Khualsim Miphun

  • Home
  • Khualsim Miphun

Khualsim Miphun KHUALSIM MINO KAN ZATE THO IN DIIND IN LUNGRUAL TEN TUAN KHAT VEL LE HU. Chin(Lai)
(3)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်နှစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့...
18/11/2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်နှစ်စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦးသေဆုံး..

The genocidal military junta's fighter jet attacked, resulting in the tragic deaths of 11 Chin villagers, including 8 children, and critically injuring 4 innocent villagers in Vuilu village, Matupi Township, Chin State, Myanmar. The international community must exert all possible efforts to halt the brutal military junta's access to international finances, fuel, and supplies. The day these supplies cease is the day when stability, peace, and prosperity can begin in Myanmar, not only for the region but also for the world.

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်
====================================
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ ၆ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးခဲ့သည်။
အသက်(၅) နှစ်အရွယ်ကလေးငယ်အပါအဝင် (၄) ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင်အဆောက်အဦိနှင့် ဘာသာရေးအဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့သည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ Infograph တွင်လေ့လာနိုင်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။


17/11/2023
ဖလမ်းမြို့ဖလမ်းမြို့ ရဲစခန်းက ရဲ ၅ ဦး ထွက်ပြေးပြီး CNDF ထံအလင်းဝင်မျက်မှောက်ခေတ်၊ နိုဝင်ဘာလ ၁၆ ချင်းပြည်နယ်၊ဖလမ်းမြို့ ...
16/11/2023

ဖလမ်းမြို့ဖလမ်းမြို့ ရဲစခန်းက ရဲ ၅ ဦး ထွက်ပြေးပြီး CNDF ထံအလင်းဝင်

မျက်မှောက်ခေတ်၊ နိုဝင်ဘာလ ၁၆

ချင်းပြည်နယ်၊ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံရဲစခန်းက ရဲတ ၅ ဦးဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့(CNDF) ထံ လက်နက်မဲ့ အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ်နှစ်ဦးနှင့် တပ်သားတစ်ဦး စုစုပေါင်း ငါးဦးဟာဖလမ်းမြို့ဆေးရုံကြီးမှာ ကင်းစောင့်နေရင်း ထွက်ပြေးကာ အလင်းဝင်ရောက်သွားကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေဟာတပ်ကြပ်ကြီး ဦးလှော်ကုာလ် အသက် ၆၀ နှစ်၊ တပ်ကြပ်ကြီး ဦးကျူံးငွန်ဆန်း အသက် ၅၂ နှစ်၊ တပ်ကြပ် ဘွဲ့သင်းထန်း အသက် ၄၁ နှစ် ၊ တပ်ကြပ် စုခန့်ပြန်း အသက် ၃၅ နှစ် နဲ့ တပ်သား ထောင်းနွန်ထန်း အသက် ၂၆ နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။

ဖလမ်းမြို့နယ် သီးဘွလ်စခန်း CNDFမှ သိမ်းပိုက်အပြီး နယ်မြေရှင်းလင်း လက်နက်ခဲယမ်း အများအပြား ရရှိ။
16/11/2023

ဖလမ်းမြို့နယ် သီးဘွလ်စခန်း CNDFမှ သိမ်းပိုက်အပြီး နယ်မြေရှင်းလင်း လက်နက်ခဲယမ်း အများအပြား ရရှိ။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြီးအပါအဝင် ၅ ဦး ဖလမ်းမြို့အခြေပြု CNDF ထံ CDM ပြုလုပ်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်ချင်းပြည်န...
16/11/2023

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြီးအပါအဝင် ၅ ဦး ဖလမ်းမြို့အခြေပြု CNDF ထံ CDM ပြုလုပ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံရဲစခန်းမှ ရဲတပ်ကြပ်ကြီး၂ ဦး အပါအဝင် ၅ ဦး သည် နိုဝင်ဘာလ ၁၄ ရက် က ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်မဲ့ CDM ပြုလုပ်ကာ အလင်းဝင်ကြောင်း သိရပါသည်။

"ထွက်ပြေးတဲ့သူက ရဲတပ်ကြပ်ကြီး ၂ဦး၊ တပ်ကြပ် ၂ဦး နှင့် တပ်သား ၁ ဦး အားလုံး ၅ ယောက်ပါ၊ တပ်ကြပ်ကြီး ၂ ဦးက ဖလမ်းဆေးရုံးကြီးမှာ ကင်းစောင့်နေတဲ့သူတွေ၊ တော်လှန်ရေးစကတည်းက ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် အခွင့်အရေးမရလို့ ခုမှ ထွက်​ပြေးတာ၊ စကစတွေက မိသားစုပါ ထိန်းချုပ်တော့ အခွင့်အရေးမရတဲ့သူတွေ အများကြီးရှိသေးတယ်"ဟု CDM ပါဝင်ပူးပေါင်းသူရဲ့ နီးစပ်တဲ့သူက The Rihli Voice ထံသို့ ပြောပါသည်။

CDM ပူးပေါင်းပါဝင်သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၂ဦး မှာ တပ်ကြပ်ကြီး ဦးလှော်ကုာလ် အသက် ၆၀ နှစ် နဲ့ တပ်ကြပ်ကြီး ဦးကျူံးငွန်ဆန်း အသက် ၅၂ နှစ်၊ တပ်ကြပ် ဘွဲ့သင်းထန်း အသက် ၄၁ နှစ်၊ တပ်ကြပ် စုခန့်ပြန်း အသက် ၃၅ နှစ် နဲ့ တပ်သား ထောင်းနွန်ထန်း အသက် ၂၆ နှစ်တို့ဖြစ်ကြပြီး လွတ်မြောက်နယ်မြေအတွင်းပို့ဆောင်းပြီး ၎င်းတို့၏ အသက်လုံခြုံရေး အတွက် လည်း CNDF တော်လှန်ရေးတပ်မှ တာဝန်ယူ​ပေးကြောင်း သိရှိရပါသည်။

ဖလမ်းမြို့နယ် သီးဘွာလ်စစ်စခန်း CNDF မှ သိမ်းပိုက်လက်နက်အမြောက်အများရရိThe Rihli Voice၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ချင်း...
15/11/2023

ဖလမ်းမြို့နယ် သီးဘွာလ်စစ်စခန်း CNDF မှ သိမ်းပိုက်လက်နက်အမြောက်အများရရိ

The Rihli Voice
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်အတွင်းရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းအား ယနေ(နိုဝင်ဘာ ၁၅ ရက်) မနက် ၅နာရီကျော်ခန့်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ သိမ်းပိုက်နိင်ကြောင်း စစ်မြေပြင်ရောက် တာဝန်ရှိသူထံမှ သတင်းရရှိပါသည်။

"ကျတော်တို့တိုက်တာက မနေ့ည ၁၁ နာရီလောက်တွင်ဝင်တိုက်တာ ၊စစ်ခွေးတွေက ထွက်ပြေးတဲ့ လူလဲရှိတယ် ၊လက်နက်လည်း အမြောက်အများသိမ်းနိုင်တယ်၊ စစ်စခန်းလဲ မီးရှိူ့ဖျက်စီးလိုက်တယ်၊အသေးစိတိကိုတော့ကျနော်တို့ ထုတ်ပြန်မှာပါ "ဟု CNDF တာဝန်ရှိသူက ပြောပါသည်။

သီးဘွာလ်စစ်ကောင်စီ တပ်စခန်း ကို CNDF တော်လှန်ရေး တပ်တစ်ခုတည်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီးလ ၁၀ ရက် တုန်းကလည်း ဖလမ်းမြို့နဲ့ ကလေးလမ်းမပေါ်ရှိ ဗါရ်းစစ်စခန်းကိုလည်း CNDF မှ သိမ်းပိုက်ခံ့သည်။

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် တွင်လည်း CNA နဲ့ CDF-Hualngo ပူးပေါင်းတပ်မှ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ် စစ်စခန်းနဲ့ တီအိုချောင်းရှိစစ်စခန်း ၂ခုကို တစ်ရက်တည်းနဲ့ သိမ်းပိုက်နိင်ခဲ့ပါသည်။

ခမ်ပတ်မြို့သိမ်းတိုက်ပွဲတွင် ရရှိခဲ့သော လက်နက်ခဲယမ်းတစ်ချို့ CNDF ထုတ်ပြန်
14/11/2023

ခမ်ပတ်မြို့သိမ်းတိုက်ပွဲတွင် ရရှိခဲ့သော လက်နက်ခဲယမ်းတစ်ချို့ CNDF ထုတ်ပြန်

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲမှာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံး၊ ကိုသူ/MFP၊ နို...
14/11/2023

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲမှာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊
တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံး၊

ကိုသူ/MFP၊ နိုဝင်ဘာ - ၁၄

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ ရိခေါ်ဒါရ်မြို့ကို မနေ့က မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်အုပ်စု အများအပြား သေကာ၊ တချို့ ထွက်ပြေး၊ တချို့ကို ဖမ်းမိပြီး လက်နက်မျိုးစုံ (၃၀)ကျော် သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

ချင်းအမျိုးသားတပ်ဦး (CAN/CNF) ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ(၁၂)နဲ့ (၁၃)ရက်မှာ ရိဒ်ခေါဒါရ်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပြီး အပြီးအပြတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မြို့သိမ်းတိုက်ပွဲကနေ စစ်အုပ်စုရဲ့ လက်နက်မျိုးစုံ (၃၀)ကျော်နဲ့ ခဲယမ်းအမျာအပြား သိမ်းဆည်းရရှိတယ်လို့ The Chin Journal က ဖော်ပြပါတယ်။

ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲမှာ တပ်ရင်းမှုးအဆင့် ဗိုလ်မှုးတစ်ဦးနဲ့ ဗိုလ်ကြီး အပါအ၀င် စစ်အုပ်စု ခုနှစ်ယောက် ဖမ်းမိကာ အလောင်း လေးလောင်း ရရှိပြီး စစ်အုပ်စု (၂၀)ကျော်၊ (၃၀)နီးပါးကတော့ အိန္ဒိယဘက် ထွက်ပြေးသွားတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက MFP ကို ပြောပါတယ်။

အဲ့ဒီ ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်က တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးပြီး CNF တပ်ဖွဲ့ဝင် ရဲဘော်ရှစ်ဦးနဲ့ PDA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ရဲဘော် ခြောက်ဦး ကျဆုံးပြီး (၁၈)ဦး ဒဏ်ရာရကာ ဒဏ်ရာရသူတွေထဲ ရဲဘော် သုံးဦး ထပ်မံ ကျဆုံးတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရိခေါ်ဒါရ်မြို့ရှိ စစ်အုပ်စု စခန်းအားလုံးကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားတယ်လို့ ချင်းအမျိုးသားတပ်ဦး-CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"အဲ့ဒီ စခန်း နှစ်ခုစလုံးမှာတော့ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ရဲ့ လက်နက်တွေ အားလုံးနီးနီးကတော့ ကျနော်တို့ သိမ်းထားတာပေါ့"

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းအသုံးပြုကာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သလို (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက် စစ်ကူးပေး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး သတင်းရင်းမြစ်တွေကက ပြောပါတယ်။

နှစ်ရက်ကြာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွါးမှုနဲ့ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ရိခေါ်ဒါရ်မြို့ပေါ်က ‌ဒေသခံ အားလုံး မြို့လုံးကျွတ် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို တိမ်းရှောင်နေစဉ် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက်ကို လက်နက်တချို့ ကျရောက်ပြီးတော့ စစ်ရှောင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲပြီး လက်နက်ကြီးနဲ့ ထုတာကြောင့် တော်လှန်ရေးရဲဘော်နဲ့ ပြည်သူ(၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရတယ်လို့ ရိခေါ်ဒါရ်ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုချိန်ထိတော့ တိုက်ပွဲတော့ လုံး၀ မရှိတော့ဘူး။ စခန်းအားလုံးကို ပြည်သူ့တပ်မတော်ထဲ ရှိပြီးပြီ၊ တမြို့လုံးကို ပြည်သူတပ်မတော်တွေက ထိန်းချုပ်ထားတယ်။ ဒီည (၇)နာရီ (၅)မိနစ်မှာ တိုက်လေယာဉ်နဲ့ တစ်ကြိမ် ဗုံးလာကြဲတယ်။ အသံကတော့ ပြင်းတယ်။ အဲ့လိုကျဲတာ နှစ်ကြိမ်ရှိတယ် တိုက်လေယာဉ်နဲ့။ တကယ့် ဗုံးကြီးတယ် ထင်တယ်။ တဖက်နိုင်ငံကနေလည်း အကုန်လုံး တုန်လှုပ်နေတာပဲ။ စစ်ရှောင်ကတော့ အားလုံး(၅၀၀၀)နီးပါး ရှိမယ်။ ဒဏ်ရာရတဲ့ သူ‌ကတော့ ဒီပြည်သူတပ်မတော်ထဲက ဒဏ်ရာရတဲ့သူနဲ့ အကုန်လုံး သိသလောက်ဆို (၂၀)၀န်းကျင် ရှိမယ်။ ဒီတချို့ဆိုရင် သွေးလိုတဲ့သူလည်း ရှိတယ်။ သွေးသွင်းပေးရတဲ့ လူတွေပေါ့။ သေဆုံးတာကတော့ တစ်ယောက်သဂြိုလ်ပြီးပြီ ဒီညမှာ" လို့ ဒေသခံတစ်ဦးက မနေ့က ညပိုင်းအချိန် MFP ကို ပြောပါတယ်။

လက်ရှိမှာတော့ ရိခေါ်ဒါရ်မြို့ကို ချင်းတော်လှန်ရေး တပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး နယ်စပ်တံတား ပေါ်မှာလည်း ချင်းအမျိုးသား အလံတော်ကို အောင်လံလွှင့်ထားပါတယ်။

ရိခေါ်ဒါရ်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းတောင်မှာသာမက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စစ်ရေးအရှိန် မြင့်တင်ပြီး စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲ ၀င်မှာမို့ ပြည်သူတွေ အနေနဲ့ အားတင်းထားဖို့၊ စိတ်ရှည်ရှည် ထားပြီး တော်လှန်ရေးမှာ ဆက်လက် ပူးပေါင်း ပါ၀င်ကြဖို့လည်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ပြည်တွင်းပဋိပက္ခ၊ စစ်ရေးပဋိပက္ခမှာ ပြည်သူတွေ ထိခိုက် အသက်ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ရတဲ့အပေါ် ကျနော်တို့က ပြည်သူလူထုကို စာနာတယ်။ ဒါပေမယ့် ပြည်သူလည်း နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီ အမြစ်ဖြတ် ဖြုတ်ချပြီး ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ဆိုတာ ပြည်သူနဲ့ ကျနော်တို့ ဆန္ဒက တစ်ထပ်ထဲ ဖြစ်နေဖို့ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူလည်း ကျနော်တို့လို တိုက်ပွဲ၀င်နေတယ် ကျနော်တို့က ယူဆတယ်။ အတူတူလည်း တိုက်ပွဲ၀င်ကြတယ်။ နာစရာရှိ အတူနာမယ်။ ပြီးတော့ ကျနော်တို့က ပြည်သူနဲ့ လက်ပွန်းတနှီး လုပ်ပြီးတော့မှ ပြည်သူ့လုံခြုံရေးကို ကာကွယ်ရင်းနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲ၀င်သွားမှာပါ။ ပြည်သူတွေ အားမငယ်ကြဖို့နဲ့ စိတ်ရှည်၊လက်ရှည်နဲ့ စစ်ကောင်စီ ဖြုတ်ချဖို့အထိ၊ ဖြုတ်ချနိုင်ရေးအတွက် ကျနော်တို့နဲ့ ဆက်လက်ပြီးတော့ ပူးပေါင်း၊ ပါ၀င်ပေးကြပါလို့ပဲ မေတ္တာရပ်ခံ ချင်တယ်။ ကျနော်တို့ ချင်းပြည်နယ်ထဲ မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာ စစ်ရှိန်မြင့်ဖို့ကတော့ ကျနော်တင်မကဘူး ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံး၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဆန္ဒပါ။ တပြည်လုံး အတိုင်းအတာမှာပါ စစ်ရှိန်မြင့်ဖို့ကတော့ ကျနော်တို့ဆန္ဒပါ ချင်းတောင်မှာလည်း ဆက်လက်ပြီး စစ်ရှိန်မြင့်သွားဖို့လည်း ပြင်ဆင်ထားပါတယ်"

ရိခေါ်ဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အချက်အခြာကြတဲ့ မြို့တစ်မြို့ ဖြစ်သလို ချင်းပြည်နယ် အမှတ်အသား အသဲပုံ ရိဒ် ရေကန်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo - The Chin Journal

ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသား ကျပ်သန်း ၉၀၀ ကျော်ကို NUG ထိန်းသိမ်းထား------------------ပြည်သူ့ကာကွယ်ရေး ပူးပေါင်...
14/11/2023

ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသား ကျပ်သန်း ၉၀၀ ကျော်ကို NUG ထိန်းသိမ်းထား
------------------
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားသည့် ကောလင်းမြို့အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေ သန်းပေါင်း ၉၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရက ယနေ့ သတင်းထုတ်ပြန်သည်။

သိမ်းဆည်းထားသည့် ငွေကြေးများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင် စာရင်းပြုစုထားပြီး နိုင်ငံပိုင်ဘဏ္ဍာနှင့် ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲသွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဆိုသည်။

“ကျနော်တို့က စနစ်တကျ သိမ်းဆည်းဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့စုံနဲ့ ဒီနေရာကို သွားရောက် စိစစ်တယ်… ပုဂ္ဂလိကဘဏ်တွေလည်း ကျနော်တို့က ထိန်းသိမ်းရမယ့် ပုံသဏ္ဌာန်မျိုးတွေရှိတယ်။ စနစ်တကျ‌ SOP (လုပ်ငန်းစီမံချက်) အတိုင်းပဲ မြေပြင်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စနစ်တကျထားရှိတဲ့ ပုံစံမျိုးပါ”

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များက လေးရက်ကြာ တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ တပ်စွဲထားသည့် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် မြေစာရင်းရုံး၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့ကာ ခရိုင်အဆင့်ရှိ မြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်တပ်စွဲထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ စီမံခန့်ခွဲနေသည်။

စစ်ကောင်စီကလည်း ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ကန့်ဘလူမြို့နှင့် ဝန်းသိုမြို့တို့မှ ပျူစောထီးနှင့် စစ်သားများပါဝင်သည့် စစ်ကြောင်းများစေလွှတ်နေသဖြင့် နေ့စဉ် တိုက်ပွဲဖြစ်နေသလို ယနေ့ နေ့ခင်းပိုင်းတွင်လည်း ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်အနီးတွင် တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

#ကောလင်း #မြန်မာ့စီးပွားရေးဘဏ် #ပြည်သူ့ဘဏ္ဍာ #ကြားကာလဗဟိုဘဏ်

Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီ...
14/11/2023

Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို လွှင့်ထူ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီ အလံကို ဖြုတ်ချကာ ချင်းအမျိုးသား အလံတော်ကို လွှင့်ထူထားစဉ်။

စကစရဲတပ်သား ၄ဦး တွန်းဇန်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ထံ အလင်း၀င်နို၀င်ဘာ ၈၊ ချင်းဂျာနယ်ချင်းပြည်နယ်၊ တွန်းဇံမြို့ အ...
13/11/2023

စကစရဲတပ်သား ၄ဦး တွန်းဇန်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ထံ အလင်း၀င်

နို၀င်ဘာ ၈၊ ချင်းဂျာနယ်

ချင်းပြည်နယ်၊ တွန်းဇံမြို့ အခြေစိုက် စစ်ကောင်စီရဲစခန်းမှ ရဲတပ်သား(၃) ဦး နှင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ အခြေစိုက် စစ်ကောင်စီရဲစခန်းမှ ရဲတပ်သား(၁) ဦးတို့ဟာ ယခုလ အောက်တိုဘာလထဲတွင် တွန်းဇန်မြို့နယ်ပြည်သူ့အဖွဲ့ ထံသို့ လက်နက်မဲ့ လာရောက် ခိုလှုံခဲ့ကြတယ်လို့ တွန်းဇန်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံလိုသည့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များကို တွန်းဇန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ-တွန်းဇန်) မှ အမြဲ လက်ကမ်းကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာ
အသိပေး ဖော်ပြထားပါသည်။

13/11/2023

■ တပ်စခန်းသိမ်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက် ပြေးသွား
~~~~

၁၃ နိုဝင်ဘာလ၊ ၂၀၂၃

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ စစ်ကောင်စီအထိုင်ချစခန်း သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ရိခေါဒါရ်မြို့ အမှတ် ၁၊ ၂ ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်စခန်းကို ချင်းအမျိုးသားတပ်မတော်၊ CDF ဟွာငိုရမ်နဲ့ ထန်တလန် ဒရုန်းတပ်ဖွဲ့တို့က မနေ့ (နိုဝင်ဘာ ၁၂) ညပိုင်းမှာ စတင်တို၊က်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ သိမ်းယူနိုင်ခဲ့တာပါ။

အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်အတိအကျ မသိရသေးပေမယ့် ၁၀ ဦး ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ ရဲစခန်းကို CNDF၊ RKDF၊ PDF၊ နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်စဉ် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုဝင်တွေ ရှိခဲ့ပါတယ်။
-------------
ဓာတ်ပုံ အညွှန်း - နိုဝင်ဘာ ၁၃ ရက် တပ်စခန်း သိမ်းခံရသည့်နောက် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက်ပြေးနေစဉ်။ (Photo: The Chin ■ တပ်စခန်းသိမ်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက် ပြေးသွား
~~~~

၁၃ နိုဝင်ဘာလ၊ ၂၀၂၃

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ စစ်ကောင်စီအထိုင်ချစခန်း သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ရိခေါဒါရ်မြို့ အမှတ် ၁၊ ၂ ရပ်ကွက်ရှိ စစ်ကောင်စီအထိုင်စခန်းကို ချင်းအမျိုးသားတပ်မတော်၊ CDF ဟွာငိုရမ်နဲ့ ထန်တလန် ဒရုန်းတပ်ဖွဲ့တို့က မနေ့ (နိုဝင်ဘာ ၁၂) ညပိုင်းမှာ စတင်တို၊က်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ သိမ်းယူနိုင်ခဲ့တာပါ။

အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်အတိအကျ မသိရသေးပေမယ့် ၁၀ ဦး ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ ရဲစခန်းကို CNDF၊ RKDF၊ PDF၊ နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်စဉ် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုဝင်တွေ ရှိခဲ့ပါတယ်။
-------------
ဓာတ်ပုံ အညွှန်း - နိုဝင်ဘာ ၁၃ ရက် တပ်စခန်း သိမ်းခံရသည့်နောက် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံဘက်ခြမ်း အလုအယက်ပြေးနေစဉ်။ (Photo: The Chin Post)

#ရိခေါဒါရ် #စခန်းသိမ်း #စခန်းသိမ်း

ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံဖလမ်း - နိုဝင်ဘာ ၁၃၊ ၂၀...
13/11/2023

ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံ

ဖလမ်း - နိုဝင်ဘာ ၁၃၊ ၂၀၂၃။

ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။

အိန္ဒိယ - မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ညနေ ၅ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိစခန်းငယ်များကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက The 74 Media ကို ပြောသည်။

“ရိခေါဒါရ်မှာက အဲဒီစခန်းနှစ်ခုပဲရှိတာ။ ကျန်တဲ့စခန်းမရှိတော့ပါဘူး။ စခန်းကြီးကတော့ ကျွန်တော်တို့ ဒီကနေ့ မနက် ၆ နာရီမှာသိမ်းတယ်။ ကျန်တဲ့ စခန်းငယ်ကတော့ ကျနော်တို့ ညနေ ၅ နာရီလောက်မှာ အပြီးသိမ်းတယ်။ အခုကတော့ ရိခေါဒါရ်မြို့ တစ်မြို့လုံးကို ကျွန်တော်တို့ထိန်းထားနိုင်တဲ့အနေထားမှာပေါ့နော်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သူကဆက်ပြောသည်။

“ဒီစခန်းထဲမှာအလောင်းတွေ့တာကတော့ ငါးယောက်လောက်တွေ့တယ်။ တချို့လည်း လက်နက်ထားပစ်ခဲ့ပြီးတော့ တိမ်းရှောင်သွားကြတာရှိတယ်။ ဒေသခံတွေပြောကြတာတော့ အိန္ဒိယဖက်ကိုလည်း ခိုးပြီးတော့ ဝင်သွားတယ်လို့သိရတယ်။ ဒါပေမဲ့အဲဒါ စုံစမ်းဆဲပေါ့နော်” ဟုဆိုသည်။

ထိုတပ်စခန်းနှစ်ခုမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်က စခန်းသိမ်းပိုက်ခံရပြီးနောက် တပ်စခန်းအနီးသို့ Mi 35 စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) မှဦးဆောင်ကာ ချင်းဒေသကာကွယ်ရေးတပ် (CDF – Hulngoram) နှင့် CDF ထန်တလန်တို့က ပူးပေါင်းပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ရိခေါဒါရ်မြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း - Thu ရိခေါဒါရ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးနှစ်ဦးလက်နက်ချအညံ့ခံ

ဖလမ်း - နိုဝင်ဘာ ၁၃၊ ၂၀၂၃။

ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့က ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောသည်။

အိန္ဒိယ - မြန်မာနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့ညနေ ၅ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနီးရှိစခန်းငယ်များကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် CNA ပြန်ကြားရေးတာဝန်ခံ ဆလိုင်းထက်နီက The 74 Media ကို ပြောသည်။

“ရိခေါဒါရ်မှာက အဲဒီစခန်းနှစ်ခုပဲရှိတာ။ ကျန်တဲ့စခန်းမရှိတော့ပါဘူး။ စခန်းကြီးကတော့ ကျွန်တော်တို့ ဒီကနေ့ မနက် ၆ နာရီမှာသိမ်းတယ်။ ကျန်တဲ့ စခန်းငယ်ကတော့ ကျနော်တို့ ညနေ ၅ နာရီလောက်မှာ အပြီးသိမ်းတယ်။ အခုကတော့ ရိခေါဒါရ်မြို့ တစ်မြို့လုံးကို ကျွန်တော်တို့ထိန်းထားနိုင်တဲ့အနေထားမှာပေါ့နော်” ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ခုနှစ်ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သူကဆက်ပြောသည်။

“ဒီစခန်းထဲမှာအလောင်းတွေ့တာကတော့ ငါးယောက်လောက်တွေ့တယ်။ တချို့လည်း လက်နက်ထားပစ်ခဲ့ပြီးတော့ တိမ်းရှောင်သွားကြတာရှိတယ်။ ဒေသခံတွေပြောကြတာတော့ အိန္ဒိယဖက်ကိုလည်း ခိုးပြီးတော့ ဝင်သွားတယ်လို့သိရတယ်။ ဒါပေမဲ့အဲဒါ စုံစမ်းဆဲပေါ့နော်” ဟုဆိုသည်။

ထိုတပ်စခန်းနှစ်ခုမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး အရေအတွက်အတိအကျကို စိစစ်နေဆဲဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်က စခန်းသိမ်းပိုက်ခံရပြီးနောက် တပ်စခန်းအနီးသို့ Mi 35 စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) မှဦးဆောင်ကာ ချင်းဒေသကာကွယ်ရေးတပ် (CDF – Hulngoram) နှင့် CDF ထန်တလန်တို့က ပူးပေါင်းပါဝင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း ရိခေါဒါရ်မြို့တွင် ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း - Thu T

အန္ဒိယ-မြန်မာနယ်စပ် စစ်တပ်စခန်း ၂ခုကို ချင်းပူးပေါင်းတပ်သိမ်းပိုက်၊ စကစစစ်သား ၃၀ကျော် အန္ဒိယဖက်ခြမ်းသို့ ထွက်ပြေးနို၀င်ဘ...
13/11/2023

အန္ဒိယ-မြန်မာနယ်စပ် စစ်တပ်စခန်း ၂ခုကို ချင်းပူးပေါင်းတပ်သိမ်းပိုက်၊ စကစစစ်သား ၃၀ကျော် အန္ဒိယဖက်ခြမ်းသို့ ထွက်ပြေး

နို၀င်ဘာ ၁၃၊ ချင်းဂျာနယ်

အန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၂ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား ၃၀ကျော် အန္ဒိယနိုင်ငံဖက်ခြမ်းကို ထွက်ပြေးကြတယ်လို့ သိရပါတယ်။

နို၀င်ဘာ ၁၃ရက်နေ့ နံနက်ပိုင်းတွင် ရိဒ်ခေါဒါရ်မြို့ တောင်ကုန်းပေါ်ရှိ စစ်တပ်အထိုင်စခန်းတစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ညနေပိုင်းတွင် တီယိုချောင်းအနီးရှိ နောက်ထပ်စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်း ၂ခုသိမ်းပိုက်ခံရသည့်ကိစ္စနဲ့ပတ်သက်ပြီး CNA အရာရှိတစ်ဦးက အတည်ပြုထားပြီး တီယိုချောင်းအနီးရှိ စစ်တပ်စခန်းမှ စစ်သား ၃၀ကျော်ဟာ အန္ဒိယနိုင်ငံဖက်ခြမ်းရှိ ဇိုခွါထာရ်မြို့ အန္ဒိယရဲစခန်းမှာ လက်နက်ချခိုလှုံကြတယ်လို့ ဇိုခွါထာရ်ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ အန္ဒိယ-မြန်မာနယ်စပ် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၂၀ ဦး၀န်းကျင် ဒဏ်ရာရရှိကြတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။


ပုံစာ - သိမ်းပိုက်ခံရတဲ့ အန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းအား မြင်တွေ့ရစဉ်။

ဒေသခံများ သတင်းမပေး၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ  ဗျူဟာမှူးက ဒေသခံများကို အပြစ်တင်ဧရာဝတီတိုင်းမ်နိုဝင်ဘာလ ၁...
13/11/2023

ဒေသခံများ သတင်းမပေး၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဗျူဟာမှူးက ဒေသခံများကို အပြစ်တင်

ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၃ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဘားဝရပ်ကွက်တွင် ကင်းစခန်းမှ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းသည် ဒေသခံများ သတင်းမပေး၍ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ဆမီးဗျူဟာမှူးက ဒေသခံများကို အပြစ်တင်ပြောဆိုသည်။

နိုဝင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် နေရာတွင် ဆမီးဗျူဟာမှူးမှ သွားရောက်ကြည့်ရှူစဉ် ရပ်ကွက်နေ ဒေသခံများက သတင်းပေးပို့မူမရှိသည့်အတွက်ကြောင့် စစ်သားများ ခြုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ယင်းအပြင် CNA ၊ CDF တပ်ဖွဲ့ဝင်များ ကျေးရွာ၊ ရပ်ကွက်အတွင်း ဝင်ရောက်လှုပ်ရှားမူ တွေ့ရှိလျှင် အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြရန် ဆမီးဗျူဟာမှူးမှ မှာကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

"ဗျူဟာမှူးက CNA၊ CDF ရောက်လာတာကို သတင်းမပေးလို့ အခုလိုတိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း သူတို့ ရောက်လာတာကို မသိဘူးလေ။ တိုက်ပွဲဖြစ်တုန်းကဆို ကျွန်တော်တို့ တစ်ရပ်ကွက်လုံး ကြောက်လန့်နေရတယ်။ ဘယ်ကို ထွက်ပြေးရမှန်း မသိဘူး။ အကယ်လို့ CNA ရောက်လာပြီး တိုက်ပွဲဖြစ်မယ်ဆို ကျွန်တော်တို့ ကြိုရှောင်လို့ရတာပေါ့၊ အခုက ဘာမှန်းမသိဘဲ တိုက်ပွဲဖြစ်တော့ ဘာလုပ်ရမှန်းတောင် မသိဘူး"ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆမီးမြို့ဒေသခံများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဒေသခံများကို စစ်ကောင်စီ ဗျူဟာမှူးက တိုက်တွန်းပြောသည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့က လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်နေရာ အနီးရှိ ဟီဝရွာသား လေးဦးအား ဆမီးရဲစခန်းသို့ မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဟီးဝရွာသား လေးဦးမှာ ဦးအောင်နန်း၊ ဦးမန်းခါ၊ ဦးတက်လင်းအောင်နှင့် ဦးစိန်လှအောင်တို့ဖြစ်ပြီး ဖမ်းဆီးရသည့် နောက်တစ်ရက် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ပြန်လွတ်ပေးခဲ့သည်ဟု သိရှိရသည်။

ဆမီးမြို့သည် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝတို့ စစ်ရေးလှုပ်ရှားနယ်မြေလည်း ဖြစ်သည်။

ပုံ-ဆမီးမြို့

#ဒေသခံများ #သတင်းမပေး၍ #တိုက်ခိုက်ခံရခြင်း #စစ်ကောင်စီ #ဗျူဟာမှူးက #ဒေသခံများကို အပြစ်တင်

Breaking News- အိန္ဒိယ-မြန်မာနယ်စပ် ၊ စစ်ကောင်စီတပ်၏ ရိဒ်စခန်းကို ချင်း တော်လှန်ရေး မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်သိမ...
13/11/2023

Breaking News- အိန္ဒိယ-မြန်မာနယ်စပ် ၊ စစ်ကောင်စီတပ်၏ ရိဒ်စခန်းကို ချင်း တော်လှန်ရေး မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖြစ်သော CNA မှ သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်တွင် ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရိဒ်စခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ယင်းနောက် အခြားစစ်ကောင်စီစခန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ရိဒ်ခေါဒါရ်မြို့ တပ်စခန်းကို ဆက်လက် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း ချင်းတော်လှန်ရေး တပ်များထံမှ သိရှိရသည်။

ကွမ်းလုံစစ်ဗျူဟာကို မြောက်ပိုင်းတပ်များ ဝင်စီးပြီး သံချပ်ကာယာဉ်များနှင့် လက်နက်တိုက်ကို သိမ်းဆည်း-----------------------...
12/11/2023

ကွမ်းလုံစစ်ဗျူဟာကို မြောက်ပိုင်းတပ်များ ဝင်စီးပြီး သံချပ်ကာယာဉ်များနှင့် လက်နက်တိုက်ကို သိမ်းဆည်း
-----------------------
မြောက်ပိုင်းမဟာမိတ်တပ်များသည် စစ်ကောင်စီ၏ ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့စခန်းကို ဝင်ရောက်စီးနင်းပြီးနောက် သံချပ်ကာယာဉ်များနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည့် ရုပ်သံကို ယနေ့ (နိုဝင်ဘာ ၁၂) တွင် ကိုးကန့်တပ် (MNDAA) က ထုတ်ဖော်ပြသခဲ့သည်။

စစ်ကောင်စီတပ်များ ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့စခန်းကို စွန့်ခွာထွက်ပြေးချိန်တွင် သံချပ်ကာယာဉ် ၂ စီး၊ စစ်သုံးမော်တော်ယာဉ် ၆ စီးနှင့် အမြောက်ဆန်အများအပြားရှိသည့် လက်နက်တိုက်တို့ ကျန်ရှိခဲ့သည်ကို ထိုရုပ်သံတွင် တွေ့ရှိရသည်။

ထိုစစ်စခန်းကို စစ်ကောင်စီတပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းထွန်းက ဦးစီးသည်။

ကွမ်းလုံသည် ‘ဝ’ နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး တရုတ်-မြန်မာ (ချင်းရွှေဟော်) ကုန်သွယ်ရေးလမ်းကြောင်းတွင် ရှိကာ စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့်မြို့ဖြစ်သည်။

မြောက်ပိုင်းတပ်များက ကွမ်းလုံကို သတင်းတစ်ပတ်နီးပါး ထိုးစစ်ဆင်ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၀ ၊ ၁၁ တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၂) တွင် အပြီးအပြတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

MNDAA က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် မြို့တွင်း လမ်းမများပေါ်တွင် လူသူကင်းဆိတ်လျက်ရှိပြီး ဈေးဆိုင်များ ပိတ်ထားကြသည်ကို တွေ့ရသည်။ အောင်ပွဲခံနေကြသည့် မြောက်ပိုင်းမဟာမိတ်တပ်သားများသည် ၎င်းတို့တပ်အလံကို လွှင့်လျက် ကွမ်းလုံမြို့မရဲစခန်းကို သိမ်းပိုက်ထားသည်ကိုလည်း တွေ့ရသည်။

“၁၀၂၇ စစ်ဆင်ရေး“ ၁၅ ရက်မြောက်နေ့အထိ ညီ‌နောင်မဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်)၊ သိန္နီမြို့နှင့် နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းပေါင်း ၁၅၀ ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#ရှမ်းမြောက် #ကွမ်းလုံ #မြောက်ပိုင်းမဟာမိတ်

ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိစစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို မနေ့က နို၀င်ဘာ ...
09/11/2023

ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို မနေ့က နို၀င်ဘာ ၇ ရက်တွင် KIA/PDF ပူးပေါင်းအဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ချပ်သင်း၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဇီးကုန်း၊ ကျွန်းလှစတဲ့ မြို့တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကောလင်းမြို့နဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဘို-ဖောင်းပြင်-ဟုမ္မလင်း ကားလမ်းပေါ်မှာရှိပြီး ကောလင်းနဲ့ နယ်မြေထိစပ်နေတဲ့ ပင်လည်ဘူးမြို့ကို မနေ့က KIA နဲ့ PDF အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

"မြို့နေပြည်သူတွေက မြို့တွင်းမှာ မနေကြတာ ကြာပြီပြောရမယ်။ စကစက တောက်လျှောက်ဖျက်ဆီး မီးရှို့ဖမ်းဆီးနေတော့ မနေကြတော့တာ။ ပင်လည်ဘူးမြို့ကို ထိန်းချုပ်လိုက်နိုင်ပါပြီ" လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိတွင် မြို့ခံပြည်သူတွေက မြို့ကိုစွန့်ခွာသွားကြကာ စစ်ဘေးရှောင်နေကြတယ်လို့ သိရပြီး ယာဉ်အ၀င်အထွက် မရှိ၊ ဈေးတွေပိတ်ထားတယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းရရှိမှုအခြေအနေကို အသေးစိတ် မသိရှိရသေးဘဲ PDF ပူးပေါင်းအဖွဲ့တွေ အနေနဲ့ မြို့တွင်းသို့၀င်ရောက် ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။

ကလေးမြို့၊ မြောက်စည်းရွာ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိဓာတ်ပုံ ရင်းမြစ်, Vakok CNDFစစ်ကိုင်းတိုင်း၊ က...
09/11/2023

ကလေးမြို့၊ မြောက်စည်းရွာ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်အကျအဆုံးရှိ

ဓာတ်ပုံ ရင်းမြစ်, Vakok CNDF

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ မြောက်စည်းရွာက စစ်ကောင်စီရဲစခန်းကို ကလေးနဲ့ ချင်း ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ချိန် နှစ်ဖက်အကျအဆုံး ရှိခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၃ ရက်မှာ မြောက်စည်းရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ အဲဒီစခန်းသိမ်း တိုက်ပွဲသတင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိခဲ့တဲ့အခြေအနေကို အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
တစ်ရက်ကြာတိုက်ခိုက်ပြီးမှ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်လို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေထဲက ရိန်းဂျား ကလေးကာကွယ်ရေးတပ်ဖွဲ့(RKDF)အဖွဲ့ဝင် ၂ ဦး၊ ချင်းအမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(CNDF)ဝင် ၁ ဦးသေဆုံးခဲ့ပါတယ်။
RKDF အဖွဲ့ဝင် နောက် ၂ ဦးလည်း လက်မောင်းနဲ့ခြေထောက်တို့မှာ ကျည်နဲ့ ဗုံးစတွေထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ကလေးအခြေစိုက် သတင်းတွေက သတင်းဖော်ပြပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG) ဘက်ကတော့ မြောက်စည်းရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၄ ဦးဖမ်းမိခဲ့ပေမဲ့ နောက်ထပ် ၂ ဦးကတော့ ရန်ကြီးအောင်ရွာ စစ်ကောင်စီရဲစခန်းကို ထွက်ပြေးသွားခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ကလေးမြောက်စည်း ရဲစခန်းတိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိပါဘူး။

မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတပ်ဦး CNAတပ်ဖွဲ့က ရဲဘော် သုံးယောက် သေဆုံးနိုဝင်ဘာ (၈)ချင်းပြည်နယ်၊ တီးတိန...
08/11/2023

မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတပ်ဦး CNAတပ်ဖွဲ့က ရဲဘော် သုံးယောက် သေဆုံး
နိုဝင်ဘာ (၈)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ် (Lawi Bual) ရပ်ကွက်၊ အထက (၂)လမ်းခွဲအနီးမှာ ချင်းCNA တပ်ဖွဲ့က လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲဘော် ၃ ယောက်သေဆုံးခဲ့သလို အနီးအနားက နေအိမ်တချို့ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာလ (၇)ရက်နေ့ ညနေ (၆)နာရီကျော်အချိန်က တပ်ဖွဲ့ဝင်တွေစီးလာတဲ့ကား မိုင်းမတော်တဆမှုဖြစ်ပွါးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် အနီးရှိနေအိမ် ၅လုံး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွါးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိဘူးလို့ သိရပါတယ်။

မိုင်းမတော်တဆမှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ချင်းအမျိုးသားတပ်ဦးက ရဲဘော်သုံးယောက်ဖြစ်တဲ့ CNA ဒုဗိုလ် ဆလိုင်း အဲလစ်မာ (Salai Elishma )၊ဆလိုင်း ရိုနာလ် (Salai Ronald )နဲ့ ဆလိုင်း ဂျိုးဆွ (Salai Joshua) တို့ဖြစ်ပါတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်တွေ စီးလာတဲ့ SURF အမျိုးအစား ကားတစ်စီးလုံး ပျက်စီးသွားခဲ့ပြီး မိုင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာမှာလည်း အသားစတွေပြန့်ကျဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zawgyi

မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတပ်ဦး CNAတပ်ဖွဲ့က ရဲဘော် သုံးယောက် သေဆုံး

C8 News
ရန်ကုန်၊နိုဝင်ဘာ (၈)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ် (Lawi Bual) ရပ်ကွက်၊ အထက (၂)လမ်းခွဲအနီးမှာ ချင်းCNA တပ်ဖွဲ့က လိုက်ပါစီးနင်းလာတဲ့ ကားတစ်စီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲဘော် ၃ ယောက်သေဆုံးခဲ့သလို အနီးအနားက နေအိမ်တချို့ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာလ (၇)ရက်နေ့ ညနေ (၆)နာရီကျော်အချိန်က တပ်ဖွဲ့ဝင်တွေစီးလာတဲ့ကား မိုင်းမတော်တဆမှုဖြစ်ပွါးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အတွက် အနီးရှိနေအိမ် ၅လုံး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွါးခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိဘူးလို့ သိရပါတယ်။

မိုင်းမတော်တဆမှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ချင်းအမျိုးသားတပ်ဦးက ရဲဘော်သုံးယောက်ဖြစ်တဲ့ CNA ဒုဗိုလ် ဆလိုင်း အဲလစ်မာ (Salai Elishma )၊ဆလိုင်း ရိုနာလ် (Salai Ronald )နဲ့ ဆလိုင်း ဂျိုးဆွ (Salai Joshua) တို့ဖြစ်ပါတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်တွေ စီးလာတဲ့ SURF အမျိုးအစား ကားတစ်စီးလုံး ပျက်စီးသွားခဲ့ပြီး မိုင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာမှာလည်း အသားစတွေပြန့်ကျဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Address


Alerts

Be the first to know and let us send you an email when Khualsim Miphun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share