Tech Glaze

Tech Glaze Sharing knowledge of new Technology and Product Tech Glaze - for Knowledge

🙄
19/04/2022

🙄

POCO X4 PRO 5G ( Is it POCO phone that we'r looking for? )        POCO X4 Pro 5G က ခင်ဗျား ရှာနေတဲ့ POCO phone မဖြစ်နိုင...
09/04/2022

POCO X4 PRO 5G ( Is it POCO phone that we'r looking for? )

POCO X4 Pro 5G က ခင်ဗျား ရှာနေတဲ့ POCO phone မဖြစ်နိုင်ပါဘူး။

အမှန်ပါပဲ သင်က POCO X3 Pro ရဲ့ sequel phone ကို မျော်လင့်နေတာ ဆိုရင်တော့ ဒါဟာ ခင်ဗျား ကို စိတ်ပျက်စေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ခင်ဗျားက Poco x3 NFC လိုမျိုး ဈေးသင့်တင့်တဲ့ mid range phone ရှာနေတာ ဆိုရင်တော့ ခင်ဗျား ရောက်လာတဲ့ နေရာ မှန်ပါတယ်။

Poco X4 Pro က Redmi Note 11 Pro 5G ကို ကျောဖက် Design ပြောင်းလိုက်တာပါပဲ။ ဒီလို မျိုး က တော့ Poco က လုပ်နေကျ ဆိုတော့ သိပ်တော့လဲ မထူး ဆန်းပါဘူး ဒါပေမဲ့ Design ကတော့ Poco ပါပဲ။

ကဲ စလိုက် ရအောင် ...

အရင်ဆုံး ထုံးစံ အတိုင်း Box ထဲ မှာဘာတွေ ပါမလဲ ဆိုရင်
POCO ရဲ့ symbol လို့ပြောလို့ရတဲ့ အဝါရောင် ဘူးထဲမှာ
67W charger,
cable,
clear case,
screen protector ပါးပါးလေး,
အခြား စက္ကူတွေ 😬 ပါတာကိုတွေ့ရမှာပါ။

Design

POCO X4 Pro 5G ရဲ့ မှာ plastic frame ပဲ သုံးထားပြီးတော့ ကျောဖက်ကတော့ glass ပါ။ POCO က ဒီ model မှာ design ကို သေချာလေး အသေးစိတ်ထားတာတော့တွေ့ရတယ် အရင် poco x3 pro ထက် သိသိသာသာ လေး တိုးတက်လာတယ် လို့ပြောရမယ်။
ကျောဖက်က မနှစ်က Mi 11 Ultra design လိုလို ဘာလိုလို နဲ့ အဲလိုပြောလို့ secondary display တော့ လိုက်မရှာနဲ့ပေါ့ ဗျာ ဘယ်ပါမလဲ။ camera bump ထဲမှာ Logo တွေ Sensor တွေ LED တွေပဲ တွေ့ရမှာပါ။ ကျောဖက်ကို ဘေးဘာညာ စောင်းပြီး ကြည့်ရင် အလင်းတန်း ဖျာ ထွက် သလိုလို pattern design နဲ့ အတော်လေး ကြည့်ရတာ အဆင်ပြေပါတယ်။ Design ကို ကြည့်လိုက်တာ နဲ့ အခြားဖုန်းတွေနဲ့ကွဲ ထွက်နေပြီး premium ဆန်တာကို တွေ့ရမှာပါ။

ဒါပေမဲ့ လေးထောင့်ဆန်ဆန် ဘောင်တွေနဲ့ နောက်ဖက်ကလဲ အပြောင် ဆိုတော့ ကိုင်ရတာ grid မကောင်းဘူး သက်တောင့်သက်သာမဖြစ်ဘူး လို့တော့ခံစားရတယ်။ POCO X3 pro ထက်တော့ ကိုင်ရ တာ ပေါ့တယ်၊ ပိုပြီး ပါးတယ်။ အဲတစ်ခုတော့ အဆင်ပြေတယ်။

ဖုန်းရဲ့ အောက်‌‌‌‌‌ဖက်မှာတော့ Main speaker ရယ် type-c charging ပေါက်ရယ် mic ပေါက်ရယ်
Dual SIM slot ( SD card ထည့်မယ်ဆို SIM တစ်ခုပဲ ရ) ရယ်တွေ့ရမှာ ဖြစ်ပီး အပေါ်ဖက်မှာတော့ နော​က်ထပ် speaker ရယ် second mic ရယ် IR sensor ရယ် အားလုံးအကြိုက် 3.5 mm headphone ပေါက်ကိုတွေ့ရမှာပါ။
ဖုန်းရဲ့ ညာဖက်မှာတော့ volume rocker နဲ့ fingerprint reader ပါတဲ့ power button ကိုတွေ့ရမှာ ဖြစ်ပြီး ဘယ်ဖက်မှာတော့ ဘာမှ မရှိပါဘူး။
Fingerprint ကလဲ အတော်လေး reliable ဖြစ်ပြီး မြန်တယ်။
Display
display က ဒီ ဖုန်းရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ထဲက တစ်ခုပါ။
6.67 " 1080 x 2400 piclxel ရှိတဲ့ AMOLED display ဖြစ်ပြီး DCI - P3 color profile ပါ support လုပ်ပါသေးတယ်။ peak brightness က 1200 nits ထိရှိပြီး 20:9 ratio ရှိပါတယ်။ ပြီးတော့ 120 hz refresh rate လဲ ပါပါသေးတယ်။ AMOLED display ကြီး လို့ပြောတာနဲ့ flagships ဖုန်းတွေက display လိုကောင်တာလို့တော့ မထင်နဲ့ပေါ့ ဗျာ ဒါပေမဲ့ အလယ်အလတ် တန်းစား ဖုန်း တစ်လုံး အတွက်တော့ လိုတာထက် ပိုကောင်းမယ်လို့တော့ ပြောလို့ရတယ်။
ဒီမှာ အဆင်မပြေတာလေးတစ်ခုက color က နဲနဲ လေး cool ဖြစ်တဲ့ ဖက်ကို ရောက်နေတယ်။ အပြာရောင်ဆန်ဆန် ဖြစ်နေတယ်ပေါ့ဗျာ။ ကျွန်တော့် အတွက်က တော့ အဲလို color ကို သဘောကျတော့ ပြဿနာ မဟုတ်ပေမဲ့ အချို့ သူတွေအတွက်ကျ စကြည့် လိုက်တာနဲ့ အဆင်မပြေ တန်းဖြစ်နိုင်ပါတယ်။

Performance

Poco X4 Pro မှာ Qualcomm ရဲ့ 2 Kryo 660 gold cors နဲ့ 6 Kryo 660 Silver cores ဆိုပြီး 8 cores processor ပါတဲ့ Snapdragon 695 5G (6 nm) ကို သုံး ပေးထားပြီး GPU ကတော့ Andreno 619 graphic chip နဲ့ပါ။
ခုလက်ရှိ ကျွန်တော့်ဆီမှာ ရှိတာက 8/256 version ဖြစ်ပြီး RAM က LPDDR4X ဖြစ်ပြီး UFS 2.2 storage နဲ့ပါ။ 6/128 version လဲ ဝယ်လို့ရပါတယ်။ ပြီးတော့ UFS 2.2 ကြောင့် နောက်ထပ် RAM 3 GB auto increase တိုးပြီးရပါသေးတယ်။ ဒီ RAM အကြောင်းကို သိချင်ရင် comment မှာ ပြေား သွားပေး ပါ သိချင်တဲ့ သူ မသိသေးတဲ့ သူ ရှိရင် နောက်ရက် မှာ Post တစ်ခုနဲ့ ပြောပြပေးပါမယ်။

အမှန် အတိုင်းပြောရရင် performance အတွက် သေချာ စမ်းဖို့ ကျွန်တော့် အချိန်မရလိုက်ပါဘူး Benchmark တွေဘာတွေ တော့ စမ်းလိုက်တယ်ပေါ့လေ ဘယ်လောက်ရလဲ တော့ မပြောနေတော့ဘူး အတော်လေး ကောင်းနဲ့ score တော့ရပါတယ်။
Snapdragon 860 USF 3.1 သုံးထားတဲ့ POCO X3 Pro နဲ့ ဆိုရင် တော့ အတော်တော့ စိတ်ပျက်စရာကောင်းမယ်ထင်တယ်။ ကျွန်တော် ဒီဖုန်းကို စိတ်ပျက်မိတာလဲ ဒီအပိုင်းပဲ။ ဘာလို့ဆို ကျွန်တော်က Snapdragon 870 နဲ့ လာမယ် ထင်ထားတာ ခုတော့ ထင်ထားတာနဲ့ တစ်ခြားစီ 🙂။
daily usage နဲ့ ပေါ့ပေါ့ ပါးပါး game လောက်ကတော့ အဆင်ပြေပြေ ပဲ သုံးနိုင်မှာပါ။အဲတာတော့သေချာတယ် Redmi note 11 pro 5G global သုံးဖူးတဲ့ သူတွေ ဆို သိလိမ့်မယ်။

Camera

POCO X4 Pro က photo ပိုင်းမှာလဲ စိတ်ကျေနပ် မှုတော့ ရစေမှာပါ။ ကျွန်တော် တို့ သိပြီးသား 108 Mp Samsung S5KHM2 ကို ပဲ သုံးထားပါတယ်။Mi 11T Pro တို့ Redmi Note 10 pro တို့မှာ သုံးထားပြီး quality က အတော်လေး အဆင်ပြေ ခဲ့တာ ကိုသိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ Mi 11T Pro လောက် ကောင်းမှာ မဟုတ်တာကိုတော့ သတိပြုရမှာပါ။
sensor spec တွေကတော့ 108 Mp f/1.9 main sensor၊ 8 Mp f/2.2 ultra wide sensor နဲ့ 2 Mp macro sensor တွေ တပ်ဆင်ထားပါတယ်။ Selfie အတွက်တော့ 16 Mp f/2.4 ပါ။
ဒီဖုန်းမှာ Samsung ရဲ့ 108 Mp main sensor က အကောင်းဆုံး ဆိုတာ အရှင်းကြီးပါ 😁။ တစ်ကယ်လည်း ပုံထွက်က အတော်လေးကို ကောင်းပါတယ်။color တွေ sharpness တွေ အတော်ကို အဆင်ပြေတယ် ဒီ sensorနဲ့ ပုံကောင်းကောင်း ရိုက်လို့ရပါတယ်။ ဒါက အလင်းရောင်းကောင်းကောင်း ရရင်ပြောတာပါ။ ညပိုင်းတို့ အလင်းအားနည်းတဲ့ အချိန်တွေမှာဆိုရင်တော့ ပြဿနာလေး နည်းနည်းရှိလာပါတယ်။ sharpness တွေ သိပ်မကောင်းတော့သလို noise တွေလဲ မြင်လာရပါတယ်။
nightmode ကတော့ အဓိက သိသာလာတာကတော့ ပုံတွေ မှာ bright ဖြစ်လာတာပါပဲ။ တစိခါတစ်လေတော့ detail မရတာ sharpness မကောင်းတာ overexposed ဖြစ်တာတွေတော့ ရှိပါတယ်။
wide sensor မှာတော့ ကျွန်တော့ အထင် color က နည်းနည်း warm ဖြစ်တဲ့ ဖက်ကို ရောက်ပါတယ်။ sharpness နဲ့ dynamic range တွေလဲ မကောင်းပါဘူး။ သဘော မကျဆုံးက detail မရတဲ့ နေရာလေးတွေမှာ underexposed ဖြစ်ရင် ဖြစ် မဖြစ်ရင် overexposed ဖြစ်နေတာပါ။
macro sensor ကတော့ အတော်လေး အဆင်မပြေတာတွေ့ရပါတယ်။ နေခင်းကြောင်တောင် ရိုက်တာတောင် noise တွေထပါတယ်။

video ရိုက်မယ် ဆိုရင် 1080p/720p ကို 30fps နဲ့ပဲ ရိုက်နိုင်ပါတယ်။ ဒီဈေး နဲ့ဆိုတော့ optical stabilization လဲ မပါ ပါဘူး။ ဆိုတော့ video quality ကလဲ အားရဖို့ မကောင်းပါဘူး။ POCO က 108 Mp ကို တပ်ဆငိထားပေမဲ့ အပြည့်အဝတော့ အသုံးချလို့ မရနိုင်ဘူးလို့ပြောရမယ်။

Battery & Changing

POCO X4 Pro မှာ 5000 mAh battery ပါ ဝင်ပါတယ် ဒါကြောင့် ဖုန်းက အရမ်းကြီး ပါးလွှာပြီး သေးနေမှာတော့ မဟုတ်ပါဘူး။ 2 day ဖုန်း အနေနဲ့ သုံးမယ် ဆိုသုံးလို့ရပါတယ်။ ကျွန်တော့် စမ်းသုံးကြည့်နေကျ အတိုင်း သုံးတာတော့ တစ်ရက်ခွဲ ကျော်ကျော် လေးတော့ ရပါတယ်။ 120 Hz ကို အမြဲ ဖွင့်ထားတာပါ။ 2 day သုံးချင်ရင်တော့ နည်းနည်း လျော့သုံးရပါမယ်။
Charging အတွက် 67 W ပါတဲ့ အတွက် 100% ပြည့်ဖို့ 45 မိနစ်လောက်ကြာပါတယ် တစ်ခါတစ်လေ 48 မိနစ်လောက်ပါ။
Software အတွက်တော့ latest MIUI 13 နဲ့လာတာဖြစ်းပြီး Android 11 နဲ့ပါ။ 12 တော့မရသေးပါဘူး။ UI ကတော့ ထွေထူး ပြောစရာလိုမယ် မထင်ပါဘူး။ ဒါပေမဲ့ တစ်ခု ထူးခြားတာက factory reset ချလိုက်တာ pre-installed bloatware တွေ ပျောက်သွားပါတယ်။ ကျွန်တော်လဲ google မှာ တွေ့လိုက်လို့ လုပ်ကြည့်တာပါ။ ခင်ဗျာတို့ကော အဲလို ဖြစ်လား comment ခဲ့ပါအုံး။

Connectivity & Speaker

Connectivity မှာ အဓိကပြောချင်တာကတော့ အားလုံး အကြိုက် 3.5 mm headphone port ပါတာ ကိုပါ။ MicroSD လဲ စိုက်လို့ရပါသေးတယ်။ 5G ပါမယ် Bluetooth 5.1 ပါမယ်။
speaker ကတော့ dual speaker နဲ့ ဖြစ်ပြီး volume ကတော့ အတော်လေးကို ကျယ်ပါတယ်။ audio quality က အကောင်းကြီးမဟုတိပေမဲ့ Bass ကတော့ မဆိုးပါဘူး။ overall ကတော့ အတော်လေးကို အဆင်ပြေတဲ့ studio speaker ပါ။

နောက်ဆုံးအနေနဲ့ ပြောရရင် .....

POCO X4 Pro5G က အတော်လေး စိတ်ဝင်စား စရာ Mid level ဖုန်းပါ။ ဈေးနှုန်း 6 သိန်း ဝန်းကျင်မှာ 5G 6nm processor ( အရမ်း powerfull မဖြစ်ပေမဲ့) 120 Hz AMOLED display ကို selfie camera size က သေးသေးလေးနဲ့ ပြီးတော့ 67 W fast charging ရမှာပါ။အော် 108 Mp main camera ပါ ပါသေးတယ်။ daily driver အနေနဲ့ သုံးကြည့်တာတော့ အဆင်မပြေတာမရှိပါဘူး။
သဘော မတွေ့ တာကတော့ အရင် model ဖြစ်တဲ့ POCO X3 Pro နဲ့ ယှဉ်တဲ့ အခါမှာပါ။ X30 Pro က ပို ပြီး powerful ဖြစ်တဲ့ အတွက် ကျွန်တော့် အတွက်တော့ အနည်းငယ် စိတ်ပျက်မိပါတယ်။ X3 Pro မှာ 5G မပါတာ camera သိပ်မကောင်းတာ တွေ ရှိပေမဲ့ပေါ့လေ။ Deaign ပိုင်းလဲ သိသိသာသာ တော့ကွာပါတယ်။ POCO က performance အစား အခြား လိုအပ်တဲ့ နေရာတွေကို နည်းနည်း စီဖြည့်ပြီး balanced ဖြစ်အောင် လုပ်လိုက်တဲ့ သဘောပါ။ ဒီဆုံးဖြတ်ချက် မှန်မှန်ဆိုတာကတော့ တစ်ဦးတစ်ယောက် ချင်းစီ မှာ မတူ ညီနိုင်ပါဘူး။ ကျွန်တော့် အတွက်ကတော့ ဒါကို သဘောမကျပါဘူး ကျွန်တော်ကတော့ camera တွေ ကောင်းတာထက် Performances ကို ပိုကြိုက်ပါတယ်။ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ ဒီလို balanced ဖြစ်အောင် လုပ်လိုက်ပြီး 6 သိန်းပေးရတာ တန်တယ်ထင်လား အရင် POCO X3 Pro လိုမျိုး ပိုသဘောကျလား comments မှာ ဆွေးနွေး သွားကြပါအုံး။

ဒီလို အကြောင်းအရာတွေကို ပုံမှန် တင်ပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်လို့ Page ကို Like မလုပ်ရသေးဘူး ဆိုရင် Like လေး တစ်ချက်နှိပ်ပြီး ကူညီပေးပါအုံးခင်ဗျာ။ဒီpost လေးကို သဘောကျတယ်ဆိုရင်လဲ share ပေးသွားရင်တော့ ကျေးဇူး တင်မိမှာပါ။

OnePlus 9R reviewOnePlus 9 series ကတော့ ထွက်တာ ကြာပါပြီ ကျွန်တော်ကတော့ ခုမှ ကိုင်ဖူးတာမလို့ review လေး ရေး ဖြစ်တာပါ အားလ...
04/04/2022

OnePlus 9R review

OnePlus 9 series ကတော့ ထွက်တာ ကြာပါပြီ ကျွန်တော်ကတော့ ခုမှ ကိုင်ဖူးတာမလို့ review လေး ရေး ဖြစ်တာပါ အားလုံးလဲ စိတ်ဝင်စားကြမယ်လို့ ထင်တယ်။

အဲတော့ စလိုက်ရအောင်
ပထမဆုံး အနေနဲ့ ထုံးစံအတိုင်း box ထဲမှာ ဘာတွေပါမလဲ ဆိုရင်အနီရောင် box ထဲမှာ
ဖုန်းပါမယ်,
silicon cover ပါမယ်
65W charger,
type-c data cable,
manual စာရွက်တွေနဲ့ sticker တွေပါမယ်။
Design
design ပိုင်းမှာတော့ 9 နဲ့ 9 pro တို့မှာလိုပဲ design ကို သုံးထားတယ် sensors ပေါက်တွေတော့ မတူဘူးပေါ့။
Camera bump style က 8 series မှာလို အမဲရောင် မဟုတ်ပဲ body က အရောင် အတိုင်း လုပ်ထားပါတယ်။
frame ကတော့ aluminum ဖြစ်းပြီး နောက်ကျောကတော့ glass (gorilla glass 5)နဲ့ပါ။ ဒါက plastic frame သုံးထားတဲ့ oneplus 9 ထက်ပိုသာတဲ့ အချက်ပါ။ design structure ကတော့ အတော်လေးကို solid ဖြစ်ပြီး ကိုင်ရ တာ ကျစ်ကျစ် လစ်လစ်ရှိပါတယ်။161 x 74.1 x 8.4 mm size က manage လုပ်ရတာ အဆင်တော့ ပြေပါတယ် weight ကတောါ 189 g ပါ။

အောက်ခြေဖက်မှာ တော့ သိကြပြီးတဲ့ အတိုင်း Dual SIM slot, mian mic, USB type-C နဲ့ speaker ပေါက်တွေ တွေ့ ရမှာပါ။ အပေါ်ဖက်ကတော့ secondary mic တစ်ခုပဲ ရှိပါတယ်။ ညာဖက်မှာတော့ ထုံးစံအတိုင်း power bottom နဲ့ classic oneplus switch တွေ့ရမှာ ဖြစ်ပြီး ဘယ်ဖက်မှာတော့ volume rocker တွေ ရှိမှာဖြစ်ပါတယ်။
ဒီမှာ တစ်ခု သဘော မကျစရာက IP rating အကြောင်း ဘာတစ်ခုမှ မပါ ပါဘူး။

Display
OnePlus 9R မှာ 6.55 inches FULL HD+ fluid AMOLED display နဲ့ ဖြစ်ပြီး aspect ratio ကတော့ 20:9 နဲ့ ဖြစ်ပါတယ်။ pixel density အနေနဲ့ 402 PPI ဖြစ်ပြီး HDR10 plus ပါ support လုပ်ပါသေးတယ် ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး 120Hz refresh rate လည်း ပါ ပါသေးတယ်။Protection အတွက် ကျောဖက်မှာလိုပဲ Gorilla Glass 5 ပါဝင်ပါတယ်။ Wow ရွတ်ပြရတာ အရသာရှိနေတာပဲ 😋။ Display မှာတော့ OnePlus ကို ချီးကျူး မယ်ဆို ချီးကျူးလို့ ရပါတယ် Display quality ကောင်းတယ် အရောင်တွေ မှန်တယ် စိုတယ် contrast လဲ အဆင်ပြေတယ် brightness လဲကောင်းတယ်။ color တွေကို setting ထဲမှာ manage လုပ်လို့ရသေးတာတော့ လူတိုင်း သိမယ်ထင်တယ်။refresh rate ကိုပြောမယ်ဆိုရင် တော့ 60 hz နဲ့ 120 hz auto ပြောင်းပေးတဲ့ mode လေး မပါတာတော့ သဘောမကျ ပါဘူး Personally ပေါ့နော်။ လူတိုင်း အတွက်တော့ ဒါဟာ အရေးမပါလှပါဘူး။

Hardware & Performance
OnePlus 9R မှာ Qualcomm ရဲ Snapdragon 888 တို့ Gen 1 တို့ နဲ့တော့ မဟုတ်ဘူး highend-mid range chip ဖြစ်တဲ့ Snapdrago 870 5G ကိုသုံးပေးထားပါတယ်။ Kryo 585 octa-core CPU နဲ့ Adreno 650 GPU တွေကို သုံးထားပါတယ်။
Memories အနေနဲ့ 8Gb နဲ့ UFS 3.1 storage 128 Gb ပါဝင်ပါတယ်။ Expand လုပ်လို့တော့မရပါဘူး။
Ram 12 GB storage 256 Gb နဲ့လဲ ရွေးချယ်လို့ ရပါတယ်။
performances အနေနဲ့က Snapdragon 870 က ပြောစရာကိူ မလိုအောင်ကောင်းပီးသးပါ။ Software တွေ 120 hz display တွေရဲ့ အရသာ ကို ကောင်းကောင်း ခံစားနိုင်ဖို့တော့ အာမခံပါတယ်။ Gaming အတွက်လဲ လက်ရှိ ခေတ်စားနေတဲ့ Gaming တော်တော် များများ ကို သိသိသာသာ frame drops ဖြစ်တာ မျိုး မရှိပါဘူး။ ရာသီဥတု ပူတဲ့ အခါတော့ အနည်းနဲ့ အများတော့ ရှိတာပေါ့လေ။
Haptic feedback လေးကလဲ မဆိုးပါဘူး။အရမ်းလဲ မပြင်းသလို soft လဲ မဖြစ်ပါဘူး။ ကျွန်တော့်အတွက်တော့ နည်းနည်း soft ဖြစ်တယ် လို့ ခံစားရတယ်။

Camera
Camera အတွက်ကတော့ OnePlus 8T နဲ့ အတူတူပါပဲ။ Main sensor အနေနဲ့ Sony IMX586 48 MP(f/1.7) wide-angle lens က 16MP (f/2.2) angle က 123 degree, macro အတွက် 5MP နဲ့ Monochrome 2 MP တွေ တပ်ဆင်ထားပါတယ်။ ထူးခြားတာက LED flash က နှစ်ခုပါ။
နေ့ဖက်တွေမှာ ဆို color တွေကောင်းတယ် detail level တွေ အဆင်ပြေတယ် contrasts တွေ balanced ဖြစ်တယ် HDR ကအမြဲလိုလို ဝင်နေပီးတော့ အတော်လေးကို အဆင်ပြေတဲ့ ပုံတွေရပါတယ်။ macro နဲ့ wide angle တွေလဲ ကောင်းပါတယ်။ color saturation ကတော့ သိသိသာသာလေး လျော့သွားပါတယ်။
night mod ကတော့ difficult ဖြစ်တဲ့ အခြေနေတွေမှာ ပို လင်းအောင်လုပ်ပေးတယ်။ Optical stabilizer က main sensor မှာပဲ advantage ဖြစ်တယ်။ Wide angle မှာတော့ အဆင်မပြေပါဘူး ပြီးတော့ wide angle မှာ brightness လဲ မကောင်းပါဘူး။
ရှေ့ဖက် မှာတော့ 16MP Sony IMX471 (f/2.4) sensor ကိုတွေရမှာပါ။ stablilzer လဲပါပါတယ်။
အလင်းရောင် ကောင်းတဲ့ အချိန်မှာတော့ color တွေ ကောင်းတယိ lighting တွေ ကောင်းကောင်း manage လုပ်နိုင်တာတွေ့ရတယ်။ low light မှာတော့ quality ကသိသိသာသာ ကျသွားတယ်ဒီဈေး တန်း အခြား ဖုန်းတွေလိုပဲ noise တွေထလာပါတယ်။
Video ကို 4K 60 or 30 fps နဲ့ ရိုက်လို့
တယ် overall quality ကတော့ ကောင်းတယ်ပြောရမယ်။ Optical stabilization ကြောင့် အတော်လေးကောင်းတယ် focus တွေ မြန်ပြီး color တွေလဲကောင်းပါတယ်။

Audio & Connectivity
OnePlus 9R မှာ studio speaker ပါဝင်ပါတယ်။ Volume က ကျယ်တယ် audio အသံထွက်ကောင်းတယ် balanced ဖြစ်တယ်။ overall အနေနဲ့ အဆင်ပြေပါတယ်။ Incall audio လဲ ရှင်းရှင်းလင်းလင်းနဲ့ microphone ကလဲ ကောင်းကောင်း အလုပ် ဖြစ်ပါတယ်။
Connectivity မှာ ဆိုရင် Dual SIM 5G NSA, Bluetooth 5.1, Wifi 6 နဲ့ USB type-C 3.1 တို့ပါဝင်ပါတယ်။ အခြား ဟာတွေတော့ မပြောနေတော့ဘူး။
Fingerprints sensor က display အောက်မှာ ဖြစ်ပြီး အခြား oneplus ဖုန်းတွေလိုပဲ accurate and reliable ဖြစ်ပေမဲ့ အခြား သူ့ ပြိုင်ဖက်တွေထက် မဆိုသလောက်ကလေး unlock လုပ်ရတာကြာနေတယ်လို့ထင်တယ်။ 2D facial unlock လဲပါပါသေးတယ်။

Software
အစဝယ်တုန်းက တော့ Android 11 နဲ့ Oxigen os 11 ကို သုံးလို့ ရမှာပါ ။ Software ကတော့ အားလုံး သိပြီးသားဖြစိလို့ ရှည်ရှည် ဝေးဝေး မပြောနေတော့ပါဘူး။ daily usage မှာ ဘာ bugs မှာ မတွေ့ပါဘူး။

Battery
OnePlus 9R မှာ 4500mAh ပါပြီး OxygenOs ရဲ့ power efficent ဖြစ်တာနဲ့ ဆိုတော့ သင့်ရဲ့ လုပ်ငန်းခွင်တစ်နေ့တာကို ကောင်းကောင်းကြီးကျော်ဖြတ်နိုင်ပါတယ်။ ကျွန်တော့် တစ်နေ့တာ သုံးတဲ့ ပုံစံအရ
social media ကြည့်မယ်video call ပြောမယ် ဖုန်းပြောမယ် ဓာတ်ပုံရိုက်မယ် နာရီဝက်လောက် game ဆော့မယ် TWS နဲ့ သီချင်းနားထောင်မယ် ဒီလို သုံးတာကို 25 or 30 % လောက် ကျန်တာတွေ့ရတယ်။
65 W လဲပါတဲ့ အတွက် 0 to 100 ကို 40/45 မိနစ်လောက်ပဲ ကြာပါတယ်။ ဒါပေမဲ့ Wireless charging တော့ မပါ ပါဘူး။

နောက်ဆုံး အနေနဲ့ ပြောရရင် OnePlus 9R က 8/128 ကို ကိုးသိနိးကျော် ဆယ်သိန်း ဝန်းကျင် မှာ ဈေးက ရှိပါတယ်။
Oneplus 9 နဲ့ 8T ခြားက ကောင်လို့ ပြောလို့ ရတယ်။ 8T ကနေ တစ်ချို့ technical feature တွေ ယူလာပြီး design နဲ့ build Quality မှာ လဲ မနည်းငယ် တိုးတက်လာပါတယ်။ Oneplus 9R ကို MidRange ဖုန်းလို့ ပြောမယ် ဆိုရင် Flagship killer လိုလဲ နာမည်တပ် မယ်ဆို တပ်လို့ရပါတယ်။
Performance ကို ကြိုက်တဲ့ သူတွေ အတွက်လဲ Snapgradon 870 က ကောင်းကောင်းကြီး အဆင်ပြေတယ်။ လက်တွေ မှာ 888 နဲ့ သိပ်ကွာ လှတာ မဟုတ်ပါဘူး။ ဒါအပြင် 120 hz Amoled display ပါမယ် 65W fast charging နဲ့ all day battery ပါမယ် design ကျစ်ကျစ်လစ်လစ်နဲ့ camera ကလဲ အဆင်ပြေတော့ premium phone ကိုင်ဖို့ ရည်ရွယ်နေတဲ့ သာမန် user တွေ အပြင် gamers တွေ multitasker တွေ vlogger တွေ ထိပါ အဆင်ပြေပြေ သုံးနိုင် အကြိုက်တွေ့နိုင်မှာပါ။
OnePlus 9R က Oneplus ရဲ့ အကောင်း ဆုံး ဖုန်း မဟုတ်ပေမဲ့ expensive smartphone experience ကို ဈေးအသင့်အတင့်နဲ့ ခံစားနိုင် OnePlus ရဲ့ လက်ရှိမှာ အရွေးချယ်သင့်ဆုံး ဖုန်းလို့ပြောလို့ရပါတယ်။ ဘာလို့ ဆီု 10 series က ဈေးများတယ်လေ 😁။

ဒီလို အကြောင်းအရာတွေကို ပုံမှန် တင်ပေးနိုငိအောင် ကြိုးစားသွားမှာ ဖြစ်လို့ Page ကို Like မလုပ်ရသေးဘူး ဆိုရင် Like လေး တစ်ချက်နှိပ်ပြီး ကူညီပေးပါအုံးခင်ဗျာ။ဒီpost လေးကို သဘောကျတယ်ဆိုရငိလဲ share ပေးသွားရင်တော့ ကျေးဇူး တင်မိမှာပါ။
နောက် တစ်ခါမှာတော့ Poco X4pro ကို ရေးနိုင်အောင် ကြိုးစားမှာ ဖြစ်လို့ မလွတ်တန်း စောင့်ပေးကြပါအုံး ခင်ဗျာ။

Royal Kludge RK61 60% Mechanical Gaming Wireless KeyboardHello 👋 , မတွေ့တာ ကြာပြီ ဗျာ ဒီနေ့မှာ တော့ Budge wireless keybo...
20/03/2022

Royal Kludge RK61 60% Mechanical Gaming Wireless Keyboard

Hello 👋 , မတွေ့တာ ကြာပြီ ဗျာ
ဒီနေ့မှာ တော့ Budge wireless keyboards တွေ ထဲ မှာ အတော်လေး လူကြိုက် များ နေတဲ့ Royal Kludge 60% keyboard လေး အကြောင်းပြောရအောင်။
အရင်ဆုံး keyboard ကို unbox လိုက်ရင်ဘာတွေ တွေ့ရမလဲ ဆိုရင်
keyboard ,
USB cable,
keycaps puller,
နဲ့ ထုံးစံ အတိုင် User manual စာရွက်တွေ ကို တွေ့ရမှာပါ။

ကဲ keyboard ဖက်ကို သွားလိုက်ရအောင်...

အရင်ဆုံး specifications လေးတွေ ပြောကြည့်ရအောင်

Model Name က RK 61 (RGB version)
Color အနေနဲ့ အဖြူနဲ့ အနက် ရောင်ဆိုပြီး ရွေး လို့ရမယ်
keycaps တွေက တော့ ABS ပလပ်စတစ် (plastic ) ပါ
switch အနေနဲ့ RK own switch ကို သုံးထားပြီး ခုကျွန်တော့် ဆီမှာ တော့ Brown switch ပါ။
red switch နဲ့ blue switch ဆိုပြီး ရွေးလို့ရပါသေးတယ်။

connectivity အနေနဲ့ Bluetooth ကော USB cable နဲ့ ပါ သုံးလို့ရတဲ့ dualmode system ပါ။ Bluetooth devices သုံးခု ထိ သုံးလို့ ရပါတယ်။
layout ကတော့ 61 keys နဲ့ 60% keyboard layout ဖြစ်ပြီး Dimension အနေနဲ 11.46"x3.98"x1.54" လို့ဆိုပါတယ်( ကျွန်တော် မတိုင်းထားပါ)
အတော်လေး ကို compact ဖြစ်ပြီး ကျွန်တော့်လို minimalist သမားတွေ desk space အတွက် limit ရှိတဲ့ သူတွေ အတွက်တော့ အတော်ကို အကြိုက်တွေ့မှာသေချာပါတယ်။
RK 61 မှာ RGB backlit feature ပါပြီးတော့ 18 RGB mode ထိ သုံးလို့ ရမှာပါ။

Build quality အနေနဲ့ ဒီ keyboard မှာ case ကတော့ ပလပ်စတစ်(plastic) ကိုပဲ သုံးထားပြီးတော့ နည်းနည်းတော့ cheap ဖြစ်တဲ့ ပုံပေါက်ပါတယ်။ ဒါပေမဲ့ keyboard တစ်ခုလုံး flex ဖြစ်တဲ့ နေရာမရှိပဲ တောင့်တောင့် တင်းတင်းပါပဲ။
အောက် ခြေ ဖက်မှာတော့ power ဖွင့်ဖို့ ခလုပ်လေးကို အလယ်နားလောက်မှာ တွေ့ရမှာပါ။ အဲအောက်ခြေ မှာပဲ အတော်လေး သဘော မကျ စရာတစ်ခုက keyboard angle ကို ချိန်ဖို့ ဘာတစ်ခုမှ မပါပါဘူး rubber pads လေးတွေပဲ ကပ်ထားတာပါ။
ကျွန်တော့ အတွက် တော့ angle အနေထားက အဆင်ပြေတယ် ဆိုပေမဲ့ adjust လုပ်ချင်တဲ့ သူတွေ အတွက်တော့ အတော်လေး သဘော မကျစရာပါ။
overall build quality ကတော့ cheap ဖြစ်တယိဆိုပေမဲ့ အပြစ်ပြောဖို့လဲ ခက်ပါတယ်။

Keyboard ရဲ့ ထိပ်ဖက်မှာတော့ USB-C ပေါက်ကို changing နဲ့ wired mod အတွက် တွေရမှာ ဖြစ်ပီး
သူ့မှာပါတဲ့ cable ကလဲ ကျွန်တော့် အတွက်တော့ တိုတယ် လို့ပြောရမယ် ပိုရှည်တဲ့ cable နဲ့ ပြောင်းပြီး သုံး သင့်တယ်ထင်တယ်။

Keycaps တွေ အနေနဲ့ ကတော့ ပလပ်စတစ်(plastic )ABS keycaps တွေပါ 1.5 mm ထူးပါတယ်။ keycapa တွေက smooth texture ရတယ် ဆိုပေမဲ့ သူလဲ cheap ဖြစ်တယ်လို့ ခံစားရပါတယ်။ ဒီဈေး တန်းက keyboard တွေက ဒီလိုပဲ ဆိုပေမဲ့ သူ့ထက် နည်းနည်း ကောင်းတဲ့ keycaps နဲ့ ကောင်တွေ တွေ့ဖူးပါတယ်။ နောက်ပြီး Spacebar key က အတော်လေးကို ဆူညံတယ် လို့ ခံစားရပါတယ် ကျွန်တော့် ဆီမှာပဲ ဖြစ်တာလားတော့ မပြောတတ်ဘူး သုံးနေပီးသားသူတွေ မှာကော အဲလို ဖြစ်လား comment မှာ ပြောသွားပေးပါအုံး။

Switch အနေနဲ့ ကျွန်တော့်မှာဆော့ RK brown switch ပါ။ Royal Kludge က သူတို့ရဲ့ ကိုယ်ပိုင် ဖြစ်တဲ့ RK switch တွေကို သုံးထားပါတယ်။ အမှန်တော့ Cherry MX ကို clone ထားတာပါ။ Actuation point အနေနဲ့ 1.2mm နဲ့ Travel distance ကတော့ 2.5 mm ပါ။ keystrokes တွေရဲ့ life Span က 50 million times လို့ ပြောထားပါတယ်။ ဒီဈေးတန်းမှာတော့ အတော်ကို typing experience ကောင်းတဲ့ keyboard ပါ။ wireless mode မှာ latency မဆိုသလောက်လေး ရှိပေမဲ့ တစ်ကယ့် လက်တွေမှာတော့ သိတောင် မသိသာပါဘူး။ wired mode မှာ တော့ keyboard chacker နဲ့ စမ်းကြည့်တာတော့ ဘာ ပြဿနာ မှကိူ မရှိတာပါ။ Keystrokes တွေကို တပြိုင်တည်း အဆက်မပြတ် နိပ်တာတောင် ဘာ conflicts ဖြစ်တာ မျိုး မှ မတွေ့ရပါဘူး။

Gaming အတွက်တော့ ကျွန်တော်က wired mode နဲ့ပဲ စမ်းထားပါတယ် အတော်လေးကို အဆင်ပြေပြီး ဘာ issue မှ မရှိပါဘူး angle အဆင်မပြေတဲ့ သူတွေ အတွက်တော့ ပြဿနာ ရှိနိုငိပါတယ်။ Keyboard မှာက weight လေးလဲ အတော်အသင့် ရှိတော့ stable ဖြစ်ပြီး ဆော့နေတဲ့ အချိန် ရွေ့သွားတာ မျိုး တော့ သိပ်မဖြစ်ပါဘူး Rubber pads တွေလဲပါတော့။ ကျွန်တော် ဒီ keyboard ကို အလုပ် အတွက်သုံးကြည့် တယ် game ဆော့တယ် အတော်လေးကို ဒီဈေးနဲ့ သဘောကျမိပါတယ်။

RGB lighting ကို customize ဖို့ option နှစ်ခု ရှိပါတယ်။
ပထမ တစ်ခုက dedicated function keys တွေကို သုံးပြီး color တွေ lighting mode တွေ brightness တွေ speed တွေကို ချိန်လို့ရပါတယ်။
နောက်တစ်ခုက software ကနေ customize လုပ်လို့ ရပါတယ်။ software ကတော့ အတော်လေးကို သုံးရ လွယ်ကူပါတယ်။ software ထဲကနေ တော်တော် များများ ကို customize လုပ်လို့ရပါတယ်။ RGB color တွေ modes တွေ speed ချိန်တာ RGB direction တွေ နဲ့ macros တွေ ပါ customize လုပ်လို့ ရပါတယ်။ ပြီး တော့ gaming mode ပါ ပါ သေးတယ်။
multifunctional keys အနေနဲ့ window အတွက် fn + A key နဲ့ Mac Os အတွက် fn + s key တွေနဲ့ ပြောင်းလို့ ရပါတယ်။
Bluetooth mode အတွက် fn + tab key ကို နှိပ်ပြီး ပြောင်းရမှာ ဖြစ်ပြီး paring mode ဖွင့်ဖို့ fn + p ကို နှိပ်ပြီး ချိတ်ရမှာပါ။
derives သုံးခု ချိတိထားပြီး တစ်ခုနဲ့ တစ် ပြောင်းဖို့ ဆိုရင်
fn + q ,
fn + w,
fn + e
စတဲ့ keys တွေကို နှိပ်ပြီး ပြောင်းလို့ ရမှာပါ။
latency အနေနဲ့ကလဲ အပေါ်မှာ ပြောခဲ့ သလို performance ကို မထိခိုက်ပါဘူး။ ဒီဈေးမှာ တော့ hight-end bluetooth connection ကို မျော်လင့်လို့ မရပေမဲ့ ပါရင်တော့ perfect 👌 ပေါ့။

Battery က 1450mAh ပါပြီး Royal Kludge က 10 hr လို့ပြောပေမဲ့ ကျွန်တော်က 8 hr ဝန်ကျင်ပဲရပါတယ်။100% အားပြည့်ဖို့ဆိုရင် ၃ နာရီကျော်လောက်သွင်းရပါတယ်။

ပိုကောင်းပြီး ပိုဈေးကြီးတဲ့ 60% keyboard တွေတော့ အများကြီးပါ ဒါပေမဲ့ သင်က ပိုက်ဆံ အများကြီး မသုံးပဲ 60% compact gaming keyboard ကောင်းကောင်း သုံးချင်ရင်တော့ RK61 ကအတော်ကောင်းတဲ့ ရွေးချယ်စရာ option တစ်ခုပါ။ RGB lighting ကောင်းကောင်းနဲ့ အတော်လေး ကောင်းတဲ့ mechanical switches တွေ window,Mac,Android နဲ့ ios လို ကြိုက်တဲ့ devices ချိတ်လို့ရပါသေးတယ်။
ABA keycaps တွေက အတော်လေး cheaps ဖြစ်တာရယ် ချောင်နေတဲ့ အသံတွေလိုလို ကြားပြီး stablilze သိပ်မကောင်းတာ တွေလို အခြား ပစ်ချက်တွေ ရှိပေမဲ့ ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ feature တွေ value တွေ က အတော်လေး အဆင်ပြေတာမို့ popular ဖြစ်နေတာတော့ မဆန်းပါဘူး။

Overall အနေနဲ့ ကတော့ အတော်သင့် features တွေနဲ့ compact gaming mechanical keyboard ကို ဈေးအသက်သက် သာသာ နဲ့ ရှာနေတဲ့ ကျွန်တော့် လို လူမျိုး တွေ အတွက်ကတော့ လုံးဝ အကြိုက်တွေမှာပါ။ခုချိန် ဝယ်မယ် ဆိုရင်တော့ ငွေဈေးနှုန်းကြောင့် အနည်းငယ် ဈေးကြီးပါိတယ်😢။
ကဲ ခုလက် ရှိ RK61 သုံးနေတဲ့ ညီကိုတွေ ရှိရင်လဲ အတွေ့ ကြုံလေး share သွားပေးကြပါအုံး။
ဒီလို အကြောင်းအရာတွေကို ပံမှန် တင်ဆက်ပေးနိုင်ဖို့ ပြန်ကြိုး စားသွားမှာ ဖြစ်လို့
နောက်ထပ် အကြောင်း အရာတွေကို မလွတ်ရအောင် Page ကို like follow မလုပ်ရသေးရင် ခုပဲ လုပ်ပေးသွားပါအုံး။

🙄[aluth]
13/03/2022

🙄






[aluth]

Apple ရဲ့ iPhone 13 series က ဘာတွေ ပိုကောင်းလာလဲ?iPhone 13 & mini----------------Design        သိသိသာသာ ပြောင်းလဲသွာတာ မ...
14/09/2021

Apple ရဲ့ iPhone 13 series က ဘာတွေ ပိုကောင်းလာလဲ?

iPhone 13 & mini
----------------

Design
သိသိသာသာ ပြောင်းလဲသွာတာ မျိုးမရှိပါဘူး။
ရှေ့ဖက်က Notch က 20% ပိုသေးသွားမယ်၊ နောက်ဖက်က Camera က 12 series မှာလို ဒေါင်လိုက်မဟုတ်တော့ပဲ ဘေးစောင်း ဖြစ်သွားမယ်

Chips and performance
5nm A15 Bionic chip 6-core CPU ( high-performance cores အသစ် 2 ခု high-efficiency cores အသစ် 4ခု) ဈေးကွက်ထဲက ပြိုင်ဖက်တွေထက် CPU 50% ပိုမြန်ပြီး graphic ကလဲ up to 30% ပိုမြန်တယ်လို့ ပြောပါတယ်။ ဘယ်ဖုန်းနဲ့ တိုင်းလဲတော့ မသိဘူး😜။

Cameras
နောက်ဖက်မှာ 12mp wide lens နှစ်ခုကို သုံးပေးထားပြီး low light ပိုကောင်းလာမယ်
photography အတွက် 50% နီးပါးလောက် ပိုကောင်းလာမယ်ပေါ့။

Battery
mini မှာဆို 12 mini ထက် တစ်နရရီခွဲ၊ 13 က 12 ထက် နှစ်နာရီခွဲ ပိုခံမယ်ပြောပါတယ်။

Storage
128, 258, 512 Gb သုံးမျိုး

Color
pink, blue, starlight, midnight, product red

iPhone 13 pro & Pro Max
------------------------

Design
Pro တွေမှာလဲ ဒီလိုပါပဲ Notch 20% သေးမယ်, အရောင် အသစ် Sierra blue အပြာနုနု လေးပါမယ် ဒါပါပဲ။

Display
ဒီမှာတော့ အားလုံးစောင့်မျှော်နေတဲ့ 120Hz ProMotion ပါလာပါပီ။ Super Retina XDR ကို brightness က 1000 nits ပါ။

Cameras
cameras အသစ်သုံးခုပါပြီး sensor size ပိုကြီးလာတာရယ် aperture ပို wide ဖြစ်လာတာ ရယ် ကြောင့် wide camera တွေမှာ Low-light 12 pro တွေ ထက် နှစ်ဆလောက် ပိုကောင်းလာပါတယ်။ telephoto က 3x ထိရမယ် 6x optical zoom အထိရမယ်။

Battery
ဒီမှာ လဲ အရင် 12 pro ထက် တစ်နာရီခွဲ 12 Pro Max ထက် နှစ်နာရီခွဲ ပိုကြာခံပါမယ်။

Storage
128, 256, 512 Gb, 1 Tb လေး မျိုး

Color
graphite, gold, silver, Sierra blue

Apple store တွေမှာ Sep 24 စရောင်းမှာပါ

မတင်တော့ ဘူး လုပ်နေပေမဲ့ လာမေးကြလို့ အကြမ်းဖျင်း တင်ပေးတာပါ အနှောက်ယှက် ဖြစ်သွားရင် sorryပါ ဗျာ

အခြား နည်းပညာ IT , electronic devices တွေနဲ့ ပတ်သက်ပြီး သိချင်တာ များ ရှိရင် လာမေးပါဗျ

လိုအပ် သူတွေ အတွက် မျှဝေ ပေးလိုက်ပါ တယ်ဗျာVPNIOShttps://apps.apple.com/us/app/psiphon/id1276263909https://apps.apple.com...
03/02/2021

လိုအပ် သူတွေ အတွက် မျှဝေ ပေးလိုက်ပါ တယ်ဗျာ

VPN

IOS

https://apps.apple.com/us/app/psiphon/id1276263909

https://apps.apple.com/us/app/vpn-super-unlimited-proxy/id1370293473

https://apps.apple.com/us/app/vpn-proxy-master-super-vpn/id1025707485

Android

https://play.google.com/store/apps/details?id=com.psiphon3.subscription

https://play.google.com/store/apps/details?id=com.app.any.vpn

https://play.google.com/store/apps/details?id=free.vpn.unblock.proxy.vpn.master.p

အာလုံး Stay Safe ပါ

Corsair K100 RGB Mechanical Gaming Keyboard  Corsair က Gaming keyboard အမိုက်စားတွေ ကို ထုတ်လာခဲ့ပြီး  latest keyboard အ...
31/01/2021

Corsair K100 RGB Mechanical Gaming Keyboard

Corsair က Gaming keyboard အမိုက်စားတွေ ကို ထုတ်လာခဲ့ပြီး latest keyboard အနေနဲ့ $200 ကျော်တန် K100 ကို ထုတ်လုပ်ခဲ့တာပါ။ဒီ RGB Mechanical gaming keyboard ဟာ Corsair ရဲ့ ပထမဆုံး Optical-mechnical switches သုံးထားတာဖြစ်ပြီး အဲတာက key input မြန်အောင် light technology ကိုသုံးထားတာလို့ဆိုပါတယ်။နောက်တစ်ခုအနေနဲ့ iCue control wheel ကိုလဲ company ကပထမဆုံး အနေနဲ့ အသုံးပြုလာပြီး gamers တွေ multimedia mavens တွေအတွက် functionality တွေကို on the fly သုံးနိုင်အောင်လုပ်ဆောင်နိုင်ပါ။
ဒီfunctionality အားလုံးကို metal နဲ့ plastic ပေါင်းစပ်ထားတဲ့ frame ထဲမှာအားလုံး တွေ့ရမှာ ဖြစ်ပြီး ရရှည်ခံနိုင်မှု နဲ့ comfort ဖြစ်တယ်လို့ခံစားရပါတယ်။ switches အသစ်တွေဟာ ပုံမှန် Mechanical Keyboard တွေသုံးနေကျသူ တွေအတွက်ဆိုရင် အလွယ်တစ်ကူတော့ use to ဖြစ်စေဖို့တော့ နည်းနည်းခက်ပါတယ်။ဈေးနှုန်းကလဲ အတော်ကို ကြီးတယ်ဆိုပေမဲ့ esport level equipment ကိုရှာနေတဲ့ gamersတွေအတွက်ကတော့ top-list ထဲ ထည့်ထားသင့်တဲ့ Keyboard ပါ။

Design
Design ပိုင်မှာဆိုရင် သေချာတာကတော့ ဘယ်လိုမှာ ကြည့်ရဆိုးတဲ့ keyboard မဟုတ်တာတော့ သေချာပါတယ်။K100 ရဲ့ deck ကို အနက်ရောင် brushed anodized aluminumနဲ့ ပြုလုပ်ထားပြီး PBT နဲ့ ပြုလုပ်ထားတဲ့ keycaps တွေဟာ လဲ ရေရှည်ခံနိုင်အောင်ပုံသွင်းထားပါတယ်။ deck ရဲ့ အပေါ်ဖက် အလယ်လောက်မှာ glossy panel နဲ့ Corsair logo ကိုတွေ့ရမှာဖြစ်ပြီး Macro, Mute နဲ့ Win lock indicators တွေ အစုံလိုက်ကို panel ရဲ့ ဘယ်ဖက်ခြမ်းမှာတွေ့ရမှာ ဖြစ်ပီး Num, Caps, Scroll Lockတွေကိုတော့ ညာဖက်မှာတွေ့ရမှာပါ။
iCue control wheel ကိုတော့ ဘယ်ဖက်ထောင့်မှာတွေ့ရမှာဖြစ်ပြီး သူ့ရဲ့ တစ်ဖက်တစ်ချက်မှာတော့ Profile switch နဲ့ Window lock keys တွေကိုတွေ့ရမှာပါ။Wheel Keyခလုပ်ကိုတော့ အလယ်ကိုအလယ်မှာတွေ့ရမှာပါ။ညာဖက်ထောင် မှာတော့ volume roller နဲ့ mute key ကို တွဲရက်တွေ့ရမှာပါ။Scroll နဲ့ iCue Control နှစ်ခုလုံးစာ သုံးရတာ အဆင်ပြေပြေ ဖြစ်အောင် လက်ချောင်းတွေကို အံဝင်စေဖို့ ခွက်တဲ့ ပုံစံလုပ်ပေးထားပါတယ်။အဲတာက အတော်လေး အဆင်ပြေပြီး ထိရတာ subtle ဖြစ်တယ်လို့ ခံစားရပါတယ်။
Cable ကလဲ တောင့်တောင့်တင်းတင်းရှိပြီး keyboard ရဲ့ အပေါ်ဖက်အလယ်တည့်တည့်ကနေပြီး ထွက်ထားပြီး USB-A နှစ်ချောင်းခွဲထွက် ပေးထားပါတယ်။ cable ရဲ့ဘေးမှာ USB 2.0 တစ်ပေါက်ပါ ပါတယ်။ Keyboard ရဲ့ အောက်ခြေကတော့ plastic နဲ့ ပဲ ပြုလုပ်ထားပြီး ထောင့်လေးခုက reinforced လေးခုကတော့ soft touch material ကို သုံးထားပါတယ်။ အောက်ခြေနောက်ဖက် ထောင့်က ထောက်တစ်စုံကလဲ keyboard ကို အနည်းငယ်မြင့်မအောင်လုပ်ပေးပြီး typing ရိုက်ရတာ comfortဖြစ်မောင် adjust လုပ်လို့ရပါတယ်။ comfort အကြောင်းပြောရင် K100 မှာ magnetic palm rest ပါ ပါသေးတယ်။ wave လိုလို pattern နဲ့ leather-like material နဲ့ cover လုပ်ထားပါတယ်။ palm restက သေးတယ်လို့ထင်ရပေမဲ့ typing experience မှာတော့ ပိုပြီး comfort ဖြစ်စေပါတယ်။ Keyboard က 2.9 pound ရှိတယ်ဆို တော့ လေးတယ်လို့ ပြောလို့ရပေးမယ့် weight လေးရှိတော့ မရွေးတော့ဘူးပေါ့။

Keys
K100 မှာ 110 keys ပါဝင်ပြီး media keys တွေပါထည့်တွက်ရင်118keys ပါ ပါတယ်။premium gaming keyboard တစ်ခုကနေ သက်မျှော်လင့် တဲ့ အတိုင်းပဲ K100 မှာ Macro key တန်း, arrow function နဲ့ Num keys တွေ အစုံတွေ့ရမှာဖြစ်ပြီး music နားထောင်တာလိုမျိုးအတွက် Play/Pause skip track စတဲ့ media keys တွေ function တွေ enable/disable လုပ်တာတို့ audio mute keys တွေလဲပါ ဝင်ပါတယ်။
OPX RGB keys တွေ ကဘယ်လိုနေလဲဆိုတော့ ဒီ technology ကို သုံးတဲ့ ပထမဆုံး corsair keyboard ဖြစ်ပြီး အတော်လေးကို sensitive ဖြစ်တာတွေ့ရပါတယ်။Cherry blue swift လို လဲမဟုတ်ပဲနဲ့ အတော်လေး ကို ကောင်းတာတွေ့ရပါတယ်။1mm actuation နဲ့ 3.2mm keytravel ရှိပါတယ်။typing လုပ်ရတာ use to ဖြစ်ဖို့တော့ အချိန်ပေးရပါတယ် အထူးသဖြင့် laptop သုံးနေကျသူတွေဆိုရင်။ Mechanical keys တွေနဲ့မတူတာ က keystroke register ဖြစ်ဖို keys ကို အပြည့်ဖိစရာမလိုပဲ optical-mechanical switch တွေမှာ actuation point ကို metal piece ကို သုံးတာမဟုတ်တော့ပဲ laser light beam လို ဟာကိုသုံးထားတာပါ။ ဒီ အလင်းတန်းကို key နှိပ်လိုက်လို့ ဖြစ်သွားရင် input က register ဖြစ်တာပါ။ (steelseries apex pro ရဲ့ optical key ကျတော့ laser beam ကို မသုံးပဲ magnet ကိုသုံးတာပါ)။ Corsair ရဲ့ Axon Hyper-Processing technology နဲ့ တွဲလိုကတော့ သာမာန် Mechanical keyboard တွေထက် keystoke register ဖြစ်တာက 4 ဆ ပို မြန်တယ်လို့ Corsair ကဆိုပါတယ်။
လက်တွေ့မှာ သိသိသာသာကြီးမဟုတ်ပေမဲ့ game ဆော့ တဲ့အခါမှာတော့ movement တွေက ပိုပြီး smooth ဖြစ်တာ အရင်နဲ့ မတူတာတော့ခံစားမိပါတယ်။ကျွန်တော်ဆော့ နေကျGame တွေမှာဆို အရှောင်အတိန်း တွေက ပုံမှန်ထက် ပိုပြီး မြန်တာကို သတိထားမိတယ်။ improvement ဖြစ်တာတွေက esport professional တွေ အတွက် ပိုပြီး အကျိုးရှိမှာသေချာပါတယ်။

Features
သင်က high-end Mechanical keyboard သုံးနေကျသူဆိုရင် Macro key, media keys, scroll wheel တွေနဲ့ ရင်းနီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ iCue control wheel ကတော့ အတူတဲ့ mode တွေကို iCue software မှာ ရှာစရာမလိုပဲ access လုပ်လို့ရပါတယ်။ဥပမာ RGB light ရဲ့ brightness level ကို adjust လုပ်နိုင်ပြီး လုပ်ပြီးတာနဲ့ အလယ်က ခလုပ်ကိုနှိပ်ပြီး skip လုပ်လို့ရပြီး forward နဲ့ reward tracks တွေကိုခဲ မြန်မြန်ဆန်ဆန် ပြောင်းနိုင်မှာပါ။ Wheelsကိုသုံး ပြီး Zoom in/out တောင်လုပ်လို့ရပါတယ်။Macro key record mode ကို launch လုပ်လို့လဲရပါတယ်။ iCue software သုံးပြီး additional factionality တွေလဲ လုပ်လို့ရပါတယ်။

Software
Corsair products တွေလိုပဲ iCue software နဲ့ သုံးရမှာဖြစ်ပြီး စိတ်ကြိုက် customize လုပ်နိုင်မှာပါ။ K100 နဲ့ per-key lighting ထားလို့ရမှာဖြစ်ပြီး software UI ကလဲ အတော်ကို ရှင်းပြီး သုံးရလွယ်ပါတယ်။ K100 မှာ Hardware နဲ့ Software profiles ဆိုပြီး နှစ်မျိူးရှိပြီး iCue software မ run ပဲ keyboard သုံးတဲ့ အခါမှာ သုံးပြီး iCue software runတဲ့ အခါမှာတော့ software profiles တွေကို priority သုံးပါတယ်။ K100 မှာ onboard storage 8MB ပါတဲ့ အတွက် profile up to 200 ထိ store လုပ်နိုင်ပါတယ်။သက်က stream deck or Stream deck Xl သုံးနေကျဆိုလဲ Macro နဲ့ G-key functionality တွေ set လုပ်လို့ရမှာဖြစ်ပြီး iCue ကော stream deck ကော နှစ်မျိုးလုံး provide လုပ်ပါတယ်။

$230 ဝန်းကျင် အတွက် premium Mechanical keyboard ကိုရမှာဖြစ်ပြီးအမိုက်စားfeatures တွေလဲရမှာပါ။ ဒါတွေက use to ဖြစ်ဖို့ အချိန်ယူရတယ်ဆိုပေမဲ့ Optical- Mechanical OPX keys တွေက input မြန်သလို စာရိုက်ရတာလဲ အတော်ကို confortable ဖြစ်ပါတယ်။ iCue control wheel နဲ့ media keys အသစ်တွေက အမိုက်စား functionality တွေကို ပေးပြီး productivity and multimedia experience ကိုပိုကောင်းစေမှာပါ။double-molded keycaps တွေ, aluminum body, bright ဖြစ်တဲ့RGB တွေ နဲ့ K100 ဟာအသေးစိတ်က စ high-end အသုံး အဆောင်မှန်းသိသာပါတယ်။$200 ကျော်ဆိုတာ keyboard အတွက် အတော်ကိုများတဲ့ amount ပါ။ သင်က function အားလုံးကို အသုံးဘူးရင် Entry-level gamer လောက်ပဲဆိုရင် $ လေး ငါးဆယ်တန် blue switch keyboard တွေ ထဲမှာ ရွေးစရာတွေ များပါတယ်။ဒါပေမဲ့ Gaming experience ကို upgrade လုပ်ချင်တဲ့ gamers တွေဆိုရင်တော့ Corsair K100 keyboard က ဦးစားပေး ရွေချယ်လို့ကောင်း တဲ့ Keyboard ပါ။




တစ်နေ့ ပေါ့ 😌 FA တွေ စိတ်မကူးနိုင်သော ပုံ
29/01/2021

တစ်နေ့ ပေါ့ 😌

FA တွေ စိတ်မကူးနိုင်သော ပုံ




မြန်မာငွေ ၁သိန်းသုံးသောင်း ဝန်းကျင် ပဲရှိတဲ့ Galaxy A02 ကို samsung မိတ်ဆက်Samsung A02  ကို Thailand မှာ တိတ်တိတ်လေး မိတ...
28/01/2021

မြန်မာငွေ ၁သိန်းသုံးသောင်း ဝန်းကျင် ပဲရှိတဲ့ Galaxy A02 ကို samsung မိတ်ဆက်

Samsung A02 ကို Thailand မှာ တိတ်တိတ်လေး မိတ်ဆက်လိုက်ပါတယ်။

Display
6.5-inch screen ကို 720p resolution နဲ့ကို 20:9 aspect ratio သုံးထားပြီး 270ppi density နဲ့ ဖြစ်ပါတယ်။

SOC & Memory-Storage
Samsung A02 မှာ Mediatek MT6739W (28 nm), ကို PowerVR GE8100 GPU နဲ့ တွဲဖက်ထားပါတယ်။ Memory က 2Gb RAM ဖြစ်ပြီး , storage ကတော့ 32Gb eMMc 5.1 ရွေးချယ်နိုင်မှာပါ။ microSD ကို 1Tb ထိ extend လုပ်လို့ရမှာပါ။

Camera
rare camera မှာတော့ dual camera setup ဖြစ်ပြီး 13Mp f/1.9(wide) primary, 2Mp f/2.5 macro lensတွေကို တပ်ဆင်ထားပြီး 1080p ကို 30fps နဲ့ ရိုက်နိုင်မှာပါ။ Selfie အတွက်တော့ 5Mp f/2.0 နဲ့ ပါ။

Connectivity
• 4G on both SIM
• Wi-Fi 802.11 b/g/n
• Bluetooth 5.00
• Micro-USB

Sensor
• accelerometer
• ambient light sensor
• proximity

Battery
Samsung A02 မှာ battery အတွက် 5000mAh ကို သုံးထားပါတယ်။
Os အနေနဲ့ Android 10 base OneUI 2.0 ကို သုံးလာမှာ ဖြစ်ပြီး 206 g လေးပါတယ်။
ဈေးနှုန်းတွေကတော့ 6/128Gb ကို CNY 1999 (1.3 သိန်းဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး black, blue ဆိုပြီး color နှစ်မျိူးရမှာဖြစ်ပါတယ်။




Address


Website

Alerts

Be the first to know and let us send you an email when Tech Glaze posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tech Glaze:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share