Talkie Myanmar

  • Home
  • Talkie Myanmar

Talkie Myanmar ဟုတ်တာတွေကော... မဟုတ်တာတွေကော..စိတ်ထဲ?

27/05/2024

စျေးတွေက တက်လို့မပြီးသေးဘူးဗျာ..
၂၀၂၃ အောက်တိုဘာလ ကစတက်နေတာ ခုထိကို တက်လို့မပြီးနိုင်သေးဘူး …ဟူးးးး😓😓😓😓…

နောက်နှစ်ဆို 1 ဒေါ်လာကို ၅၀၀၀ ဖြစ်မလားပဲ..😓

ယနေ့နံနက်ပိုင်း ရန်ကုန်မြို့ မိုး အခြေအနေ‼️မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင်း ရန်ကုန်ရှိမြို့နယ်အများစု ရေကြီးရေလျှံမှုမ...
17/08/2022

ယနေ့နံနက်ပိုင်း ရန်ကုန်မြို့ မိုး အခြေအနေ‼️
မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင်း ရန်ကုန်ရှိ
မြို့နယ်အများစု ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်းသိရ
အားလုံးဘေးကင်းကြပါစေ.....
Edited 📌
ရန်ကုန်တိုင်းတွင် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နံနက် ၃ နာရီဝန်းကျင်မှစတင်ပြီး မြို့နယ်အများစုတွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်မြို့လယ်ခေါင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ အထက်တန်းပန်းဆိုးတန်း၊သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း အပါအဝင် မြို့နယ်အများစုတွင် ရေကြီးမှုများ ကြုံတွေ့နေရခြင်းဖြစ်ပြီး အထပ်မြင့်တိုက်တာများ၏ မြေညီထပ်များတွင် ရေများအလုံးအရင်းနှင့်ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုကြသည်။
"မိုးက တစ်ညလုံးရွာတာ။ အခု အိမ်အောက်ထပ်ကို ရေမြှုပ်နေလို့ ငုတ်တုတ်လေးထိုင်နေရတယ်။ မနက် ၂ နာရီ ၄၅ လောက်ကြီး ရေတွေဝင်လာတာ။ တစ်ခါမှလည်း အဲဒီလောက်ကြီးမကြုံဖူးသေးဘူး။ အဲဒါ နီးစပ်ရာ သူငယ်ချင်းတွေကို လိုက်ပြီး ဖုန်းဆက်မေးကြည့်တော့ တစ်မြို့လုံးနီးပါး ရေမြှုပ်နေတယ်" ဟု သင်္ဃန်းကျွန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုများကြောင့် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံအနီးတွင် ရေများ တက်လာနေသဖြင့် စက်ရုံတချို့က အလုပ်သမားများကို ပြန်လွှတ်နေသည်ဟု စက်ရုံအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်မြို့မှ တက္ကစီအငှားယာဉ်မောင်တစ်ဦးကမူ ရေကြီးမှုများကြောင့် တောင်ဥက္ကလာပ၊ ဝေဇယန္တာလမ်းမကြီးတစ်လျှောက် ရေလျှံနေပြီး ကားလမ်းများ ပိတ်ဆို့နေသည်ဟု ဆိုသည်။
"ရေတွေက ကားနိမ့်လေးတွေဆို ဖြတ်မရဘူး။ ပျက်တဲ့ကားတွေလည်း ပျက်နေတယ်။ လမ်းအလယ် ရေနည်းတဲ့နေရာကနေ မောင်းနေရတယ်။ ကားလမ်းတွေက ရှယ်ပိတ်နေတာ" ဟု တက္ကစီအငှားယဉ်မောင်းက ဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တော်တစ်ဝန်း ရေကြီးရေလျှံမှု ယနေ့ နံနက်အစောပိုင်း မြင်ကွင်းများဖြစ်သည်။
CreditPhotos 📌

Address


Website

Alerts

Be the first to know and let us send you an email when Talkie Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share