Akyabian

Akyabian Be Strong, Be kind, Be free 🌿 AKYAB was the metropolitan province of the native kingdom of Arakan, and the history of that country centres in it. m.

The city is situated at the confluence of the three large rivers Mayu, Koladan and Laemro, and is the most flourishing city in the Arakan division. Originally it was a mere fishing village, but when the British government in 1826 removed the restrictions on trade imposed by the Burmese. AKYAB quickly grew into an important seat of maritime commerce. During the first forty years of British rule it

increased from a village to a town of 1 5, 5 3 6 inhabitants, and now it is the third port of Burma, with a population in 1901 of 31,687. It contains the usual public buildings and several large rice mills. The chief exports are rice and oil. The district lies along the north-eastern shores of the Bay of Bengal, with an area of 5136 sq. and a population in 1901 of 481,666. It forms the northernmost district of Lower Burma, and consists of the level tract lying between the sea and the Arakan Yoma Mountains. The forests form a most important feature of Akyab district and contain a valuable supply of timber of many kinds. The central part of the district consists of three fertile valleys, watered by the Mayu, Koladan and Laemro. These rivers approach each other at their mouths, and form a vast network of tidal channels, creeks and islands.

မင်္ဂလာပါဗျာ အာဂျပ်ဘီယန်တို့ရယ် 💚ထိုင်းကိုရောက်နေတုန်း ဘန်ကောက်မြို့ကနေ တစ်ဆင့် ကားနဲ့ ၁ နာရီခွဲလောက် မောင်းရုံနဲ့ ရောက်...
28/04/2024

မင်္ဂလာပါဗျာ အာဂျပ်ဘီယန်တို့ရယ် 💚

ထိုင်းကိုရောက်နေတုန်း ဘန်ကောက်မြို့ကနေ တစ်ဆင့် ကားနဲ့ ၁ နာရီခွဲလောက် မောင်းရုံနဲ့ ရောက်တဲ့ သမိုင်းဝင် စေတီတွေနဲ့ မြို့တော်ဟောင်း အယုဒ္ဓယကို သွားလည်ခဲ့တဲ့အမှတ်တရ မှတ်တမ်းလေးတွေ သိမ်းထားပါရစေဗျာ။

အချိန်အားဖြင့်ဆိုရင်တော့ ဘန်ကောက်နဲ့ နီးလို့ တစ်ရက်အချိန်ပေးပြီး နေ့ချင်းပြန်သွားရင် အဆင်ပြေတာမို့လို့ သွားရောက်လည်ပတ်ဖို့ မှတ်တမ်းတင်ထားတာလေးတွေ မျှဝေပေးပါရစေဗျာ။

အယုဒ္ဓယမှာ နာမည်ကြီး စေတီ၊ ပုထိုးတွေများစွာထဲမှ သွားရောက် လည်ပတ်ဖြစ်ခဲ့တဲ့နေရာလေးတွေပြောပြမယ်

📍 Wat Mahathat
အယုဒ္ဓယနိုင်ငံတော်၏ စိတ်ပိုင်ဆိုင်ရာဖြင့် ဆက်နွယ်ထားသော အချက်အချာနေရာဖြစ်ပြီး အထင်ကရမှာ ဗုဒ္ဓဦးခေါင်းတော်သည် သစ်ပင်အမြစ်များတွင် ရစ်ပတ်ထားတာက ဒီနေရာတွင်ရှိသော အထင်ကရဖြစ်သည်။

📍 Wat Phra Si Sanphet
အယုဒ္ဓယတွင် အကြီးဆုံးဘုရားကျောင်းဖြစ်ပြီး ယခင်က မြဘုရားကို တော်ဝင်ကျောင်းတိုက်တွင် ထားရှိပြီး သီတင်သုံးစေခဲ့သော ဘုရားကျောင်းဖြစ်သည်။ ဒီနေရာမှာ ဆိုရင် ရှေးမှုမပျက် ဘုရားဆင်းထုတော်တွေ၊ ဗိသုကာ လက်ရာတွေကို လေ့လာရမှာဖြစ်တယ်။

📍 Wat Ratchaburana ၊
အယုဒ္ဓယ၏ ဗိသုကာလက်ရာနှင့် အနုပညာ အမွေအနှစ်များကို ထိုးထွင်းသိမြင်နိုင်သော ပန်းချီကားများနှင့် အံဝင်ခွင်ကျ ထိန်းသိမ်းထားသည့် နံရံဆေးရေးများကြောင့် လူသိများသည်။

📍Wat Yai Chaya Mongkol
The Great Temple of Auspicious Victory - 1593 ခုနှစ် မြန်မာကျူးကျော်မှုအပေါ် ထင်ရှားကျော်ကြားသော ဘုရင် Naresuan ၏ အောင်ပွဲ အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ခဲ့သော စေတီတွင်ရှိသည်။

အယုဒ္ဓယသည် သူ့ရဲ့ သမိုင်းဝင် အရေးပါမှုနှင့် အထင်ကြီးလောက်စရာ အပျက်အစီးများကြောင့် လူသိများပြီး ယခုအခါ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့သည်။ မြို့တော်သည် တရုတ်၊ အိန္ဒိယ၊ ပါရှားနှင့် ဥရောပတို့မှ လွှမ်းမိုးမှုများဖြင့် ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် သံခင်းတမန်ခင်းဗဟိုချက်ဖြစ်ခဲ့သည်။

၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယကို မြန်မာစစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ရပ်တည်ခဲ့သည်။ တစ်စိတ်တစ်ပိုင်း ပြန်လည်ပြုပြင် မွန်းမံခြင်းမပြုဘဲ နှစ်ပေါင်းများစွာကြာအောင် မြို့တော်ကို စွန့်ပစ်ခဲ့ပြီး အပျက်အစီးများအတိုင်း ထိမ်းသိမ်းထားရှိသော သမိုင်းဝင်မှတ်တမ်းများကို လေ့လာသိရှိနိုင်သည်။

ကဲ ဒီလို ရှေးမှုမပျက်တဲ့ မူလလက်ရာအတိုင်းရှိနေတဲ့ ဘုရားဆင်းထုတော်၊ စေတီပုထိုး၊ ဗိသုကာလက်ရာတွေ၊ သမိုင်းကြောင်းဆိုင်ရာ အဖြစ်ပျက်တွေ၊ မှတ်တမ်းမှတ်ရာတွေကို အယုဒ္ဓယဆိုတဲ့ မြို့မှာ တစ်စုတစ်စည်းသွားရောက်လည်ပတ်၊ လေ့လာနိုင်တာမလို့ သွားရောက်လည်ပတ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာ၊ ဓာတ်ပုံလေးတွေ မှတ်တမ်းတင်ပါရစေဗျာ

ချစ်သော
Your Akyabian’s boy

Passport သွားလုပ်မဲ့ မိတ်ဆွေတို့အတွက် ❤️
04/08/2023

Passport သွားလုပ်မဲ့ မိတ်ဆွေတို့အတွက် ❤️

အေ post ကိုဖတ်ပြီးမှ စစ်တွေမှာ passport စာအုပ် လုပ်ဖို့လာပါ 📚📙📔📕

နယ်ကနီ Passport လုပ်ဖို့ စစ်တွေလာယင်းနဲ့ တစ်ပတ်တစ်လ သောင်တင်ပနာ ရှစ်သိန်း/ဆယ်သိန်းကုန်နီရေလူတိကိုတွိရလို့ အေ post ကိုရွီးပါရေ။ သေချာဖတ်ကြည့်ပါ စစ်တွေကိုတစ်ခေါက်တည်းလားရုံနဲ့ passport အပြီးအစီးလုပ်နိုင်အောင် ရွီးပီးထားပါရေ

ရန်ကုန်မှာ passport လုပ်ရစော်ပုံစံနဲ့ စစ်တွေမှာလုပ်ရစော်ကမတူဆိုစော်ကိုအယင်ဆုံးပြောချင်ပါရေ။

စစ်တွေမှာ passport လုပ်ဖို့လူတိအတွက်အရေးကြီးဆုံးက 'တိုကင်' ပါ။

ယင်းတိုကင်ရဖို့အတွက် -

Day 1 - တိုကင်လျှောက်ရေနိန့်
တိုကင်စော်တစ်ပတ်ကြိုတင်လျှောက်ရပါရေ အိမ်ထောင်စုစာရင်းမိတ္တူ နှစ်စုံ မှတ်ပုံတင် မိတ္တူ နှစ်စုံနဲ့လားတင်ရပါရေ။ တိုကင်ပီးဖို့နိန့်ကို ရုံးကပြောလိုက်ပါလိမ့်မေ (အေအဆင့်မှာ လူကိုယ်တိုင်လားစရာမလိုပါသိ)။ နယ်ကဆိုကေ အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်ကို Viber ကပို့ပနာဖြစ်ဖြစ် print ပို့ပနာဖြစ်ဖြစ် စစ်တွေကမိတ်ဆွေတစ်ယောက်အကူညီယူပနာ တင်ခိုင်းလို့ရပါရေ)

Day 2 - တိုကင်ယူရဖို့နိန့်
အေအဆင့်မှာတော့ passport လုပ်ဖို့လူကိုယ်တိုင်လားဖို့လိုပါရေ။ တိုကင်စော် တစ်ပတ်စာ passport လုပ်ဖို့လူတိအားလုံးကို ယင်းတစ်ရက်ရာပီးစော်ဖြစ်ပါရေ။ တစ်ရက်မှာမှတစ်မိုးထက်ချေရာပီးစော်ဖြစ်တေအတွက် မိုးထက်ခုနစ်နာရီကပင် ရုံးရှေ့ကိုရောက်နီဖို့လိုပါရေ။ ကိုယ့်နာမည်ကိုခေါ်စော်မကြားလိုက်ပဲ တိုကင်ပီးပြီးလားခကေ နောက်အပတ်တိုကင်အတွက် ပြန်ပနာလျှောက်လွှာတင်ပခရဖို့ဖြစ်တေအတွက် အချိန်မီရောက်နီဖို့လိုရေပိုင် နာမည်ခေါ်စော်ကိုလေ့ ဂရုတစိုက်နားထောင်ဖို့လိုပါရေ။
စစ်တွေနဲ့အနီးအနားမြို့ကဆိုကေလေ့ တိုကင်ပီးရေရက်မတိုင်ခင်ကပင် စစ်တွေမှာကြိုရောက်နီသင့်ပါရေ။
တိုကင်ရလာကေ passport လုပ်ရဖို့နိန့်ကို ယင်းတိုကင်မှာရွီးထားပါရေ။ တိုကင်နံပါတ်ငယ်ကေ ယင်းတစ်ရက်တည်းမှာပင် passport လုပ်ခွင့်ရနိုင်ရေအတွက်နဲ့ အိမ်ထောင်စုစာရင်းမူရင်း မှတ်ပုံတင်မူရင်းယူလားဖို့မမိစီပါကေ့။
နယ်ကနီလာလုပ်ရရေလူလေ့ဖြစ်တေ တိုကင်နံပါတ်ကလေ့ကြီးနီရေဆိုကေ ချိန်းရေရက်ထက်စောလို့လုပ်ပီးလို့ရဖို့လား ရုံးထဲဝင်ပနာအကူညီတောင်းကြည့်ပါ။

Day 3 - Passport လုပ်ရဖို့နိန့်
တိုကင်မှာပါရေနိန့်ဖြစ်တေ passport လုပ်ရဖို့နိန့်ခါ အထက်မှာပြောခပိုင် အိမ်ထောက်စုမူရင်း မှတ်ပုံတင်မူရင်းနဲ့ ဖေ့သာလေးသောင်းလောက်ရာလိုပါရေ။ ကိုယ့်လက်ထဲမှာတိုကင်ရှိထားကေ အားလုံးအဆင်ပြေပါရေ။ ရုံးဝန်ထမ်းတိညွှန်ပြရေအတိုင်း ဟိုနေရာလားလိုက် အေနေရာလားလိုက် ဖေ့သာသွင်းလိုက်နဲ့တစ်ခုလေ့မခက်ခဲပါ။ အေနေရာမှာ တစ်ခုသတိထားစီချင်စော်က အသက် နှစ်ဆယ့်ငါးနှစ်ကျော်ပနာ သုံးဆယ်နားကပ်နီရေလူတိ စစ်တွေမှာ passport လုပ်ဖို့ဆိုကေ ကိုယ့်မြို့က မှတ်ပုံတင်ရုံးမှာ ၃၀ ပြည့်မှတ်ပုံတင်အသစ်လဲပြီးမှလာစီချင်ပါရေ။ စည်းကမ်းချက်အသစ်မှာယင်းပိုင်ပါလို့ တစ်ချို့လူတိ ကိုယ့်မြို့ကိုတစ်ခေါက်ပြန်ကတ်ရပါရေ။ အိမ်ထောင်စုစာရင်း မူရင်းစာရွက် ဟောင်းနွမ်းနီကေ ကိုယ့်မြို့ရုံးမှာအသစ်လဲပြီးမှလာပါ။

Day 4 - Passport ထုတ်ရဖို့နိန့်
Passport လုပ်ပြီးလို့ ဆယ့်လေးရက်ကြာရေနိန့်စော် passport ထုတ်လို့ရရေနိန့်ပါ။ ရုံးကပီးလိုက်စော်စာရွက်ကိုပြပနာ လားထုတ်လိုက်ရုံပါ။ အေအဆင့်မှာလေ့ ကိုယ်တိုင်လားဖို့မလိုအပ်ပါ။

အခုရွီးထားရေ အဆင့်တိစော် passport လုပ်စော်ပင်ဖြစ်ဖြစ် သက်တမ်းပင်တိုးတိုး pv ကနီ pj ပြောင်းပြောင်း အေအတိုင်းလားရစော်ပါယာ။တစ်ဆင့်ချင်းစီကိုကိုယ်တိုင်လုပ်ရစော်ဖြစ်တေအတွက် ပွဲစားနဲ့အပ်လေ့တစ်ခုလေ့မထူးပါ 😃

အေ information တိကိုမသိခလို့ ကိုယ်တိုင်လေ့အခက်အခဲတိရှိခရေအတွက် အခြားလူတိအဆင်ပြေအောင်ရှယ်ပီးကတ်ပါ

လိုအပ်ချက်တိရှိခကေလေ့ မန့်ထဲမှာဖြည့်ပီးကတ်ပါ အမျိုးရို့ ♥

သင်္ကြန်ကာလ နောက်ဆုံးနေ့အဖြစ် စစ်တွေဟိုတယ်ဆင်းလမ်း ပွိုင့်ကမ်းခြေတွင် ပုံမှန်စည်ကားလျှက်ရှိသော မြို့စစ်တွေ 🥰ညနေ့ဘက် ၃ နာ...
23/04/2023

သင်္ကြန်ကာလ နောက်ဆုံးနေ့အဖြစ် စစ်တွေဟိုတယ်ဆင်းလမ်း ပွိုင့်ကမ်းခြေတွင် ပုံမှန်စည်ကားလျှက်ရှိသော မြို့စစ်တွေ 🥰

ညနေ့ဘက် ၃ နာရီ ၃၀ မီနစ်လောက်မှ စတင်ပြီး အများပြည်သူများလာရောက် အနားယူကြပြီး ပျော်ပျော်ပါပါး အချိန်ကို ကုန်ဆုံးကြသည်။

စစ်တွေမြို့တွင် သင်္ကြန်ကာလပြီးဆုံးပြီးနောက် ပုံမှန် စစ်တွေကမ်းခြေတွင် အများပြည်သူများ လာရောက်အနားယူကြပြီး သွားလာသူများဖြင့် စည်ကားလျှက်ရှိသည်

စစ်တွေကမ်းခြေရှိ လတ်ဆတ်သော အစားအသောက်များနှင့်အတူ ငါးကင်၊ ကြက်ကင်၊ အကြော်၊ မုန့်ပဲ သရေစာများကို မိသားစု အနားယူရင်း စားကြသည်။

တစ်ဖက်တွင်လည်း ကမ်းခြေတစ်လျှောက်တွင်သင်္ကြန်အငွေ့အသက် ကျန်ရစ်နေသေးသော
ဆောက်ဘောက်များထုလျှက် ကားပတ်ပြီး သွားလာလည့်ပတ်နေကြသည်။ ကမ်းခြေတောက်လျှောက်တွင်လည်း အများပြည်သူများသွားလာနေမှုနှင့်အတူ စားသောက်ဆိုင်များတွင် လူပြည့်ကျပ်လျှက်ရှိသည်။

ရိုးရိုးဆန်းဆန်းလေးနမ့် ecofriendly style ထိုင်နေကျနေရာဟောင်းလေး BEACH BOX 💛
19/03/2023

ရိုးရိုးဆန်းဆန်းလေးနမ့် ecofriendly style ထိုင်နေကျနေရာဟောင်းလေး BEACH BOX 💛

10/03/2023

သာလီစွပါ Akyabian တို့ရေ

စစ်တွေမြို့ထဲကနေ ပင်လယ်လေကို ရှုရှိုက် ဆိုက္ကယ်လေးစီးရင်း ကမ်းနားလမ်းတစ်လျှောက် လေညှင်းခံ🤪 စစ်တွေမြို့ကြီးရဲ့ အထင်ကရနေရတစ်ခုဖြစ်တဲ့ ပွိုင့်ကမ်းခြေအလှနှင့်အတူ

မင်မင်တို့လို့ weekdays တွေမှာ smart ကျကျ အလုပ်လုပ်မယ် weekends တွေမှာ သက်တောင့်သက်သာ သူငယ်ချင်းတွေနမ့် hang out လုပ်မယ် chill မယ် အပြတ်မူးချင်တဲ့ သူတွေအတွက် The Bay Bar🥹

Akyabian တိုရော The bay မှာ အမှတ်တရလေးတွေရှိရှင်လဲ comment မှာမျှဝေခဲ့ပါအုံး 💖



05/03/2023
05/03/2023

စစ်တွေမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ သဲပုံစေတီပွဲ မြင်ကွင်း 🙏🏼

စောမွန်ပြင်ပြု၊ မင်ဗာတည်ကေ ရွှေမြောက်ဦးလေ ရွှေမြောက်ဦး ❤️မြောက်ဦးမြို့တော်ရဲ့  နန်းတော်ကုန်းကို ဘုရင် မင်းစောမွန် တည်ဆော...
06/02/2023

စောမွန်ပြင်ပြု၊ မင်ဗာတည်ကေ ရွှေမြောက်ဦးလေ ရွှေမြောက်ဦး ❤️

မြောက်ဦးမြို့တော်ရဲ့ နန်းတော်ကုန်းကို ဘုရင် မင်းစောမွန် တည်ဆောက်ခဲ့တဲ့အချိန်မှာ မူလ ကနဦးကတော့ ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိခဲ့ပြီး ကျောက်ဆောင်ကျောက်သား မြေခံမြေသားတွေနဲ့သာ ဖြစ်တယ်လို့သိရတယ်

နန်းကုန်း ပတ်လည် စတုရန်းပုံသဏ္ဏန်ကို ကျောက်အုတ်တွေနဲ့ အမာခံပြုပြီးတော့ ခရစ်သက္ကရာဇ် ၁၄၃၀ ခုနှစ် မှာ မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်ခဲ့လေတယ်

ပထမဆုံးမြောက်ဦးထီးနန်းတော်ကို စောမွန်မင်းများလက်ထက် အုတ်တံတိုင်းတွေနဲ့သာ အခြေခံလျက် တည်ဆောက်ခဲ့ကြတယ်

မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက် ရောက်တဲ့အခါမှာတော့ ကျောက်အမာခံတံတိုင်းတွေနဲ့ ထပ်ပြီးတော့ ခိုင်ခံ့ကြီးကျယ်စွာ တည်ဆောက်ခဲ့တယ်လို့ လေ့လာသိရှိရတယ်
ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် စောမွန်ပြင်ပြု၊ မင်ဗာတည်ကေ ရွှေမြောက်ဦးလေ၊ ရွှေမြောက် ❤️ လို့ဖတ်ရှိရတယ်

မြောက်ဦးကို လာလည်မယ်ဆိုရင် အခုလို့ဆောင်းရာသီက ခရီးသွားဧည့်သည်တွေအတွက် မြောက်ဦး ဒေသရဲ့အလှ၊ မြောက်ဦဒေသထွက် အစားအသောက်တွေနဲ့ ဆီးကြိုနေလေ့ရှိပြီး မြောက်ဦးမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံး ရာသီမို့ လာလည်ဖို့ဖိတ်ခေါ်ပါရစေ 🥰

’ Akyabian boy






Akyabians’ rooftopThe bay ရဲ့ အပေါ်ထပ်မှာ အသစ်ဖွင့်လှစ်ထားတဲ့ rooftop လေးကို ရောက်ခဲ့တဲ့ feeling လေးကို မျှဝေပါရစေဗျာ Ro...
02/02/2023

Akyabians’ rooftop

The bay ရဲ့ အပေါ်ထပ်မှာ အသစ်ဖွင့်လှစ်ထားတဲ့ rooftop လေးကို ရောက်ခဲ့တဲ့ feeling လေးကို မျှဝေပါရစေဗျာ

Rooftop လေးကတော့ ဆောင်းလေ ဖွေးဖွေးလေးနမ့် relax လုပ်လို့အရမ်းကောင်းပြီး ပင်လယ်ပြင်ကြီးရဲ့ view အလှနမ့်အတူ ညနေ sunset 🧡 The bay ရဲ့ အပေါ်ဆုံး rooftop ကနေပြီး view point ရဲ့ အပေါ်စီးမြင်ကွင်းလေးတွေကို ခံစားကြည့်ရတဲ့ feeling လေးကတော့ ဘာနမ့်မှ နှိုင်းယှဉ်လို့ မရနိုင်တာတော့ တကယ်ပါဗျာ 😍

ပထမဆုံး အသစ်ဖွင့်ထားတဲ့ rooftop အနေနမ့် နေရာကလည်း ကျယ်ကျယ်ဝန်းဝန်း view ကလည်းမိုက် decoration ကလည်းမိုက်တော့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးလည်းဖြစ်တယ်ဗျာ 🥰

Opening promotion အနေနမ့် အပတ်စဉ် Monday to Thursday အထိ rooftop မှာလာထိုင်တဲ့ ဝိုင်းတိုင်းအတွက် 50,000 ကျပ်နှင် အထက် မှာယူတဲ့ customers တွေဆိုရင် free promotion coupon လေးတွေ လက်ဆောင်ရရှိမှာ ဖြစ်တယ် 🐝

Coupon လေးတွေ အတွင်းမှာပါဝင်တဲ့ items တွေထဲက မိမိကြိုက်နှစ်သက်ရာ items တစ်ခုကိုရွေးပြီး The bay ရဲ့ main bar station မှာ free လာသောက်ပြီး အပီ ခုန် တွန့်ရတဲ့ feeling ကတော့ လုံးဝ relax ပဲဗျာ 🥹😅

နောက်ထပ်အစီစဉ်လေးတွေအနေနဲ့တော့ rooftop ရဲ့ unplug Friday အစီစဉ်လေးတွေရှိတာမို့ လာ relax လုပ်ဖို့ ဖိတ်ခေါ်ပါရစေ 🎉

Opening Promotion အနေနဲ့တော့promotion ပေးတဲ့ နေ့ကနေ စပြီး တစ်လအတွင်းသာ ရရှိမှာမို့လို့ အမြန်လေးသာ The bay Rooftop မှာ relax လုပ်ဖို့ဖိတ်ခေါ်ပါရစေဗျာ 🤗

Stay tune
Your Akyabians’ boy

Winter Mood 🧡မြောက်ဦးကနေ တစ်ဆင့် မင်းပြားကိုသွားမယ်ဆိုရင် မိနစ် 50 လောက်သာ သွားရမှာဖြစ်ပြီး ကား၊ နှစ်ဘီးဆိုက္ကယ် ဒါမှမဟု...
30/01/2023

Winter Mood 🧡

မြောက်ဦးကနေ တစ်ဆင့် မင်းပြားကိုသွားမယ်ဆိုရင် မိနစ် 50 လောက်သာ သွားရမှာဖြစ်ပြီး ကား၊ နှစ်ဘီးဆိုက္ကယ် ဒါမှမဟုတ် tuk tuk စီးပြီးပေါ့ပေါ့ပါးပါး သွားရောက်နိုင်မှာဖြစ်တယ်

မြောက်ဦးကနေတစ်ဆင့် မင်းပြား ဒါမှမဟုတ် ရန်ကုန်ကားလမ်း တစ်လျှောက်သွားပြီဆိုလျှင် ကားလမ်းတစ်လျှောက်မှာ ဝါဝင်း၊ မွေးကြိုင်နေတဲ့ မုံညှင်းခင်းတွေကို မြင်တွေ့ရမှာဖြစ်တယ်

ရခိုင်ဒေသအတွင်းရှိ မြို့နယ်အများစုမှာ အခုလို့ ဆောင်းဦးဝင်စ အချိန်မှာ မုံညှင်းပင်ကို စိုက်ပျိုးလေ့ရှိပြီး မုံညှင်းဆီကို ထုတ်လုပ်ရောင်းချကြတယ် 🧡

အခုလိုဆောင်းဦးဝင်စမှာ မုံညှင်းပင်တွေ အရမ်းလှနေတော့ ကြည့်မနေနိုင်ခဲ့ဘူး 🥹
ပုံလှလှလေးတွေအတွက် ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကိုကြည့်ရင်း လွတ်လပ်မှုတွေကူးစက်ကြစေ

ပုံရိုက်တဲ့အခါမှာ အပင်လေးတွေကို မထိမရှရအောင် ဂရုစိုက်ပြီးမှ ရိုက်သင့်ပါတယ်နော်

ချစ်သော

📷 Akyabians’ boy

13/01/2023

ငပလီရေပြာအိုင်သို့ 💖

12/01/2023

E biking Tour at Ngapali Beach

အခွီတွေအပြည့်နမ့် 😅

ငပလီကိုရောက်ရင် ဟိုသွားဒီသွား မြို့ထဲလျှောက်လည်မယ်၊ ကမ်းနားဘက်က ပင်လယ်စာသွားစားမယ်၊ သံတွဲစျေးက ဒေသထွက် လက်ဆောင်လေးတွေဝယ်မယ်၊ ပေါ့ပေါ့ပါးပါး မြို့ထဲလျှောက်လည်ချင်တဲ့သူတွေအတွက် တစ်နေ့လုံးစီး ၁၀၀၀၀ ကျပ်သာပေးရတဲ့ Ebike 🥰

ငပလီကိုရောက်ရင် ကမ်းခြေနားမှာ အချိန်ကုန်နေမဲ့အစား ဟိုသွားဒီသွားလျှောက်လည်ရတာကြိုက်တဲ့ သူတွေအတွက် ဘော်ဒါတစ်စုနမ့် E bike လေးစီးရင်း relax လုပ်ဖို့ အကြံပြုပါရစေဗျာ ❤️

10/01/2023

ငပလီကိုရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ဆိုင်လေး

Akyabian တို့ရေ မင်မင်အနေနဲ့တော့ ငပလီကို သွားဖို့ရာအတွက် ကမ်းခြေကိုရောက်ရင် ဘယ်ကိုသွားမယ် ဘာသွားလုပ်ရမယ့်ဆိုတာလေးတွေအတွက် review လေးတွေ ရှာဖတ်ခဲ့ဖြစ်တယ်။ အဲဒီထဲကနေ တစ်ဆင့် သိခဲ့ရတဲ့ဆိုင်လေးလို့ ပြောရမှာပေါ့ 🥰

ဒီဆိုင်လေးကို သွားဖို့ရာအတွက် မင်မင်တို့တည်းတဲ့ နေရာမှတစ်ဆင့် အနီးမှာရှိတဲ့ Tuk Tuk လေးနဲ့ ၂၅ မိနစ်လောက်သွားခဲ့ရတယ် ငပလီကမ်းခြေပေါ်မှာ တည်ရှိပြီး မြပြင်လမ်းမကြီးပေါ်ကနေတစ်ဆင့် လွယ်လွယ်ကူကူ လာရောက်နိုင်မှာဖြစ်တယ် ဒီဇင်ဘာလအစောပိုင်းဆိုတော့ ခရီးသွားလည်း အရမ်းများမနေတော့ ပေါ့ပေါ့ပါးပါး အေးဆေးပေါ့

ဆိုင်က ကမ်းခြေစပ်နားလေးမှာ ဖွင်ထားတာ ဖြစ်ပြီး ရေတက်နေပေမဲ့ အရမ်းကြီးလိုင်းကြီးနေတာတို့ ရှိမနေတော့ ဖြတ်လျှောက်ခဲ့ရတယ် ( တစ်ချို့က ရေလိုင်းကြီးတဲ့ အချိန်မျိုးမှာ စက်လှေနဲ့ ဖြတ်လျှောက်ရတယ်လို့ ပြောကြတယ်) အပြန်အချိန်လေးမှာတော့ ရေတွေရှိမနေတော့ night mood လေးနဲ့ feeling တစ်မျိုးပေါ့ဗျာ 💖

ဆိုင်ကဝင်တဲ့အခါမှာတော့ ဖြတ်လျှောက်ကတဲ့ သစ်သားတံတားကတော့လုံးဝအသက်ပေါ့ဗျာ ( တခြားနိုင်ငံတွေမှာဆိုရင် ပိုက်ဆံပေးပြီးဖြတ်လျှောက်ရနိုင်တယ် )ဆိုင်ရဲ့ ထူခြားချက်တွေအများစုထဲက တစ်ချို့လေးတွေကတော့ နေ့စဉ်အလိုက် ပင်လယ်စာတွေဖြစ်တဲ့ special menu လေးတွေဖြစ် ( ပင်လယ်စာ မာလာဗန်းတို့ အပြင် တခြားပင်လယ်စာနမ့်ဆိုင်တဲ့ menus လေးတွေ) နောက်တစ်ခုက 4 to 6 pm happy hour အနေနဲ့ ကိုယ်ကြိုက်တဲ့ beer သောက် buy two get one အစီစဉ်လေးတွေနမ့် beer လေးသောက် နေဝင်ချိန် sun set လေးကိုကြည့်ပြီး အလွမ်းလား အဆွေးလား စိတ်ကြိုက်feel ပေါ့ဗျာ

Special Event Dinner/Lunch တွေ အတွက် Booking အနေနဲ့တော့
pH. 095102361
09765102361
09444112207

မင်မင်တိုလို့ ကမ်းခြေနားမှာ ပေါ့ပေါ့ပါးပါး feel ရင်း relax လုပ်ချင်တဲ့သူတွေအတွက်တော့ PVI restaurant လေးမှာ relax လုပ်ဖို့ recommend ပေးပါရစေဗျာ 🥰

https://www.facebook.com/pvingapali?mibextid=LQQJ4d

ချစ်သော
Your Akyabian’s boy

04/01/2023

တစ်နေ့ အေးချမ်းတဲ့ အိမ်လေးမှာ အပင်လေးတွေစိုက်ပီးနေသွားချင်တယ် 💚




28/12/2022

ဖြတ်သွားဖြတ်လာ မြို့ကျောက်တော်

စစ်တွေကနိန် မိုးထဖက် ၇နာရီကနိန့် public transport နမ့်လိုက်လာဖြစ်တေ ဆောင်းဦးစလည်းဖြစ် လမ်းတိလည်းဖွင့်ထားရေ အတွက်နန့် လေးမြို့ချောင်းဘက်ကို လားလူတိအများကြီးနန့် public transport မှာလူအပြည့်ဖြစ်လို့ နွေးထွေးရေ အငွေ့အသက်ချေနမ့် ရောက်ခပါရေ

လွန်ခရေ တစ်နှစ်အတွင်းမှာ နိုင်ငံရေးအခြေအနေကြောင့် မလားဖြစ်ခပါ ကျောက်တော်ဘက်ကနိမ်တစ်ဆင့်ဖြတ်လားကေ မင်းချောင်းတံတားက နိန်တစ်ဆင့် ဖြတ်လားရေ အခါမှာ ကျောက်တော်မြို့အလှနန့် ကျောက်တော်တောင်ထက်က လီဖဖြူးချေနန့်ဖြတ်လားရရေ feeling ကတော့လုံးဝ တစ်ခုနန့်လည်း အစားထိုးလို့မရရေ ခံစားချက်ချေဖြစ်ပါရေ 💚

ဆောင်းဦးဝင်စလေးမှာ ဝါးတောင် ( ကန်စောက်တောင်က ) လတ်ဆတ်တဲ့ အစားစရာလေးတွေAkyabian
28/12/2022

ဆောင်းဦးဝင်စလေးမှာ ဝါးတောင် ( ကန်စောက်တောင်က ) လတ်ဆတ်တဲ့ အစားစရာလေးတွေ
Akyabian

20/12/2022

💖

မေ့မရနိုင်တဲ့ လေးမြို့ချောင်းခရီးစဉ်လေးမြို့ချောင်းကိုသွားမယ်ဆိုရင် အခုလိုဆောင်းရာသီက အကောင်းဆုံးဖြစ်ပြီး ရခိုင်တို့ရဲ့ ...
18/12/2022

မေ့မရနိုင်တဲ့ လေးမြို့ချောင်းခရီးစဉ်

လေးမြို့ချောင်းကိုသွားမယ်ဆိုရင် အခုလိုဆောင်းရာသီက အကောင်းဆုံးဖြစ်ပြီး ရခိုင်တို့ရဲ့ ရှေ့ဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးကနေတစ်ဆင့် လှေကလေးနမ့် မိနစ် ၃၀ ကြာသွားရမှာဖြစ်တယ်

လေးမြို့ချောင်းကို သွားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ ခရီးလေးတစ်ခုဖြစ်စေဖို့ရာအတွက် မိသားစုလိုက်၊ သူငယ်ချင်းဘော်ဒါတွေနမ့် ဒါမှမဟုတ် ချစ်ရသူနမ့်သွားဖို့ အကြံလေးပေးပါရစေဗျာ

လေးမြို့ချောင်းကတော့ အရမ်းကိုသာယာလှပတဲ့ နေရာတွေထဲကတစ်ခုဖြစ်ပြီး အရမ်းလှပ စိမ်းစိုနေတဲ့ ချောင်းကြီးရယ်၊ အရမ်းအေးချမ်းတဲ့ တောတောင်တွေနှင့် လေကောင်းလေသန့်တွေကိုလည်း တဝကြီးရှူရှိုက်ခံစားနိုင်မှာဖြစ်တယ်။ တောတောင်တွေနမ့် နီးတဲ့အတွက်ကြောင့် hiking အနေနဲ့ပဲသွားမလား trekking အနေနမ့်ပဲသွားမလား Camping အနေနမ့်ပဲသွာမလား စိတ်ကြိုက်ကိုအဆင်ပြေတယ်ဗျာ 💚

အနီးအနားမှာရှိတဲ့ အရမ်းရင်းနှီး ဖော်ရွေတဲ့ နယ်ခံတွေဖြစ်တဲ့ ချင်းလူမျိုးတွေရဲ့ သွားလာ လုပ်ရှား နေထိုင်ပုံ ဓလေ့တွေကို လည်း ဒေသန္တရ ဗဟုသုတအနေနဲ့ တစ်ခါတည်း လေ့လာလို့ရမှာဖြစ်တယ် အနီးအနားကရွာတွေမှာဆိုရင် ပါးရဲထိုးထားတဲ့ ချင်းအဘွားကြီးတွေကိုလည်း မြင်တွေ့ရမှာဖြစ်တယ် 🏞

ဒေသထွက်အစားအသောက်တွေကတော့ အရမ်းနာမည်ကြီးတဲ့ လေးမြို့ချောင်း ကျွဲကောသီး၊ လိုက်ချီးသီး၊ အရမ်းလတ်ဆတ်တဲ့ မြေပဲတွေကို ဝယ်ယူရရှိနိုင်မှာဖြစ်တယ်။ နောက်ထပ်တစ်ခု မမြည်းမဖြစ်မြည်းစမ်းကြည့်ရမှာကတော့ ဒေသထွက် ခေါင်ရည်ပဲဖြစ်တယ်

ကိုယ်တွေကတော့ အနီးအနားက ရွာထဲကိုဆင်းပြီး ရွာခံတွေနမ့် စကားစမြည်လေးပြောပြီး ခေါင်ရည်မြည်းခဲ့ရတာတော့ လုံးဝအမှတ်တရပါပဲ 😅 အသီးအနှံတွေကြိုက်တဲ့အတွက်ကြောင့်မလို့ ကျွဲကောသီးတွေမြေပဲတွေရယ်ကို စစ်တွေတရောက် အားရပါးရ သယ်လာခဲ့တယ် ဒီလိုအားရပါးရလည်ခဲ့ရတဲ့ လေးမြို့ချောင်းခရီစဉ်ကတော့ လုံးဝမေ့လို့မရနိုင်တဲ့ ခရီးသွားအမှတ်တရတွေထဲကတစ်ခုဖြစ်လို့ သွားလည်ဖို့အကြံပြုပါရစေဗျာ ❤️

13/11/2022

သက်ရှိတန်ဖိုး 🥰

လူတိုင်းလူတိုင်းဟာ ပုံသဏ္ဌာန်တွေမတူညီကြပေမဲ့လည်း သူတို့ကိုယ်စီမှာ စိတ်ကူးအိမ်မက်တွေကတော့ တူညီကြတယ်
တေးရီး ရွှီဟိန်း
တေးဆို မြတ်ကေခိုင်ဦး

09/11/2022

တန်ဆောင်ပုန်း လပြည့်ကျော်တစ်ရက်နေ့ ဆွမ်းတော်ကြီးလောင်းလှူပွဲ့ 🙏🏼

စစ်​တွေမြို့တွင်း တန်​ဆောင်းမုန်းလပြည့်​နေ့ လူအများသွားလာနေကြပုံမြင်ကွင်း ❤️
07/11/2022

စစ်​တွေမြို့တွင်း တန်​ဆောင်းမုန်းလပြည့်​နေ့ လူအများသွားလာနေကြပုံမြင်ကွင်း ❤️

07/11/2022

၂၀၂၂ခုနှစ်၊နိုင်ဝင်ဘာလ(၇) ရက်၊ တန်ဆောင်ပုန်းလပြည့် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေသော စစ်တွေမြို့မြင်ကွင်း ❤️

02/04/2022

2022 ကတော့ ရခိုင့်တေးသံရှင် လောကကို စိန်ခေါ်မှုတိ ဝေဖန်မှုတိ အများကြီးနဲ့ ရိုက်ခတ်ချက်တိရှိနိမ်ရေ
ဇာပိုင်ပင်ရှိရှိ တစ်ကျော့ပြန်ဆန်းသစ်လာဖို့အတွက် မျော်လင့်နိမ်ရေ

အေတေးခင်းကတော့ 2022 မှာအသစ်တစ်ဖန်် modified လုပ်ထားရေအကြိုက်ဆုံး ရခိုင်တေခင်း cover ချေထဲက တစ်ပုဒ်ဖြစ်တေ ❤

Congritulations 💫💫💫

#အသူပိုလှပါရေ
mg

Saidon Waterfall in Buethidaung Township, Rakhine State ❤❤❤
09/03/2022

Saidon Waterfall in Buethidaung Township, Rakhine State ❤❤❤

08/03/2022

ပြောင်းလဲကုန်ပြီ •••••

ဖုန်းရှိပေမယ့်
ဘေလ်ဖိုး မတတ်နိုင်ကြတော့ဘူး။

ကားရှိပေမယ့်
သွားဖို့ မတတ်နိုင်ကြတော့ဘူး။

မီးစက်ရှိပေမယ့်
နှိုးဖို့ မတတ်နိုင်ကြတော့ဘူး။

ပြောချင်တာတွေရှိပေမယ့်
ပြောဖို့ မတတ်နိုင်ကြတော့ဘူး။

အမှန်တွေသိပေမယ့်
ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အမှားတွေမြင်ပေမယ့်
ထောက်ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အသက်တွေရှိမယ့်
အဓိပ္ပါယ်ရှိရှိ ရှင်သန်ဖို့ မတတ်နိုင်ကြတော့ဘူး။

ဘဝတွေဟာ ရှင်လျှက်နဲ့ သေနေကြပြီ။

Happy Drink-Wine-and-Eat-Chocolate Day 💝
14/02/2022

Happy Drink-Wine-and-Eat-Chocolate Day 💝

အာရကန် လှော်စာ အားလုံးသာလီစွပါ 😍 ........ရခိုင်ဒေသကို ရောက်ပြီဆိုရင် ရခိုင် လှော်စာကတော့ မဖြစ်နေစားရမယ့် အစားအသောက်ထဲမှ ...
09/02/2022

အာရကန် လှော်စာ



အားလုံးသာလီစွပါ 😍 ........ရခိုင်ဒေသကို ရောက်ပြီဆိုရင် ရခိုင် လှော်စာကတော့ မဖြစ်နေစားရမယ့် အစားအသောက်ထဲမှ တစ်ခုလို့ဆိုရမယ်ဗျာ။ မင်မင်ကတော့ အခုလိုဆောင်းရာသီမှာ စစ်တွေမြို့ ဘီးလူးမတံတားကနေ ဖြတ်လျှောက်ပြီဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်တွေနဲ့ ညနေဘက် သွားသောက်နေကျ ဆိုင်လေးကို ညွှန်းပါရစေ 🤗🤗

လှော်စာတစ်ဘူးရဲ့ စျေးနှုန်းကတော့ ၅၀၀ ကျပ်ရှိပြီး သောက်တဲ့အခါမှာ ကောက်ညှင်းနဲ့ ရောပြီးသောက်မလား၊ ဒါမှမဟုတ်လှော်စာ သီးသန့်သောက်မလား Akyabian တို့စိတ်ကြိုက်သောက်လို့ရတယ်နော်။ မင်မင်အနေနဲ့တော့ လှော်စာသောက်တာဟာ ခံတွင်းကိုရှင်းပြီး စိတ်ကို ပေါ့ပါးစေတာတော့ အမှန်ပဲဗျာ။ စိတ်သဘောထားကောင်းပြီး အပြုံးချိုချိုလေးနဲ့ ဝန်ဆောင်မှုပေးတတ်တဲ့လှော်စာသည်မမရဲ့ နာမည်ကတော့ မဆန်းဆန်းဖြစ်ပြီး ကြိုတင်မှာထားချင်တယ်ဆိုရင်တော့ 09685118121 လေးကို ဆက်သွယ်ပေးပါဗျာ 💛




Address


Website

Alerts

Be the first to know and let us send you an email when Akyabian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share