Shwe Mg Mg Crime News Mtla

  • Home
  • Shwe Mg Mg Crime News Mtla

Shwe  Mg  Mg   Crime News Mtla Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Mg Mg Crime News Mtla, Media/News Company, .
(1)

မဲဆွယ်စည်းရုံးရေးကာလအတွင်းလိုက်နာဆောင်ရွက်ရမည့်သတ်မှတ်ချက်များစည်းဝေးညှိနှိုင်းပြီးဆုံးဖြတ် ချက်များချမှတ်စက်တင်ဘာ(၂၃)ရေ...
23/09/2020

မဲဆွယ်စည်းရုံးရေးကာလအတွင်းလိုက်နာဆောင်ရွက်
ရမည့်သတ်မှတ်ချက်များစည်းဝေးညှိနှိုင်းပြီးဆုံးဖြတ်
ချက်များချမှတ်

စက်တင်ဘာ(၂၃)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာခရိုင်ရွေးကောက်
ပွဲကော်မရှင်(ရုံးခွဲ)တွင်ပါတီစည်းရုံးရေးကာလ၌ပါတီ
ဝန်းရံသူများပြားမှုကြောင့်မလိုလားအပ်သောပြဿ
နာများဖြစ်ပွားခဲ့၍ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
များသက်ဆိုင်ရာပါတီများမှခရိုင်ရွေးကောက်ပွဲဆိုင်ရာ
စေ့စပ်ညှိနှိုင်းရေးကော်မတီတွင်ပါဝင်သောကိုယ်စား
လှယ်များအားဖိတ်ကြား၍အစည်းအဝေးပြုလုပ်ညှိနှိုင်း
ပြီးဆုံးဖြတ်ချက်များချမှတ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင်လတ်တလောကာလမှာ
Covid 19 ရောဂါကူးစက်ဖြစ်ပွားမှုများပြားလာသည့်
အတွက်လွှတ်တော်ကိုယ်စားလှယ်လောင်းများ
အနေဖြင့်မဲဆွယ်စည်းရုံးရေးများဆောင်ရွက်သည့်အခါ
Corona Virus Disease Covid 19 ကာကွယ်
ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ
ထုတ်ပြန်ထားသောမဲဆွယ်စည်းရုံးရေးလုပ်ငန်း
ဆောင်ရွက်ရာ၌လိုက်နာရန်အချက်များ၂၀၂၀ပြည့်နှစ်
ရွေးကောက်ပွဲနှင့်စပ်လျင်းသည့်ကျမ်းမာရေးလုပ်ငန်း
လမ်းညွှန်(sop)သက်ဆိုင်ရာမှအချိန်ကာလနေရာ
ဒေသအလိုက်ထုတ်ပြန်ထားသည့်ကျမ်းမာရေး
ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီလိုက်နာဆောင်
ရွက်ကြရန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍တက်ရောက်လာသူများညှိနှိုင်း
ဆွေးနွေးဆုံးဖြတ်ချက်များအရကျမ်းမာရေးဝန်ကြီး
ဌာနမှထုတ်ပြန်ထားသောလိုက်နာရန်အချက်များနှင့်
ကိုက်ညီမှုရှိရန် နိုင်ငံရေးပါတီများနှင့်မသက်ဆိုင်သော
အလံများဥပမာ- သာသနာ့အလံ တိုင်းရင်သားလူမျိုး
တ်ို့၏အထွဋ်အမြတ်အလံများအားအသုံးပြုခြင်းမရှိ
ရန် ယာဉ်သွားလာခြင်းများကိုအနှောက်အယှက်မဖြစ်
စေရေးနှင့်လမ်းများပိတ်ဆို့ခြင်းမပြုရန် လှည့်လည်နေ
သောယာဉ်တန်းများကြားဆ်ုင်ကယ်များဖြင့်နှောက်
ယှက်ဖြတ်သန်းစီးနင်းခြင်းမပြုရန်နှင့်ဆူညံသောအိပ်
ဇောများတတ်ဆင်အသုံးမပြုရန် ရပ်ကွက်ကျေးရွာ
နေပြည်သူများအနှောက်အယှက်ဖြစ်စေမည့်အသံချဲ့
စက်များဆောင်းဘောက်များကိုစည်းကမ်းနှင့်အညီ
အသုံးပြုရန် အချင်းချင်းထိတွေ့ပွတ်တိုက်မှုများ
မဖြစ်ပေါ်စေရေးအတွက်အရက်သေစာသောက်သုံး
ခြင်းများမပြုလုပ်စေရန် စသည်တို့အားမိမိပါတီဝင်
များနှင့်မိမိပါတီ၏Logo အမှတ်အသားပါအကျီင်္ဝတ်
ထားသောပါတီဝန်းရံသူများအားလိုအပ်သလိုကြပ်
မတ်ကွပ်ကဲကြရန်ဆုံးဖြတ်ချက်များချမှတ်၍နိုင်ငံရေး
ပါတီအားလုံးသို့မိတ္တီလာခရိုင်ရွေးကောက်ပွဲကော်
မရှင်မှအကြောင်းကြားစာများပေးပို့ထားကြောင်း
သိရသည်။
အစည်းအဝေးပွဲသို့မိတ္တီလာခရိုင်ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဌ ဒေါက်တာသန်းထွန်းနှင့်အဖွဲ့ဝင်များ
သက်ဆိုင်ရာပါတီများမှခရိုင်ရွေးကောက်ပွဲဆိုင်ရာ
စေ့စပ်ညှိနှိုင်းရေးကော်မတီတွင်ပါဝင်သောပါတီအဖွဲ့
အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြ
ပြီးဥပဒေ နည်းဥပဒေများနှင့်အညီအပြန်အလှန်
ပူးပေါင်းညှိနှိုင်းဆွေးနွေး၍ဆုံးဖြတ်ချက်များချမှတ်ခဲ့
ကြကြောင်းသိရသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းအချို့မှအသင်းသားများထံချေးငွေများပြန်လည်ကောက်နေမှုအပေါ်အသင်းသားများအတွင်းဝေဖန်မှုများဖြစ်ပေါ်စ...
23/09/2020

အသေးစားငွေရေးကြေးရေးလုပ်ငန်းအချို့မှအသင်း
သားများထံချေးငွေများပြန်လည်ကောက်နေမှုအပေါ်
အသင်းသားများအတွင်းဝေဖန်မှုများဖြစ်ပေါ်

စက်တင်ဘာ(၂၃)
ရွှေမောင်မောင်(မိတ္တီလာ)
မြန်မာနိုင်ငံအတွင်းပြည်နယ်/တိုင်းဒေသကြီးများ
အတွင်းCovid 19 ရောဂါဒုတိယလှိုင်းကူးစက်မှုများ
လျင်မြန်စွာကူးစက်ဖြစ်ပွားလျက်ရှိရာရောဂါကုသရေး
ကာကွယ်မှုဆိုင်ရာလုပ်ငန်းများအရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက်ရှိပြီးအသေးစားငွေရေးကြေးရေး
လုပ်ငန်းကြီးကြပ်မှုကော်မတီ၏၂၀၂၀ပြည်နှစ်
စက်တင်ဘာ(၂)ရက်နေ့စွဲပါစာဖြင့်Corana Virus
Disease 2019 ရောဂါကူးစက်မှုပျံ့နှံ့မှုအားဆက်
လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ချက်အရ
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ပြည်ထောင်စု
ဝန်ကြီးဌာနများမှ၂၀၂၀ပြည်နှစ်သြဂုတ်(၃၁)ရက်
နေ့ထိထုတ်ပြန်ထားသောပြည်သူသို့ပန်ကြားချက်
အမိန့် ကြေငြာစာ ညွှန်ကြားချက်များကို(ဖြေလျော့/
တိုးမြှင့်ရန်လိုအပ်သည့်ကိစ္စရပ်များမပါ)အားရက်တိုး
မြှင့်ဆောင်ရွက်ထားကြောင်းCorana Virus Disease
2019 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသား
အဆင့်ဗဟိုကော်မတီမှထုတ်ပြန်ကြေငြာချက်အရ
သိရသည်။
Covid 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး
လုပ်ငန်းများဆက်လက်ကျင့်သုံးဆောင်ရွက်ရန်
လိုအပ်သည့်ကာလအတွင်းအသေးစားငွေရေးကြေး
ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှထုတ်ပြန်ခဲ့သည့်
Covid 19 ကာလအတွင်းအသေးစားငွေရေးကြေး
ရေးအဖွဲ့အစည်းများမှညွှန်ကြားချက်များကိုဆက်လက်
ညွှန်ကြားလိုက်နာကျင့်သုံးဆောင်ရွက်ရန်လိုအပ်
ကြောင်းCovid 19 ရောဂါကြောင့်လုပ်ငန်းများပြန်
လည်မဆောင်ရွက်နိုင်စဉ်ကာလအတွင်းချေးငွေများ
ပြန်လည်ကောက်ခံနှောင့်နှေးမှုကြောင့်ဖြစ်ပေါ်လာ
သောချေးငွေပေးဆပ်မှုနောက်ကျခြင်းနှင့်ပတ်သက်
၍အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု
ကော်မတီ၏ညွှန်ကြားချက်များပါအတိုင်းလိုက်နာ
ဆောင်ရွက်ရန်ထုတ်ပြန်ထားရြှိပီးယခုအချိန်တွင်
Covid 19 ရောဂါပျံ့နှံ့ကူးစက်မှုအားဆက်လက်ထိန်း
ချုပ်ဆောင်ရွက်ရန်လိုအပ်ချက်အရအသေးစား
ငွေရေးကြေးရေးလုပ်ငန်းများပုံမှန်လည်ပတ်ဆောင်
ရွက်နိုင်ခြင်းမရှိမီချေးငွေအတန်းအစားခွဲခြားခြင်း
နှင့်ချေးငွေဆုံးရှုံးမှုလျာထားခြင်း ချေးငွေပဏာမ
သတ်မှတ်ဆောင်ရွက်ခြင်းကို၂၀၂၀ပြည့်နှစ်
စက်တင်ဘာလမှဒီဇင်ဘာလကုန်အထိတိုးမြှင့်သတ်
မှတ်ထားကြောင်းသိရပြီးယာယီပြင်ဆင်သတ်မှတ်
မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများနှင့်
ဆောင်ရွက်ရန်လိုအပ်ချက်များအားခွင့်ပြုကာလ
ကုန်ဆုံးသည့်အချိန်တွင်မြန်မာနိုင်ငံအသေးစား
ငွေရေးကြေးရေးလုပ်ငန်းကူညီမှုအသင်းငွေရေး
ကြေးရေးဆိုင်ရာအဖွဲ့အစည်းများ သက်ဆိုင်သု
များနှင့်ပေါင်းစပ်ညှိနှိုင်းပေးရေးကိုဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသေးစားငွေရေး
ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏အကြောင်း
ကြားစာအရသိရသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများမှအကြောင်း
ကြားစာများထုတ်ပြန်ထားရှိသော်လည်းCivud 19
ရောဂါကာလအတွင်းမိတ္တီလာမြို့နယ်အတွင်းရှိအချို့
အသေးစားငွေချေးအသင်းများမှရပ်ကွက်အသီးသီး
ရှိငွေချေးယူထားသူအသင်းသားများထံမှချေးငွေများ
ပြန်လည်ကောက်ခံမှုများကွင်းဆင်းပြုလုပ်နေသဖြင့်
Covid 19 ရောဂါကာလအတွင်းသက်ဆိုင်ရာ၏
အမိန့်ညွှန်ကြားချက်များအရStay Hone နေထိုင်ရ
သည့်အချိန်ဖြစ်၍အခြေခံလူတန်းစားအသင်းသား
များအနေဖြင့်မိသားစုစားဝတ်နေရေးအခက်အခဲများ
ချေးငွေပြန်လည်ပေးသွင်းနေရသည့်ဖိအားများဖြင့်
အခက်အခဲံများတွေ့ကြုံခံစားနေရကြောင်း
ဒေသန္တရအမိန့်များ ညွှန်ကြားချက်များထုတ်ပြန်ထား
လျက်နှင့်ချေးငွေများလာရောက်ကောက်ခံနေခြင်း
အားနားမလည်အောင်ဖြစ်မိကြောင်းရပ်ကွက်နေ
အသင်းသားများ၏ပြောပြချက်အရသိရသည်။

ဈေးဆိုင်တဲအတွင်းပြည်ခိုင်ဖြိုးသီချင်းဖွင့်နားထောင်နေသူအားလာရောက်ရိုက်နှက်ဒဏ်ရာရရှိစက်တင်ဘာ(၂၂)ရွှေမောင်မောင်(မိတ္တီလာ)  ...
22/09/2020

ဈေးဆိုင်တဲအတွင်းပြည်ခိုင်ဖြိုးသီချင်းဖွင့်နားထောင်
နေသူအားလာရောက်ရိုက်နှက်ဒဏ်ရာရရှိ

စက်တင်ဘာ(၂၂)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်အောင်
ဆန်းရပ်ကွက်နွားပွဲဈေးဆိတ်ပွဲကွင်းအနီးရှိဈေးဆိုင်
တဲပေါ်တွင်Bluetooth Box ဖြင့်ပြည်ခိုင်ဖြိုးသီချင်း
နားထောင်ပြီးအရက်ထိုင်သောက်နေသူနှစ်ဦးအနက်
တစ်ဦးအားအမည်မသိလုူနှစ်ဦးမှလာရောက်ရိုက်နှက်
၍ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ(၂၀)ရက်နေ့ည(၈)နာရီခန့်မိတ္တီလာ
မြို့အောင်ဆန်းရပ်ကွက်နွားပွဲဈေးဆိတ်ပွဲကွင်းအနီး
ရှိဈေးဆိုင်တဲပေါ်တွင်ဇော်မင်းလတ်(၃၇)နှစ်(ဘ)
ဦးဝိုင် ဆိုင်ကယ်ကယ်ရီ မြို့သစ်(၃)ရပ်ကွက်နေသူမှ
သူငယ်ချင်းဖြစ်သုနှင့်အတူBluetooth Boxအသုံး
ပြု၍ဖုန်းအတွင်းပါပြည်ခိုင်ဖြိုးသီချင်းနားထောင်ပြီး
အရက်သောက်နေစဉ်အမည်မသိလုငယ်နှစ်ဦး
ရောက်လာပြီးအရက်ဘ ယ်မှာဝယ်ရလဲဟု
မေး၍ရုတ်တရက်အသင့်ပါလာသောတုတ်ဖြင့်ရိုက်
နှက်ထွက်ပြေးသွားကြရာဇော်မင်းလတ်တွင်ရိုက်နှက်
ခံရမှုကြောင့်ဦးခေါင်းဝဲဘက်ထိပ်၌သွေးထွက်ပေါက်
ပြဲဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
ရိုက်နှက်ခံရသူဇော်မင်းလတ်အားတွေ့ဆုံမေး
မြန်းရာအခင်းဖြစ်နေ့ညနေ(၅)နာရီခန့်ကဆိတ်ပွဲ
ကွင်းအနီးကွင်းပြင်တွင်ပြည်ခိုင်ဖြိုးဝန်းရံသူများအဖွဲ့
နှင့်NLD ဝန်းရံသူများသီချင်းများဖွင့်စည်းရုံးနေကြပါ
တယ့်ကျွန်တော်မှပြည်ခိုင်ဖြိုးသီချင်းဖြင့်ဝင်ရောက်
ကခုန်နေခဲ့ပါတယ့့်အယ့်ဒီအချိန်မှာပြဿနာ
တစ်စုံတစ်ရာဖြစ်ပွားတာမရှိပါဘူ့း့တစ်ဖွဲ့နဲ့တစ်ဖွဲ့လဲ
ထိန်းကြပါတယ့်ကခုန်နေတာပဲရှိပါတယ့့်ပြန်လည်
ထွက်ခွာသွားကြပါတယ့့်ညပိုင်းရောက်မှဆိတ်ပွဲ
ကွင်းအနီးရှိဈေးဆိုင်တဲမှာသူငယ်ချင်းနဲ့အတူ
Bluetoith Boxနဲ့ဖုန်းထဲကပြည်ခိုင်ဖြိုးသီချင်းဖွင့်
နားထောင်ပြီးအရက်ထိုင်သောက်နေစဉ်အမည်မသိ
လူငယ်နှစ်ဦးရောက်လာကာအရက်ဘယ်မှာဝယ်
ရလဲမေးပြီးရုတ်တရက်တုတ်နဲ့ရိုက်ထွက်ပြေးသွား
ပါတယ့့်ကျွန်တော်ဦးခေါင်းဘယ်ဘက်ထိပ်မှာ
သွေးထွက်ပေါက်ပြဲဒဏ်ရာရှိပြီး(၄)ချက်ချုပ်ရပါတယ်
ရိုက်နှက်သူများကိုမသိလို့ရဲစခန်းမှာအမှုဖွင့်တိုင်
တန်းခဲ့ခြင်းမရှိပါဘူ့း ဟုပြောသည်။

ပြည်သူဆေးရုံရှေ့တွေ့ရှိသူနှစ်ဦးအားမသင်္ကာ၍ရှာဖွေရာဆိုင်ကယ်တူးဘောက်အတွင်းမှဓားဦးချွန်ဓားမြှောင်တွေ့ရှိဖမ်းဆီးအရေးယူစက်တင်...
19/09/2020

ပြည်သူဆေးရုံရှေ့တွေ့ရှိသူနှစ်ဦးအားမသင်္ကာ၍ရှာဖွေ
ရာဆိုင်ကယ်တူးဘောက်အတွင်းမှဓားဦးချွန်ဓား
မြှောင်တွေ့ရှိဖမ်းဆီးအရေးယူ

စက်တင်ဘာ(၁၉)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ပြည်သူဆေး
ရုံရှေ့တွင်မသင်္ကာသူနှစ်ဦးတွေ့ရှိရှာဖွေရာဆိုင်ကယ်
တူးဘောက်အတွင်းမှဓားဦးချွန်ဓားမြှောင်တစ်ချောင်း
တွေ့ရှိ၍သိမ်းဆည်းအရေးယူခဲ့ကြောင်းစုံစမ်းသိရ
သည်။
စက်တင်ဘာ(၁၉)ရက်ညနေ(၅း၃၅)အချိန်ခန့်
မိတ္တီလာမြို့မရဲစခန်းနယ်ထိန်းရဲအုပ်ဇော်လတ်မျိုး
တကဇော်သန်းတသဥဿ တသစည်သူအောင်တို့မှ
သက်သေရာအိမ်မှူးဦးကျော်ကျော်နိုင် ဦးလှဌေးတို့
နှင့်အတူနယ်မြေအတွင်းလှည့်ကင်းလှည့်လည်စဉ်
ပေါက်ချောင်းရပ်ကွက်ပြည်သူဆေးရုံကြီးရှေ့တွင်
မသင်္ကာဘွယ်လူငယ်နှစ်ဦးအားတွေ့ရှိစစ်မေးရာ
မိတ္တီလာမြို့ဝန်ဇင်းရပ်ကွက်နေချစ်ကိုကိုထွေး(ခ)
ချစ်ကိုနှင့် စိုးကိုကိုချစ်(ခ)ပိုပိုတို့ဖြစ်ကြောင်းသိရှိရ
ပြီး၎င်းတို့စီးနင်းလာသောKamax 110 ခဲ/နက်
ရောင်ဆိုင်ကယ်အားရှာဖွေရာဆိုင်ကယ်တူးဘောက်
အတွင်းမှအရိုး(၄)လက်မခွဲ အသွား(၇)လက်မခွဲဗျက်
(၁)လက်မခန့်ရှိသတ္တုရိုးတပ်ဓားဦးချွန်ဓားမြှောင်(၁)
ချောင်းအပြာရောင်ဓားအိမ်စွပ်လျက်တွေ့ရှိပြီး၎င်းတို့
နှစ်ဦးမှလိုအပ်သလိုအသုံးပြုနိုင်ရန်ယုဆောင်ခဲ့
ကြောင်းပြောပြအပ်ပေး၍သက်သေများနှင့်အတူ
သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်အရလုအသက်အန္တရာယ်ဖြစ်စေသော
တရားမဝင်ဓားဦးချွန်ဓားမြှောင်အားကိုင်ဆောင်
သွားလာသူချစ်ကိုကိုထွေး(ခ)ချစ်ကို(၂၅)နှစ်
စိုးကိုကိုချစ်(ခ)ပိုပို(၂၄)နှစ် မင်္ဂလာဦး(A) နယ်မြေ
(၁၄) ဝန်ဇင်းရပ်ကွက်မိတ္တီလာမြို့နေသူတို့အား
အရေးယူပေးရန်ရဲအုပ် ဇော်လတ်မျိုး၏တိုင်တန်း
ချက်အရ မြို့မရဲစခန်း(ပ)၄၂၉/၂၀၂၀ လက်နက်
ဥပဒေပုဒ်မ ၁၉(င)ဖြင့်အမှုဖွင့်အရေးယုဖမ်းဆီးစစ်
ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နေအိမ်ခြံဝန်းအတွင်းရှိတဲငယ်အတွင်းကျင်းတူးမြှုတ်ဝှက်ထားသည့်စိတ်ကြွမူးယစ်ဆေးဝါးများဖော်ထုတ်ဖမ်းဆီးရမိစက်တင်ဘာ(၁၉)ရွှေမောင်ေ...
19/09/2020

နေအိမ်ခြံဝန်းအတွင်းရှိတဲငယ်အတွင်းကျင်းတူးမြှုတ်
ဝှက်ထားသည့်စိတ်ကြွမူးယစ်ဆေးဝါးများဖော်ထုတ်
ဖမ်းဆီးရမိ

စက်တင်ဘာ(၁၉)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့အောင်ဆန်း
ရပ်ကွက်နယ်မြေမကျီးကုန်းရပ်ရှိနေအိမ်ခြံဝန်းအတွင်း
မှပစ္စည်းထားသောတဲငယ်အတွင်းကျင်းတူးမြှုတ်ဝှက်
ထားသောWY စာတမ်းပါစိတ်ကြွမူးယစ်ဆေးပြား
များဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းစုံစမ်းသိရသည်။
စက်တင်ဘာ(၁၉)ရက်နေ့နံက်(၆း၃၀)အချိန်ခန့်
မိတ္တီလာမြို့မူးယစ်တပ်ဖွဲ့စု(၅၅)မှဒုရဲအုပ်ဇေယျာမိုးမြင့်
ဦးစီးတပ်ဖွဲ့ဝင်များမှသက်သေများနှင့်အတူမူးယစ်
ဆေးဝါးသတင်းအရမိတ္တီလာမြို့အောင်ဆန်းရပ်ကွက်
နယ်မြေမကျီးကုန်းရပ်နေဘိုသက်(ခ)သန်းဝင်းနေ
အိမ်သို့မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းအမှတ်(၄၅/
၂၀၂၀)ဖြင့်ဝင်ရောက်ရှာဖွေရာနေအိမ်အိပ်ခန်းအတွင်း
ဘိုသက်(ခ)သန်းဝင်းနှင့်ဇနီးမအေးမြင့်(ခ)မှုံမှုံတို့အား
တွေ့ရှိ၍နေအိမ်အားဆက်လက်ရှာဖွေရာနေအိမ်ခြံ
ဝန်းအတွင်းရှိပစ္စည်းများထားသောတဲငယ်အတွင်း
ကျင်းတူး၍မြှုတ်နှံဝှက်ထားသောအနက်ရောင်
ကြွတ်ကြွတ်အိတ်ဖြင့်ထုပ်လျက်အရှည်(၇)လက်မ
ခန့်ရှိခေါင်းအဝါလက်ကိုင်ရိုးအဖြူရောင်ဓာတ်မီး
အတွင်းမှပန်းရောင်အအေးစုပ်ပိုက်ဖြတ်စနှင့်ထည့်
ထားသောWYစာတမ်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်
ဆေးပြား(၁၀)ပြားစီပါ(၂၇)ပိုက် (၉)ပြားပါ(၁)ပိုက်
မီးဖိုခန်းအတွင်းထမင်းချက်စင်အောက်မြေကြီးပေါ်
မှအနက်ရောင်ကြွတ်ကြွတ်အိတ်အပိုင်းဖြင့်ထုပ်
ထားသည့်WY စာတမ်းပါလိမ္မော်ရောင်မူးယစ်ဆေး
ပြား(၁)ပြားစုစုပေါင်း(၂၈၀)ပြားအလေးချိန်(၂၈)
ဂရမ်ခန့်အားတွေ့ရှိပြီး၎င်းမူးယစ်ဆေးပြားများမှာ
သားဖြစ်သူအောင်လွင်ဦး(ခ)အငယ်လေးမှဝယ်ယူ
လာပြီးသုံးစွဲရောင်းချ၍သိုဝှက်သိမ်းဆည်းထား
သောဆေးပြားများဖြစ်ကြောင်းပြောပြအပ်ပေးသဖြင့်
သက်သေများနှင့်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဘိုသက်(ခ)သန်းဝင်းနှင့်မအေးမြင့်(ခ)မှုံမှုံတို့
အားစစ်မေးရာသားဖြစ်သူအောင်လွင်ဦး(ခ)
အငယ်လေးမှာနေအိမ်တွင်အတူနေထိုင်ပြီးမူးယစ်
ဆေးပြားများထုပ်ပိုးရောင်းချကာလက်ကျန်များကို
တဲငယ်အတွင်းသိုဝှက်သိမ်းဆည်းကာနေအိမ်မှ
ထွက်သွားကြောင်းအဆိုပါမူးယစ်ဆေးပြားများနှင့်
ပတ်သက်၍၄င်းတို့သိရှိသည့်အပြင်အောင်လွင်ဦး
(ခ)အငယ်လေးမှသုံးစွဲရောင်းချကြောင်းသိရှိရပြီး
နေအိမ်မှထွက်ခွာသွားသူအောင်လွင်ဦး(ခ)အငယ်
လေးအားနေအိမ်သို့ပြန်လာစဉ်နံက်(၉း၃၀)အချိန်
ခန့်ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
တရားမဝင်စိတ်ကြွမူးယစ်ဆေးပြားများအား
လက်ဝယ်ထားရှိသုံးစွဲရောင်းချသူဘိုသက်(ခ)
သန်းဝင်း(၄၇)နှစ် မအေးမြင့်(ခ)မှုံမှုံ (၅၇)နှစ်
အောင်လွင်ဦး(ခ)အငယ်လေး(၃၄)နှစ် မကျီးကုန်း
အောင်ဆန်းရပ်ကွက်မိတ္တီလာမြို့နေသူတို့အားအရေး
ယုပေးရန်ဒုရဲအုပ်မျိုးမင်းသန့်၏တိုင်တန်းချက်အရ
မိတ္တီလာမြို့မရဲစခန်းမယ(ပ)၁၈/၂၀၂၀မူး/စိတ်ပုဒ်မ
၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိတ္တီလာမြို့အောင်ဆန်းရပ်ကွက်ရှိအခြေခံအိမ်ထောင်စုဝင်များအားနိုင်ငံတော်မှတတိယအကြိမ်ထောက်ပံ့ငွေများထုတ်ပေးပြီးအလှူငွေများေ...
18/09/2020

မိတ္တီလာမြို့အောင်ဆန်းရပ်ကွက်ရှိအခြေခံအိမ်ထောင်
စုဝင်များအားနိုင်ငံတော်မှတတိယအကြိမ်ထောက်ပံ့
ငွေများထုတ်ပေးပြီးအလှူငွေများကောက်ခံ

စက်တင်ဘာ(၁၈)
ရွှေမောင်မောင်(မိတ္တီလာ)

မိတ္တီလာမြို့အောင်ဆန်းရပ်ကွက်မြို့သစ်(၃)တွင်
ယနေ့ညနေ(၄)နာရီခန့်နိုင်ငံတော်အစိုးရမှအခြေခံ
အိမ်ထောင်စုဝင်များအားတတိယအကြိမ်ထောက်ပံ့
ငွေ(၂၀၀၀၀/-)ထပ်မံထောက်ပံ့ခဲ့ရာနယ်မြေခံရာအိမ်
မှူးများမှစီစစ်ထုတ်ပေးခဲ့ပြီးယင်းထောက်ပံ့ငွေများ
အနက်မှအလှူငွေ(၁၀၀၀/-)စီကောက်ခံခဲ့ကြောင်း
သိရသည်။
ယင်းအလှူငွေ(၁၀၀၀/-)ကောက်ခံခြင်းနှင့်ပတ်
သက်၍ရပ်ကွက်နေပြည်သူတစ်ဦးနှင့်တွေ့ဆုံမေးမြန်း
ချက်အရ့နိုင်ငံတော်အစိုးရမှတတိယအကြိမ်ထောက်
ပံ့တဲ့ငွေ၂၀၀၀၀/-အနက်အလှူငွေ၁၀၀၀/-ထည့်ဝင်ရ
ခြင်းမှာမိတ္တီလာမြို့ကွက်ငယ်ကျေးရွာအုပ်စုပန်းသွင်း
ကျေးရွာတွင်တည်ရှိသည့်ရွှေယင်ဆိုင်းစေတီတော်
ရှေ့မှစောင်းတန်းကြီးသဘာဝဘေးဒဏ်ကြောင့်ပြိုကျ
ပျက်စီးခဲ့ရာယင်းစောင်းတန်းကြီးပြန်လည်ပြုပြင်နိုင်
ရန်အတွက်အလှူငွေကောက်ခံ၍ထည့်ဝင်လှူဒါန်း
ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
လွန်ခဲ့သည့်မေ(၃၀)ရက်နေ့ည(၈)နာရီအချိန်
ခန့်ကကွက်ငယ်အုပ်စုပန်းသွင်းကျေးရွာ၌တည်ရှိ
သောသမိုင်းဝင်ရွှေယင်ဆိုင်းစေတီရှေ့၌တည်ဆောက်
ထားသောစောင်းတန်းကြီးပြိုကျပျက်စီးခဲ့ပြီးပြန်လည်
ပြုပြင်တည်ဆောက်နိုင်ရန်ယခုအခါCovid 19ရောဂါ
ကြောင့်စီးပွားရေးလုပ်ငန်းများအဆင်မပြေဖြစ်နေ
ခ်ျိန်ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသဖြင့်မိတ္တီလာမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့နယ်အဆင့်
ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်
ရေးမှူးများထံအလှူငွေရှိရေးအတွက်အကြောင်းကြား
စာများပေးပို့ထားကြောင်းသိရသည်။

သုံးယောက်စီးလာသည့်ဆိုင်ကယ်ယာဉ်အား(၁၂)ဘီးယာဉ်မှနောက်မှဝင်တိုက်ရာတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိစက်တင်ဘာ(၁၇) #သာစည်ရွှေမော...
17/09/2020

သုံးယောက်စီးလာသည့်ဆိုင်ကယ်ယာဉ်အား(၁၂)ဘီး
ယာဉ်မှနောက်မှဝင်တိုက်ရာတစ်ဦးသေဆုံးပြီးနှစ်ဦး
ဒဏ်ရာရရှိ

စက်တင်ဘာ(၁၇) #သာစည်
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးရန်ကုန်- မန္တလေးလမ်း
သာစည်မြို့နယ်ဟံဇားရဲကင်းစခန်းပိုင်နယ်မြေတွင်လူ
သုံးဦးပါရှေ့မှမောင်းနှင်နေသောဆိုင်ကယ်အား(၁၂)
ဘီးကုန်တင်ယာဉ်တစ်စီးမှကျော်တက်စဉ်တိုက်မိရာ
ဆိုင်ကယ်မောင်းနှင်သူအခင်းဖြစ်နေရာ၌သေဆုံးပြီး
နောက်မှလိုက်ပါလာသူနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့
ကြောင်းစုံစမ်းသိရသည်။
စက်တင်ဘာ(၁၇)ရက်နေ့နံက်(၇း၁၅)အချိန်ခန့်
သာစည်မြို့နယ်ဟံဇားရဲကင်းစခန်းမှူးရဲအုပ်အေးနိုင်
မှရဲကင်းစခန်းပိုင်နယ်မြေရန်ကုန်- မန္တလေးကားလမ်း
တွင်ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်းသတင်းအရ
တပ်ဖွဲံ့ဝင်များနှင့်သွားရောက်ပြီးအခင်းဖြစ်နေရာအား
သက်သေများနှင့်အတူကြည့်ရှုစစ်ဆေးရာရန်ကုန်-
မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ်(၃၂၂/၅)အနီး
တမာကုန်းရွာလမ်းထိပ်၌တောင်မှမြောက်သို့ငါးဇွန်
မြို့နယ် ငန်းပြားကြီးကျေးရွာနေ ရဲဝင်းကျော်(၂၅)နှစ်
မောင်းနှင်ပြီးနောက်တွင်ဝမ်းတွင်းမြို့နယ်တမာကုန်း
ရွာနေ ဒေါ်ခင်ငြိမ်းဝေ(၄၅)နှစ် ကောင်းမြတ်ဟိန်း
(၃၅)နှစ်တို့လိုက်ပါလာသောရင်ဇင်းအမျိုးအစား
အနက်ရောင်ဆိုင်ကယ်အားလားရာတူနောက်ဘက်
မှယာဉ်အမှတ်(စုံစမ်းဆဲ)(၁၂)ဘီးကုန်တင်ယာဉ်
အဖြူရောင်(မိုးကာစိမ်းအုပ်)ထားသောယာဉ်မှ
ဆိုင်ကယ်အားကျော်တက်စဉ်အရှိန်မထိန်းနိုင်ပဲဝင်
ရောက်တိုက်မိရာမှဆိုင်ကယ်မောင်းနှင်သူ
ရဲဝင်းကျော်အားတက်ကြိတ်မိ၍ဦးခေါင်း/မျက်နှာ
ပြား ဦးနှောက်ထွက် သွားများကျွတ်ထွက်ကာအခင်း
ဖြစ်နေရာတွင်သေဆုံးသွားပြီးဆိုင်ကယ်နောက်မှ
လိုက်ပါစီးလာသူဒေါ်ခင်ငြိမ်းဝေတွင်ယာလက်ဖျံဖူး
ရောင် လက်မောင်းပွန်းပဲ့ ဝဲပေါင်နာကျင်(မစိုးရိမ်ရ)
နှင့်ကောင်းမြတ်ဟိန်းတွင်ယာနဖူးပွန်းပဲ့(မစိုးရိမ်ရ)
ဒဏ်ရာများရှိနေပြီး(၁၂)ဘီးယာဉ်မှာအခင်းဖြစ်နေရာ
မှမောင်းနှင်ထွက်ပြေးသွားကြောင်းစစ်ဆေးတွေ့ရှိ
ချက်များအရသိရသည်။
ဖြစ်စဉ်အရလူကိုသေဆုံးထိခိုက်ဒဏ်ရာရသည်
အထိယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သည့်(၁၂)ဘီး
ယာဉ်မောင်းသု(စုံစမ်းဆဲ)အားအရေးယူပေးရန်တိုင်
တန်းချက်အရသာစည်မြို့မရဲစခန်းယာဉ်(ပ)၁၉/
၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၀၂ ဖြင့်
အမှုဖွင့်မရေးယူစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်းသိရသည်။

photo- သန္တိသုခ(ဝမ်းတွင်း)

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့တွင် ဦးခေါင်းနှစ်လုံးပါသည့် ယောက်ျားလေးတစ်ဦးအသက်ရှင်လျက် မွေးဖွား စက်တင်ဘာ(၁၇) #တပ်...
17/09/2020

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့တွင် ဦးခေါင်းနှစ်လုံးပါသည့် ယောက်ျားလေးတစ်ဦးအသက်ရှင်လျက် မွေးဖွား

စက်တင်ဘာ(၁၇) #တပ်ကုန်း
ရွှေမောင်မောင်(မိတ္တီလာ)

နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် တက်ရောက်လျက်ရှိရာ (၁၆-၉-၂၀၂၀)ရက်နေ့ ည (၈) နာရီအချိန်၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး အသက်ရှင်လျက် မွေးဖွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ ကလေးအထူးကုဆရာဝန်မှ လိုအပ်သည်များ လုပ်ဆောင်ပေးပြီး၊ နေပြည်တော်ခုတင် (၅၀၀) ကလေးအထူးကုဆေးရုံသို့ ဆက်လက်လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။

Ref; Tin Soe Lwin
နေပြည်တော်ကောင်စီနယ်မြေသတင်းမှမျှဝေတင်ပြ
ပါသည်။

Covid 19 ရောဂါဒုတိယလှိုင်းကာလအတွင်းဆန်ဆီဆားများထောက်ပံ့လှူဒါန်းစက်တင်ဘာ(၁၇)ရွှေမောင်မောင်(မိတ္တီလာ')        မန္တလေးတိုင်းဒေ...
17/09/2020

Covid 19 ရောဂါဒုတိယလှိုင်းကာလအတွင်းဆန်ဆီ
ဆားများထောက်ပံ့လှူဒါန်း

စက်တင်ဘာ(၁၇)
ရွှေမောင်မောင်(မိတ္တီလာ')
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်
ကျွဲတလင်းကျေးရွာအုပ်စုမုန်ပင်ရွာရှိမေတ္တာရေစင်
လူမှုပရဟိအသင်းမှသဒ္ဓမ္မဝံသာရာမကျောင်းတိုက်
ဆရာတော်အားအမှူးထား၍အသင်းဝင်အိမ်ထောင်
စုတစ်စုချင်းစီအားCovid ရောဂါဒုတိယလှိုင်းကာလ
အတွင်းစားသောက်ရေးအဆင်စေရန်အတွက်ဆန်
ဆီ ဆားများထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
စက်တင်ဘာ(၁၆)ရက်ညနေ(၃း၃၀)အချိန်ခန့်
မုန်ပင်ကျေးရွာမေတ္တာရေစင်လူမှုပရဟိတအသင်း
သဒ္ဓမ္မဝံသာရာမကျောင်းတိုက်ဆရာတော်အား
အမှူးထား၍ကျွဲတလင်းအုပ်စုမုန်ပင်ကျေးရွာ
အောင်ဆန်းရပ်ကွက် မြို့သစ်(၂)/(၃)ရပ်ကွက်RTC
ပို့ဆက် များရှိအသင်းဝင်အိမ်ထောင်စု(၂၀၅)စုအား
Covid ရောဂါကာလအတွင်းစားသောက်ရေးအဆင်
ပြေစေနိုင်ရန်အိမ်ထောင်စု(၁)စုလျင်ဆန်(၄)ပြီ ဆီ
(၁)ပိသာ ဆား(၅၀)သားစီလှူဒါန်းပေးအပ်ခဲ့ကြောင်း
သိရသည်။
မေတ္တာရေစင်လူမှုပရဟိအသင်းအားလွန်ခဲ့
သော(၁)နှစ်ခန့်မှဆရာတော်အားအမှူးထား၍
တည်ထောင်ခဲ့ခြင်းဖြစ်ပြီးယနေ့ထိအသင်းဝင်အိမ်
ထောင်စု(၂၀၅)ဦးခန့်ရှိပြီဖြစ်ကာအသင်းဝင်အိမ်
ထောင်စုဝင်များ၏ကျမ်းမာရေးသာရေး/နာရေးများ
အားအဓိကထားဆောင်ရွက်လျက်ရှိကြောင်း
အသင်းဝင်အိမ်ထောင်စုဝင်တစ်ဦးနာရေးဖြစ်ပွား
ပါကနာရေးထောက်ပံ့ငွေအဖြစ်ကျပ်(၈၀၀၀၀/-)
ကိုလည်းကောင်းကျမ်းမာရေးစောင့်ရှောက်မှုအဖြစ်
အလျင်းသင့်သလိုထောက်ပံ့ကူညီစောင့်ရှောက်
လျက်ရှိပြီးသာရေး/နာရေးရှိကလိုအပ်သောပစ္စည်း
များအားအခကြေးငွေသတ်မှတ်ထားခြင်းမရှိပဲ
စေတနာအလျောက်ထည့်ဝင်သည့်အလှူငွေကို
သားလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း
အသင်းတာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရသိရ
သည်။

အရက်အတူသောက်စားရင်းစကားများရန်ဖြစ်ကာကျော်ရဲအောင်မှကုလားကြီးအားဓားနှင့်ခုတ်သတ်မှုဖြစ်ပွားစက်တင်ဘာ(၁၅)ရွှေမောင်မောင်(မိတ္တီလ...
15/09/2020

အရက်အတူသောက်စားရင်းစကားများရန်ဖြစ်ကာ
ကျော်ရဲအောင်မှကုလားကြီးအားဓားနှင့်ခုတ်သတ်
မှုဖြစ်ပွား

စက်တင်ဘာ(၁၅)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်ခင်လူး
ကျေးရွာအုပ်စုသဲတောရွာတွင်တစ်ရွာတည်းနေထိုင်သူ
နှစ်ဦးအရက်သောက်စားမူးယစ်ပြီးစကားများရန်ဖြစ်
ရာမှထင်းခုတ်ဓားမဖြင့်ခုတ်၍သေဆုံးမှုဖြစ်ပွားခဲ့
ကြောင်းသိရသည်။
စက်တင်ဘာလ(၁၅)ရက်နေ့(၁၁း၃၀)အချိန်ခန့်
မြို့မရဲစခန်းဒုရဲအုပ်ထက်ဇော်ဌေးမှတာဝန်မှူးဆောင်
ရွက်နေစဉ်မိတ္တီလာမြို့နယ်ခင်လူးအုပ်စုသဲတောရွာ
နေမအိအိချော(၃၁)နှစ်ရောက်ရှိလာပြီး၎င်းခင်ပွန်း
ဖြစ်သူကျော်ရဲအောင်မှတစ်ရွာတည်းနေကုလားကြီး
အားဓားနှင့်ခုတ်ခဲ့ကြောင်းလာရောက်အကြောင်း
ကြားချက်အရစခန်းမှူးဒုရဲမှူးထွန်းထွန်းဝင်းနယ်ထိန်း
တသဌေးလှိုင်တို့နှင့်သွားရောက်ကာအခင်းဖြစ်
နေရာအားခင်လူးကျေးရွာအုပ်ချုပ်ရေးမှူးဦးစံရင်
သဲတောရွာရာအိမ်မှူးဦးရွှေဝင်းတို့နှင့်အတူကြည့်ရှု
စစ်ဆေးရာသဲတောကျေးရွာရှိဝဏ္ဍစိုး(ခ)ကုလားကြီး
၏နေအိမ်မီးဖိုခန်းတွင်ဝဏ္ဍစိုး(ခ)ကုလားကြီး(၄၀)
နှစ်အားနှုတ်ခမ်းအောက်ဘက်ခြမ်းပြတ်ရှ ယာနား/
နားထင်၌အလျား(၅)လက်မ အနက်(၁)လက်မခန့်ရှိ
ပြတ်ရှဒဏ်ရာများရှိကာပက်လက်အနေအထားဖြင့်
သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိချက်များအရ
သိရသည်။
အခင်းဖြစ်ပွားခြင်းအားစုံစမ်းစစ်ဆေးချက်များ
အရ(၁၅း၉း၂၀၂၀)ရက်နေ့ဥာဥ့်(၁)နာရီအချိန်ခန့်
ကျော်ရဲအောင်နှင့်ဝဏ္ဍစိုး(ခ)ကုလားကြီးတို့မှာအရက်
အတူသောက်စားရင်းမူးယစ်ပြီးစကားများရန်ဖြစ်ရာ
ကျော်ရဲအောင်မှဝဏ္ဍစိုး(ခ)ကုလားကြီးနေအိမ်တွင်
အသင့်တွေ့ရှိသောထင်းခုတ်ဓားမဖြင့်ခုတ်ခဲ့ကြောင်း
သိရှိရပြီးသေဆုံးသူအလောင်းအားရဲစခန်းဆေးစာ
နှင့်အတူမိတ္တီလာပြည်သူဆေးရုံကြီးသို့ပို့ဆောင်
ထားရှိကြောင်းသိရသည်။
ဖြစ်စဉ်အရလူအသက်သေဆုံးသည်အထိဓား
ဖြင့်ခုတ်သတ်ခဲ့သူကျော်ရဲအောင်(၂၉)နှစ်ကျပမ်း
သဲတောရွာခင်လူးအုပ်စုမိတ္တီလာမြို့နယ်နေသူအား
အရေးယူပေးရန်ဒုရဲအုပ်ထက်ဇော်ဌေးမှတရားလို
ပြုလုပ်တိုင်တန်းချက်အရမိတ္တီလာမြို့မရဲစခန်း(ပ)
၄၂၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်
အရေးယူဖမ်းဆီးပြီးအမှုနှင့်စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသိရသည်။

စက်တင်ဘာ(၁၄)နည်း  နည်း  ရယ်  မယ်  နော့့်
14/09/2020

စက်တင်ဘာ(၁၄)

နည်း နည်း ရယ် မယ် နော့့်

ဆိုင်ကယ်မောင်းနှင်လာစဉ်အရှိန်မထိန်းနိုင်ပဲလမ်းဘေးသစ်ပင်ဝင်ရောက်တိုက်မိသေဆုံးစက်တင်ဘာ(၁၄)ရွှေမောင်မောင်(မိတ္တီလာ)        မန...
14/09/2020

ဆိုင်ကယ်မောင်းနှင်လာစဉ်အရှိန်မထိန်းနိုင်ပဲလမ်း
ဘေးသစ်ပင်ဝင်ရောက်တိုက်မိသေဆုံး

စက်တင်ဘာ(၁၄)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်ရန်ကုန်
မန္တလေးလမ်းဟောင်းအမှတ်(၃)အထကကျောင်းအနီး
တွင်ဆိုင်ကယ်ယာဉ်မောင်းနှင်လာသူအမျိုးသား
တစ်ဦးအရှိန်မထိန်းနိုင်ပဲလမ်းဘေးရှိသစ်ပင်အားဝင်
ရောက်တိုက်မိရာမှဒဏ်ရာရရှိသေဆုံးခဲ့ကြောင်း
သိရသည်။
စက်တင်ဘာ(၁၃)ရက်နေ့လည်(၁၀း၃၀)အချိန်
ခန့်မိတ္တီလာမြို့မရဲစခန်းတာဝန်မှူးဒုရဲအုပ်မျိုးမြင့်မှ
ရန်ကုန်- မန္တလေးလမ်းဟောင်းအထက(၃)အနီး
ယာဉ်တိုက်မှုဖြစ်ပွားနေကြောင်းသတင်းအရတပ်ဖွဲ့
ဝင်များနှင့်သွားရောက်၍အခင်းဖြစ်နေရာအား
သက်သေများနှင့်အတူကြည့်ရှု့စစ်ဆေးရာရန်ကုန်
မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ်(၃၃၆/၄)နှင့်
(၃၃၆/၅)အကြားအမှတ်(၃)အထကကျောင်းအနီး
လမ်းယာဘက်ဘေးရှိစိန်ပန်းပင်အားပဲခူးတိုင်း
ဒေသကြီးအုတ်တွင်းမြို့နယ်ကျောင်းရှစ်ဆယ်ရွာ
နေဦးဝင်းမြင့်အောင်(၄၀)နှစ်တစ်ဦးတည်းတောင်မှ
မြောက်သို့မောင်းနှင်လာသောလော့ဂျာ110အမျိုး
အစားနံပါတ်မပါဆိုင်ကယ်မှအရှိန်မထိန်းနိုင်ပဲဝင်
ရောက်တိုက်မိရာဆိုင်ကယ်မောင်းနှင်လာသု
ဦးဝင်းမြင့်အောင်တွင်ယာနားထင်သွေးထွက်
ပေါက်ပြဲ နှာခေါင်းသွေးထွက် မေးရိုးပြုတ် ဝဲနား
သွေးထွက် ယာမျက်ခုံးဖူးရောင် ဝဲဂျိုစောင်းဖူးရောင်
ခြေဖမိုးပေါက်ပြဲသွေးထွက်ဒဏ်ရာများရရှိနေသည်
ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
ဒဏ်ရာရရှိနေသုဦးဝင်းမြင့်အောင်အားရဲစခန်း
ဆေးစာနှင့်အတူမိတ္တီလာပြည်သာယာလူငယ်လုမှု
ကူညီရေးအသင်းယာဉ်ဖြင့်ပြည်သူဆေးရုံကြီးသို့
ပို့ဆောင်ပေးရာအရေးပေါ်ပြင်ပလူနာဌာနသို့
ရောက်ရှိစဉ်ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွား
ခဲ့သဖြင့်လူအသက်သေဆုံးသည်အထိယာဉ်
မဆင်မခြင်မောင်းနှင်ခဲ့သူဦးဝင်းမြင့်အောင်အား
အရေးယူပေးရန်ဒုရဲအုပ်မျိုးမြင့်၏တိုင်တန်းချက်အရ
မြို့မရဲစခန်းယာဉ်(ပ)၃၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ
၃၀၄-ကဖြင့်အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသိရသည်။

photo - ပြည်သာယာလူငယ်

တည်းခိုခန်းတွင်လာရောက်တည်းခိုနေသူအမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားစက်တင်ဘာ(၁၃)ရွှေမောင်မောင်(မိတ္တီလာ)         မ...
13/09/2020

တည်းခိုခန်းတွင်လာရောက်တည်းခိုနေသူအမျိုးသမီး
တစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

စက်တင်ဘာ(၁၃)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ရတနာမာန်
အောင်ရပ်ကွက်တည်းခိုခန်းတွင်လာရောက်တည်းခို
နေသူအသက်(၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦး
ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။
စက်တင်ဘာ(၁၃)ရက်နေ့(၁၂း၁၅)အချိန်ခန့်
မိတ္တီလာမြို့မရဲစခန်းတာဝန်မှူးဒုရဲအုပ်မျိုးမြင့်မှ
ရတနာမာန်အောင်ရပ်ကွက်ရှိ×××××တည်းခိုခန်း၌
အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း
သတင်းအရစခန်းမှူးဒုရဲမှူးထွန်းထွန်းဝင်းနယ်ထိန်း
တပ်ဖွဲ့ဝင်များနှင့်အတူသွားရောက်ခဲ့ပြီးသက်သေရတ
နာမာန်အောင်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲံ့ဝင်များနှင့်
အတူကြည့်ရှု့စစ်ဆေးရာ×××××××တည်းခိုခန်းရှိ
အခန်းအမှတ်(××××)တွင်လွန်ခဲ့သည့်စက်တင်ဘာ
(၁၁)ရက်နေ့တွင်လာရောက်တည်းခိုနေထိုင်လျက်
ရှိသည့်သာစည်မြို့အမှတ်(၁)ရပ်ကွက်နေ
ဒေါ်မျိုးမျိုးနှင်း(၄၀)နှစ်မှာ၎င်းတည်းခိုသည့်အခန်း
ကုတင်ပေါ်မှမျက်နှာကြက်ပန်ကာတွင်ပုဆိုးအပြာ
ကွက်စိပ်အားအသုံးပြုပြီးကုတင်ပေါ်ဒူးတုတ်လျက်
အနေအထားဖြင့်ဦးခေါင်းနှင့်ပန်ကာ(၄)ပေခန့်
ကြမ်းပြင်နှင့်မျက်နှာကြက်(၁၀)ပေခန့်အကွာတွင်
ပြင်ပဒဏ်ရာမရှိအပုပ်နံ့ထွက်လျက်ကြိုးဆွဲချသေဆုံး
နေသည်ကိုစစ်ဆေးတွေ့ရှိချက်သိရသည်။

သေဆုံးသူ၏အလောင်းအားရဲစခန်းဆေးစာ
နှင့်အတူပြည်သူဆေးရုံသို့ပို့ဆောင်ထားရှိပြီးသေဆုံး
သူဒေါ်မျိုးမျိုးနှင်းမှာဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်
မဟုတ်သေဆုံးခြင်းအမှန်သိရှိနိုင်ရေးအတွက်မိတ္တီလာ
မြို့မရဲစခန်းသေမှုသေခင်းအမှတ်(၂၂/၂၀၂၀)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သေဆုံးသူဒေါ်မျိုးမျိုးနှင်းမှာမိတ္တီလာမြို့ရန်မျိုး
အောင်ရပ်ကွက်သို့ညောင်ရွှေမြို့မှရောက်ရှိလာပြီး
ရန်မျိုးအောင်ရပ်ကွက်အလကခွဲ(၁)ရှိQuarantine
Canter၌(၁း၎း၂၀၂၀)မှ(၂၂း၎း၂၀၂၀)ရက်နေ့ထိ
Quarantineဝင်ရောက်ခဲ့သူဖြစ်ကြောင်းသက်ဆိုင်
ရာမှတ်တမ်းအရသိရသည်။

စက်တင်ဘာ(၁၃)ရွှေမောင်မောင်(မိတ္တီလာ)        ယနေ့စက်တင်ဘာ(၁၃)ရက်နေ့တွင်တည်းခိုခန်း၌တည်းခိုနေစဉ်ကြိုးဆွဲချသေဆုံးနေသူဒေါ်မျိုး...
13/09/2020

စက်တင်ဘာ(၁၃)
ရွှေမောင်မောင်(မိတ္တီလာ)

ယနေ့စက်တင်ဘာ(၁၃)ရက်နေ့တွင်တည်းခိုခန်း
၌တည်းခိုနေစဉ်ကြိုးဆွဲချသေဆုံးနေသူ
ဒေါ်မျိုးမျိုးနှင်းအသက်(၄၀)နှစ်ခန့်နှင့်ပတ်သက်၍
သေဆုံးသူ၏ဆွေမျိုးသားချင်းများနှင့်ဆက်သွယ်လျက်
ရှိသော်လည်းဆက်သွယ်မှုရရှိခြင်းမရှိသေး၍သေဆုံးသူ
နှင့်ပတ်သက်၍ကူညီစုံစမ်းပေးနိုင်ပါရန်နှင့်သိရှိသူများ
ရှိကကူညီစုံစမ်းဆက်သွယ်ပေးနိုင်ပါရန်မေတ္တာရပ်ခံ
ပါသည်။

မိတ္တီလာမြို့မရဲစခန်းတာဝန်မှူးဖုန်း ၀၆၄/၂၃၅၀၄

မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထားသူအားစစ်ဆေးရာမှဆိုင်ကယ်ခိုးမှုထပ်မံပေါ်ပေါက်စက်တင်ဘာ(၁၃)ရွှေမောင်မောင်(မိတ္တီလာ)        မန္တလေ...
13/09/2020

မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထားသူအားစစ်ဆေးရာမှ
ဆိုင်ကယ်ခိုးမှုထပ်မံပေါ်ပေါက်

စက်တင်ဘာ(၁၃)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့မရဲစခန်းမယ
(ပ)၁၇/၂၀၂၀ မူး/စိတ်ပုဒ်မ၁၆(ဂ)/၂၁ဖြင့်ဖမ်းဆီးထား
သူမှာခိုးမှုကျောဇောသတင်းရှိသူဖြစ်၍စစ်ဆေးရာမှ
ဆိုင်ကယ်ခိုးမှုပေါ်ပေါက်သိမ်းဆည်းရမိခဲ့ကြောင်း
နယ်မြေခံရဲစခန်းမှသိရသည်။
စက်တင်ဘာ(၁၂)ရက်နေ့လည်အချိန်မြို့မရဲ
စခန်းမယ(ပ)၁၇/၂၀၂၀ မူး/စိတ်ပုဒ်မ၁၆(ဂ)/၂၁အမှု
နှင့်ဖမ်းဆီးထားသူအပိန်(ခ)မင်းမင်း(ခ)ဝေယံ(ခ)
မိုဟာမက်အလီမှာခိုးမှုကျော်ဇောသတင်းရှိသူဖြစ်၍
နယ်ထိန်းရဲအုပ်ဇော်လတ်မျိုးနှင့်တပ်ဖွဲ့ဝင်များမှ
သက်သေချမ်းအေးသာယာရပ်ကွက်ရာအိမ်မှူး
ဦးကျော်ကျော်နိုင်အောင်ဇေယျာရပ်ကွက်ရာအိမ်မှူး
ှီုဦးလှဌေးတို့နှင့်အတူစစ်ဆေးရာ၎င်းသည်
(၇း၉း၂၀၂၀)ရက်နေ့ကချမ်းအေးသာယာရပ်နေ
အိုဝိုက် ဟာဆန်းအလီတို့နှင့်အတူအောင်ဇေယျာ
ရပ်ကွက်နေအိမ်တစ်အိမ်ရှေ့၌ရပ်ထားသောHonda
Wave 100အမျိုးအစားစိမ်း/နက်ရောင်ဆိုင်ကယ်
တစ်စီးအားဇက်သော့ဖျက်၍ခိုးယူခဲ့ပြီးရမည်းသင်း
မြို့နယ်စည်ပင်သာရွာနေအညာသား(ခ)ရန်အောင်စိုး
ထံ၌ငွေ(၄၅၀၀၀၀/-)ဖြင့်ရောင်းချခဲ့ပြီး၎င်းတို့(၃)ဦး
ခွဲဝေသုံးစွဲခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
သက်သေများနှင့်အတူရမည်းသင်းမြို့နယ်သို့သွား
ရောက်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်အရသိမ်းဆည်းရမိသောဆိုင်ကယ်နှင့်
ပတ်သက်၍ပိုင်ဆိုင်ကြောင်းအထောက်အထား
တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသည့်အပြင်
မိမိရဲစခန်းနယ်မြေ/အခြားရဲစခန်းနယ်မြေတစ်နေရာ
မှခိုးယူလာသည်ဟုမသင်္ကာသဖြင့်ပိုင်ရှင်စုံစမ်း
ဖော်ထုပ်နိုင်ရေးအတွက်မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီး
ထားသူချမ်းအေးသာယာရပ်ကွက်နေအပိန်(ခ)
မင်းမင်း(ခ)ဝေယံ(ခ)မိုဟာမက်အလီ(၂၀)နှစ်နှင့်
စုံစမ်းဖမ်းဆီးစဉ်တိမ်းရှောင်နေသူ ဟာဆန်းအလီ
နှင့်အိုဝိုက် တို့အားအရေးယူပေးရန်ရဲအုပ်ဇော်လတ်မျိုး
၏တိုင်တန်းချက်အရမြို့မရဲစခန်းမှရာဇသတ်ကြီး
ပုဒ်မ ၃၇၉/ကျင့်၅၄ ဖြင့်အမှုဖွင့်အရေးယူပြီးအခြား
ခိုးမှုများဖြင့်ဆက်စပ်ထပ်မံစစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်းသိရသည်။

နယ်မြေလှည့်ကင်းဆောက်ရွက်စဉ်မသင်္ကာသူတစ်ဦးအားရှာဖွေရာမှစိတ်ကြွမူးယစ်ဆေးပြားများဖမ်းဆီးရမိစက်တင်ဘာ(၁၃)ရွှေမောင်မောင်(မိတ္တီလာ...
12/09/2020

နယ်မြေလှည့်ကင်းဆောက်ရွက်စဉ်မသင်္ကာသူတစ်ဦး
အားရှာဖွေရာမှစိတ်ကြွမူးယစ်ဆေးပြားများဖမ်းဆီး
ရမိ

စက်တင်ဘာ(၁၃)
ရွှေမောင်မောင်(မိတ္တီလာ)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ချမ်းအေး
သာယာရပ်ကွက်ကန်ပတ်လမ်းတွင်မသင်္ကာသူတစ်
ဦးအားစစ်မေးရှာဖွေရာမှစိတ်ကြွမူးယစ်ဆေးပြားများ
ဖမ်းဆီးရမိခဲ့ကြောင်းစုံစမ်းသိရသည်။
စက်တင်ဘာ(၁၁)ရက်နေ့လည်(၁၂း၃၀)အချိန်
ခန့်မိတ္တီလာမြို့မရဲစခန်းနယ်ထိန်းရဲအုပ်ဇော်လတ်မျိုး
နှင့်တပ်ဖွဲ့ဝင်များမှသက်သေများနှင့်အတူနယ်မြေ
လှည့်ကင်းဆောင်ရွက်နေစဉ်ချမ်းအေးသာယာရပ်
ကန်ပတ်လမ်းတွင်မသင်္ကာတွေ့ရှိသူအပိန်(ခ)မင်းမင်း
(ခ)ဝေယံအားစစ်မေးပြီးရှာဖွေရာ၎င်းဝတ်ဆင်ထား
သောပုဆိုးအစိမ်းရောင်ကွက်စိပ်ရှေ့ယာဘက်ခါးကြား
တွင်လိပ်ထားသည့်အနီရောင်စက္ကူပိုင်းအတွင်းထုပ်ပိုး
လျက်စာတမ်းမပါပန်းရောင်စိတ်ကြွမူးယစ်ဆေးပြား
(၃)ပြားကိုတွေ့ရှိ၍သက်သေများနှင့်သိမ်းဆည်းခဲ့
ကြောင်းသိရသည်။
အပိန်(ခ)မင်းမင်း(ခ)ဝေယံ ချမ်းအေးသာယာရပ်
နေသူအားစစ်မေးရာတစ်ရပ်တည်းနေအမွတ်တင်ထံ
မှကန်ပတ်လမ်းကန္တာရပင်အောက်၌တွေ့ဆုံပြီးဆေး
(၁)ပြားလျင်(၁၅၀၀/-)နှုန်းဖြင့်ဆေးပြား(၅)ပြားဝယ်
ယူခဲ့ပြီးသုံးစွဲရာမှကျန်ရှိသောဆေးပြားများဖြစ်ကြောင်း
သိရှိရသဖြင့်မြို့နယ်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါး
ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂၀/၂၀၂၀)ဖြင့်
သက်သေများနှင့်အတူချမ်းအေးသာယာရပ်ကွက်နေ
အပိန်(ခ)မင်းမင်း(ခ)ဝေယံ၏နေအိမ်နှင့်ဆေးပြား
ရောင်းချသူအမွတ်တင်နေအိမ်များသို့ဆက်လက်ရှာ
ဖွေရာမူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိပဲအမွတ်တင်
မှာတိမ်းရှောင်သွားခဲ့ကြောင်းသိရှိရသဖြင့်တရားမဝင်
စိတ်ကြွမူးယစ်ဆေးပြားများအားသုံးစွဲရန်နှင့်တဆင့်
ပြန်လည်ရောင်းချရန်လက်ဝယ်ထားရှိသူအပိန်(ခ)
မင်းမင်း(ခ)ဝေယံ(ခ)မိုဟာမက်အလီ(၂၀)နှစ်နှင့်
မူးယစ်ဆေးပြားများဖြန့်ဖြူးရောင်းချသူအမွတ်တင်
ချမ်းအေးသာယာရပ်မိတ္တီလာမြို့နေသူတို့အားအရေး
ယုပေးရန်ရဲအုပ်ဇော်လတ်မျိုး၏တိုင်တန်းချက်အရ
မြို့မရဲစခန်းမယ(ပ)၁၇/၂၀၂၀ မူး/စိတ်ပုဒ်မ၁၆(ဂ)/
၂၁ ဖြင့်အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်
တိမ်းရှောင်နေသူအမွတ်တင်အားစုံစမ်းရှာဖွေခဲ့ရာ
ယနေ့စက်တင်ဘာ(၁၂)ရက်နေ့(၁၂)နာရီခန့်ရပ်ကွက်
အတွင်းမှတွေ့ရှိဖမ်းဆီးရမိခဲ့၍ထွန်းထွန်းနိုင်(ခ)
နေဇာမွတ်တင်(ခ)အမွတ်တင်(၂၄)နှစ်အားအမှုဖြင့်
ဖမ်းဆီးပြီးမှတ်တမ်းများအရဆိုင်ကယ်/ဖုန်းပျောက်
ဆုံးမှုများနှင့်ပတ်သက်၍ဆက်စပ်စစ်ဆေးဆောင်
ရွက်လျက်ရှိကြောင်းသိရသည်။

စက်တင်ဘာ(၁၂)ရွှေမောင်မောင်(မိတ္တီလာ)        ယနေ့စက်တင်ဘာ(၁၂)ရက်နေ့(၁၀)နာရီအချိန်မိတ္တီလာပြည်သူဆေးရုံကြီးနှင့်သက်ဆိုင်ရာQuar...
12/09/2020

စက်တင်ဘာ(၁၂)
ရွှေမောင်မောင်(မိတ္တီလာ)

ယနေ့စက်တင်ဘာ(၁၂)ရက်နေ့(၁၀)နာရီအချိန်
မိတ္တီလာပြည်သူဆေးရုံကြီးနှင့်သက်ဆိုင်ရာQuaratin
များတွင်ဆေးကုသမှုခံယူနေသောပိုးတွေ့လူနာများ
အပါဝင်စောင့်ကြည့်လူနာများလူမှုကူညီရေးလုပ်ငန်း
များဆောင်ရွက်ပေးနေသည်အဖွဲ့ဝင်များအတွက်
နေ့လည်စာထမင်းဗူးများအားကျွန်တော်၏မိသားစုမှ
လှူဒါန်းသည့်နေရာတွင်ကျွန်တော်၏မိသားစုသာ
မကကျွန်တော်၏fri များ follow မိတ်ဆွေများချစ်သူ
ခင်သူများလုပ်ဖော်ကိုင်ဖက်သတင်းမီဒီယာသမား
များပါဝိုင်းဝန်းကူညီလှူဒါန်းကြတယ်လို့ကျွန်တော်
ခံယူထားပါတယ့်ဲ
မနက်ဖန်စက်တင်ဘာ(၁၃)ရက်နေ့လည်စာကို
မိတ္တီလာမြို့ရဲ့အရေးကြီးဆုံးအနောက်ဘက်တံခါးမှာ
နေ့မအားညမနားစစ်ဆေးရေးတာဝန်ဆောင်ရွက်နေ
ကြတဲ့မိတ္တီလာ- ကျောက်ပန်းတောင်းလမ်းမြတ်နိုးသူ
ဂိတ်တာဝန်ကျပူးပေါင်းအဖွဲ့ဝင်တွေအတွက်ကျွန်တော်
၏မိသားစုမှဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ့်
မြန်မာပြည်သူပြည်သားအားလုံးCivid 19ရောဂါ
ဘေးမှကင်းဝေးကြပါစေလို့ဆုတောင်းရင့်း့

မေတ္တာဖြင့်
ရွှေမောင်မောင်(မိတ္တီလာ)

12/09/2020

မိတ္တီလာမြို့နယ်မှပေးပို့
ဓာတ်ခွဲနမူနာ(၂၉)ဦး
အဖြေ
All Negatice

လေသေနတ်ကိုင်ဆောင်ထားသူမှရပ်ဟုပြောပြီးသုံးဘီးယာဉ်အားတားရာရပ်တန့်မပေး၍ပစ်ခတ်ရာမှယာဉ်မောင်းသူထိမှန်ဒဏ်ရာရရှိစက်တင်ဘာ(၁၁) #...
11/09/2020

လေသေနတ်ကိုင်ဆောင်ထားသူမှရပ်ဟုပြောပြီးသုံးဘီး
ယာဉ်အားတားရာရပ်တန့်မပေး၍ပစ်ခတ်ရာမှယာဉ်
မောင်းသူထိမှန်ဒဏ်ရာရရှိ

စက်တင်ဘာ(၁၁) #မြဝတီ
ရွှေမောင်မောင်(မိတ္တီလာ)
ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်ညအချိန်
ဈေးရောင်းပြီသုံးဘီးယာဉ်ဖြင့်မောင်းနှင်ပြန်လာစဉ်
လေသေနတ်ကိုင်ထားသူတစ်ဦးမှရပ်ရန်ပြော၍ရပ်
မပေးပဲမောင်းနှင်လာရာမှနောက်ဘက်မှလေသေနတ်
နှင့်ပစ်ခတ်၍လက်မောင်းတွင်ဖောက်ဝင်ဒဏ်ရာရရှိ
ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ(၁၀)ရက်နေ့ည(၉း၅၀)အချိန်ခန့်
မြဝတီမြို့ဇရစ်ချောင်းကျေးရွာအမှတ်(၄)ရပ်ကွက်နေ
ဦးရွှေဝင်း(၅၇)နှစ်မှအမှတ်(၄)ရပ်ကွက်ရွှေမြင်းဝန်း
ဘုရားအရှေ့ဘက်မုဒ်ရှေ့တွင်ကင်မွန်းကင်ရောင်းချ
ပြီးနေအိမ်သို့သုံးဘီးယာဉ်မောင်းနှင်ပြန်လာရာ
ဇရစ်ချောင်းကျေးရွာလမ်းသို့ရောက်ရှိစဉ်စွပ်ကျယ်
ဂျိုင်းပြတ်နှင့်ဘောင်းဘီရှည်ဝတ်ဆင်ထားသူ
အမည်မသိအမျိုးသားမှအရှည်(၄)ပေခန့်ရှိအနက်
ရောင်လေသေနတ်ကိုင်ထားကာသုံးဘီးယာဉ်အား
ရပ်ပေးရန်ပြောရာလူစိမ်းဖြစ်နေသဖြင့်ရပ်မပေးပဲ
ဆက်မောင်းလာရာနောက်ဘက်မှလေသေနတ်ပစ်
ခတ်သံကြားရပြီးဝဲဘက်လက်မောင်းတွင်ဖောက်
ဝင်သွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထိုသို့ဖြစ်ပွားခြင်းအားဇရစ်ချောင်းကျေးရွာမှ
အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများအားအကြောင်း
ကြားပြီး၎င်းတ်ု့နှင့်အတူမြဝတီဆေးရုံကြီးသို့သွား
ရောက်၍ရရှိသောဒဏ်ရာအားဆေးကုသခဲ့ပြီး
စုံစမ်းခဲ့ရာလေသေနတ်ဖြင့်ပစ်ခတ်သူမှာဇရပ်ချောင်း
ကျေးရွာနေစောမူဒါးနေအိမ်သို့အလည်အပတ်
ရောက်ရှိနေသည့်နိုင်ဦးဖြစ်ကြောင်းသိရှိရသဖြင့်
စက်တင်ဘာ(၁၁)ရက်နေ့တွင်ဦးရွှေဝင်းမှအရေးယူ
ပေးရန်ရဲစခန်းလာရောက်တိုင်တန်းချက်ချက်အရ
နိုင်ဦး(၃၀)နှစ်(နေရပ်စုံစမ်းဆဲ)အားမြဝတီမြို့မရဲ
စခန်း(ပ)၄၉၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့်
အမှုဖွင်ါအရေးယူပြီးပြစ်မှုကျူးလွနိသူအားဖမ်းဆီး
ရမိရေးအတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်းသိရသည်။

crdး Media Top 4 မှရယူပြင်ဆင်ရေးသားတင်ပြ
ပါသည်။

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနေ့တွင်သတင်းမီဒီယာများသတင်းရယူခွင့်ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသတင်းထုတ်ပြန...
10/09/2020

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနေ့တွင်
သတင်းမီဒီယာများသတင်းရယူခွင့်ပတ်သက်၍ပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင်မှသတင်းထုတ်ပြန်

စက်တင်ဘာ(၁၀)
ရွှေမောင်မောင်(မိတ္တီလာ)
၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပ
ပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲနေ့တွင်သတင်း
မီဒီယာများအနေဖြင့်သတင်းရယူမှုကိုတည်ဆဲဥပဒေ
နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများသတင်းမီဒီယာ
ကျင့်ဝတ်များနှင့်အညီလွတ်လပ်စွာသတင်းရယုခွင့်
ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
သတင်းထုတ်ပြန်ထားကြောင်းသိရသည်။
ရွေးကောက်ပွဲသတင်းရယူလိုသည့်ပြည်တွင်း
သတင်းမီဒီယာများကိုအထွေထွေရွေးကောက်ပွဲ
ကျင်းပမည့်ခရိုင်တစ်ခုချင်းစီအတွင်းရှိသက်ဆိုင်ရာ
မြို့နယ်များတွင်မီဒီယာသတင်းဌာန(၁)ခုတွင်
သတင်းထောက်(၄)ဦးနှုန်းဖြင့်သတင်းရယူခွင့်ပြု
သွားမည့်ဖြစ်ကြောင်းသိရသည်။
သတင်းမီဒီယာများရွေးကောက်ပွဲသတင်းရယူ
ရာတွင်သတင်းရယူခွင့်မီဒီယာသက်သေခံကတ်ပြား
များလျှောက်ထားရာ၌မိမိကိုယ်စားပြုသည့်ပြည်တွင်း
သတင်းမီဒီယာဌာနမှရွေးကောက်ပွဲသတင်းရယူရန်
တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်
အထားစာတင်ပြ၍သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲထံလျှောက်ထားရမည်ဖြစ်ကြောင်း
ခရိုင်တစ်ခုထက်ပို၍သတင်းရယူလိုလျင်သတင်း
ရယူလိုသည့်သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ခွဲများ
ထံထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်တွင်း
ပုဂ္ဂလိကမီဒီယာသမားများသည်ကိုယ်တိုင်ရေး
လျှောက်လွှာတွင်မိမိဆက်သွယ်ဆောင်ရွက်လျက်
ရှိသည့်ပြည်တွင်းသတင်းမီဒီယာသတင်းဌာန
အဖွဲ့အစည်း၏ထောက်ခံချက်စာကိုတင်ပြ၍သက်
ဆိုင်ရာကော်မရှင်ရုံးခွဲတွင်လျှောက်ထားရမည်ဖြစ်
ကြောင်းသိရသည်။
နိုင်ငံတကာသတင်းမီဒီယာများသည်ပြန်ကြား
ရေးဝန်ကြီးဌာနသို့လျှောက်ထားရမည်ဖြစ်ပြီး
ပြန်ကြားရေးဝန်ကြီးဌာနကစီစစ်ထောက်ခံပေးသည့်
နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်း ပုဂ္ဂလိက
များကိုသာခွင့်ပြု၍ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကအသိအမှတ်ပြုကတ်ပြားများထုတ်ပေး
သွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများ
သည်ရွေးကောက်ပွဲသတင်းရယူခွင့်မီဒီယာသက်
သေခံကတ်ပြားများလျှောက်ထားခြင်းကို၂၀၂၀
ပြည့်နှစ် အောက်တိုဘာ(၂၃)ရက်နေ့နောက်ဆုံး
ထား၍လျှောက်ထားဆောင်ရွက်နိုင်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်
ချက်အရသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Shwe Mg Mg Crime News Mtla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share