FootBall News

  • Home
  • FootBall News

FootBall News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FootBall News, Media/News Company, .

⚽ သွင်းဂိုးတွေ လိုအပ်နေလား ၊ လီဝမ်ဒေါစကီးကို ဖုန်းခေါ်လိုက်👏 ဂိုးဖန်တီးပေးဖို့ လိုအပ်နေလား ၊ မူလာကို ဖုန်းခေါ်လိုက်🔥 ကွင...
19/09/2022

⚽ သွင်းဂိုးတွေ လိုအပ်နေလား ၊ လီဝမ်ဒေါစကီးကို ဖုန်းခေါ်လိုက်
👏 ဂိုးဖန်တီးပေးဖို့ လိုအပ်နေလား ၊ မူလာကို ဖုန်းခေါ်လိုက်
🔥 ကွင်းလယ်ကို ထိန်းဖို့ လိုအပ်နေလား ၊ ဒီဘရိုင်းကို ဖုန်းခေါ်လိုက်
🏎️ အလိမ်အခေါက်တွေ လို‌အပ်နေလား ၊ နေမာကို ဖုန်းခေါ်လိုက်
🧙 မှော်ဆန်တဲ့ ကစားပုံကို လိုအပ်နေလား ၊ ရော်နယ်ဒင်ဟိုကို ဖုန်းခေါ်လိုက်

အပေါ်ကဟာတွေ အကုန်လုံးကို တစ်ယောက်ထဲနဲ့ ပြီးချင်ရင်တော့ ခရစ္စတီယာနို ရော်နယ်ဒိုကို ဖုန်းခေါ်လိုက်ပါ....

ပြီးရင် မက်ဆီရဲ့ ဖုန်းနံပါတ်တောင်းလိုက်😁

တန်ဖိုးရှိတဲ့သူတွေကို တန်ဖိုးမသိတဲ့သူတွေကတော့ဆုံးရူံးနေရအုံးမှာဘဲ
07/09/2022

တန်ဖိုးရှိတဲ့သူတွေကို တန်ဖိုးမသိတဲ့သူတွေကတော့
ဆုံးရူံးနေရအုံးမှာဘဲ

 #မှော်ဆန်တဲ့ဖန်တီမှုတွေကိုလွမ်းတယ်လွန်ခဲ့တဲ့ ၉ နှစ် ဒီလိုနေ့မျိုးမှာ အာစင်ဝင်းဂါးဟာ စပါးအသင်းရဲ့ ကစားသမား ဂါရတ်ဘေး ရီးရ...
02/09/2022

#မှော်ဆန်တဲ့ဖန်တီမှုတွေကိုလွမ်းတယ်
လွန်ခဲ့တဲ့ ၉ နှစ် ဒီလိုနေ့မျိုးမှာ အာစင်ဝင်းဂါးဟာ စပါးအသင်းရဲ့ ကစားသမား ဂါရတ်ဘေး ရီးရဲမက်ဒရစ်ရောက်ရှိသွားမှုနဲ့အတူ ရီးရဲကနေ မီဆွပ်အိုဇေးကို အပြောင်းအရွေ့နောက်ဆုံးအချိန်မှာ အာဆင်နယ်ဆီ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်ဟာ အိုဇေးအတွက် ကလပ်စံချိန်တင် ပေါင် ၄၂.၃ သန်းအသုံးပြုခဲ့ပြီး ဒါဟာ အဲ့ဒီအချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အမြင့်မားဆုံးသော စျေးနှုန်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အသင်းကို ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ပူးပေါင်းလာမှုနဲ့အတူ အာဆင်နယ်ဟာလည်း ၉ နှစ်ကြာဖလားလက်မဲ့ကို အိုဇေးစရောက်တဲ့ နှစ်မှာပဲ အဆုံးသတ်နိုင်ခဲ့ပါတယ်❤

အာဆင်နယ်ကို အသဲခွဲဂိုးတွေသွင်းဖို့ အူဘာလာပြီ
01/09/2022

အာဆင်နယ်ကို အသဲခွဲဂိုးတွေသွင်းဖို့ အူဘာလာပြီ

ဂန်နာတို့ရဲ့နိုင်ပွဲတွေကိုရပ်တန့်နိုင်မလား
01/09/2022

ဂန်နာတို့ရဲ့နိုင်ပွဲတွေကိုရပ်တန့်နိုင်မလား

မေးခွန်းထုတ်မဲ့ပွဲ
28/08/2022

မေးခွန်းထုတ်မဲ့ပွဲ

ကုလားမနိုင် ရခိုင်မဲတာက တော်ရုံတန်ရုံဘဲကောင်းတယ် သားကြီးတို့
28/08/2022

ကုလားမနိုင် ရခိုင်မဲတာက တော်ရုံတန်ရုံဘဲ
ကောင်းတယ် သားကြီးတို့

🗣️: အာဆင်နယ် အဆင့် ဘယ်လောက်လဲ?
28/08/2022

🗣️: အာဆင်နယ် အဆင့် ဘယ်လောက်လဲ?

28/08/2022
မန်ယူပျံလာပြီ
27/08/2022

မန်ယူပျံလာပြီ

သောမက်စ်ပါတေး တစ်ယောက် ကစားသမားတွေတည်းခိုတဲ့ ဟိုတယ်မှာ ရှိမနေခဲ့ပါဘူး။ ဒီည ပွဲစဉ်ကိုလွဲချော်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ...
27/08/2022

သောမက်စ်ပါတေး တစ်ယောက် ကစားသမားတွေတည်းခိုတဲ့ ဟိုတယ်မှာ ရှိမနေခဲ့ပါဘူး။ ဒီည ပွဲစဉ်ကိုလွဲချော်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေပျံ့နှံ​နေပါတယ်။

ကောင်လေးဘယ်တွေလျောက်သွားနေတာလဲ

FT: ဆောက်သမ်တန် 0-1 ယူနိုက်တက် (PL-4)                                       ⚽ ဖာနန်ဒက် (54')(2022-23) ရာသီအတွက် ပထမဆုံးအ...
27/08/2022

FT: ဆောက်သမ်တန် 0-1 ယူနိုက်တက် (PL-4)

⚽ ဖာနန်ဒက် (54')

(2022-23) ရာသီအတွက် ပထမဆုံးအဝေးကွင်းနိုင်ပွဲကို ဖာနန်ဒက်ရဲ့သွင်းဂိုးနဲ့အတူ ရရှိခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံး Clean Sheet ကိုပါ ရယူနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲက အာဆင်နယ်အတွက် သိပ်ကောင်းတဲ့ စာမေးပွဲပဲ။ အစဉ်အလာနဲ့ လက်ရှိခြေစွမ်းအရဆိုရင် အာဆင်နယ်နိုင်နိုင်ခြေများတယ်။ ဒ...
27/08/2022

ဖူလ်ဟမ်နဲ့ပွဲက အာဆင်နယ်အတွက် သိပ်ကောင်းတဲ့ စာမေးပွဲပဲ။ အစဉ်အလာနဲ့ လက်ရှိခြေစွမ်းအရဆိုရင် အာဆင်နယ်နိုင်နိုင်ခြေများတယ်။ ဒါပေမယ့် ဒီပွဲမှာ အနိုင်အရှုံးထက် ပိုအရေးပါတဲ့ ကိစ္စတစ်ခုရှိသေးတယ်။ အာဆင်နယ်ခံစစ်ရဲ့ ပကတိခြေစွမ်းကို မတူညီတဲ့နည်းလမ်းနဲ့ စမ်းသပ်မယ့်ပွဲဖြစ်နေတာပါ။

အာဆင်နယ်က ပထမပွဲစဉ် ၃ ပွဲမှာ ပေးဂိုး ၂ ဂိုးပေးထားရတယ်။ အဲဒီ ၂ ဂိုးလုံးက အမြင့်ဘောတွေ Loft ball တွေနဲ့ ဆက်နွယ်နေခဲ့တယ်။

တစ်ဖက်မှာလည်း ဖူလ်ဟမ်ရဲ့ အားသာချက်က တိုက်စစ်မှူး မီထရိုဗစ်ရဲ့ အမြင့်ဘော အသုံးချနိုင်စွမ်းနဲ့ မာဂုဏ်ပါ။ သာမာန်တွေးမယ်ဆိုရင် မီထရိုဗစ်ကို ဆာလီဘားနဲ့ ဂါဘရီယယယ်ကြားထဲထည့်ပြီး ချုပ်ထားရင် အဆင်ပြေမယ်ဆိုပြီး တွေးနိုင်တယ်။ ဒါပေမယ့် မီထရိုဗစ်ဟာ ဗဟိုခံစစ်မှူး ၂ ယောက်ကြားမှာ နေရာယူတာ မဟုတ်ဘူး။ သူက CB နဲ့ SB ကြားမှာ နေရာဝင်ယူတဲ့ ကစားသမားမျိုး။

ဆိုတော့ ဝှိုက်-ဆာလီဘားကြားမှာဆိုရင် ဆာလီဘားက မီထရိုဗစ်ရဲ့ အမြင့်ဘော အားသာချက်ကို ထိမ်းနိုင်ပါ့မလားဆိုတာက အဓိက မေးခွန်းပါ။ ဂါဘရီယယ်-ဇင်ချန်ကို ကြားမှာဆိုရင်တော့ ဇင်ချန်ကိုက အာဆင်နယ်ရဲ့ Weak point ဖြစ်လာဖို့ ရှိနေတယ်။ ဒါဆို တိုမီယဆု၊ တီယာနီတို့ကို ပွဲထွက်ခွင့်ပေးမလား? ဒါကလည်း ဟုတ်မလိုလိုနဲ့ မဟုတ်ပြန်ဘူး။ သူတို့ကို အစားဝင်ခိုင်းပြန်ရင်လည်း တိုက်စစ်နဲ့ ကွင်းလယ် လုပ်ဆောင်ချက်တွေအပေါ်သက်ရောက်မှုတွေရှိလာနိုင်ပြန်တယ်။ အမှန်အတိုင်း ဝန်ခံရရင်တော့ ကျနော့်မှာ ဘာလုပ်ရင် ပိုအဆင်ပြေမယ်ဆိုတဲ့ အဖြေမရှိဘူး။ ဒါပေမယ့် အာတီတာ့ဆီမှာတော့ ရှိမယ်လို့ ယုံကြည်ပါတယ်။

ဘာကြောင့် ဖူလ်ဟမ်လိုအသင်း၊ မီထရိုဗစ်လို တိုက်စစ်မှူး တစ်ယောက်အတွက်နဲ့ ဒီလောက် စာတစ်တန်ပေတဖွဲ့ စိုးရိမ်နေလဲလို့ မေးလာရင် အဖြေက ရှင်းပါတယ်။ ကျနော်တို့ ကိန်း၊ ဆကာမက္ကာ၊ ဟာလန်း၊ နူနက်ဇ်၊ အီဆက်တို့လို Class တစ်ခုကိုရောက်နေတဲ့ Target man တွေနဲ့ နောက်လာမယ့်ပွဲတွေမှာ ရင်ဆိုင်ရဦးမှာ မို့လို့ပါပဲ။ ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ ထူးခြားချက်က Quality ပြည့်တဲ့ စွယ်စုံရ Target Man တွေ အပြိုင်ဖြည့်နေကြတဲ့အချက်ပါ။ ပနှစ်က ပရီးမီးယားလိဂ်ရဲ့ Trends က High pressing ဆိုရင် ဒီနှစ်ရဲ့ ရေစီးကြောင်းက မထင်မှတ်ပဲ Direct Attacking ဖြစ်လာနိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် အာဆင်နယ်ဟာ Second ball ကာကွယ်နိုင်စွမ်း အားနည်းခဲ့ဖူးပါတယ်။ ရှေ့ပြိုင်ဘက်တွေရဲ့ ကစားဟန်တွေကြောင့် ခုချိန်မှာ ဒီအမှားကို ပြင်နိုင်ခဲ့ပြီလားဆိုတာကို မသိရသေးပါဘူး။ ဖူလ်ဟမ်နဲ့ပွဲမှာ Direct Attack ၊ Second ball ၊ Ariel threat အားလုံးကြုံရနိုင်ပါတယ်။ ဒါက အာဆင်နယ်ခံစစ်အတွက် နောက်ဆုံးမေးခွန်းဖြစ်တဲ့ အမြင့်ဘောကာကွယ်မှုနဲ့ အာရုံစိုက်မှုအပိုင်းမှာ ပိုင်နိုင်ကျေညက်နေပြီလားဆိုတာကို အဖြေထုတ်ပေးမယ့် ပထမစာမေးပွဲပါပဲ။ အာဆင်နယ် ဘာ်နှစ်မှတ်ရမလဲဆိုတာကတော့ ...

#မာဖီယိုဆို

𝐎𝐳𝐢𝐥 🇩🇪ဟိုတုန်းက အက်သလက်တီကို ပရိသတ်တွေဟာ အိုဇေးကို ပေါင်မုန့်တဖဲ့နဲ့ ပစ်ပေါက်ခဲ့ပါတယ် ။ အိုဇေးက ကောက်ကိုင်နမ်းလိုက်ပြီး...
27/08/2022

𝐎𝐳𝐢𝐥 🇩🇪

ဟိုတုန်းက အက်သလက်တီကို ပရိသတ်တွေဟာ အိုဇေးကို ပေါင်မုန့်တဖဲ့နဲ့ ပစ်ပေါက်ခဲ့ပါတယ် ။ အိုဇေးက ကောက်ကိုင်နမ်းလိုက်ပြီး ဘေးနားမှာ ထားလိုက်ပါတယ် ။

ပွဲပြီးတော့ အိုဇေးက " အစားအစာကို မဖြုန်းတီးပါနဲ့ ကမ္ဘာပေါမှာ အစာရေစာ ငတ်နေတဲ့ခလေးတွေအများကြီးရှိပါတယ် " လို့ ပြောခဲ့ပါတယ် ။

အိုဇေး ဟာ ဆင်းရဲနွမ်းပါး​နေသော ကလေး ၁,၀၀၀ ကို ခွဲစိတ်မှုများအတွက် ပေးဆောင်နေပြီး ကမ္ဘာတစ်ဝှမ်းရှိ အိုးမဲ့အိမ်မဲ့ လူပေါင်း 100,000 ကျော်ကိုလဲ သူ့ရဲ့ ပရဟိတလုပ်ငန်းဖြင့် ကျွေးမွေးလျက် ရှိနေတဲ့သူပါ

ရှင်းလားမသိ
22/08/2022

ရှင်းလားမသိ

ပြုံးပြကြေးတောင်မလောင်းရဲဘူး🤡photo crd.
21/08/2022

ပြုံးပြကြေးတောင်မလောင်းရဲဘူး🤡

photo crd.

သင်သိပါသလားအာဆင်နယ်အသင်းဟာ 2003/ 2004 ဘောလုံးရာသီတုန်းက အဖွင့်ပွဲသုံးပွဲဆက်တိုက်တူညီတဲ့ပွဲထွက်ကစားသမား 11 ယောက်ကိုဆက်တို...
21/08/2022

သင်သိပါသလား

အာဆင်နယ်အသင်းဟာ 2003/ 2004 ဘောလုံးရာသီတုန်းက အဖွင့်ပွဲသုံးပွဲဆက်တိုက်တူညီတဲ့ပွဲထွက်ကစားသမား 11 ယောက်ကိုဆက်တိုက်အသုံးပြုခဲ့ပြီး
အဆိုပါရာသီမှာရှုံးပွဲမရှိစံချိန်နဲ့အတူ ရွှေဖလားကြီးကို
ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်

2022/2023 ဘောလုံးရာသီမှာလဲ အာဆင်နယ်အသင်းဟာ အဖွင့်ပွဲသုံးပွဲဆက်တိုက် တူညီတဲ့ပွဲထွက်ကစားသမား11 ယောက်ကိုအသုံးပြုခဲ့ပြီး သုံးပွဲစလုံး
အနိုင်ရရှိခဲ့တာကြောင့်ရာသီကုန်မှာရွှေဖလားရသွားနိုင်မလား

ဘယ်လိုထင်ကြလဲဗျ


✍️VK

ဂါဘရီရယ်ဂျေးဇု ရဲ့ ခြေစွမ်းအပေါ် ချီးကျူးစကား ဆိုလိုက်တဲ့ ရော်နယ်ဒင်ဟို***************************" မန်စီးတီးကို ဂါဘရီရယ...
21/08/2022

ဂါဘရီရယ်ဂျေးဇု ရဲ့ ခြေစွမ်းအပေါ် ချီးကျူးစကား ဆိုလိုက်တဲ့ ရော်နယ်ဒင်ဟို
***************************

" မန်စီးတီးကို ဂါဘရီရယ်ဂျေးဇု ပြောင်းတုန်းက သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ် ၊ မန်စီးတီးမှာ ကစားခွင့်ရချိန်တိုင်း သူ ဘာတွေ စွမ်းဆောင်ပြနိုင်လဲဆိုတာကို သက်သေပြသခဲ့ပါတယ် ၊ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ချစ်ခြင်းမျိုးတွေကို မန်စီးတီးမှာ သူ ဘယ်တုန်းကမှ မရခဲ့ပါဘူး ၊ အခု အာဆင်နယ်မှာတော့ သူဟာ အဓိက ဦးစားပေး ကစားသမားတစ်ယောက် အဖြစ် အခွင့်အရေး ရလာခဲ့ပါတယ်

" ပရိသတ်တွေ နဲ့ နည်းပြဖြစ်သူကလည်း သူ့ကို ဝိုင်းပြီးချစ်ကြပါတယ် ၊ အခုဆို အဲ့ဒီအချစ်တွေ နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကိုလည်း သူဟာ အသင်းအတွက် ပြန်လည် ပေးစွမ်းထားနိုင်ပါပြီ ၊ ဒီရာသီ သူ့ဆီကနေ ကြီးကြီးမားမား အရာတွေကို ကျနော် မျှော်လင့်ပါတယ် ၊ သူဟာ သူရနေတဲ့ အချစ်တွေ နဲ့ ထိုက်တန်တဲ့ အရာတွေကို ပြန်လည် ပေးစွမ်းပြပါလိမ့်မယ် ၊ သူဟာ EPL မှာတင် မဟုတ်ဘဲ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေခဲက တစ်ယောက် ဖြစ်တယ် ဆိုတာကို သက်သေပြသနိုင်ပါလိမ့်မယ်

" ဒီရာသီ အာဆင်နယ် အသင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေကြောင့် သူတို့ဟာ အဆင့်(4)အတွင်းကို ပြန်လည် ဝင်ရောက်နိုင်ပါလိမ့်မယ် ၊ အဲ့ဒီထက်တောင်မှ ပိုပြီး စွမ်းဆောင်ပြရင်တောင် ပြနိုင်ပါလိမ့်မယ် ၊ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တာမျိုး ဘာညာ ဖြစ်သွားနိုင်ပါတယ် ၊ မန်စီးတီး ကတော့ လက်ရှိမှာ အင်အား အတောင့်တင်းဆုံးဆိုတော့ ချန်ပံထပ်ဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ ၊ ဒါပေမယ့် ဘောလုံးမှာက ဘာမဆို ဖြစ်သွားနိုင်ပါတယ် "

Source - Mirror

David Degeaရဲ့လုပ်ရပ်ဟာ ရှက်စရာကောင်းတယ်လို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း Paul Scholesမှဝေဖန်ပြောဆို.....''ဒါက ရှက်စရာကောင...
03/12/2021

David Degeaရဲ့လုပ်ရပ်ဟာ ရှက်စရာကောင်းတယ်လို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း Paul Scholesမှဝေဖန်ပြောဆို.....

''ဒါက ရှက်စရာကောင်းပါတယ်။ဂိုးသမားက ဂိုးကိုကာကွယ်ရမှာပါ ဂိုးကိုကာကွယ်ရပ်တန့်ပစ်ဖို့ ဘာမဆိုလုပ်ရမှာပါ ဒါပေမယ့် အဲ့အစား သူကကြည့်တောင်မကြည့်ပါဘူး။သူ့ဒဏ်ရာနဲ့ပတ်သက်ရင်လည်း ဘာမှမဖြစ်တဲ့ပုံစံပါ။သူ့ဘာသာဖြစ်ပျက်နေတဲ့ပုံစံပါပဲ။ဒဏ်ရာဆိုးဝါးလွန်းတယ်လို့ ကျွန်တော်တော့မထင်ဘူး။Degeaအနေနဲ့ ဂိုးပေါက်မှာ အချိန်တိုင်းကာကွယ်ပေးနေရမှာပါ။''

လေးစားတယ်ဗျာ
03/12/2021

လေးစားတယ်ဗျာ

pt crd
03/12/2021

pt crd

ဖရက်ဒ်ရဲ့ အသင်းဖော်အချင်းချင်း ခြေကျင်းဝတ်ကို မတော်တဆ တက်နင်းမှုကြောင့် ဂိုးသမားဒီဂီယာ ဒဏ်ရာရသွားရာတွင် စမစ်ရိုဝီက အခွင့...
03/12/2021

ဖရက်ဒ်ရဲ့ အသင်းဖော်အချင်းချင်း ခြေကျင်းဝတ်ကို မတော်တဆ တက်နင်းမှုကြောင့် ဂိုးသမားဒီဂီယာ ဒဏ်ရာရသွားရာတွင် စမစ်ရိုဝီက အခွင့်ကောင်းယူကာ တိုက်ရိုက်ကန်သွင်းခဲ့ပါတယ်။ ပထမတော့ ဒီဂီယာဒဏ်ရာရမှုကြောင့် ပြစ်ဒဏ်ဘောသတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အာဆင်နယ်ဂိုးရရှိခဲ့ရာတွင် ယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်က ပံ့ပိုးပါဝင်သလို ဖြစ်ခဲ့ပါတယ်။

သင်သိပါသလား? ?မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို အနိုင်မရခဲ့တာကြာပြီဖြစ်ပြီး ယနေ့ညနိုင်ပွဲဟာ 2019ခုနှစ်နောက်ပိ...
03/12/2021

သင်သိပါသလား? ?

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို အနိုင်မရခဲ့တာကြာပြီဖြစ်ပြီး ယနေ့ညနိုင်ပွဲဟာ 2019ခုနှစ်နောက်ပိုင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။

မန်ယူနိုက်တက် ယာယီနည်းပြသစ် ရာ့ဖ်ရင်းနစ်ခ်ဟာ ကိုဗစ်ဆိုင်ရာ ပြည်ဝင်ခွင့်လုပ်ထုံးလုပ်စဥ်များနဲ့ ဗီဇာကိစ္စတွေကို အပြီးမသတ်န...
30/11/2021

မန်ယူနိုက်တက် ယာယီနည်းပြသစ် ရာ့ဖ်ရင်းနစ်ခ်ဟာ ကိုဗစ်ဆိုင်ရာ ပြည်ဝင်ခွင့်လုပ်ထုံးလုပ်စဥ်များနဲ့ ဗီဇာကိစ္စတွေကို အပြီးမသတ်နိုင်သေးတာကြောင့် အာဆင်နယ်အနေနဲ့ လာမယ့် ကြာသပတေးညမှာ မိုက်ကယ်ကာရစ် ကိုင်တွယ်တဲ့ ယူနိုက်တက်ကို ရင်ဆိုင်ရမည်ဖြစ်ပါတယ်

 ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ 2021ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်...
30/11/2021



ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ 2021ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ 2021ခုနှစ်အတွင်း နိုင်ငံနဲ့ကလပ်အတွက် သွင်းဂိုး(64)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယမန်နေ့ညကပွဲတွင် Darren Fletcher သည် ကွင်းဘေးစည်း၌ အတက်ကြွဆုံးနှင့်အလှုပ်ရှားဆုံးလက်ထောက်တစ်ဦးအဖြစ် မိုက်ကယ်ကာရစ်ဘေးတွင...
29/11/2021

ယမန်နေ့ညကပွဲတွင် Darren Fletcher သည် ကွင်းဘေးစည်း၌ အတက်ကြွဆုံးနှင့်အလှုပ်ရှားဆုံးလက်ထောက်တစ်ဦးအဖြစ် မိုက်ကယ်ကာရစ်ဘေးတွင်ရှိနေခဲ့သည်။ ဒါရင်းဖလက်ချာသည်

1️⃣ အစောပိုင်းပွဲချိန်များတွင် နားကြပ်ကိုအသုံးပြု၍ ပွဲကြည့်စင်ပေါ်တွင်ရှိသော ယူနိုက်တက်၏ ပွဲကြီးကြပ်အကဲဖြတ်ဝန်ထမ်းတစ်ဦးထံမှ လိုအပ်သည့်အချက်အလက်များကိုတောင်းယူနေခဲ့သည်။

2️⃣ ထို့နောက် Aaron Wan-Bissaka အား ကွင်း၏အရှေ့ခြမ်းဆီသို့ပိုမိုလိုက်ပါကစားရန် အော်ဟစ်ညွှန်ကြားခဲ့သည်။

3️⃣ ကွင်းဘေးတွင်ရှိနေသောအရန်ဒိုင်ဖြစ်သူ David Coote ကိုလည်း မကြာခဏဆိုသလိုစောဒကတက်ပြောဆိုမှုများပြုလုပ်ခဲ့သည်။

4️⃣ ပထမပိုင်းအပြီးတွင် ကွင်းလယ်ဒိုင် Anthony Taylor နှင့်လည်း စကားပြောဆိုမှုများပြုလုပ်ခဲ့သည်။

5️⃣ ခံစစ်မှုး Victor Lindelof လျောထိုးဖြတ်ထုတ်ခံရ၍ ကွင်းကြမ်းပြင်ပေါ်တွင်လူးလှိမ့်နေသည့်ဖြစ်ရပ်နှင့်စပ်လျဥ်းပြီး ဖလက်ချာသည် အရန်ခုံပေါ်မှချဲလ်ဆီးကစားသမား Cesar Azpilicueta အား လက်ညှိုးငေါက်ငေါက်ထိုးကာ အချင်းများနေခဲ့ကြောင်းသိရသည်။

6️⃣ ထို့​နောက် Fletcher သည် ချဲလ်ဆီးနည်းပြ Thomas Tuchel ကိုလည်း "ငါမင်းကိုပြောနေတာမဟုတ်ဘူး၊ မင်းပါးစပ်ပိတ်ထား!" ဟူ၍ ပြောဆိုခဲ့သေးသည်။

[Athletic]

" အမှန်တိုင်းပြောရရင် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး၊ လာမယ့်အပတ် အာဆင်နယ်နဲ့ပွဲမှာ သူပါဝင်လာဖို့ က...
29/11/2021

" အမှန်တိုင်းပြောရရင် ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး၊ လာမယ့်အပတ် အာဆင်နယ်နဲ့ပွဲမှာ သူပါဝင်လာဖို့ ကျနော် မျှော်လင့်မိပါတယ်၊ ဒါက ကျနော့လက်စွမ်းကို စမ်းသပ်ဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုဖြစ်သလို အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုနဲ့ မိနစ် ၉၀ ရင်ဆိုင်လာတာကွ ဆိုပြီးပြန်ပြောရမှာလောက် ကောင်းတဲ့ခံစားချက်ဆိုတာ ရှိမှာမဟုတ်ပါဘူး"

🗣 ရမ်စ်ဒဲ

🗣 Michael Carrick "အမှန်အတိုင်းပြောရရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီလိုပွဲမျိုးမှာကိုယ်ကဦးဆောင်နေပြီးမှ အမှတ်တွေပြန်အလုခ...
29/11/2021

🗣 Michael Carrick

"အမှန်အတိုင်းပြောရရင် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီလိုပွဲမျိုးမှာကိုယ်ကဦးဆောင်နေပြီးမှ အမှတ်တွေပြန်အလုခံရလု့ိပါ။ ဒီလိုခက်ခဲတဲ့အနေအထားတစ်ခုမှာ ကစားသမားတွေအတွက်၊ ဝန်ထမ်းတွေအတွက် ကျနော်လုံးဝဂုဏ်ယူတယ်"

"ဝမ်ဘစ်ဆာကာရဲ့ဘောလုံးရှင်းထုတ်မှုကို ပင်နယ်တီလို့ကျနော်မထင်ဘူး။ ဒါပေမယ့်လည်း ဒီနေ့ အသင်းရဲ့ကစားပုံကလုံးဝသေသပ်တယ်။ ခံစစ်ကစားပုံလည်း အရမ်းကောင်းတယ်။ ဒီကနေ့ပွဲကသူတို့ရဲ့ကစားပုံအပေါ် ကျနော်ဖြင့် တစ်စက်ကလေးမှကိုအပြစ်မြင်လု့ိမရတာပါ"

"ဒီကနေ့ပွဲမှာ ယာယီနည်းပြသစ်ရဲ့အကူအညီတွေမပါပါဘူး။ ပွဲကောင်းနှစ်ပွဲအတွက် အသင်းကိုကျနော်တို့သေချာပြင်ခဲ့တယ်၊ ရလာဒ်တွေကအပေါင်းလက္ခဏာဆန်ပါတယ်။ မနက်ဖြန်ဘာဖြစ်လာမလဲစောင့်ကြည့်တာပေါ့"

မနေ့ညက ဖြစ်သွားတဲ့ ဒီဖြစ်ရပ်မှာ လူအတော်များများ Arteta ကို ပြောကြတဲ့အချက်တွေရှိတယ်။Arteta ဟာ အသင်းသေးလေးတွေကို နိုင်ပြီး...
23/11/2021

မနေ့ညက ဖြစ်သွားတဲ့ ဒီဖြစ်ရပ်မှာ လူအတော်များများ Arteta ကို ပြောကြတဲ့အချက်တွေရှိတယ်။

Arteta ဟာ အသင်းသေးလေးတွေကို နိုင်ပြီး ဇောင်းကြွနေတယ်။
Klopp နဲ့ Level တန်းမဟုတ်ဘဲ သွားစိန်ခေါ်တယ်။
ပွဲပြီးရလဒ်ကျတော့လည်း ဂိုးပြတ်ရှုံးတယ် စသည်ဖြင့်။

ဒါပေမယ့် ကျွန်တော်မေးချင်တာက ခင်ဗျားတို့အသင်းမှာ ဘာဖြစ်ဖြစ် ရေငုံနှုတ်ပိတ်နေနေတဲ့ နည်းပြမျိုးကို လိုချင်ကြတာလား။
ဘောလုံး စည်းအပြင်ရောက်ချိန်မှာတောင် ကိုယ့်အသင်းသား ပြစ်ဒဏ်ဘောကျူးလွန်ခံရတာကို မကာကွယ်ပေးဘဲ ဒိုင်ကိုဖိအားမပေးဘဲ နေနေမလား။
Klopp က ငါ့ထက်ဝါရင့်တယ်ဆိုပြီး ကြောက်စိတ် သိမ်ငယ်စိတ်နဲ့ ဘာမှမပြောဘဲ ရှောင်ထွက်သွားတာထက် ကိုယ့်အသင်းသားတွေကို မင်းတို့ဘက်မှာငါရှိတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးပြမလား။
ရှုံးတာက မထူးဆန်းပါဘူး။ ဒီလူစာရင်းနဲ့ ဒီလူစာရင်းမှာ ရှုံးဖို့ကို ကြိုတွက်ထားနိုင်ပြီးသား။ ဒါပေမယ့် Wenger နှောင်းပိုင်းခေတ်ကလို အမှတ်ပြည့်ရထားရမယ့်အသင်းငယ်တွေနဲ့ ပွဲတွေမှာ ခြေချော်ပြီး အမှတ်တွေ အဆုံးရှုံးခံမလား ဒါမှမဟုတ် သေချာပေါက်အမှတ်ပြည့်ရသင့်တဲ့ပွဲတွေကို အမှတ်ပြည့်ရအောင်ဆော့မလား
ဆိုတာတွေပါပဲ။

ကာရင်တန်မှနောက်ဆုံးအကြိမ်အဖြစ်ထွက်ခွာမသွားမီ ၄င်းအားစောင့်ဆိုင်းနေသောပရိသတ်တစ်ချို့ကို ရင်းရင်းနှီးနှီးနှုတ်ဆက်သွားခဲ့ပြ...
21/11/2021

ကာရင်တန်မှနောက်ဆုံးအကြိမ်အဖြစ်ထွက်ခွာမသွားမီ ၄င်းအားစောင့်ဆိုင်းနေသောပရိသတ်တစ်ချို့ကို ရင်းရင်းနှီးနှီးနှုတ်ဆက်သွားခဲ့ပြီး

"ယူနိုက်တက်နည်းပြဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ်"

ဟူ၍ အဆိုပါပရိသတ်များကိုပြောဆိုကာနှုတ်ဆက်သွားခဲ့သည်။
crd

OFFICIAL!ဝက်ဖို့ဒ်နှင့် ကစားမည့်ယူနိုက်တက်၏ Line-up။ပွဲချိန်ယနေ့ည -9:30 #နငယ်
20/11/2021

OFFICIAL!

ဝက်ဖို့ဒ်နှင့် ကစားမည့်ယူနိုက်တက်၏ Line-up။
ပွဲချိန်ယနေ့ည -9:30

#နငယ်

Photo News!!!    လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ မန်ချက်စတာ ယူနိုက်တက် ၀-၅ လီဗာပူး ပွဲစဉ်မှာ သူ ဝတ်ဆင်...
20/11/2021

Photo News!!!

လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ မန်ချက်စတာ ယူနိုက်တက် ၀-၅ လီဗာပူး ပွဲစဉ်မှာ သူ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး အဆိုပါအင်္ကျီကို ရောင်းချရာ ကနေ ရရှိလာတဲ့ ငွေကြေးအားလုံးကို ပရဟိတအဖွဲ့ တခုဆီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဆာလာဟာ အဆိုပါပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် အဆိုပါအင်္ကျီကို ဟက်ထရစ်အင်္ကျီ အဖြစ် အမည်တပ်ကာ ရောင်းချမှာလည်း ဖြစ်ပါတယ်။

အမှတ်တရ အင်္ကျီကို ရောင်းချပြီး ငွေကြေးအားလုံးကို လှူဒါန်းမယ့် ဆာလာကိုတော့ လေးစားမိပါရဲ့ဗျာ။

PLAYER NEWS : မားကပ်စ်ရပ်ရှ်ဖို့ဒ်သည် ကြံ့ခိုင်မှုရာနှုန်းပြည့်တည်ဆောက်ရန် အာရုံစိုက်လိုသည့်အတွက် အင်္ဂလန်လူစာရင်းမှနုတ်...
08/11/2021

PLAYER NEWS : မားကပ်စ်ရပ်ရှ်ဖို့ဒ်သည် ကြံ့ခိုင်မှုရာနှုန်းပြည့်တည်ဆောက်ရန် အာရုံစိုက်လိုသည့်အတွက် အင်္ဂလန်လူစာရင်းမှနုတ်ထွက်သွားခဲ့ကြောင်းသိရသည် ။

-Telegraph

BREAKING NEWS!ယူနိုက်တက်အသင်းသည် ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ အစီအစဥ်လုံးဝမရှိပေ။ ယင်းအတွက်ကြောင့် ဝက်ဖို့ဒ်နှင့်ပွဲ၌ ဆိုးလ်...
08/11/2021

BREAKING NEWS!

ယူနိုက်တက်အသင်းသည် ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ အစီအစဥ်လုံးဝမရှိပေ။ ယင်းအတွက်ကြောင့် ဝက်ဖို့ဒ်နှင့်ပွဲ၌ ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြအဖြစ် မြင်တွေ့ရမည် ဖြစ်သည်။
[David Ornstein]

လီဗာပူးလ် အသင်းဟာ ဝက်စ်ဟမ်း ကို 3-2 နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးသော EPL ရှုံးပွဲ ကြုံတွေ့ သွားရခဲ့ပါပြီ ၊...
08/11/2021

လီဗာပူးလ် အသင်းဟာ ဝက်စ်ဟမ်း ကို 3-2 နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးသော EPL ရှုံးပွဲ ကြုံတွေ့ သွားရခဲ့ပါပြီ ၊ ဒါကြောင့်မလို့ ဒီရာသီ EPL ပြိုင်ပွဲမှာ အသင်းတိုင်း ရှုံးပွဲကိုယ်စီ ကြုံခဲ့ရပြီ ဖြစ်ပါတယ်

ဒါကြောင့်မလို့ 2021-2022 ဘောလုံးရာသီ မှာလည်း အာဆင်နယ် အသင်း 2003-2004 ခုနှစ်က တင်ရှိထားတဲ့ ရှုံးပွဲမရှိ နဲ့ ရွှေဖလားချန်ပီယံဆု ကို လိုက်မှီနိုင်တဲ့ အသင်း မရှိတာဟာ သေချာသွားခဲ့ပါပြီ

Address


Website

Alerts

Be the first to know and let us send you an email when FootBall News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share