Let's Chill

Let's Chill Let's Chill မှကြိုဆိုပါတယ်
Netflix,Hulu,Disneyplus,HBO,Spotify ,Windscribeတို့ကိုစျေးနှုန်းချိုသာစွာရောင်းချပေးနေပါတယ်�

Facebook က Business Page တွေကိုအဆင့်သတ်မှတ်တဲ့အနေနဲ့ page တွေရဲ့Performance ပေါ်မူတည်ပီး Badges လေးတွေပေးလေ့ရှိပါတယ်လောလ...
20/03/2022

Facebook က Business Page တွေကို
အဆင့်သတ်မှတ်တဲ့အနေနဲ့ page တွေရဲ့
Performance ပေါ်မူတည်ပီး
Badges လေးတွေပေးလေ့ရှိပါတယ်

လောလောဆယ်တော့
ကျွန်တော်တို့ page အနေနဲ့ fb ကပေးတဲ့
Badges 4ခု ရရှိထားပါတယ်

🎖️Very Responsive 🎖️
ကျွန်တော်တို့ page ကို
စကားလာပြောသမျှ customer တွေရဲ့
90% နဲ့ အထက်ကို 15မိနစ်အတွင်း reply ပြန်နိုင်လို့
ဒီ Badge လေး ရရှိထားတာ ဖြစ်ပါတယ်

🎖️Active Community 🎖️
ကျွန်တော်တို့ page က
တင်သမျှ content တိုင်း video တိုင်းကို
follower တွေသဘောကျ နှစ်ခြိုက်ပီး engage လုပ်
( Like/Comment/Shares လုပ်) ကြတာကြောင့်
ဒီ Badge ရရှိထားတာ ဖြစ်ပါတယ်

🎖️Active Page 🎖️
တစ်ပတ်ကို အနည်းဆုံး content 2ခုကနေ
4ခုတင်တဲ့အတွက် ဒီ Badge လေး ရရှိထားပါ

🎖️Compelete Page 🎖️
ဒီ Badge လေးကတော့ Page မှာထည့်ရမဲ့
Profile/Cover/Call to Action Button ထည့်ရုံနဲ့
ရတာဆိုတော့ ကျွန်တော်တို့နည်းတူ အခြား page တွေလည်း
ရကြမယ်ထင်ပါတယ်

ရှေ့လျောက်လည်း ဒီ့ထက်ပိုပီး
reply မြန်မြန်ဆန်ဆန်နဲ့ စိတ်ဝင်စားစရာ content တွေကို
နေ့တိုင်း တင်ဆက်ပေးသွားမှာမလို့ ဆက်လက်ပီး
ကျွန်တော်တို့ Let's Chill ကို အားပေးကြပါဦး❤️

19/03/2022

Netflix နဲ့ Spotify က Video တွေ
သီချင်းတွေကို ဘယ်လိုဒေါင်းမလဲ ?

မကြာခဏ မီးပြတ်နေတဲ့ ဒီကာလကြီးမှာ
နေရထိုင်ရတာ အဆင်မပြေလှပါဘူး

ဒီ့ထက်ဆိုးတာကတော့ မီးပြတ်နေတဲ့အချိန်
ကြည့်စရာဇာတ်လမ်းမရှိ နားထောင်စရာ
ဘာသီချင်းမရှိတာက ပိုဆိုးလှပါတယ်

ဒီ Video လေးမှာတော့ Netflix က Video တွေ ဘယ်လိုဒေါင်းမလဲ ၊ Spotify က သီချင်းတွေ ဘယ်လိုဒေါင်းပီး သိမ်းထားမလဲ စတဲ့အချက်တွေကို အသေးစိတ် ပြောပြထားပါတယ်

ကြည့်ပီး နားမလည် မရှင်းတာရှိရင်
Comment မှာ ဖြစ်ဖြစ် cb မှာဖြစ်ဖြစ်
လာမေးလို့ရပါတယ်ခင်ဗျာ 🌟

Netflix မှာ ကြည့်စရာအရမ်းများပီးဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက် လတ်တလော Trend အဖြစ်ဆုံး series 10ခုကို review လုပ်ထားပါတ...
17/03/2022

Netflix မှာ ကြည့်စရာအရမ်းများပီး
ဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက်
လတ်တလော Trend အဖြစ်ဆုံး
series 10ခုကို review လုပ်ထားပါတယ်🌟

အချိန်တစ်မိနစ်လောက်ပေးရုံဖြင့် Netflix / Disney+ / Spotify / Apple Music / Tidal /Express Vpn စတဲ့ premium Acc တွေ ကံထူး...
17/03/2022

အချိန်တစ်မိနစ်လောက်ပေးရုံဖြင့်
Netflix / Disney+ / Spotify / Apple Music / Tidal /
Express Vpn စတဲ့ premium Acc တွေ ကံထူးနိုင်ပါပီ🌟

မေးခွန်းလေးတွေဖြေရင်း
လက်ဆောင်တွေအများကြီးရမဲ့အစီအစဉ်ဖြစ်ပါတယ်💁‍♂️🎁

1. Netflix မှာမြန်မာစာတန်းထိုးပါ,ပါသလား ?

2. 𝗦𝗽𝗶𝗱𝗲𝗿-𝗠𝗮𝗻: 𝗡𝗼 𝗪𝗮𝘆 𝗛𝗼𝗺𝗲 က
Disney+ မှာ ကြည့်ရပါသလား ?

3. Spotify ကသီချင်းတွေကို
ဖုန်းထဲမှာဒေါင်းပီးသိမ်းလို့ရ,မရ ?

4. Apple Music ရဲ့ Sound Quality က
HiFi လား ? HiFi Plus လား ? Spatial Audio လား ?

5. Express Vpn က Location နေရာမှာ မြန်မာနိုင်ငံ ပါ,မပါ ?

ဒီအစီအစဉ်မှာ ပါဝင်လိုသူများအနေဖြင့်
✅ ဒီ Post ကို 𝙇𝙞𝙠𝙚 𝙖𝙣𝙙 𝙎𝙝𝙖𝙧𝙚 လုပ်ပါ
✅ မေးခွန်းတွေရဲ့ အဖြေများကို comment မှာမန့်ပေးပါ

အဖြေမှန်သူများထဲမှ ၁၀ဦးကို ရွေးချယ်ပီး
၁၉ရက်နေ့ ည 10နာရီမှာ လက်ဆောင်များပေးအပ်သွားပါမယ်

Netflix ဆိုတာဘာလဲ ? Netflix လို့ဘာလို့ခေါ်တာလဲ ? ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ No 1 Streaming Service ဖြစ်လာဖို့ဘယ...
16/03/2022

Netflix ဆိုတာဘာလဲ ?
Netflix လို့ဘာလို့ခေါ်တာလဲ ?

ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ
No 1 Streaming Service ဖြစ်လာဖို့
ဘယ်လိုတွေရုန်းကန်ခဲ့ရလဲဆိုတာရယ်
Netflix ရဲ့ လူသိနည်းတဲ့ History တွေရယ်ကို
အကျဉ်းချုပ်ပြောပြသွားမှာ ဖြစ်ပါတယ်

◾Netflix ဆိုတာ Net နဲ့ Flix နဲ့ပေါင်းထားတာပါ
Net ကတော့ Internet ကို ရည်ညွှန်းတာဖြစ်ပီး
Flix ကတော့ Flick ကိုရည်ညွှန်းတာ ဖြစ်ပါတယ်
အနီးစပ်ဆုံး အဓိပ္ပာယ်ကတော့ interney ရှိရုံနဲ့
ဇာတ်လမ်းတွေ တစ်ပုံကြီးကြည့်လို့ ကြည့်လို့ရတဲ့နေရာ ဖြစ်ပါတယ်

◾Netflix ကို Marc Randolph နဲ့
Reed Hastings ဆိုတဲ့ entrepreneurs ၂ယောက်က 1997 August မှာ စတင်တည်ထောင်ခဲ့တာပါ

◾စစချင်း company base ကတော့
Scotts Valley, California မှာပဲ ဖြစ်ပါတယ်

◾Netflix စထောင်ထောင်ချင်းတုန်းကတော့
ခုလိုမျိုး ၁လချင်းစီ subscription သွင်းရုံနဲ့
ရှိသမျှ Movie/Series တွေ unlimited ကြည့်လို့ရတာမျိူး မဟုတ်ပါဘူး

◾DVD အခွေတွေကို online ကနေတစ်ဆင့်ငှားလို့ရတဲ့ website တစ်ခုမျှသာဖြစ်ပါတယ်
ဥပမာ - မိတ်ဆွေက Netflix website ကိုသွားပီး
ကိုယ်ကြည့်ချင်တဲ့ဇာတ်လမ်းကို Add To Cart လုပ်ပီးတာနဲ့ Rent လုပ်မလား Buy လုပ်မလား ရွေးရမှာပါ

ပီးတာနဲ့ မိတ်ဆွေရဲ့ လိပ်စာကိုယူပီး စာတိုက်ကနေ တစ်ဆင့်ပို့ပေးတာပါ
အဲ့ဒီအချိန်တုန်းကတော့ အခွေတစ်ခွေကို
2$ ဝန်းကျင်ကျပါတယ်

◾နောက်ပိုင်း Amazon ကပါလိုက်ပီး
DVD ခွေတွေရောင်းလာတာကြောင့်
Netflix က အခွေရောင်းတာကို ရပ်လိုက်ပီး
ငှားတာပဲ လုပ်တော့တယ်

◾အဲ့လို တစ်ခွေငှားလိုက် Netflix ရုံးကိုပြန်ပို့ပေးလိုက် လုပ်နေရာကနေ 1999 မှာတော့
Netflix က လစဉ်ကြေးပေးသွင်းရုံနဲ့ unlimited DVD အခွေတွေ စိတ်ကြိုက်ငှားလို့ရတဲ့ plan တစ်ခုကိုပါ Launch လုပ်လာပါတော့တယ်

◾အဲ့ဒီနောက်ပိုင်း လူတွေ DVD အခွေတွေဘက်ကို
စိတ်ဝင်စားမှု အားနည်းလာချိန်မှာ
Netflix က ခုကျွန်တော်တို့သိတဲဲ့ / ရင်းနှီးတဲ့
Netflix ဖြစ်လာဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်

Warner Bros တို့ Columbia Pictures တို့လိုမျိုး Company ကြီးတွေနဲ့ Partnership ယူပီးတော့
ဘယ်မှာမှ ကြည့်လို့မရသေးတဲ့ဇာတ်လမ်းတွေကို
Netflix မှာ ကြည့်လို့ရဖို့ လုပ်ခဲ့ပါတယ်

◾ဒါ့အပြင် consumer electronics company တွေနဲ့ပါ partnership ယူပီး Xbox/Playstation/Android Boxes/Smart Tv တွေမှာပါ
Netflix App ကို Built in ထည့်နိုင်ဖို့အတွက်
ကြိုးစားခဲ့ပါတယ်

ဒါကြောင့်လည်း ယခူအချိန် electronic devices တော်တော်များများမှာ Netflix App ကို သက်သက်ထပ်ဒေါင်းစရာမလိုဘဲ အသင့်ပါလာပီးသားတွေ့ရတာ ဖြစ်ပါတယ်

◾လူသိနည်းတဲ့ fact တစ်ခုကိုပြောပြရမယ်ဆိုရင်တော့ Netflix က 2000 ခုနှစ်တုန်းက
Blockbuster ကို $50Million နဲ့ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်

ဒါပေမဲ့ Blockbuseter ဘက်က
လက်မခံဘဲငြင်းခဲ့ပါတယ်

ခုတော့ ငြင်းလိုက်တဲ့ Blockbuster က ဒေဝါလီခံသွားရပီဖြစ်ပီး $50Million တန် Netflix လေးကတော့ $215.85Billion တန်နေပါပီ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ စကားပုံလိုပဲအလှည့်အပြောင်းတွေကလည်း တကယ်အံ့အားသင့်စရာ ကောင်းလှပါတယ်

ကဲ Netflix နဲ့ ပက်သက်လို့ ရှင်းပြတာ ဒီလောက်ဆို
လုံလောက်ပီလို့ထင်ပါတယ်
သိချင်တာရှိရင်ဖြစ်စေ ကျွန်တော့် facts တွေမှားနေတာရှိခဲ့ရင်ဖြစ်စေ ဒီ post အောက်က comment မှာ ဒါမှမဟုတ် page cb မှာ လာရောက်မေးမြန်းလို့ရပါတယ်

A knight before ChristmastGenre: Romantic Comedyဒါလေးကတော့ Christmas eveမှာ မိသားစုတွေနဲ့ပဲပဲဖြစ် ကိုယ့်ဟာကိုယ်ပဲဖြစ်ဖြစ...
25/12/2021

A knight before Christmast

Genre: Romantic Comedy

ဒါလေးကတော့ Christmas eveမှာ မိသားစုတွေနဲ့ပဲပဲဖြစ် ကိုယ့်ဟာကိုယ်ပဲဖြစ်ဖြစ် ကြည့်လို့ရတဲ့ 2019 Christmas Romantic Comedy တစ်ခုပဲဖြစ်ပါတယ်။Cara J Russell ကရေးသားထားပြီး Monika Mitchell က director အဖြစ်ရိုက်ကူးထားပါတယ်။

14ရာစု အင်္ဂလန်မှာနေထိုင်တဲ့ Coleဟာ Knight ခေါ် မြင်းစီးသူရဲကောင်းအလွန်ဖြစ်ချင်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သွားလာရင်းတောအုပ်ထဲ ထူးဆန်းတဲ့အဖွားအိုတစ်ယောက်နဲ့တွေ့တဲ့အခါ ကူညီဖို့ကြိုးစားtပါတယ်။ အဖွားအိုက Coleကိုသဘောကျသွားပြီး အပြာရောင်တွေထွက်နေတဲ့ ဖန်လုံးတစ်ခုကို ပေးကာ သတိတစ်ခုပေးလိုက်ပါတယ်။

မြင်းစီးသူရဲကောင်းဘွဲ့ရဖို့Coleကို အနာဂတ်ကိုစေလွှတ်ပြီး Questတစ်ခုကို ခရစ်စမတ်ညမတိုင်ခင်ပြီးအောင်လုပ်ဖို့ပါ။ Questက ဘာမှန်းမပြောပဲအဖွားအိုကပျောက်ကွယ်သွားပြီး Cloeလည်း14ရာစုကနေ 2019ကို အချိန်ခရီးသွားမိလျက်သားဖြစ်သွားပါတယ်။

Coleရောက်သွားတဲ့နေရာက အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က မြို့သေးသေးလေးတစ်ခုဖြစ်ပါတယ်။ Coleဟာမြို့ထဲလျှောက်သွားနေရင်းနဲ့ ဆရာမလေးတစ်ယောက်ဖြစ်တဲ့ Brookeရဲ့ကားနဲ့တိုက်မိပြီး ဆေးရုံရောက်သွားပါတယ်။ ဆေးရုံမှာColeက အတိတ်ကရောက်လာတာပါလို့ရှင်းပြတာကို ဘယ်သူမှမယုံပဲ ခေါင်းထိပြီးအတိတ်မေ့သွားတဲ့ Cosplayerတစ်ယောက်ဖြစ်မှာပဲလို့အားလုံးကထင်သွားကြပါတယ်။ Brooke လည်း သူ့ရဲ့ Guest houseတစ်ခုကို ခေါ်သွားပြီး Coleကို သတိရလာတဲ့အထိ ခဏနေခိုင်းလိုက်ပါတယ်။

နောက်ကျတော့မှ Coleဟာ တကယ်အချိန်ခရီးသွားလာခဲ့မှန်း Brookeကနားလည်သွားပြီး Coleကလည်း Knightဘွဲ့ရဖို့ အတိတ်ကိုပြန်သွားနိုင်ဖို့ ဘာမှန်းမသိတဲ့ Questကိုလုပ်နိုင်ဖို့ကြိုးစားပါတော့တယ်။ Brookeရဲ့နေရာမှာ the princess switchထဲက မင်းသမီး Venessa Hudgensနဲ့ Coleရဲ့နေရာမှာ မင်းသားJosh Whitehouse တို့ကသရုပ်ဆောင်ထားပါတယ်။ အခုChristmasလည်းနီးပြီဆိုတော့ Netflixရဲ့ Christmas movieတွေထဲက ဘယ်ဟာကြည့်ရမလဲ စဉ်းစားရခက်နေရင် ဒါလေးကိုကြည့်ကြည့်ဖို့ ညွှန်းလိုပါတယ်

Emily in Parisစောင့်မျှော်နေကြတဲ့ Emily in Paris season 2ကတော့ထွက်ရှိလို့လာပါပြီ။ ဒီseasonမှာတော့ Emilyရယ် Gabriel ရယ် န...
24/12/2021

Emily in Paris

စောင့်မျှော်နေကြတဲ့ Emily in Paris season 2ကတော့ထွက်ရှိလို့လာပါပြီ။ ဒီseasonမှာတော့ Emilyရယ် Gabriel ရယ် နဲ့ Camille တို့ရဲ့ Love Triangle အပြင် တစ်ခြား Character တွေရဲ့ personal storyတွေကိုပါ ကြည့်ရမှာဖြစ်ပါတယ်။

Season oneကလို Emilyတစ်ယောက်တည်းကိုပဲ focusမထားပဲ တစ်ခြား စိတ်ဝင်စားစရာကောင်းတဲ့ character အသစ်တွေအပြင် season oneက side character တွေအကြောင်း စိတ်ဝင်စားစရာကောင်း​အောင် storyက ပိုပြီးdevelopedဖြစ်လာပါတယ်။

Episode oneမှာ မမျှော်လင့်ပဲ Camille ရယ် Emilyရယ် Mindyတို့3ယောက် ခရီးထွက်ဖြစ်ပုံနဲ့ပေါ့ပေါ့ပါးပါးစဖွင့်ထားပြီး ကျန်တဲ့episodeတွေမှာ အမွှေစိန်Emilyတစ်ယောက် သူ့ရဲ့အရှုပ်ထုတ်တွေ လိုက်ရှင်းရတာအပြင် Season oneမှာ သိပ်မရှင်းလင်းခဲ့တဲ့ အကြောင်းတွေကိုလည်းအသေးစိတ်ရိုက်ကူးထားပါတယ်။

French culture ကို ပိုပြီးcliché ဖြစ်အောင်ရိုက်ထားတယ်လို့ season oneကလို season twoမှာလည်း ဝေဖန်သံတွေညံနေပေမယ့် season oneကလိုပဲ Guilty pleasure လို့ပြောရအောင်ကြည့်လို့ကောင်းပါတယ်။ Emily in Parisထုံးစံအတိုင်း Outfitအမိုက်တွေကလည်းမနည်းမနောပါ။Emilyသူငယ်ချင်းဖြစ်တဲ့Mindyကိုလည်း အရင်seasonကလို one dimensional characterမျိုးမဟုတ်ပဲ သူ့ကိုယ်ပိုင်story ထည့်ရိုက်ထားပါတယ်

အသက်ကြီးပေမယ့် နုပျိုနေဆဲ Sylvie (Emily ရဲ့အထက်လူကြီး)ရဲ့ အချစ်ဇာတ်လမ်းတွေ၊private lifeအကြောင်း၊ Gabriel နဲ့Emilyတို့ကိစ္စ Camille သိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊ Emilyရဲ့ Clientအသစ်တွေနဲ့Savoirဘယ်လိုစခန်းသွားမလဲ ဆိုတာကို ဒီseason twoမှာသေသေချာချာကြည့်ရမှာဖြစ်ပါတယ်။ episodeတစ်ခုကို 26မိနစ်ဝန်းကျင်သာရှိပြီး season twoမှာ episode 10ခုပဲပါတာမို့ Netflixမှာဆက်တိုက် bingeပြီးကြည့်ဖို့ ညွှန်းလိုပါတယ်။

The Witcher Season IIကဲကဲကဲ ခေါင်းစဉ်ကိုပဲကြည့်လိုက်ပါ အဆင်မှပြေကြရဲ့လားဘော်ဘော်တို့😌ပထမအနေနဲ့ Review လေးနောက်ကျသွားလို့...
22/12/2021

The Witcher Season II

ကဲကဲကဲ ခေါင်းစဉ်ကိုပဲကြည့်လိုက်ပါ အဆင်မှပြေကြရဲ့လားဘော်ဘော်တို့😌

ပထမအနေနဲ့ Review လေးနောက်ကျသွားလို့အရင်တောင်းပန်ပါရစေ🙏🏻 The Witcher S2 ကတော့ မျှော်လင့်ထားတာထက် ပိုနေလား အတော်ပဲလား အမြင်လေးတွေလည်း ပြန်ရှဲလ်ပေးပါဦး ကျွန်တော်ကတော့ …

ဂဲလ်ရော့ထ်ကြီးပိုချောလာတယ် lol (နောက်တာပါ)
ဂဲလ်ရော့ထ်ရဲ့ အတိုက်အခိုက်တွေကတော့ ပထမအတွဲမှာထဲက ခုထိလက်ရည်ကျတာမရှိသေးပါဘူး ဘာလို့ဆိုတော့ သူကမင်းသားလေ🥴 ဒါပေမယ့် ဒီမှာတော့ ဆယ်ရီလေးမွေးဖွားလာခြင်းရဲ့ အကျိုးနဲ့အဆိုးတွေကို ဒုတိယအတွဲမှာစပြီးအမြည်းကျွေးလာပြီလို့ထင်ပါတယ်။ ကံကြမ္မာအရ ဆယ်ရီကိုစောင့်ရှောက်သူ ဂယ်ရော့ထ်နဲ့ တခြား Witcher မိသားစုတွေဇာတ်ကောင်တွေကိုလည်း ပါဝင်လာတာတွေ့ရမယ်။ ဆယ်ရီလေးကသူခံစားခဲ့ရတာတွေအတွက် ပြန်ပြီးကလဲ့စားချေချင်တာရယ် ပေးဆပ်ချင်တာတွေကြောင့် ထရစ်ရဲ့အကူညီနဲ့ Witcher ဖြစ်ချင်လာတယ်။

တစ်ခုကဘာလဲဆိုတော့ S1 အပြီးမှာ ကန့်သတ်ထားတဲ့ မှော်ပညာနဲ့ နက်ဖ်ဂေါ့တွေကို မီးလောက်တိုင်သွသွင်းခဲ့သူ ဗန်ကဘာ့ရဲ့ ယန်နီဖာကို သေပြီလို့ထင်ခဲ့ပေမယ့် (မသေတာသိတယ်ဇာတ်ကားအရပြောတာ) S2 မှာကတော့ မှော်စွမ်းအားတွေပျောက်ဆုံးသွားလို့ အပူတပြင်းလိုက်ရှာနေတာတွေ့ရမှာပါ။ နောက်ဆုံးမှာ သူ့အတွက်သော့ချက်ကလည်း ဆယ်ရီဖြစ်နေမယ်လို့ မထင်ခဲ့ပါဘူး၊ စစအပိုင်းတွေထက် အပိုင်း ၅ လောက်ကပဲတော်တော် ကောင်းတယ်ပြောရမယ် ပြီးတော့ ဒီမှာက ရှိပြီးသား Cast တွေလည်းပြန်တက်ပြီး New Cast တွေပါဖြည့်ထားတော့ စုံစုံလင်လင်လေးဖြစ်နေတယ်။ ဒါရိုက်တာက S3 အတွက်လည်း ကြိုပြီး တော်တော်များများ ဇာတ်ကွက်တွေဆွဲသွားတယ်။ ထွက်တာမြန်ရင်တော့ ကျွန်တော်တို့ကံကောင်းမှာပေါ့ ဟဟ

အများကြီး စပွိုင်းတာထပ်စာရင် ဒီလိုမျိုး နာမည်ကျော်ဝတ္ထုနဲ့ ဂိမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ The Witcher Season II ကြီးကိုလက်မနှေးပဲ မကြည့်ရသေးရင်ကြည့်လိုက်ကြပါတော့။ ကြည့်ပြီးရင်လည်း နောင်တရမှာမဟုတ်ဘူး စောင့်ပဲစောင့်ရမှာ S2 ကိုတော့ နောက်ဆုံးပိုင်းမှာစာတန်းထိုးပြီဆိုပြီး မထွက်လိုက်နဲ့ လာမယ့် S3 စပွိုင်းလေးလည်းကြည့်ဦး ဘယ်သူဘယ်ဝါပါလာမယ်ဆိုတာသိအောင်😌

အားလုံးပဲ မယ်ရီခရစ်စမက်ပါနော်🎄❤️

Maya And The Three (Review)-----------------------Genre:Fantasy,Adventure,Action-------------------------2014 လောက်၀န်းက...
21/12/2021

Maya And The Three (Review)
-----------------------
Genre:Fantasy,Adventure,Action
-------------------------
2014 လောက်၀န်းကျင်က The Book Of Life ဆိုတဲ့ လုံး၀ကွဲထွက်နေတဲ့ Animated ရုပ်ရှင်လေးကို ကြည့်ဖူးကြမှာပါ။ 2021 ရဲ့ Maya And The Three Netflix Series ကလည်း The Book Of Life Director ဖြစ်တဲ့ Jorge Gutierrez ရဲ့ ဖန်တီးမှုတစ်ခုပါပဲ။ Jorge က Animation လောကမှာ နေရာတစ်နေရာ ရထားပြီးသားပါ။ သူ့ရဲ့ လက်ရာတိုင်း Characters တွေ၊ Concepts တွေဟာ အသွင်လုံး၀ကွဲပြားနေတာကို The Book Of Life ကြည့်ဖူးတဲ့သူတိုင်းသိကြမှာပါ။ Mexico Theme အပြည့်နဲ့ နတ်ဘုရားနဲ့လူသားတွေကြား ဖွယ်ဖွယ်ရာရာဇာတ်လမ်းဆင်လေ့ရှိပြီး Unique ဖြစ်တဲ့ Calaveras Art Style တွေကြောင့် အရမ်း Virsual လှပါတယ်။

Maya And The Three ရဲ့ ဇာတ်လမ်းအကျဥ်းကတော့ လူ့သမိုင်းတွေ တ၀ိုးတ၀ါး ရှိခဲ့စဥ်ကာလ၊ Taca ဆိုတဲ့ တိုင်းပြည်ကြီးမှာ တော်၀င်လင်းယုန်မျိုးနွယ်က အုပ်ချုပ်ပါတယ်။ ဘာလို့သူတို့က သိမ်းငှက်ကို ကိုယ်စားပြုလည်းဆိုတော့ ရှေးက ဗျာဒိတ်တစ်ခုမှာ မဟာလင်းယုန်ကြီးနဲ့ ရဲရင့်တဲ့ကျားသစ်သုံးကောင်ဟာ အမှောင်နတ်ဘုရားတွေနဲ့ စစ်ခင်းပြီးအနိုင်ယူမယ်လို့ ဟောခဲ့လို့ပါ။ အဲ့ဒီ တော်၀င်မိသားစုရဲ့ မင်းသမီးလေး Maya ကတော့ တိုက်ခိုက်ရတာကိုမှ ၀ါသနာပါပြီး အစ်ကိုသုံးယောက်လိုမျိုး သူရဲကောင်းဆန်ချင်သူပါ။ သူ့အမေရဲ့ ​သံတမာန်လမ်းစဥ်ကို မလိုက်နိုင်ပဲ ပုန်ကန်နေရက် မင်းသမီးလေးရဲ့ နန်းတက်ပွဲနေ့မှာ မင်းသမီးကို ယဇ်ပူဇော်ဖို့ စစ်နတ်ဘုရားက သံတမာန်စေလွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ မင်းသမီး Maya နဲ့ နတ်ဘုရားတွေကြား စစ်ပွဲစတင်ခဲ့ပါတယ်။

Maya And The Three က အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုတော့ စစ်ပွဲကြီးဖြစ်ပြီး ပြီးသွားတာတော့မဟုတ်ပါဘူး။ သူရဲကောင်း ၃ ဖော်ကို ရှာပုံတော်ထွက်တာတွေ၊ နတ်ဘုရားတွေတစ်ယောက်ပြီး လွှတ်လိုက်တာတွေကို မရိုးအီနိုင်တဲ့ အကွက်တွေသုံးပြီး ဖန်တီးပြထားတာ တော်တော်လေးမိုက်ပါတယ်။ သူ့ရဲ့ပင်ကိုယ် Art Style ကိုက Unique ဖြစ်လွန်းပြီး Idea တော်တော်လေးဆန်းတယ်ဗျ။ Series မို့ Screen Time များများလေး ကြည့်ရတာ အရမ်းတန်တယ်။ The Book Of Life တုန်းက Romeo Juliet ကိုတောင်မေ့ပြီး သူတို့ Romance ထဲမျောရလောက်တဲ့ထိ Maya And The Three က Drama မရှိပေမဲ့ Fairy Tale တစ်ပုဒ် ပီသပါပေတယ်။ Personal Rating အနေနဲ့တော့ Artwork ကြီးပဲ 8/10 ပေးပါတယ်။ တကယ်မိုက်တဲ့ ရှားရှားပါးပါး Animated ကားလေးမို့ ကြည့်လိုက်ပါအုံးဗျို့။ ။

Money hiest phenomenon & From Tokyo to BerlinMoney Hiest season 5 part 2လည်းထွက်သွားပြ်ီဆိုတော့ Berlinရဲ့နောက်ကြောင်းပြန...
20/12/2021

Money hiest phenomenon & From Tokyo to Berlin

Money Hiest season 5 part 2လည်းထွက်သွားပြ်ီဆိုတော့ Berlinရဲ့နောက်ကြောင်းပြန်ဘဝရိုက်ကူးထားတဲ့seriesမလာခင် Money Hiest Documentary 3ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ၃ခုကတော့ Money Hiest season 1-5အထိ ရိုက်ကွင်းပေါ်က Behind the scene တွေ သရုပ်ဆောင်တွေdirectorတွေနဲ့တစ်ယောက်ချင်း interviewတွေစသဖြင့်မျိုးစုံပါဝင်ပါတယ်။ဒါကတော့ season 1-5အထိအကုန်ကြည့်ပြီးသွားတဲ့သူတွေအတွက်အလွမ်းပြေပြန်ကြည့်ဖို့ပါ။

Money Hiest Phenomenon ကကျတော့ season 1-4အထိ Btsတွေ interview တွေ ရိုက်ကူးရေးတွေ သရုပ်ဆောင်တွေရဲ့နေ့စဉ်ဘဝတွေအထိပါဝင်ပြီး From Tokyo to Berlin နှစ်ပုဒ်မှာတော့ season 5ရဲ့ part 1နဲ့part 2ကနောက်ကွယ်ရိုက်ကူးရေးတွေကိုပြသထားပါတယ်။

သာမန် စပိန်တီဗီစီးရီးတစ်ခုအဖြစ်ကနေစခဲ့တဲ့ Money Hiestကို Netflixကဆက်လက်ရိုက်ကူးတဲ့အခါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်လာပုံ၊ ဒါရိုက်တာတွေ ဇာတ်ညွှန်းဆရာတွေက ဒီလို ရှုပ်ထွေးပြီးထိုင်ရာမထကြည့်ချင်စရာကောင်းတဲ့seriesတစ်ခုကို ဘယ်လိုရေးခဲ့ရိုက်ခဲ့ကြပုံ၊သရုပ်ဆောင်တွေကလည်း စီးရီးရဲ့အောင်မြင်မှုကိုထိန်းထားနိုင်ဖို့ဖိအားတွေအခက်အခဲတွေကြားကရုန်းကန်ရပုံတွေကို သေချာရိုက်ပြထားပါတယ်။

Seriesကလည်းကြည့်လို့ကောင်းသလို ဒီseriesအကြောင်းရိုက်ကူးထားတဲ့ Documentary တွေကလည်း seriesလိုပဲစိတ်ဝင်စားစရာကောင်းတာမို့ Money Hiest fanတွေဆက်လက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

7 Prisoners-------Genre:Drama,Crime---------------အောက်ခြေလူတန်းစားတွေဟာ လူ့ဘ၀ထဲရောက်လာခဲ့ပြီး အရွယ်ရောက်လာတဲ့အခါ ပိုမို...
16/12/2021

7 Prisoners
-------
Genre:Drama,Crime
---------------
အောက်ခြေလူတန်းစားတွေဟာ လူ့ဘ၀ထဲရောက်လာခဲ့ပြီး အရွယ်ရောက်လာတဲ့အခါ ပိုမိုကောင်းမွန်တဲ့ လူမှုဘ၀ရရှိရေးအတွက် ငွေကြောင့် စွန့်စားရတဲ့အခါတွေရှိပါတယ်။ ဒါပေမဲ့ တချို့သော ရွေးချယ်မှုတွေထဲ လူယုတ်မာတွေကို ယုံကြည်ခဲ့မိတဲ့အခါ ကံဆိုးခြင်းတွေနဲ့သာကြုံရပြီး အသက်ရှင်သန်ဖို့၊လွတ်မြောက်ဖို့သာဖြစ်လာရပါတော့တယ်။ ဒီအကြောင်းကို ဦးတည်ပြီး 7 Prisoner ဆိုတဲ့ ရုပ်ရှင်လေးကို Netflix ကတင်ဆက်ပေးထားပါတယ်။

ဘရာဇီးနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့မှာတော့ ဆယ်ကျော်သက်သားလိမ္မာလေး Mateus ဟာ အမေနဲ့ညီမတွေနဲ့အတူနေထိုင်ပါတယ်။ Mateus ဟာ ပညာတတ်တစ်ယောက်ဖြစ်ပုံပေါ်ပြီး ကောလိပ်တက်ဖို့ ကြီးကြီးမားမားရည်မှန်းထားပါတယ်။ တစ်နေ့မှာတော့ Mateus နဲ့အတူ လူငယ် ၃ ဦးဟာ နေ၊စား၊ငြိမ်း၊လစာကောင်းတယ်လို့ဆိုတဲ့ အလုပ်တစ်ခုကို မိသားစုနဲ့ခွဲပြီး São Paolo မြို့ကို အိပ်မက်တွေပိုက်၊အထပ်မြင့်တိုက်တွေမက်ပြီး ချီတက်လာခဲ့ပါတယ်။ São Paolo ကိုရောက်တော့ သူတို့ရဲ့ အလုပ် Mr.Luca ဆိုသူရဲ့ သံထည်တွေခွါရတဲ့ သံပုံကြီးထဲမှာ အလုပ်စ၀င်ရပါတော့တယ်။ အလုပ်ရှင်ရဲ့ ဇာတိကတော့ မကြာပါဘူး။အလုပ်ရှင်က အလုပ်သမားတွေအပေါ်ကို ခေါင်းပုံဖြတ်နေတာကို သိတဲ့ Mateus နဲ့ ၃ယောက်က အလုပ်ထွက်ဖို့ကြိုးစားပေမဲ့ အလုပ်ရှင်ဟာ အသက်အန္တရာယ်ချိန်းခြောက်ပြီး
မိသားစုနဲ့အဆက်သွယ်ဖြတ်ခဲ့ပါတယ်။ ထိုအခါမှ လူကုန်ကူးခံလိုက်ရပြီ ဆိုတာကိုသိခဲ့ရတဲ့ Mateus နဲ့ သူငယ်ချင်း ၃ ယောက်ဟာ လှောင်အိမ်အကြီးကြီးထဲ လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်ကြပါဗျ။

ဒီလို ငွေကြောင့် ဆင်းရဲဒုက္ခတောတိုးရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ဘ၀ကို မြင်အောင်လက်စွမ်းပြခဲ့တဲ့ City of God နဲ့ The White Tiger ရုပ်ရှင်တွေရဲ့ ဖန်တီးရှင်နှစ်ယောက် ပုံဖော်ထားတဲ့ရုပ်ရှင်မို့ မကောင်းမှာကိုတော့လုံး၀စိတ်မပူပါနဲ့။ တကယ်လည်းလက်တွေ့မှာ လူကုန်ကူးအလုပ်သမားဇာတ်လမ်းတွေ ကျွန်တော်တို့ပတ်၀န်းကျင်မှာကြားနေရပြီး လူလူချင်းရက်ရက်စက်စက် မရှိသင့်တဲ့ကိစ္စပါ။ လက်တွေ့နဲ့ တစ်ထပ်တည်းနည်းပါးဖြစ်တဲ့ အကြောင်းတရားနဲ့ ရုပ်ရှင်ကောင်းတစ်ခုမို့ လက်တွေ့ဆန်တဲ့ရုပ်ရှင်မျိုးတွေပဲ ကြည့်ချင်တယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။ စိတ်လှုပ်ရှားစရာကြီးတွေ အများကြီးမပါလည်းပဲ ဇာတ်သိမ်းသွားတဲ့အခါ အတွေးတစ်ခုခု ဒါမှမဟုတ် ဒီလိုဘယ်သူတွေခံစားနေရမလဲ ဆိုတဲ့ သံသယမျိုးကျန်ခဲ့မှာပါ။ ။

Money explainedကြည့်ရတာ Heavyလည်းမဖြစ် ပဲနဲ့ entertaining လည်းဖြစ် educationalလည်းဖြစ်တဲ့ Netflix seriesတစ်ခုအကြောင်းညွှ...
14/12/2021

Money explained

ကြည့်ရတာ Heavyလည်းမဖြစ် ပဲနဲ့ entertaining လည်းဖြစ် educationalလည်းဖြစ်တဲ့ Netflix seriesတစ်ခုအကြောင်းညွှန်ပြချင်ပါတယ်။ ဒီseriesကတော့ limited series တစ်ခုဖြစ်ပြီး 22မိနစ်စာ Episode 5ခုပဲပါဝင်တဲ့အတွက် ရုပ်ရှင်တစ်ကားစာပဲရှိပေမယ့် ဗဟုသုတအရမ်းရတဲ့ series တစ်ခုဖြစ်ပါတယ်

Episode 5ခုက လူတွေဘယ်လိုငွေလိမ်တဲ့အကြောင်း၊ credit cardခေါ်တဲ့ အကြွေးဝယ်ကတ်တွေအကြောင်း၊ Student Loans လို့ခေါ်တဲ့ ပညာသင်ဖို့ထုတ်ချေးပေးတဲ့ချေးငွေအကြောင်း၊ လောင်းကစားအကြောင်း နဲ့ ပင်စင်ယူတဲ့အကြောင်းတွေကို episode တစ်ခုချင်းစီမှာ အသေးစိတ်ရှင်းပြထားပါတယ်။

လူတိုင်းဒီအကြောင်းတွေအကြမ်းချင်းသိကြပေမယ့် လူတွေသိပ်မသိတဲ့အကြောင်းအရာအသေးစိတ်ကို ဒီseriesထဲမှာ အချိန်တိုတိုနဲ့ နားလည်လွယ်အောင်ရှင်းပြထားပါတယ်။ နားလည်လွယ်စေမယ့် animation တွေရယ် Videoတွေရယ် ပုံတွေရယ်ပါဝင်ပြီး Tiffany Haddish, Jane Lynch ,Edie Falco, Bobby Cannavale နဲ့ Marcia Gay Hardenတို့က နောက်ခံစကားပြောထားပါတယ်။

ဒီseriesကတော့ Explained ဆိုတဲ့ Seriesရဲ့ Spin-offဖြစ်ပြီး 2021 May 11မှာ Netflixကနေ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲနဲ့ပတ်သတ်ပြီး အတော်ဗဟုသုတရဲ့seriesတစ်ခုဖြစ်လို့ educationalဖြစ်တာမျိုးတွေကြည့်ချင်သူတွေအတွက် ဒီseriesကို recommend ပေးလိုပါတယ်။

The Witcher လာမယ့်အပတ်  ဒီဇင်ဘာ ၁၇ ကျရင် Netflix ကနေပြီးတော့ Witcher Fan တွေအတွက် Season 2 ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီ...
12/12/2021

The Witcher

လာမယ့်အပတ် ဒီဇင်ဘာ ၁၇ ကျရင် Netflix ကနေပြီးတော့ Witcher Fan တွေအတွက် Season 2 ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီအချိန်ကတော့ Season 1 ကို ကြည့်ပြီးသား Netflixen တွေအတွက် Revision ပြန်နွေးပြီး မကြည့်ရသေးတဲ့လူတွေကတော့ ဒီတစ်ပတ်ထဲမှာ Netflix acc လေးဝယ်၊ ကနဦးအရသာလေး ခံထားကြတော့နော်။ စကားမစပ် ကျွန်တော်တို့ Let's chill မှာ Year End Promotion တွေနဲ့အတန်ဆုံးစျေးတွေရှိနေမယ်နော် ဟဲဟဲ။

ဆိုတော့ ဇာတ်ကားမိတ်ဆက်ကိုပြန်သွားလိုက်ရအောင်.....

Witcher ဆိုတာကတော့ လူသားစင်စစ်တွေမဟုတ်ဘဲ မှော်ဆရာတွေက အောက်လမ်းနည်းတွေနဲ့ transform လုပ်ထားတဲ့ သွေးအေးအေး ဖိုက်တာလူသားတွေပဲဖြစ်ပါတယ်။ အောက်လမ်းနည်းနဲ့ဖန်တီးထားကြလို့ လူသားစစ်စစ်တွေကတော့ ရွံရှာမုန်းတီးကြပြီး ဒီလူတွေအတွက်ပဲ နတ်ဆိုးနဲ့ မိစ္ဆာတွေကို Witcher တွေကကြေးစားသတ်ဖြတ်ပေးကြရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့အသဲစွဲ Superman မင်းသားကြီး Henry Cavill က ရစ်ဗီယာမြို့က ဂယ်ရော့ထ် ဆိုပြီး Witcher တစ်ယောက်အနေနဲ့ Male Lead အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

တစ်ချိန်ထဲမှာပဲ စင်ထရာမြို့တော်ရဲ့ အမွေဆက်ခံသူ အိမ်ရှေ့မင်းသမီးလေး ဆယ်ရီကတော့ နက်ဖ်ဂါ့တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြေးလွှားရှောင်တိမ်းနေရပြီး အဘွားရဲ့ နောက်ဆုံးဆန္ဒသူရဲ့ ကံကြမ္မာဖြစ်သူ ဂယ်ရော့ထ် ကိုလိုက်ရှာနေရတာပေ့ါ။ ဆယ်ရီလေးက ကျိန်စာသင့်နေတဲ့ဖြူကောင်ဖခင်နဲ့ စင်ထရာဘုရင်မရဲ့သမီးတော်မိခင်တို့ကနေမွေးလာပြီးတော့ အဖေဖြစ်သူက ဂယ်ရော့ အပေါ်မှာ အသက်တစ်ချောင်းအကြွေး တင်နေရာကနေ ပြည်ထောင်စုတွေရဲ့ ရှေးကျတဲ့ဥပဒေအရ အသက်ကြွေးကို အသက်နဲ့ပြန်ဆပ်ရမယ်ဆိုတဲ့အတိုင်း ဆယ်ရီကို မမွေးဖွားခင်ထဲက သူ့အသက်ကို ဂယ်ရော့ထ်ပိုင်ပါတယ်။ ဘာနဲ့တူလည်းဆိုတော့ တော်တော်များသိချင်သိကြလိမ့်မယ် Twilight ဇာတ်ကားမှာ နောက်ဆုံး Renesmee ကိုမွေးပြီးတော့ Jacob က ဘ၀တစ်လျှောက်လုံး ကာကွယ်သူအဖြစ် ခြေရာမှတ်လိုက်သလို ခပ်ဆင်ဆင်ပါပဲ ဒီမှာတော့ ကြည့်ရင်းနဲ့နားလည်သွားပါလိမ့်မယ်။

S-1 မှာတော့ ဂယ်ရော့ထ်အခန်းတွေရဲ့ time frame ဟာ ဆယ်ရီနဲ့မတွေ့ခင်အချိန်တွေကို reverse အနေနဲ့ရိုက်ပြထားတာဖြစ်ပြီး ဆယ်ရီလေး ပြေးရင်းလွှားရင်း ဒုက္ခတပွေ့တပိုက်နဲ့ ဂယ်ရော့ထ် ကိုလိုက်ရှာနေတဲ့အခန်းတွေကိုတော့ forward ရိုက်ကူးထားလို့ အခုမှစကြည့်မယ့်သူတွေအတွက် နဲနဲလေးရှုပ်မလိုဖြစ်ရပါမယ်။ မပူပါနဲ့ အပိုင်း ၅ နဲ့ ၆ လောက်ဆို ဇာတ်ရည်လည်လာပါလိမ့်မယ်နော်။

မိစ္ဆာမုဆိုး၊ နတ်ဆိုးနဲ့ မှော်ပညာတွေ တိုင်းပြည်အာဏာလုယူမှုတွေကို အဓိကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး စုန်းအတက်နဲ့ ဂါထာအပြင် အတိုက်ခိုက်ခပ်ကြမ်းကြမ်းတွေကို cast အစုံနဲ့ ရင်သပ်ရှုမောဖွယ်ကြည့်ကြရမှာဖြစ်ပါတယ်။ လာမယ့် Dec 17 မှာထွက်မယ့် Season 2 မှာတော့ time frame ကိုလည်း သေချာလုပ်ထားပြီး အပြီအပြင်လှည့်ကွက်တွေနဲ့ အပိုင်း ၇ ထိ ရိုက်ကူးပြီးထားပြီဖြစ်လို့ The Witcher ဆံဖြူ ဂယ်ရော့ထ် ကြီးကို Season 1 လေးပြန်ကြည့်ပြီး စောင့်ကြိုလိုက်ကြရအောင်နော်။

A Castle For Christmas-----------------Genre:Romance,Comedy-------------------ခရစ်စမတ်ရုပ်ရှင်ကောင်းတစ်ပုဒ် Netflix ကထွက...
11/12/2021

A Castle For Christmas
-----------------
Genre:Romance,Comedy
-------------------
ခရစ်စမတ်ရုပ်ရှင်ကောင်းတစ်ပုဒ် Netflix ကထွက်ရှိထားပါတယ်။ Romance ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာ Vibe လေးရအောင် ပေးနိုင်တဲ့ရုပ်ရှင်လေးတစ်ခုပါ။

ဇာတ်လမ်းအကျဥ်းအနေနဲ့တော့ စာအုပ် ၁၂ တွဲ ဆက်ဖြင့် အောင်မြင်သူ စာရေးဆရာမ Sophie တစ်ယောက် နောက်ဆုံးစာအုပ် ထွက်ရှိအပြီးမှာ Fan တွေကတမှောက်၊ ပြတ်ဆဲထားတဲ့ အိမ်ထောင်ရေးကတစ်မှောက် မွန်းကြပ်နေရပါတယ်။ ဒီလိုနဲ့ မထင်သလို သူ့အဖေကြီးပျင်းခဲ့တဲ့ စကော့တလန်မြေက နန်းတော်တစ်ခုဆီ စိတ်ထွက်ပေါက်အနေနဲ့ သွားဖြစ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ Sphie ရဲ့ အဖေဖြစ်သူရဲ့အမှတ်တရ ဒမ်ဘာဆိုတဲ့ ရဲတိုက်ကြီးကို ၀ယ်ယူဖို့ကြိုးစားရင်း အဲ့ဒီမှာနေထိုင်နေစဲ မြို့စားမျိုးရဲ့နောက်ဆိုးမျိုးဆက် Myles ဆိုသူနဲ့ ကတောက်ကဖြစ်ရာကနေ အချစ်ဇာတ်လမ်းလေး ဖန်တီးခဲ့တဲ့အကြောင်း ကျွန်တော်တို့ကြည့်ရမယ်ပေါ့။

ဆောင်းအေးအေးမှာ နော်ဝေးမြေရဲ့ ရှုခင်းတွေကို အသားပေးရိုက်ထားပြီး ချစ်စဖွယ်နော်ဝေးပြည်သားတို့ရဲ့ ပျော်တတ်တဲ့ Culture မြင်တွေ့ရမှာဖြစ်ပြီး Landscape တွေအရမ်းမိုက်ပါတယ်။နောက်ခံတီးတွေလည်း နော်ဝေးဓာတ်ခံ လေးတွေပါဗျ။ထူးထူးခြားခြား ဇာတ်လမ်းကြီးမျိုးမဟုတ်လည်းပဲ ဒီနှစ်ရဲ့ ခရစ်စမတ်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်တော့ ဖြစ်သွားပါလိမ့်မယ်။ Romance ပရိတ်သတ်တွေ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါတော့ဗျ။ ။

Gone With The Wind (1939)——————HBOMAX——————ကမ္ဘာကျော်အမေရိကန် ပြည်တွင်းစစ်ကိုနောက်ခံထားပြီး ၁၉၃၆ ခုနှစ်မှာ မားဂရက် မစ်ချ...
09/12/2021

Gone With The Wind (1939)

——————HBOMAX——————

ကမ္ဘာကျော်အမေရိကန် ပြည်တွင်းစစ်ကိုနောက်ခံထားပြီး ၁၉၃၆ ခုနှစ်မှာ မားဂရက် မစ်ချယ်ဆိုသူ စာရေးဆရာမ ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ နာမည်ကျော် စိတ်ကူးယဉ်ဝတ္ထုလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အဲ့ဒီဝတ္ထုကတော့ တခြားမဟုတ်ပါဘူး ကျွန်မတို့ စာရေးဆရာကြီး မြသန်းတင့် ကိုယ်တိုင် အမျိုးသားစာပေဆု (ဘာသာပြန်)ပါရရှိခဲ့တဲ့ Gone With The Wind - လေရူးသုန်သုန် ဖြစ်ပါတယ်။

၁၉၃၉ ခုနှစ်မှာတော့ Gone With The Wind ကို ဒါရိုက်တာ Victor Fleming က Selznick ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပူးပေါင်းတင်ဆက်ခဲ့တာဖြစ်ပြီး အော်စကာ ၈ ဆု အပြင် ရုံစတင်ချိန်ကနေ နှစ်ပေါင်း ၂၅ နှစ်တိုင် ဇယားထိပ်ကနေပြီး သူ့ရဲ့စံချိန်ကိုတော့ အခုချိန်ထိ ဘယ်ဇာတ်ကားမှ မချိုးနိုင်သေးပါဘူး။ တကယ်ကိုဆုရဇာတ်ကားဖြစ်ပေလို့ပဲ ဇာတ်လမ်းကြာချိန်ကတော့ ၃ နာရီနဲ့ မိနစ် ၅၀ ကျော်ဖြစ်ပါတယ်။ ဒီဇာတ်ကားကြည့်မယ်ဆိုရင်တော့ အားလက်ချိန်အပြည့်အဝလုပ်ထားဖို့လိုပါမယ် အလုပ်တန်းလန်းနဲ့ကြည့်မယ်ဆိုရင် ဇာတ်လမ်းသရုပ်ဆောင်တွေကြောင့် မပျင်းရိနိုင်ပဲတောက်လျှောက်စီးမျောနေရမှာမို့လို့ ဟင်းအိုးတည်ထားရင် တူးကုန်မယ်လို့ ကျွန်မက သတိပေးလိုက်ပါရစေ။

ငယ်ရွယ်သွတ်လပ်ပြီး စိတ်ဓာက်ကြံ့ခိုင်တဲ့ အမျိုးကောင်းသမီးလေး Scarlett O’Hara ဟာ တဖက်သက်ချစ်ရသူ Ashley တို့အိမ်ကကျင်းပတဲ့ပါတီကိုသွားရင်း မထင်မှတ်ပဲ Ashley ဟာ တစ်ဝမ်းကွဲညီမဖြစ်သူ Melania နဲ့လက်ထပ်တော့မယ်ဆိုတာသိခဲ့ရပါတယ်။ ငယ်သေးတဲ့သူမဟာ မရင့်ကျတ်မှုတွေနဲ့ ချစ်ရတဲ့ယောကျ်ားကို အရွဲ့တိုက်ချင်တာကြောင့် လုံးဝမှ စိတ်မဝင်စားတဲ့ Charles Hamilton ဆိုသူတခြားတစ်ယောက်ကို လက်ထပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ပြည်တွင်းစစ်အတွင်းမှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အညာတရမုဆိုးမလေးဖြစ်ခဲ့ရပြီး တဖက်သက်အချစ်ဇာတ်လမ်းကို အရှိန်မသတ်နိုင်သေးတာကြောင့် သူမချစ်ရတဲ့မွေးရပ်မြေ Tara (လက်ရှိ Georgia) ကနေ Melania တို့နေထိုင်တဲ့ Atlanta ကိုပြောင်းရွှေ့ခဲ့ရမှ ဘဝရဲ့ကြီးမားတဲ့ အချိုးအကွေ့တွေ ရင်ဆိုင်လာရပါတော့တယ်။

အသက်ကလည်းငယ် တဇွတ်ထိုး တစောက်ကန်းအကျင့်ဆိုးတွေနဲ့ အပြောမခံချင်စိတ်တွေကြောင့် Scarlett ရဲ့တလွှဲတွေကို ပါးစပ်မပိတ်နိုင်ပဲရီနေရမယ့်အပြင် မိန်းမနဲ့ ကလေးရတဲ့ထိ Ashley ကိုချစ်တဲ့စိတ်ကမဖျောက်ဖျက်နိုင်တဲ့ သနားစရာမိန်းကလေးအသွင်ကိုလည်း ခံစားကြည့်ရမှာဖြစ်ပါတယ်။ စစ်ရေးအခြေအနေကြာလို့ သူမဘဝလေး နေရောင်သမ်းလာနိုင်ခဲ့ပြီး မွေးရပ်မြေ Tara မှာ ဝါဂွမ်းခြံလေးနဲ့ ပင်ပန်းပေမယ့် မိသားစုမငတ်ဖို့ အိမ်ထောင်ကိုလည်းဦးစီးခဲ့ရပါသေးတယ်။ ဆင်းရဲဒဏ်ကိုခံလာခဲ့ရတော့ ငွေရဲ့တန်ဖိုးကိုနားလည်ခဲ့ပြီး သက်လတ်ပိုင်းအရွယ်မှာ အခွန်ဆောင်ဖို့အတွက် သူမကိုယ်သူမ အမရဲ့ရည်းစားဖြစ်သူ Frank Kennedy ဆီမှာ ဒေါ်လာ ၃၀၀ နဲ့ ရောင်းစားခဲ့ပါတယ်။ Frank နဲ့လက်ထပ်ပြီး Atlanta ကသစ်စက်ရုံကိုပါ ဦးစီးလုပ်ကိုင်ခဲ့ကာ ငွေကိုအရှိန်တိုးလို့ရှာဖွေခဲ့ပါတယ်။ ဒုတိယယောကျ်ားသာယူလိုက်ပေမယ့် အမည်ခံသပ်သပ်သာဖြစ်ခဲ့ပြီး အချစ်ဦးကို ရူးတောင်သူမ မမေ့ခဲ့ပါဘူး။

ဒီလိုနဲ့ ပြည်တွင်းစစ်အပြီး Ashely ပြန်လာချိန်မှာ ပြန်လည်နီးစပ်ချင်စိတ်ကြာင့် သူမရဲ့သစ်စက်ရုံကို အတင်းဦးစီးစေခဲ့ပြီး Scarlett ကတော့ သူမအမုန်းဆုံးသူဖြစ်ပေမယ့်လည်း အကူညီလိုတိုင်းမှာ နားပူနားဆာလုပ်လို့ရတဲ့ အသက်ရွယ်အားဖြင့် ကွာဟလွန်းလှပြီး အမေရိကန်ခေတ် ဆောင်ကြာမြိုင်ရေပန်းစား ဘောစိဦးဦး Rhett Butler နဲ့ တတိယအကြိမ် လက်ထပ်ခဲ့ပြန်ပါတယ် (တော်တော်ယူနိုင်လွန်း)။ အချစ်မပါတဲ့အိမ်ထောင်ရေးလို့ Scarlett ကထင်နေပေမယ့်လည်း သမီးလေးတစ်ယောက်ရလာချိန်မှာတော့ Rhett ကိုချစ်မိနေတာသိလိုက်ရပါတယ်။ ကဲအစဖော်ရင်း တော်တော်ခရီးရောက်သွားပြီမို့လို့ ဒီလောက်နဲ့ပဲရပ်ပါရစေ။ Scarlett နဲ့ Rhett တို့နှစ်ဦးရဲ့ ဦးနဲ့သမီး အချစ်ဇာတ်လမ်းလေး သာယာနိုင်ပါ့မလား ပြာကလပ်စိန် Scarlett လေးရဲ့ ဇရာကရော ကောင်းစားနိုင်ပါ့မလား စာရေးဆရာကြီး မြသန်းတင့် ရဲ့ လေရူးသုန်သုန်ကို အခြေခံထားတယ်ဆိုမှ ကြည့်မိရင် နောင်တမရပဲ မကြည့်မိတော့မှ ခေတ်မမှီပဲဖြစ်နေပါမယ်ရှင်။ Google must watch list မှာလည်းပါဝင်ပြီး IMDb rating 8.1/10 နဲ့ Rotten Tomatoes 90% ထိ reached ဖြစ်ထားတဲ့ ဒီဇာတ်ကားကိုကြည့်ပြီးတာနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာအသေချာပဲဆိုတာ ကျွန်မကိုယ်တိုင် အာမခံပါတယ်ရှင်။

The Power Of The DogGenre: Western,Drama_______________________________________________Power Of The Dogs........ဟောဒီဆွဲ...
06/12/2021

The Power Of The Dog

Genre: Western,Drama
_______________________________________________

Power Of The Dogs........ဟောဒီဆွဲဆောင်မှုရှိတဲ့
ရုပ်ရှင်နာမည်ကတော့ သမ္မာကျမ်းစာထဲက ကောက်နှုတ်ထားပြီး Power Of The Dog ဆိုတဲ့ Novel ထဲက ကောက်နှုတ်ထားပါတယ်။ တကယ်တော့ Western Film ဖြစ်တဲ့အတွက်
လှုပ်လှုပ်ရှားရှားမြင်တွေ့မယ်လို့ ထင်ခဲ့ပေမဲ့ တကယ်က
Drama ချည်းပါပဲ။ ခွေးတစ်ကောင်နဲ့ နှိုင်းပြီး စိတ်ပိုင်းဆိုင်ရာ လူ့ပရိယာရ် မြင်အောင်ရိုက်ပြထားပြီး Benedict Cumberbatch က ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုတစ်ခုလို့ ပြောရပါမယ်။
Netflix Original Film တစ်ခုဖြစ်ပြီး အေးအေးဆေးဆေး ကြည့်ဖို့သာ သင့်တော်တဲ့ရုပ်ရှင်တစ်ခုပါ။

Burbank မိသားစုပိုင် နွားခြံမှာ ယဥ်ကျေးမှုမထွန်းကားပဲ ကြမ်းတမ်းစွာနေတဲ့ Phill နဲ့ George ဆိုတဲ့ ပညာတတ်လူယဥ်ကျေး Burbank ညီနောင်နှစ်ယောက် အတူပြန်နေကြတယ်ပေါ့။ တမင် လူ့ဘ၀ကို အရိုင်းဆန်ဆန် နေတဲ့ Phill နဲ့ လူ့ယဥ်ကျေး George တို့ ပင်ကိုစရိုက်တွေကတော့ ညီအစ်ကိုပေမဲ့ မိုးနဲ့မြေပါပဲ။ တစ်နေ့တော့ Phill နဲ့ George တို့ ကြားထဲ Rose
Gordon နဲ့ သားဖြစ်သူ Peter တို့၀င်ရောက်လာခဲ့ပြီး တဖြည်းဖြည်းချင်း မသိမသာ မရီးနဲ့မတ်တို့ကြား တင်းမာလာခဲ့ပါတယ်။ Rose ရော၊ Pete ရော ကို Phill တစ်ယောက် ကြည့်မရဖြစ်ပြီး Civilization တစ်ခုလုံး ယဥ်ကျေးနေတာဟာ Phill အတွက်တော့ အဆင်ပြေမနေခဲ့ပါဘူး။ Phill နဲ့ သူ့လူတွေအပေါ်မှာလည်း Mystery Character တစ်ယောက်က အကြီးကြီး လွှမ်းမိုးထားတာကိုတွေ့ရမှာပါ။ Pete လို ကြည့်ရတာပျော့ပြီးညံ့မယ် ထင်ရတဲ့ ကောင်လေးကို Phill ကြည့်မရဖြစ်ရာကနေ တူ၀ရီးနှစ်ယောက် ဘယ်လိုဖြစ်သွားရင်း ဘာတွေဆက်ဖြစ်မှာလဲ?

အရမ်းစိတ်၀င်စားဖို့ကောင်းတဲ့အခြေနေတွေကို
ဒီရုပ်ရှင်ကဆွဲခေါ်ပေးမှာပါ။ အကယ်၍ ဒီရုပ်ရှင်က
အပစ်အခတ် ကြမ်းပတမ်း နဲ့ အကြီးကျယ်လျှို့၀ှက်စရာတွေမပါရင်တောင် ဘာဆက်ဖြစ်မလဲဆိုတဲ့ မြှုပ်ကွက်တွေဟာ ဆွဲဆောင်မှုဖြစ်လွန်းပါတယ်။ Phill ရဲ့ character ဖြစ်တဲ့ ညစ်တီးပေစုတ် ကောင်းဘွိုင်ကြီး၊ရက်စက်တယ်ထင်ရတဲ့ လူဂွစာကြီးကို
တစ်ခုခုလွှမ်းမိုးခံထားရတဲ့ နေရာကနေ သရုပ်ဆောင်ထားရတဲ့ Benedict Cumberbatch သရုပ်ဆောင်ချက်တွေက ပြီးပြည့်စုံပြီး Pete ရဲ့ ပျော့ဖတ်ဖတ်နဲ့ ဉာဏ်ကောင်းတဲ့ ကောင်လေးအဖြစ် Kodi Smit-McPhee ကလည်း တက်သစ်စပြီပြီ ရှယ်ချောမွေ့လွန်းပါတယ်။Sam Raimi Spiderman ထဲက MJ ဖြစ်တဲ့ Kirsten Dunst ကလည်း ဒီကားနဲ့ပတ်သက်ပြီး Good Review တွေတက်နေပါတယ်။ Romance ဓာတ်လေးနည်းနည်းရပြီး တချို့အခန်းတွေ ဘယ်တော့သတ်ဖြတ်မလဲဆိုတာ စောင့်ရင်း လည်ပင်းရှည်မှာပါ။

ရုပ်ရှင်ရဲ့ သင်ခန်းစာကတော့ ရက်စက်တယ်ပြောရမလား? ညှင်သာတယ်ပဲပြောရမလား? ဘာပေးပေးရတဲ့ အရသာပါပဲ။ Netflix က ဒီလိုရုပ်ရှင်ကောင်းတွေ ထပ်ထုတ်နိုင်ပါစေလို့ ဆုတောင်းရင်း The Power Of The Dog ကြည့်ဖြစ်အောင်ကြည့်ဖို့ ရှယ်တိုက်တွန်းလိုက်ပါတယ်။ ။

Money Heist season 5 part 2အားလုံးစောင့်မျော်နေကြတဲ့ Money Heist season 5 part 2ဟာ မနေ့ပဲ Netflix မှာထွက်ရှိလာပါပြီ။ အရင...
04/12/2021

Money Heist season 5 part 2

အားလုံးစောင့်မျော်နေကြတဲ့ Money Heist season 5 part 2ဟာ မနေ့ပဲ Netflix မှာထွက်ရှိလာပါပြီ။ အရင်seasonတွေလိုပဲ အသည်းတယားယားဖြစ်ဖွယ် ရိုက်ကူးထားပြီး ပြီးခါနီးအထိ ဇာတ်ရှိန်လုံးဝကျမသွားအောင် ထိန်းထားနိုင်ပါတယ်။

ဒီseason 5 part 2မှာ ဘဏ်ထဲကိုလွှတ်လိုက်တဲ့ အထူးတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း Tokyoကျဆုံးပြီးနောက် ကျန်တဲ့အဖွဲ့သားတွေ အန္တာရယ်ကင်းကင်းနဲ့အပြင်ပြန်ထွက်ဖို့ရယ်
ရွှေတွေကိုသယ်ထုတ်ဖို့ရယ်အတွက် Professor က
mind gameတွေ planတွေတစီတတန်းကြီးနဲ့ ကြိုးစားပုံကို
ဇာတ်အိမ်တည်ထားပါတယ်။

ကျဆုံးသွားတဲ့memberတွေလောက်နီးနီး ကြမ်းတဲ့member အသစ်တွေလည်းထပ်ပါလာပါတယ်။Berlinနဲ့ Tokyoတို့ကိုလည်း နောက်ကြောင်းပြန်တဲ့အခန်းတွေမှာ အလွမ်းပြေပြန်ထည့်ထားပါတယ်။

မထင်မှတ်ထားတဲ့လှည့်ကွက်တွေအများကြီးမှ အများကြီး ပါပြီး spoilသလိုဖြစ်မှာစိုးလို့ အသေးစိတ်တော့မပြောပြတော့ပါဘူး။ဒီseasonကတော့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပဲ
ကြည့်ရတာ တကယ်အရသာရှိပါတယ်။

အသစ်ထွက်ရှိလာတဲ့ season 5 part 2ကတော့ episode 5ခုရှိပြီး episode တစ်ခုဟာ တစ်နာရီနီးပါးကြာချိန်ရှိတဲ့အတွက် တစ်ထိုင်တည်းbingeပြီးသာ ကြည့်ဖို့ အကြံပေးချင်ပါတယ်။
မကြည့်ရသေးတဲ့သူတွေလည်း မျှော်စရာမလိုပဲ
အစကနေ အဆုံးထိ တစ်ထိုင်တည်းကြည့်ရှုလို့ရပါပြီ။

Series တော်တော်များများလို အစပိုင်းမှာသာကောင်းပြီး ပြီးခါနီး အဖျားရှူးသွားတဲ့seriesမျိုးမဟုတ်ပဲ finaleနောက်ဆုံး episodeအထိ စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့seriesတစ်ခုဖြစ်ပါတယ်။ Heist seriesတွေထဲမှာ ကြောက်ခမန်းလိလိအအောင်မြင်ဆုံးseriesတစ်ခုဖြစ်တဲ့အတွက်
ထွေထွေထူးထူးတောင်ပြောစရာမလိုတော့ပါဘူး။
Netflixထဲသာဝင်ပြီး အခုပဲကြည့်လိုက်ဖို့ အကြံပေးပါရစေ။

Money Heist Season 5 Vol-2 က Episode 5 ပိုင်းထွက်ပါပီမကြည့်ရသေးရင် ကြည့်ထားကြနော် ဘာလို့ဆို Let's Chill Review Team ကနေ ...
03/12/2021

Money Heist Season 5 Vol-2 က
Episode 5 ပိုင်းထွက်ပါပီ
မကြည့်ရသေးရင် ကြည့်ထားကြနော်
ဘာလို့ဆို Let's Chill Review Team ကနေ
ရှယ် spoil တော့မှာမလို့😜

Netflix မှာ ကြည့်စရာအရမ်းများပီးဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက် လောလောဆယ် Trend အဖြစ်ဆုံး series 59ခုကို review လုပ်ပေးထ...
29/11/2021

Netflix မှာ ကြည့်စရာအရမ်းများပီး
ဘာကြည့်ရမလဲမသိ ဖြစ်နေသူတွေအတွက်
လောလောဆယ် Trend အဖြစ်ဆုံး
series 59ခုကို review လုပ်ပေးထားပါတယ်🌟

ကြုံတုန်းလေး ဈေးဝယ်ရင်းနဲ့ ငွေ၅သိန်းကျပ်အထိကံထူးနိုင်တဲ့
𝙎𝙥𝙚𝙘𝙞𝙖𝙡 𝙔𝙚𝙖𝙧-𝙀𝙣𝙙 𝙎𝙖𝙡𝙚𝙨 လေးနဲ့ မိတ်ဆက်ပေးပါရစေ
( https://www.facebook.com/letschill.inc/posts/461646681971194 )
ဒီအစီအစဉ်နဲ့ပက်သက်ပီး အသေးစိတ်သိလိုပါက
Page cb ကို လာခဲ့ပေးပါခင်ဗျ✅🙋

ဆက်သွယ်ရန် - http://m.me/letschill.inc

Bridget Jones’s Collection Bridget Jones’s Diary (2001)-----------------------------Bridget Jones’s Diary: The Edge of R...
27/11/2021

Bridget Jones’s Collection

Bridget Jones’s Diary (2001)
-----------------------------
Bridget Jones’s Diary: The Edge of Reason (2004)
-----------------------------
Genres : Comedy, Romance, Drama
-----------------------------

Bridget ဆိုတဲ့ မိန်းကလေးတစ်ယောက်ကတော့ သူ့ရဲ့ အသက်၊ အလေးချိန်၊ အလုပ်၊ ယောက်ျားမရှိခြင်း နဲ့ သူမရဲ့ မပြည့်စုံမှုများကို ဆန့်ကျင်ရုန်းကန်နေရတာ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်. New year တစ်ခုမှာတော့ သူမဘ၀ကိုပြောင်းလဲထိန်းချုပ်ဖို့ အတွက် Diary တစ်ခုစတင်ရေးခဲ့ပါတယ်

လင်မယား၊ စုံတွဲ သူငယ်ချင်းတွေကြားထဲမှာ Bridget ဟာသူမရဲ့ အပျိုကြီးတစ်ကိုယ်တည်းဘ၀ကို အဆုံးသတ်ဖို့ရယ် ငယ်ငယ်က မချစ်လိုက်ရတဲ့ အချစ်ဦး Mark ကို သဝန်တိုစေဖို့အတွက် သူမရဲ့ Boss လည်းဖြစ်တဲ့ Daniel Cleaver နဲ့ အချစ်ဇာတ်လမ်းစခင်းပါတော့တယ်

အမေဖြစ်သူရဲ့ လွှမ်းမိုးခြင်းကို အပြည့်အ၀ခံထားရပြီး တလွဲများနဲ့ Bridget တစ်ယောက် ရည်းစားအသစ်လေးရတဲ့အချိန်မှာတော့ အတွင်းခံဘောင်းဘီကအစ အသေးစိတ်စီစဉ်မှုတွေကို ရယ်စရာလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်

Daniel နဲ့ပြီးပြည့်စုံတဲ့အချစ်ဘ၀လေး တည်ဆောက်ဖို့စဉ်းစားပြီးခါမှ အသည်းခွဲမိုးတွေ သူမအပေါ်ရွာကျလာတဲ့အခိုက် 32 နှစ်အရွယ် အမျိုးသမီးတစ်ယောက် ပြသာနာတွေကို ဘယ်လို Handle လုပ်မလဲ Mark နဲ့ရော ဘာတွေဆက်ဖြစ်မလဲ သုံးပွင့်ဆိုင်အရှုပ်တော်ပုံတွေကို ဒီဇာတ်ကားလေးမှာ ပြသပေးမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ကားလေးပါနော်

1 နဲ့ 2 (The Edge of Reason) ဆိုပြီး နှစ်ပိုင်းခွဲထွက်ထားလို့ HBOmax ကနေ အခုပဲကြည့်လိုက်တော့နောိ

Bridget Jones's Baby (2016)
--------------------------------
Bridget Jonese လို့စကြားထဲက တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ မိန်းကလေးဆိုတာပြေးမြင်မိတော့တာပဲ အခုကတော့ မိန်းကလေးမဟုတ်တော့ဘူးနော် အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့အပျိုကြီး Bridget ကိုဒီဇာတ်ကားလေးမှာ တွေ့ရမှာဖြစ်ပါတယ်

အပျိုကြီးကတော့ Diary တွေရေးပြီး သူဘ၀ကိုထိန်းချုပ်နိုင်ခဲ့တာ ဒီကားမှာဆိုရင် Positive Engery အပြည့်နဲ့ New life, Top job အပြင် EX ဖြစ်တဲ့ Mark တစ်ယောက်နဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးကို အရင်ကထက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်

အလုပ်က Holidays လေးရလို့အချစ်ဆုံးသူငယ်ချင်းနဲ့ Music Festival တစ်ခုသွားရင်းမထင်မှတ်ထားတာတစ်ခုကို ကြုံတွေ့လာရပါတော့တယ် အဲ့ဒါကတော့ သူစိမ်းတစ်ယောက်နဲ့ အရက်မူးပြီး တစ်ညတာကုန်ဆုံးခဲ့တာဖြစ်ပြီး တစ်လအကြာမှာ သူကိုယ်ဝန်ရှိနေတာကို သိလိုက်ရတာပါပဲ (ဘယ်လိုတောင် လှုပ်ရှားလိုက်တာလဲ အပျိုကြီးရေ)

ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး ခရီးကအပြန်မှာလည်း ပူပူနွေးနွေးကွာရှင်းပြတ်ဆဲထားတဲ့ တစ်ကိုယ်တော် Mark နဲ့လည်း ပြန်လည်ချစ်ကြိုးသွယ်မိလိုက်ပါသေးတယ် အဲ့ဒီချိန်မှာတော့ ဒီကိုယ်ဝန်ကဘယ်သူနဲ့ရတာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတော့တယ်

ကဲတလွဲမှုအပေါင်း သရဖူဆောင်းအပျိုကြီး Bridget ရဲ့
အရှုပ်တော်ပုံလေးကိုလည်း Mood အပြည့်နဲ့
ဆက်လက်ကြည့်လိုက်ရအောင်နော်

Address


Opening Hours

Monday 08:00 - 01:00
Tuesday 08:00 - 01:00
Wednesday 08:00 - 01:00
Thursday 08:00 - 01:00
Friday 08:00 - 01:00
Saturday 08:00 - 01:00
Sunday 08:00 - 01:00

Telephone

+959753643185

Products

Netflix ,Prime Video ,Disney+ ,HBO ,Hulu ,Spotify ,Tidal ,Windscribe Vpn

Alerts

Be the first to know and let us send you an email when Let's Chill posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Chill:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share