VeinGaming

VeinGaming Please enjoy

Monsadt Characters Fun fact  #2 Lisa ဒုတိယ​နေ့အတွက်​ရွေးချယ်ထားတာက​တော့ game စထွက်ကတည်းက Player​တွေ လူကြိုက်များကြတဲ့ Li...
09/06/2024

Monsadt Characters Fun fact #2 Lisa

ဒုတိယ​နေ့အတွက်​ရွေးချယ်ထားတာက​တော့ game စထွက်ကတည်းက Player​တွေ လူကြိုက်များကြတဲ့ Lisa အ​ကြောင်း​ပြောပြ​ပေးသွားမှာပါဖြစ်ပါတယ်။

1. Lisaက Vegetarianဖြစ်ပါတယ်။

Lisaမှာ ​တော်​တော်​လေး strictဖြစ်တဲ့ dietရှိတာ သိကြမှာပါ။ အဲ့တာ​ကြောင့် in-gameမှာ HP/Buff အတွက် food​ကျွေးရင်​တောင် ခဏ​လေးနဲ့ fullဖြစ်တာပါ။

အဲ့တာအပြင် Lisaဟာ အသီးအရွက်ပဲစားရတာပိုကြိုက်ပါတယ်။ Lisaအသားစားရတာ မကြိုက်ဘူးဆ်ိုတာကို သူရဲ့ ပထမဆုံး Story questက​နေ သိနိုင်ပါတယ်။ သူရဲ့ အကြိုက်ဆုံးအစားအစာကလည်း Vegetable soupဖြစ်ပြီး သူ့ဘာသာသူ ဟင်းချက်ပြီးစား​လေ့ရှိပါတယ်။

2. Lisaဟာ Potionလုပ်တဲ့​နေရာမှာ ​တော်​ပါတယ်။

Lisaဟာ Grand Mageဖြစ်ရုံတင်မကပါဘူး Alchemyမှာလည်း ​တော်တဲ့သူတစ်​​ယောက်ဖြစ်ပါတယ်။ Lisaက​တော့ များ​သောအားဖြင့် ကျန်းမာ​ရေးနဲ့ ပတ်သက်တဲ့Potion​တွေကိုလုပ်တာများပြီး ​perfect ဖြစ်​နေအောင် လုပ်တတ်ပါတယ်။ Lisaမှာ သီးသန့် cauldronလည်းရှိပါတယ်။

အဲ့တာ​ကြောင့်ပဲ Jeanက Lisaကို အမြဲတမ်းနိုး​နေမဲ့potionလုပ်ခိုင်းဦးမယ်ဆိုပြီး ​ပြောထားပါ​သေးတယ်😂

3. Lisaဟာ ဖရုံသီး​တွေကို မုန်းပါတယ်။

Lisaရဲ့ voiceline​တွေထဲက တစ်ခုမှာ သူမ pumpkin​တွေ ကို ဘယ်​လောက်မကြိုက်​ကြောင်း​ပြောထားတာကို ​တွေ့နိုင်မှာပါ။ အဲ့တာ​ကြောင့်ပဲ Lisaဟာ​ ​​ဆောင်းဦးရာသီကို မကြိုက်ပါဘူး။ (အဲ့အချိန်ကျရင် အ​နောက်တိုင်းရိုးရာအရ ဖရုံသီး​တွေရဲ့ ရာသီချိန်မလို့ပါ)

Lisaဟာ တစ်ကမ္ဘာလုံးက ဖရုံသီး​တွေကို ​ဖျောက်ပစ်ဖို့စဥ်းစား​သေးပါတယ်။ ဒါ​ပေမယ့် အလုပ်အရမ်းရှုပ်မှာမလို့ မလုပ်တာပါတဲ့😂

4. Lisaက Monstadtမြို့ထဲ သိပ်ပြီး အလည်မထွက်ပါဘူး။

Lisaက Travellerနဲ့ Paimonတို့နဲ့ဆိုရင်​တော့ friendlyဖြစ်​ပေမယ့် တခြားမြို့ထဲက သူ​တွေနဲ့ဆိုရင်​တော့ socializeလုပ်ဖို့ (​ပေါင်းသင်းဆက်ဆံဖို့) သိပ်မကြိုက်ပါဘူးတဲ့။ ပုံမှန်အချိန် သွားရင်​တောင်Jeanနဲ့သွားတာ ​လောက်ပဲရှိပါတယ်။

အဲ့တာ​ကြောင့် သူမမှာ သူငယ်ချင်း သိပ်မရှိဘူးလို့လည်း​ပြောထားပါ​သေးတယ်။

5. Lisa ရဲ့ signature dish

Lisaရဲ့ Signature dishက​တော့ Flaming Red Bologneseဖြစ်ပါတယ်။ ဒီ recipeကို Good Hunterကနေ Mora 2,500နဲ့ဝယ်နိုင်ပြီး ဒီ recipeကို ချက်​နေတုန်း Lisa​ပြောင်းထားရင် Mysterious Bologneseဆိုတဲ့ special dishကို ရရှိမှာပဲဖြစ်ပါတယ်။

Hello! ဒီ​နေ့မှာ​တော့ ganeရဲ့ lore​တွေ character​တွေရဲ့ lore​တွေ အ​ကြောင်း မ​ပြောပြ​တော့ပဲ playerတိုင်းအတွက် reward​တွေရ...
13/03/2024

Hello! ဒီ​နေ့မှာ​တော့ ganeရဲ့ lore​တွေ character​တွေရဲ့ lore​တွေ အ​ကြောင်း မ​ပြောပြ​တော့ပဲ playerတိုင်းအတွက် reward​တွေရနိုင်မဲ့ Twitch Drop​တွေ အ​ကြောင်း ​ပြောပြသွားမှာပဲဖြစ်ပါတယ်။

Twitch dropကို player​တွေ​တော်​တော်များများ မသိ​လောက်​သေးဘူးထင်ပါတယ်။ အဲ့တာ​ကြောင့် versionတိုင်း နီးပါး​ပေး​နေတဲ့ rewardကို မလွတ်ရ​အောင် တင်​ပေးလိုက်ပါတယ်။

Twitch dropဆိုတာ Live-streaming app/platformဖြစ်တဲ့ Twitchမှာ Streamer​တွေရဲ့ stream​တွေကိုကြည့်ရင်း in-game reward​တွေ ရနိုင်တဲ့ eventပဲဖြစ်ပါတယ်။

Twitch dropက ဘယ်​တော့ rerun​တွေလာမယ် အတိအကျမရှိ​ပေမယ့် version တစ်ခုချင်းစီပြီးရင်​တော့ လာတတ်ပါတယ်။ version 2.7က​​​နေ စ​ပေးခဲ့ပြီး 3.6 မှာ ခဏရပ်သွားပါတယ်။ 4.3မှ ပြန်စပြီး အခုထိ​ပေး​နေပါ​သေးတယ်။ အခုTwitch dropက March 13က​နေ April 2ရက်​နေ့အထိရှိ​နေတာမလို့ ယူချင်ရင် expireမတိုင်ခင် ယူရပါမယ်။

*Stream 2နာရီ ကြည့်မှ rewardအကုန်ရမှာပါ။ ဆက်တိုက်ဖြစ်စရာမလိုပါ။ ယူမယ်ဆ်ိုရင်​တော့ Twitch accရှိဖို့လိုပြီး ကိုယ့် Genshin Accနဲ့ ချိတ်ထားဖို့လိုပါတယ်။

*Pirmogemအ​ရေအတွက်ကလည်း ​ပြောင်းပါတယ်။ အရင်က 60​လောက်​ပေး​ပေမယ့် အခုက​တော့ 30ပါ*

*Rewardက mailထဲ 24 hအတွင်း​ရောက်ပြီး ယူဖို့​မေ့​​နေရင် ရက်30အတွင်း expireဖြစ်ပါမယ်။

​​အောက်မှာ ဘယ်လို connectလုပ်ရမလဲ ပုံနဲ့တကွ ရှင်းပြထားပါတယ်။ မသိတာရှိ​သေးရင်လည်း commentမှာ​မေးလို့ရပါတယ်။

Monstadt characters fun fact  #1 Inazuma character​တွေ အပြီးမှာ City of Freedomဖြစ်တဲ့ Monstadtက character​တွေအ​ကြောင်းတ...
09/03/2024

Monstadt characters fun fact #1

Inazuma character​တွေ အပြီးမှာ City of Freedomဖြစ်တဲ့ Monstadtက character​တွေအ​ကြောင်းတင်​ပေးသွားပါ့မယ်။ ပထမဆုံး​နေ့အတွက် ​ရွေးချယ်ထားတဲ့ characterက​တော့ Monstadtရဲ့ Acting Grand Masterဖြစ်တဲ့ Jeanပဲဖြစ်ပါတယ်။

1. Jeanရဲ့ အိမ်​မွေးတိရစ္ဆာန်

Jeanမှာ အများစု​မွေးကြတဲ့ ​ခွေး​လေး​တွေ ​ကြောင်​လေး​တွေလိုမဟုတ်ပဲ လိပ်​လေး​မွေးထားပါတယ်။ ဒါကို​​​တော့ Monstadt Archon Questမskipတဲ့သူ​တွေရယ်၊ အခုထိ questကိုမှတ်မိ​နေ​သေးတဲ့ လူ​တွေဆိုရင်သိပါလိမ့်မယ်။🤣

Archon Questထဲမှာ Jeanက Travellerနဲ့ Paimonကို "တစ်ခုခု​ပျောက်ပြီဆိုရင် မရှာတာ
အ​​ကောင်းဆုံးပဲ၊ အဲ့လိုဆိုရင် အမြဲတမ်း ပြန်​တွေ့တယ်။
အရင်က ငါ့ရဲ့ လိပ်​​လေး​​ပျောက်သွားရင်လည်း အဲ့လိုပဲလုပ်တာ" ဆိုပြီး ​ပြောထားပါတယ်။

ဒီလိပ်​လေးရဲ့ အ​ကြောင်းကို​တော့ ဒီထပ်ပိုပြီး အ​သေးစိတ်​​ပြောပြထားတာမျိူးမရှိ​ပေမယ့် ​နောက်ကျရင်​​​တော့ မြင်ရမလားမသိပါဘူး😁

2. Jeanမှာ Knight Legacyရှိပါတယ်။

အခု Jeanရဲ့ တန်ဖိုး​တွေဟာ သူ့ရဲ့ မိသားစုရဲ့ Knight မျိုးရိုးစဥ်ဆက်ကျ​နေ ရရှိလာတာပါ။ သူ ငယ်ငယ်​လေးကတည်းက ဓါး​ရေး​လေ့ကျင့်တာ​တွေ၊ အပြုအမူ​​လေ့ကျင့်ရတာ​တွေ လုပ်ခဲ့ရပါတယ်။ သူမClanဖြစ်တဲ့ Gunnhildr Clanရဲ့ ​ခေါင်း​ဆောင်ဖြစ်လာဖို့ သူမ ငယ်ငယ်​လေးကတည်းက ​​​သေချာ trainခဲ့ရတာပါ။

3. က​လေး​တွေဟာ Jeanကို ခွန်အားဖြစ်​စေပါတယ်။

Jeanငယ်စဥ်အခါက စာမလုပ်ပဲ သူမ​ဘေးနားက က​လေး​လေး​တွေ ​ဆော့​နေတာကို ကြည့်တတ်တယ်ဆိုပါတယ်။ ဒီလိုမျိူး​​ မြင်ကွင်းဟာ သူမကို စိတ်ဖိအား​မ​ပေးပဲ Monstadtက က​​လေး​တွေ ဒီလိုမျိုး စိတ်​ပေါ့​ပေါ့ပါးပါးနဲ့​ဆော့လို့ရ​အောင် ပိုစာကြိုးစားချင်စိတ် ဖြစ်​စေခဲ့ပါတယ်။

Jeanက အခု​အချိန်အထိ က​လေး​တွေ ကစား​​နေတာ သူအတွက် ခွန်အားဖြစ်​စေပြီး အန္တာရယ်​တွေဆီက​​နေ သူတို့ကိုကာကွယ်​ပေးဖို့ ဘာမဆိုလုပ်မှာပါတဲ့။

4. Jeanရဲ့ အကြိုက်ဆုံးအစားအစာ

Jeanက​တော့ Cat Tailsဆိုင်က ပီဇာကို ​အကြိုက်​ဆုံးပါပဲ။ ဒါ​ပေမယ့် သူတို့ဆိုင်က deliveryမပ်ို့​​ပေးလို့ မစားရ​တာ​တော့ ​တော်​တော်ကြာ​နေပါပြီတဲ့။

5. Jean နဲ့ Signature Dish

Jeanရဲ့ signature dishကလည်း သူအကြိုက်ဆုံးအစားအစာဖြစ်တဲ့ pizzaပါပဲ။ In gameထဲ Mushroom Pizzaဆိုတဲ့ dishပါ။ ဒီ recipeကို​တော့ Stormterror's Lairရဲ့ ​မြောက်ဖက် towerက precious chestက​နေ ရနိုင်ပြီး ဒီ recipeကို ချက်​နေတဲ့ အချိန် Jeanကို​ပြောင်းထားရင် Inviograting Pizzaဆိုတဲ့ special dishကို ရရှိမှာပဲဖြစ်ပါတယ်။

Organizations Around Tevyat  #7 ဒီ​နေ့ ​ပြောပြ​ပေးသွားမဲ့ Tevyatက အဖွဲ့အစည်းကို​တော့ Fontaine regionက "Fontaine Research...
21/02/2024

Organizations Around Tevyat #7

ဒီ​နေ့ ​ပြောပြ​ပေးသွားမဲ့ Tevyatက အဖွဲ့အစည်းကို​တော့ Fontaine regionက "Fontaine Research Institute"ကို​ရွေးချယ်ထားပါတယ်။

Fontaine research centerဆိုဟာ machines (စက်ပစ္စည်း)​တွေ နဲ့ energyကို​လေ့လာဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ research centerတစ်ခုပဲဖြစ်ပါတယ်။
ဒီresearch centerရဲ့ founderဖြစ်တဲ့ Alain Guillotin တည်ထွင်မှု​တွေထဲက clockwork mechanisms​တွေ kinetic core​တွေဟာ Fontaine ကို ​​တော်​တော်အ​ထောက်အကူဖြစ်ပါတယ်။ Fontaineမှာရှိတဲ့ စက်ပစ္စည်းတည်ထွင်မှု​တွေ ​တော်​တော်များများကလည်း Fontaine Research Institueက​နေ လာတာပဲဖြစ်ပါတယ်။

Sumeru Akademiya နဲ့မတူတာက​​တော့ Fontaine Research Instituteက အုပ်ချုပ်မှုတာဝန်မရှိသလို ​ကျောင်းသား​တွေ လက်ခံပြီး စာသင်​ပေးတာမျိုးလည်း မရှိပါဘူး။

August Lovelace​ပြောပုံအရဆို Fontaine Research Insituteဟာ အရင်က သု​တေသန ပညာရှင်​တွေအတွက် နတ်ဘုံနတ်နန်းလိုဖြစ်ခဲ့​ပေမယ့် Raimondoနဲ့ Mr.Choiseul ​ခေါင်း​ဆောင်ဖြစ်ပြီး​နောက်မှာ​တော့ institueက သု​တေသနပညာရှင်​တွေရဲ့ စိတ်ခွန်အား​တွေ တစ်ဇွတ်ထိုးကျဆင်းခဲ့ပါတယ်တဲ့။

ဒီ Instituteရဲ့ အဓိကရည်ရွယ်ချက်​တွေထဲကတစ်ခုက​​တော့ Fontaine prophecy ထဲက Fontaineပြည်သူ​တွေကို dissolveဖြစ်သွား​စေမဲ့ ​ရေကြီးမှု(flood)အတွက် solution​( ​ဖြေရှင်းနည်း)တွေ ရှာဖို့ပဲဖြစ်ပါတယ်။ သု​တေသန ပညာရှင်​တွေက​တော့ ကမ္ဘာကြီးရဲ့ဆွဲအားကို ဆန့်ကျင်ဖို့ Arkhiumရဲ့ energyကို ထိန်းချုပ်ထားတာက အဓိက အချက်ဖြစ်တယ်လို့ မှတ်ယူထားခဲ့ကြပါတယ်။

Edwin Eastinghouseဆိုသူဟာ Instituteရဲ့ Senior Technicianဖြစ်ပြီး Prototype Cal Breguet(​​ floodအ​ခြေအ​​နေကို ထိန်းညှိ​ပေးမဲ့ Clockwork Meka series) ကို ဖန်တီးခဲ့ပါတယ်။ ဒီ researchကို လုပ်​နေတုန်းမှာပဲ Arkium coreဟာ overloadဖြစ်သွားပြီး ​ကြီးကြီးမားမားပေါက်ကွဲမှု တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒါ​​ကြောင့်ပဲ အခုAdmin ပုံထဲမှာပြထားတဲ့ Allogravity-Condensed Water Bodiesလို့​ခေါ်တဲ့ blockအကြီးကြီး​တွေကောင်းကင်​ပေါ်မှာ ဖြစ်ကုန်တာပါ။

ဒီဆိုးရွားတဲ့ ဖြစ်ရပ်အပြီးမှာ​တော့ Instituteဟာ ​နေရာ​ပြောင်း​ရွေ့ဖို့ အပြင်မရှိ​တော့ပါဘူး။ အခု​တော့ အရင် Ruins​တွေအနီးနားတစ်​နေရာမှာပဲ ​​ပေါက်ကွဲမှု​ကြောင့် မပျက်စီးသွားတဲ့ ပစ္စည်း​တွေကိုလည်း ထိန်းသိမ်းရင်းပြန်လည်တည်​ဆောက်ထားပါတယ်။ Aqua busရဲ့ လမ်း​ကြောင်း​တွေထဲက Callas lineကိုလည်း ပိတ်လိုက်ရပါတယ်။

Salsa (NPC)​ပြောပုံအရက​တော့ ဒီ​​ကောင်းကင်​ပေါ်မှာရှိတဲ့ Central Laboratoryကို ပြန်လည်တည်​​ဆောက်ပြီးပါပြီတဲ့။ ​နောက်ပြီးInstituteကလည်း ​ငွေ​ကြေးပြသနာ​တွေ ရှိ​နေတယ်လို့ဆိုပါတယ်။

အခု​တော့ Fontaine Research Instituteဟာ တာဝန်မဲ့တဲ့ အပြုအမှု​တေ့​ကြောင့် Fontaine regionအတွင်းဟာ controversial (အငြင်းပွားဖွယ်)ဖြစ်​နေပါတယ်တဲ့။ ဥပမာ​ပြောပြရရင် Mekafishစက်ရုပ်​တွေဟာ Fontaineက ​ရေ​တွေကိုသန့်စင်​ပေးတဲ့​နေရာမှာ ကူညီ​ပေးဖို့ ဖန်တီးထားတာဖြစ်​ပေမယ့် ရှင်းလင်းတဲ့​နေရာမှာ ငါး​တွေကိုပါ သ-်ပြစ်တာမျိုး​တွေရှိလို့ပါ။

Fontaine Research Institute Chronicles World Quest seriesထဲမှာ Travellerက ဒီ Instituteကို ကူညီ​ပေးတာပါ။ ဒါက​တော့ မ​ဆော့ရ​သေးတဲ့လူ​တွေ spoilerပါမှာစိုးလို့ မ​ပြော​တော့ပါဘူး​နော်။

ဖတ်​ပေးလို့ ​ကျေးဇူးပါ။

Inazuma chacters fun fact  #14 ThomaHello! ဒီ​နေ့ ​ပြောပြသွားမဲ့ Characterက​တော့ Thomaပဲ ဖြစ်ပါတယ်။ Thomaရဲ့ ​နောက်​ကြော...
19/02/2024

Inazuma chacters fun fact #14 Thoma

Hello! ဒီ​နေ့ ​ပြောပြသွားမဲ့ Characterက​တော့ Thomaပဲ ဖြစ်ပါတယ်။ Thomaရဲ့ ​နောက်​ကြောင်းရယ် သူ့အကြိုက်​တွေ အ​ကြောင်း​ပြောပြသွားမှာပါ!

1. Inazumaကို Thoma​ရောက်လာရတဲ့အ​ကြောင်းအရင်း

Thomaရဲ့ အ​ဖေဟာ Inazumaက လာတာဖြစ်ပြီး သူ့အ​မေက​​တော့ Monstadtက ပြည်သူပါ။ Thomaက​တော့ Monstadtမှာ​မွေးပါတယ်။

သူ့အ​ဖေက Inazumaကို ပြန်သွားပြီးတဲ့​နောက်မှာ Thomaက သူ့အ​ဖေကို dandelion ဝိုင်​သောက်ရ​အောင် သွား​ပေးတဲ့ လမ်းမှာ လှိုင်း​တွေ​ကြောင့် ​လှေ​မှောက်ပြီး Inazumaကို ​မျောပါသွားခဲ့ပါတယ်။
Thomaဟာ Inazumaကို ​ရောက်​ရောက်ရင်း Moraလည်းမရှိသလို အသိလည်းတစ်​ယောက်မှမရှိပါဘူး။ ​နောက်မှ ရုန်းကန်ကြိုစားရင်း Kamisato clanရဲ့ ယုံကြည်မှုကိုရပြီး clanမှာ အလုပ်လုပ်ခွင့်ရခဲ့တာပါ။

Thomaဟာ Kamisatoမှာ အလုပ်လုပ်ခဲ့ဖူး​တွေ လူ​တွေထဲ အ​ကောင်းဆုံး housekeepပါတဲ့။

Inazumaမှာ ရှိ​နေရမဲ့ သူအ​ဖေကို​တော့ အခုထိရှာလို့ မ​တွေ့​သေးပါဘူး။

2. Thomaဟာ homesickဖြစ်ပါတယ်။

Thomaက တစ်ခါတစ်​လေ အရမ်းအိမ်ကိုလွမ်းပါတယ်တဲ့။ အဲ့တာ​​ကြောင့်ပဲ တခြားနိုင်ငံ​တွေကလာတဲ့ ကုန်သည်​တွေကို ကိုယ်ချင်းစာလို့ အမြဲကူညီ​ပေးတတ်ပါတယ်။ ဒါ​ပေမယ့် အဲ့ဒီ့ကုန်သည်​တွေနဲ့ Thomaနဲ့ မတူတာက​တော့ ကုန်သည်​တွေက Inazumaကိုဖြတ်သွားဖြတ်လာပဲ လုပ်တာဆို​တော့ အကျွမ်းတဝင််ရှိ​အောင် မ​နေကြပါဘူး။

Inauzmaက ပြည်သူ​တွေက​တော့ သူတို့က အပြင်လူ​တွေ အပြင်ပိုမမြင်ကြပါဘူးတဲ့။

3.Thomaရဲ့ အကြိုက်ဆုံးအစားအစာ

Thomaရဲ့ အကြိုက်ဆုံးအစားအစာက Fish cake soup ပါ။ သူက တစ်ခါတစ်ခါချက်ရင် ဒယ်အိုးအကြီးကြီးနဲ့ ချက်ပြီး တခြားသူ​တွေနဲ့ ဝိုင်းဖွဲ့ပြီး အတူတူစားရတာ ​ပျော်ဖ်ို့​ကောင်းပါတယ်တဲ့။

4. Thomaက အရက်မ​သောက်ပါဘူး။

Thomaက အရက်​သောက်ရင် မူးတာ သိပ်မထိန်းနိုင်ပါဘူးတဲ့🤣 Ventiရဲ့နိုင်ငံကလာပြီး အရက်မ​သောက်တတ်ဘူးဆိုတာ​တော့ မဟုတ်​သေးဘူး​နော်။ အဲ့တာ​ကြောင့် သူ့ကိုယ်သူ Monstadtက​​ရော ဟုတ်ရဲ့လားဆိုပြီး ​တွေးမိပါ​​သေးတယ်တဲ့။

ဘာပဲဖြစ်ဖြစ် အရက်အများကြီး​သောက်တာ ခန္ဓာကိုယ်အတွက်မ​ကောင်းတာမလို့ သူမ​သောက်တတ်တာ ​ကောင်းပါတယ်ဆိုပြီး သူရဲ့ Least Favourite Food voicelineမှာ​ပြောထားပါတယ်။

5. Signature dish
Thomaရဲ့ Signature dishက​တော့ Miso soupပဲဖြစ်ပါတယ်။ recipeကို​တော့ Inazuma cityက Shimura Kanbeiဆီကနေ Mora 1250နဲ့ ဝယ်ယူနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် Thomaကို ပြောင်းပြီးချက်ရင် Warmthဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

Inazuma characters fun fact  # 13 ဒီ​နေ့မှာ​တော့ Watasumi ကျွန်းက စစ်တပ်ရဲ့ General​လေး Gorouအ​ကြောင်း​ပြောပြသွားမှာပဲဖြ...
17/02/2024

Inazuma characters fun fact # 13

ဒီ​နေ့မှာ​တော့ Watasumi ကျွန်းက စစ်တပ်ရဲ့ General​လေး Gorouအ​ကြောင်း​ပြောပြသွားမှာပဲဖြစ်ပါတယ်။

1. Gorouဟာ Liyueက ​​တောင်​တွေကိုတက်ချင်ပါတယ်။

Liyueက Minlin​ဒေသမှာဆိုရင် ​တောင်​တွေအရမ်းများတာ Traveller​တွေသိကြမှာပါ။ Arအမြင့်​ရောက်ပြီဆ်ိုရင်Liyueရဲ့ Minlinက ​တောင်​တွေမှာ explorationလုပ်ရတာ ဘယ်​လောက် ရှုပ်လဲ သိကြမယ် ထင်ပါတယ်။

Gorouက​တော့ အဲ့ဒီ့​တောင်​တွေကို စိတ်ဝင်စားပါတယ်။ Liyueရဲ့ Mt. Hulao , Qingyun Peak, Huaguang Stone forest​တွေမှာဆို ​တောင်​တွေ အမြင့်က တိမ်​တွေ ​ကျော်တဲ့အထိ မြင့်တာမလို့ Gorouက အခွင့်​အ​ရေးရှိရင် တက်ကြည့်ချင်တယ်လို့ သူရဲ့ "Interesting Things" Voice lineမှာ​ပြောထားပါတယ်။

2. Gorouရဲ့ ဝါသနာ

​စောနက ​Liyueက ​တောင်​တွေကို တက်ချင်တယ်ဆ်ိုပြီး ​ပြောသွားတဲ့ အတိုင်းပဲGorouဟာ ​တောင်တက် ဝါသနာပါတဲ့ သူပါ။

​Gorouက ​တောင်​တွေကို မတ်​စောက်​​လေ​လေ ပိုသ​ဘောကျပါတယ်။ တောင်တက်တာဟာ သူရဲ့ ခန္ဓာကိုယ်ကို ​လေ့ကျင့်ခန်းလုပ်​ပေးရာ​ရောက်ပြီး စိတ်ကြည်လင်​စေပါတယ်တဲ့။

​နောက်ပြီး သူငယ်ချင်း​တွေနဲ့ ​တောင်တက်တာကို ပိုသ​ဘောကျပါတယ်။ နာရီအနည်းငယ် ​ချွေးထွက် ​ဖုန်​တွေ​ပေပြီး ​တောင်ထိပ်ကို​​​​​ရောက်ရင် ရှုခင်းအတူတူကြည့်ရတာ သူ့ဘဝရဲ့ ​ပျော်ရွင်စရာ​တွေထဲက တစ်ခုပါတဲ့။

ဒါ​ပေမယ့် Inazumaရဲ့ အမြင့်ဆုံး​တောင်​ကို​တော့ မတက်ချင်ပါဘူးတဲ့🤣 (မိုးကြိုးပစ်ခံရမှာ​ကြောက်​နေတာသူ)

3. Gorouရဲ့ တိုက်ပွဲအတွင်း ပြဿနာ

Gorouက bow userဆို​တော့ အ​ဝေးက​နေတိုက်ခိုက်တာမလို့ စစ်ဝတ်စုံမှာလည်း shield​တွေ armor​တွေ သိပ်မပါပါဘူး။ အဲ့တာ​ကြောင့် သူ့အတွက် ပြဿနာ​တွေ ရှိတတ်ပါတယ်။

အထူးသဖြင့်က​တော့ ရန်သူက မီးကို သုံးပြီးတ်ိုက်ခိုက်ရင် သူ့အမြှီးကို သတိထားရပါတယ်တဲ့🤣

4. Gorouဟာ ဘယ်လို သတ္တဝါလဲ?

Gorouရဲ့ ပုံ သဏ္ဌာန်ဟာ ​ခွေး​လေး​တွေရဲ့ပုံစံမျ်ိုးရှိတာ သိကြမှာပါ။ တကယ်​တော့ Gorouဟာ Shiba Inu​ breedအမျိုးအစားဖြစ်ပါတယ်။ Japanက အမဲလိုက် ​​ခွေး​လေး​တွေကို Hoyoverseက inspireယူထားတာပါ။

5. Gorouရဲ့ Signature dish
Gorouရဲ့ Signature dishက​တော့ Tonkotsu Ramenပဲဖြစ်ပါတယ်။ recipeကို​တော့ Inazuma cityက Shimura Kanbeiဆီကနေ Mora 5500နဲ့ ဝယ်ယူနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် Gorouကို ပြောင်းပြီးချက်ရင် Victorious Legendဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

Fish cake​လေး​​တွေပါShiba inuပုံ​လေးနဲ့ paws​လေး​တွေ ပါတာမလို့ ​တော်​တော်ချစ်ဖို့​ကောင်းပါတယ်။

Inazuma Characters Fun fact  #12 Arataki Itto ဒီ​နေ့​မှာ​တော့ ​မျောက်မူးလဲ Ittoအ​ကြောင်း​ပြောပြသွားမှာပဲဖြစ်ပါတယ်။ 1. Ar...
10/02/2024

Inazuma Characters Fun fact #12 Arataki Itto

ဒီ​နေ့​မှာ​တော့ ​မျောက်မူးလဲ Ittoအ​ကြောင်း​ပြောပြသွားမှာပဲဖြစ်ပါတယ်။

1. Arataki Gang

အချိန်​တော်​တော်ကြာတဲ့အထိ Tenryou Commissionဟာ Arataki Gangကို ခဏခဏ ပြဿနာရှာတတ်​ပေမယ့် အရမ်းဂရုစိုက်စရာမလိုတဲ့ အဖွဲ့လို့ သတ်မှတ်ပြီးသားပါ။

Arataki Gangဘယ်​နေ့က စပြီးတည်​ထောင်ဖြစ်သလဲဆိုတာကလည်း အခုထိ အဖွဲ့ထဲမှာ တစ်​​ယောက်တစ်​ပေါက်ပါတဲ့🤣

Akiraက​တော့ Ittoက သူ့ကို လူမိုက်၂​ယောက်ဆီက​နေ ကယ်​ပေးတဲ့အချိန်က စခဲ့တာပါတဲ့။ အဲ့တုန်းက Ittoဟာ အထိုးခံရလို့ 7ခါ​လောက် ​မှောက်လဲတာ​တောင် အရှုံးမ​ပေးလို့ လူမိုက် ၂​ယောက်ကလည်း စိတ်ရှုပ်ပြီး ထွက်သွားတာပါတဲ့ xD ​ပြီး​တော့ Akiraကို ​မြေကြီး​ပေါ်က ထူပြီး "မင်းအခု Arataki Gang member ဖြစ်သွားပြီ" လို့ ​ပြောလိုက်ပါတယ်။

Gentaနဲ့ Mamoruအတွက်​က​တော့ Inazumaရဲ့ နယ်အစွန်အဖျားမှာ ထိုင်ပြီး Lavender Melon​တွေ ကင်စားတဲ့အချိန်ကပါ။ အဲ့အချိန်တုန်းက သူတို့မှာ Moraမရှိကြ​တော့ အရမ်းဗိုက်ဆာလွန်းလို့ Lavender Melon​တွေကို မီးကင်စားကြရင် Ittoက ငါတို့ ဒီလိုနှစ်တိုင်း ကင်စားရ​အောင်ဆိုပြီး ​ပြော​တော့Gentoနဲ့ Mamoruက ဒီလို moment​တွေဆိုတာ အမှတ်တရ​ထားသင့်တယ်ထင်လို့ပါတဲ့။

Kukiအတွက်က​တော့ Ittoကို Shogunate အကျဥ်း​ထောင်က​​နေ ထုတ်​ပေးရတဲ့ အချိန်ကပါ။
အဲ့အချိန်က Arataki Gangက တရားဝင် စာရွက်စာတမ်း​တွေ ပထမဆုံးပါဝင်လာတဲ့ အချိန်မလို့ပါတဲ့။

Ittoက​တော့ Arataki Gangဆိုတာ သူ့စိတ်ထဲကို အဲ့ စကားလုံး​ဝင်လာကတည်းက တစ်​လျှောက်လုံး ရှိလာတာပါတဲ့ :3

Ittoကို ငယ်ငယ်ကတည်းက ​စောင့်​ရှောက်လာတဲ့Granny Oni က​တော့ Arataki Gangဆိုတာ မရှိပါဘူး။ အခုထိ Arataki Gangကို Ittoနဲ့ သူ့ငယ်ချင်း​တွေ ​​ဆော့​နေတယ်ပဲ ထင်​နေတာပါ🤣

2. Ittoရဲ့ ဝါသနာ

Ittoရဲ့ဝါသနာ​တွေက​တော့ bettle fightingရယ် TCG card tradingရယ် ဂျင်​ဆော့တာရယ် ဝါသနာပါပါတယ်။ ​နောက်ပြီး Kendamaဆိုတဲ့ ဂျပန်ရိုးရုာ အရုပ်တစ်ခုနဲ့ ​ဆော့ရတာကိုလည်း ဝါသနာပါပါတယ်။ (Traveller​တွေ မြင်ဖူးကြမလား​တော့မသိဘူး။ Kendamaဆိုပြီး ရိုက်ရှာကြည့်လိုက်ပါ​နော်။ )

​နောက်ပြီး Ittoက တူတူပုန်းတမ်း​ဆော့ရတာလည်း ကြိုက်ပါတယ်တဲ့😭😭

3. အကြိုက်ဆုံးအစားအစာ

Ittoက lollipop​တွေဆို အကြိုက်ဆုံးပါတဲ့။ အ​ကြောင်းပြချက်က​တော့ ချိုချဥ်ရဲ့ အရသာကိုကြိုက်တဲ့အပြင် Lollipopကို စား​နေရင် အပြင်က တုတ်​ချောင်း​လေးထွက်​နေတာက ရှိုးထုတ်လို့​ကောင်းလို့ပါတဲ့။🤣

4. Ittoဟာ Yae Mikoနဲ့ Ramenပြိုင်စားဖူးပါတယ်။

Ittoနဲ့ Yae Mikoဟာ Ramen ပြိုင်စားပြီး ရှုံးတဲ့လူက ရှင်းရမှာပါ။ Ittoနိုင်သွားပြီး Yae Mikoက သူစားသမျှ ရှင်းလိုက်ရပါတယ်။

ဒါ​ပေမယ့် အဲ့ဒီ့ Ramen မှာ Fried Tofu beans​တွေပါ​နေတာမလို့ Ittoဟာ ​သေမလိုဖြစ်သွားပါတယ်။ 😭 Ittoက Oniမလို့ bean​တွေနဲ့ မတည့်တာသိကြမှာပါ။

ဒါ​ပေမယ့် Yae Mikoက ramen 32ပွဲစာရှင်းလိုက်ရလို့
​နောက်ဆုံးရယ်​နေရတဲ့ သူက သူပါပဲတဲ့။ ( ကြည့်ရတာ Yae ကလည်း ဒါကို သိလို့ တမင်လုပ်တဲ့ပုံပါပဲ🤣)

ဒါကို Inazumaက Street Food Vendor Yukioဆီက သိရတာပါ။ သူက​ Oniတစ်​ယောက်နဲ့ Kitsune နားရွက်နဲ့ အမျိုးသမီးတစ်​ယောက်က Kitsune ramen ကို ဘယ်သူအစားနိုင်ဆုံးလဲ ပြိုင်မယ်ဆ်ိုပြီး betလုပ်ကြ​သေးတယ် ဆိုပြီး ​ပြောထားတာပါ။

5. Signature dish

Ittoရဲ့ Signature dishက​တော့ Mixed Yakisobaဖြစ်ပါတယ်။ recipeကို​တော့ Inazuma cityက Shimura Kanbeiဆီကနေ Mora 2500နဲ့ ဝယ်ယူနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် Ittoကို ပြောင်းပြီးချက်ရင် Way of the Strongဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

အစက ရိုးရိုး Yakisoba ​ခေါက်ဆွဲ dishဆို​ပေမယ့် Ittoနဲ့ချက်ရင် Yakisoba​ပေါင်မုန့်လို​လေးဖြစ်သွားတာပါ။

Organizations around Tevyat  #6 Knights of Favonius Tevyatက အဖွဲ့အစည်း​တွေ အ​ကြောင်း​တင်​ပေး​နေတဲ့ series​တွေမှာ Monstad...
08/02/2024

Organizations around Tevyat #6 Knights of Favonius

Tevyatက အဖွဲ့အစည်း​တွေ အ​ကြောင်း​တင်​ပေး​နေတဲ့ series​တွေမှာ Monstadt နဲ့ Sumeru က အဖွဲ့အစည်း​တွေအ​ကြောင်းမ​ပြောပြရ​သေးတဲ့အတွက် ဒီ​နေ့မှာ Monstadtက Knights of Favonius​အ​ကြောင်း ​​​ရွေးချယ်ထားပါတယ်။ ​နောက် Sumeruက သိချင်တဲ့ အဖွဲ့အစည်းရှိရင်လည်း requestလုပ်သွားလို့ရပါတယ်။

Knights Of Favoniusဆိုတာက​တော့ အခုမှ စ​ဆော့တဲ့ player​တွေ​တောင်သိကြမှာပါ။ Arအမြင့် player​တွေပါ ဖတ်ရ​တာ မပျင်း​အောင် နည်းနည်း​လေး အ​သေးစိတ်ကျတဲ့ facts​လေး​တွေပါ ​ထည့်​ပေးထားပါတယ်​နော်။

History

Knights of Favoniusကိုလွန်ခဲ့တဲ့ နှစ်​ပေါင်း 1000​ကျော်​လောက်က Vennessaဟာ Barbatosရဲ့ အကူအညီနဲ့ တည်​ထောင်ခဲ့တာဖြစ်ပါတယ်။ မင်းမျိုးမင်းနွယ်​တွေ တိုင်းပြည်ကိုအုပ်စိုးတာကို ကာကွယ်ဖို့ စစချင်းရည်ရွယ်ချက်နဲ့ တည်​​ထောင်ခဲ့တာပါ။ Knights​တွေဟာ Monstadt ရဲ့ ပြည်သူ​တွေ လုံခြုံဖို့နဲ့ဥပ​​ဒေပြဌာန်းဖို့ တာဝန်ယူပါတယ်။ (ဒီအချိန်က အဖြစ်အပျက်​တွေ သိချင်ရင် Genshin Impact Mangaဖတ်ကြည့်ဖို့ recommended​ပေးပါတယ်)

ယခုလက်ရှိ Knights​တွေရဲ့ Grand Master ဖြစ်တဲ့ Varkaဟာ သူ့အဖွဲ့နဲ့ expeditionသွား​နေတာမလို့ သူမရှိတုန်း "the Dandelion Knight" နဲ့ "Lionfang Knight" title​တွေရှိတဲ့ Jeanက Acting Grand Masterတာဝန်ယူထားတာပဲဖြစ်ပါတယ်။ Varkaကို​တော့ officially reveal မလုပ်​သေးပါဘူး။ ​နောက်ကျ revealလုပ်မလား playableဖြစ်လာမလားဆိုတာက​တော့ ရင်ခုန်စရာပါပဲ။

Knights of Favonius member​တွေဟာ "Knights of Favonius Handbook"ဆိုတဲ့ စာအုပ်ထဲက တင်းကြပ်တဲ့ ကျင့်ဝတ်စည်းမျဥ်း​တွေ စည်းကမ်း​တွေကို တ​သွေမသိမ်း လိုက်နာရပါတယ်။

Knights of Favoniusဟာ Seneschal Seamus Peggတည်​ထောင်ထားတဲ့ Church of Favoniusကိုလည်း စီမံခန့်ခွဲဖို့ ကူညီ​ပေးပါ​သေးတယ်။ ဒါ​ပေမယ့် အဖွဲ့အစည်းက​တော့ သပ်သပ်စီပါ​နော်။

အုပ်ချုပ်မှုပုံစံ

Knights of Favoniusရဲ့ ရိုးရာက​တော့ Grand Masterတစ်​​ယောက်က အုပ်ချုပ်ပြီး အဲ့ဒီ့ Grand Masterဟာ Monstadt မှာ မရှိတာပဲဖြစ်ဖြစ် absenceဖြစ်တာပဲဖြစ်ဖြစ် ဆိုရင် ဒုတိယ position ထားထားပြီး Grand Masterရဲ့ တာဝန်​တွေကို လုပ်​ဆောင်ရပါတယ်။ (​စောနက ​ပြောပြခဲ့တဲ့ Jean လုပ်ရတဲ့ တာဝန်ပါပဲ​နော်)

Knights of Favoniusမှာရှိတဲ့ title​တွေ အများကြီးထဲက Lionနဲ့ Wolf title​တွေဟာ ထိပ်တန်း​ခေါင်း​ဆောင်​တွေအတွက်သာ ဖြစ်ပြီးအဲ့ title​တွေသာ ရရင် တစ်​နေ့ Grand Master positionဖြစ်ဖို့ ကြို​တွေးထားလို့ ရပါပြီ။

Grand Masterနဲ့ Acting Grand Masterလက်​အောက်က ရာထူးအမြင့်ဆုံး​တွေက​တော့ Captain​တွေပဲဖြစ်ပါတယ်။ Captainက စုစု​ပေါင်း ၁၀​ယောက်ရှိပါတယ်။ အဲ့ထဲမှာ revealလုပ်ပြီးသား ၄​ယောက်က​တော့ Albedo(Captain of Investigation) Eula (Captain of the Reconnaissance) Kaeya (Cavalry ) Hertha (Captain of the Logistics Company)တို့ပဲဖြစ်ပါတယ်။ Knights​တွေ​တော်​တော်များများက Captain​တွေ ဦး​ဆောင်တဲ့ အဖွဲ့တစ်ခုခု​လက်​အောက်မှာ ​တာဝန်ထမ်း​ဆောင်ရပြီး Captain လက်​အောက်မဟုတ်ရင်​တော့ Outrider လို အဖွဲ့​တွေမှာ ပါဝင်ပါတယ်။

ခြွင်းချက်​အ​နေနဲ့ Kleeက​တော့ ဘယ်အဖွဲ့မှာ​တော့ မပါပဲ Knightsအဖွဲ့ဝင်​တွေ အကုန်လုံး သူ့ကိုလိုက်ထိန်း​ပေးပါတယ်🤣 ဒါ​တောင် မနိုင်ပါဘူး။

Knightဖြစ်ဖို့ လမ်း​ကြောင်း​တွေထဲမှာ traningအရင်ဆင်းရတာလည်းပါပါတယ်။ ။ 16နှစ်ဆို trainingစဆင်းလို့ရပါပြီ။ အဲ့လို Knightဖြစ်ဖို့ ​လေ့ကျင်​နေဆဲ သူ​တွေကို Squireလို့​​ခေါ်ပါတယ်။ ဒါကလည်း Medievalအချိန်က စကားလုံးကို ယူထားတာပါ။ Kleeက​တော့ ခြွင်းချက်​ပေါ့​နော်။

ဒါ​ပေမယ့် Knight Of Favonius မှာ ​နေရာတစ်ခုရဖို့ဆိုတာ Knightဖြစ်မှရယ်လို့ မဟုတ်ပါဘူး။ ဥပမာ Sucroseဆိုရင် Alchemistရဲ့ လက်​​ထောက်​ရာထူးဆို​ပေမယ့် သူက Knight​တော့ မဟုတ်ပါဘူး။

Some Random facts about Knight of Favonius

1. Dilucဟာ လွန်ခဲ့တဲ့ 4 နှစ်တုန်း(game မှာစမိတ်ဆက်တဲ့အချိန်မတိုင်ခင်) က Cavalry Captain ဖြစ်ခဲ့ပါတယ်။ အခု​တော့ resignလုပ်သွားပါပြီ။

2. Amberရဲ့ အဖိုးဖြစ်သူကလည်း ​Outriders​တွေရဲ့ ​ခေါင်း​ဆောင် ဖြစ်ပြီး ​ပျောက်ဆုံး​နေတာ ၄နှစ်ရှိပါပြီ။အခု​တော့ Outriderအဖွဲ့ထဲမှာ Amberတစ်​ယောက်ပဲရှိပါ​တော့တယ်။

3. Crepusဟာ သူ့ရဲ့ သားဖြစ်တဲ့ Dilucကိူ Ursa the Drakeက သတ်တာကို သူ့ရဲ့ Delusionသုံးပြီး တားရင် ​သေဆုံးသွားခဲ့ပါတယ်။ အဲ့တုန်းကKnights of Favoniusက inspectorဖြစ်တဲ့ Erochဟာ ဒီကိစ္စကို နှုတ်ပိတ်​နေဖို့​ပြောလို့ Dilucဟာ စိတ်တိုပြီး သူ့ဘာသာ စုံစမ်းပြီး အမှန်တရားကို​ဖော်ထုတ်ဖို့ ထွက်သွားခဲ့ပါတယ်။ Erochဟာ Ursa thr Drakeကို ​တိုက်ခိုက်​အောင်မြင်မှုကို သူ့​လုပ်တာပါဆိုပြီး ​ပြောပါ​သေးတယ်။ဒါ​ပေမယ့် Jeanဟာ ဒီကိစ္စကို သိသွားပြီး Varka (Grand Master)ဆီကို reportတင်ခဲ့ပြီး Varkaဟာ Jean ဖြစ်သင့်တယ်ထင်တဲ့အတိုင်း အပြစ်​ပေးဆိုပြီး ခွင့်​ပေးခဲ့ပါတယ်။

Diluc ၄နှစ်အကြာ ပြန်လာ​တော့ Erochဟာ သစ္စာ​ဖောက် အ​နေနဲ့ ​ခေါင်းစဥ်တပ်ခံရပြီး အဖွဲ့ကအထုတ်ခံရလိုက်ရပါပြီ။ Erochရဲ့ လက်ရှိအ​နေအထားကို​တော့ မသိရ​သေးပါဘူး။

Organizations Around Tevyat  #5 Spina di Rousla ဒီ​နေ့ contentမှာ​တော့ Playerတိုင်းသိကြတဲ့ Navia ​လေးရဲ့ အ​ဖေတည်​ထောင်ခဲ...
07/02/2024

Organizations Around Tevyat #5 Spina di Rousla

ဒီ​နေ့ contentမှာ​တော့ Playerတိုင်းသိကြတဲ့ Navia ​လေးရဲ့ အ​ဖေတည်​ထောင်ခဲ့တဲ့ Spina di Rosulaအ​ကြောင်း​ပြောပြသွားမှာ ဖြစ်ပါတယ်။

Spina di Rosulaဟာ Fontaineမှာရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး Fontaine ပြည်သူပြည်သား​တွေကို ကူညီိိဖို့နဲ့Fontaine က Gardes (Fontaineက ရဲတပ်ဖွဲ့) မစုံစမ်း​ပေးတဲ့ အမှု​တွေ စုံစမ်းရခက်​နေတဲ့ အမှု​​တွေကို ​ဖြေရှင်း​ပေးပါတယ်။

Naviaရဲ့ အ​ဖေ Callasက တည်​ထောင်ထားပြီး သူဆုံးပါးသွားတဲ့ အချိန်မှာ​တော့ Presidentဖြစ်သွားပါပြီ။ ဒီ အဖွဲ့အစည်းက​တော့ donation​တွေကတစ်ဆင့် တည်​ထောင်ထားတာဖြစ်ပါတယ်။

​လော​လောဆယ်member​တွေထဲမှာ ​ရေငုပ်သမား​တွေ၊ ဆရာဝန်​တွေ၊ တံငါသည်​တွေ၊ နည်းပညာအကြံ​ပေး​တွေ အပြင် bartenderပါ ပါပါတယ်🤣

Spina Di rosula ဆိုတာက​တော့ Thorny Rose Association လို့အဓိပ္ပါယ်ရပါတယ်။

လက်ရှိ gameက အဖြစ်အပျက်​တွေမတိုင်ခင်က Callasဟာ Court of Fontaineနဲ့ Fontaine Research Institute နဲ့ ပူး​ပေါင်းပြီး aquabus ​တွေ​ပြေးဆွဲဖို့ အတူတူလုပ်ခဲ့ကြပါတယ်။ Fontaine တစ်နိုင်ငံလုံးနဲ့ ပိုအဆင်​ပြေ​အောင်ရယ် ​နောက်ကျ အသုံးဝင်လာမယ်မှန်းသိတာ​ကြောင့်ပါ။ ဒါ​ပေမယ့် ဒါဟာ အဲ့တုန်းက member (ခု​တော့ former member)ဖြစ်တဲ့ Romeufနဲ့ အကြီးအကျယ်စကားများခဲ့ကြပါတယ်။ Romeufက Aquabus ​ဆောက်ဖို့ ​ငွေကို Poissonကို ပြုပြင်ဖို့ သုံး​စေချင်တာပါ။ အဲ့တာက ပိုသုံးရကျိုးနပ်မယ်ထင်တာ​ပေါ့​နော်။ ဒါ​ပေမယ့် Callasက​တော့ သူနဲ့ သ​ဘောမတူပဲ Clementine (Callasရဲ့ မိန်းမ)ကလည်း သူနဲ့ သ​ဘောတူတာမလို့ Aquabusကို ဆက်လုပ်ခဲ့ပါတယ်။ Clementine ဆုံးသွားပြီးတဲ့​နောက်မှာ Clementineရဲ့ ဆန္ဒအတိုင်း ​ဆောက်လုပ်​​ရေးပြီး​အောင် ဆက်လုပ်ခဲ့တာမလို့ Romeufလည်း ထွက်သွားပြီး တခြားအဖွဲ့ဝင်​တွေကလည်း သူ့တို့ တစ်မိသားစုလုံး Naviaအပါအဝင် ကို မုန်းတီးခဲ့ပါတယ်။ (ဒါက​​တော့ Spina di Rouslaရဲ့ အရင်က story​လေးတစ်ခုကို​ပြောပြတာပါ)

Thanks for reading

Organizations Around Tevyat  #4 Komaniya Express ဒီ​နေ့​ပြောပြသွားမဲ့ အဖွဲ့အစည်းက​တော့ Kiraraအလုပ်လုပ်တဲ့ Komaniya Expre...
01/02/2024

Organizations Around Tevyat #4 Komaniya Express

ဒီ​နေ့​ပြောပြသွားမဲ့ အဖွဲ့အစည်းက​တော့ Kiraraအလုပ်လုပ်တဲ့ Komaniya Express delivery companyပဲဖြစ်ပါတယ်။ game source​တွေမှာ အ​သေးစိတ်​ဖော်ပြထားတာ​တွေမရှိလို့ အကြမ်းဖျင်းပဲ​ပြောပြသွားပါမယ်​​နော်။

Komaniyaဟာ Inazumaမှာရှိတဲ့ နာမည်ကြီး delivery serviceတစ်ခုဖြစ်ပါတယ်။ ဒီdeli companyဟာ ​လုံခြုံ စိတ်ချရ​အောင် ပစ္စည်း​​တွေကို​သေချာ ပို့​ပေးပါတယ်တဲ့။ အစက​တော့ delivery serviceက Inazumaတစ်နိုင်ငံထဲရတာပါ။ ​နောက်မှ နိုင်ငံခြားကိုပါ ပစ္စည်း​တွေ​ပို့​ပေးတဲ့serviceက ရလာတာပါ။

ဒီ company မှာ adminတို့ Kirara​လေးက​တော့ Gold level courier​ဖြစ်ပြီး နိုင်ငံခြားကို ပစ္စည်းပို့ရင်လည်း သူပဲအမြန်ဆုံးလို့ ​တော်​တော်များများ Kiraraပဲ ပို့​ပေးရပါတယ်။ ဒီcompanyဟာလည်း စီးပွား​ရေး အ​ခြေအ​နေ လတ်တ​လောမှာမှ ​ကောင်းမွန်လာတာမလို့ အလုပ်သမားအသစ်​တွေ ​ခေါ်ယူထားတယ်​ပြောပါတယ်။

​နောက်ထပ်fun factအနေနဲ့က​တော့ Yae Mikoဟာ Kiraraကို Inazumaက လမ်းတစ်ခုမှာ ​လျှောက်သွား​နေတာကိုမြင်ပြီး Komaniya Expressမှာ အလုပ်သွားလုပ်ပါလားလို့​ပြောလို့ လုပ်လိုက်တာပါတဲ့🤣

ဒီ​လောက်ပါပဲ​နော် Thanks for reading!!

ဦးလှ အတွက် မျက်ရည်နှစ်စက် 🥲🥲
30/01/2024

ဦးလှ အတွက် မျက်ရည်နှစ်စက် 🥲🥲

Inazuma characters fun fact  #12   Sayu ​ဒီ​နေ့​တော့ အ်ိပ်ပုတ်​လေး Sayuအ​ကြောင်း​ပြောပြ​ပေးသွားမှာပါ။ 😂 1. Sayuရဲ့ အလုပ်...
18/01/2024

Inazuma characters fun fact #12 Sayu


ဒီ​နေ့​တော့ အ်ိပ်ပုတ်​လေး Sayuအ​ကြောင်း​ပြောပြ​ပေးသွားမှာပါ။ 😂

1. Sayuရဲ့ အလုပ်အကိုင်

Sayuက Shuumatsuban အဖွဲ့အစည်းက ninja​​လေးပါ။ အရင် Tri-Commission အ​ကြောင်း​ပြောပြတုန်းက Yashiro ​​လက်​အောက်က လျို့ဝှက် Ninja commissionဆိုတာ Sayuရှိတဲ့ အဖွဲ့ပါ။ Sayuက အရပ်ရှည်ချင်လို့ အမြဲတမ်း အိပ်ဖို့ ကြိုစား​နေတာ playerတိုင်းလိုလိုသိမှာပါ။ အဲ့တာ​ကြောင့် သူမ ninja techniques​တွေသုံးရင်လည်း Laze Aroundဆိုတဲ့ jutsuကိုသုံးပါတယ်။😂

2. Sayu ရဲ့အသက်

Sayuရဲ့ modelဟာ က​လေးပုံစံဖြစ်​နေတာ​တော့ ဟုတ်ပါတယ်။ ဒါ​ပေမယ့် သူက ၅နှစ် ၆နှစ်အရွယ်မဟုတ်​တော့ပဲ 13-15​​လောက်ရှိပါပြီ။ အခုထိ အရပ်ပု​နေတာ ​သေး​နေ​​သေးတာမလို့ သူက အရမ်း အရပ်ရှည်ချင်တာပါ။

3. Sayuက Tanukiလား?

Tanukiဆိုတာ Raccoon​အ​ကောင်​လေး​တွေကို ​ပြောတာပါ။ Japanese raccoon dog ​လေး​တွေ​ပေါ့​နော်။ Inazumaမှာ ဘဲလ်သံ​လေး​နဲ့ ခဏခဏ ​ပေါ်လိုက်​ပျောက်လိုက်ဖြစ်သွားတဲ့​ အ​ကောင်​​လေး​တွေပါ။

Sayuမှာလည်း အဲ့​အ​ကောင်​​လေး​တွေ ပုံစံနဲ့ တူတဲ့အပြင် အဲ့အ​ကောင်​လေး​တွေလို အမြှီး​လေး​တွေပါတာမလို့ Sayuကိုလည်း Tanukiလို့ထင်ရင် ထင်ပါလိမ့်မယ်။ ဒါ​ပေမယ့် အဲ့ အမြှီး​​လေးဟာ အတုဖြစ်ပြီး သူ့ကို balanceဖြစ်​အောင် လုပ်ထားတာပါ။ သူမရဲ့ splash artမှာ​သေချာကြည့်ရင် အပ်ချုပ်ရာ​လေး​တွေကိုမြင်ရမှာပါ။ သူ့ကို Tanukiလို့ထင်ရင် စိတ်ဆိုးပါတယ်တဲ့ xD

4. Sayuရဲ့ အကြိုက်ဆုံးအစားအစာ

Sayuက​တော့ carbonhydrateပါတာများတဲ့ အစားအစာ​တွေကိုကြိုက်ပါတယ်တဲ့။ ဥပမာ ထမင်းလုံး (Onigiriလိုမျိုး​ပေမယ့် အလုံး​​လေး​တွေပါ) သူ့မှာ ခန္ဓာကိုယ်က ​သေး​နေ​တော့ အစာ​​ရွေး​နေလို့မရပဲ အကုန်​တော့ စားရပါတယ်တဲ့။ ဒါ​ပေမယ့်အသီးအရွက်​တွေက တစ်ခါတစ်​လေ ခါးလွန်းလို့ မကြိုက်ပါဘူးဆိုပြီး ​ပြောထားပါ​သေးတယ်။ (တကယ် သနားစရာ​လေးပါ🥲)

5. Signature dish

Sayu ရဲ့ signature dishက​တော့Onigiri ပါ။recipeကို​တော့ Gourmet Supremos: The Deep Diver questက​နေ ရနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် ပြောင်းပြီးချက်ရင် Dizziness Be Gone no Jutsu ဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

Inazuma characters fun fact  #11 ဒီတစ်​ခေါက် အတွက် fun fact​လေး​တွေ​​ပြောပြသွားမှာက​တော့ Inazumaက detective​လေး Heizouဖြ...
14/01/2024

Inazuma characters fun fact #11

ဒီတစ်​ခေါက် အတွက် fun fact​လေး​တွေ​​ပြောပြသွားမှာက​တော့ Inazumaက detective​လေး Heizouဖြစ်ပါတယ်။

1. Heizouရဲ့ အလုပ်အကိုင်

Heizouက detective ဆိုတာ လူတိုင်းသိကြမှာပါ။ တကယ်​တော့ Adminအရင်​နေ့က ​ပြောပြသွားတဲ့အထဲက Inazuma Tri-commissionရဲ့ Tenryou commissionလက်​အောက်က detective ပါ။ ​နောက်ပြီး Heizouဟာ prodigyတစ်​ယောက်လဲဖြစ်ပါတယ်။ (ငယ်ငယ်ရွယ်ရွယ်နဲ့ ​တော်​တော်ကျွမ်းကျင်တဲ့ ​အရာရှိတာမျိုးကို​ပြောတာပါ။ ဥပမာ တချို့က​လေး​တွေ ငယ်ငယ်​လေးကတည်းက ခက်ခဲတဲ့ စာ​တွေ အမျကြီးသိသလို​ပေါ့) Heizouကလည်း အဲ့လိုပါပဲ။ Tenryou commissionက Heizou detectiveအ​နေနဲ့ စလုပ်တာမ​ဟုတ်ပဲ အရင်ကလည်း Bantan Sango Detective Agencyကို သူပိုင်ခဲ့ပါ​သေးတယ်။ Sangoဆိုတဲ့ npcနဲ့ co-foundလုပ်ထားတာပါ။

2. Heizouရဲ့ ဝါသနာ

Heizouက​တော့ သူလုပ်တဲ့ အလုပ်ကို​တော်​တော်သ​ဘောကျတဲ့ပုံပါပဲ။ သူရဲ့ဝါသနာကလည်း Tenryou commissionက ရုံးချိန်းရှိရင် လိုက်ကြည့်ရတာပါ။ သူ့အတွက် အမှန်တရားက တဖြည်းဖြည်း​ပေါ်လာပြီး သဲလွန်စ​တွေ သက်​သေ​တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်လာတာကို ကြည့်ရတာ တကယ်သ​​ဘောကျပါတယ်တဲ့။ Travellerကိုလည်း လာကြည့်ရင် ​နေရာ​ကောင်းချန်ထား​ပေးမယ် သူ့ကို​တော့ မသိချင်​ယောင်​ဆောင်​နေပါတဲ့🤣

3. Heizouရဲ့ အကြိုက်ဆုံးအစားအစာ

အခု​​ခေတ်youtuber​တွေနဲ့ Heizou တကယ်keyကိုက်မှာပါ။ ဘာလို့လဲဆိုရင် Heizouက deep friedလုပ်ထားတဲ့ အစားအစာ​တွေ (​ပေါင်မုန့်က အမှုန့်​​လေး​တွေနဲ့ ကပ်ပြီး​ကြော်ထားတာမျိုးပါ) ကို အကြိုက်ဆုံးပါ။ အသားပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် အဲ့လိုမျိုး​ကြော်ထားတာဆိုရင် သူ​သေချာ​ပေါက်ကြိုက်မှာပါတဲ့။
ရဲစခန်းက ​ကျွေးတဲ့အစားအစာ​တွေက​တော့ သူမကြိုက်ပါဘူး။

4. Heizouဟာ Kiraraကို အကူအညီ​တောင်းဖူးပါတယ်။

Kiraraက Nekomataဆိုတာ သိပြီးတဲ့​နောက် Heizouက ​ပျောက်​နေတဲ့​ကြောင်​လေး​တွေကို ရှာ​ပေးဖို့ အကူအညီ​တောင်းခဲ့ပါတယ်။ Kiraraလည်း အစက ကူညီ​ပေးချင်​ပေမယ့် ​ကြောင်​​လေး​တွေလည်း ​တွေ့​ရော သူတို့(​ကြောင်​တွေ) က "အပြင်က ဘယ်လို​နေလဲ သိချင်လို့ပါ" "အိမ်မှာအရမ်းပျင်း​​နေလို့ပါ" ဆိုပြီး​ပြော​တော့Kiraraလည်း စိတ်မ​ကောင်းဖြစ်ပြီးHeizouကို မ​တွေ့ဘူးဆိုပြီး လိမ်လိုက်ပါတယ်။ ဒါ​ပေမယ့် Heizou​က​တော့ ဒါကို ရိပ်မိတဲ့ပုံပဲ ဆိုပြီး Kiraraက ​ပြောထားပါ​သေးတယ်။🤣

5. Signature dish

ဒါကို​တော့ ​တော်​တော်များများမသိကြဘူးထင်ပါတယ်။ Heizouရဲ့ signature dishဟာလည်း သူ့အကြိုက်ဆုံးအစားအစာဖြစ်တဲ့ (deep friedလုပ်ထားတဲ့ အစားအစာ) Katsu sandwichပဲဖြစ်ပါတယ်။

recipeကို​တော့ Ritouက​ Ryoukoဆီကနေ Mora 2500နဲ့ ဝယ်ယူနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် Heizou ပြောင်းပြီးချက်ရင် The only truthဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။ Adminလည်း Katsuဆို အရမ်းကြိုက်​တော့ စား​တောင်စားချင်သွားပြီ😭😭

Inazuma Characters Fun fact  #10 Kirara 1. Kirara ရဲ့ form Kirara ​ဟာ nekomata ဂျပန်ရိုးရာ ပုံပြင်​တွေထဲကcat youkaiပါ။ C...
12/01/2024

Inazuma Characters Fun fact #10 Kirara

1. Kirara ရဲ့ form

Kirara ​ဟာ nekomata ဂျပန်ရိုးရာ ပုံပြင်​တွေထဲကcat youkaiပါ။ Cat girl​တော့မဟုတ်ပါဘူး Nekomata ပါ။ သူက shapeshiftလုပ်လို့ရတဲ့ (ပုံစံ​ပြောင်းနိုင်တဲ့) youkaiပါ။ Nekomata ဆို​တော့ ​ကြောင်မျိုးရိုးဗီဇ ရှိတာမလို့ ကတ်ပုံးတွေထဲအိတ်တာတို့ ​ခေါင်မိုး​ပေါ်မှ ​နေဆာလုံ​နေတဲ့ တိရစ္ဆာန်​လေး​တွေ​ပေါ်ကို ခုန်တာတို့
လုပ်တတ်ပါတယ်။

2. Kiraraရဲ့ အလုပ်အကိုင်
ဒါက​တော့ playerတိုင်းသိကြမယ်ထင်ပါတယ်။ Kiraraဟာ Inazumaက Komaniya Express delivery companyက ဒလီသမား​လေးပါ🤣 ​နောက်​နေ့ကျရင် Komaniya Expressအ​ကြောင်း သပ်သပ်​ရေး​ပေးပါ့မယ်။

3. Kiraraရဲ့ climbing skill

Kiraraနဲ့ ​တောင်တက်ရင် stamina ​တော်​တော်နဲ့ ​မ​လျော့ဘူးဆိုတာ သတိထားမိကြလားမသိဘူး? သူ့ E skillသုံးရင် ပိုသိသာပါတယ်။ အဲ့တာ​ကြောင့် ​တောင်များတဲ့ ​နေရာ​တွေ explore လုပ်မယ်ဆိုရင် Kiraraယူသွားကြပါလို့။

4. Kirara visionဘယ်လိုရခဲ့တာလဲ?

Kiraraဟာ ငယ်ငယ်တုန်းက လူ form မဟုတ်ပဲ ​ကြောင်​လေးပါ။ Kiraraဟာ အဖွားနဲ့ အတူတူ​နေတာပြီး သူ့ အဖွား ချက်​ကျွေးသမျှ အကုန်ကြိုက်ပါတယ်တဲ့။ (အကြိုက်ဆုံး အစားအစာက​တော့ Sashimiငါးပါ)

တစ်​နေ့သူ့အဖွား ​အိမ်ပြန်​နောက်ကျတဲ့အချိန် သူမရဲ့ Youkai အစွမ်း​ကို နှိုးထနိုင်လိုက်ပြီး ( လူပုံစံ​ပြောင်းနိုင်လိုက်တာပါ)dendro visionလည်း ရသွားတာပါ။

5. Kiraraရဲ့ Signature dish
Kiraraရဲ့ Signature dishက​တော့ တကယ့်neko specialပါ။🤣 သူရဲ့ Signature dishကို Neko is a cat: Shrine Recipe World Questပြီးရင် ရရှိနိုင်ပြီး နာမည်က​တော့Invigorating Kitty Mealပါ။ ဒီ recipeကိုချက်​နေတဲ့အချိန် Kirara ပြောင်းပြီးချက်ရင် Energizing Bentoဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

​နောက်ဆုံး အ​နေနဲ့က​တော့ Kiraraရဲ့ ​မွေး​နေ့ဟာJan 22ဖြစ်ပြီး release တာ April 2023ကမလို့ brithday artမရှိ​​သေးပါဘူး။ ဒီလ ​ရောက်မဲ့​မွေး​နေ့မှာ​ပေါ့ ပထမဆုံး ​Birthday artကို ​မြင်ရမှာပါ။ 💗💗

Inazuma characters fun fact  #9 Sangonomiya Kokomi 1. Kokomiရဲ့ ဝါသနာKokomi​လေးဟာလည်း Genshin Impact character​တွေထဲက စာ...
10/01/2024

Inazuma characters fun fact #9 Sangonomiya Kokomi

1. Kokomiရဲ့ ဝါသနာ

Kokomi​လေးဟာလည်း Genshin Impact character​တွေထဲက စာဖတ်​ဝါသနာရှင် ​နောက်တစ်​​​ယောက်ပါပဲ။ Kokomiဟာ တိတ်ဆိတ်တဲ့​နေရာတစ်ခုရှာပြီး စစ်​ရေးဗျူဟာနဲ့ ပတ်သက်တဲ့စာအုပ်​တွေ ဖတ်ရတာကြိုက်ပါတယ်တဲ့။ ​နောက်ပြီး​တော့ Kokomiဟာ Yae publishing houseရဲ့ အမှာခံပရိတ်သတ်တစ်​​ယောက်ဖြစ်ပါတယ်။ သူရဲ့ About Sangonomiya Kokomi: Relaxing voicelineထဲမှာဆိုရင် "တိုက်ပွဲမြန်မြန်အပြီးသတ်လို့ရရင်​ကောင်းမယ်။ Yae Publishing houseက A Legend of Swordအတွက် volumeအသစ်ထုတ်ထားတာ မကြာ​သေးဘူး။ ဘာမှမလုပ်​တော့ပဲ အခန်းထဲမှာ စာအုပ်ပဲ ဖတ်ချင်​တော့တယ်။" ဆိုပြီး​ပြောထားပါ​သေးတယ်။

2. Kokomiရဲ့ အကြိုက်ဆုံးအစားအစာ

Kokomiက​တော့ Bird Egg sushiစားရတာကို​တော်​တော်​လေးကြိုက်ပါတယ်။ သူလည်း Kujou Saraလိုပဲ စစ်ပွဲခဏခဏ ဝင်ရတာ​ဆို​တော့ ဒီလိုမျိုး ရိုးရှင်းတဲ့ အစားအစာဟာ စစ်သား​တွေအတွက် ​တော်​တော်​လေး ဗိုက်ပြည့်​စေပါတယ်တဲ့။

သူ့ fav foodအ​ကြောင်း​ပြော​နေတာ​ဆို​​တော့ သူမ မကြိုက်ဆုံး အစားစာကိုလည်း​ပြောပြလိုက်ပါ့မယ်။ Kokomiဟာ seafoodကို လုံးဝမကြိုက်ပါဘူး။ ဒါ​ပေမယ့် တံငါလုပ်ငန်းက Watasumi ကျွန်းအတွက်အ​ရေးပါ​တာမလို့ သူ့လို Divine Priestessကသာ မကြိုက်ဘူး​ပြောလိုက်ရင် အလုပ်သမား​တွေ စိတ်ဓါတ်ကျသွားမှာစိုးလို့ လျှို့ဝှက် ထား​ခိုင်းပါတယ်။😂

3. Kokomiဟာ စစ်​ရေးဗျူဟာဆွဲတဲ့​နေရာမှာ ​အရမ်း​တော်ပါတယ်။

စစ်​မြေမြင်​မှာပဲဟုတ်ဟုတ် မ​ဟုတ်ဟုတ် Kokomiဟာ သူမရဲ့ ရန်သူအ​ကြောင်း​ကောင်း​​ကောင်းသိဖို့ ကြိုးစားပါတယ်။ ဖြစ်နိုင်မဲ့ အ​ခြေအ​နေ​တွေ အကုန်လုံးကိုတွက်ချက်ပြီးမှ ဗျူဟာ​ဆွဲ​ပေးပြီး အဲ့ဒီ့ဗျူဟာကို အ​ကောင်အထည်​ဖော်​ပေးမဲ့သူ​တွေထံကို ပို့​ပေးပါတယ်။

"Her Excellency, Sangonomiya က ပါးနပ်တဲ့ ဗျူဟာမှူးပါ။ သူမက ရန်သူရဲ့ ​နောက်​ခြေလှမ်းကို မိုင်​ထောင်ချီတဲ့ အ​ဝေးတစ်​နေရာက​နေ​တောင် ကြိုသိနိုင်ပါတယ်။ Shogunရဲ့ စစ်တပ်နဲ့ တိုက်ပွဲဝင်တုန်းက ကျွန်​တော်တို့ စစ်တပ်က လုံးဝလူမမျှခဲ့ပါဘူး။ Her Excellencyရဲ့ နည်းဗျူဟာစွမ်းရည်​ကောင်းလို့သာ ​အနိုင်ရတဲ့တာပါ။ သူသာမပါရင် Watasumi ကျွန်းရဲ့ ​အောင်ပွဲ​တွေဆိုတာ တစ်ခုမှ ရှိလာမှာမ​ဟုတ်ဘူး။ " လို့ Gorouက ​​ပြောထားပါတယ်။

4. Kokomiအ​ပေါ် Yae Mikoရဲ့ အမြင်

အမြဲတမ်း ကျီစယ်​နေတတ်တဲ့ Yae Mikoက​တော့ Divine Priestesses ​တွေဟာ မျိုးဆက်တစ်ခုပြီး တစ်ခု ပိုပြီးချစ်ဖို့​​ကောင်းလာတယ်လို့ဆို့ပါတယ်။ Kokomiက Dance of Divine Peaceကို ​ performလုပ်တဲ့အချိန် သူမ က​နေတုန်း ​ဘေးနားက ငါး​လေး​တွေ ထွက်လာမလားမသိဘူး ဆိုပြီးလည်း ​ပြောထားပါ​သေးတယ်။ Yae Mikoရဲ့ Japanese voiceline ထဲမှာ​တော့ အ​တွေ့အကြုံရှိတဲ့ Shrine maiden ​ခေါင်း​ဆောင်တစ်​ယောက်အ​နေနဲ့ သူ့ကို "Miko Onee sama"လို့​ခေါ်ရင် နည်းလမ်း​တချို့တစ်​လေပြောပြ​ပေးလို့ ရပါတယ်တဲ့။ 🤣 Mikoက​တော့ တကယ့် အရှုပ်။

5. Kokomiရဲ့ Signature dish

Signature dishက​တော့ Kokomiရဲ့ အကြိုက်ဆုံး အစားစာဖြစ်တဲ့Sushi Egg roll ပါ။recipeကို​တော့ Inazuma Cityက​ Shimura Kanbeiဆီကနေ Mora 1250နဲ့ ဝယ်ယူနိုင်ပြီး ဒီ recipeကိုချက်​နေတဲ့အချိန် Kokomi ပြောင်းပြီးချက်ရင် A stunning Stratagem ဆိုတဲ့ special dishကိုရရှိမှာဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when VeinGaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VeinGaming:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share