19/06/2022
နျူကလီးယားနဲ့တိုက်ခိုက်ဖို့ ဘယ်သူကိုမှမခြိမ်းခြောက်ပေမယ့်လိုအပ်လာရင် တိုက်ခိုက်သွားမယ်လို့ ရုရှားသမ္မတပြော
ရုရှားနိုင်ငံအနေ နဲ့ နျူကလီးယားလက်နက်များနဲ့တိုက်ခိုက်မယ်လို့ဘယ်သူကိုမှ ခြိမ်းခြောက်တာမျိုး မရှိကြောင်း၊ ဒါပေမယ့် လိုအပ်မှုရှိလာမယ်ဆိုရင် နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်မယ်ဆိုတာကိုလူတိုင်းကို သိစေလိုကြောင်း ရုရှားသမ္မတပူတင်ကပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီး ပွားရေးဖိုရမ် (SPIEF)မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။အနောက် အုပ်စုနိုင်ငံများက ရုရှားဟာ နျူကလီးယားလက်နက်များနဲ့တိုက်ခိုက်ဖွယ်ရှိတယ်လို့ စွပ်စွဲဝေဖန်မှုများရှိခဲ့ကြောင်း၊ ရုရှားဟာ လက်ရှိအချိန်အထိ ဘယ်သူကိုမှ နျူကလီးယားလက်နက်များနဲ့ ခြိမ်းခြောက်တာမျိုးမရှိကြောင်း ပူတင်ကပြောပါတယ်။
ရုရှားသမ္မတပူတင်က "အနောက်အုပ်စုနိုင်ငံတွေက ကျွန်တော်တို့ဟာ နျူကလီးယားလက်နက်တွေနဲ့ခြိမ်းခြောက်နေတယ်လို့ ဝေဖန်ခဲ့တယ်။ ကျွန်တော်တို့ဟာ ဘယ်သူကိုမှခြိမ်းခြောက်တာမျိုးမရှိခဲ့ပါဘူး၊ဒါပေမယ့် ရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်လာမယ်ဆိုရင် လူတိုင်းဟာ ကျွန်တော်တို့ရုရှားနိုင်ငံရဲ့လုပ်နိုင်စွမ်းကို သိရမှာပါ၊ကျွန် တော်တို့တွေဟာ အဲဒီအချိန်ရောက်ရင် နျူကလီးယားလက်နက်တွေကိုအသုံးပြုကောင်းပြုလာနိုင်တယ်"လို့ပြောပါတယ်။
ဒါ့ပြင် ရုရှား သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ကလည်း နျူကလီးယားစစ်ပွဲဖြစ်လာမှာ ဘယ်သူမှမလိုလားပေမယ့်လည်း နျူကလီးယား လက် နက်များအသုံးပြုရမယ့်အခြေနေမျိုးရှိလာရင်တော့ အသုံးပြုသွားမယ်ဆိုတာ လူတိုင်းမေ့မထားသင့်ကြောင်း ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန် ကြီး ဆာဂေးလာရောဗ့်က နျူကလီးယား စစ်ပွဲဟာ အမှန်တကယ်ဆိုး ရွားပြင်းထန်ကြောင်း၊ နျူကလီးယားစစ်ပွဲဖြစ်လာဖို့နဲ့ပတ်သက်ပြီး လျော့တွက်ထားတာမျိုးမရှိကြောင်း ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ် ချုပ် မက်မီလေးက ရုရှားဟာ စစ်ပွဲဖြစ်လာအောင်ဖန်တီးဖို့ လုပ်ဆောင်နေတယ်လို့စွပ်စွဲခဲ့ဖူးပါတယ်။
https://www.rt.com/russia/557353-nuclear-putin-warning-west/