Myanmar Online Broadcasting

  • Home
  • Myanmar Online Broadcasting

Myanmar Online Broadcasting Myanmar Online Broadcasting

18/03/2017
MEB Online Store

MEB Online Store

၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ခြင်း HD 720p
18.3.2017

08/06/2013
MRTV

MRTV

မက္ကဆီကို စီးတီးတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဇွန်လ (၆)ရက်နေ့တွင် ဖြစ်ပွား

05/06/2013

မြန်မာအသင်းမှစင်္ကာပူအသင်းအား (၂)ဂိုးဂိုးမရှိဖြင့်ရှုံးနိမ့်

ရန်ကုန် ၊ ဇွန်(၅)


ဇင်လင်း(MMOB)။ ။ဇွန်လ (၄) ရက်နေ့  တွင် ရန်ကုန်မြို့  သုဝဏ္ဏကွင်း တွင် အိမ်ရှင်မြန်မာအသင်း နှင့် ဧည့်သည် စင်္ကာပူအသင်း တို့  ချစ်ကြည်ရေးခြေစမ်းပွဲ အား ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရှိရသည်။ ၄င်းပွဲတွင် အိမ်ရှင်မြန်မာအသင်း မှ ဧည့်သည်စင်္ကာပူအသင်းအား ၂ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဆိုးရွားသောရလဒ်အား ရရှိခဲ့သည်။ စင်္ကာပူအသင်းအတွက် အဖွင့်အား ပထမပိုင်းပွဲချိန် (၁၀)မိနစ်တွင် ကျောနံပါတ်(၁၉) ဟရူအမ်ပရီ မှ သွင်းယူခဲ့ပြီး စင်္ကာပူအသင်း ၏ ဒုတိယဦးဆောင် ဂိုးအား (၁၂) မိနစ်တွင် ကျောနံပါတ်(၃) ရှိင်းဖူအီစာ မှ သွင်းယူခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာအသင်း မှ ခြေပဂိုးပြန်လည် ရရှိရန် အတွက် ကြားစာရာတွင် မြန်မာအသင်းမှ ကွင်းလယ်ကစားသမား ကျောနံပါတ်(၇) ရန်အောင်ဝင်း ကစားပုံ ကြမ်းတမ်းမှု ကြောင့် ကွင်းလယ်ဒိုင်လူကြီး မှ တိုက်ရိုက် အနီကဒ်ပြသ၍ ထုတ်ပယ်ခဲ့သည်။ အိမ်ရှင် မြန်မာအသင်း မှ ခြေပဂိုးပြန်လည်ရရှိရန် အခွေးအရေးများရရှိခဲ့သော် လည်း ၄င်းအခွင့်အရေးများ အားပိုင်နိုင်သွာ အသုံးမချခြင်း ကြောင့် ခြေပဂိုးရရှိရန် အခွင့်အရေးများ ဆုံးရှုံးခဲ့ရပြီး ပင်နတီပစ်ဒဏ်ဘောလုံး အား ကန်သွင်းရာတွင် စင်္ကာပူ အသင်း ၏ ဂိုးသမား မှာ နေရာယူ မှန်မှန် ဖြင့် ကာကွယ် လိုက်နိုင်ခြင်းကြောင့် မြန်မာအသင်း ခြေပဂိုးရရှိရန် အခွင့်အရေးတစ်ကြိမ် ထပ်မံ ဆုံးရှုံးခဲ့ရသည်။ ထိုပွဲ နှင့်ပတ်သတ်ပြီး မြန်မာအသင်း နည်းပြမှ "စင်္ကာပူအသင်းက အရမ်းကောင်းသောအသင်းဖြစ်ပြီး စင်္ကာပူအသင်းယခုလိုအနိုင်ရသွားတဲ့အတွက် ကျွန်တော့် အနေနဲ့ ချီးကျူး ပါတယ်" ဟုပြေားခဲ့သည်။ ၄င်းမှ ဆက်လက်ပြောကြားရာတွင် "မြန်မာအသင်းကစားသများမှာအားနည်းချက်များရှိနေပြီး တစ်ဦးချင်းပညာပိုင်း တစ်သင်လုံးပိုင်းမှာပါ အားနည်းချက်များရှိနေပါတယ် ဘောလုံးပညာအားနည်းချက်ကို ကျွန်တော့် အနေ နဲ့  အချိန်တိုလေးအတွင်း မမှာ လုပ်ယူလို့ မရပါဘူး ကျွန်တော် လုပ်ယူနေတာ က ကြံ့ ခိုင်မှု နဲ့  ကင်းကွက်နှစ်ခုကိုအခြေခံပြီးလုပ်ယူနေတာပါ လာမည့် SEA Game ပွဲမှာ ကြံ့ခိုင်မှုအပိုင်း နည်းစနစ်အပိုင်းဖြင့် ကစားသွားမှာပါ" ဟုပြောကြားခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယခုပွဲ အားဖြစ်အောင်ပြင်ဆင်ပေးခဲ့မှုကြောင့် မိမိအနေဖြင့် အထူးကျေးဇူးရှိပါပါကြောင်း စင်္ကာပူအသင်း နည်းပြမှ ပြောကြားခဲ့သည်။ ၄င်းမှ ဆက်လက်ပြောကြားရာတွင် " မြန်မာလူမျိုးတွေ ရဲ့  ယဉ်ကျေးဖော်ရွေမှု နွေးထွေးစွာကြိုဆိုသောကြောင့် ကျွန်တော့် အနေ နဲ့  ကျေးဇူးတင်ရှိပါတယ်" ဟု ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ ထိုပွဲ သို့  မြန်မာပရိတ်သတ် ဦးရေ ၁၂၀၀ တက်ရောက်အားပေးခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။

ဓာတ်ပုံ-ဇင်လင်း

03/06/2013

သဲသဘောင်္နဲ့ငြိ ဒဂုံမြို့ သစ် လူကူး ကြိုးတံတား ဆိုင်းကြိုးပြတ်

ဒဂုံမြို့ သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတွေ အသုံးပြုသည့် တံတားဆိုင်းကြိုးပြတ်ခဲ့ခြင်းကြောင့် ယနေ့ ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး ပိတ်ခဲ့ကြောင်း ဒဂုံမြို့ သစ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သဲတင်သဘောင်္နဲ့ ငြိမ်ပြီး ပြတ်ခဲ့တာပါ။ ပုံမှန်တော့ သဲတင်သဘောင်္ လာနေကြပဲ။ ဒီနေ့မှ ငြိပြီး ပြတ်ခဲ့တာပါ။ ဟု ၎င်းက ဆိုသည်။

ယင်းသဲတင်သဘောင်္ကို အရေးယူထားကြောင်းရှိမရှိ မေးမြန်းရာ "သက်ဆိုင်ရာက အရေးယူဆောင်ရွက်မှု ပြုနေပါတယ်။ ကျွန်တော်တို့ ဖြေခွင့်မရှိပါဘူး" ဟု ၎င်းက ဆိုသည်။

အဆိုပါ ကြိုးတံတားသည် ၁၉၉၁ခုနှစ်မှ စတင်ပြီး အသုံးပြုခဲ့သည်။

03/06/2013

ယနေ့  ဇွန်လ(၃) ရက်နေ့  တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ် တွင် မိုးသည်းထန်စွာ ရွာသွန်းသော ကြောင့် ရေကြီးရေလျှံ မှု များ ဖြစ်ပွားခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

03/06/2013

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

02/06/2013

Myanmar Yong Enterpreneur Association မှ စီစဉ်သော Myanmar Job Fair 2013 အား မေလ 31 ရက်နေ့  မှ စတင်ကျင်းပခဲ့ပြီး ယနေ့  ဇွန်လ 2 ရက်နေ့  နောက်ဆုံး နေတွင် ပြပွဲ သို့  လာရောက်သူများ အလွန်များပြားခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

01/06/2013

ရန်ကုန်မြို့  လသာမြို့ နယ် အတွင်း ရှိ လမ်းမတော်လမ်း နှင့် လသာလမ်း ကြား မဟာဗန္ဓုလလမ်း မပေါ် ရှိ ညဈေး သည် များ ဈေးရောင်းသောနေရာ သည် လမ်းမပေါ် သို့  အလွန် အကျွံ ရောက်နေခြင်း ကြောင့် ကားလမ်း များ ပိတ်ဆို့  လျှက် ရှိကြောင်း MMOB မှ သိရှိရသည်။

ဓာတ်ပုံ-ဇင်လင်း

01/06/2013

ရန်ကုန်မြို့  ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ် အနီးရှိ အာဇာနည် ဗိမာန် အား အများပြည်သူများ လေ့လာနိုင်ရန်အတွက် ယနေ့  ဇွန်လ (၁) ရက်နေ့  တွင်စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။ အာဇာနည် ဗိမာန် အား နေ့စဉ် နံနတ် (၈း၀၀)နာရီ မှ ညနေ(၅း၀၀)နာရီအထိ ဖွင့်လှစ်ထားသည် ယနေ့  ဗိမာန် သို့  လာရောက် ဂါရဝပြုကြသူများ ဖြင့် စည်ကားလျှက်ရှိကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

01/06/2013

ရွှေဂုံတိုင် ဂုံးကျော်တံတား စီမံကိန်း ကြောင့် ကမ္ဘာအေးဘုရားလမ်း မှ ကား များ သည် ယာဉ်ကြောပိတ်ဆို့  မှုများကြုံနေရခြင်းကြောင့် ရေတာရှည်လမ်းဟောင်း အား အသုံးပြု၍သွားနေရကြောင်း သိရှိရသည်။ ရွှေဂုံတိုင် ဂုံးကျော်တံတား စီမံကိန်းတည် ရှိရာ ကမ္ဘာအေးဘုရားလမ်း မှာ ကျဉ်းသော ကြောင့် ကားများ အခက်နှင့် နေ့ စဉ် သွားလာနေသော ယာဉ်မောင်း တစ်ဦး "ကျွန်တော် တို့  ဆူးလေ ကနေ ပြန်ဆင်းရင် ရွှေတိဂုံတိုင် မှာ လမ်း အရမ်းပိတ်နေပြီ ဆိုရင် ရေတာရှည်လမ်းဟောင်း ကနေ သွားပြီး ရွှေတိဂုံတိုင်လမ်း ပေါ်ကို တက်ရပါတယ် နောက်မို့  ဆိုရင် လမ်းပိတ်တာ အကြာကြီး ကျွန်တော် တို့  ကားတွေ လည်း ထပ်သွားမယ် ခရီးသည်တွေ လည်း အချိန်နှောင့်နှေးကြံ့ကြာမှုတွေ မရှိတော့ပါဘူး" ဟု MMOB သို့ ပြောကြားခဲ့သည်။

ဓာတ်ပုံ-ဇင်လင်း

31/05/2013

ခေမီကို ၏ ရက်ရက်စက်စက်ကြွေ VCD Promotion ပွဲ အား ရန်ကုန်မြို့  ပြည်လမ်း ရှိ တော်ဝင်စင်တာ ပထမထပ် Promotion Area မှာ ယနေ့  မေလ(၃၁)ရက်နေ့  ညနေ ၅း၀၀နာရီ မှ စတင်ပြီးတော့ ခေမီကိုနှင့် အတူ အနုပညာမောင်နှမ များမှ အမှတ်တရလတ်မှတ်များ ရေးထိုးပေးပြီး တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

31/05/2013

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့ နယ် အတွင်း ရှိ ဝေဇယံတာ လမ်း အား ယာဉ်ကျော်ပိတ်ဆို့ မှ မှု ကင်းဝေးစေရန် လမ်း အား ချဲ့ ပြီး ကွန်ကရစ်များ လောင်း ၍ ပြုလုပ်နေခြင်းသည် မကြာခင်ရက်ပိုင်းအတွင်း ပြီးဆုံးတော့မည် ဖြစ်ကြောင်း MMOB မှ သတင်းရရှိပါသည်။

31/05/2013

Myanmar Yong Enterpreneur Association မှ ကြီးမှူးကျင်ပသည့် ၃ကြိမ်မြောက် Myanmar Job Fair 2013 အခန်းအနား အား ရန်ကုန်မြို့  တပ်မတော်ခန်းမ တွင် ယနေ့  မေလ (၃၁) ရက်နေ့ မှ စပြီး ဇွန်လ ၂ ရက်နေ့ သည် ကျင်းပမည် ဖြစ်ကြောင် သတင်ူရရှိသည်။ ထို ပွဲ တွင် ပြခန်းပေါင်း ၁၂၁ခန်းပါရှိပြီ ရုံးပေါင်း၇၅ခု ပါရှိပြီး သင်တန်းကျောင်းများ လည်းပါရှိသည် ပြပွဲ အား နံနက်(၈း၀၀)နာရီ မှ ညနေ (၅း၀၀)နာရီ အထိပြုလုပ်လျှက် ရှိကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

30/05/2013

ကား အား စည်းကမ်း မဲ့စွာ လမ်းမပေါ်တွင် ရပ်နား ထားပြီး ယာဉ်မရပ် ရန် သတ်မှတ်ထားသော နေရာ တွင် ယာဉ်အား ရပ်နား ထားသည် ကို ယနေ့  မေလ (30) ရက်နေ့  ညနေ ပိုင်း က ဗိုလ်ချုပ်ဈေး အရှေ့  တွင် တွေ့  ရှိရသည်။

30/05/2013

ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်း လမ်း မပေါ် ရှိ ဗိုလ်ချုပ်ဈေး အရှေ့ မှ စတင်ပြီး ဆူးလေဘုရားလမ်း မီးပွိုင့် အထိ ကားလမ်း များ ပိတ်ဆို နေသည်။ ၄င်း ပိတ်ဆို့ ရခြင်း ၏ အကြောင်းအရင်း မှာ ကားများသည် လမ်းမပေါ်တွင် စည်းကမ်းမဲ့စွာ ရပ်နားထားခြင်း ကြောင့် အဓိက ရုံးဆင်းချိန်များတွင် လမ်း များပိုဆို ပိတ်ဆို လျှက် ရှိကြောင်း MMOB မှ သတင်းရရှိသည်။

30/05/2013

ရန်ကုန်မြို့  မဟာဗန္ဓုလပန်းခြံ အတွင် မှ ရေပန်း ၂ ခု အနက် ရှေ့ နေရုံးချုပ်ဘက်မှ ရေပန်း အား ရေကန်းကန်ပြုလုပ်ရန် စီစဉ်လျှက် ရှိကြောင်း MMOB မှ သတင်းရရှိပါသည်။

30/05/2013

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့  မိးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေးအသိပညာပေးရေးဌာန မှ ရန်ကုန်မြို့  စမ်းချောင်းမြို့  နယ် မြေနီကုန်းမီးပွိုင့် အနီးတွင် မီးသတ်ပစ္စည်းကိရိယာပြခန်း နှင့် မိးသတ်အသိပညာပေးပြခန်း အား ဖွင့်လှစ်ထားရှိကြောင်းသိရှိရသည်။ ၄င်းပြခန်းတွင် အင်္ဂလိပ်ခောတ်မှ စပြီး ယနေ့  ခောတ်အထိ ခောတ်အဆက်ဆက် အသုံးပြုခဲ့သော မီးသတ်ပစ္စည်းများ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော ပစ္စည်းများအား ပြသထားရှိပြီး အသိပညာပေးဟောပြောပွဲ များ အား နေ့ စဉ် ပြုလုပ်လျှက် ရှိကြောင်းသတင်းရရှိသည်။ ၄င်းပြခန်း အား နေ့ စဉ် နံနတ်(၉း၃၀) နာရီ မှ (၁၁း၃၀)အထိ တစ်ကြိမ် နေ့ လည် (၁း၀၀)နာရီ မှ (၃း၀၀)နာရီ အထိ တနင်္လာ မှ သောကြာ အထိ ဖွင့်လှစ်လျှက်ရှိကြောင်း MMOB မှ သတင်းရရှိပါသည်။

ဓာတ်ပုံ-ဇင်လင်း

30/05/2013

ရန်ကုန်မြို့ တွင် နေ့ စဉ် သွားလာလျှက် ရှိသော ပြည်သူလူထု များ အန္တရယ် ကင်းရှင်းရေး အတွက် တာဝန်ရှိသူများ အား ပြည်သူလူထု အား လူကူးမျဉ်းကျားမှ လမ်းကူးရန် အသိပေးနေပြီး လူကူးမျဉ်းကျားမှ မကူး သူများအား ဖမ်းဆီး၍ ရုံးတွင် အသိပညာပေးဟောပြောမှု များ ပြုလုပ်ပြီး ပြန်လည်လွှတ်ပေးကြောင်း တာဝန်ရှိသူ တစ်ဦး က MMOB သို့ ပြောကြားခဲ့သည်။

ဓာတ်ပုံ- ဇင်လင်း

30/05/2013

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့ နယ် လှည်းတန်းလုံးဆုံအား ကျော်ဖြတ်ကာ ပြည်လမ်းမ အတိုင်း တည်ဆောက်ထားသော လှည်းတန်း ဂုံးကျော်တံတားက ယနေ့  မေလ(၃၀)ရက်နေ့  မနက် ၇း၀၀နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ နှင့် တာဝန်ရှိသူများတက်ရောက်ပြီး ဖဲကြိုးဖြတ်ကာဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။ တံတားအမျိုးအစားမှာ သံမဏိယက်မနှင့်သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည် မှာ ၂၅၀၇ပေပဖြစ်သည်။ အုတ်မြစ်အမျိုးအစားမှာ သံကူကွန်ကရစ် လွန်တူးဘိုင်းပိုင် အမျိုးအစားဖြစ်ပြီး သံမဏိယက်မ နှင့် ကံကူကွန်ကရစ်ကြမ်းခင်းလမ်းရန်း များဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် ၄၄ပေ၈လက်မ နှင့် တံတားအကျယ် ၅၀ပေ၈လက်မ တို ဖြစ်သည်။ တစ်ဖက်လျှင် လူသွားလမ်းအကျယ် ၃ပေ ပါရှိသည်။ တံတားအောက် ကင်းလွတ်အမြင့် မှာ ၁၈ပေဖြစ်သည်။ ယာဉ်တစ်စီးချင်းခွှင့်ပြုတန်ချိန် မှာ(၆၀)တန် ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်စုစုပေါင်း ၉၈ပေ၈လက်မ ဖြစ်ကြောင်းသိရှိရသည်။ ၄င်းတံတားဖွင့်ပွဲ ကဗျည်းမော်ကွန်းကျောက်စာတိုင် အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြိး ဦးမြင့်ဆွေ မှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တံတားပေါ်သို့  ဖြတ်သန်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။ ဓာတ်ပုံ-ဇင်လင်း

29/05/2013

MRTV – 4, Channel 7 နှင့်ဆက်စပ်ရုပ်သံလိုင်းများတွင် Production အလုပ်သင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ကျား (၁၅၀) ဦး အလိုရှိသည်။

• တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (သို့) တက္ကသိုလ်တက်ရောက်နေသူများ။
• အင်္ဂလိပ်စာအခြေခံအရေး၊ အဖတ်ကောင်းမွန်ရမည်။
• HD Camera (သို့) Video Camera ကင်မရာရိုက်ကူးမှု့ အတွေ့အကြုံရှိသူဦးစားပေးမည်။
• Production Process များကို နားလည်တတ်ကျွမ်းသူဖြစ်ရမည်။
• အချိန်၊ နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• ကျန်းမာရေး အထူးကောင်းမွန်သူဖြစ်ရမည်။
• အလုပ်သင်ဝန်ထမ်းအဖြစ်ရွေးချယ်ခံရသူများအား လုပ်ငန်းခွင်စာတွေ့၊ လက်တွေ့သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားမှုအပေါ်ကိုမူတည်၍ Camera Man နှင့် Camera Assistance ရာထူးများသို့ တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မှီရိုက်ကူးထုတ်လွှင့်မှုများအား ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သော အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်သည်။

လျှောက်ထားသူများသည် ကိုယ်ရေးအချက်အလက် CV Form ၊ သက်ဆိုင်ရာ အောင်လက်မှတ်မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ (၁)လအတွင်း ရိုက်ကူးထားသောရောင်စုံဓါတ်ပုံ(၂)ပုံ၊ သန်းခေါင်စာရင်း မိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းထောက်ခံစာ စသည့်တို့ဖြင့် ရုံးချိန်အတွင်းMMDC (Junction Squre)သို့ လာရောက် လျှောက်ထားနိုင်ပါသည်။

News by DS

29/05/2013

Timeline Photos

29/05/2013

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ နယ် ရွှေတိဂုံစေတီတော် အရှေ့ ဘက်မုခ် တွင် ရှိသော ကြေးသွန်းကြီးဘုရား မှ စတင်ပြီး မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး သံဃာတော်(၁၁)ပါး လူ(၇)ဦး တို့ ဖြင့် ညနေ (၃း၃၀)နာရီ ခွဲ အချိန် မှ စတင်ပြီး ကြေးသွန်းကြီး ဘုရားမှ ရွှေတိဂုံစေတီတော် အပေါ် သို့  ရဲမင်းဦး နှင့် တကွ မတရားထိမ်းသိမ်းဖမ်းဆီးခြင်း ခံနေရသော အကျဉ်းသားများ လွတ်မြောက်ရေး အတွက် မေတ္တာပို့ ဆောင်းတောင်း ပြီး ရွှေတိဂုံစေတီတော် အရှေ့ ဘက်မုခ် မှ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ခဲ့ကြောင်းသိရှိရသည်။ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီး ဇောင်းတန်း တွင် မေတ္တာပို့ ဆုတောင်း ပြီး အောင်မြေတွင် ထပ်မံ၍မေတ္တာပို့ ဆုတောင်းခဲ့ပြီး ညနေ ၄း၃၀ နာရီ အချိန် တွင် ရွှေတိဂုံစေတီတော် မှ ရန်ကုန်မြို့ တော် ခန်းမ ဘက်သို့  ကား(၃)စီးဖြင့် ဆက်လက်ထွက်ခွာသွားပြီး ဆူးလေ တွင် ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက် မှ ကိုဝေဠု နှင့် တွေ့ ဆုံခဲ့ပြီး ကိုဝေဠု က "ဒီကိုလာကတော့ ဘုရားမှာ ဆိုခဲ့တာနဲ့  ဒီကိုလာတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးကျောင်တိုက် ကို လာကြည့်တယ် ဘာကြောင့်လဲ ဆိုတော့ မုံရွာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားမဂ္ဂ အဖွဲ့ ဖြစ်တဲ့ မုံရွာမြို့ က ဘကသခေါင်းဆောင် ကိုဟိန်းဇော်ဝင်း ၊ လက်ပတောင်းတောင် ကယ်တင်ရေးကော်မရှင် အဖွဲ့ က ဦးမြင့်အောင် သူ အပါအဝင် ၃ယောက် ကို တောင်ကြည့်ပွဲကြောင့် လက်ပတောင်းတောင် ကြီး ကို ကြည့် လို့ ဆိုပြီး အမှုဖွင့် တရားဆွဲထားတယ် ကျွန်တော်တို့ ကို အမှုဖွင့် တရားဆွဲရင်လည်း ခံဖို့ အသင့်ပါပဲ" ဟုပြောကြားခဲ့ပြီး ညနေ 5း၃၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း MMOB မှ သတင်းရရှိပါသည်။
ဓာတ်ပုံ-ဇင်လင်း

29/05/2013

လှည်းတန်းဂုံးကျော်တံတား မေလ(၃၀) ရက်နေ့ ဖွင့်ပွဲ ပြုလုပ်မည်

ရန်ကုန် ၊ မေ(၂၉)

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့  နယ် ပြည်လမ်းမ ပေါ်တွင် တည်ဆောက်ထားသော လှည်းတန်း ဂုံးကျော်တံတား အား မနက်ဖြန် မေလ (၃၀)ရက်နေ့  နံနတ်(၇း၀၀) နာရီ တွင် ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်သောကြောင့် ယနေ့  မေလ (၂၉) ရက်နေ့  နေ့ လည်ပိုင်းမှ စတင်ပြီး လှည်းတန်း ဂုံးကျော်တံတားပေါ်တွင် ယာဉ်အသွားအလာများအား ရပ်နားထားကြောင်း MMOB မှ သတင်းရရှိသည်။

ဓာတ်ပုံ-ဇင်လင်း

17/03/2013
Pyi Thu Oo Yin Water Light Show with Thing Gyan Song tone chan chan

ပြည်သူ့ဥယျာဉ်မှ ရေပန်းရုပ်ရှင်အား သင်္ကြန်သီချင်းဖြင့် တင်ဆက်ပြသ သရုပ်ဖော်မှု

March 16, 2013, Evening around 7:16 PM

http://youtu.be/pQbhsPPoQsE

ပြည်သူ့ဥယျာဉ် သင်္ကြန် သီချင်း တုံချမ်းချမ်းသီချင်းဖြင့် မီးရောင်စုံရေပန်း ဖျော်ဖြေတင်ဆက်မှု

Address


Alerts

Be the first to know and let us send you an email when Myanmar Online Broadcasting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Online Broadcasting:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share