People Force Informer-PFI

  • Home
  • People Force Informer-PFI

People Force Informer-PFI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from People Force Informer-PFI, Media, .
(1)

29/07/2022

🚨🚨စမ်းချောင်းသတိ🚨🚨
10:32AM
စမ်းချောင်း၊ ဗဟိုလမ်းမပေါ် ၊ အောင်ချမ်းသာရပ်ကွက် Twin Center နားရပ်ထားပြီး တိုက် (၄၄) ထဲကို ခွေးတွေအင်အားအများအပြားဝင်သွားကြောင်းသိရ။

စမ်းချောင်းဘက်လာတဲ့သူများသတိထားပါ ဖုန်းအစစ်ဆေးတွေလဲရှိနေပါတယ်

https://www.facebook.com/103929481807603/posts/391410846392797/


အင်းစိန်ထောင်ပိုင်ထပ်မံသိရှိသူများPgသို့ ယုံကြည်စိတ်ချစွာသတင်းပေးနိုင်ပါတယ်...သွေးကြွေးမှာဆွေးနွေးစရာမရှိ
27/07/2022

အင်းစိန်ထောင်ပိုင်

ထပ်မံသိရှိသူများ
Pgသို့ ယုံကြည်စိတ်ချစွာသတင်းပေးနိုင်ပါတယ်...

သွေးကြွေးမှာဆွေးနွေးစရာမရှိ

27/07/2022

Attention plz 🚨

Ygn tharkayta UG myar a myan shaung par

25/07/2022

နေပြည်တော်

Russia နိုင်ငံ Novosibirsk Tolmachevo လေဆိပ် (OVB/UNNT) မှ ပျံသန်းလာသော Aviacon Zitotrans Airline မှ Ilyushin Il-76TD (Registration: RA76842) အမျိုးအစား ကုန်တင် လေယာဉ်ပျံ 1 စီး နေပြည်တော်လေဆိပ်သို့ ဆင်းသက်။

16:02, July 25


25/07/2022

မြို့ပြ Mission များသို့ အသိပေးခြင်း
------------------------
လေယာဥ်ဆီ တင်သွင်းသူများ
အေးရှားမန်း ဦးချစ်ခိုင်
မြတ်မေတ္တာမွန်
DENKO
JLFC

သီလဝါမှ လေယာဥ်ဆီတင်သွင်းသော ္12 ဘီးကား နံပါတ်များ
6k 9038
6k 9043
6k 9060
6k 9047
6k 9037
နယ်ပို့သော ကားများ
1M or M 8071
။့့8691
။့့ 8694

ဒီ Mission များ အဓိက ထားပေးပါ။


Crd

25/07/2022

မုံရွာ

နမခ ခွေးခြံသို့ Mi 17 ၂စီး ဆင်းထား



Jul 25 , 3:20PM

https://www.facebook.com/100948649035131/posts/185605900569405/
21/07/2022

https://www.facebook.com/100948649035131/posts/185605900569405/

စစ်ကိုင်းတိုင်း
ကလေးခရိုင်
ကလေးမြို့ ၊ ကင်မွန်းခြုံရွာဘက်မှာ စခ တွေရောက်ရှိမီးရှို့နေကြောင်း သတင်းရ ရှိပါတယ်...


#လှုပေးပါ

Photo - Public

https://www.facebook.com/100948649035131/posts/185388057257856/
20/07/2022

https://www.facebook.com/100948649035131/posts/185388057257856/

ထောက်ပို့လစဥ်
အောင်ပွဲဆီအားလုံးအတူတူရုန်းထမည်🤠

အခုအချိန်မှာ ပြည်သူအပေါင်းလည်း မောနေလောက်ပြီထင်ပါရဲ့...🥺🥺

ဟုတ်ကဲ့ပါ
ပြည်သူအားလုံးရဲ့ပင်ပန်းမှု ၊ ခက်ခဲကျပ်တည်းမှုတွေကို " လှုပေးပါ တာဝန်ခံ" များမှ ကိုယ်ချင်းစာနားလည်ပါတယ်🙏🙏🙏

ဒီလို ပြည်သူတွေ
ခက်ခဲပင်ပန်းအောင် ၊ ကျပ်တည်းအောင် လုပ်နေတာကလည်း အာဏာရှင်နှင့်အပေါင်းအပါများဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ...😢🤧🤧

ဒီလိုအချိန်မှာ
ကျွန်တော်တို့ အားလုံးအတူတူရုန်းထကြရအောင်ပါ...🤔

ဒီလိုပါဗျ...🤔🤔🤔
​မောပန်းနေတဲ့ ပြည်သူတွေကပဲဆက်လက်တောင့်ခံပြီးကူပေးကြနော်...😬😬
🛑🛑🛑 အိမ်နဲ့ဝေးပြီးတောတောင်ထဲကနေကြိုးစားရုန်းကန်နေကြတဲ့ ပြည်သူ့ရဲဘော်တွေ ဖြစ်တဲ့ PDF ၊ EAO တွေ ကတော့ အာဏာရှင်တွေကို ပြည်သူတွေကိုယ်စားရင်ဆိုင်တိုက်ခိုက်ပေးမှာပါ။🔫🗡

ဒါကြောင့်
ပြည်သူတွေအနေနဲ့
Hlu Pay Par - လှုပေးပါ page မှာ member အဖြစ် ကူညီထောက်ပံ့ပေးဖို့ ဖိတ်ခေါ်ပါရစေ။

Member ပုံစံ
၂ မျိုးရှိပါမယ်...
၁၊ Diamond member 💎💎💎
၂၊ Gold member 💳💳💳

🛑 Member ဝင်ပြီးတဲ့အခါ
Member card နဲ့အတူ ကိုယ်ပိုင်နံပါတ်ပါပေးမှာဖြစ်ပါတယ်။

မန်ဘာ ဖြစ်ပြီးသူများသည်
‌"Hlu Pay Par - လှုပေးပါ " page တွင် လစဥ် ထောက်ပံ့ပေးရမှာဖြစ်ပြီး မန်ဘာဝင်များ၏အကျိုးခံစားခွင့်များလည်းရှိပါတယ်။🤗🤗🤗
‌အကျိုးခံစားခွင့်အနေနဲ့
‌🏆 မန်ဘာဝင်သူများသည် 🏆
‌For Diamond Member
‌💎 ပေါ့ပေါ့ပါးပါး Digital sketch တစ်ပုံ၊
‌💎 တော်လှန် ရေး ရဲဘော်တစ်ဦး၏ ကဗျာစာအုပ် ( မြေပြင်အခြေအနေအရ pdf file ဖြင့်လက်ဆောင်ပေးပါမည် )
‌For Gold Member
‌💳တော်လှန် ​ရေး ရဲဘော်တစ်ဦး၏ ကဗျာ စာအုပ် ( မြေပြင်အခြေအနေအရ PDF file ဖြင့် လက်ဆောင်ပေးပါမည်)

ဒါကြောင့်
အခုပဲ

🔴

မှာ member ဝင်လို့ရပါပြီ။

Page မက်ဆင်ဂျာတွင်လည်း မန်ဘာဝင်ရန်စုံစမ်းနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲ  စစ်ကောင်စီဆက်လက်ထားရှိ၊အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲထားတဲ့အမှုအတွက် ...
07/07/2022

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာပဲ စစ်ကောင်စီဆက်လက်ထားရှိ၊အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲထားတဲ့အမှုအတွက် ထောင်တွင်းတရားရုံးမှာ ဒီနေ့ ရုံးထုတ်
======================

People's Spring
7 July ,2022

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ ရန်ကုန်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းဟာမမှန်ကြောင်းနဲ့ ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။


ဓာတ်ပုံ − AFP

အပြည့်အစုံ 👇👇👇

MNA Unscheduled Flightရန်ကုန်လေဆိပ်(RGN-VYYY)မှ ပျံတက်သွားသော MNA လိုင်းမှ Boeing 737-86N [XY-ALB] သည် တရုတ်နိုင်ငံ ကွန်...
26/06/2022

MNA Unscheduled Flight

ရန်ကုန်လေဆိပ်(RGN-VYYY)မှ ပျံတက်သွားသော MNA လိုင်းမှ Boeing 737-86N [XY-ALB] သည် တရုတ်နိုင်ငံ ကွန်မင်း လေဆိပ်(KMG-ZPPP) သို့ ဆင်းသက်။

09:50, June 26


Russia လေယာဉ် ဖြတ်သန်း သတင်းDubai (DWC/OMDW) မှ ပျံသန်းလာသာ Russia လေယာဉ် Antonov  An-124-100 ကုန်တင်လေယာဉ်သည် မြန်မာလေပ...
26/06/2022

Russia လေယာဉ် ဖြတ်သန်း သတင်း

Dubai (DWC/OMDW) မှ ပျံသန်းလာသာ Russia လေယာဉ် Antonov An-124-100 ကုန်တင်လေယာဉ်သည် မြန်မာလေပိုင်နက်ဖြတ်သန်း၍ တရုတ်နိုင်ငံဘက်သို့ ဦးတည်‌နေ။

08:55 , June 26


21/06/2022

ပန်းချီကားလေလံ အမှတ်စဥ် ၁

🆘🆘🆘 ဒီပန်းချီကားဆွဲတဲ့ရဲဘော်ကတော့
အရင်လက ရှေ့တန်းတိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်။ 🥺😭😫😭🥺

ဒါကြောင့် ဒီပန်းချီကားကို ရဲဘော်အတွက်
ကောင်းမှူလုပ်ဖို့နဲ့ သူ့ရဲ့ ဌာနေတပ်ရင်းတပ်ခွဲကို ရိက္ခာနဲ့ဆေးဝါး၊ ကျည်ဖိုး လှုပေးနိုင်ဖို့ ဒီပန်းချီကားကိုလေလံ တင်ရောင်းချပေးချင်ပါတယ်။

သူရဲ့ ဌာနေတပ်ရင်းမှာ...
🛑 တပ်မဟာ ၅
သထုံခရိုင်
တပ်ခွဲ ၃ ၊ ရှေ့တန်းပူးပေါင်းတပ်ဖွဲ့
ဖြစ်ပါတယ်။ 🛑

နိုင်သလောက်ကူပေးကြပါဦး။

ကြမ်းခင်းစျေး - 200,000 mmkပါ
လေလံသက်မှတ်ရက်က လကုန်တဲ့အထိပါ
Size - 22in ×18in


#လှုပေးပါ

Freedom Fighter က ကိုရဲထက်ဆောင်းပါး တစ်ပုဒ်ဒေါ်စုကိုလုပ်ကြံကြသူများ(ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်...
21/06/2022

Freedom Fighter က ကိုရဲထက်ဆောင်းပါး တစ်ပုဒ်

ဒေါ်စုကိုလုပ်ကြံကြသူများ

(ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ဆောင်းပါး)

ဒေါ်စုကို လုပ်ကြံသူများလို့ပြောလိုက်ရင် လူအများစုကတော့ စစ်တပ်ကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်ကတော့ ဒေါ်စုကို လုပ်ကြံဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်စုကို လှောင်အိမ်ထဲထည့်ဖို့ ကြိုးစားတိုင်း ပြည်သူတွေရဲ့ ရင်ထဲမှာ ဒေါ်စုကပိုပြီးရှင်သန်အားကောင်းလာလို့ပါပဲ။

ဒါပေမယ့် ဒေါ်စုကို အောင်အောင်မြင်မြင်လုပ်ကြံခဲ့သူများကတော့ ရှိပါတယ်။ ဒါကတော့ ဒေါ်စုဘေးနားမှာ အနီးကပ်ဝန်းရံကြတဲ့ ဒေါ်စုထောက်ခံသူများ တနည်းအားဖြင့် ဒေါ်စုကိုးကွယ်သူများဖြစ်ပါတယ်။ ဒေါ်စုကိုးကွယ်သူများအနေနဲ့ ဒေါ်စုကို ဘယ်တော့မှမမှားတဲ့ မဟာလူသားအဖြစ် သတ်မှတ်ကြရင်းနဲ့ ဒေါ်စုက လူသားတယောက်ကနေ ဒေါ်စုကိုးကွယ်သူတွေရဲ့ အသုံးချခံ ရုပ်ထုဘုရားတစ်ဆူသဖွယ်ဖြစ်ခဲ့တာပါ။

ဒေါ်စုအနေနဲ့ ၈၈ အရေးအခင်းက စပြီးတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုခေါင်းဆောင်၊ အကြောက်တရားမှ လွတ်မြောက်ခြင်းသင်္ကေတ၊ ငြိမ်းချမ်းမှုရဲ့ အမှတ်အသားအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒေါ်စုကိုးကွယ်သူတွေကတော့ ဒေါ်စုရဲ့ ဒီလိုမျိုး အမြုတေအရည်အချင်းတွေကို အမှန်တကယ်နားလည်တန်ဖိုးထားတာထက် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသူတွေ များပါတယ်။

ဒါကြောင့် ဒေါ်စုအာဏာရလာတဲ့ ပြီးခဲ့တဲ့ကာလမှာ ဒေါ်စုအနားမှာ မှန်ရာကို ထောက်ပြပြောဆိုပေးမယ့် လူပုဂ္ဂိုလ်များမရှိကြဘဲ ပြောသမျှခေါင်းညိတ်ဖို့စောင့်နေတဲ့ ပုတ်သင်ညိုများသာ အာဏာရလာခဲ့တာဖြစ်ပါတယ်။ ဒေါ်စုအာဏာရပြီးနောက်ပိုင်း တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်ရဲ့ အနိုင်ကျင့်သတ်ဖြတ်မှု၊ ရိုဟင်ဂျာအရေး စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေမှာ ဒေါ်စုရဲ့ စစ်တပ်နှင့်အတူတကွရပ်တည်မှုတွေက တိုင်းရင်းသားတွေ၊ လူနည်းစုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် မျှော်လင့်ချက်များ ကင်းမဲ့စေတယ်။

ဒီလိုနဲ့ ဒေါ်စုအာဏာစတင်ရလာချိန်က မျှော်လင့်ချက်များစွာထားရှိကြတဲ့ လူငယ်ကျောင်းသားတွေ၊ ပညာရှင်နဲ့ လူပုဂ္ဂိုလ်များစွာက ဒေါ်စုရဲ့စံနှုန်းတန်ဖိုးတွေကို မေးခွန်းထုတ်လာကြတယ်။ဒီလိုမျိုး မေးခွန်းတွေ ထောက်ပြချက်တွေကို ဒေါ်စုအမာခံကိုးကွယ်သူတွေကတော့ အန္တရာယ်အဖြစ် ရှုမြင်ကြပါတယ်။ ဒါကြောင့် ထောက်ပြသူလူနည်းစုတွေရဲ့အသံကို ဝိုင်းဝန်းပိတ်ပင်ဖို့ ကြိုးစားကြတယ်။ ဝေဖန်ထောက်ပြသူတွေနဲ့ ဒေါ်စုကို ချစ်ခင်ကြတဲ့ ပြည်သူလူထုအကြား ရန်တိုက်ပေးပြီး ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကို ပြုလုပ်ကြတယ်။

အားလုံးပြောကြတဲ့အတိုင်း အမှားမကင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုတာမရှိပါဘူး။ သို့သော်လည်း ဒီအမှားတွေကို ပြန်လည်ထောက်ပြနိုင်တဲ့ ယန္တရား (Feedback Mechanism) ရှိသလားဆိုတာကိုကြည့်ပြီး အာဏာရှင်ဆန်သလား ၊ ဒီမိုကရေစီဆန်သလား၊ ဒီအမှားတွေကို ပြန်လည်ထိန်းကျောင်းနိုင်စွမ်းရှိမလားဆိုတာကို သုံးသပ်ကြည့်ရတာဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်အနေနဲ့ အာဏာသိမ်းဖို့ကြံရွယ်နေတယ်ဆိုတာကို သိသိသာသာကို အချက်ပြပေမယ့် ဒေါ်စုနဲ့ NLD ကတော့ အာဏာသိမ်းမှုအပေါ် ထင်ရှားတဲ့ကြိုတင်ပြင်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ တခုတည်းသော အစီအမံလို့ပြောနိုင်တဲ့ အာဏာသိမ်းပြီး CDM လုပ်ဖို့တိုက်တွန်းစာကလည်း ဖရိုဖရဲနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဦးဝင်းထိန်ကတခါပြန်ပြီး ဒီစာကို ဒေါ်စုရေးကြောင်းထောက်ခံချက်ပေးခဲ့ရတာ မှတ်မိကြဦးမှာပါ။ အစဉ်အဆက် ဒေါ်စုဝန်းရံသူတွေအနေနဲ့ ဒေါ်စုရဲ့မျက်စိနားတွေကို ပိတ်ဆို့ထားခြင်းက နောက်ဆုံး စစ်တပ်အနေနဲ့ အလွယ်တကူအာဏာသိမ်းအောင် သွယ်ဝှက်စွာ ပံ့ပိုးခဲ့လေသလားလို့ အောက်မေ့ရပါတယ်။

အာဏာသိမ်းပြီး တော်လှန်ရေးကာလရောက်တဲ့အထိ ဒေါ်စုရဲ့ ပုံရိပ်ကို အမြတ်ထုတ်အသုံးချခြင်းကို တိုးလို့သာ အားကောင်းလာပါတယ်။ အသုံးချခြင်းလို့ပြောနိုင်တာကတော့ ဒေါ်စုရဲ့ မျှော်မှန်းချက်တွေကို ဖော်ဆောင်တာထက် ဒေါ်စုရဲ့ အရှိန်အဝါနဲ့ ဩဇာတိက္ကမကိုသာ မျက်လုံးထဲမှာပဲရှိကြလို့ပါပဲ။

ဦးဆုံးအနေနဲ့ CRPH ၊ NUG မှာရှိတဲ့ ဒေါ်စုအခြေပြုကိုးကွယ်မှုရဲ့ ရလဒ်တွေကို ကြည့်ကြပါစို့။ တော်လှန်ရေးရဲ့ အရေးပါဆုံးလုပ်ငန်းစဉ်တခုကတော့ တော်လှန်ရေး နိုင်ငံရေးအင်အားစုများအကြား ညီညွတ်ရေးတည်ဆောက်မှုဖြစ်ပါတယ်။ ဒါကအရေးအကြီးဆုံးလို့ပြောလို့ရတဲ့အတွက် ဒေါ်စုအနေနဲ့ တော်လှန်ရေးကာလအတွင်းမှာကို အမြဲမှာကြားတဲ့စကားဖြစ်ပါတယ်။ ဒါပေမယ့် CRPH NUG ခေါင်းဆောင်များကတော့ အင်အားစုများအကြား ညီညွတ်ရေး ၊ ယုံကြည်မှုတည်ဆောက်ရေးထက် ဒေါ်စုရဲ့ “အတိုင်ပင်ခံနေရာ” မပျောက်ပျက်ရေးကို ခေါင်းမာမာနဲ့ စွဲကိုင်ခဲ့ကြတာပါ။ တိုင်းရင်းသားအင်အားစုတွေအတွက်ကတော့ ဒေါ်စုရဲ့ အတိုင်ပင်ခံနေရာကို CRPH/NUG အနေနဲ့ဆုပ်ကိုင်ထားခြင်းက ဒါဏ်ရာဟောင်းတွေကို နှိုးဆွရာရောက်ပြီးတော့ သံသဃတွေ၊ မယုံကြည်မှုများစွာကို တိုးပွားစေပါတယ်။ NUCC ရဲ့ ချာတာရေးဆွဲရေးမှာလည်း ဒီလိုမျိုး အတိုင်ပင်ခံနေရာထားရှိရေးနဲ့ပက်သက်ပြီး လပေါင်းများစွာ အချိန်ကြာမြင့်စေခဲ့ပါတယ်။ ဒေါ်စုအနေနဲ့လည်း သူမရဲ့ ရာထူးနေရာအတွက် အငြင်းပွားရင်းနဲ့ ပြည်သူတွေ အသက်နဲ့ စတေးနေရတဲ့ တော်လှန်ရေးရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အနှောင့်အယှက်ဖြစ်စေချင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ဒေါ်စုဗဟိုပြုကိုးကွယ်သူများက ဒေါ်စုလိုလားတဲ့ ညီညွတ်ရေးကို ထိခိုက်စေတာက ဒေါ်စုကို အနီးကပ်လုပ်ကြံခြင်းဖြစ်ပါတယ်။

နောက်ပြီး NLD ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ကြပါစို့။ NLD ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက CRPH/ NUG နဲ့နောက်ဆုံး NUCC တိုင်အောင် ပါဝင်လွှမ်းမိုးနိုင်ကြတာဖြစ်ပါတယ်။ ၂၀၂၁ မှာ NLD ကိုယ်စားလှယ်တွေနဲ့ ဒီလိုမျိုး တော်လှန်ရေးအင်အားစုအသီးသီးကို ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ၂၀၂၂ မှာ NLDပါတီအနေနဲ့ CRPH/NUG/NUCC တို့နဲ့ မသက်ဆိုင်မပါဝင်တဲ့ပုံစံမျိုးနဲ့ အုပ်စုနှစ်ဖွဲ့သွားမယ့် ပုံစံမျိုးကို စဉ်းစားလာပါတယ်။ ဒီနေရာမှာ အခြေအနေအရ မြေပေါ်မြေအောက် အဖွဲ့ခွဲပြီး လှုပ်ရှားကြတာကို မှတ်ချက်မပြုလိုပါ။ ဒါပေမယ့် သတိပြုရတာကတော့ NLD ကထုတ်ပြန်တဲ့အကြောင်းပြချက်ပါ။ NLDအနေနဲ့ ဒီလိုမျိုး တော်လှန်ရေးအင်အားစုတွေနဲ့ ခွဲထွက်ပြီး တသီးတခြားလုပ်ဆောင်ဖို့ ပေးတဲ့အကြောင်းပြချက်ကတော့ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်းများ ထိန်းသိမ်းခံထားရလို့ မူဝါဒဆုံးဖြတ်ချက်များ မချမှတ်နိုင်တဲ့အခြေအနေကြောင့်လို့ ဆိုပါတယ်။ ဒါက ဒေါ်စုအကြိမ်ကြိမ်ပြောတဲ့ ပြည်သူလူထုအင်အားကိုအခြေပြုပြီး ဒီမိုကရေစီတည်ဆောက်ရေးကို ကျန်ခဲ့တဲ့ NLD အဖွဲ့ဝင်တွေအနေနဲ့ လျစ်လျူရှုပြီး ဒေါ်စုပြန်လည်လွတ်မြောက်လာမှသာ NLD အနေနဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်နိုင်မယ်ဆိုပြီး ကယ်တင်ရှင်မျှော်ကိုးနေကြတာဖြစ်ပါတယ်။ ဒေါ်စုအလွန်ကာလအထိမျှော်ကိုးပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဖို့အတွက် မူဝါဒအသစ်၊ ဦးဆောင်မှုအသစ်တွေ ပေါ်ထွက်လာနိုင်ဖို့ လုပ်ဆောင်ဖို့ အတွင်းက NLD ခေါင်းဆောင်တွေအနေနဲ့ ကြောက်ရွှံ့တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။ ဒါကလည်း ဒေါ်စုရပ်တည်ထားတဲ့အရာတွေကို NLDရဲ့ လက်ရှိခေါင်းဆောင်တွေအနေနဲ့ ဆန့်ကျင်ပြီး ဒေါ်စုကိုလုပ်ကြံခြင်းပါပဲ။

နောက်ဆုံးအနေနဲ့ မပြောမပြီးပါဝင်တာကတော့ ဒေါ်စုကို အမာခံဝန်းရံကြတဲ့ လော်ဘီတွေ ဆယ်လီတွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပေါက်ရောက်လွှမ်းမိုးနိုင်တဲ့ လော်ဘီတွေအနေနဲ့ ဒေါ်စုရဲ့ ပုံရိပ်၊ လူထုချစ်ခင်မှုကို အသုံးချပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို တည်ဆောက်ကြတာ မဆန်းပါဘူး။ လော်ဘီတွေအနေနဲ့ ဒီလိုမျိုး ဒေါ်စုကို အသုံးချပြီး လွှမ်းမိုးမှုတွေ ၊ အလှူခံပွဲတွေလုပ်နေပေမယ့် ဒေါ်စုအခြေခံရပ်တည်တဲ့မူကိုတော့ အလေးထားတာ နည်းပါတယ်။ ဒေါ်စုအနေနဲ့က ရန်ကိုရန်ချင်းမတုံနှင်းဘဲ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ လူထုလှုပ်ရှားမှုတွေကိုသာ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်စုရဲ့ အမာခံလော်ဘီတွေကတော့ လက်စားချေရေး၊ အမုန်းတရားတိုးပွားရေး၊ မျှော်လင့်ချက်အမှားတွေနဲ့ နောက်ဆုံး ကလေးသူငယ်မရှောင်၊ ဒလံလို့ စွပ်စွဲခဲ့ရတဲ့သူရဲ့ မိသားစုပါမကျန် စည်းလွတ်ကမ်းလွတ် သတ်ဖြတ်မှုတွေဖြစ်အောင် သူတို့ရဲ့ စည်းရုံးနိုင်စွမ်းကို အသုံးချပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခဲ့ပါတယ်။ ခံစားချက်၊ နာကျည်းချက်နဲ့ ပြည့်နှက်နေတဲ့ ပြည်သူတွေအနေနဲ့ အမုန်းစကားတွေက နှစ်သက်စရာဖြစ်ခဲ့ပေမယ့် ဒီအဆိပ်တွေရဲ့ သက်ရောက်မှုတွေကို မြန်မာ့လူ့အဖွဲ့အစည်းတွေက ရှေ့လာမယ့် နှစ်ပေါင်းများစွာတိုင်အောင် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လော်ဘီတွေရဲ့ အမုန်းတရားအခြေပြု ဝါဒဖြန့်မှုတွေကလည်း ဒေါ်စုနာမည်ခံပြီး တချိန်တည်းမှာ ဒေါ်စုကို အနီးကပ်လုပ်ကြံခြင်းပါပဲ။

ပြန်ပြီးခြုံကြည့်လိုက်ရင်တော့ ဒေါ်စုကို အစွန်းရောက်ကိုးကွယ်သူများအနေနဲ့ တူညီတာတခုကတော့ ဒေါ်စုကိုအသုံးချပြီး လွှမ်းမိုးမှုတွေ၊ ဩဇာအာဏာတွေတည်ဆောက်ကြပါတယ်။ အဲလိုမျိုး အာဏာရလာပြီးရင်တော့ ဒီအာဏာကို ကာကွယ်ဖို့အတွက် ဒေါ်စုကို နတ်ဘုရားအသွင် စောင့်ရှောက်ကြပါတယ်။ ဒေါ်စုကို တိုက်ခိုက်လာသူတွေကို ပြည်သူလူထုနဲ့ ရန်တိုက်ပေးတယ်။ အမျိုးမျိုးပုံဖျက်ကြပါတယ်။ တကယ်တမ်း ဒေါ်စုရည်မှန်းတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် ပြည်သူတွေရဲ့ အကျိုးစီးပွားဆိုတာထက် နောက်ဆုံးမှာ သူတို့ရဲ့ အာဏာအခြေတည်ဖို့မှာပဲ လမ်းဆုံးသွားလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ဒေါ်စုရဲ့ပုံရိပ်က အလွဲသုံးစားလုပ်ခံရပြီး အကြိမ်ကြိမ် လုပ်ကြံခံနေရတာဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ ဒေါ်စုကို ဘယ်လိုနည်းနဲ့မျှ ထိန်းသိမ်းနိုင်မှာ ၊ လုပ်ကြံနိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုရဲ့ ယုံကြည်ချက်၊ မျှော်မှန်းချက်၊ သတ္တိနဲ့ ပေးဆပ်မှုတွေက မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ နောက်နှစ်ပေါင်းများစွာတိုင်အောင် ရှင်သန်နေဦးမှာဖြစ်လို့ပါ။ ဒါပေမယ့် ဒေါ်စုကိုးကွယ်သူတွေကတော့ ဒေါ်စုကို “အာဏာရှင်” ၊ “ဂျီနိုဆိုက်” ၊ “တိုင်းရင်းသားညီညွတ်ရေးအတွက် ခြိမ်းခြောက်မှု” ပြရုပ်အဖြစ် တွန်းပို့ခဲ့ပါတယ်။ ဒေါ်စုကို အကြိမ်ကြိမ်လုပ်ကြံနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် ရှေ့လာမယ့် တော်လှန်ရေးကာလတွေမှာ ကျွန်တော်တို့အနေနဲ့ ဒေါ်စုကို အမှန်တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုရင် ဒေါ်စုအပေါ် မျက်စိမှိတ်ကိုးကွယ်မှုတွေကို ဆန့်ကျင်ပြီး ဒေါ်စုဖြစ်စေချင်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ကို ဦးတည်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ခံယူချက်တည်ဆောက်ခြင်းက အသက် ၇၇ နှစ်အရွယ် ဒေါ်စုအတွက် အကောင်းဆုံးပေးနိုင်တဲ့ မွေးနေ့လက်ဆောင်ပဲဖြစ်ပါလိမ့်မယ်။ ဒေါ်စုအနေနဲ့ ဘယ်အချိန်ကမှ ချုပ်နှောင်ခြင်းခံခဲ့ရတယ်မရှိပါဘူး။ လူထုခေါင်းဆောင်အနေနဲ့ မြန်မာပြည်သူတွေကိုသာ ကယ်တင်ရှင်မျှော်ကိုးပြီး အချုပ်နှောင်ခံနေရတာကို လွတ်မြောက်ပြီး ပြည်သူ့အားနဲ့ နိုင်ငံသစ်ဆီကို အရောက်လှမ်းစေချင်မယ်လို့ယုံကြည်ပါတယ်။

ရဲထက်

ဆောင်းပါးလင့်

https://freedomfightermm.org/my/2022/06/assisinationofdawsu/

မူရင်း page မှာ ဝင်ကြည့်ပေးပါLike & follow လည်းလုပ်ပြီး Share ပေးကြပါဦး...   #တော်လှန်ပုန်ကန်📸📸📸 မြေပြင်မှာလှုပ်ရှားခဲ့...
19/06/2022

မူရင်း page မှာ ဝင်ကြည့်ပေးပါ
Like & follow လည်းလုပ်ပြီး
Share ပေးကြပါဦး...



#တော်လှန်ပုန်ကန်

📸📸📸 မြေပြင်မှာလှုပ်ရှားခဲ့တဲ့ရဲဘော်တစ်ဦးရဲ့ ဓာတ်ပုံမှတ်တမ်းများဖြစ်ပါတယ်။

ယ​နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကျရောက်သော
ဇွန် ၁၉ ရက်နေ့ မှစ၍
ဇွန် ၂၂ ရက်နေ့အထိ ​ page တွင် တရားဝင် ပြသပေးသွားမှာဖြ်ပါတယ်။

ကြိုက်နှစ်သက်သောပုံများကိုလည်း
ဝယ်ယူအားပေးနိုင်ပါတယ်။

💵 ရရှိသော အနုပညာတန်ဖိုးများကို မြေပြင်တိုက်ရိုက်လှုဒါန်းပေးမှာဖြစ်ပါတယ်။

🛑 မွေးနေ့အမှတ်တရ အနေနဲ့ စီစဥ်တာဖြစ်လို့ အမှတ်တရဖြစ်မယ်လို့မျှော်လင့်ပါတယ်။


#လှုပေးပါ
#ထောက်ပံ့ရေး



https://www.facebook.com/100948649035131/posts/178383637958298/

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ယနေ့မနက်ပိုင်း ကြိုးဒဏ်ပေးမည့်က သတင်းအမှားသာဖြစ်ဧရာဝတီတိုင်းမ်ဇွန်လ ၁၆၊ ၂ဝ၂၂ယနေ့...
16/06/2022

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ယနေ့မနက်ပိုင်း ကြိုးဒဏ်ပေးမည့်က သတင်းအမှားသာဖြစ်

ဧရာဝတီတိုင်းမ်
ဇွန်လ ၁၆၊ ၂ဝ၂၂

ယနေ့မနက် ၄ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးဒဏ်စီရင်မည်ဟု သတင်းများထွက်ပေါ်နေခြင်းက သတင်းအမှားသာဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ အတည်ပြုပေးသည်။

မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲ ကျနော်ပြောပြမယ်နော် ဟု အင်းစိန်ထောင်တွင်းနှင့် နီးစပ်သူတဦးက အတည်ပြုပေးသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ဇွန်လ ၃ ရက်နေ့က ယခင်သေဒဏ်ပေးခဲ့သည်ကို နောက်ဆုံးအဆင့်အဖြစ် အတည်ပြုပြီးနောက် ကြိုးပေးတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် သေဒဏ်ပေးမှုများကို ကြိုးပေးမသတ်ခဲ့သည်က နှစ်ပေါင်း ၄ဝ ကျော် ကြာမြင့်နေပြီဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ သဘောတူညီမှု စာချုပ် ၂ ခုတွင် သေဒဏ်ပေးခြင်းကို ကြိုးပေးသတ်ခြင်း၊ လျှပ်စစ်ထိုင်ခုံဖြင့် သတ်ခြင်းများကို ပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

ဇွန် ၃ ကနေမှ သေဒဏ်အတည်ဖြစ်တယ်။ ကြိုးဒဏ်ပေးတယ်ဆိုတာ လနဲ့ချီကြာတယ်။ ပြီးစလွယ်ပေးလို့မရဘူး။ အခုက ၁၆ ရက်နေ့ဆိုတော့ အဲ့ဒီလောက် မြန်မြန်ပေးလို့မရဘူး။ မဖြစ်နိုင်ဘူး။ ကိုယ်အလေးချိန်နဲ့တိုင်းတာပြီး ကြိုးကျစ်တာ၊ ဆေးစစ်တာနဲ့တင် ၁ လလောက်က အနည်းဆုံးပဲ။ ဒါ ကျနော့်အတွေ့အကြုံအရပြောတာ ဟု ထောင်မှူးကြီးဟောင်းတဦးက မှတ်ချက်ပြုသည်။

Credit to

တော်လှန်ပုန်ကန်ဝင်ရောက်ကြည့်ရှုပေးကြပါဦး၁၉၊ဇွန်၊၂၀၂၂ မနက် ၉နာရီ မှ၂၂ ၊ ဇွန် ၊ ၂၀၂၂ နေ့လယ် ၂နာရီ ၂၂မိနစ်အထိhttps://www.f...
13/06/2022

တော်လှန်ပုန်ကန်

ဝင်ရောက်ကြည့်ရှုပေးကြပါဦး

၁၉၊ဇွန်၊၂၀၂၂ မနက် ၉နာရီ မှ
၂၂ ၊ ဇွန် ၊ ၂၀၂၂ နေ့လယ် ၂နာရီ ၂၂မိနစ်အထိ

https://www.facebook.com/events/1448557062239127/

အိုကေလား
10/06/2022

အိုကေလား

7,jun, 2022၇:၂၈ pmမုံရွာမုံရွာမြို့တောင်ဘက်မအူကျော်မှာ...CH-3 UAV drone ဝဲနေ
07/06/2022

7,jun, 2022

၇:၂၈ pm

မုံရွာ
မုံရွာမြို့တောင်ဘက်
မအူကျော်မှာ...

CH-3 UAV drone ဝဲနေ

အိုကေဘာ
07/06/2022

အိုကေဘာ

ပလူတွေဠီးဘဲဆစ်ဂွေးတွေလည်းနှီးပဲ😪🤧🤧
07/06/2022

ပလူတွေဠီးဘဲ
ဆစ်ဂွေးတွေလည်းနှီးပဲ😪🤧🤧

06/06/2022

၆၊ဇွန် ၊ ၂၀၂၂

ကလေး

တီးတိန်မြို့ ၊ ကနေဒီတောင်ပတ်လမ်းကနေ

ခ အကောင် ၁၀၀ ခန့် ကလေးမြို့သို့ဆင်းလား...

ဘယ်တော့ငါ့ကိုမင်းပစ်သွားမလဲငါမသိ😬
06/06/2022

ဘယ်တော့ငါ့ကိုမင်းပစ်သွားမလဲငါမသိ😬

05/06/2022

Breaking News🛑🛑🛑
မြန်မာ Operator ​တွေက​နေ တစ်ဆင့် ​တော်လှန်​ရေးလုပ်​နေသူ​တွေကို ​စောင့်ကြည့်နိုင်​ရေးအတွက် စစ်​ကောင်စီက ငှားရမ်းထားတဲ့ တရုတ်နိုင်ငံအ​ခြေစိုက် DiDi Global ကုမ္ပဏီမှ နည်းပညာအဖွဲ့ နဲ့အတူ ​နောက်ထပ် နည်းပညာ အဖွဲ့တစ်ဖွဲ့ဟာ Air China ​လေ​ကြောင်းလိုင်းမှ Flight No 415-416 လေယာဥ်နဲ့ မြန်မာနိုင်ငံကို ​ဒီက​နေ့ မြန်မာစံ​တော်ချိန် ​နေ့လယ် ၁ နာရီမှာ ရောက်ရှိလာ​ခဲ့ပြီလို့ သိရပါတယ်။

03/06/2022

၃၊ဇွန် ၊၂၀၂၂

ဝက်လက်

ဝက်လက်မြို့ အနောက်ဘက်
မြင်းသည်ရွာတွင် ၂ရက်နေ့ကဝင်ရောက်နေထိုင်သော စစ်ကောင်စီတပ်သားများမှ ယမန်နေ့ညက ရွာအားမီးရှို့ဖျက်ဆီးထွက်ခွါသွားခဲ့သည်။

ထိုရွာမှ အိမ်ခြေ ၂၀၀ခန့်မီးလောင်ပျက်စီးခဲ့ပါတယ်...

03/06/2022

၃၊ဇွန် ၊၂၀၂၂
🆘🆘🆘
ဒီပဲယင်း

စိုင်ပြင်ခြံမှ စခများ ကားလမ်းလျှောက် မြောက်အရပ်သို့�ဦးတည် (ဒရုန်း ၃စီး ပါ)ဟု သိရပါသည် ။အကောင် (၂၀ခန့်)

သရက်ကောင်းလမ်းမှ ချောင်းဘောင်လျှောက် မြောက်ဦးတည် ဟု သိရပါသည် ။အကောင်( ၂၀ခန့်)

၂ဖွဲ့ခွဲ ထွက်နေဟု သိရပါသည်။

အနီးအနားရှိ ကျေးရွာနေပြည်သူများ အစစအရာရာ အထူး ဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်။


03/06/2022

၃၊ ဇွန် ၊ ၂၀၂၂

စစ်ကိုင်း

🆘 ရဲဘော်တစ်ဦးမှ PFI သို့ရင်ဖွင့်သံ 🆘
"စခသင်္ချိုင်းစစ်ကိုင်းတိုင်း
ဆိုတာလူတိုင်သိပြီးဖြစ်မှာပါ၊
စစ်ကိုင်းဟာ စကစဘက်တော်သားတွေနဲ့ ပျူတွေ ၊ ဒလံတွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ တိုင်းဒေသတစ်ခုပါ။

အခုလက်ရှိမှာ စစ်ကိုင်းတိုင်းကကျေးရွာတော်တော်များများကို စကစဘက်က မီးရှို့တယ်၊
ဖုန်းလိုင်းဖြတ်တယ် ၊
အင်တာနက်ဖြတ်တယ်၊
သတင်းအမှောင်ချတယ်၊
တူမီးခါးချိုးနဲ့ မောင်းပြန်နည်းနည်းနဲ့စကစကိုတော်လှန်နေတဲ့ PDFရဲဘော်တွေကို လေယာဥ်တွေနဲ့ဗုံးကြဲတယ်၊ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်လို့ရွာသားတွေထိတယ်။

အစစခက်ခဲတဲ့ဒီလိုမိုးရာသီမှာစကစက ​စစ်ကိုင်းကပြည်သူတွေကိုစစ်ဘေးရှောင်ဘဝတွန်းပို့တယ်။
လက်ရှိမှာရသလောက်ခံချနေပေမယ့်...
လက်နက်အင်အားမမျှတဲ့အခါကျွန်တော်တို့လည်းပြေးနေရတယ်၊ဖြစ်နိုင်ရင်တော့ပြန်တိုက်ချင်တာပေါ့...၊လက်ထဲမှာ ပစ်စရာဆိုလို့ ခါးချိုးလောက်ပဲရှိတယ်၊ဒါတောင်မျှကိုင်နေရတာ၊တချို့အချိန်လက်ဗလာနဲ့ပြေးရတယ်။အရမ်းအန္တရာယ်များပါတယ်။အဆင်ပြေမယ်ဆိုရင်ကျွန်တော်တို့ကိုကူပေးဖို့ တောင်းဆိုပါတယ်..."
မြေပြင်မှရဲဘော်တစ်ဦး


03/06/2022

၃၊ဇွန်၊၂၀၂၂

ကန့်ဘလူ

မုံရွာ နမခ မှထွက်လာသော
Mi 17 ၂စင်း ၊
Mi 35 ၁ စင်း တိူ့ဖြင့်

ကန့်ဘလူ ၊ကိုးတောင်းဘို့ရွာ ကို
နေ့လယ်၂နာရီခွဲဝန်းကျင်ခန့်တွင်
လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းသိရ...



03/06/2022

၃ ၊ ဇွန် ၊ ၂၀၂၂
စစ်ကိုင်းတိုင်း ၊ပုလဲ
ပုလဲမြို့နယ် ၊ သရက်ကုန်းကျေးရွာကို
စခများ ၁နာရီဝန်းကျင်ခန့်က မီးရှို့နေကြောင်းသိရ...

Address


Website

Alerts

Be the first to know and let us send you an email when People Force Informer-PFI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share