Myan.Media

Myan.Media တိကျမြန်ဆန် သတင်းများကို အချိန်နဲ့?

ဆလပ်ရွက်အစား ဂေါ်ဖီထုပ် ပြောင်းသုံးရပြီဖြစ်တဲ့ KFC
12/06/2022

ဆလပ်ရွက်အစား ဂေါ်ဖီထုပ် ပြောင်းသုံးရပြီဖြစ်တဲ့ KFC

ဆလတ်ရွက်အစား ဂေါ်ဖီထုပ်ပြောင်းသုံးနေရပြီးဖြစ်တဲ့ ဩစတြေးလျနိုင်ငံရဲ့ KFC

မှားပြီး ဝင်လာတဲ့ ကိုဗစ်ထောက်ပံ့ငွေကို လောင်းကစားလုပ်ပစ်ခဲ့သူ
21/05/2022

မှားပြီး ဝင်လာတဲ့ ကိုဗစ်ထောက်ပံ့ငွေကို လောင်းကစားလုပ်ပစ်ခဲ့သူ

ဂျပန်နိုင်ငံမှာ အမျိုးသားတစ်ဦးဟာ သူ့ဆီကို မှားပြီးဝင်လာတဲ့ Covid-19 ထောက်ပံ့ငွေတွေကို လောင်းကစားလုပ်ပစ်ခဲ့

မြောက်ကိုးရီးယားမှာ ကိုဗစ်ကူးစက်မှုသောင်းချီဖြစ်ပွား၊ နိုင်ငံတွင်းမှာ ကူးစက်မှု ဒီထက်ပိုမိုလျှင်မြန်နိုင်တယ်လို့ WHO က သ...
21/05/2022

မြောက်ကိုးရီးယားမှာ ကိုဗစ်ကူးစက်မှုသောင်းချီဖြစ်ပွား၊ နိုင်ငံတွင်းမှာ ကူးစက်မှု ဒီထက်ပိုမိုလျှင်မြန်နိုင်တယ်လို့ WHO က သတိပေး
👉https://youtu.be/Sb7Vw5Rzb-U

ကျနေ်ာတို့ မြန်မီဒီယာရဲ့ Youtube Channel လေးကို Subscribe လုပ်ပြီး အားပေးကြပါအုံးလို့ တောင်းဆိုလိုက်ပါတယ် ခင်ဗျာ။

မြောက်ကိုးရီးယားမှာ ကိုဗစ်ကူးစက်မှုသောင်းချီဖြစ်ပွား၊ ဆေးဝါးများလည်း ပြတ်လပ်နေ ၊ WHO က မြောက်ကိုးရီးယားနို.....

ယနေ့ မနက် ကျိုက်ထီးရိုး စေတီတော် မိုးကြိုးစက်ကွင်းခ၍ ရွှေသင်္ကန်းကွာကျမှု ဖြစ်ပွား
16/05/2022

ယနေ့ မနက် ကျိုက်ထီးရိုး စေတီတော် မိုးကြိုးစက်ကွင်းခ၍ ရွှေသင်္ကန်းကွာကျမှု ဖြစ်ပွား

ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး ပြည်သူတွေကို လှည့်စားဖို့ လုပ်တဲ့ သီရိလင်္ကာဝန်ကြီးချုပ်အား ပြည်သူတွေက ဆန္ဒပြ၊ မြင့်မြတ်တဲ့...
13/05/2022

ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး ပြည်သူတွေကို လှည့်စားဖို့ လုပ်တဲ့ သီရိလင်္ကာဝန်ကြီးချုပ်အား ပြည်သူတွေက ဆန္ဒပြ၊ မြင့်မြတ်တဲ့နေရာတွေကို သူခိုးတွေ လာလို့မရဘူးလို့ ပြည်သူတွေက သီရိလင်္ကာဝန်ကြီးချုပ်အား ဆန္ဒထုတ်ဖော်

အခုမှ ပြင်ပကို ရှားရှားပါးပါးထွက်ပြလာတဲ့ သီရိလင်္ကာဝန်ကြီးချုပ်ကို ပြည်သူတွေက ဝိုင်းဝန်းကဲ့ရဲ့ #သီရိလင်္.....

ယူကရိန်းက ရုရှားစစ်သင်္ဘောကို နှစ်မြှုပ်ဖျက်စီးလိုက်နိုင်တာက အမေရိကန်ရဲ့ အကူအညီကြောင့်လို့ စွပ်စွဲခံရ
11/05/2022

ယူကရိန်းက ရုရှားစစ်သင်္ဘောကို နှစ်မြှုပ်ဖျက်စီးလိုက်နိုင်တာက အမေရိကန်ရဲ့ အကူအညီကြောင့်လို့ စွပ်စွဲခံရ

ယူကရိန်းက ရုရှားစစ်သင်္ဘောကို နှစ်မြှုပ်ဖျက်စီးနိုင်တယ်ဆိုတာ အမေရိကန်ရဲ့ လက်ချက်မကင်းဘူးလို့ စွပ်စွဲထား....

EU ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ရုရှားသမ္မတပူတင်ရဲ့ ချစ်သူအမည် ပါဝင်လာ
07/05/2022

EU ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ ရုရှားသမ္မတပူတင်ရဲ့ ချစ်သူအမည် ပါဝင်လာ

EU ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပူတင်ရဲ့ နာမည်ကျော် ချစ်သူ Alina Kabaeva ပါဝင်လာ

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီထံ တောင်းဆို https://youtu.be/2eLGs5QeufQ
07/05/2022

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က စစ်ကောင်စီထံ တောင်းဆို
https://youtu.be/2eLGs5QeufQ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်ကောင်စီထံ တောင်းဆို #မြန်မာ့အရေး #နိုင...

တရုတ်နိုင်ငံတွင် ယာဉ်မောင်းမပါဘဲ အလိုအလျောက် AI စနစ်ဖြင့် Taxi စီးနိုင်တော့မည် Pony.ai (BiDU) သည် အလိုအလျောက် Taxi  စီးန...
29/04/2022

တရုတ်နိုင်ငံတွင် ယာဉ်မောင်းမပါဘဲ အလိုအလျောက် AI စနစ်ဖြင့် Taxi စီးနိုင်တော့မည်

Pony.ai (BiDU) သည် အလိုအလျောက် Taxi စီးနင်းသည့်ဝန်ဆောင်မှုကို နိုင်ငံအတွင်း ပထမဆုံးခွင့်ပြုချက်ရရှိထားကြောင်း Baidu မှ ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

App မှတစ်ဆင့် တိုက်ရိုက် Taxi ခေါ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါ မောင်းသူမဲ့ Taxi ဝန်ဆောင်မှုကို နေ့ဘက်တွင်သာ ရရှိနိုင်အုံးမည် ဖြစ်သည်။

တိုယိုတာ ( Toyota ) ကားကုမ္ပဏီမှ တစ်စိတ်တစ်ပိုင်း ကျောထောက် နောက်ခံပြုလုပ်ထားပေးတယ်လို့လဲ သိရပါတယ်။

ခရီးသည်များအနေဖြင့် App မှ Taxi ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ခရီးသည် ရှိသည့်နေရာသို့ အလိုအလျောက်စနစ်ဖြင့် Taxi ဟာ မောင်းနှင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဟိန်းထက်၏ အိမ်ကို လူတစ်စု သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်၊ အဖိုးဖြစ်သူ သေဆုံး သရုပ်ဆောင် ဟိန်းထက်၏ Facebook စာမျက်န...
28/04/2022

သရုပ်ဆောင် ဟိန်းထက်၏ အိမ်ကို လူတစ်စု သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်၊ အဖိုးဖြစ်သူ သေဆုံး

သရုပ်ဆောင် ဟိန်းထက်၏ Facebook စာမျက်နှာတွင် " ကျွန်တော့်အိမ်ကို လူတစ်စု သေနတ်နဲ့ လာပစ်သွားတယ်။ အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ " ဟု ဧပြီ ၂၈ ရက်၊ ညနေ ၄ နာရီကျော်ခန့်တွင် ရေးသားထားခြင်း ဖြစ်သည်။

သရုပ်ဆောင် ဟိန်းထက်သည် အနုပညာလုပ်ငန်းကို ရပ်နားထားပြီး ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးအဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်း ဖြစ်သည်။

ကမ္ဘာ့အသက်အရှည်ဆုံး ခွေးလေး
28/04/2022

ကမ္ဘာ့အသက်အရှည်ဆုံး ခွေးလေး

တော်ဘီကိတ်လို့ခေါ်တဲ့ ချီဟွားဟွားအမျိုးအစား ခွေးလေးဟာ လက်ရှိ အသက်ရှင်နေဆဲ ကမ္ဘာ့အသက်အရှည်ဆုံးခွေးအဖြစ် ဂ...

28/04/2022

ယူကရိန်း-ရုရှား စစ်ပွဲက အာရှနိုင်ငံတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပြီး ငွေကြေးဆိုင်ရာ ဖောင်းပွမှု ကိစ္စတွေ အပါအဝင် စီးပွားရေးနဲ့ စားနပ်ရိက္ခာပြဿနာတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။

Eden Group of Companies ၏ ဥက္ကဌဖြစ်သူ ဧဒင် ဦးချစ်ခိုင် အား တနင်္လာနေ့ ညနေပိုင်းတွင် လေဆိပ်၌ စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ...
26/04/2022

Eden Group of Companies ၏ ဥက္ကဌဖြစ်သူ ဧဒင် ဦးချစ်ခိုင် အား တနင်္လာနေ့ ညနေပိုင်းတွင် လေဆိပ်၌ စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်း

ဦးချစ်ခိုင်သည် ပြည်ပခရီးစဉ်မှ အပြန်တွင် လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်သည်။

15/04/2022

ကရင်နီဒေသအား စစ်ကောင်စီမှ လေကြောင်းဖြင့် ထိုးစစ်ဆင်ထားသည့် ဗီဒီယို

ဤ ဗီဒီယိုကို Free Burma Ranger အဖွဲ့အစည်းမှ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ဤဗီဒီယိုသည် ဇန်နဝါရီ - ဖေဖော်ဝါရီ ၊၂၀၂၂ ကရင်နီဒေသ အတွင်း ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းမှတ်ရာ အပိုင်းအစတစ်ချို့ဖြစ်သည်။

သီရိလင်္ကာအစိုးရက နိုင်ငံခြားကြွေးမြီများအား မဆပ်နိုင်ဟု ထုတ်ပြန်ကြေငြာလိုက်သည့် အချိန်တွင် ဆန္ဒပြမှုများ ယခင်ထက် ပိုမို...
15/04/2022

သီရိလင်္ကာအစိုးရက နိုင်ငံခြားကြွေးမြီများအား မဆပ်နိုင်ဟု ထုတ်ပြန်ကြေငြာလိုက်သည့် အချိန်တွင် ဆန္ဒပြမှုများ ယခင်ထက် ပိုမိုမြင့်တင်လာ၊ ဘဏ်စနစ်လုံးဝ ပြိုလဲသွား

သီရိလင်္ကာနိုင်ငံ၏ ဘဏ်စနစ်ပြိုလဲခြင်းကြောင့် နိုင်ငံ၏ ငွေကြေးတန်ဖိုးမှာ လုံးဝကင်းမဲ့သွားပြီး နို်င်ငံအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ၊ လောင်စာဆီများနှင့် ငွေကြေးများ ပို့ပေးရန် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော သီရိလင်္ကာနိုင်ငံသားများအား အစိုးရမှ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သီရိလင်္ကာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း နိုင်ငံ့အာဏာကို မိသားစု တစ်စုနှင့် ၎င်းတို့နှင့် ရင်းနှီးသောသူအချို့ကသာ ချုပ်ကိုင်ထားသည်။ ဝန်ကြီးချုပ်၏ မိသားစုဝင်များကသာ ဌာနဆိုင်ရာ ဝန်ကြီးရာထူးများကို ရယူထားခြင်းဖြစ်သည်။

ငှက်အချို့ဟာ ပက်လက်ပျံရတဲ့ အကြောင်းရင်းရှိပါတယ်။ ဒါပေမယ့် ငှက်တိုင်းတော့ ဒီလိုမပျံနိင်ပါဘူး။
14/04/2022

ငှက်အချို့ဟာ ပက်လက်ပျံရတဲ့ အကြောင်းရင်းရှိပါတယ်။ ဒါပေမယ့် ငှက်တိုင်းတော့ ဒီလိုမပျံနိင်ပါဘူး။

တချို့ငှက်တွေက ဘာကြောင့် ပက်လက်ပျံကြတာလဲ?

ဖိလစ်ပိုင်မှာ အားပြင်းမုန်တိုင်းတိုက်ခတ်၍ မြေလွှာပြတ်ရွှေ့မှုများ ဖြစ်ပွား ၅၃ ဦးအနည်းဆုံး သေဆုံးတယ်လို့ ထုတ်ပြန်ထားပြီး ...
14/04/2022

ဖိလစ်ပိုင်မှာ အားပြင်းမုန်တိုင်းတိုက်ခတ်၍ မြေလွှာပြတ်ရွှေ့မှုများ ဖြစ်ပွား

၅၃ ဦးအနည်းဆုံး သေဆုံးတယ်လို့ ထုတ်ပြန်ထားပြီး လူပျောက်ဆုံးမှုများ ရှိနေဟု ထုတ်ပြန်ကြေငြာထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ပို်င်လာ ( Pilar ) ကျေးရွာ၏ ၈၀% မှာ ပင်လယ်ထဲသို့ မျောပါပျက်စီးသွားပြီး လူပေါင်း ၁သိန်းကျော်က ဒီမုန်တိုင်းဒဏ်ကို ခံစားခဲ့ရတာလို့ ဆိုပါတယ်။

လေ့လာသူများရဲ့အဆိုအရ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၆ ခုနှစ်ထဲက အရမ်းပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြုံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၄၀၀ နီးပါးခန့် သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။

ပြည်သူပိုင်သိမ်းဖို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် စကားဦးပျိုး တိုင်းပြည်စီးပွားရေး ပြည်သူ့လက်ဝယ်ရှိဖို့ ပြည်သူပ...
10/04/2022

ပြည်သူပိုင်သိမ်းဖို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် စကားဦးပျိုး

တိုင်းပြည်စီးပွားရေး ပြည်သူ့လက်ဝယ်ရှိဖို့ ပြည်သူပိုင်သိမ်းရတာ ဖြစ်ကြောင်း၊ စစ်တပ်အနေနဲ့ အကြိမ်ကြိမ်အခါခါ လူမုန်းခံပြီး တိုင်းပြည်ကို ကာကွယ်ပေးနေရတာ ဖြစ်ကြောင်း သည်းခံစိတ်မွေးပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုးမြို့မှာ ဟောပြောခဲ့ပါတယ်။

ဗဟိုဘဏ်မှာ International Prepaid Card အမျိုးအစားဖြစ်သည့် VISA/Master နှင့် UPI ကဒ်တို့တွင် ဖြည့်သွင်းနိုင်မည့် ပမာဏအား ယ...
08/04/2022

ဗဟိုဘဏ်မှာ International Prepaid Card အမျိုးအစားဖြစ်သည့် VISA/Master နှင့် UPI ကဒ်တို့တွင် ဖြည့်သွင်းနိုင်မည့် ပမာဏအား ယခင်ကထက် ၅၀% လျော့ချသတ်မှတ်

Breaking News : ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေ သေနတ်ဖြင့် ပစ်ခတ်ခံရ ဧပြီ ၇၊ ၂၀၂၂။  စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာန...
07/04/2022

Breaking News : ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေ သေနတ်ဖြင့် ပစ်ခတ်ခံရ

ဧပြီ ၇၊ ၂၀၂၂။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ ဗဟိုဘဏ်ဒုက္ကဌ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဒေါ်သန်းသန်းဆွေသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုဏ်ရိပ်မွန်အိမ်ရာတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံရခြင်း ဖြစ်သည်။

ဤသို့ လုပ်ကြံမှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း လက်ရှိတွင် မသိရသေးပေ။

နိုင်ငံခြားငွေ ကန့်သတ်ခြင်းကိစ္စနှင့်ပတ်သတ်၍ အနှစ်ချုပ်တင်ပြချက် 👉ငွေလဲကောင်တာမှ နိုင်ငံခြားငွေသားအရွက်များအား မည်သူ့ကို...
04/04/2022

နိုင်ငံခြားငွေ ကန့်သတ်ခြင်းကိစ္စနှင့်ပတ်သတ်၍ အနှစ်ချုပ်တင်ပြချက်

👉ငွေလဲကောင်တာမှ နိုင်ငံခြားငွေသားအရွက်များအား မည်သူ့ကိုမှ မရောင်းချရန် အမိန့်ထုတ်ထား။

👉နိုင်ငံခြားငွေ Account to Account လွှဲပြောင်းခြင်း လုပ်ဆောင်ချက်ကို ပိတ်ပင်ဖို့ အမိန့်ထုတ်ထား။

👉Prepaid Card / Debit Card တွေဖြစ်တဲ့ Master Card, Visa Card တွေထဲ သို့ မြန်မာငွေမှ ဒေါ်လာပြောင်းလဲခွင့်ကို ပိတ်ပင်ရန် အမိန့်ထုတ်။

👉မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ နိုင်ငံခြားငွေလွှဲပြောင်းခြင်း လုပ်ဆောင်ချက်ကို ပိတ်ပင်ထား။

👉နိုင်ငံခြားငွေ အကောင့်ဖွင့်ထားသူ Customer များ၏ အကောင့်မှ နိုင်ငံခြားငွေများကို ထုတ်ယူခွင့်ပေးခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင်ကြောင်း အမိန့်ထုတ်ထား။

ဒီလိုမျိုး နိုင်ငံခြားငွေ အသုံးပြုမှု၊ လွှဲပြောင်းမှုတွေကို ကန့်သတ်လိုက်တာကြောင့် မကြာမှီ ငွေကြေးဖောင်းပွမှု အကြီးစား ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိပြီး Master/Visa Card တွေထဲကို ဒေါ်လာဖြည့်သွင်းမှုကလည်း မရတော့တာကြောင့် ဒီဂျစ်တယ်နည်းပညာကို အခြေပြုနေတဲ့ လုပ်ငန်းတွေ၊ အွန်လိုင်းရှော့ပ် လုပ်ကိုင်နေသူတွေအတွက် တစ်ကယ့်ကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် ယခုလို ဆိုးဝါးစွာ နိုင်ငံခြားငွေကန့်သတ်လိုက်ခြင်းက မကြာမှီမှာ နိုင်ငံခြားငွေမှောင်ခိုစျေးကွက်လုပ်ငန်းကြီးအသွင် အဖြစ်သို့ ရောက်ရှိရန် နီးစပ်နေ​ပြီ ဖြစ်ပါတယ်။

သီရိလင်္ကာမှာ ဝန်ကြီး ၂၆ ဦး နှုတ်ထွက်စာတင် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နှင်းခြင်း၊ ဆန္ဒပြသူများက ညမထွက်ရ အမိန့်ကို ဖီဆ...
04/04/2022

သီရိလင်္ကာမှာ ဝန်ကြီး ၂၆ ဦး နှုတ်ထွက်စာတင်

ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နှင်းခြင်း၊ ဆန္ဒပြသူများက ညမထွက်ရ အမိန့်ကို ဖီဆန်၍ ဆန္ဒပြခြင်း၊ စီးပွားကျဆင်းမှုပြဿနာအား အစိုးရမှ လွဲမှားစွာ ကိုင်တွယ်ခြင်းတို့ကြောင့် အစိုးရအဖွဲ့မှ နှုတ်ထွက်ရန် ဝန်ကြီး ၂၆ ဦးမှ နှုတ်ထွက်စာ တင်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ဝန်ကြီးအချို့များမှာ ဝန်ကြီးချုပ်၏ မိသားစုဝင်များသာ ဖြစ်ပြီး ကိုယ့်ဆွေမျိုးသားရင်းကိုသာ ဝန်ကြီးရာထူးများပေးထားခြင်းသာ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ အခြေအနေသည် အဆိုးဝါးဆုံးစီးပွားပျက်ကိန်း အခြေအနေသို့ ရောက်ရှိနေပြီး လောင်စာဆီများ၊ ဆေးဝါးများနှင့် စားသောက်ကုန် ပစ္စည်းများအားလုံး ရှားပါးသည့် အခြေအနေကို ရင်ဆိုင်နေရသည်။

နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် နိုင်ငံတွင်းရှိ လုပ်သားပြည်သူများ၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီး အစိုးရမှလည်း လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာပေးခြင်း၊ အင်တာနက်ကို ကန့်သတ်ခြင်း၊ လူမှုကွန်ရက်များကို ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ထားသည်။

နိုင်ငံခြားဝင်ငွေဖြင့် ပြည်တွင်းသို့ ဝင်လာသည့် ပမာဏအားလုံးအား ရောက်ရှိသည့်နေ့တွင် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ မြန်မာကျ...
03/04/2022

နိုင်ငံခြားဝင်ငွေဖြင့် ပြည်တွင်းသို့ ဝင်လာသည့် ပမာဏအားလုံးအား ရောက်ရှိသည့်နေ့တွင် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ မြန်မာကျပ်စာရင်းဖြင့်သာ ထားရှိရမည်ဟု စစ်ကောင်စီထုတ်ပြန်

ဧပြီ ၃၊ ၂၀၂၂။ စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်း ပိုင်ဆိုင်သည့် TK House စားသောက်ဆိုင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ တွ...
03/04/2022

ဧပြီ ၃၊ ၂၀၂၂။

စမ်းချောင်းရှိ ဗိုလ်မှူးချုပ်တင့်ဆန်း ပိုင်ဆိုင်သည့် TK House စားသောက်ဆိုင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ တွေ့ဆုံပွဲလုပ်စဉ် ဗုံးခွဲတိုက်ခိုက်ခံရ၊ အရာရှိအချို့နှင့် စစ်သားအချို့ ထိခိုက်မှုရှိနိုင်

Breaking News : အိုမီခရွန်မျိုးစိတ် ၂ ခုပေါင်းထားတဲ့ အိုမီခရွန် XE ဗိုင်းရပ် အသစ်ကူးစက်ခံထားရသူ ထိုင်းမှာ ပထမဆုံးစတင်တွေ...
03/04/2022

Breaking News : အိုမီခရွန်မျိုးစိတ် ၂ ခုပေါင်းထားတဲ့ အိုမီခရွန် XE ဗိုင်းရပ် အသစ်ကူးစက်ခံထားရသူ ထိုင်းမှာ ပထမဆုံးစတင်တွေ့ရှိ

အိုမီခရွန် မျိုးစိတ် ၂ ခုဖြစ်တဲ့ BA.1 နဲ့ BA.2 တို့ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဗိုင်းရပ်မူကွဲအသစ် XE ကို ထိုင်းနိုင်ငံက ကူးစက်လူနာတစ်ယောက်မှာ စတင်တွေ့ရှိခဲ့ပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်အရ XE ဗိုင်းရပ်စ်အသစ်ဟာ တွေ့ဖူးသမျှ ကိုရိုနာ ဗိုင်းရပ်တွေထဲမှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပြီး မူလ ကိုရိုနာဗိုင်းရပ်စ်ထက် ၄၃% ခန့် ကူးစက်မှု ပိုမိုမြန်ဆန်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတို့ ယခင်ထက်ပို၍ ချစ်ကြည်ရေးတိုးမြှင့်သွားမည်.. သတင်းအပြည့်အစုံကို Youtube မှာ ဝင်ရောက်နားထောင်ကြည...
02/04/2022

ရုရှားနဲ့ တရုတ်နိုင်ငံတို့ ယခင်ထက်ပို၍ ချစ်ကြည်ရေးတိုးမြှင့်သွားမည်..

သတင်းအပြည့်အစုံကို Youtube မှာ ဝင်ရောက်နားထောင်ကြည့်ရှုနိုင်ပါတယ်။

မြန်မီဒီယာရဲ့ Youtube Channel လေးကို Subscribe လုပ်ထားပေးဖို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။

တရုတ်နှင့် ရုရှား တို့၏ ချစ်ကြည်ရေး ယခင်ထက် တိုးမြှင့်မည် #သတင်း #တရုတ် #ရုရှား #ချစ်ကြည်ရေး #ကမ္ဘာ့အရေး

မြန်မာ့နိုင်ငံရေး အခြေအနေကို သိဖို့ ရုံးတိုင်းမှာ ဝန်ထမ်းများက စစ်ကောင်စီကောင်းကြောင်း အပြန်အလှန် ဆွေးနွေးကြတဲ့ မှတ်တမ်း...
02/04/2022

မြန်မာ့နိုင်ငံရေး အခြေအနေကို သိဖို့ ရုံးတိုင်းမှာ ဝန်ထမ်းများက စစ်ကောင်စီကောင်းကြောင်း အပြန်အလှန် ဆွေးနွေးကြတဲ့ မှတ်တမ်းတွေကို တစ်ပတ်တစ်ခါ သက်ဆိုင်ရာဦးစီးဌာနတွေဆီ ပို့ရမယ်လို့ ညွှန်ကြားထား

ရုံးတွင်းမှာသာမက မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်ကိုပါ စစ်ကောင်စီရဲ့ ကောင်းကြောင်း ထောက်ခံတဲ့ စာတွေ၊ လုပ်ရပ်တွေကိုပါ ပြန်လည်မျှဝေပေးဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အမှား၊အမှန်ကို ခွဲခြားသိမြင်ဖို့လိုပြီး CRPH, NUG နဲ့ PDF တို့ဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာဖြစ်လို့ ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လှုံ့ဆော်မှုတွေကို နားမယောင်မိစေဖို့ လိုတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာများ ပေါက်ကြားသည်ကို မပေါက်ကြားအောင် ကြပ်မတ်ဖို့ လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား
01/04/2022

စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားစာများ ပေါက်ကြားသည်ကို မပေါက်ကြားအောင် ကြပ်မတ်ဖို့ လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား

Breaking News : ရုရှားပိုင်နက်ရှိ ရေနံလှောင်ကန်အား ယူကရိန်းမှ ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်တိုက်ခိုက် ဧပြီ ၁၊ ၂၀၂၂ ခုနှစ်။...
01/04/2022

Breaking News : ရုရှားပိုင်နက်ရှိ ရေနံလှောင်ကန်အား ယူကရိန်းမှ ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်တိုက်ခိုက်

ဧပြီ ၁၊ ၂၀၂၂ ခုနှစ်။

ယူကရိန်း ရဟတ်ယာဉ် ၂ စီးဟာ ရုရှားပိုင်နက်ထဲကို ဝင်ရောက်လာပြီး ဝေဟင်စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဆင်ရေးကြောင့် ရုရှားပိုင် ရေနံလှောင်ကန်မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းမြေမှ ရုရှားဆုတ်ခွာရင် ဗြိတိန်မှ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ဖြေလျော့ပေးမည်
28/03/2022

ယူကရိန်းမြေမှ ရုရှားဆုတ်ခွာရင် ဗြိတိန်မှ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ဖြေလျော့ပေးမည်

ကမ္ဘာ့သမိုင်းမှာ ငွေကြေးဖြုန်းတီးမှု အကြီးမားဆုံး တံတား
27/03/2022

ကမ္ဘာ့သမိုင်းမှာ ငွေကြေးဖြုန်းတီးမှု အကြီးမားဆုံး တံတား

ကမ္ဘာ့သမိုင်းမှာ ငွေကြေးဖြုန်းတီးမှု အကြီးမားဆုံး ဖြစ်ခဲ့တဲ့ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတား

ရုရှားသမ္မတ ပူတင် အာဏာဆက်ယူရေး၊ မယူရေးက အမေရိကန်ကိစ္စမဟုတ်၊ ရုရှားနိုင်ငံသားတွေ ဆုံးဖြတ်ရမယ့်ကိစ္စသာ ဖြစ်တယ်လို့ ကရင်မလင...
27/03/2022

ရုရှားသမ္မတ ပူတင် အာဏာဆက်ယူရေး၊ မယူရေးက အမေရိကန်ကိစ္စမဟုတ်၊ ရုရှားနိုင်ငံသားတွေ ဆုံးဖြတ်ရမယ့်ကိစ္စသာ ဖြစ်တယ်လို့ ကရင်မလင် နန်းတော်မှ ထုတ်ပြန်

အနုပညာရှင် ၅၀ ကျော်ခန့်နဲ့ ကွယ်လွန်သူအချို့အပါအဝင်တို့အား စစ်ကောင်စီမှ လူမှုထူးချွန်ဆုတွေနဲ့ အလင်္ကာကျော်စွာဘွဲ့တွေ ချီး...
27/03/2022

အနုပညာရှင် ၅၀ ကျော်ခန့်နဲ့ ကွယ်လွန်သူအချို့အပါအဝင်တို့အား စစ်ကောင်စီမှ လူမှုထူးချွန်ဆုတွေနဲ့ အလင်္ကာကျော်စွာဘွဲ့တွေ ချီးမြှင့်

NUG ၏ မဟာမိတ်ဆက်ဆံရေးကော်မတီ က ရက္ခိုင့်တပ်တော် AA ကို အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထ...
26/03/2022

NUG ၏ မဟာမိတ်ဆက်ဆံရေးကော်မတီ က ရက္ခိုင့်တပ်တော် AA ကို အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်းအကောင်အထည် ဖော်ရန်အတွက် အလွတ်သဘော တွေ့ခွင့်တောင်းဆို

- Myanmedia

ရုရှားသမ္မတပူတင်ကို ဖယ်ရှားဖို့ ရုရှားအထက်တန်းလွှာအုပ်စုက ကြံစည်ပြင်ဆင်နေအမေရိကန်နဲ့ဥရောပနိုင်ငံတို့ရဲ့ စီးပွားရေးပိတ်ဆိ...
26/03/2022

ရုရှားသမ္မတပူတင်ကို ဖယ်ရှားဖို့ ရုရှားအထက်တန်းလွှာအုပ်စုက ကြံစည်ပြင်ဆင်နေ

အမေရိကန်နဲ့ဥရောပနိုင်ငံတို့ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေ၊ နိမ့်ဆင်းသွားတဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို ပြန်လည်ထူထောင်ဖို့ အတွက် ရုရှားအထက်တန်းလွှာတွေက အစီအစဉ်ဆွဲနေကြောင်း သိရပါတယ်။

အနောက်အုပ်စုနှင့် ဆက်ဆံရေး ယခင်ကဲ့သို့ ပြန်လည်ရရှိဖို့ ရုရှားသမ္မတ ပူတင်အား ဖယ်ရှားမည့်နည်းကလွဲ၍ အခြားနည်းမရှိတာကြောင့် ယခုလို ကြံစည်အစီအစဉ်ဆွဲမှုတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။

ပေါက်ကြားလာသော သတင်းအချက်အလက်အချို့အရ အခုလို ကြံစည်မှုဟာ ယူကရိန်းအာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယူအက်စ်အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က မတ်လ အစောပိုင်းက ပူတင်ကိုအတွင်းမှ လုပ်ကြံရန် တောင်းဆိုခဲ့ပြီးမှ သူ၏စကားအား ပြန်လည် ရုတ်သိမ်းခဲ့သည်။

ကမ္ဘာ့အကြမ်းဆုံး တိုက်လေယာဉ် ၇ စီး
26/03/2022

ကမ္ဘာ့အကြမ်းဆုံး တိုက်လေယာဉ် ၇ စီး

ယနေ့အချိန်ထိတာဝန်ထမ်းဆောင်နေကြဆဲဖြစ်တဲ့ ကမ္ဘာ့အကြမ်းဆုံးတိုက်လေယာဉ်၇စီး

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း အသုံးပြုမှုရပ်ဆိုင်းရန် KNU ကြေညာချက်ထုတ် အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့လာမှုကြောင့် အာရ...
26/03/2022

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း အသုံးပြုမှုရပ်ဆိုင်းရန် KNU ကြေညာချက်ထုတ်

အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့လာမှုကြောင့် အာရှလမ်းမကြီးဖြစ်သည့် ကော့ကရိတ်-မြဝတီလမ်းပိုင်းနှင့် မြဝတီ-ဝေါလေလမ်းပိုင်းအား မနက်ဖြန် မတ်လ ၂၇ ရက်နေ့ကစတင်ပြီး အသုံးပြုမှုရပ်ဆိုင်းထားရန် KNU က ယနေ့သတိပေးထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံမှာ ခရစ်တိုငွေကြေးသုံးစွဲမှုကို လာမယ့် ဧပြီလမှာ စပြီး ကန့်သတ်တော့မယ်
26/03/2022

ထိုင်းနိုင်ငံမှာ ခရစ်တိုငွေကြေးသုံးစွဲမှုကို လာမယ့် ဧပြီလမှာ စပြီး ကန့်သတ်တော့မယ်

ခရစ်တို ငွေကြေးတွေကို အသုံးပြုခွင့် ကန့်သတ်တော့မယ့် အစီအစဉ်တစ်ခုကို ထိုင်းနိင်ငံမှာ ကြေငြာလိုက်တာ ဖြစ်ပါ.....

ရုရှားက ပိုမိုထိခိုက်ပျက်စီးစေမယ့် လက်နက်တွေ ထုတ်သုံးတော့မှာလား ? ကျွန်ုပ်တို့ မြန် မီဒီယာရဲ့ Youtube Channel အသစ်လေးကို...
25/03/2022

ရုရှားက ပိုမိုထိခိုက်ပျက်စီးစေမယ့် လက်နက်တွေ ထုတ်သုံးတော့မှာလား ?

ကျွန်ုပ်တို့ မြန် မီဒီယာရဲ့ Youtube Channel အသစ်လေးကို Subscribe လုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။

https://youtu.be/1xEN-7zN3Sw

#ရုရှား #နိုင်ငံရေး #ကမ္ဘာ့အရေး

အမေရိကန်က မြန်မာစစ်တပ်အား ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အတွက် အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် မြန်မာစစ်တပ်မှ ရိုဟင်ဂျာ လူ...
25/03/2022

အမေရိကန်က မြန်မာစစ်တပ်အား ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အတွက် အတည်ပြုဆုံးဖြတ်လိုက်ပြီးနောက် မြန်မာစစ်တပ်မှ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု မလုပ်ခဲ့ကြောင်း၊ စစ်သည်တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းရဲ့ မှားယွင်းမှုသာ ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုံး သတ်ဖြတ်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် စစ်သည်တွေ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့နဲ့သော်လည်းကောင်း အမှားအယွင်းလုပ်ခဲ့တာမျိုးတော့ ရှိနေနိုင်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သတ်ပြီးတော့ အရေးယူဆောင်ရွက်သွားဖို့လည်း ရှိပါတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗို်လ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်စရာရှိတာပဲလုပ်မယ်၊ ကန့်ကွက်စရာရှိတာ ကန့်ကွက်မယ်။ ရပ်တယ်စရာရှိတာ ရပ်တည်မယ်။ အဲဒါကို ဂရုစိုက်ပြီး လုပ်နေလို့ရှိရင်တော့ လုပ်စရာအလုပ်တောင် ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရပ်တည်သွားမှာကတော့ ပြည်တွင်းအင်အားကို ခိုင်မာအောင်လုပ်မယ်၊ ပြည်တွင်းအင်အားကို တည်ဆောက်မယ်။ ဒါနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Myan.Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share