FNM Daily

FNM Daily It is owned by MBC Media.

FNM News, officially Fast News Myanmar, is a free operational service division of the Myanmar Broadcasting Corporation (MBC) responsible for the gathering and broadcasting of news and current affairs.

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရှိ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံ
01/09/2021

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရှိ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရှိ ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရကြောင်း အဆိုပါဘဏ်အနီး ...

ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ငါးသောင်းခန့် ကာကွယ်ဆေးထိုးခွင့်ရမယ်
31/08/2021

ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ငါးသောင်းခန့် ကာကွယ်ဆေးထိုးခွင့်ရမယ်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ထိုးပေးလျက်ရှိပြီး အခုတစ်ကြိမ်ဆေးထိုးပေးရာမှာ ပြည်နယ် အတွင.....

ဝေဖန်မှုတွေ ရှိနေတဲ့ကြားက ထိုင်ဝမ်မှာ ပြည်တွင်းထုတ် ကိုဗစ်ဆေး စထိုး
30/08/2021

ဝေဖန်မှုတွေ ရှိနေတဲ့ကြားက ထိုင်ဝမ်မှာ ပြည်တွင်းထုတ် ကိုဗစ်ဆေး စထိုး

ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ် ကာကွယ်ဆေးကို စထိုးပေးနေပါပြီ။ ဒီဆေးကို တက်သုတ်ရိုက် ခွင့်ပြုတာမျ....

သာယာဝတီမှာ ခရီးသွားတွေထံက ငွေကြေးတောင်းယူမှုတွေရှိနေ
28/08/2021

သာယာဝတီမှာ ခရီးသွားတွေထံက ငွေကြေးတောင်းယူမှုတွေရှိနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီဩဇာခံ စစ်သားနဲ့ ရဲတွေဟာ ကိုရိုန.....

မိုးကုတ်မြို့ တောင်ကမ်းပါးပြိုကျမှု ၁၁ ယောက်သေဆုံး
27/08/2021

မိုးကုတ်မြို့ တောင်ကမ်းပါးပြိုကျမှု ၁၁ ယောက်သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ပေသုံးရာလောက်မြင့်တဲ့ တောင်ကမ်းပါးတခု ဒီကနေ့မနက် အစောပိုင်းမှ....

တွေ့ဆုံဆွေးနွေးရေးလမ်းကို ရွေးရန် KIO ကြေညာချက်ထုတ်
27/08/2021

တွေ့ဆုံဆွေးနွေးရေးလမ်းကို ရွေးရန် KIO ကြေညာချက်ထုတ်

တိုက်ပွဲကြီးများ ဖြစ်လာလျှင် တိုင်းပြည်အတွက် အကျိုးမရှိသဖြင့် စစ်ရေးပဋိပက္ခများကို ရှောင်လွဲနိုင်ရေး သက်...

မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု စီရော်နယ်လ်ဒို ပြောခဲ့ဖူးဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အတိတ်က မန်စီးတီးအသင...
26/08/2021

မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု စီရော်နယ်လ်ဒို ပြောခဲ့ဖူး

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အတိတ်က မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု ပြောဆိုခဲ့ဖူးကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။

လက်ရှိတွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေသည်ဟု သတင်းထွက်နေသည့် စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းတွင် ကစားနေစဉ် ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် အသင်းဟောင်း မန်ယူ၏မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းတွင် ကစားမည်မဟုတ်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက ”မန်စီးတီးအသင်းမှာ ကျွန်တော် ကစားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေလို့ပါ။ မန်စီးတီးအသင်းမှာ ကစားဖို့ဆိုတာ ကျွန်တော့်အတွက် အရမ်း အရမ်း အရမ်း အရမ်းကို ခက်ပါလိမ့်မယ်။ မန်ယူအသင်းကြောင့် မန်စီးတီးအသင်းမှာ ကစားဖို့ အရမ်းကို ခက်မှာပါ”ဟု ပြောကြားခဲ့သည်။

မြိတ်မြို့တွင် တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် စတင် ရောက်ရှိလာပြီး လေး...
26/08/2021

မြိတ်မြို့တွင် တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် စတင် ရောက်ရှိလာပြီး လေးရက်အတွင်း လည်ပတ်မည်

မြိတ်မြို့တွင် တစ်နာရီလျှင် အောက်ဆီဂျင် ၁၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် စတင် ရောက်ရှိလာပြီး လေးရက်အတွင်း လည်ပတ်တော့မည် ဖြစ်ကြောင်း သိရသည်။

တစ်နာရီလျှင် လီတာ ၄၀ အိုးကြီး ၁၀ လုံး ထုတ်လုပ်မည့် အဆိုပါစက်မှာ သြဂုတ်၂၅ ရက်က မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး စတင် တပ်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။ NZO-60 NM အမျိုးအစားစက်ကို စတင် တပ်ဆင်နေပြီး လေးရက်အကြာတွင် ပြည်သူများအတွက် လိုအပ်နေသည့် အောက်ဆီဂျင် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“တစ်နာရီကို အောက်ဆီဂျင်အိုးကြီး ၁၀ လုံး ထုတ်လုပ်နိုင်မှာပါ။ ဆေးရုံကြီးမှာ ကုသနေတဲ့ လူနာတွေကို ဦးစားပေး ဆောင်ရွက်ပေးမှာပါ။ စက်လည်ပတ်ချိန်ကို ကြည့်ပြီးမှ တစ်နေ့ ထုတ်လုပ်နိုင်အားကို ပြောနိုင်မှာပါ။ အဆောက်အအုံလည်း ပြီးနေပြီ။ လကုန်ဆိုရင် ထုတ်လုပ်နိုင်ပါပြီ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်ခရိုင်အတွင်း COVID-19 ကူးစက်မှုများကြောင့် ပြည်သူများ အောက်ဆီဂျင် လိုအပ်ချက်များနေရာ ယခုကဲ့သို့ အောက်ဆီဂျင်စက်ရုံ တစ်ရုံ ပြီးစီးပြီ ဖြစ်သည့်အတွက် လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအပြင် မြိတ်မြို့နယ် ဘုတ်ချောင်းကျေးရွာတွင်လည်း အောက်ဆီဂျင်စက်ရုံ တစ်ရုံ ဆောင်ရွက်နေပြီး လာမည့်လတွင် ပြီးစီး လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Fast and Furious ရုပ်ရှင်ဇာတ်ကားသစ် ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြုအဝေးကြီး သွားနေသည့်ကားမ...
26/08/2021

Fast and Furious ရုပ်ရှင်ဇာတ်ကားသစ် ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြု

အဝေးကြီး သွားနေသည့်ကားများ၊ သူလျှိုများဖြင့် ဇာတ်လမ်းဖော်ထားသော Fast and Furious ရုပ်ရှင်ဇာတ်ကားသစ်အား စတင်၍ ရုံတင်ပြမည့်ရက်မှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒသမမြောက်နှင့် ဧကဒသမ မြောက် Fast and Furious ရုပ်ရှင်ကားများကို Justin Lin က ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဖြစ်ပြီး ယင်းတို့သည် ပင်မရုပ်ရှင်များအပေါ် ကောက်ချက်ချမှု ဖြစ်လာမည်လည်း ဖြစ်သည်။

Justin Lin သည် ၂၀၀၆ ခုနှစ်တွင် ရိုက်ကူးသည့် The Fast and the Furious: Tokyo Drift မှ စတင်ကာ Fast စီးရီး ရုပ်ရှင်ကားပေါင်း ငါးကားရိုက်ကူးခဲ့ပြီး ဖြစ်သည်။

Vin Diesel နှင့်အတူ Fast စီးရီး ရုပ်ရှင်ကားများတွင် ပါဝင်နေ ကျဖြစ်သော Sung Kang၊ Chris Ludacris Bridges ၊ Jordana Brewster ၊ Tyrese Gibson ၊ Nathalie Emmanuel နှင့် Michelle Rodriguez တို့အားလုံး ပြန်လည်ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရသည်။

နဝမြောက် ဇာတ်ကား F9 တွင် ဇာတ်လမ်းအပြီး ပြသသော မြင်ကွင်းများအရ Jason Statham ၏ ဇာတ်ကောင်စရိုက်များ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ပါဝင်လာဖွယ် ရှိနေသည်။

၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သည့် Fast and Furious ဇာတ်ကားတွဲသည် တစ်ကမ္ဘာလုံး၌ ဝင်ငွေဒေါ်လာ ၆ ဒသမ ၃ ဘီလျံ ရရှိထားသည်။

အကောင်းဆုံးဆု ဘယ်သူ့အတွက်လဲUEFA က ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံးကစားသမား ရွေးချယ်ဖို့ ဆန်ခါတင်(၃)ဦးစာရင်းထုတ်ပြန်လိုက်ရာမ...
26/08/2021

အကောင်းဆုံးဆု ဘယ်သူ့အတွက်လဲ

UEFA က ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံးကစားသမား ရွေးချယ်ဖို့ ဆန်ခါတင်(၃)ဦးစာရင်းထုတ်ပြန်လိုက်ရာမှာ ချယ်လ်ဆီးက ဂျော် ဂျင်ဟိုနဲ့ ကွန်တေ၊ မန်စီးတီးက ဒီဘရိုင်းနားတို့ ပါဝင်ခဲ့ပါတယ်။ ဒီကစား သမား(၃)ဦးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့သူတွေပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အသင်းနှစ်သင်းက ကစားသမားတွေဖြစ်ပြီး ဂျော်ဂျင်ဟိုနဲ့ ကွန်တေတို့ကတော့ ဆုဖလားကိုပါကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရိသတ် တွေရဲ့အမြင်မှာလည်း ဒီဘရိုင်းနားထက် သူတို့နှစ်ဦးထဲက တစ်ဦးဦး အကောင်း ဆုံးဆုရရှိလိမ့်မယ်လို့ ယူဆနေကြပါတယ်။

ဒီဆုရဲ့ အမည်အပြည့်အစုံ ကတော့ UEFA Men’s Player of the Year ဖြစ်ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစား သမားဆုလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအားဖြင့်တော့ ချန်ပီ ယံလိဂ်ပြိုင်ပွဲက စွမ်းဆောင်ရည်အပေါ်ပဲ အခြေခံပါတယ်။ ဘာ ကြောင့်လဲဆိုတော့ တစ်ဆင့်နိမ့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို သတ်သတ်ရွေးချယ်ချီးမြှင့် နေတာကြောင့်ပါ။

ချန်ပီယံလိဂ်မှာတော့နေရာအလိုက် အ ကောင်းဆုံးကစားသမားဆုတွေသာ ရွေးချယ်ချီးမြှင့်လေ့ရှိ ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားကို သီးသန့်ရွေးချယ် လေ့မရှိပါဘူး။ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကစားသမားကို UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်တဲ့သဘောဖြစ်ပါတယ်။

ဒါပေမဲ့ UEFA ရဲ့ ညွှန်း ဆိုချက်ထဲမှာတော့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်း အတွက် အကောင်းဆုံးခြေစွမ်းပြနိုင်သူလို့ ပါရှိနေပါတယ်။ ဒီတော့ လက်ရွေးစင်အသင်းရဲ့ ပြိုင်ပွဲကြီးတွေရှိနေတဲ့ နှစ်မျိုးမှာ တော့ ချန်ပီယံလိဂ်က စွမ်းဆောင်ရည်သာမက လက်ရွေးစင်အသင်းနဲ့ စွမ်းဆောင်ရည် ကိုပါ ထည့်သွင်းတွက်ချက်ရမယ့် အနေအထားပါ။

ဒီနေရာမှာတော့ အီတလီအသင်းနဲ့ အတူ ယူရို-၂၀၂၀ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုက ပြိုင်ဘက်တွေထက် အသာစီး ရရှိသွားပါတယ်။ ဒီတော့ ၂၀၂၀-၂၁ ရာသီ UEFA အကောင်းဆုံးကစားသမားဆုက ဂျော်၈ျင်ဟိုဘက်ကို တစ်ခြမ်းစောင်းသလိုတော့ ဖြစ်နေပါတယ်။ သေချာပြီလား။ အဖြေ ကိုတော့ သြဂုတ်(၂၆)မှာ သိရှိရမှာပါ။

26/08/2021

FNM News, officially Fast News Myanmar, is a free operational service division of the Myanmar Broadcasting Corporation (MBC) responsible for the gathering and broadcasting of news and current affairs. It is owned by MBC Media. The service maintains with more than 250 correspondents around the Myanmar.

Address


Website

Alerts

Be the first to know and let us send you an email when FNM Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share