ ၌ ရှိကြကုန်သော
🌹 လူ နတ် ဗြဟ္မာ သတ္တဝါအားလုံး
🌹 ကျန်းမာကြပါစေ ချမ်းသာကြပါစေ
🌹 ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ
🌹 ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏

၁၃၈၄ . တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ ။ 🔔🔔🔔

03/02/2023

ဪ ...

Video Credit

လှေကို ဆေးသုတ်ပေးဖို့ လှေပိုင်ရှင်က သူ့ကို အလုပ်အပ်တယ်။ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့အတိုင်း အနီရောင်...
03/02/2023

လှေကို ဆေးသုတ်ပေးဖို့
လှေပိုင်ရှင်က သူ့ကို
အလုပ်အပ်တယ်။

စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး
လှေပိုင်ရှင်
လိုချင်တဲ့အတိုင်း
အနီရောင်
တောက်တောက်လေး
သုတ်ပေးလိုက်တယ်။

ဆေးသုတ်နေရင်းနဲ့
လှေဝမ်းဗိုက်မှာ
အပေါက်လေးတစ်ပေါက်
ပေါက်နေတာကို
သတိထားမိတာနဲ့
အပေါက်လေးကိုပါ
ဖာပေးလိုက်တယ်။

လှေတစ်စီးလုံး
ဆေးသုတ်ပြီးသွားတော့
လက်ခငွေယူပြီး
သူ ပြန်လာခဲ့တာပေါ့။

နောက်နေ့ကျတော့
လှေပိုင်ရှင်က သူ့ဆီလာပြီး
ချက်လက်မှတ်
တစ်စောင်ပေးတယ်။

ချက်လက်မှတ်ထဲမှာ
ရေးထားတဲ့ငွေပမာဏက
တော်တော်များတယ်။

ဒီတော့
ဆေးသုတ်သမားလည်း
အံ့အားသင့်နေတာပေါ့။ ''

ကျွန်တော့်ကို
မနေ့က ဆေးသုတ်ခ
ပေးပြီးသွားပါပြီခင်ဗျာ''
လို့ ပြောတော့ ''

ဒါက ဆေးသုတ်ခ
ပေးတာမဟုတ်ပါဘူး။

လှေအပေါက်ကို
ဖာပေးလို့ ပေးတာပါ'' လို့
လှေပိုင်ရှင်က ပြန်ပြောသတဲ့။

အော် ရပါတယ် ဆရာ။

ကျွန်တော် လုပ်ပေးတာ
အသေးအဖွဲလေးပါ။

ဒီလောက်အများကြီး
ပေးစရာမလိုပါဘူး''
ဆိုတော့မှ လှေပိုင်ရှင်က
ဖြစ်ကြောင်းကုန်စင်
ရှင်းပြတယ်။

ဖြစ်ပျက်ခဲ့တာတွေကို
မိတ်ဆွေကြီးက
မသိသေးဘူးဆိုတော့
ကျွန်တော် ရှင်းပြပါ့မယ်။

လှေကို
ဆေးသုတ်ခိုင်းတုန်းက
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေတာကို
မပြောလိုက်မိဘူး။

ဆေးခြောက်သွားတာနဲ့
ကျွန်တော့်ကလေးတွေက
လှေကိုယူပြီး
ငါးမျှားထွက်ကြတယ်လေ။

သူတို့ကလည်း
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေမှန်း
မသိဘူး။

အဲဒီအချိန်မှာ
ကျွန်တော်ကလည်း
အိမ်မှာ မရှိဘူးလေ။

ကျွန်တော်
အိမ်ပြန်ရောက်တော့
ကလေးတွေ
လှေယူသွားမှန်း
သိလိုက်ရတာနဲ့
ထိတ်ခနဲ
ဖြစ်သွားတော့တာပေါ့။

လှေဝမ်းဗိုက်
ပေါက်နေတာကို
ကျွန်တော်
သတိရသွားတယ်လေ။

သူတို့တွေ
ငါးမျှားထွက်ရာကနေ
ဘေးမသီ ရန်မခဘဲ
ပြန်လာတာ
မြင်လိုက်ရတော့

ကျွန်တော်
ဘယ်လောက်တောင်
ပျော်သွားလဲဆိုတာ
မိတ်ဆွေကြီး
တွေးကြည့်လိုက်ပေါ့ဗျာ။

လှေကို
ပြေးကြည့်လိုက်တော့မှ

မိတ်ဆွေကြီးက
အပေါက်ဖာပေးထားမှန်း
သိတာ။

အခုတော့
မိတ်ဆွေကြီးလည်း
ဖြစ်ကြောင်းကုန်စင်
သိရပါပြီ။

ကျွန်တော့်ကလေးတွေ
အသက်ကို မိတ်ဆွေကြီး
ကယ်ပေးလိုက်တာပဲ။

ခင်ဗျားပြောတဲ့
စေတနာအသေးအဖွဲလေး
အတွက်

ကျွန်တော်ပေးတဲ့
ငွေပမာဏက
အများကြီးနည်းပါတယ်။

အဲဒီစေတနာကို
ထိုက်ထိုက်တန်တန်
ပြန်ပေးဆပ်ဖို့ ဆိုရင်
ကျွန်တော့်ပိုင်ဆိုင်မှု့
နဲ့တောင် မလောက်ပါဘူး

"""သင်ခန်းစာ"""

ဘယ်သူ့ကိုမဆို
ဘယ်အချိန်မှာ
ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်

ကိုယ်တတ်နိုင်တဲ့ဘက်က
ကူညီပေးလိုက်ပါ။

ကိုယ်တွေ့တဲ့
အပြစ်အနာအဆာ၊
ချွတ်ယွင်းချက်တွေကို
ပြုပြင်ဖာထေး
ပေးလိုက်တာဟာ

တခြားသူတွေအတွက်
ဘဝတစ်သက်တာ
မေ့မရနိုင်တဲ့ ကူညီမှု့
ဖြစ်သွားနိုင်ပါတယ်။

ကိုယ်စွမ်းသလောက်
အကောင်းဆုံး
လုပ်ပေးခြင်းဟာ
ကြီးမားတဲ့
အပြောင်းအလဲတွေကို
ဖြစ်စေလို့ပါပဲ။

တချိန်မှာ
ကိုယ့်ရဲ့စေတနာကလည်း
အံ့အားသင့်ဖွယ်
ရောင်ပြန်
ဟပ်လာပါလိမ့်မယ်။

Credit..Original Writer✍️

ရင့်ကျက်ခြင်းတစ်မျိုးကို ဆိတ်ဆိတ်နေခြင်းလို့ ခေါ်သတဲ့။ရင့်ကျက်ခြင်းကအသက်အရွယ်နဲ့ မဆိုင်ဘူး။စိတ်ခံစားလွယ်မှုနဲ့ မဆိုင်ဘူး...
02/02/2023

ရင့်ကျက်ခြင်းတစ်မျိုးကို
ဆိတ်ဆိတ်နေခြင်းလို့ ခေါ်သတဲ့။

ရင့်ကျက်ခြင်းက
အသက်အရွယ်နဲ့ မဆိုင်ဘူး။
စိတ်ခံစားလွယ်မှုနဲ့ မဆိုင်ဘူး။

ရင့်ကျက်ခြင်းဆိုတာ
မျက်နှာပေါ်ရေးထားတဲ့
အမူအရာ မဟုတ်ဘူး။
ရင်ထဲသိုဝှက်ထားတဲ့
တည်ငြိမ်ခြင်းဖြစ်တယ်။

တချို့ကကြည့်ရတာ
ရင့်ကျက်သလိုနဲ့
ကိစ္စကြီးကြီးမားမားရှေ့မှာ
ခြေမကိုင်လက်မကိုင်မိ ဖြစ်တယ်။

ကိစ္စသေးသေးမွှားမွှားကို
အမှတ်အတေး ထားတယ်။

အခက်အခဲနဲ့တွေ့တဲ့အခါ
ပျာယာခတ်တယ်။

ဝေခွဲရခက်တဲ့အခါ
ရင်ထုမနာဖြစ်တယ်။

တချို့လူတွေလောက်ပဲ
ကိစ္စကြီးကြီးမားမား ဖြစ်ဖြစ်၊
သေးသေးမွှားမွှားဖြစ်ဖြစ်
သူတို့ကို မတုန်လှုပ်စေဘူး။

မငိုဘူး၊ မဆူဘူး၊
မငြင်းဘူး၊ မဆဲဘူး၊
အပြစ်ပုံမချဘူး၊
သူတစ်ပါးကို လက်ညှိုးမထိုးဘူး။

အမှားအမှန်ကိုခွဲခြားပြီး
ဖြေရှင်းနိုင်တဲ့နည်းကို ရှာတယ်။

လူတချို့က...

အထင်အမြင်မှား ခံရတဲ့အခါ
ဆိတ်ဆိတ်နေတယ်၊

ဝေဖန်ကဲ့ရဲ့ခံရတဲ့အခါ
ဆိတ်ဆိတ်နေတယ်၊

အတင်းအဖျင်းတွေကြားမှာ
ဆိတ်ဆိတ်နေတယ်၊

ရှင်းလေရှုပ်လေ ကိစ္စရပ်မှာ
ဆိတ်ဆိတ်နေတယ်။

သူတို့ဟာ ...
ဆိတ်ဆိတ်နေခြင်းနဲ့ အဖြေညှိတယ်။

အချိန်ကပေးမယ့်
အမှန်တရားကို စောင့်တယ်။

တကယ်တော့
ရင့်ကျက်ခြင်းတစ်မျိုးကို
ဆိတ်ဆိတ်နေခြင်းလို့ ခေါ်သတဲ့။

မောပန်းတဲ့အခါ
ဆိတ်ဆိတ်ငြိမ်ငြိမ် အနားယူတယ်။

နာကျင်တဲ့အခါ
တိတ်တိတ်ဆိတ်ဆိတ် အောင့်ခံတယ်။

ဆိတ်ဆိတ်နေခြင်းမှာ
ကျင့်သားရလာတဲ့အခါ
စကားများများ မပြောတော့ဘူး။

အချိန်တော်တော်များများမှာ
ဆိတ်ဆိတ်နေခြင်းက
ဖြေရှင်းတာထက် လွယ်ကူတယ်။

ဆိတ်ဆိတ်နေခြင်းက
ထုတ်ဖော်ပြောရတာထက်
ပေါ့ပါးလို့ဖြစ်တယ်။

အတွေ့အကြုံ များလာတဲ့အခါ၊
ရှင်သန်ရ ကြာလာတဲ့အခါ
ဆိတ်ဆိတ်နေခြင်းကို
ပိုနှစ်သက်လာတတ်တယ်။

အရွယ်ရောက်သူတွေရဲ့လောကမှာ
ဆိတ်ဆိတ်နေခြင်းက ရင့်ကျက်ခြင်းရဲ့
အကောင်းဆုံး အမှတ်အသားဖြစ်တယ်။

ကြည့်ရအဆင်မပြေရင်
လှည့်ထွက်လိုက်မယ်၊

လွှတ်မချနိုင်တဲ့အရာ
ဖြည်းဖြည်းချင်း ဖြည်လျော့ကြည့်မယ်၊

ဆုံမှတ်မရှိနိုင်တဲ့နှောင်ကြိုး
ပြတ်ပြတ်သားသား လက်လွှတ်မယ်၊

တဗျစ်တောက်တောက် မပြောဘူး၊
ဘာကြောင့်လဲလို့ လိုက်လိုက်မမေးဘူး။

ဆူးခင်းလမ်းတွေ လျှောက်ဖူးခဲ့ပြီ၊
လှိုင်းမုန်တိုင်းတွေ ထန်ခဲ့ဖူးပြီ၊

လူ့စိတ် လူ့မနှောကို နားလည်ပြီ၊
ဖြစ်ပြီးပျက်တဲ့သဘောကို
သိပြီဆိုရင် ဖြည်းဖြည်းချင်း
ဆိတ်ဆိတ်နေတတ်သွားတော့တယ်။

လျှောက်ခဲ့ဖူးတဲ့
လမ်းခရီးတလျှောက်မှာ
ရင့်ကျက်တဲ့လူက
စကားများများ မပြောဘူး၊

ဆိတ်ဆိတ်နေတဲ့လူက
ပိုငြိမ်းချမ်းတယ်ဆိုတာကို
သိနားလည်ခဲ့ရလို့ပါပဲ....

မူရင်းရေးသားသူအား ....
လေးစားစွာ ပေးပါသည်။

မေတ္တာဖြင့်.......

ပြန်လည်ကူးယူ မျှဝေပါ၏ ။

1.အိမ်ကို အရင်ဝယ်ပါ။ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
02/02/2023

1.အိမ်ကို အရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစား မလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုးစားပါ။

8.အလုပ်လုပ်ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ်ဖတ်တတ်တဲ့အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက်ဖြစ်အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Credit

ကိုယ်စောင့်နတ်တကယ်ရှိသလား? ကိုယ်စောင့်နတ်ဆိုတာက ကိုယ့်ကိုစောင့်ရှောက်ပေးတဲ့ ရုက္ခဇိုး နတ်ဘီလူး စတဲ့ လူတွေနဲ့ ရောနေထိုင်တ...
02/02/2023

ကိုယ်စောင့်နတ်တကယ်ရှိသလား?

ကိုယ်စောင့်နတ်ဆိုတာက ကိုယ့်ကိုစောင့်ရှောက်ပေးတဲ့ ရုက္ခဇိုး နတ်ဘီလူး စတဲ့ လူတွေနဲ့ ရောနေထိုင်တဲ့ နတ်တွေကို ပြောတာဖြစ်တယ်။

ကိုယ်နဲ့ အတိတ်ဘဝတစ်ခုမှာ မိဘစသည် တော်စပ်ခဲ့ပြီး ကိုယ့်ကိုလည်းမှတ်မိ၊ သံယောဇဉ်လည်း မပြတ်သေးလို့ စောင့်ရှောက်ပေးတာလဲရှိတယ်။

ကိုယ်က နေ့စဉ် ဒါန သီလ ဘာဝနာလုပ်ပြီး အမျှပေးဝေတယ်။ အဲဒါကို သာဓုခေါ်ပြီး သူ့ဘဝအဆင်ပြေသွားလို့ စောင့်ရှောက်ပေးတာလဲရှိတယ်။

——————-

ကိုယ့်စောင့်နတ်က လူ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေတာလဲ မဟုတ်ဘူး။

လူသွားရာကို တတန်းတန်း လိုက်ပါနေတာလဲ မဟုတ်ဘူး။

သူ့ဗိမာန် သူ့ဘဝနဲ့သူ နေထိုင်တယ်။

——————

ကိုယ့်စောင့်နတ်က လူတိုင်းမှာမရှိဘူး။

လူကို (၂၄)နာရီ စောင့်ရှောက်ပေးနေတာလဲ မဟုတ်ဘူး။

လူက အခက်အခဲဖြစ်တဲ့အခါ သူတတ်နိုင်တာဆိုရင် ကူညီစောင့်ရှောက်ပေးတယ်။ သူမတတ်နိုင်တာဆို မကူညီ မစောင့်ရှောက်ပေးဘူး။

ဆွေမျိုး မိတ်ဆွေက သူတို့တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးကြတဲ့ သဘောသာဖြစ်တယ်။

ကိုယ်စောင့်နတ်လို့ အလွယ်ပြောနေကြပေမယ့် ကိုယ့်ကို ကူညီစောင့်ရှောက်ပေးတဲ့ မိတ်ဆွေနတ် ဆွေမျိုးနတ်ပါပဲ။

——————-

ကိုယ်စောင့်နတ်က ဘယ်လိုစောင့်ရှောက်ပေးတာလဲ?

မြင်အပ် မမြင်အပ်တွေက အန္တရာယ်မပေးနိုင်အောင် သူတတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပေးတယ်။

အနာဂတ်အရေး ကြိုသိသင့်တာတွေကို သူသိမြင်သလောက် လာပြောပေးတတ်တယ်။

တိုက်ရိုက်ပြောမရရင် အိပ်မက်ပေးတာ၊ စိတ်ကနေ အလိုလို သိသလိုဖြစ်လာအောင် လှုံဆော်ပေးတာတွေ လုပ်ပေးတယ်။

———————

ကိုယ်စောင့်နတ်ရှိအောင် ဘယ်လိုလုပ်ရမှာလဲ?

ကိုယ်စောင့်နတ်ရချင်ရင် ဂုဏ်တော်ပုတီး နေ့စဉ်စွဲမြဲစွာစိပ်ရတယ်။ တစ်ရက်ကို (၁၀၈)လုံး ပုတီးနဲ့ (၂၇) ပတ်အနည်းဆုံးစိပ်ရမယ်။

နေ့စဉ် ဆွမ်း သောက်တော်ရေ ပန်း ဆီမီးကပ်လှူ ရမယ်။

ပြီးရင် မိဆိုင်ဖဆိုင်နတ်၊ ဘဝဆက် ပဋ္ဌာန်းဆက်ဖြစ်ကြတဲ့ ဆွေတော်မျိုးတော်နဲ့ (၃၁) ဘုံသားတွေကို အမျှဝေပေးရတယ်။

အဲဒီလို (၂) နှစ်ကျော် ပုံမှန်လုပ်သွားရင် ကိုယ်စောင့်နတ်ရလာနိုင်ဖို့ သေချာသလောက်ရှိတယ်။

——————

ကိုယ်စောင့်နတ်က စွမ်းအားကြီးလေလေ ကိုယ့်ကို များများစောင့်ရှောက်ပေးနိုင်လေလေပဲ။

ဒါကြောင့် သူ့ကို ဗားရှင်းမြှင့်ပေးရတယ်။

ဒါန သီလ မေတ္တာဘာဝနာ ဗုဒ္ဓါနုဿတိဘာဝနာကို စွဲမြဲစွာ နေ့စဉ်လုပ်ပြီး အမျှဝေပေးခြင်းနဲ့ ဗားရှင်းမြှင့်ပေးရတာဖြစ်တယ်။

———————

ကိုယ်စောင့်နတ်မရှိရင် ဘာဖြစ်လဲ?

ဘာမှမဖြစ်ဘူး။

ကြုံတွေ့လာတဲ့ အခက်အခဲတိုင်းကို ကိုယ့် ဉာဏ် ဝီရိယ သတိ တရားတွေကို လက်ကိုင်ထားပြီး ရင်ဆိုင်ဖြေရှင်းသွားရုံပဲ။

———————-

ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေးတက်ရသလား?

နတ်သဘင်အစည်းအဝေး တက်ရ မတက်ရက သူ့ရာထူးအပေါ်မှာ မူတည်လိမ့်မယ်။

လူက အိပ်ယာမထသေးရင် အစည်းအဝေးတက်တာ နောက်ကျတယ်ဆိုတာက မဟုတ်ဘူး။

သူ့ဘဝနဲ့သူဖြစ်လို့ သူလုပ်စရာရှိတာ သူ့ဘာသာ လုပ်နေတာပဲ။

အအိပ်မက်သူတွေ စောစောအိပ်ယာမထမှာမို့ လူကြီးတွေက ဂျင်းထည့်ခဲ့ကြတာ ဖြစ်တယ်။

ဘာကျမ်းကိုးမှ မရှိဘူး။ အတွေ့အကြုံကို အခြေခံပြီး ရေးပေးထားတာ။

#မိုးသု #မန္တလေး

မှတ်သားဖွယ်ရာ အရုဏ်တက်ချိန်များPhoto Credit
02/02/2023

မှတ်သားဖွယ်ရာ အရုဏ်တက်ချိန်များ

Photo Credit

မကောင်းတဲ့ခေတ်ချင်း တူပေမဲ့ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီးဖွင့်ပေးတဲ့ လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။ကိုယ်စားသုံးချ...
02/02/2023

မကောင်းတဲ့ခေတ်ချင်း တူပေမဲ့
ဒီဘက်ခေတ်မှာတော့ သီချင်းတွေအကျယ်ကြီး
ဖွင့်ပေးတဲ့ လမ်းဘေးကဖေးဆိုင်တွေမရှိတော့ဘူး။

ကိုယ်စားသုံးချင်တဲ့ သီချင်းတွေကို
လမ်းဘေး ကဖေးဆိုင်ထိုင်ရင်း
လူရှေ့သူရှေ့ လွင့်မျောခွင့် မရှိတော့ဘူး။

အခုဆို ဘယ်သူက ဘယ်သူ့ကို
ကြိုက်နေတာမှန်းတောင် ငါတို့မသိနိုင်တော့ဘူး။

မင်း နားကြပ်လေးထဲက သီချင်းဟာ
ဘာသီချင်းပါလိမ့်
မင်းရင်ထဲမှာ ဘယ်သူတွေပေါက်ရောက်နေတာလဲ
ပျောက်ဆုံးခြင်းဟာ အခန်းကိုယ်စီဆီ
အထီးကျန်စွာ ရောက်ရှိလာ
ဘာသားနဲ့ထုထားတဲ့ နှစ်တွေလဲ။

ချာတိတ်ဆိုတာ
ကိုယ့်ရင်ဘတ်ကိုယ်
ထင်ရာစိုင်းပြီးဆွေးမြေ့ခွင့်ရှိပါတယ်။

-အောင်ခိုင်မြတ်

နေ့ပြော နောက်ကြည့် ညပြော အောက်ကြည့်😂😂😂Photo Credit
31/01/2023

နေ့ပြော နောက်ကြည့် ညပြော အောက်ကြည့်

😂😂😂

Photo Credit

အလွန်လှပသော နှစ်များစွာကြာမှသာ ပွင့်သော ရေခဲတောင် ကြာပန်း🎋🎋 ပန်းချစ်သူအပေါင်းမြင်စေလိုသောစိတ်ဖြင့်သာ
31/01/2023

အလွန်လှပသော နှစ်များစွာကြာမှသာ

ပွင့်သော ရေခဲတောင် ကြာပန်း🎋🎋

ပန်းချစ်သူအပေါင်းမြင်စေလိုသောစိတ်ဖြင့်သာ

🍓စစ်မှန်တဲ့ တန်ဖိုးဆိုတာ...÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷🍓ကိုယ့်မှာ အားနည်းချက်ရှိရင် ...သူတစ်ပါး ပျော့ကွက်ကို ချမနင်းဘဲ နေတတ်ရမယ်။🍓က...
17/12/2021

🍓စစ်မှန်တဲ့ တန်ဖိုးဆိုတာ...
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

🍓ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

🍓ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

🍓ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

🍓ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

🍓ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

🍓ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

🍓ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

🍓ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

🍓ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

🍓ဒါဟာ ကိုယ်ချင်းစာတရားပဲ။

🍓လူတစ်ယောက်ရဲ့တန်ဖိုး ...
အရည်အချင်း ဘယ်လောက်ရှိရှိ
စိတ်ကောင်းမရှိရင် အလကားပါပဲ။

🍓ငွေကြေးဘယ်လောက် ချမ်းသာချမ်းသာ
ကိုယ်ချင်းမစာတတ်ရင် အလကားပါပဲ။

🍓ဘယ်လောက်ပဲ ကျော်ကြားကျော်ကြား
ကိုယ်ကျင့်တရား မကောင်းရင်
အလကားပါပဲ။

🍓ပညာတွေ ဘယ်လောက်တတ်တတ်
အကောင်းအဆိုးကို မခွဲခြားနိူင်ရင်
အလကားပါပဲ။

🍓ရုပ်ရည်ဘယ်လောက် ချောချော
စိတ်ထားမကောင်းရင် အလကားပါပဲ။

🍓ငွေကြေးဘယ်လောက် အကုန်ခံပြီး လှူ လှူ စေတနာမမှန်ရင် အလကားပါပဲ။

🍓အပေါင်းအသင်း ဘယ်လောက်များများ
စစ်မှန်တဲ့ သူငယ်ချင်း ရှိသင့်သလို
ကိုယ်ကိုယ်တိုင်လည်း သူငယ်ချင်းကောင်း
မဖြစ်ရင် အလကားပါပဲ။

🍓စာတွေ ဘယ်လောက်ဖတ်ဖတ်
မလိုက်နာနိူင်ရင် အလကားပါပဲ။

🍓အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
အောင်မြင်မှူ တစ်ခုမှ ရအောင်မလုပ်နိူင်ရင်
အလကားပါပဲ။

🍓မိဘကျေးဇူး ဘယ်လောက်ဆပ်ဆပ်
မိဘကို မျက်ရည်ကြီးငယ်ကျအောင်
လုပ်နေရင် အလကားပါပဲ။

🍓လူတစ်ယောက်ရဲ့ စစ်မှန်တဲ့
တန်ဖိုးဆိုတာ ထက်မြက်တဲ့
"ခေါင်း"က အဓိက မဟုတ်ပါ

🍓 နားလည်ပေးတတ်သော
" နား"တစ္​စုံ"

🍓သနားကြင်နာတတ်သော
"နှလုံးသား"တစ်စုံ ၊

🍓အမှန်တရားကို လက်ခံသိမြင်ပြီး
အကောင်းမြင်တတ်သော "မျက်စိ"တစ်စုံ

🍓ကူညီပေးကမ်းတတ်သော
"လက်"တစ်စုံ တို့ဖြစ်ပါတယ်။

🍓ထက်မြက်သော အရည်အချင်း
ပိုင်ဆိုင်သူသည် အတ္တ နည်းပြီး
စာနာတတ်ရင် တန်ဖိုးကြီးသော လူပါပဲ။

🍓လူသားတိုင်း ...
အရည်အချင်း ထက်မြက်ကြသလို
စိတ်ထားမြင့်မားကြပြီး ဘဝတွေလည်း
မြင့်မားကြပါစေ.....
လေးစားစွာဖြင့်...
မူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါသည်။

ကာတွန်း - သီဟ စခန်းသစ္
16/12/2021

ကာတွန်း - သီဟ စခန်းသစ္

𝗙𝘂𝗸𝗮𝗻𝗴  ဥက္ကာခဲကို တရုတ်နိုင်ငံ 🇨🇳 တွင် ၂၀၀၀ ပြည့်နှစ်က တွေ့ရှိခဲ့သည်။ ၎င်းသည် သံလွင်ကျောက်ခဲများဖြင့် ပြည့်နေသော သံသတ္တ...
16/12/2021

𝗙𝘂𝗸𝗮𝗻𝗴 ဥက္ကာခဲကို တရုတ်နိုင်ငံ 🇨🇳 တွင် ၂၀၀၀ ပြည့်နှစ်က တွေ့ရှိခဲ့သည်။ ၎င်းသည် သံလွင်ကျောက်ခဲများဖြင့် ပြည့်နေသော သံသတ္တု ဥက္ကာခဲ အမျိုးအစားဖြစ်သည်။ 𝗔𝗿𝗶𝘇𝗼𝗻𝗮 𝗠𝗲𝘁𝗲𝗼𝗿𝗶𝘁𝗲 𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 မှ သက်တမ်း နှစ် 4.5 ဘီလီယံ ရှိမည်ဟု ခန့်မှန်းရသည်။ 🌠🎇

Credit :Amazing World

Spaceတစ်နှစ်နီးပါးလောက်ကို အဆက်အသွယ်ပြတ်သွားတဲ့မိတ်ဆွေတစ်ယောက်ကျွန်တော့်မှာရှိတယ်သူနဲ့က အပြင်မှာလည်း ခင်တယ်Onlineပေါ်မှာ...
16/12/2021

Space

တစ်နှစ်နီးပါးလောက်ကို အဆက်အသွယ်ပြတ်သွားတဲ့
မိတ်ဆွေတစ်ယောက်ကျွန်တော့်မှာရှိတယ်
သူနဲ့က အပြင်မှာလည်း ခင်တယ်
Onlineပေါ်မှာလည်း တော်တော်လေးရင်းနှီးပါတယ်
ဘာရယ်မဟုတ်ဘူး ကျွန်တော်က ကျွန်တော့်ရဲ့Projectလေး
တစ်ခုအတွက် သူ့ကို အကူအညီတောင်းထားဘူးတယ်
သူကလည်း လိုလိုချင်ချင်ကူညီမယ်လို့ပြောထားဖူးတယ်

ဒါပေမယ့် အနားနီးလို့ သူ့ကို ကျွန်တော်Remindလုပ်ကြည့်တော့
သူ့ဘက်က ပြန်စာမလာတော့ဘူး
ကျွန်တော့်စာတွေကို ဖတ်တော့ဖတ်သွားတယ်
စာလည်း မပြန်တော့ဘူး
သူပို့စ်တွေတော့ ကျွန်တော်တွေ့နေရတယ်
Mydayတွေလည်း တင်နေတယ်
ဟင် ဘာလို့ငါ့ကို စာမပြန်တာလဲဆိုပြီး
အတွေးထဲမှာ နည်းနည်း ငြိုငြင်မိတော့မယ်အချိန်မှ
ကျွန်တော့်စိတ်ကို ကျွန်တော်ဘရိတ်အုပ်လိုက်တယ်

ကောင်းကောင်းမွန်မွန်ပဲသွားပြောလိုက်တယ်
အဆင်​မပြေရင်လည်း တခြားတစ်ယောက်ကို
အကူအညီသွားတောင်းလိုက်ပါမယ်လို့
မကူညီပေးနိုင်တော့တာကိုလည်း စိတ်မဆိုးပါဘူးလို့
ပြောခဲ့လိုက်ပြီး ကျွန်တော်လည်းမေ့မေ့ပျောက်ပျောက်ပဲ
အဲ့Projectကိုလည်း ဘယ်သူ့ဆီမှာမှ
အကူအညီ ထပ်မတောင်းဖြစ်ပဲ
ကိုယ့်ဟာကိုယ်ရတဲ့နည်းနဲ့ အဆင်ပြေအောင်လုပ်ခဲ့လိုက်တယ်

လွန်ခဲ့ရက်အနည်းငယ်က သူက စာလာပို့တယ်
ဘယ်ချိန်အားမလဲဖုန်းပြောလို့ရမလားတဲ့
ကျွန်တော်က အလုပ်ရှိသေးလို့ နည်းနည်းမိုးချုပ်မှအားမယ်လို့
စောင့်ရမှာကြာရင် စာပဲပို့ထားပါလားဆိုတော့
ရတယ် သူစောင့်မယ်တဲ့ ဖုန်းနဲ့ပဲပြောပြချင်လို့တဲ့
အော်အိုကေ ဟုတ်ပြီလို့ ဒါဆိုရင်ခဏစောင့်ဆိုပြီး
ကျွန်တော်အားတဲ့အချိန်ကျတော့ သူ့ကို ဖုန်းခေါ်ခိုင်းလိုက်တယ်

ဖုန်းခေါ်လာတယ်
ဘယ်ကစပြောရမှန်းတောင်မသိဘူးတဲ့
အားတုံ့အာနာဖြစ်နေတဲ့ပုံဆိုတာကို
အသံကြားရုံနဲ့ ကျွန်တော်ရိပ်မိတယ်
အဲ့တာနဲ့ ကျွန်တော်က ရတယ်လို့ ပြောပါလို့
ဘာမှအားမနာပါနဲ့ ခများနဲ့ကျွန်တော့်ကြားမှာ
အားနာပြီး စကားပြောတာခက်နေဖို့မှမလိုတာလို့ဆိုပြီး
ကျွန်တော်က လမ်းဖွင့်ပေးလိုက်တော့ သူပြောလာတယ်

အဲ့တုန်းက သူစိတ်တော်တော်လေးအဆင်မပြေဖြစ်နေပြီး
သူ့အိမ်နဲ့လည်း အတော်အလေးအတိုက်အခံဖြစ်နေရတာ
အနေအထားမို့ အချိန်တုန်းက ပို့စ်တွေတက်နေပေမယ့်
ဘယ်သူ့နဲ့မှ စကားမပြောဖြစ်ခဲ့ပါဘူးတဲ့

အော် ကျွန်တော်နားလည်ပါတယ်လို့
လူတစ်ယောက်ကို ကိုယ့်အထင်ကိုယ့်အမြင်နဲ့
သတ်မှတ်လို့မရဘူးလို့ ကျွန်တော်တို့မမြင်ရတဲ့
ခများရဲ့တဖက်တခြမ်းမှာ အဆင်မပြေမှုတွေရှိနိုင်တာကို
ကျွန်တော်နားလည်ပါတယ်လို့ ဒါကြောင့်အဲ့အချိန်တုန်းက
စကားလာပြီး ဆက်မပြောတော့ပဲ
ခများကို spaceလေးတစ်ခုပေးထားပြီး
ထပ်မဆက်သွယ်ဖြစ်တော့တာပါလို့
ကျွန်တော့်ဘက်ကလည်း ရှင်းပြလိုက်တယ်
ခများ ကျွန်တော့်ကို တချိန်ပြန်ဆက်သွယ်လာမှာကိုလည်း
ကျွန်တော်ကြိုသိပြီးသားလို့
ထင်တဲ့အတိုင်း အချိန်တစ်ခုရောက်တဲ့အခါမှာ
ပြန်ဆက်သွယ်လာတာပဲလို့

ဟုတ်တယ်လေ လူတွေမှာ Personal spaceလိုတယ်
ကိုယ့်ကိုယ် စာမပြန်တိုင်း
ဒီလူက ကိုယ့်ကို အလေးမထားမျိုးလို့
တထစ်ချတွေးလိုက်လို့မရဘူး
ကိုယ်မမြင်နိုင်တဲ့ သူ့ရဲ့တဖက်တခြမ်းမှာ
struggleလုပ်နေရတဲ့ သူ့ရဲ့အဆင်မပြေမှုတွေရှိနိုင်တယ်
အခက်အခဲတွေရှိနိုင်တယ် ဒါတွေကို ကျွန်တော်တို့က
နားလည်ပေးတတ်ဖို့လိုတယ် Spaceပေးတတ်ဖို့လိုတယ်

နောက်တစ်ချက်က ကျွန်တော်တို့က လူတွေအပေါ်မှာ
100%မျှော်လင့်နေလို့မရဘူး
ဒီနေ့ကောင်းပေးနေပေမယ့် နောက်နေ့သူကိုယ့်အပေါ်မှာ
ကောင်းပေးချင်မှ ကောင်းပေးလိမ့်မယ်
အဲ့အပေါ်ကို အပြစ်မြင်လို့လည်းမရဘူး
ဘာလို့လဲဆိုတော့ လူတွေဖြစ်နေတဲ့အတွက်ပဲ
လူတွေစိတ်က တသတ်မတ်တည်းဘယ်တော့မှသွားမနေဘူး

အဲ့တော့ ကျွန်တော်တို့က မျှော်လင့်ချက်များများထားမိရင်
များများခံစားရတယ် ပိုပြီးအထိနာတယ်
ဘာမှမမျှော်လင့်ထားရင် ဘာမှမခံစားရတော့ဘူး

ကျွန်တော်ဆိုလည်း အဲ့လိုပဲ အမြဲတမ်းအားမနေတော့
တချို့စာတွေဝင်လာတယ် ဖတ်ဖြစ်လိုက်ပေမယ့်
ကျွန်တော်အချိန်မရလို့ အလုပ်တဖက်နဲ့ဖြစ်နေလို့
Replyမလုပ်ဖြစ်လိုက်တဲ့ messageတွေရှိတယ်
ဒါပေမယ့် ကျွန်တော်သေချာလေးမှတ်ထားတယ်
ဘယ်သူ့ ဘယ်သူကိုစာပြန်ပေးရမယ်ဆိုပြီး
တချို့သူတွေက စာဖတ်ပြီးမပြန်ပေးလို့စိတ်ဆိုးသွားကြတာတွေရှိတယ်
Relationship problemတွေ
Mental healthအကြောင်းအရာတွေက
ကျွန်တော့်အနေနဲ့ အခုချက်ချင်းဖတ် အခုချက်ချင်း
ပြောပေးဖို့မလွယ် Quick answerထုတ်ပေးလို့
မရတဲ့အနေအထားတွေရှိတယ်

အပေါ်မှာပြောသလိုပေါ့ စာဖတ်သူကလည်း
ကျွန်တော့်အပေါ်မှာ expectationရှိတယ်
ဒီလူကတော့ ဒီလိုစာတွေရေးနေတာပဲ
ငါသွားမေးရင် သူတော့တထစ်ချဖြေပေးမှာပဲဆိုပြီး
မျှော်လင့်ချက်ထားပုံရတယ်
မျှော်လင့်ချက်ထားတဲ့ဟာမှာစမှားတာပဲပေါ့
ကျွန်တော်လည်း ကျွန်တော်လုပ်ပေးနိုင်တဲ့
ဘောင်အတွင်း ကပဲလုပ်ပေးနိုင်မယ်

ကျွန်တော့်စာဖတ်သူတွေကို ကျွန်တော်အမြဲဦးစားပေးပါတယ်
ကျွန်တော်ရေးတဲ့အကြောင်းအရာတွေအကုန်လုံးသည်
အလကားရလာတဲ့ အကြောင်းအရာတွေမဟုတ်ပါဘူး
စိတ်ကူးယဥ်ရေးသားထားတဲ့ ဟာတွေလည်းမဟုတ်ပါဘူး
အစစ်အမှန်တွေပဲ ရှာပြီးရေးရတဲ့အတွက်
တချို့ဆောင်းပါးတွေမှာ ကျွန်တော့်sideကနေကြည့်ရင်
မှန်နေပေမယ့် စာဖတ်သူsideကကြည့်ရင်
ကျွန်တော်ပေးတဲ့ messageကို သဘောမပေါက်ပဲ
နားလည်မှုလွဲတဲ့ဆောင်းပါးတွေရှိပါတယ်
အဓိက ကျွန်တော်ဆီကထွက်လာတဲ့ စာတွေသည်
စာဖတ်သူနဲ့အမြဲတိုက်ဆိုင်မှုရှိနေနိုင်မှာ
မဟုတ်​တဲ့အတွက် မမျှော်လင့်စေချင်တာပါ
သူရေးတာတွေကတော့ ငါတို့နဲ့အမြဲတိုက်ဆိုင်နေတာပဲ
နောက်လည်း အမြဲတိုက်ဆိုင်နေမှာပဲလို့
မျှော်လင့်လိုက်မိရင် မတိုက်ဆိုင်ပဲ တခြားviewက
ရေးလိုက်တဲ့စာတွေလည်း တက်လာရော
ကျွန်တော့်ကို ကလော်တုတ်ကြတာတွေရှိပါတယ်
ဒါလည်း သူတို့လုပ်ပိုင်ခွင့်ပါ
ကျွန်တော်ကတော့ ဘယ်လိုမှခံစားလေ့မရှိပါဘူး

အနှစ်ချုပ်ပြောချင်တာက
လူတွေမှာ သူ့spaceလေးနဲ့သူရှိတယ်
သူ့ဘောင်လေးနဲ့သူရှိတယ်
ကိုယ့်ကိုယ်ကိုယ် spaceထားပေးဖို့လိုသလို
သူများကိုလည်း spaceပေးတတ်ရတယ်
နောက်တစ်ချက်က ဘယ်သူ့ဘယ်သူအပေါ်ကိုမှ
မျှော်လင့်ချက်မထားလေ ကောင်းလေပဲ
လူတွေရဲ့ နာကြင်မှုက လူတွေရဲ့ မျှော်လင့်ချက်တွေကြောင့်ပဲဖြစ်ရတယ်

ဒီနေ့တော့ ဒီလောက်ပါပဲဗျ

ဒီလိုအကြောင်းအရာတွေကို
ပိုပြီး Deep Downသိရှိချင်တယ်
လေ့လာချင်တယ် ကျွန်တော်နဲ့အတူအဖြေရှာကြည့်ချင်တယ်ဆိုရင်
ကျွန်တော့်ရဲ့ Counseling/Coaching sessionတွေမှာ
ဝင်ရောက် Joinနိုင်ပါတယ်
အသေးစိတ်ကိုတော့ Message boxမှာ
စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

ချစ်တဲ့

(Min's Beauty Book)🖤




Address


Website

Alerts

Be the first to know and let us send you an email when General Knowledge & Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share