iMirror - အင်တာနက် သတင်းစာ

  • Home
  • iMirror - အင်တာနက် သတင်းစာ

iMirror - အင်တာနက် သတင်းစာ အရင်ခေတ်က ဉုံ၊ TZ News။ အခုခေတ် iMirror - အင်တာ?

04/09/2022

😁😁😁😁😁😁😁😁😁😁😁

"မိန်းမ.."
"ဘာတုန်း"
"ချွတ်စမ်း"
"ဘာပြောတယ်"
"ချွတ်စမ်းလို့ပြောနေတယ်"

"ဘာလုပ်မလို့လဲ၊ မူးရင်အိပ်တော့"
"ငါမမူးသေးဘူး၊ မမူးလို့ ချွတ်ခိုင်းနေတာ"
"မချွတ်နိုင်ဘူးတော်"

"အေး မင်းမချွတ်ရင် ငါကိုယ်တိုင် ဆွဲချွတ်မယ်"
"ရှင် မယုတ်မာနဲ့"
"ယုတ်မာတာမဟုတ်ဘူး ငါ့ဆန္ဒကိုဖြည့်ပေးဖို့
နင့်မှာတာဝန်ရှိတယ်"

"အချိန်ပြည့် ဒါပဲ စိတ်ကူးနေတယ်"
"တော်စမ်းကွာ ချွတ်မှာလား မချွတ်ဘူးလား"
"ကဲ ကဲ ချွတ်ပြီတော် ချွတ်ပြီ ကြိုက်သလိုသာလုပ်တော့
"အဲလိုသိတတ်စမ်းပါ မိန်းမရယ်။
ဒါတွေကြောင့် နင့်ကို ငါကမခွဲနိုင် မခွာနိုင်ဖြစ်နေရတာ"

" အပိုတွေပြောပြီး စကားကြောမရှည်နဲ့
လုပ်စရာရှိတာလုပ် စိတ်ကိုညစ်တယ်"
"မိန်းမကလည်းကွာ စိတ်ရှည်ရှည်ထားစမ်းပါ"
"စိတ်ရှည်နေပါ့မလားတော့ အချိန်တိုင်း ဒါကိုပဲ
မျက်စောင်းထိုးနေတဲ့ဟာ"
" အမြဲတမ်းမှမဟုတ်တာ မိန်းမရာ
ခုဟာက မနေနိုင်တော့လို့ပါ"
"ဟွန်း...""ကိုပျူနော် "


အရက်ကလည်း သိပ်မမူးသေး ပိုက်ဆံကလည်းမရှိ
ဒီတော့.....

မိန်းမချွတ်ပေးတဲ့ နားကပ်လေး တစ်ဖက်ကိုယူ
အပေါင်ဆိုင် သွားပေါင်ပြီး မှ အရက်ဆိုင်ပြေးရမှာ
သောက်ချင်စိတ်က ထိန်းမရတော့
မနေနိုင် မထိုင်နိုင်ဖြစ်နေပြီလေ

ကဲ သွားပြီဗျို့ 😆😆😆😆😆

03/09/2022

Black Pink အဖွဲ့ရဲ့ နောက်ဆုံးထွက်ထားတဲ့ Pink Venom သီချင်းဟာ ရီဟားနား ရဲ့ Pon de Replay သီချင်းကို ကူးချထားတာလား?

အတော်လေး ဆင်နေတော့ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ ပါလာနေပါပြီ။ august 19 ရက်နေ့မှာ နှစ်နှစ်အကြာရပ်နားထားတဲ့ BLACKPINK အဖွဲ့ဟာ Pink Venom ဆိုတဲ့ သီချင်းနဲ့ ဂီတလောကထဲကို ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် Pink Venom သီချင်းဟာ နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ သီချင်း အများစုနဲ့ သံစဉ် ၊ စာသား တွေ သွားတူနေတာကြောင့် လူပြောစရာ ဖြစ်လာခဲ့ပါတယ်။

ပထမဆုံး verse မှာ လီဆာ ဆိုတဲ့ "one by one then two by two" ဆိုတဲ့ စာသား နဲ့ သံစဉ်ဟာ ရီဟားနား (Rihanna) ရဲ့ "Pon de Replay" သီချင်းရဲ့ "it goes one by one, even two by two" နဲ့ ထပ်တူကို ဆင်နေတာ တွေ့ရပါတယ်။

ရီဟားနား ရဲ့ "Pon de Replay" သီချင်းကို (၂၀၀၅) ခုနှစ်က ထုတ်ခဲ့တာဖြစ်ပြီး (၁၇) နှစ်အကြာမှာ အခုလို ကူးချခံလိုက်ရတာ ဖြစ်ပါတယ်။ ရီဟားနား ရဲ့ "Pon de Replay" အပြင် Taylor Swift ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Look What You Made Me Do" ကိုလည်း Pink Venom မှာ "Look what you made us do" ဆိုပြီး ယူသုံးထားပါသေးတယ်။

ဂျင်းနီ ဆိုထားတဲ့ "Kick in the door, waving coco" စာသား နဲ့ သံစဉ်ဟာလည်း Notorious B.I.G ရဲ့ "Kick in the Door" သီချင်းအတိုင်း လိုက်ဆိုထားသလို ဖြစ်နေပါတယ်။ လီဆာ ရဲ့ rap ရွက်တဲ့အပိုင်းက "You couldn't get a dollar outta me" ဆိုတဲ့ ရက်စာသားဟာလည်း 50 Cent ရဲ့ "P.I.MP" သီချင်းနဲ့ သွားတူနေပါရော။

ဒါပေမယ့်လည်း အနုပညာရှင် အချင်းချင်းကတော့ ဒီကိစ္စကို Interpolation လုပ်တာပဲ ဆိုပြီး အပြစ်ပြောမနေပါဘူး။ ခင်ဗျားတို့ရော အောက်က သီချင်းတွေ နားထောင်ပြီးရင် ဘယ်သီချင်းတွေ ထပ်ကူးထားသေးတယ်လို့ ထင်လဲ?

#အင်တာနက်သတင်းစာ

ကပ်ပရှင်လေး ကူစဥ်းစားပေးကြပါဦး
03/09/2022

ကပ်ပရှင်လေး ကူစဥ်းစားပေးကြပါဦး

နည်းနည်း နက်နဲတယ် အိုင်ပီရေသေချာစဥ်းစားပြီးမှ ဟ ဟ ပေး
03/09/2022

နည်းနည်း နက်နဲတယ် အိုင်ပီရေ
သေချာစဥ်းစားပြီးမှ ဟ ဟ ပေး

အမျိုးသား ပြည့်တန်ဆာလောကအခုတော့ ယခင်လုပ်ငန်းမှ ရသည့်ဝင်ငွေဖြင့် တက္ကစီတစ်စီးထောင်ကာ ကိုယ်တိုင်မောင်းနေသည်။ တကယ်တော့ ကိုထ...
17/08/2022

အမျိုးသား ပြည့်တန်ဆာလောက

အခုတော့ ယခင်လုပ်ငန်းမှ ရသည့်ဝင်ငွေဖြင့် တက္ကစီတစ်စီးထောင်ကာ ကိုယ်တိုင်မောင်းနေသည်။ တကယ်တော့ ကိုထက်ခေါင် ဖြစ်ချင်ခဲ့သည်မှာ မော်ဒယ်လ် ဖြစ်သည်။ သို့သော် ငွေကြေး မပြေလည်ခဲ့သဖြင့် နည်းလမ်းရှာရင်း မိန်းမလျာများ၊ အမျိုးသမီးများ၏ အလိုကို ဖြည့်ဆည်းပေးရသော အမျိုးသားပြည့်တန်ဆာ ဖြစ်သွားခဲ့သည်။

ထိုစဉ်က ပထမနှစ် အဝေးသင်တက်ဆဲ။ မော်ဒယ်လ်သင်တန်းတက်ရန် မတတ်နိုင်သဖြင့် မာမီအချို့က အဝတ်အစားထောက်ပံ့၊ သင်တန်းစရိတ်ပေး။ တစ်ဖက်တွင်လည်း မာမီတို့နှင့် သူ့မိတ်ဆွေများ၏ အလိုကိုဖြည့်ပေးရင်း ပရိုဘဝ ရောက်သွားတော့သည်။ နောက်ပိုင်း အမျိုးသမီး ဖောက်သည်များပါ ရလာသည်။ “ဒီလုပ်ငန်းကို ပွဲစားလုပ်တဲ့ အေးဂျင့်မာမီတွေနဲ့ ချိတ်မိပြီး မော်ဒယ် မလုပ်တော့ဘဲ ငွေရလွယ်တဲ့ ဒီလုပ်ငန်းမှာ ပရိုဖြစ်သွားတာ” ဟု ယခု အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုထက်ခေါင် (အမည်လွှဲ) ကဆိုသည်။

အမျိုးသားများ ဝန်ဆောင်မှုပေးသော လိင်လုပ်ငန်းသည် ရန်ကုန်မြို့တွင် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် ပိုဖွံ့ဖြိုးလာခဲ့သည်။ ထိုနည်းတူ အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူဦးရေလည်း ပိုများပြားလာကြောင်း ဖောက်သည်များနှင့် အမျိုးသား ပြည့်တန်ဆာများအကြား ချိတ်ဆက်ပေးသူ ရန်ကုန်မြို့တော်၊ ကျောက်တံတားမြို့နယ်မှ ဒေါ်လှလှမြင့် (အမည်လွှဲ) က ပြောပြသည်။

အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။

ဖောက်သည် ရှာနိုင်သည့် အဓိက နေရာများအနက် ထင်ရှားသည်မှာ ဗျူတီဆလွန်းများ ဖြစ်လာသည်။ ဆလွန်းများအတွင်း သီးသန့်အခန်းအချို့ရှိပြီး ထိုအခန်းအတွင်း ဝင်ရောက်၍ ဓာတ်ပုံ အယ်လ်ဘမ် ကက်တလောက် စာအုပ်များတွင် ဖော်ပြထားသော မိမိနှစ်သက်ရာ အမျိုးသားကို ရွေးချယ်နိုင်သည်။

ဓာတ်ပုံအယ်လ်ဘမ်တွင် အသက် ၃၀ အောက် ချောမောခံ့ညားသော အမျိုးသားငယ်လေးများ၏ ကိုယ်ဟန်အမျိုးမျိုး ဓာတ်ပုံများကို နံပါတ်စဉ် တပ်ထားသည်။ မိမိကြိုက်နှစ်သက်သည့် အမျိုးသားငယ်၏ နံပါတ်ကို မှတ်ထားပြီး ဗျူတီးဆလွန်းမှ ဧည့်ကြိုဝန်ထမ်းအား စာရင်းသွားပေးပြီးပါက နီးစပ်ရာ ဟိုတယ်နာမည်နှင့် ကြိုတင်ယူထားသော အခန်းနံပါတ်ကို ပြောကြားခဲ့ရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ အဆိုပါဆိုင်မှ ပြန်လည် ထွက်ခွာပြီး မကြာမီ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာမည့် အမျိုးသားငယ်ကို မိမိငှားရမ်းထားသည့် ဟိုတယ်အခန်းတွင် ကြိုတင်စောင့်နေရုံသာ ဖြစ်သည်။

အရပ်တွင်းစကားများအရ ရန်ကုန်မြို့ရှိ နာမည်ကျော် စျေးများအနီး နှင်းဆီပန်း ရင်ဘတ်တွင် ထိုးထားသည့် အမျိုးသား ပြည့်တန်ဆာများ ရှိသည်ဆိုသော်လည်း ယင်းကား ကောလာဟလမျှသာဖြစ်ပြီး အမှန်တကယ် အမျိုးသား ပြည့်တန်ဆာလောက ကွန်ရက်ကား ထိုထက် ပိုမိုလျှို့ဝှက်ပြီး ကြေးစားဆန် သည်ကို တွေ့ ရသည်။

ယခင်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းစျေး၊ FMI နှင့် စျေးဝယ်စင်တာအချို့ အနီးတွင် ကျင်လည်ခဲ့သည့် အမျိုးသား ပြည့်တန်ဆာများ ရှိသော်လည်း ယခုအခါ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယခုအခါ နာမည်ကျော် အလှဖန်တီးရှင် အချို့၏ ဗျူတီဆလွန်းများတွင် အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်နေသကဲ့သို့ အမျိုးသား ပြည့်တန်ဆာများနှင့် ဖောက်သည်များကို ချိတ်ဆက်ပေးသည့် အလှဖန်တီးရှင်နှင့် အမျိုးသမီး အချို့လည်း ရှိနေသည်။ ချိတ်ဆက်ပေးသူကို အမျိုးသား ပြည့်တန်ဆာများ ရရှိသည့် အခကြေးငွေ၏ ရာခိုင်နှုန်းအလိုက် ပေးရလေ့ရှိသည်။

အဆိုပါ ဗျူတီဆလွန်းများ၊ အမျိုးသား ပြည့်တန်ဆာ ချိတ်ဆက်ပေးသူများအပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပေါ်ပေါက်လာသည့် အမျိုးသားသီးသန့် အနှိပ်ခန်းများတွင်လည်း အမျိုးသား ပြည့်တန်ဆာစျေးကွက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

အမျိုးသားသီးသန့် ဝန်ဆောင်မှုပေးသော အနှိပ်ခန်း ဆိုသည်မှာ ငယ်ရွယ်သောအမျိုးသား အနှိပ်သမားများသာ သီးသန့်ထားရှိပြီး လိင်တူချစ်သူအချို့နှင့် အမျိုးသမီးအချို့ သွားရောက် အနှိပ်ခံတတ်သည့် နေရာဖြစ်သည်။

အဆိုပါ အနှိပ်ခန်းများမှ နှိပ်နယ်ပေးသူ အမျိုးသားလေးများနှင့် အဆင်ပြေပါကအပြင်သို့ ချိန်းဆိုနိုင်ပြီး အခကြေး ငွေပေးကာ လိင်ဆက်ဆံနိုင်ကြောင်း မန္တလေးမြို့ရှိ အမျိုးသားသီးသန့် အနှိပ်ခန်းများသို့ သွားရောက်ဖူးသူ အသက် ၃၀ နှစ်အရွယ် အရောင်းမြှင့်တင်ရေး မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အမျိုးသား အနှိပ်သမားများ နှိပ်နယ်ပေးသော အနှိပ်ခန်း ၁၀ ခုထက်မနည်းရှိနေပြီး လိင်တူချစ်သူနှင့် အမျိုးသား ပြည့်တန်ဆာ သုံးစွဲသူ အမျိုးသမီးအချို့ အကြားတွင် တွင်ကျယ်လျက် ရှိသည်။ အမျိုးသားပြည့်တန်ဆာ လောကသည် ရန်ကုန်မြို့တွင် တွင်ကျယ်စွာ ရှိနေပြီး မန္တလေးမြို့တွင်လည်း အမျိုးသားသီးသန့် အနှိပ်ခန်းများနှင့်အတူ အနည်းအကျဉ်း အစပျိုးနေပြီ ဖြစ်သည်။

ထိုလောကတွင် ဖောက်သည် အမျိုးမျိုးရှိကြောင်း အမျိုးသား ပြည့်တန်ဆာတို့နှင့် ဖောက်သည်တို့ကို ချိတ်ဆက်ပေးသူ အလှဖန်တီးရှင် မင်းမင်း (အမည်လွှဲ) က ပြောပြသည်။ သူ့အဆိုအရ ဖောက်သည်အများစုမှာ လိင်တူချစ်သူများ ဖြစ်သည်။ အမျိုးသမီးဖောက်သည် အချို့လည်း ရှိသည်။ အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးမည့်သူက ရှားသည်ဟု သူကဆိုသည်။ “ဒါပေမဲ့ ကြေးကြီးကြီး ပေးရတာပေါ့” ဟု မင်းမင်းက ပြောသည်။

“ရှေးယခင်ကတည်းက လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ကြသော အမျိုးသားပြည့်တန်ဆာ လုပ်ငန်းမှာ ယခုနောက်ပိုင်း ဖုန်းသို့မဟုတ် အင်တာနက်မှတစ်ဆင့် ချိတ်ဆက်ကာ အပြင်တွင်တွေ့ဆုံသည့် ပုံစံသို့ ပြောင်းလဲလာသည်”

အမျိုးသား ပြည့်တန်ဆာတို့၏ ဖောက်သည် အမျိုးသမီးအများစုမှာ အထက်တန်းလွှာများမှ အမျိုးသမီး အချို့ပါဝင်သလို စီးပွားရေးလောကတွင် အောင်မြင်နေသူ လူလတ်ပိုင်း အမျိုးသမီးအချို့လည်း ပါဝင်နေကြောင်း ယင်းစျေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အချို့အမျိုးသမီးများမှာ အိမ်ထောင်ကျဖူးသူများ ဖြစ်သည်။ အချို့မှာ အိမ်ထောင်ရေးကို ယုံကြည်မှု မရှိဘဲ မိမိတို့ စိတ်ဆန္ဒအတွက် ခဏတာ သာယာမှုယူနေသည့် အပျိုကြီး အမည်ခံများလည်း ရှိကြောင်း အမျိုးသား လိင်လုပ်သားအချို့ထံမှ သိရသည်။

မိမိတို့၏ လိင်စိတ်ကို လူသိမခံလိုသော အချို့ လိင်တူချစ်သူများကမူ အဆိုပါ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ကွန်ရက်များနှင့် လျှို့လျှို့ဝှက်ဝှက် ချိတ်ဆက်ထားလေ့ ရှိသည်။ အွန်လိုင်းနှင့် အခြားနီးစပ်ရာမှ အမျိုးသားများကို ဆက်ဆံနေထိုင်ခြင်းထက် အမျိုးသား ပြည့်တန်ဆာများအား အခကြေးငွေပေးပြီး ဆက်ဆံနေထိုင်မှုသည် မိမိလိင်ဆန္ဒ ပြည့်ဝသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် စိတ်ချရသည်ဟု မိမိ၏ လိင်တူတပ်မက်စိတ်ကို ထုတ်ဖော်မပြလိုသူ အမျိုးသားအချို့က ယူဆကြသည်။

မိမိ၏ အမျိုးသမီးချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သော်လည်း မိမိ၏ ဂုဏ်သိက္ခာအရ လိင်စိတ်နှစ်ခွ ဖြစ်နေမှုကို ဖြည့်ဆည်းရန် တစ်ခါတစ်ရံ အမျိုးသား ပြည့်တန်ဆာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် စခန်းသွားခဲ့ရကြောင်း ရင်ဖွင့်လာသူမှာ ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုတီ (အမည်လွှဲ) ဖြစ်သည်။

စျေးမှာ အစားစားဖြစ်သည်။ အမျိုးသား ပြည့်တန်ဆာများသည် အမျိုးသမီးများကဲ့သို့ နေ့စဉ်ရက်ဆက် အလုပ် မလုပ်နိုင်သဖြင့် အမျိုးသမီး လိင်အလုပ်သမများထက် အခကြေးငွေပိုမို မြင့်မားစွာယူရလေ့ ရှိသည်။ အချိန် အပိုင်းအခြား၊ အသက်အရွယ်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ဝန်ဆောင်မှု အတိုင်းအတာအရ အမျိုးသား ပြည့်တန်ဆာတစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်း ဝန်းကျင်အထိ ပေးရသည်များလည်း ရှိသည်။

“အော်ဒါကို တစ်ပတ်နှစ်ရက်ပဲ လက်ခံဖြစ်ပါတယ်” ဟု ကိုထက်ခေါင်က သူပြည့်တန်ဆာအဖြစ် လုပ်ဆောင်ခဲ့သည့်အချိန်က အနေအထားကို ရှင်းပြသည်။ ယင်းအတွက် အချို့ အမျိုးသား ပြည့်တန်ဆာများသည် ၎င်းတို့၏ စွမ်းဆောင်ရည်အတွက် ဆေးဝါးအကူအညီကို ရယူကြရသည်။

အမျိုးသမီးများအပြင် အမျိုးသား အချင်းချင်းပါ ဆက်ဆံမှုများ၊ အခြားသဘာဝ မဟုတ်သော နည်းလမ်းများနှင့် လိင်ဆက်ဆံပေးရန် တောင်းဆိုခံရမှုများ ရှိသဖြင့် HIV ပိုးကူးစက်ခံရခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှိုနာရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုးစသည့် ရောဂါများ ကူးစက်ရန် အလားအလာ ပိုများကြောင်း ရန်ကုန်မြို့ရှိ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

အမျိုးသမီး ပြည့်တန်ဆာများအား ထိုသို့ရောဂါများနှင့် ပတ်သက်၍ ပညာပေးရန် လွယ်ကူသော်လည်း အမျိုးသား ပြည့်တန်ဆာများမှာ ပိုမိုလျှို့ဝှက်စွာ နေတတ်သဖြင့် ကျန်းမာရေး ပညာပေးရန် ခက်ခဲပြီး မည်သည့်နည်းနှင့် လိင်ဆက်ဆံသည်ဖြစ်စေ အမျိုးသား ပြည့်တန်ဆာများအနေနှင့် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းလျှင်ဖြစ်စေ၊ အခကြေးငွေယူပြီး ဆက်ဆံပေးရန် လက်ခံလျှင်ဖြစ်စေ ပြည့်တန်ဆာ အက်ဥပဒေဖြင့် အရေးယူဖမ်းဆီးခွင့် ရှိသော်လည်း အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူများမှာ ဖမ်းဆီး အရေးယူခံရသည်ဟု တစ်ခါမျှ ကြားရခြင်း မရှိပေ။

“အမျိုးသား ပြည့်တန်ဆာတွေကျတော့ သူတို့ကွန်ရက်နဲ့ သူတို့ချိတ်ဆက်ပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်ကြတဲ့အတွက် အရေးယူနိုင်ဖို့ရာ ခဲယဉ်းပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောကြားသည်။ “အမျိုးသားဖြစ်လို့ အရေးမယူဘူးဆိုတာ မရှိပါဘူး” ဟု သူကဆက်ပြောသည်။

အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောကျ်ားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။

အခုတော့ ယင်းအချိန်ကရသည့် ဝင်ငွေဖြင့် အနိမ့်ကား တက္ကစီတစ်စီး ထောင်ထားသည်။ ကိုယ်တိုင်လည်း မောင်းရင်း ဝါသနာပါသည့် မော်ဒယ်လ်အလုပ် ဆက်လုပ်နိုင်ရန် အခွင့်အလမ်း ရှာနေဆဲ ဖြစ်သည်။

အင်တာနက် သတင်းစာ - iMirrorသတင်းအပြည့်အစုံကို iMirror မှာ ဖတ်ဖို့ အောက်က link ကို နှိပ်ပါAndroid သမားများbit.ly/imirrorPl...
10/07/2022

အင်တာနက် သတင်းစာ - iMirror
သတင်းအပြည့်အစုံကို iMirror မှာ ဖတ်ဖို့ အောက်က link ကို နှိပ်ပါ

Android သမားများ
bit.ly/imirrorPlaystore

Apple သမားများ အတွက်
bit.ly/imirrorAppstore

အင်တာနက် သတင်းစာ - iMirrorပြည်တွင်း ပြည်ပ ဖျော်ဖြေရေးပညာပေးစတဲ့ သတင်းပလင်း အစုံအလင်ကိုဖုန်းထဲကနေ ထိုင်ရာ မထ တစ်စုတစ်စည်း...
04/07/2022

အင်တာနက် သတင်းစာ - iMirror

ပြည်တွင်း ပြည်ပ
ဖျော်ဖြေရေး
ပညာပေး
စတဲ့ သတင်းပလင်း အစုံအလင်ကို
ဖုန်းထဲကနေ ထိုင်ရာ မထ တစ်စုတစ်စည်းတည်း ဖတ်နိုင်မယ့် အင်တာနက် သတင်းစာ - iMirror App

Android သမားများ ဒေါင်းရန် အောက်က link ကို နှိပ်ပါ
bit.ly/imirrorPlaystore

Apple သမားများ ဒေါင်းရန် အောက်က link ကို နှိပ်ပါ
bit.ly/imirrorAppstore

သတင်းအပြည့်အစုံကို iMirror မှာ ဖတ်ဖို့ အောက်က link ကို နှိပ်ပါAndroid သမားများbit.ly/imirrorPlaystore Apple သမားများ အတွ...
04/07/2022

သတင်းအပြည့်အစုံကို iMirror မှာ ဖတ်ဖို့ အောက်က link ကို နှိပ်ပါ

Android သမားများ
bit.ly/imirrorPlaystore

Apple သမားများ အတွက်
bit.ly/imirrorAppstore

01/07/2022
Spiderman:  Lockdown at homeထိုင်ရာမထ ဖတ်လိုက်ပါiMirror သတင်းစုံ App မှာဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်...
06/01/2022

Spiderman: Lockdown at home

ထိုင်ရာမထ ဖတ်လိုက်ပါ
iMirror သတင်းစုံ App မှာ

ဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇
https://mmsoftware100.page.link/imirror

စပိုက်ဒါ မန်းရဲ့ အမြင်-----ထိုင်ရာမထ ဖတ်လိုက်ပါiMirror သတင်းစုံ App မှာဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပ...
06/01/2022

စပိုက်ဒါ မန်းရဲ့ အမြင်

-----

ထိုင်ရာမထ ဖတ်လိုက်ပါ
iMirror သတင်းစုံ App မှာ

ဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇
https://mmsoftware100.page.link/imirror

ထိုင်ရာမထ ဖတ်လိုက်ပါiMirror သတင်းစုံ App မှာဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇https://mmsoftware100.p...
03/01/2022

ထိုင်ရာမထ ဖတ်လိုက်ပါ
iMirror သတင်းစုံ App မှာ

ဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇
https://mmsoftware100.page.link/imirror

ကိုယ့်ချစ်သူရဲ့ ဖေ့ဘုတ် အကောင့်ကို ဘယ်လို ဟက်ကြမလဲ?ဒီ ဆောင်းပါး မှာတော့ ကိုယ့်ချစ်သူ ကောင်မလေး / ကောင်လေး ရဲ့ ဖေ့ဘုတ်, အ...
01/01/2022

ကိုယ့်ချစ်သူရဲ့ ဖေ့ဘုတ် အကောင့်ကို ဘယ်လို ဟက်ကြမလဲ?

ဒီ ဆောင်းပါး မှာတော့ ကိုယ့်ချစ်သူ ကောင်မလေး / ကောင်လေး ရဲ့ ဖေ့ဘုတ်, အင်စတာဂရမ် စတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို ဘယ်လို ဟက်ရတယ်ဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကုတ်တွေရေးပြီး ကွန်ပျူတာနဲ့ ပတ်သက်တဲ့အလုပ်တွေ လုပ်တဲ့အခါ ချက်ဘောက်မှာ အများစုက ဒါမျိုး လာမေးကြတယ်။

"ဆရာ! ကျွန်တော့ ကောင်မလေး အကောင့်ကို ဟက်ပေးနိုင်မလား"
"သူက ဖောက်ပြန်နေတာလား မသိဘူးရှင့်၊ သမီး ကောင်လေး မက်ဆင်ဂျာ ကို ဟက်ပေးလို့ ရမလား "

ဒီလို စာပို့လာရင် တော်တော်များများကို လစ်လျူရှုလိုက်တာ များပါတယ်။ ဖေ့ဘုတ်ကို ဟက်ဖို့ဆိုတာ အင်မတိ အင်မတန်ခက်တဲ့အပြင် ထောင်တွေတန်းတွေနဲ့လည်း နီးတာကိုး။

ထားပါတော့၊ တစ်ယောက်ချင်းစီကို စာပြန်နေဖို့ အဆင်မပြေတော့ ကိုယ့် ကောင်မလေး / ကောင်လေး ရဲ့ ဖေ့ဘုတ်အကောင့်ကို ဘယ်လို ဟက်ရမယ်ဆိုတာကို ကျွန်တော် ဒီကနေပဲ ဖြေပေးလိုက်ပါမယ်။

ဖေ့ဘုတ် အကောင့်ကို ဟက်မယ့် ပထမ အဆင့်ကတော့ "မ ဟက် ပါ နဲ့ "
ဒီအကြောင်းကို စဉ်းတောင် မစဉ်းစားပါနဲ့။ တစ်ဘက်လူက ခွင့်မပြုရင် ဝင်ကြည့်ဖို့ စိတ်မကူးပါနဲ့။

ကိုယ့်လူကိုယ် မယုံဘူးဆိုရင် ၊ ကိုယ့်မှာ trust issue ရှိနေမယ်ဆိုရင် မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောပါ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကိုယ့်ပြဿနာကို တိုင်ပင်ပါ၊ ဒါမှမဟုတ် စိတ်ပညာအထူးပြု ဆရာဝန်တစ်ယောက်နဲ့ တွေ့ပါ။

ကိုယ့်လူကို ကိုယ်မယုံပဲ အကောင့်ကို ခိုးကြောင်ခိုးဝှက်ဝင်ကြည့်ပြီး ကိုယ့်အနားမှာ နေအောင် ထိန်းချူပ်ထားတာမျိုးက မလုပ်ကောင်းတဲ့ အရာထဲမှာ ပါတယ်။ အဲ့လိုလုပ်လို့ရရင်တောင် ကြာရင် ပြတ်မှာပဲ။

ပြတ်လည်း အရေးမစိုက်ဘူးဆိုရင်တောင် နောက်ဆက်တွဲ တွေရှိသေးတယ်။ ဒီလို တစ်ခြားလူတစ်ယောက်ရဲ့ confidential information တွေကို ခိုးယူတာဟာ ရာဇဝတ်မှု မြောက်တဲ့အတွက် အချိန်ကုန် ငွေပမ်းပြီး ထောင်ကျတာတွေ ဘာတွေ ဖြစ်နိုင်သေးတယ်။

ဘာလို့ confidential information တွေကို ခိုးယူတဲ့အကြောင်းတွေ ပြောနေရလဲ ရတာလဲ? ဖေ့ဘုတ် အကောင့်တွေရဲ့ လုံခြုံရေး စနစ်ဟာ ကိုယ်ထင်ထားတာထက် ပိုပြီး လုံခြုံပါတယ်။ လုံခြုံလွန်းလို့ ကိုယ့်အကောင့်ကိုတောင် ဝင်မရပဲ တိုင်ပတ်နေတဲ့သူတွေလည်း အများကြီး။ ပြောချင်တာက တကယ်ဟက်နိုင်ရင် ဖေ့ဘုတ်ကိုသာ သတင်းပို့လိုက်ပါ။ ယူအက်စ် ဒေါ်လာ ဂဏန်း ငါးလုံး နဲ့ ခြောက်လုံးကြား ဆုချပါလိမ့်မယ်။

အခု ဟက်ခံလိုက်ရတယ်ဆိုတဲ့ ဖေ့ဘုတ်အကောင့် အများစုဟာ Phishing လို့ခေါ်တဲ့ အတုအယောင် login page တွေမှာ ကိုယ့် username နဲ့ password ကို အမှတ်မထင် ထည့်လိုက်မိလို့ ပါသွားတာ များပါတယ်။ မပါချင်ရင် တရားဝင် app နဲ့ website တွေပဲ သုံးပါ။

ဘာလို့ ဒီ စာကို ရေးတာလဲ?
ဒီနေရာအထိ စာဆက်ဖတ်နေသေးတယ်ဆို တွေးနေမှာပါ၊ ဒီလို ပေါက်ကရ စာကို ဒီလူ ဘာလို့ အချိန်ကုန်ခံ ရေးနေလဲလို့။
အများစုက ဟက်ကာ ဆိုတာ ရုပ်ရှင်ထဲကလိုပဲ ကွန်ပျူတာရှေ့မှာ တတောက်တောက် ရိုက်ရင် အကုန်ဖြစ်တယ်ပဲ ထင်နေကြတာ ဆိုတော့ သူတို့ တောင်းဆိုနေတာဟာ ကျင့်ဝတ်နဲ့ မညီဘူး၊ ဉပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ အကြောင်း ရှင်းပြဖို့ တာဝန်ရှိတယ်ထင်လို့ ဒီစာကို ရေးဖြစ်တာပါ။

*** Octavian Mihail Romanescu ရဲ့ How to hack your girlfriend’s Facebook or Instagram ကို သင့်တော်သလို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ***

ထိုင်ရာမထ ဖတ်လိုက်ပါiMirror သတင်းစုံ App မှာဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇https://mmsoftware100.p...
28/12/2021

ထိုင်ရာမထ ဖတ်လိုက်ပါ
iMirror သတင်းစုံ App မှာ

ဖုန်းထဲမှာ ထည့်ထားဖို့ အောက်က link ကိုနှိပ်လိုက်ပါ 👇👇
https://mmsoftware100.page.link/imirror

Address


Website

Alerts

Be the first to know and let us send you an email when iMirror - အင်တာနက် သတင်းစာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to iMirror - အင်တာနက် သတင်းစာ:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share