CLMV Review

CLMV Review We create content for Myanmar people who live in Thailand!!!

ວິທີການເຂົ້າຮ່ວມ: ເຮັດແບບສອບຖາມຕໍ່ໄປນີ້ ແລ້ວໃສ່ຂໍ້ມູນການຕິດຕໍ່ຂອງທ່ານໃນຕອນທ້າຍຂອງແບບສອບຖາມເພື່ອຈັບສະຫຼາກຮັບລາງວັນ)ສາມາດສ...
07/02/2024

ວິທີການເຂົ້າຮ່ວມ: ເຮັດແບບສອບຖາມຕໍ່ໄປນີ້ ແລ້ວໃສ່ຂໍ້ມູນການຕິດຕໍ່ຂອງທ່ານໃນຕອນທ້າຍຂອງແບບສອບຖາມເພື່ອຈັບສະຫຼາກຮັບລາງວັນ)
ສາມາດສົ່ງຄຳຕອບຂອງທ່ານໄດ້ພາຍໃນວັນທີ 16 ກຸມພາ 2024.
ລາງວັນ: ເຮົາຈະສຸ່ມເອົາຜູ້ໂຊກດີທັງໝົດ 5 ທ່ານ ເພື່ອຮັບບັດເຕີມເງິນໂທລະສັບມູນຄ່າ 60,000 ກີບ
Link>> https://forms.gle/RkxhuzD2CMvmvEYH7

ဘယ်လိုပါဝင်ရမလဲစစ်တမ်းကောက်ယူမှုတွင် ပါဝင်သောမေးခွန်းများအားလုံးကို ပြီးမြောက်အောင်ဖြေဆိုရပါမယ်။နောက်ဆုံးမှာ ဖုန်းဘေလ်ဆု...
31/01/2024

ဘယ်လိုပါဝင်ရမလဲ
စစ်တမ်းကောက်ယူမှုတွင် ပါဝင်သောမေးခွန်းများအားလုံးကို ပြီးမြောက်အောင်ဖြေဆိုရပါမယ်။
နောက်ဆုံးမှာ ဖုန်းဘေလ်ဆုပေါက်လျှင် သင့်အားဆက်သွယ်နိုင်သော အချက်အလက်များကို ချန်ထားခဲ့ပါ။
8 Feb 2024 မတိုင်မီ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ပေးရပါမယ်။
ပါဝင်ဖြေဆိုပေးသူများအားလုံးထဲမှာ ကံထူးရှင် 5 ဦးရွေးချယ်ပေးသွားမှာပါ။
Link >> https://forms.gle/3dEFXxyGPojLhMxH9

စစ်တမ်းကောက်ယူမှုတွင် ပါဝင်သောမေးခွန်းများအားလုံးကို ပြီးမြောက်အောင်ဖြေဆိုရပါမယ်။နောက်ဆုံးမှာ ဖုန်းဘေလ်ဆုပေါက်လျှင် သင့်...
09/10/2023

စစ်တမ်းကောက်ယူမှုတွင် ပါဝင်သောမေးခွန်းများအားလုံးကို ပြီးမြောက်အောင်ဖြေဆိုရပါမယ်။
နောက်ဆုံးမှာ ဖုန်းဘေလ်ဆုပေါက်လျှင် သင့်အားဆက်သွယ်နိုင်သော အချက်အလက်များကို ချန်ထားခဲ့ပါ။
13th October 2023 မတိုင်မီ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ပေးရပါမယ်။
ပါဝင်ဖြေဆိုပေးသူများအားလုံးထဲမှာ ကံထူးရှင် 5 ဦးရွေးချယ်ပေးသွားမှာပါ။
Link https://forms.gle/VgCuMkprxXyB6qiX9

ដើម្បីចូលរួម៖ ឆ្លើយសំណួរបំពេញក្នុង survey នេះឱ្យបានពេញលេញ Link>>https://forms.gle/2fFbpPFcQEY7t5R1Aផ្តល់លេខទូរសព្ទបងប្អូ...
11/08/2023

ដើម្បីចូលរួម៖
ឆ្លើយសំណួរបំពេញក្នុង survey នេះឱ្យបានពេញលេញ Link>>https://forms.gle/2fFbpPFcQEY7t5R1A
ផ្តល់លេខទូរសព្ទបងប្អូន នៅចុង Survey នេះដើម្បីមានសិទ្ធិឈ្នះរង្វាន់
ចូលរួមឱ្យមុនថ្ងៃទី 23 សីហា 2023
រង្វាន់៖ ពួកយើងនឹងចាប់ឆ្នោតជ្រើសរើសអ្នកដែលបានចូលរួម ចំនួន 5នាក់ដើម្បីឈ្នះរង្វាន់កាតទូរសព្ទ 2$

ပါဝင်နည်း- မေးခွန်းအားလုံးကို ပြီးမြောက်အောင်ဖြေဆိုပါ။Link>> https://forms.gle/Qqeg4nNhpRa4yJjx9ကံစမ်းခွင့်တွင်ပါဝင်နိုင...
11/08/2023

ပါဝင်နည်း-
မေးခွန်းအားလုံးကို ပြီးမြောက်အောင်ဖြေဆိုပါ။
Link>> https://forms.gle/Qqeg4nNhpRa4yJjx9
ကံစမ်းခွင့်တွင်ပါဝင်နိုင်ရန်အတွက် မေးခွန်းများဖြေပြီးနောက် သင့်၏ဆက်သွယ်ရန်အချက်အလက်များကို ဖြည့်ပေးပါ။
အဖြေများကို 16 သြဂုတ် 2023 နောက်ဆုံးထားပြီးဖြေကြားပေးပါ။
၈၀၀၀ ကျပ်တန် ဖုန်ဘေလ်ကို ကံထူးရှင် 5 ဦးတိတိ မဲနှိုက် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

သင့်ထင်မြင်ချက်များကို ဝေမျှပြီး ဖုန်းဘေလ်ကတ် ၈,၀၀၀ ကျပ် ရယူလိုက်ပါ။ ၅ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ် ဆုလက်ဆောင်များပေးသွား...
17/03/2023

သင့်ထင်မြင်ချက်များကို ဝေမျှပြီး ဖုန်းဘေလ်ကတ် ၈,၀၀၀ ကျပ် ရယူလိုက်ပါ။ ၅ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ် ဆုလက်ဆောင်များပေးသွားမှာဖြစ်ပါတယ်။ ဖြည့်စွက်စာများအကြောင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါမေးခွန်းများမှတဆင့် သင့်ထင်မြင်ယူဆချက်များကို မျှဝေလိုက်ပါ။
* အသက် 26 နှစ်နှင့်အထက်သူများအတွက်သာ
24.3.2023 တွင် ဖုန်းဘေလ်လက်ဆောင်ရရှိသူများကို ဤပို့စ်အောက်တွင် ကြေငြာပေးမှာဖြစ်ပါတယ်။
လင့်ခ်>>https://forms.gle/GED7raZyhQVAwhMX7

မေးခွန်းဖြည့်ရန် ကြာချိန်- ၅ မိနစ် လက်ဆောင်: ဖုန်းဘေလ် ၁၀၀ ဘတ်https://forms.gle/D3wAVZ98Jx3PDH446 လင်ခ့်လေးထဲက မေးခွန်းလ...
16/06/2022

မေးခွန်းဖြည့်ရန် ကြာချိန်- ၅ မိနစ်
လက်ဆောင်: ဖုန်းဘေလ် ၁၀၀ ဘတ်

https://forms.gle/D3wAVZ98Jx3PDH446 လင်ခ့်လေးထဲက မေးခွန်းလေးတွေကို ကူညီဖြေပေးပါရှင့်။ မေတ္တာလက်ဆောင်အနေနဲ့ ဖုန်းဘေလ် စုစုပေါင်း ၅၀၀ ဖိုးတိတိ (ကံထူးရှင် ၁ဦးကို ၁၀၀ ဘတ်) ကို လက်ဆောင်ပေးချင်ပါတယ်ရှင့်။

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး စုစုပေါင်းကျပ် ၂၅,၀၀၀ ဆုကိုရယူလိုက်ပါ ( ဆု 5 ဆု၊ ကျပ် ၅၀၀၀ စီ)2022ခုနှစ် မတ်လ ၂၃ ရက်နေ့...
16/03/2022

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး စုစုပေါင်းကျပ် ၂၅,၀၀၀ ဆုကိုရယူလိုက်ပါ ( ဆု 5 ဆု၊ ကျပ် ၅၀၀၀ စီ)
2022ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် Myanmar Review page တွင် ကြေညာပါမည်။

https://forms.gle/GFxDjWoQDvfKfaG3A

25/11/2021

Unicode)
ပရိုမိုးရှင်းကိုဖရီးရယူပြီး ကံစမ်းဆုတွေရယူလိုက်ပါ!

(Zawgyi)

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး စုစုပေါင်းဘတ် 500 ဆုကိုရယူလိုက်ပါ ( ဆု 5 ဆု၊ ဘတ် 100 စီ)2021ခုနှစ် အောက်တိုဘာလ 19 ရက်နေ...
14/09/2021

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး စုစုပေါင်းဘတ် 500 ဆုကိုရယူလိုက်ပါ ( ဆု 5 ဆု၊ ဘတ် 100 စီ)

2021ခုနှစ် အောက်တိုဘာလ 19 ရက်နေ့တွင် Myanmar Review page တွင် ကြေညာပါမည်။

https://forms.gle/wLo3FsKn446McrEi8

2021ခုနှစ် အောက်တိုဘာလ 19 ရက်နေ့တွင် Myanmar Review page တွင် ကြေညာပါမည်။

လိုအပ်တဲ့သူတွေအတွက် ဒီအချက်အလက် မျှဝေပေးပါ။Covid-19 လှိုင်းတွေကြားမှာ ထိုင်းရောက်မြန်မာတွေဘဝဟာ ခက်ခဲလှပါတယ်။အကူညီလိုတဲ့သ...
01/08/2021

လိုအပ်တဲ့သူတွေအတွက် ဒီအချက်အလက် မျှဝေပေးပါ။

Covid-19 လှိုင်းတွေကြားမှာ ထိုင်းရောက်မြန်မာတွေဘဝဟာ ခက်ခဲလှပါတယ်။
အကူညီလိုတဲ့သူတွေကို ရသလောက်ကူနေရင်းမှာပဲ အကူညီမရှိလို့ ဒုက္ခရောက်နေကြသူတွေလည်းအများကြီးရှိနေပါသေးတယ်။
ကိုယ်တိုင်က အခက်အခဲဖြစ်နေပြီး အကူညီလိုအပ်တယ်ဆိုရင်တော့ jitasa.care ဆိုတဲ့ application လေးကိုသုံးပြီး အကူညီတောင်းခံလို့ရပါတယ်။

သိချင်တာတွေရှိခဲ့ရင်လည်း ကောမန့်မှာ မေးထားခဲ့နိုင်ပါတယ်။

Coivd-19 နဲ့ပက်သတ်ပြီး ထိုင်းကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေးရှင်းထုတ်တဲ့ လက်စွဲစာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်။ ဒီလက်စွဲစ...
09/07/2021

Coivd-19 နဲ့ပက်သတ်ပြီး ထိုင်းကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေးရှင်းထုတ်တဲ့ လက်စွဲစာအုပ်လေးကို မျှဝေပေးလိုက်ပါတယ်။ ဒီလက်စွဲစာအုပ်လေးက ရောဂါနဲ့ပတ်သက်တာကစလို့ ကာကွယ်ဆေးတွေအထိပါ အသေးစိတ်ရေးထားပေးတာမို့ အားလုံးအတွက်လည်း အသုံးဝင်မယ်လို့ယုံကြည်ပါတယ်။

download လုပ်ချင်တဲ့သူတွေအတွက် ဒီလင်ခ့် https://bit.ly/3hP4UxF ကတဆင့္download လုပ်နိုင်ပါတယ်။ ကိုယ့်အသိတွေထဲမှာ လိုအပ်တဲ့သူတွေကိုလည်း မျှဝေပေးကြဖို့တိုက်တွန်းလိုက်ပါတယ်။

တောင်တွင်းကြီးမြို့၌ စစ်သင်တန်းသား ၃ ဦးထွက်ပြေး၊ ၁ ဦး မြွေကိုက် သေဆုံးမကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်အခြေခံ...
28/04/2021

တောင်တွင်းကြီးမြို့၌ စစ်သင်တန်းသား ၃ ဦးထွက်ပြေး၊ ၁ ဦး မြွေကိုက် သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သင်တန်းသား ၃ ယောက် ထွက်ပြေးသွားခဲ့ရာမှာ တယောက်ကတော့ မြွေကိုက် သေဆုံးခဲ့ပါတယ်။

ဧပြီ ၂၅ ရက် ညပိုင်းမှာ စစ်သင်တန်းတက်နေတဲ့ ရဲဘော် ၃ ယောက် တောလမ်းကနေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ၁ ယောက်ကတော့ မြွေကိုက်ခံရလို့ ပြန်ဖမ်းမိခဲ့ပါတယ်။

ကျန် ၂ ယောက်ကတော့ လွတ်မြောက်သွားပြီး မြွေကိုက်ခံရသူကတော့ နောက်တရက်မှာမှ မကွေးစစ်ဆေးရုံကိုပို့ဆောင်ခဲ့လို့ သေဆုံးသွားခဲ့​တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ၂ ယောက်ကို ဖမ်းမိနိုင်ရေးအကြောင်းပြပြီး စစ်သားတွေဟာ တောင်တွင်းကြီးမြို့ အဝင်ဂိတ်တွေမှာ မော်တော်ယာဉ်တွေကို ရပ်တန့်စစ်ဆေးနေသလို ငွေကြေးတောင်းခံနေတာကြောင့် ပေးခဲ့ရတယ်လို့လည်း တောင်တွင်းကြီးမြို့​နေ ယာဉ်​မောင်းတယောက်က ပြောပါတယ်။

စစ်တပ်နှင့် ဆွေးနွေးပွဲမစခင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဟု NUGဝန်ကြီးချုပ်ပြောဧပြီ ၂၇အာဆီယံက တိုက်တွန်းထားသည...
27/04/2021

စစ်တပ်နှင့် ဆွေးနွေးပွဲမစခင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဟု NUGဝန်ကြီးချုပ်ပြော
ဧပြီ ၂၇

အာဆီယံက တိုက်တွန်းထားသည့် မြန်မာ့အရေး သက်ဆိုင်သည့်အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးမှုမစခင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရမည်ဟု NUG အစိုးရ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့၌ ယခုလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အာဏာသိမ်း စစ်‌ေကာင်စီကို ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး နှင့်ပတ်သက်ပြီး သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အာဆီယံက တိုက်တွန်းထားခြင်း ဖြစ်သည် ။

ထို အချက်နှင့် ပတ်သက်၍ NUG ဝန်ကြီးချုပ်က ထုတ်ပြန်ချက် တစ်စောင် ထုတ်ခဲ့ပြီး ယင်းကြေညာချက်တွင် အထက်ပါအတိုင်း တောင်းဆို ဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် အာဆီယံက “သက်ဆိုင်သူများအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု” ပြုလုပ်ရန်တောင်းဆိုထားပြီး မြန်မာပြည်သူကို ကိုယ်စားပြုသည့် NUG အစိုးရနှင့် CDM လှုပ်ရှားမှု ကိုယ်စားပြုသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မဖြစ်မနေပါဝင်ရမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုထားသည်။

အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြည်သူများရွေးချယ်ထားသူများနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူပူးပေါင်းဆောင်ရွက်စေလိုပြီး မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်စေလွှတ်လျှင် ထိုကိုယ်စားလှယ်နှင့် အတူလက်တွဲဆောင်ရွက်လိုကြောင်း ပြောဆိုထားသည်။

“မိမိတို့အစိုးရသာလျှင် မြန်မာပြည်သူလူထုအား အာဆီယံ၏ သဘောထားများနှင့် ကတိကဝတ်များအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း အသိပေးလိုပါသည်” ဟု ဝန်ကြီးချုပ်က ရေးသားပြောဆိုထားသည်။

အာဆီယံအနေဖြင့် အချက်(၅) ချက်ပါ သဘောတူညီချက်တွင် ပါဝင်သော အချက်အလက်များအား စစ်ကောင်စီက လိုက်နာခြင်း ရှိမရှိ အမြဲမပြတ်စောင့်ကြည့်ရန် ကြပ်မတ်သည့် နည်းစနစ်တစ်ခုရှိရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
သတင်း-BAP

အဓမ္မကို အဓမ္မကပဲ ပြန်သတ်လိမ့်မယ်ဆိုတဲ့စကားအတိုင်းမိတ္တီလာမြို့တွင် စစ်ကောင်စီတပ်မှုးချင်း မူးရူးရန်ဖြစ်ရာမှ ဗိုလ်မှုးမှ...
26/04/2021

အဓမ္မကို အဓမ္မကပဲ ပြန်သတ်လိမ့်မယ်ဆိုတဲ့စကားအတိုင်း

မိတ္တီလာမြို့တွင် စစ်ကောင်စီတပ်မှုးချင်း မူးရူးရန်ဖြစ်ရာမှ ဗိုလ်မှုးမှ ဗိုလ်ကြီးအား သေနတ် ဖြင့်ပစ်မှုဖြစ်

မိထ္ထီလာ၊ ဧပြီ ၂၆။

မိတ္တီလာမြို့၊အမှတ်(၂)နယ်မြေရဲစခန်းရှေ့ တွင် စစ်ကောင်စီတပ်မှ အမှတ်(၃၁၅) တပ်ရင်းမှုး ဗိုလ်မှုး ဝဏ္ဏဌေး နှင့် အမှတ်(၉၉)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးကောင်းမြတ်သွင်တို့ ဧပြီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် မူးရူးစကားများရာမှ သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဗိုလ်ကြီးကောင်းမြတ်သွင်တွင် ဒဏ်ရာရရှိခဲ့ပြီး မိတ္တီလာ စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်းသတင်းရရှိသည်။

"ဗိုလ်ကြီး နဲ့ ဗိုလ်မှုးစကားများပြီး ပစ်ကြတာ။ ရဲစခန်းရှေ့ ပစ်တာတောင် ရဲတွေက မဆွဲကြဘူး၊ ဗိုလ်ကြီးကတော့ သေနတ်မှန်လို့ စစ်ဆေးရုံ ပို့လိုက်ရတယ်။ ဗိုလ်မှုးကိုတော့ အချုပ်ထဲ ထည့်လိုက်တယ်၊ (၉၉)တပ်မကလည်း ငါတို့ဗိုလ်ကြီးပစ်တာ ဘယ်ကောင်လဲ ဆိုပြီး သေနတ်တွေနဲ့ ထွက်လာကြတာ၊ဒီဘက်ကလည်း ငါတို့ ဗိုလ်မှုး ပစ်တာ ဘယ်ကောင်လဲ ဆိုပြီး တပ်ချင်း ဆက်ချမလို ဖြစ်နေလို့ လူမှားပစ်တယ်ပုံစံမျိုးနဲ့ တပ်ထဲမှ သတင်းဖြန့်ထားရတယ်၊ တပ်ထဲကကောင်တွေလည်း တော်တော်ထိန်းနေရတယ်ကြားတယ်"ဟု မိတ္တီလာမြို့ တပ်မ(၉၉)မှ တပ်သားတစ်ဦး က ပြောသည်။

မိတ္တီလာမြို့၊ အမှတ် ၉၉ ခြေမြန်တပ်မမှ ဗိုလ်ကြီးကောင်းမြတ်သွင်မှာ မိတ္တီလာခရိုင် ဥက္ကဌရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဒေါက်တာသန်းထွန်းအား ဖမ်းဆီးခဲ့သူဖြစ်သည်။

မိတ္တီလာ၊ဝမ်းတွင်း မလှိုင် မှ စစ်အာဏသိမ်း မှု့ ဆန့်ကျင်ရေး ဆန္ဒပြပွဲများအား နှိမ်နှင်းရာတွင်လူ့အသက်သေဆုံးသည့်အထိ သေနတ်ဖြင့် ကိုယ်တိုင်ပစ်ခတ်နှိမ်နှင်းခြင်း ၊ဖမ်းဆီးရမိသူများအား ဝင်ရောက်ထိုးကြိတ်ခြင်း ၊ဆဲဆိုခြင်း စသည့် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ ၎င်းတွင် ဇနီးနှင့် သားတစ်ဦးရှိကြောင်း သတင်းရရှိသည်။

ပုံစာ - သေနတ်ဖြင့် အပသ်ခံရသူ ဗိုလ်ကြီး ကောင်းမြတ်သွင်

မြင်းခြံမြို့က အိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေကိုယူဆောင်*************************မန္တလေးတိုင်းဒေသကြီး၊ မြင်း...
25/04/2021

မြင်းခြံမြို့က အိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေကိုယူဆောင်
*************************

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စက်မှုဇုန် ခွာညိုလမ်းမှာရှိတဲ့ အိမ်တစ်အိမ်ကို စစ်တပ်က ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာဝင်စီးပြီး စာရွက်စာတမ်းတွေအပြင် တန်ဖိုးရှိပစ္စည်းအားလုံးကို ရှာဖွေယူဆောင်သွားတယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင်မှာ စစ်ကောင်စီကဝရမ်းထုတ်တာကိုခံထားရတဲ့ ကိုသက်နိုင်အောင် (ခ) ကိုသက်ကြီးဆိုသူရဲ့အိမ်ဖြစ်ပြီး အဲ့ဒီ့အိမ်မှာမနေထိုင်တာကြာပြီလို့လည်း ကာယကံရှင်ဖြစ်သူကဆိုပါတယ်။

ကိုသက်နိုင်အောင်ရဲ့အိမ်ကို စစ်တပ်ကဝင်စီးတဲ့အခါမှာ သူစုဆောင်းထားတဲ့ ရှေးဟောင်းကြွေထည်တွေ၊ ရုပ်ထုတွေအပြင် ဗိုလ်ချုပ်ပိုက်ဆံတွေအပါအဝင် ဆိုင်ကယ်ဦးထုပ်လိုပစ္စည်းမျိုးအထိ ရှာဖွေယူဆောင်သွားကြတယ်လို့ ကိုသက်နိုင်အောင်ကပြောပါတယ်။

ထိုင်းလုံခြုံရေးရဲများပါသည့်လှေကို မြန်မာစစ်တပ်က အကြောင့်မဲ့ ပစ်ခတ်သတင်းအပြည့်အစုံဧရာဝတီ၊ ဧပြီ ၂၃၊ ၂၀၂၁ထိုင်း-မြန်မာ နယ်...
23/04/2021

ထိုင်းလုံခြုံရေးရဲများပါသည့်လှေကို မြန်မာစစ်တပ်က အကြောင့်မဲ့ ပစ်ခတ်

သတင်းအပြည့်အစုံ

ဧရာဝတီ၊ ဧပြီ ၂၃၊ ၂၀၂၁

ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ထဲတွင် ထိုင်းနယ်စပ်လုံခြုံရေး ရဲများပါသည့် လှေတစီးကို မြန်မာစစ်တပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်စပ်အခြေစိုက် Salween Press ကဖော်ပြထားသည်။

ဒီဖြစ်ရပ်သည် မတ်လ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်က ကရင်ဒေသခံကျေးရွာများ ထွက်ပြေးစေခဲ့သော လေယာဉ်ဖြင့် ဗုံးကြဲမှု အပြီး မြန်မာစစ်တပ်က ထိုင်းလုံခြုံရေး တပ်ဖွဲ့များကို ပစ်ခတ်မှု ပထမဆုံး ဖြစ်ပွားခဲ့သော ဖြစ်ရပ် ဖြစ်သည်။

သတင်းရင်းမြစ်များ အဆိုအရ အဆိုပါ လှေသည် ပစ်ခတ်ခံရမှုကြောင့် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မဲ့ကထာ့ရွာဟု လူသိများသည့် ဘန့်တာ့တဖန်း ထိုင်းကျေးရွာ၏ မျက်နှာချင်းဆိုင်ရှိ မြန်မာဘက်ခြမ်းကို ကမ်းကပ်ခဲ့ရသည်ဟု သိရသည်။

ထိုင်းလုံခြုံရေး တပ်ဖွဲ့များသည် ယူနီဖောင်းများ လက်နက်များ အပြည့် ပါဝင်သော်လည်း မြန်မာ စစ်တပ်ကို ပြန်လည်ပစ်ခတ်ခြင်းမရှိဟုသိရသည်။ သတင်းရင်းမြစ်များ အဆိုအရ အဆိုပါ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များကို မြန်မာ စစ်တပ်မှာ နာရီဝက်ခန့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး ကိုအွန်လိုင်းကမဟုတ်ဘဲလူကိုယ်တိုငိတက်ရောက်မည်လာမည့် ဧပြီလ ၂၄ ရက်နေ့...
21/04/2021

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ အစည်းအဝေး ကိုအွန်လိုင်းကမဟုတ်ဘဲလူကိုယ်တိုငိတက်ရောက်မည်

လာမည့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ပြုလုပ်မည့် မြန်မာ့အရေး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန် သတင်းဌာန Nikkei Asia သို့ အတည်ပြုပြောကြားခဲ့သည်။

အာဆီယံ အစည်းအဝေးသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာရွတ် တက်ရောက်တော့မည် မဟုတ်သဖြင့် ၎င်းကို အကာအကွယ်ပေးမည့်သူများ လျော့နည်းသွားခြင်း၊ မြန်မာနိုင်ငံက ထွက်သည်နှင့် ၎င်း၏ လုံခြုံရေး စိတ်ပူရခြင်းတို့ကြောင့် အာဆီယံ အစည်းအဝေးကို Video Conferencing ဖြင့်သာ တက်ရောက်တော့မည် ဖြစ်ကြောင်း ကနဦး ဝေဖန်သုံးသပ်ချက်များ ထွက်ပေါ်လာအပြီး နေပြည်တော်က ယင်းသို့ အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

အာဆီယံ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “သေချာပေါက် သွားရောက်ပါလိမ့်မည်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြသည်။

ထို့အတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအစည်းအဝေးသို့ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီး သေကြေမှုများ မြင့်တက်လာချိန် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေး ဆွေးနွေးရန် စတင်ဆော်ဩခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဒေသတွင်း လွန်းပျံ ညှိနှိုင်းမှုများကြောင့် နောက်ဆုံးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင် ဆူလ်တန် ဟာဆင်နယ် ဘူလ်ကီးယားက အာဆီယံခေါင်းဆောင်များကို ဖိတ်ကြားရန် သဘောတူခဲ့သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးက စတင်၍ မြန်မာ့အရေး တင်ပြပြောဆိုရမည်ဖြစ်ပြီး နောက်ပိုင်းတွင် အာဆီယံခေါင်းဆောင်များက တုံ့ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံခေါင်းဆောင်များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးလမ်းကြောင်း တိုးချဲ့လိုပြီး အကြမ်းဖက်နှိမ်နင်းမှုများ ဖြစ်နိုင်လျှင် အမြန်ဆုံး ရပ်ဆိုင်းရန်နှင့် မြန်မာပြည်သူများထံ လူသားချင်း စာနာသော အထောက်အပံ့များ တနည်းတဖုံ ရောက်ရှိစေရေး ကတိကဝတ်များကို လိုလားနေကြသည်။

တချိန်တည်းတွင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမှုသည် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်ကြောင်း အာဆီယံအသင်းကို လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်နေကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့်လည်း ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းနေကြသည်။ အမျိုးသားညီညွတ်ရေး အစိုးရကလည်း အာဆီယံနိုင်ငံများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။\

source IRRAWADDY

တာမွေNLD ရုံးထဲမီးလောင် ထိခိုက်ဒဏ်ရာရသူမရှိ ဧပြီ ၂၁ ရက်ဒီကနေ့မနက်အစောပိုင်း ၄ နာရီဝန်းကျင်လောက်က တာမွေမြို့နယ် ပင်ရွှေညေ...
21/04/2021

တာမွေNLD ရုံးထဲမီးလောင် ထိခိုက်ဒဏ်ရာရသူမရှိ

ဧပြီ ၂၁ ရက်

ဒီကနေ့မနက်အစောပိုင်း ၄ နာရီဝန်းကျင်လောက်က တာမွေမြို့နယ် ပင်ရွှေညောင်လမ်းနှင့်မာလာနွယ်လမ်းထောင့်မေတ္တာညွှန့်ရပ်ကွက် မှာရှိတဲ့ NLD ရုံးချုပ်ဝန်းထဲရပ်ထားတဲ့ Canta အမျိုးစားယဥ်တစီးမီးလောင်ပြီးရုံးလဲအနည်းငယ်ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။

"လောင်တာကဝန်းထဲရပ်ထားတဲ့ကားလောင်တာရုံးကတော့ရှေ့တခြမ်းလောက်မီးဟက်သွားတယ်ပျက်စီးဆုံးရှူံးမှု့ကတော့အဲ့ကားတစီးကတော့အရိုးပဲကျန်တယ်ရုံးမျက်နှာစာလဲမီးသင့်သွားတယ်မီးကတော့မီးသတ်ကားတွေလာငြှိမ်းပေးသွားတာ"လို့ မီးလောင်မှု့ကိုမျက်မြင်တွေ့လိုက်တဲ့ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။

Photo crd _ facebook

ဘင်္ဂလားဒေ့ရှ်တွင် UN Peacekeeping တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်‌မှုကို မဆီမဆိုင် မြန်မာ့အရေးနှင့် လိုရာဆွဲရေးသားမှုများ တွ...
19/04/2021

ဘင်္ဂလားဒေ့ရှ်တွင် UN Peacekeeping တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်‌မှုကို မဆီမဆိုင် မြန်မာ့အရေးနှင့် လိုရာဆွဲရေးသားမှုများ တွေ့ရှိရပါတယ်။ ၎င်းရေးသားမှုများနှင့်အတူ တွေ့ရှိရသည့် ဓာတ်ပုံပါ တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်မှုမှာ လွန်ခဲ့သည့် ဧပြီ ၁၂ရက်ကတည်းက ပြီးဆုံးနှင့်ပြီး ဖြစ်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအား Shantir Ogroshena 2021 ဟု အမည်ပေးထားပြီး ဧပြီလ ၄ရက်နေ့မှ စတင်ကာ ဧပြီလ ၁၂ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ ဘူတန် တို့မှ စစ်‌တပ်သားများ၊ UN Peacekeeping တပ်သားများက စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပြီး အမေရိကန်အပါအဝင် ၇နိုင်ငံက ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်။ လေးနိုင်ငံအတူ စစ်ရေးလေ့ကျင့်ကြသည့် အကြောင်းရင်း ဗီဒီယိုလင့်ခ်ကိုလည်း အောက်တွင် ဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်ရသည့် အကြောင်းရင်း ဗီဒီယို
https://m.youtube.com/watch?v=CsIbeD3OeRc&feature=youtu.be
https://l.facebook.com/l.php?u=https%3A%2F%2Ftimesofindia.indiatimes.com%2Findia%2Findian-army-delegation-in-bangladesh-for-multinational-military-exercise-shantir-ogroshena-2021%2Farticleshow%2F81895939.cms%3Ffbclid%3DIwAR1g1I0BgIpjSeXaXX8LknQnSjetJD_DCp8TKciaYecvzIxSIkgNbBqgmkc&h=AT1dKh9P9QR8u7WiAlsX3czDLH-DpBHWgF48fE5VVuUE4yI0NRq4ShKlVfVJiamjuYwUmAzOJbR4iv_bmTNKfuVCVyePHYB3Tj4JJ3VaJGhTUvmBQ70W0fI24vocKemf6XRKo_Mz3UddlUS_AZZj7g

https://l.facebook.com/l.php?u=https%3A%2F%2Ftimesofindia.indiatimes.com%2Findia%2Findian-army-delegation-in-bangladesh-for-multinational-military-exercise-shantir-ogroshena-2021%2Farticleshow%2F81895939.cms%3Ffbclid%3DIwAR1UVo3ck5MqPW1tyauVDmr6sndOZx7zlurXdi_LfroGx2ldtCgClMogL_Y&h=AT1Mhs9ioCQsLj6hbhn5mZ5ht4gJYlLRbFe-iznaMDQR6fw1y6aW7EUaCYJn7YkSTl3s_yli76iZK9nMtauslKakemQd6A5n3cju0hG_q2KQ-Pp0KehbU3KXJnUPOvNv-7B5ipkq_9deWdw

ဖက်ဒရယ်အာမီဆိုတာ မူဆလင်ပြည်နယ်ခွဲထွက်ဖို့ဆိုပြီး မြန်မာအလင်းသတင်းစာမှာကြေငြာ တပ်အတွင်းတွင်လည်း ထိုသတင်းကိုယုံကြည်များမျာ...
19/04/2021

ဖက်ဒရယ်အာမီဆိုတာ မူဆလင်ပြည်နယ်ခွဲထွက်ဖို့ဆိုပြီး မြန်မာအလင်းသတင်းစာမှာကြေငြာ
တပ်အတွင်းတွင်လည်း ထိုသတင်းကိုယုံကြည်များများပြား !

တောင်ဒဂုံ(၁၈)ရပ်ကွက် လုပ်ကြံမီးလောင်မှုဖြစ်ပွါးဧပြီ ၊ ၁၈ ရက်ဒီကနေ့မနက်ပိုင်း ၂:၃၅ မိနစ်လောက်ကစပြီးဒဂုံမြို့သစ်တောင်ပိုင်...
18/04/2021

တောင်ဒဂုံ(၁၈)ရပ်ကွက် လုပ်ကြံမီးလောင်မှုဖြစ်ပွါး

ဧပြီ ၊ ၁၈ ရက်

ဒီကနေ့မနက်ပိုင်း ၂:၃၅ မိနစ်လောက်ကစပြီးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်
၁၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

မီးလောင်ကျွမ်းမှု့ကြောင့်ပါတ်ဝန်းကျင်ထိခိုက်မှုမရှိပေမယ့် ရပ်ကွက်ရုံးတစ်ရုံးလုံးမီးလောင်ပျက်စီးသွားတယ်လို့ကြားသိရပါတယ်

မြန်မာ့အရေးနဲ့အတူ စိုးရိမ်ရမည့် ထိုင်းနိုင်ငံ Covid 19 ရောဂါအခြေအနေမြန်မာ့အရေးတွင် CRPH ( committee Representing Pyidaun...
17/04/2021

မြန်မာ့အရေးနဲ့အတူ စိုးရိမ်ရမည့် ထိုင်းနိုင်ငံ Covid 19 ရောဂါအခြေအနေ

မြန်မာ့အရေးတွင် CRPH ( committee Representing Pyidaungsu Hluttaw) အနေဖြင့် 4 . 16 . 2021 ရက်နေ့တွင့် အမျိုးသားညီညွှတ်ရေးအစိုးရကိုတရားဝင် ဖွှဲ့စည်းခဲ့ခြင်းနဲ့အတူ ထိုင်းနိုင်ငံရဲ့ Covid 19 တတိလလှိုင်းသည်လည်းစိုးရိမ်ဖွယ်ရာ အခြေအနေကိုရောက်ရှိလာပြီဖြစ်သည်

ထိုင်းအစိုးရရဲ့ Covid 19 ထုတ်ပြန်ချက်များမှာ

ထိုင်းနိုင်ငံခရိုင်များ လော့ဒေါင်းနှင်ညမထွက်ရအမိန့်ချဖို့အစီအစဉ်မရှိသေး
ခရိုင်အားလုံးလိုက်နာရမည်အချက်

1 စာသင်ကျောင်းများပိတ်ခြင်း
2 လူ 50 ထက်များသောလူစုလူဝေးများရှောင်ရှားရန်
3 လူထုလူဝေးစေသောပွဲလမ်းသဘင်များမပြုလုပ်ရန်

အမြင့်ဆုံးတင်းကျပ်စွာထိန်းချုပ်သည့် 18 ခရိုင်

1. စားသောက်ဆိုင်ကို ည 11နာရီ ထိဖွင့်ခွင့်ရပြီး ဆိုင်တွင်းည 9နာရီထိသာထိုင်စားခွင့်ရ
2.စားသောက်ဆိုင်တွင်အရက်ဘီယာရောင်းခွင့်နှင့်ဆိုင်တွင်း
ထိုင်သောက်ခွင့် မပြု
3. ကုန်တိုက်များ ည 9နာရီအထိသာ ဖွင့်ခွင့်ရ
4. ကုန်စုံဆိုင်များ စူပါမာကတ်များကို ည11နာရီအထိသာဖွင့်ခွင့်ရ
5. 24 နာရီဖွင့်သောဆိုင်များ ည11နာရီမှ မနက် 4နာရီအတွင်းပိတ်ရမည်
6. အားကစားကွင်းများ ဂျင် ကစားရုံများ ည9နာရီထိ ဖွင့်ခွင့်ရ
အ မြင့်ဆုံးတင်းကျပ်စွာထိန်းချုပ်ရမည့် ခရိုင် 18ခရိုင်အမည်များ
ဘန်ကောက် ခွမ်ကဲန် ချွန်ဘူရီ ချင်းမိုင် ဆမွတ်ပရကန် ပရကျွန်ခီရီခန် ဆမူဆာခွန် ပထုန်ထာနီ နခေါပထွန် ဖူးကေဒ် နခေါလချာဆီမာ နွန်ထဘူရီ ဆုန်ခရာ သာ့ အူထုန်ထာနီ ဆူဖန်ဘူရီ ဆရကျောင် လရောင်း

ရောဂါထိန်းချုပ်သည့် 59 ခရိုင်

1.စာသောက်ဆိုင် များ ည 9နာရီထိဖွင့် ဆိုင်အတွင်းထိုင်စားခွင့်ရ
2.စားသောက်ဆိုင်တွင် အရက်ဘီယာရောင်းခွင့်နှင့်ထိုင်းသောက်ခွင့်မပြု
3.ကုန်တိုက်များ ည9နာရီ အထိသာဖွင့်ခွင့်ရ

#18 ရက်ဧပြီ လ2021ကစပြီး အကျုံးဝင်မည်

၁၆ ဧပြီ ၂၀၂၁ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းFormation of the National Unity GovernmentCrd CRPH page
16/04/2021

၁၆ ဧပြီ ၂၀၂၁
အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း

Formation of the National Unity Government
Crd CRPH page

 #ကိုဝေမိုးနိုင်ကျနော်တို့ ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက် ကိုဝေမိုးနိုင်ဟာ အခုပဲ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေရဲ့ ဖမ်း...
15/04/2021

#ကိုဝေမိုးနိုင်

ကျနော်တို့ ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက် ကိုဝေမိုးနိုင်ဟာ အခုပဲ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုဝေမိုးနိုင်တို့က ဆိုင်ကယ်နဲ့ ပင်မသပိတ်စစ်ကြောင်း ချီတက်လာတာကို စစ်ကောင်စီတပ်တွေက ကားနဲ့အတင်းဝင်တိုက်၊ အတင်း ရိုက်နှပ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကျနော်တို့ လူထုတစ်ရပ်လုံးက အထူး လေးစား၊ ဦးညွှတ်၊ ဂုဏ်ပြုလျက်ပါ၊ ကိုဝေမိုးနိုင်ရေ။

ပြည်သူလူထုကြီးခင်ဗျား-

တိုင်းပြည်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်၊ ဓမ္မအတွက်၊ ကိုဝေမိုးနိုင်အတွက် ကျနော်တို့ လူထုအရေးတော်ပုံကြီးကို လုံ့လဝိရိယ နှစ်ဆတိုးပြီး ဆက်လက် ဆင်နွှဲရပါလိမ့်မယ်။

ကျနော်တို့ ပြည်သူတွေထဲမှာ နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး ရှိနေတယ်ဆိုတာ အကြမ်းဖက် စစ်ကောင်စီကို အသိပေးလိုပါတယ်။

ဝေမိုးနိုင်ကြောင့်၊ တေဇာစန်းကြောင့် ဒီလူထုအရေးတော်ပုံကြီး ဖြစ်လာတာ မဟုတ်ဘူး။

အရေးတော်ပုံကြီးကြောင့်သာ ကျနော်တို့ကို တစ်စုံတစ်ရာ လူသိများလာခြင်း ဖြစ်တယ်။ ကျနော်တို့အားလုံးက အရေးတော်ပုံတပ်သားတွေပဲ။

ဒီဝေမိုးနိုင်တစ်ယောက်ကို ဖမ်းလိုက်လည်း နောက်ထပ် ဝေမိုးနိုင်တွေ အများကြီး လာလိမ့်မယ်ဆိုတာ မြဲမြဲ မှတ်ထားပါ။

#ကြောက်ခေတ်ကို_မှောက်ပြစ်ကြ

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်


နိင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အား၄ကြိမ်မြောက် ရုံးထုတ်ရာတွင်သဘာဝဘေးစီမံခန့်ခွဲမူဥပဒေ ပုဒ်မ/၂၅ ဖြင့် အမူထပ်တိုး...
13/04/2021

နိင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အား၄ကြိမ်မြောက် ရုံးထုတ်ရာတွင်
သဘာဝဘေးစီမံခန့်ခွဲမူဥပဒေ ပုဒ်မ/၂၅ ဖြင့် အမူထပ်တိုး

၅ကြိမ်မြောက်ရုံးထုတ်တွင် မည်သည့်ပုဒ်မထပ်တိုးမည်ကို ပြည်သူများ မသိရှိရသေးပါ။
အမေစု၊သမ္မတကြီးနှင့် ဒေါက်တာမျိုးအောင်
ကျန်းကျန်းမာမာ ရှိကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

၄ကြိမ်မြောက် ရုံးထုတ်တွင် တွေ့ရသော အမေစု
ပြည်သူတွေကို အရှုံးမပေးဖို့ လက်သီးလေးထောင်ပြ အားပေးသွားပါတယ်။
"အရေးတော်ပုံ အောင်ရမည်"

လှိုင်သာယာကို သေနတ်ခါးကြားထိုးပြီးသွားရောက်လှူဒါန်းခဲ့တဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အာဏာသိမ်းအကြမ်...
12/04/2021

လှိုင်သာယာကို သေနတ်ခါးကြားထိုးပြီးသွားရောက်လှူဒါန်းခဲ့တဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီ ၁၁ ရက်က ရန်ကုန် လှိုင်သာယာမြို့နယ်ကို သွားရောက်ပြီး ဒေသခံတွေအတွက် ဆန် ၊ဆီ၊ ပဲတွေ ပေးအပ်ခဲ့တယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။
လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် ပထမဆုံး အကြိမ် လှိုင်သာယာကို ရောက်ရှိလာတာဖြစ်ပါတယ်။
Photo Credit-MOI

မြန်မာစစ်တပ်ရဲ့စီးပွါးရေးကိုအကြီးအကျယ်ထိခိုက်မည့်အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု စစ်တပ်ပိုင်ကျောက်မျက်ကုမ္ပဏီကြီးတစ်ခုဖြစ်သော...
09/04/2021

မြန်မာစစ်တပ်ရဲ့စီးပွါးရေးကိုအကြီးအကျယ်ထိခိုက်မည့်အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု
စစ်တပ်ပိုင်ကျောက်မျက်ကုမ္ပဏီကြီးတစ်ခုဖြစ်သော Myanmar Gems Enterprise.
ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်သည်ဟု ယမန်နေ့ (ဧပြီ ၈) ရက်နေ့
တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။
ယမန်နေ့ (ဧပြီ ၈) မှစ၍ အမေရိကန်နိုင်ငံသားများအား မြန်မာစစ်တပ်ပိုင်ကျောက်မျက်
ကုမ္ပဏီနှင့်အရောင်းအဝယ်မလုပ်ကြရန် နှင့် အမေရိကန်နိုင်ငံရှိ ၎င်းကုမ္ပဏီ၏အကျိုးစီး
ပွားများနှင့်ပိုင်ဆိုင်မှုအားလုံးကို ထိန်းသိမ်းထားလိုက်ပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်
ကြီးဌာနနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည်။
Myanmar Gems Enterprise ကျောက်မျက်ကုမ္ပဏီသည် မြန်မာစစ်တပ်ကို ဝင်ငွေ
သန်းပေါင်းအမြောက်အများ ရရှိစေသောလုပ်ငန်းကြီးဖြစ်သည်။

မြန်မာစစ်တပ်မှ ဆန္ဒပြပြည်သူများကိုအကြမ်းဖက်ဖြိုခွင်းခြင်း၊ အများပြည်သူ
ဆက်သွယ်ရေးစနစ်ကိုကန့်သတ်ခြင်း နှင့် ပိတ်ပင်ခြင်းများကိုးရပ်တန့်ပြီး နိုင်ငံရေး
အကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကိုပြန်လည်တည်ဆောက်မှု
မပြုမချင်း ဖိအားပေးဒဏ်ခတ်ပိတ်ဆို့များ ဆက်လက်ရှိနေဦးမည်ဟု အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

သတင်းအမှောင်ချလိုသည့်ရည်ရွယ်ချက်ဖြင့်ရဲတပ်ဖွဲ့မှPSIစလောင်းအရောင်းဆိုင်များ၌လိုက်လံသိမ်းဆည်းနေ---------------------------...
08/04/2021

သတင်းအမှောင်ချလိုသည့်ရည်ရွယ်ချက်ဖြင့်ရဲတပ်ဖွဲ့မှPSIစလောင်းအရောင်းဆိုင်များ၌လိုက်လံသိမ်းဆည်းနေ
----------------------------------------------
ပေါင်_ဧပြီ၈

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ PSIစလောင်းများ ရောင်းသော အရောင်းဆိုင်များတွင် ယနေ့ဧပြီလ(၈)ရက်နေ့ နေ့လည်(၁း၃၀)နာရီခန့်က ရဲတပ်ဖွဲ့မှPSIစလောင်းနှင့်စက်များကို လိုက်လံသိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

A4 စက္ကူတရွက်ကို ကျောကပ်ပုံစံ Print တရွက်ထုတ်ပြီး မိတ္တူဆွဲလိုက်ရုံပါပဲ။နေ့စဥ်သတင်းအားလုံးကို နှစ်မျက်နှာတည်းနဲ့အလွယ်တကူ...
06/04/2021

A4 စက္ကူတရွက်ကို ကျောကပ်ပုံစံ Print တရွက်ထုတ်ပြီး မိတ္တူဆွဲလိုက်ရုံပါပဲ။

နေ့စဥ်သတင်းအားလုံးကို နှစ်မျက်နှာတည်းနဲ့အလွယ်တကူ ဖတ်ရှုနိုင်မယ့် သတင်းစာလေးရပါပြီ။

အလွယ်တကူလက်ဆင့်ကမ်းဖတ်နိုင်ပြီး နေ့စဥ်ထွက်ရှိနေမယ့် "နွေဦးအသံ" Daily News Pamphlet လေးပါ။

သတင်းပျက်လက်နေတဲ့နေရာတွေအတွက် အင်တာနက်ရနေသေးတဲ့သူတွေက ပရင့်ထုတ်ပြီး မိတ္တူကူးဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။

ပရင့်ထုတ်ဖို့ အခက်အခဲရှိရင်လည်း ဓာတ်ပုံအတိုင်းကိုပဲ
ဖုန်းအချင်းချင်း အဆင်ပြေသလို ဖြန့်ချိကူးယူမျှဝေပေးလို့ရပါတယ်။

#နွေဦးအသံ

Address


Website

Alerts

Be the first to know and let us send you an email when CLMV Review posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CLMV Review:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share