Guitar chords and music

  • Home
  • Guitar chords and music

Guitar chords and music Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Guitar chords and music, Digital creator, .

I have reached 4K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉Post...
10/12/2023

I have reached 4K followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
Post တွေမတင်တာကြာပေမဲ့ ခုချိန်ထိ pageလေးကို like & follow လုပ်ပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ💛
နောက်လဲ သီချင်း chords တွေထပ်တင်ပေးပါဦးမယ်

27/09/2023

🎵🎵မောင့်မျက်ရည်ဝိုင်း 🎵🎵
တေးရေး၊တေးဆို- စိုးလွင်လွင်

Chords တွေမတင်‌တာတောင်အတော်ကြာသွားပြီလိုချင်တာလေးတွေရှိရင်မေးခဲ့ဗျာ တတ်နိုင်သမျှရှာပေးမယ်မိတ်ဆွေတို့Page ကို Like & foll...
25/09/2023

Chords တွေမတင်‌တာတောင်အတော်ကြာသွားပြီ
လိုချင်တာလေးတွေရှိရင်မေးခဲ့ဗျာ တတ်နိုင်သမျှရှာပေးမယ်မိတ်ဆွေတို့
Page ကို Like & follow မလုပ်ရသေးရင်လဲ လုပ်ခဲ့ပေးပါဦး

Postအသစ်မတင်တာလဲကြာသွားပြီ မနက်ဖန် ခရစ်စမတ်နေ့ဆိုတော့ ခရစ်စမတ်သီချင်းလေးတွေပြန်တင်ပေးမယ်ဗျာအားလုံးပဲ Merry Christmas ပါ ...
24/12/2022

Postအသစ်မတင်တာလဲကြာသွားပြီ

မနက်ဖန် ခရစ်စမတ်နေ့ဆိုတော့ ခရစ်စမတ်သီချင်းလေးတွေပြန်တင်ပေးမယ်ဗျာ
အားလုံးပဲ Merry Christmas ပါ 🎄🎄🎄

Photo crd

သီချင်းအစုံပါ 🎸🎸🎸မူရင်းတင်သူအားလုံးကို crdပေးပါတယ်ဗျအခြေအနေအရဈေးလေးရောင်းနေရတာမို့ ကျွန်တော့်ရဲ့ဈေးရောင်းတဲ့pageလေးကိုလဲ...
26/08/2022

သီချင်းအစုံပါ 🎸🎸🎸
မူရင်းတင်သူအားလုံးကို crdပေးပါတယ်ဗျ

အခြေအနေအရဈေးလေးရောင်းနေရတာမို့ ကျွန်တော့်ရဲ့ဈေးရောင်းတဲ့pageလေးကိုလဲlike & follow လေးလုပ်ပေးကြပါဦးဗျ
𝐒𝐡𝐰𝐞 𝐊𝐚𝐧𝐭 𝐊𝐚𝐰 - 𝐁𝐫𝐚𝐧𝐝𝐞𝐝 𝐄𝐱𝐩𝐨𝐫𝐭 𝐅𝐚𝐬𝐡𝐢𝐨𝐧
ကြိုက်တာရှိရင်pageကနေမှာယူနိုင်ပါတယ်

လိုချင်တဲ့သီချင်းလေးများရှိရင်လဲ mesကနေ တောင်းလို့ရပါတယ်🎸🎸🎸🎸

Capo ဆိုတာ ဘာလဲ.. ဘယ်လိုသုံးရမလဲ...​??ဂစ်တာ..တီးကြပြီဆိုရင်..Capo(ကာပို)...အကြောင်း..နှိုက်နှိုက်ချွတ်ချွတ်သိထားဖို့..လိ...
01/08/2021

Capo ဆိုတာ ဘာလဲ.. ဘယ်လိုသုံးရမလဲ...​??
ဂစ်တာ..တီးကြပြီဆိုရင်..Capo(ကာပို)...အကြောင်း..
နှိုက်နှိုက်ချွတ်ချွတ်သိထားဖို့..လိုလာပါပြီ

Capo ဆိုတာ ဘာလဲ..??Capo ဆိုတဲ့ အသုံးအနှုန်းအခေါ်ဝေါ်က အီတလီ မူရင်းဘာသာစကား က ဆင်းသက်လာပြီး ဦးခေါင်းနှင့်တူသော ဖလပ် (Head of fretboard )တနည်း (Movable Nut ) ရွေ့လာနိူင်သော ဦးခေါင်း လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။

ဦး​ခေါင်း (Nut ) နဲ့ Bridge ကြားမှာ ရှိတဲ့ အကွာအဝေး (Scale Length )ဒီအကွာအ​ဝေးကြားက တီးခက်လို့ ထွက်ပေါ်လါတဲ့ အသံရဲ့ တန်ဖိုး ( Pitch )ကို အသံမြှင့်လိုတဲ့အခါ..နိမ့်လိုတဲ့အခါ ​လွယ်လင့်တကူ တီးခက်၊သီဆိုနိုင်ရန်အတွက် ကြိုးတပ်တူရိယာတွေမှာ Capo ကို အထောက်ကူပြုပစ္စည်းအ​နေနဲ့ အသုံးပြုကြပါတယ်။

ိုဘာကြောင့်သုံးရတာလဲ....

Capo ကို သုံးကြတဲ့ ရည်ရွယ်ချက် (၂ )မျိုးရှိပါတယ်။👇👇

ပထမတမျိုးကတော့ ...

Open Strings ( လွတ်ကြိုးအသံ) ကို ကီးမြှင့်အသံ လိုချင်တဲ့အခါ..
Capo မသုံးခင် ဂီတာတလတ်ရဲ့ မူလအသံဟာ

6 ကြိုး( E) ၊5 ကြိုး( A) ၊ 4 ကြိုး( D ) ၊3 ကြိုး( G )၊2ကြိုး( B )၊ 1 ကြိုး ( E )ဖြစ်ပြီး..၊

Capo ကို 2nd fret မှာ ညှပ်လိုက်တဲ့အခါ လွတ်ကြိုးရဲ့ မူလအသံတွေဟာ မြှင့်တတ်လာစေမှာပါ...
6 ကြိုး ( F #) , 5 ကြိုးက ( B) , 4 ကြိုးက (E), 3ကြိုးက (A) , 2ကြိုးက ( C #) , 1ကြိုးက ( F # )ဆိုပြီး မူလ လွတ်ကြိုးရဲ့ အသံတန်ဖိုးတွေဟာ မြှင့်တတ်လာပါမယ်။

ဒုတိယတမျိုးကတော့ ....

မူလ Key ကိုမြှင့်ပြီး Open Chord Posationအတိုင်း ကိုင်​​ပြီး တီးခက်၊တီးဆိုချင်လို့ပဲ ဖြစ်ပါတယ်။💯💯

မူလသဘာဝ သံစဥ် Key များဖြစ်တဲ့
ဒို (C) ,​ရေ ( D ), မီ( E ), ဖာ ( F),
ဆို ( G ), လာ (A), ဒီ (B ), ဒို( C)... အစရှိတဲ့ Keyတွေကို အသံ (Pitch )အသံရှိန်မြှင့်တင်လိုတဲ့အခါ၊ အသံရှိန် နိမ့်​ပြီး တီးခက်၊သီဆို
လိုတဲ့အခါ Capo ကို အသုံးပြုကြပါတယ်။

အထူး သိထားရမယ့်အချက်က -
Capo ကို သက်ဆိုင်ရာ အကွက်တွေမှာ ရွေ့လျားညှပ်ပေးလိုက်တဲ့ အခါ .....
Key ရဲ့ Pitch (အသံ)သည် အသံရှိန်တွေ ပြောင်းသွားမယ်။
Chord နာမည်တွေ ပြောင်းသွားပါမယ်။
Chord Posation ကိုင်ပုံကတော့ ပုံစံပြောင်းမသွားပါ။

Capo ကို ဘယ်လို သုံးရမလဲ....? ?

ဥပမာ -သီချင်းစာအုပ် ဘေးထိပ်တွေမှာဆို Key - D,A,E စသဖြင့်ရေးထားတာ တွေ့ကြမှာပါ။

အဆိုတော် မိန်ကလေးက Key -C နဲ့ဆိုထားတယ်.
သို့​ပေမဲ့ ကိုယ်တိုင်က ဂီတာတီး​ပြီး သီဆိုတဲ့အခါ သူအသံထက် ပိုမြှင့်ပြီး သီဆိုချင်တဲ့အခါ Key -Dကို မြှင့်ဖို့.. ပြောင်းဖို့ကို
Capo ကို အသုံးပြုကြပါတယ်။
ဒါကတော့
C -​Key မြှင့်ချင်တဲ့အခါ...
D -key ဖြစ်ဖို့ကို Capo ကို ဖလပ်ရဲ့ ၂ ကွက်မြောက်မှာ ညှပ်ပြီး သူ့ကောဒ်အတိုင်း မပြောင်းပဲတီးခက်သီဆိုကြပါတယ်..

ထူးခြားတာကတော့ ...
Key Pitch ( အသံရှိန် ပြောင်းသွားမယ်)
Chord အမည်သာ ပြောင်းသွားမယ်။
သူ့ Chord Positionအတိုင်သာ မပြောင်းလဲပဲ ကိုင်လို့ တီးခက်သီဆိုနိူင်မှာပါ။(မူရင်း Chords.)များအတိုင်း..

ဒီလိုပဲ Key တွေ မြင့်လို၊နိမ့်လိုတဲ့အခါ Capo နဲ့အသုံးပြု
တီးခက်နိူင်ဖို့ကို အောက်မှာရေးပေးထါးပါတယ်။

Key -C မှ D ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key -C မှ E ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key -C မှ F ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key -C မှ G ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - D မှ E ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - D မှ F ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - D မှ G ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - D မှ A ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - E မှ F ပြောင်းရန် ( 1)အကွက်ကို Capo ရွေ့
Key - E မှ G ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - E မှ A ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - E မှ B ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - F မှ G ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - F မှ A ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - F မှ B ပြောင်းရန် ( 6 )အကွက်ကို Capo ရွေ့
Key - F မှ C ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - G မှ A ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - G မှ B ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - G မှ C ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - G မှ D ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - A မှ B ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - A မှ C ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - A မှ D ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - A မှ E ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - B မှ C ပြောင်းရန် ( 1 )အကွက်ကို Capo ရွေ့
Key - B မှ D ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - B မှ E ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - B မှ F ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

စသဖြင့် ရွေ့ပြီးညှပ်ရုံနဲ့ Key တွေ Pitch အသံတွေ မြှင့်ချင်သော်လည်းကောင်း၊နိမ့်ချင်သောလည်းကောင်း Capo ညှပ်လို့ အသုံးပြုကြပါတယ်။(မှတ်ချက် - Key ပြောင်းသွားပေမဲ့ သူ့ကော့ဒ်အတိုင်း တီးနိူင်သည်)

Capo ရဲ့ နက်နဲ ကျယ်ပြန့်စေတဲ့အချက် တခုရှိပါမယ်

E ကနေ D ချချင်တာ အသံ နိမ့်ချင်လို့ဆိုတဲ့ အယူအဆက မဟုတ်သေးပါဘူး..

capo ကို အဓိကသုံးတာ လွတ်ကြိုသံပါနေတဲ့ ကော့ဒ်ကို အသံလုံး ပိုလှစေချင်လို့ သုံးတာပါ

ဥပမာ
key E မှ D ကို ပြောင်းမယ်
အဲ့ D ကိုမှ လူကြီးမင်းတို့
ဘယ် Chord Shape နဲ့ တီးမှာလဲ..
C Chord shape position ကောဒ်တွေနဲ့ကိုင်.. တီးမှာလား
G chord shape position နဲ့တီးမှာလား

D ကို C Chord position နဲ့ တီမယ်ဆို
အဲ့စာထဲကအတိုင် ဖလပ် ၂ ကွက်ထာပီတီးရင် D အသံပဲ

ကိုယ်က D ကိုမှ
ကိုယ် G Family Chord shape တွေနဲ့ တီးမယ်ဆို ဖလပ် ၇ အကွက်မှာ ညှပ်ပီ
G family ကောဒ် နဲ့ တီးလိုက် အဲ့ဒါ D ပဲ...☑

ပြောချင်တာ
C ဒို ,D ရေ , E မီ ,F ဖာ ,G ဆို ,Aလာ ,B ဒီ, C ဒို သိထားရပါမယ်
ကြားအသံ note တွေကိုလည်း သိထားရပါမယ်

Chord Shape position ပိုင်နိုင်အောင် ကော့ဒ်တိုင်းရဲ့family.ကော့ဒ် တွေလည်း သိထားရပါမယ်

ဒါမှ Capo သုံးရခြင်းကို အနစ်တွေ့စေမှာပါ

#ကောင်းကျိုးအနေနဲ့ကတော့ ...
Open String( လွတ်ကြိုး) အသံများ ,Plucking ​,Finger Styleများ၊​ကြားအသံများ တီးခက်တဲ့အခါ အသံလုံး လှအောင် Supporting အထောက်အကူ..ပြုပေးသွားတာဘဲဖြစ်ပါတယ် ခင်ဗျား..
..(မူရင်း)

13/07/2021
ဂစ်တာလက်ခတ်တွေပါ အဆင်ပြေကြပါစေCrd(ဂီတပျိုးခင်း)
19/06/2021

ဂစ်တာလက်ခတ်တွေပါ
အဆင်ပြေကြပါစေ
Crd(ဂီတပျိုးခင်း)

အရေးကြီးပြီ(သွေးသစ္စာ)
14/02/2021

အရေးကြီးပြီ(သွေးသစ္စာ)

ဒီနေ့ညဆိုကြမဲ့သီချင်းဗျာအကုန်ဟစ်ကြွေးလိုက်ရအောင်"ကမ္ဘာမကြေဘူးးးးး"
03/02/2021

ဒီနေ့ညဆိုကြမဲ့သီချင်းဗျာ
အကုန်ဟစ်ကြွေးလိုက်ရအောင်
"ကမ္ဘာမကြေဘူးးးးး"

ဇော်ပိုင်သီချင်းများ-2
31/01/2021

ဇော်ပိုင်သီချင်းများ-2

ဇော်ပိုင်ရဲ့သီချင်းတွေပါ
30/01/2021

ဇော်ပိုင်ရဲ့သီချင်းတွေပါ

သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်
27/01/2021

သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

ထူးအိမ်သင်----------------ထူးအိမ်သင်မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချင်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိ...
30/12/2020

ထူးအိမ်သင်
----------------

ထူးအိမ်သင်မဖြစ်မီ အမည်ရင်း ကျော်မြင့်လွင်ဘဝနဲ့ ရန်ကုန်ကို သီချင်းသွင်းဖို့ တက်လာတော့ ဘားလမ်းထိပ် ၊ အနော်ရထာလမ်းပေါ်က အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ တီးဝိုင်းကိစ္စ ဝင်မေးတယ် ။ အဲသည် အပ်ချုပ်ဆိုင်ပိုင်ရှင်က Aces တီးဝိုင်းမန်နေဂျာ ကိုစိုးအောင် အကိုပါ ။ ကျော်မြင့်လွင်ကိုကြည့်ပြီး ဘယ်ကလဲလို့ မေးတယ် ၊ ပုသိမ်ကပါလို့ ဖြေတယ် ။ ပုသိမ်ဖက်ကဆိုရင် မင်းအောင်လို သီချင်းမျို းတွေပဲ ဖြစ်မှာပဲ ၊ Aces က ဒါမျ ို းမတီးဖူးလို့ ပြောလွှတ်တာ ခံခဲ့ရပါတယ် ။

စီးရီးသွင်းပြီးပြန်တော့ ဘားလမ်းထဲကပဲ ဂန္ဓမာတေးသံသွင်းကို သွားပြတယ် ။ စီးရီးရောင်းချ င်လို့ပါပေါ့ ။ အဲသည်မှာ ဆိုင်ဝန်ထမ်းတစ်ယောက်က သီချ င်းတွေ နားထောင်မကြည့်ပဲ ဇာတိမြို့ကို မေးပြန်တယ် ။ ပုသိမ်ကပါလို့လည်း ပြောလိုက်ရော ... ဒါဆိုရင် ××× ဆိုင်ကိုသွားပါလို့ ညွှန်းတာ ခံလိုက်ရပါတယ် ။ သူညွှန်းတဲ့ဆိုင်က မင်းအောင်တို့ ၊ အနိုင်တို့ ၊ မောင်ဂဠုန်... စသူတို့ရဲ့ တေးအမျ ို းအစားတွေကို ဖြန့်ချိ တဲ့ ဆိုင်ပါ ။ မြစ်ဝကျွ န်းပေါ်ဖက်ကဆိုရင် စတီရီယိုလည်း မကျ ၊ မြန်မာသံစစ်စစ်လည်း မဟုတ်တဲ့ စကောစက country song တွေချ ည်း နေမှာပဲလို့ တထစ်ချ ယူဆထားကြပုံ ရပါတယ် ။ ( Country song ဆိုတာ စန္ဒယားချ စ်ဆွေ ဆုံးဖြတ်ပေးခဲ့တာပါ ။ အင်တာဗျ ူ းတစ်ခုမှာ စန္ဒယားချ စ်ဆွေ ရေးဖွဲ့တဲ့ တေးအမျ ို းအစားကို country song ( ကျေ းလက်တေး ) လို့ မေးသူက ယူဆတယ် ။ ဦးချ စ်ဆွေက မဟုတ်ဘူး ၊ တို့သီချ င်းတွေက မြန်မာသံစစ်စစ် ၊ မင်းအောင် ၊ အနိုင် ၊ အောင်သူ ၊ မင်းယျ ာတို့ တေးတွေကသာ counyry song လို့ ပြင်ပေးပါတယ် ။ )

၁၉၈၅ - ၈၆ တဝိုက်မှာထွက်တဲ့ ကိုယ်ပိုင်သံစဉ်သီချ င်းတွေဟာ တည်တည်ကြီးတွေ ၊ စကားလုံး ပီပီသသနဲ့ ဒဲ့ကြီးတွေ ဆိုကြတဲ့ကာလ ၊ music အပိုင်းကို သိပ်ပြီး အလေးမထားပဲ ကဗျ ာရွတ်တဲ့ ပုံစံတွေ မျ ားနေတဲ့အချိ န်လို့ မူပိုင်မောင်ဇော်သစ် ( ထူးအိမ်သင် ပွဲဦးထွက်စီးရီးကို ဖြန့်ချိ ပေးသူ ) က သုံးသပ်ပါတယ် ။ ( သူပြောတဲ့ music က တေးသွား melody ကို ဆိုလိုသလား မသိ ) ။ သူက ကျေ ာ်မြင့်လွင်ရဲ့ အခွေကြမ်းကို သေချ ာနားထောင်ပြီးကတည်းက သည်တေးတွေဟာ သူချ ဉ်ခြင်းတပ် တောင့်တနေတဲ့ ဂီတအမျ ို းအစားပဲလို့ အခိုင်အမာ ဆုံးဖြတ်လိုက်သူပါ ။

ဖြန့်ချိ ဖို့ ဖြစ်လာတဲ့အခါ သည်တုန်းက ကျေ ာ်မြင့်လွင်အမည်နဲ့ စာရေးဆရာတစ်ယောက်က ရှိနေတယ် ။ ဒါ့ကြောင့် နာမည်ပြောင်းဖို့ ဖြစ်လာတယ် ။ ကိုငှက် နှစ်ပတ်လောက် ပျေ ာက်သွားတယ် ။ မော်လမြို င် ပြန်သွားတာ ... ။ ပြန်လာတော့ ထူးအိမ်သင်အမည် ပြောင်းမယ်လို့ ပြောတယ် ။ မောင်ဇော်သစ်တို့က သည်အမည်ဟာ ထောင့်တော့ ထောင့်တယ် ။ စိုင်းခမ်းလိတ် ၊ စိုင်းထီးဆိုင် အမည်တွေလိုပဲ ကြားရစမှာ နားထဲ ကိုးလိုးကန့်လန့်ပေမယ့် အနုပညာအားကောင်းခဲ့ရင် နားဝင်ချ ို သွားတာပါပဲလို့ အကောင်းဖက်က လှည့်တွေးကြပါတယ် ။ အမှန်မှာက ကိုငှက်ဟာ မွန် ၊ မြန်မာ ကပြား ... ။ မွန်ဇာတိသွေး ပြလာတာပါ ။ ရာဇာဓိရာဇ် အရေးတော်ပုံကျ မ်းမှာ ဗညားအိမ် ၊ လဂွန်းအိမ်ဆိုတဲ့ မွန် လူစွမ်းကောင်းတွေ ရှိပါတယ် ။ အဲသည် ( အိမ် ) စကားလုံးကို အမြတ်တနိုးယူတဲ့ သဘောပါပဲ ။ ( သင် ) ကတော့ ခေါ်လို့ကောင်းအောင် ဖြည့်လိုက်တဲ့သဘောလို့ ယူဆရပါတယ် ။

ထူးအိမ်သင်တို့ဟာ ကျေ ာင်းသားဘဝက ဆရာမောင်သာနိုးရဲ့ ထင်းရူးပင်ရိပ် ဘာသာပြန် ကဗျ ာစာအုပ်ကို အသည်းစွဲသူတွေလို့ ဆိုပါတယ် ။ မောင်သာနိုး ဘာသာပြန်ကဗျ ာတွေက ရှေးရိုးစွဲတွေအဖို့ အအ အိပ်မက် မက်သလို ၊ ဘာဆိုလိုချ င်မှန်း သိမှာ မဟုတ်ပါဘူး ။ အသစ်ကို အာသီသရှိသူ လူငယ်တွေအဖို့တော့ ပြဋ္ဌာန်းစာတွေ ၊ ရသမြောက်ကဗျ ာတွေ ဖြစ်ခဲ့ပါတယ် ။ ထင်းရူးပင်ရိပ်ရဲ့ ရေးဖွဲ့ပုံ အရှိန်အဝါဟာ ထူးအိမ်သင်ရဲ့ ကိုယ်ပိုင်သံစဉ်တွေ ၊ စာသားတွေ အပေါ်မှာလည်း အထိုက်အလျှေ ာက် လွှမ်းမိုးခဲ့မယ် ထင်ပါတယ် ။

တကယ်တော့ သူရေးဖွဲ့တဲ့ ကိုယ်ပိုင်သံစဉ် ၇၅ % လောက်ဟာလည်း ထူးအိမ်သင် မဖြစ်မီ ကျေ ာ်မြင့်လွင်ဘဝမှာ သူရေးခဲ့တာတွေပေါ့ ။ ရန်ကုန်ရောက်မှ သီချ င်းရေး ကျဲ သလိုတောင် ဖြစ်သွားပါတယ် ။ ရေးဖြစ်ရင်လည်း တထိုင်တည်း ရေးနှိုင်စွမ်းပါတယ် ။ အိုအေစစ် စတူဒီယိုရဲ့ ထိုင်ခုံရှည် တစ်လုံးပေါ်ထိုင်ရင်း ဆူညံနေတဲ့ ပတ်ဝန်းကျ င် ကြားမှာပဲ .. " ရာဇဝင်မျ ားရဲ့ သတို့သမီး " ကို သူရေးခဲ့ပါတယ် ။ ဂစ်တာ မပါဘူး ၊ စာသားချ ည်း ရေးချ လိုက်တာပါ ။ ဒါပေမယ့် စာသားရေးရင်းနဲ့ပဲ အသံ ( melody ) တပါတည်း ထည့်နှိုင်ခဲ့ပုံ ရပါတယ် ။ သူ့မှာ ဂီတဝမ်းစာ ဘယ်လောက်ပြည့်နေလဲဆိုရင် ... အသံသွင်းဖို့အတွက် သီချ င်းစာသားတွေ တကူးတက ကျ က်မှတ်တာ ၊ ဂစ်တာကိုင်ပြီး အဆိုကျ င့်နေတာမျ ို း လုပ်လေ့ မရှိပါဘူး ။ အိပ်ချ င် အိပ်နေမယ် ၊ သို့မဟုတ် စာတစ်အုပ် ဖတ်ချ င် ဖတ်နေမယ် ။ သန်းခေါင်ကျေ ာ် ၂ နာရီခွဲ ၊ ၃ နာရီလောက်မှာ ချွဲ ၊ သလိပ် ဟန့်ကြည့်တယ် ၊ ok တယ်ဆိုရင် သူ အသံသွင်းပါတယ် ။ ထွက်လာတဲ့ ဂီတအရည်အသွေးက တစ်ပြည်လုံး သည်းသည်းလှုပ်ပါ ။

ထူးအိမ်သင်ဟာ မြို့မငြိမ်း ခပ်ဆန်ဆန်ပဲ ။ ဆရာမြို့မငြိမ်းက သီချ င်းရေးတဲ့ အလုပ်ကို အမြင်မတော်လို့ ဝင်လုပ်ခဲ့သူပါ ။ တေးရေးစရာ ဖြစ်ကောင်းစေရယ်လို့ တမင် ကြို းစားခဲ့သူ မဟုတ်ပါဘူး ။ သို့ပေမယ့် အမြင်မတော်လို့ သူဝင်လုပ်ခဲ့တဲ့ ( ရေးခဲ့တဲ့ ) တေးတွေက ဂန္ထဝင်တေးတွေအဖြစ် တင်ကျ န်ရစ်ခဲ့ပါတယ် ။ ထူးအိမ်သင်လည်း စင်စစ် ၊ တေးရေးဆရာသာ ဖြစ်ချ င်တာ ၊ အဆိုတော် လုပ်ချ င်သူ မဟုတ်ပါဘူး ။ အခြေအနေအရ ဆိုဖြစ်ခဲ့တာ ... ။ မရှောင်သာ မလွှဲသာ လုပ်ခဲ့ရတဲ့ အလုပ်ကပဲ သူ့ကို ဂန ္ထဝင် အဆိုကျေ ာ် ဖြစ်စေခဲ့ပါတယ် ။

ဂီတအစည်းအရုံး အစည်းအဝေးတစ်ခုမှာ ထိုစဉ်က ဥက္ကဋ္ဌ အကော်ဒီယံအုန်းကျေ ာ်က ထူးအိမ်သင်ကို ဟာ .. အဆိုတော်ကြီး ဆိုပြီး တရင်းတနှီး ပုခုံးဖက် နှုတ်ဆက်တယ် ။ ထူးအိမ်သင်က ဦးအုန်းကျေ ာ်ကို စောင်းငဲ့ကြည့်ပြီး ... " ကျ နော် အဆိုတော် မဟုတ်ဘူးဗျ ၊ တေးရေးဆရာ " လို့ တုန့်ပြန်ပါတယ် ။ တေးရေးဆရာဘွဲ့ထူးကို သူပိုပြီး မက်မောခဲ့ပါတယ် ။

သူက ငွေမက်သူလည်း မဟုတ်ဘူး ။ သူတို့ခေတ်က အဆိုကျေ ာ် တော်တော်မျ ားမျ ား ဖားကန့် တက်ကြတယ် ။ ဟိုမှာ သောင်းဝဏန်း ၊ သိန်းဂဏန်း ဆုချ ကြတာ ... ။ ငွေတန်ဖိုးရှိတဲ့ခေတ်မှာ အဆိုကျေ ာ်တစ်ယောက် ဖားကန့်က ပြန်လာရင် သိန်း ၃ - ၄ ဆယ်တော့ ပိုက်မိတာပဲလို့ ကြားဖူးပါတယ် ။ အဲသည်ကို တစ်ခေါက်ပဲ သူသွားတယ် ။ နောက် မသွားတော့ဘူး ။ ပိုက်ဆံရတာတော့ မှန်ပါတယ် ၊ အဲသည်လူတွေမှာ အနုပညာ မရှိဘူး ၊ ပိုက်ဆံပဲရှိတာ ။ သည်လိုလူတွေကို သီချ င်းဆို မပြချ င်ဘူးဆိုတဲ့ ခံယူချ က်နဲ့ နောက် မသွားတော့ဘူး ။

နာမည်ကျေ ာ် ပျ ဉ်းမနား နှစ်ကျိ ပ်ရှစ်ဆူပွဲလည်း တစ်ခေါက်လားပဲ သူနွှဲတယ် ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ မာရသွန် ဖျေ ာ်ဖြေရေး အစီအစဉ်ကို အနှိပ်စက်ခံနေရသလို သူမြင်လာတာကြောင့် နောင်မှာ ရှောင်ပါတယ် ။ သည်ပွဲတွေဟာ ငွေရတယ် ၊ ဒါပေမယ့် သူ မပျေ ာ်ဘူး ၊ စိတ်မပါဘူး ။ သူစိတ်ပါတဲ့ ပွဲမျ ို းကျ ရင် တစ်ပြားမှ မရပေမယ့် ပျေ ာ်ပျေ ာ်ပါးပါး နွှဲချ င်ရင် နွှဲတာပါ ။

သူက မိတ်ဆွေတစ်ယောက်ကို လူ့လောကမှာ အသက် ၄၅ - ၅၀ လောက်အထိ နေရရင် တော်ပြီလို့ ပြောခဲ့ဖူးတယ် ။ ဘာလို့လည်းမေးတော့ အကြာကြီးနေရမှာ ပျ င်းလို့တဲ့ ။ ၄၁ နှစ်ပြည့်အပြီး တစ်လခွဲအကြာမှာ သူဆုံးခဲ့ပါတယ် ။....

စာညွှန်း >> နံနက်ခင်းဂျာနယ် အင်တာဗျူး
credit:Thura Myo
via Thaung HtikeOo
crd..ori.. upldr
MgMg

Christmasသီချင်းလေးတွေပါCrd to original uploader 🥰သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လိုချင်တာရှ...
26/12/2020

Christmasသီချင်းလေးတွေပါ
Crd to original uploader 🥰
သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

Eternal Goshရဲ့သီချင်းတွေပါမူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လို...
18/12/2020

Eternal Goshရဲ့သီချင်းတွေပါ
မူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏
သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

အောင်ထက်ရဲ့သီချင်းတွေပါမူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လိုချင်...
17/12/2020

အောင်ထက်ရဲ့သီချင်းတွေပါ
မူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏
သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

ပူစူးရဲ့သီချင်းတွေပါမူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လိုချင်တာရ...
17/12/2020

ပူစူးရဲ့သီချင်းတွေပါ
မူရင်းတင်သူရေးသူကိုcrdပေးပါတယ်🙏
သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

  အသုံးပြုနည်း(အချိန်မရွေးပြန်ကြည့်လို့ရအောင် shareထားpageကိုလည်း like and follow လေးနဲ့ အားပေးခဲ့ကျပါအုံး😍)Key -C မှ D ...
15/12/2020

အသုံးပြုနည်း

(အချိန်မရွေးပြန်ကြည့်လို့ရအောင် shareထား
pageကိုလည်း like and follow လေးနဲ့ အားပေးခဲ့ကျပါအုံး😍)

Key -C မှ D ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key -C မှ E ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key -C မှ F ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key -C မှ G ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - D မှ E ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - D မှ F ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - D မှ G ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - D မှ A ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - E မှ F ပြောင်းရန် ( 1)အကွက်ကို Capo ရွေ့
Key - E မှ G ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - E မှ A ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - E မှ B ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - F မှ G ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - F မှ A ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - F မှ B ပြောင်းရန် ( 6 )အကွက်ကို Capo ရွေ့
Key - F မှ C ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - G မှ A ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - G မှ B ပြောင်းရန် ( 4 )အကွက်ကို Capo ရွေ့
Key - G မှ C ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - G မှ D ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - A မှ B ပြောင်းရန် ( 2 )အကွက်ကို Capo ရွေ့
Key - A မှ C ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - A မှ D ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - A မှ E ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

Key - B မှ C ပြောင်းရန် ( 1 )အကွက်ကို Capo ရွေ့
Key - B မှ D ပြောင်းရန် ( 3 )အကွက်ကို Capo ရွေ့
Key - B မှ E ပြောင်းရန် ( 5 )အကွက်ကို Capo ရွေ့
Key - B မှ F ပြောင်းရန် ( 7 )အကွက်ကို Capo ရွေ့

မူရင်း Crd.

ဆောင်းရာသီမှာဆောင်းနဲ့ပတ်သက်ပီးတီးချင်သူများအတွက်ပါသီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်လိုချင်တာရ...
15/12/2020

ဆောင်းရာသီမှာဆောင်းနဲ့ပတ်သက်ပီးတီးချင်သူများအတွက်ပါ
သီချင်းတွေအမြဲတင်ပေးနေမှာမို့ like and followလေးလုပ်ထားနော်
လိုချင်တာရှိရင်cmtမှာတောင်းခဲ့လို့လဲရပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when Guitar chords and music posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share