31/01/2021
" COVISHIELD ကာကွယ်ဆေး "
ကာကွယ်ဆေး မထိုးသင့်တဲ့ အုပ်စုတွေကတော့
၁။ ကိုဗစ် အတည်ပြုလူနာတွေ၊ သံသယလူနာတွေ၊
၂။ ကိုဗစ်ကနေ သက်သာ ပျောက်ကင်းတာ ၂ ပတ် မပြည့်သေးသူတွေ၊
၃။ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်တွေ
၄။ အသက် ၁၈ နှစ် အောက်တွေ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးပြီးရင် ဓာတ်တည့် မတည့်နဲ့ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုး ရှိမရှိ စောင့်ကြည့်ဖို့ နာရီဝက် နေပေးရမှာ ဖြစ်ပါတယ်။
# နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာလို ရောဂါအခံ ရှိသူတွေ ကိုဗစ် အကူးခံရရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ထိုးသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
# ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ကုသမှု ခံယူထားသူတွေနဲ့ ခုခံအားကျ ရောဂါရှိသူတွေကတော့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။
ကာကွယ်ဆေး ထိုးပြီး ဖြစ်တတ်သော လက္ခဏာများမှာ
၁။ ဆယ်ယောက်မှာ တစ်ယောက်ထက် ပိုပြီး ခံစားနိုင်ချေ ရှိတာက ဆေးထိုးတဲ့နေရာက နာတာ၊ ရောင်တာ၊ နီတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ဖျားတာ၊ နုံးတာ၊ မအီမသာ ဖြစ်တာတွေပဲ ဖြစ်ပါတယ်။
၂။ ဆယ်ယောက်မှာ တစ်ယောက်လောက် ခံစားနိုင်ချေ ရှိတာက ဆေးထိုးတဲ့နေရာမှာ အကျိတ်ငယ် ဖြစ်တာ၊ အန်တာနဲ့ ရာသီတုပ်ကွေးလို သာမန် လက္ခဏာတွေ ပြတတ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။
၃။ အယောက် တစ်ရာမှာ တစ်ယောက် ခံစားနိုင်ချေ ရှိတာကတော့ မူးဝေတာ၊ ယားယံတာ၊ ချွေးထွက်လွန်တာ၊ အစာစားချင်စိတ် လျော့နည်းတာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။