𝐀𝐓𝐇𝐌 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭

  • Home
  • 𝐀𝐓𝐇𝐌 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭

𝐀𝐓𝐇𝐌 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 Channel / Gaming

Thank u Moonton 🌚🌚🌚
08/01/2024

Thank u Moonton 🌚🌚🌚

06/01/2024

ကဲ KOF ဂုန်းပီးကြပီလား

🌚🌚🌚

မကြာခင် ဘေးကဆရာကြီးနဲ့ Live Stream လွှင့်ပြီး By 1 တီးပွဲရှိတယ်နော် 🥰လာအားပေးကြပါအုန်းဗျ 🫶
05/01/2024

မကြာခင် ဘေးကဆရာကြီးနဲ့ Live Stream လွှင့်ပြီး By 1 တီးပွဲရှိတယ်နော် 🥰
လာအားပေးကြပါအုန်းဗျ 🫶

ဂိမ်းအတူဆော့ကြမယ်ဗျာ ✌️🤍လာjoin လိုက်တော့နော် …..
05/01/2024

ဂိမ်းအတူဆော့ကြမယ်ဗျာ ✌️🤍

လာjoin လိုက်တော့နော် …..

နွေးနွေးထွေးထွေး ဝတ်လို့ထားနော် 💛
04/01/2024

နွေးနွေးထွေးထွေး ဝတ်လို့ထားနော် 💛

15/04/2022

ပခုက္ကူမြို့ စတင်ပြီး

ပစ်ခတ်နေ မလိုအပ်ရင်

အားလုံးအပြင် မထွက်နဲ့ ‼️

crd

ကြက်သီးထလောက်အောင် လှပလွန်းတဲ့အင်းလေးက ရေပေါ်သင်္ကြန်💛💛💛💦💦💦💦💦💦💦🌿 #ရှမ်းပြည်နယ် #အင်းလေးရေပေါ်သင်္ကြန်Photo Credit to Ori...
13/04/2022

ကြက်သီးထလောက်အောင် လှပလွန်းတဲ့
အင်းလေးက ရေပေါ်သင်္ကြန်💛💛💛
💦💦💦💦💦💦💦🌿
#ရှမ်းပြည်နယ်
#အင်းလေးရေပေါ်သင်္ကြန်

Photo Credit to Original Uploade
💛💛💛💛💛💛💛💛💛💛💛
မြန်မာအလှပုံဖော်သူ
ချစ်မိတ်ဆွေများအားလုံးလေးစားလျက်
#𝙽𝚊𝚝𝚞𝚛𝚎𝙱𝚎𝚊𝚞𝚝𝚢𝙾𝚏𝙼𝚢𝚊𝚗𝚖𝚊𝚛
crd

စိတ်နာရင် ကလစ်ကြပါ❗️(ကလစ်တွေ ထိုးကျနေပါတယ်)💙Click2donate (၁၉၄သိန်းကျော် ရရှိနေဆဲ)https://www.facebook.com/10035573230275...
09/04/2022

စိတ်နာရင် ကလစ်ကြပါ❗️(ကလစ်တွေ ထိုးကျနေပါတယ်)

💙Click2donate (၁၉၄သိန်းကျော် ရရှိနေဆဲ)
https://www.facebook.com/100355732302759/posts/279057724432558/

📱Play2Donate (၁၇သိန်းကျော်ပဲ ရပါတော့တယ်)
https://www.facebook.com/101006472353166/posts/163288876124925/

🐿️Shoot and Support (သိန်း၂၀ကျော်ပဲ ရပါတော့တယ်)
https://www.facebook.com/101648008873002/posts/170012828703186/

💎ShweChat (Jewelရဲ့ စိန်တုံးအသစ်ထပ်ပေါ်လာ)
https://www.facebook.com/1121131314709284/posts/2204115003077571/

🧡Doh Khit (၁သိန်းကျော်ပဲရလို့ ဝိုင်းကလစ်ပေးကြပါ)
https://www.facebook.com/102526602263127/posts/147067124475741/

❤️Tha Din (ပွိုင့်ပြည့်တာနဲ့ ချက်ချင်းထုတ်လို့ရပြီ)
https://www.facebook.com/107909878298892/posts/160148679741678/

🔫The PDF Game (မင်မင်များ အသေးစိတ်ရှင်းပြ)
https://www.facebook.com/106491401996101/posts/116348557677052/

⏰အချိန်ခဏပေးပါ (YouTubeမှာ ကဗျာလေးနားထောင်)
https://m.facebook.com/story.php?story_fbid=181824640839631&id=100070362874757

⚡Rangers (စစ်ကိုင်းတိုင်းအတွက် သိန်းသုံးရာChallenge)
https://www.facebook.com/100206339140501/posts/155626300265171/

VPNကိစ္စ အရေးကြီးပါသည် အဆုံးထိဖတ်ပေးပါ❗️
https://www.facebook.com/100206339140501/posts/146928597801608/

Telegramကlinkတွေ Clickပါ❗️
https://www.facebook.com/100206339140501/posts/152416523919482/

#ပြည်သူ့ပါဝါရိန်းဂျား

 ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်း တို့ ၆ ဦး ယနေ့ ပြန်လွတ်မည်+++++++++++...
02/03/2022


ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်း တို့ ၆ ဦး ယနေ့ ပြန်လွတ်မည်
+++++++++++++++++++++++++++++++++++++++++++++++++++++
Published - 2 March 2022

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်း တို့ ၆ ဦးနှင့် မလေးရှားနိုင်ငံသားတစ်ဦးတို့ကို ယနေ့ မတ်လ ၂ ရက်တွင် ပြန်လွှတ်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

"ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်း စုစုပေါင်း ၆ ယောက်ကို လွှတ်မယ်။ခံဝန်နဲ့ပေါ့။နောက်ပြီးတော့ မလေးရှားနိုင်ငံသားတစ်ယောက်လည်း ပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကYMG ကို ပြောသည်။

ယင်းတို့အား မည်သည့် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးသည်ကို မသိရသော်လည်း ယနေ့ မတ်လ ၂ ရက် မှာ တောင်သူလယ်သမားနေ့ ဖြစ်ကြောင်း သိရသည်။

မန္တလေးသားတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ညီတယ်ဟေ့ ||အကြောက်တရားတွေနဲ့လာပြီးမခြိမ်းခြောက်နဲ့ဟေ့ ||လက်နက်အားကိုးပြီးတိုင်းပြည်အုပ်...
01/02/2022

မန္တလေးသားတွေညီရဲ့လားဟေ့ ညီတယ်ဟေ့
ညီတယ်ဟေ့ ||အကြောက်တရားတွေနဲ့လာပြီးမခြိမ်းခြောက်နဲ့ဟေ့ ||လက်နက်အားကိုးပြီးတိုင်းပြည်အုပ်ချုပ်ရအောင် အရင်ခေတ်မဟုတ်တော့ဘူးကွ ငါတို့နိုင်ကိုနိုင်ရမည်ကွာ||

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်

#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်

#အရေးတော်ပုံအောင်ရမည်
crd

သရုပ်ဆောင်အကယ်ဒမီပြေတီဦးနှင့်အိန္ဒြာကျော်ဇင်အပါအဝင် အဆိုတော်ပိုပို ၊ အဆိုတော် စော ဖိုးခွားနှင့် Beauty Blogger ဝင်းမင်းသ...
30/12/2021

သရုပ်ဆောင်အကယ်ဒမီပြေတီဦးနှင့်အိန္ဒြာကျော်ဇင်အပါအဝင် အဆိုတော်ပိုပို ၊ အဆိုတော် စော ဖိုးခွားနှင့် Beauty Blogger ဝင်းမင်းသန်း တို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်

အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးက ယနေ့တွင် သရုပ်ဆောင်အကယ်ဒမီပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့အပါအဝင် အဆိုတော် ပိုပို၊ အဆိုတော် စော ဖိုးခွား နှင့်Beauty Blogger ဝင်းမင်းသန်း တို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီအသီးသီးချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

သရုပ်ဆောင်အကယ်ဒမီပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့်တရားစွဲဆိုခဲ့ပြီး ၈ လခန့်အကြာ၌အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည်ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်အတွင်း၌ ထိန်းသိမ်းခံထား ရပြီး ယနေ့ အမိန့် ချမှတ်ခဲ့ ခြင်း ဖြစ်သည်။

Website တွေ ဖတ်ရှုရန် >> https://wp.me/paRxJm-hkL

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal/4622?single

Crd

 # #သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ် 😢😢😢Crd
27/12/2021

# #သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ် 😢😢😢

Crd

23/12/2021

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်တွေ ရေတိမ်တဲ့ နေရာကနေ ထိုင်းဘက်ကို ခုညတွင်းချင်း အမြန်ဆုံး ပြေးကြပါ။
Crd

23/12/2021

လေးကေ့ကော်ကို လေယဉ် ဗုံးစကြဲပြီ။

အောက်တန်းစားအကွက် လာပြီ

Crd

နေပြည်တော် လက်ဖက်တောင်ရွာအနီး စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦးသေဆုံးရန်ကုန်၊ ဒီဇင်ဘာ ၂၁ နေပြည်တော်...
21/12/2021

နေပြည်တော် လက်ဖက်တောင်ရွာအနီး စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊လက်ဖက်တောင်ကျေးရွာအနီး စစ်ကားနှစ်စီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နေပြည် တော် PDF က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း နေပြည်တော်PDF က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၀ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်စစ်ဒေသခွဲ PDF တပ်ရင်း (၈၀၂)၊ တပ်ခွဲ(၅)က မိုင်းငါးလုံးဖြင့် ဆိပ်ဖူးတောင်ဖက်မှ လာသော စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး ချောက်ထဲကျကာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ကြောင်း NPTPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။

Photo- R. Bociaga / Shutterstock
Crd

20/12/2021

မန္တလေးမြို့မှာ #အကြီးစားပြန်ပေးဆွဲမှု

အယောက်ပေါင်း 500 နီးပါး တစ်ယောက်ကို #ဆယ်သိန်းတဲ့ဗျာ

မင်းတို့ ဖမ်းသွားတဲ့ လူတွေက #ကျောက်ကုန်သည်တွေ

တစ်ယောက်မှ မပါဘူးဟ အားလုံးက #ကျောက်ပွဲစားတွေ 😭

Crd

မန္တလေး၊ ၃၇ လမ်း အခွန်လွတ်ဈေးတွင် ဈေးလာဝယ်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ပစ်ခတ်ခံရသူ ၂ ဦးမှာ အရပ်ဝတ် စစ်သားများဖြစ်ပြ...
13/12/2021

မန္တလေး၊ ၃၇ လမ်း အခွန်လွတ်ဈေးတွင် ဈေးလာဝယ်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ပစ်ခတ်ခံရသူ ၂ ဦးမှာ အရပ်ဝတ် စစ်သားများဖြစ်ပြီး သေဆုံးသူမှာ တပ်ကြပ်အဆင့်ရှိသူဖြစ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မန္တလေး၊ ၃၇ လမ်း အခွန်လွတ်‌ဈေးတွင် ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၆ နာရီဝန်းကျင်၌ ဈေးလာဝယ်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးသွားကြောင်း၊ ပစ်ခတ်ခံရသူ ၂ ဦးသည် အရပ်ဝတ် စစ်သားများဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

"ဆိုင်ကယ်နဲ့ ဘေးကနေ ကပ်လိုက်တာပြီး တေ့ပစ်သွားတာ၊ တစ်ယောက်ကတော့ နားထင်မှန်ပြီး သေတယ်၊ နောက်တစ်ယောက်က နားထင် ရှပ်ထိတယ်၊ နောက်ကျောလည်း ထိသွားတယ်၊ သွေးတွေနဲ့ မျက်နှာကို အုပ်ပြီး ပြေးသွားတယ်၊ လက်မှာလည်း ပဲပင်ပေါက်ထုပ်ကြီး ကိုင်ထားတယ်။ " ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒေသခံများ၏ အဆိုအရ သေဆုံးသူ စစ်သားသည် တပ်ကြပ်အဆင့်ရှိ စစ်သားဖြစ်ပြီး အလွန်သောင်းကျန်း ဆိုးသွမ်းသူဖြစ်ကြောင်း သိရှိရသည်။

"အခုတော့ ဈေးသည်တွေလည်း ဆိုင်တွေသိမ်းပြီး ပြန်ကုန်ပြီ၊ စစ်ခွေးတွေက အလောင်းလာပြန်သယ်တယ်၊ သေနတ် ၅ ချက်ဖောက်ပြီး ပြန်သွားတယ်။ သေသွားတဲ့စစ်သားကလည်း နေ့တိုင်းမြင်တွေ့နေရတဲ့စစ်သားပါ။ အခုရပ်ကွက်ရုံးမှာစစ်ကားအသေးနှစ်စီးနဲ့ အင်အား ၂၀ လောက်ထပ်ဖြည့်ထားပါတယ်" ဟု မျက်မြင်တွေ့ရှိသူ အခြားဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်သူ တစ်ဦးမျှ ဖမ်းဆီးခံရခြင်းမရှိသေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။
Crd

12.12.2021Mdyသူနာပြုဇနီးမောင်နှံ ပစ်ခတ်ခံရလို့သေဆုံးခြင်းအတွက် စကစမှ ညှိနှိုင်းကြေအေးဖို့ရော်ကြေးလာပေးသွားပါတယ်လွယ်လိုက်...
13/12/2021

12.12.2021
Mdy

သူနာပြုဇနီးမောင်နှံ ပစ်ခတ်ခံရလို့သေဆုံးခြင်းအတွက် စကစမှ ညှိနှိုင်းကြေအေးဖို့
ရော်ကြေးလာပေးသွားပါတယ်
လွယ်လိုက်တာ ။
https://www.facebook.com/groups/471028380975598/permalink/663521415059626/

10.12.2021 ရက်နေ့မြိုင်မြို့နယ်‌/တောင်ပိုင်းဒေသ/ ကိုင်းတောမရွာအတွင်း စစ်ခွေးများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက...
11/12/2021

10.12.2021 ရက်နေ့

မြိုင်မြို့နယ်‌/တောင်ပိုင်းဒေသ/ ကိုင်းတောမရွာအတွင်း စစ်ခွေးများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်လျက်ရှိပါသည်။

*ပြည်သူများ၏ အိမ်တချို့ကိုလည်း ဖျက်ဆီးလျက်ရှိသည်။

*ရွာသူရွာသားများလည်း တိမ်းရှောင်ထွက်ပြေးနေရသည်။

သတင်းတင်ချိန် = ( 12:37) pm

Crd

ဒေါ်ခင်ကြည်သရုပ်​ဆောင်ဒေါ်ဇာခြည်လင်းကင်ဆာဖြင့်ကွယ်လွန်ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာကနေ ပါဝ...
10/12/2021

ဒေါ်ခင်ကြည်သရုပ်​ဆောင်ဒေါ်ဇာခြည်လင်းကင်ဆာဖြင့်ကွယ်လွန်

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ​ဒေါ်ဇာခြည်လင်းဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးလည်းဖြစ်တဲ့ ​ဒေါ်ဇာခြည်လင်းဟာ ပုသိမ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ...

ဆက်လက်ဖတ်ရှုရန် >> https://wp.me/paRxJm-gY4

Telegram >> https://t.me/popularjournal/3961

Crd

ပြည်သူအများ အိမ်ထဲနေချိန် မန္တလေးတွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆိုရန်ကုန်၊ ဒီဇင်ဘာ ၁၀ယန...
10/12/2021

ပြည်သူအများ အိမ်ထဲနေချိန် မန္တလေးတွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော်လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၂ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြားစစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။

Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများပေါ်တွင် ရှိနေခြင်းဖြစ်သည်။

ယနေ့ မနက်တွင် ပြည်သူတွေ တက်ညီလက်ညီနဲ့Silent Strike လုပ်ကြသည့် ရန်ကုန်မြို့ မြင်ကွင်း 💪
10/12/2021

ယနေ့ မနက်တွင် ပြည်သူတွေ တက်ညီလက်ညီနဲ့
Silent Strike လုပ်ကြသည့် ရန်ကုန်မြို့ မြင်ကွင်း 💪

ငါတို့မြို့ ငါတို့ပိုင်တယ်။ငါတို့  ငြိမ်ချင်ငြိမ်မယ်။ငါတို့  လှုပ်ချင်လှုပ်မယ်။ 💪💪💪ပခုက္ကူမြို့ ❤️
10/12/2021

ငါတို့မြို့ ငါတို့ပိုင်တယ်။
ငါတို့ ငြိမ်ချင်ငြိမ်မယ်။
ငါတို့ လှုပ်ချင်လှုပ်မယ်။ 💪💪💪

ပခုက္ကူမြို့ ❤️

Breaking News- စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်း Page ၊ Group နှင့် Accounts များ အားလုံး ထပ်မံဖယ်ရှား အရေး...
08/12/2021

Breaking News- စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်း Page ၊ Group နှင့် Accounts များ အားလုံး ထပ်မံဖယ်ရှား အရေးယူမှု တိုးမြှင့်ဟု Facebook (ခ) Metaက တရားဝင် ယနေ့ ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန် ကြေညာသည်။

စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေညာသည်။

ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့် တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှုဖြစ်ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်လျက်ရှိသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။

စစ်တပ်က ကျူးလွန်မှု အချက်အလက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတို့က အသေးစိတ်လေ့လာစီစစ်မှတ်တမ်းတင်ထားတာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် အခြား နိုင်ငံတကာ အစိုးရများ၏ အရေးယူ ပိတ်ဆို့မှုများကိုလည်း အခြေခံကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

" မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှု နဲ့ ၎င်းတို့ရဲ့ သက်ရောက်မှု ဟာ အလွန်ကျယ်ပြန့်တဲ့အလျောက် အမြဲတမ်းတိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ‌ကြောင့် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု တွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်း ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာ ကို အခြေခံပြီး ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ နဲ့အညီ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်" ဟု Meta က ဆိုသည်။

မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက်လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပြီး ပြည်သူများ ဘေးကင်းစေရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုများ ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Meta က ကြေညာသည်။
Crd

တာမွေ ❗အဖမ်းမခံနိုင်လို့ ကောင်လေးတစ်ဦးတိုက်ပေါ်ကခုန်ချလက်ရှိ၂ယောက်အဖမ်းခံထားရSourceshttps://www.facebook.com/1054159184...
07/12/2021

တာမွေ ❗

အဖမ်းမခံနိုင်လို့ ကောင်လေးတစ်ဦး
တိုက်ပေါ်ကခုန်ချ

လက်ရှိ၂ယောက်အဖမ်းခံထားရ

Sources

https://www.facebook.com/105415918449782/posts/202668188724554/

https://m.facebook.com/story.php?story_fbid=250030330556903&id=100066498133525

https://www.facebook.com/100068770105856/posts/210502261252109/

https://www.facebook.com/105415918449782/posts/202684525389587/

https://www.facebook.com/109919274721860/posts/145868447793609/

Crd

07/12/2021

လူငယ် ၁၁ယောက်ကို ကြိုးတုတ်ပီး
အရှင်လတ်လတ် မီးရှို့သတ်တာတဲ့ 😢
လုပ်ရက်လိုက်ကြတာ💔

06/12/2021

ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးဝင်းမြင့်တို့အပေါ် ၂နှစ်အား
ပုဒ်မ ၄၀၁အရ သက်သာ
ခွင့်ပြုကြောင်းထုတ်ပြန်ကြေညာ

06/12/2021

MPT ,Telenor ,Ooredooရော
Fiber internet တွေရောကြေညာချက်ထုတ်လိုက်ပါတယ်တဲ့ ...
ရိုး”SIM cardတွေအကုန်
လိုင်းတွေဖြတ်ပစ်ပါတော့မယ်တဲ့
Wifiတွေက ဒီည၁၂ထိပဲသုံးလို့ရပါမယ်တဲ့..
နိုင်ငံတကာကလူတွေနဲ့ဆက်သွယ်မှုအကုန်ဖြတ်တောက်ပါမယ်တဲ့.....😀

ည ၈ နာရီမထွက်ရအမိန့်လည်းထုတ်လိုက်ပါပီနော်
ရန်ကုန်မှာတော့မသိသေးပေမဲ့
နေပြည်တော်ကတော့comfirmသွားပီတဲ့ 🙂

ခုချိန်မှာမှာချင်တာက Ph အားတွေPower bank တွေသွင်းထားကြပါ အခန့်မသင့်ရင်မီးပါဖျက်နိုင်ပါတယ်
ပြီးတော့ လိုအပ်တဲ့ App တွေOffline Gameတွေ ကြိုDown ထားကြပါဗျ

06/12/2021

အမိန့်ချလိုက်ပြီတဲ့ ‼️
အမေစု - ၄နှစ် 😢
ဦးဝင်းမြင့် - ၄နှစ် 😢
ဒေါက်တာမျိုးအောင် - ၂ နှစ် 😢

❗❗Breaking News ❗❗လွတ်မြောက်နယ်မြေ ဖြစ်နေပီလို့ လိုင်းပေါ်မှာ ပြောနေတဲ့ မြောင်မြို့နယ်ဟာ ဒီညမှာဘဲ စကစမှ ရေကြောင်းရော ကုန...
06/12/2021

❗❗Breaking News ❗❗

လွတ်မြောက်နယ်မြေ ဖြစ်နေပီလို့ လိုင်းပေါ်မှာ ပြောနေတဲ့ မြောင်မြို့နယ်ဟာ ဒီညမှာဘဲ စကစမှ ရေကြောင်းရော ကုန်းကြောင်းပါ ထိုးစစ် ဆင်နေပါတယ် (အင်အားအတော်များပါတယ်)


Crd

Address


Website

Alerts

Be the first to know and let us send you an email when 𝐀𝐓𝐇𝐌 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share