I need a cup of coffee

  • Home
  • I need a cup of coffee

I need a cup of coffee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I need a cup of coffee, Gaming Video Creator, .

02/09/2021

🔳ကိုဗစ်ကြောင့် မသေသင့်ပဲ မသေရဖို့ သေချာဖတ်ပါ မျှဝေပေးပါ

ပိုက်ဆံတွေ ချမ်း သာ ရက်နဲ့ ပညာတွေတတ်နေရက်နဲ့ မသေသင့်ပဲ သေ သွားတဲ့သူတွေ အတွက် နောက်ထပ် လူတော် လူကောင်း တွေ ထပ်မဆုံးရှုံးစေချင် လို့ ထပ်ရေး ပါမယ်။

၁-နှာပိတ် လည်း စစ် ၊ ငွေ့ငွေ့ဖျား လည်း စစ် ၊ ကိုဗစ်ကိုသံသယ နဲ့ အမြဲ စောင့်ကြည့်ပါ။ အနံ့မှ မပျောက်တာ ကိုဗစ် မဟုတ်ပါဘူး လို့ မငြင်းပါနဲ့။

၂-High risk ဖြစ်မယ် ဆိုရင် Remedisivir သွင်းပါ။
Mild to moderate လို့မှန်းထား ရင် Favipiravir သောက်ပါ။ဒီဆေး ၂ မျိုးထဲက တစ်မျိုးကို စောစော သုံး နိုင်လေကောင်းလေပါ။

ကိုဗစ် ရောဂါခံစား ရချိန် ပထမအပတ် မှာ virus ကို ခုခံအား နဲ့တိုက်ထုတ်တာ ဖြစ်တဲ့အတွက် ဖျား ပါတယ် ။ ဖျားရင် ပါရာ စီတမော လေး ကူ ပေါ့။

တချို့ ကိုယ်ခံ အားနည်းသူ သက်ကြီးရွယ်အိုတွေ၊ ခုခံအားကျတဲ့ဆေးတွေ သောက်နေတဲ့ အသည်းအစားထိုး ၊ကျောက်ကပ်အစား ထိုး ထားတဲ့သူတွေ မဖျားပါဘူး ။ ကိုယ်ခံအားက မတိုက်ဖျက် လို့ မဖျားတာပါ။ အတော်လေး သတိထား မှ ကူးစက်ခံရမှန်းသိတာပါ။ နှာခေါင်း ပိတ်တာ လောက်တော့ ဖြစ်တတ်ပါတယ်။

အားဆေးတွေ ကူရင် လည်း ရပါတယ်။ အားဆေးတွေ ဝယ် လို့ မရရင် စိတ်မပူ ပါနဲ့ အသီး ဖျော်ရည် တွေ ဖျော်သောက်ပါ။ဖြစ်နိုင်ရင် သကြား မထည့်ပါနဲ့။
Dexa တွေ၊ Antibiotics တွေ မသောက်ပါနဲ့။

၃-ဒုတိယ အပတ်-Day 7 ကစပြီး နမိုးနီးယား စပါပြီ။ ကိုယ်ခံအား ကောင်း လို့ ဗိုင်းရပ် ကို ကောင်းကောင်း တိုက်ထုတ် နိုင်တဲ့သူတွေ မှာ နမိုးနီးယား မတွေ့ရ ပေမယ့် ဗိုင်းရပ် က အနိုင်ရ သွား ရင်တော့ ခန္ဓာ ကိုယ် မှာ ရှိတဲ့ ဆဲလ်တွေ ရောင်ရမ်း ခြင်း စပါပြီ။ Dexa တို့ Antibiotics ( Azithro) တို့က ဒီ အချိန်မှ စသုံး။ ဒီ အချိန် ကျ မှ Favipiravir စသုံးရင် နောက်ကျ ပါပြီ ။ မသုံးပါတော့ နဲ့။ Remedisivir ထိုးဆေးကတော့ ဗိုင်းရပ် အကြွင်း အကျန်တွေ ကို တိုက်ထုတ် ဖို့ သုံးလို့ ရပါသေးတယ်။ ဒီ second week မှာအဓိက ပေးရမှာ က steroid အရောင်ကျဆေး( Dexamethasone, prednisone, methyl prednisone)၊ အောက်စီဂျင်နဲ့ သွေးပျစ်နေရင် သွေးကျဲ ဆေး တွေ ပါ။ အဆုတ်လေအိတ်လေး တွေ ရောက်ရမ်း ပျက်စီး နေတာ ဖြစ်တဲ့အတွက် ပြင်ပ ပိုးမွှားတွေ ဝင်လွယ် ပါတယ်။ အဲ့ဒီ ပိုးမွှားတွေ ကိုသေစေမယ့် Antibiotics တွေ ပေးရမှာပါ။ အသက်ကြီးတဲ့သူတွေ ၊ ဆီးချို ရှိတဲ့သူတွေ အတွက် ထိုးဆေးသုံးနိုင်မှ တော်ကာ ကျပါတယ်။

၄-steroid တွေ ၊ Antibiotics တွေ သွေးကျဲဆေး လို့ခေါ်တဲ့ anticoagulants တွေ သုံးနေရက်နဲ့ အောက်စီ ဂျင် saturation မတက်လာ ရင်၊ ဆက်ကျနေရင် monoclonal antibodies ထိုးဆေး တွေ သုံးရတော့ မှာပါ။ baricitinib က အကောင်းဆုံးပါ။ ဒါပေမယ့် မြန်မာပြည်မှာ မရ နိုင်တဲ့အတွက် အရောင်ကျအောင် သွေးလေး ဘက်နာ မှာ သုံး တဲ့ tocilirumab ကိုသုံးပါတယ်။ ဦးနှောက်ကင်ဆာ မှာ သုံးတဲ့ bevacizumab ကိုသုံးပါတယ်။ casirivimab and imdevimab နှစ်မျိုးပေါင်းပီး monoclonal antibody cocktail ကိုဗစ်ကောက်တေး ဆိုပီး india မှာ သုံးနေပါပြီ။

၅-တန်ဘိုး ကြီး ရှားပါးလှတဲ့ ၊ ဘေးထွက်ဆိုး ကျိုးတွေ လည်း များ တဲ့ ဒီမိုနိုကလိုနယ် အန်တီဘော်ဒီ တွေ ၊ တိုစီလီတွေမသုံးရအောင် ကိုယ်ခံအား နည်းသူတွေ ( အဝလွန်သူ၊ ကိုယ်ဝန်ဆောင်၊ဆီးချို ၊ HIV၊ ကိုယ်တွင်း ကလီစာ တစ်ခုခု အစားထိုးထားသူ) တွေ ကိုဗစ်ဆိုတာ သိသိ ချင်း Remedisivir injection ထိုးကြပါ။ ဆေးတွေလည်း ပေါနေပီ။ စျေးတွေ လည်း ကျနေပီ။ ထိုးပေးဖူးတဲ့ အတွေ့အကြုံ အရ ဘေးထွက် ဆိုးကျိုးလည်း မရှိသလောက်နည်းတာ မို့ ဖြစ်လာရင်တော့ ထိုးသာထိုး လို့ ထပ်ပီး တိုက်တွန်းပါတယ်။ ဆဲချင် ရင် လည်း ဆဲ့ကြပလေ့စေတော့။

၆- SPO2 92 % အောက်ရောက်မှ Remedisivir ထိုးပါဆိုတဲ့ guideline က သူများနိုင်ငံမှာ SPo2 94% အောက်ရောက်မှ ဆေးရုံ တင်နိုင်တာရယ်၊ ဆေးရုံ မရောက်ခင် အိမ်မှာ လိုက်ထိုး ပေးမယ့်သူ မရှိတာ ရယ်၊ဒီဆေးဘိုးကို သူတို့နိုင်ငံတော်က အကုန်အကျ ခံတာ ရယ်ကြောင့်ပါ။ မြန်မာ ပြည်မှာ ဘယ်အချိန်ထိုးထိုး ကိုယ့်ပိုက်ဆံ နဲ့ ကိုယ်ဝယ် ထိုးရတာ ဆိုတော့ အဲ့ဒီ ဂိုက်လိုင်း ကြီး ဘေး ချိတ် ပီး Remedisivir ဆေးသာချိတ် ပါတော့။

- ဒေါက်တာ မို့မို့ခိုင်
crd

25/07/2021

တပြုံကြီး မှာ မင်းမပါစေနဲ့
====================

၃၀၀၀၀ လောက်တန်တဲ့ Oxygen Flowmeter ကို
သိန်းဂဏန်း နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

၁၅၀၀၀ လောက်တန်တဲ့ Oximeter ကို
၅၀၀၀၀ - ၆၀၀၀၀ နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

၈၀၀၀၀ လောက်တန်တဲ့ Oxygen ၁၀ လီတာအိုးကို
၄ သိန်း နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

၁၈၀၀၀၀ လောက်တန်တဲ့ Oxygen ၁၀ လီတာအိုးကို
၈ သိန်း နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

၁၀ သိန်းလောက်တန်တဲ့ Oxygen Concentrater ကို
သိန်း ၂၀-၃၀ နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

၁ သိန်း လောက်တန်တဲ့ Remisivier ဆေးကို
သိန်း ၃၀ လောက် နဲ့ ရောင်းနေတဲ့သူတွေ တပြုံကြီး၊

Oxygen ခေါင်း ၅၀၀၀ တန်လောက်ကို
၂၀၀၀၀ လောက်နဲ့ ရောင်းနေသူတွေ တပြုံကြီး၊

ဆေး တစ်လုံးကို ၁၀ ဆ လောက်
ဈေးတင်ရောင်းနေသူတွေ တပြုံကြီး၊

အိုး အတု ၊ စက် အတု၊ ဆေး အတု
ရောင်းနေတဲ့သူတွေလည်း တပြုံကြီး၊

လူယုတ်မာတွေကြောင့်
မသေသင့်ဘဲ သေသွားကြတဲ့သူတွေ တပြုံကြီး၊

အရေးကြီးဆုံးက အဲ့ဒီတပြုံကြီးထဲ ကိုယ် မပါ ပါစေနဲ့။

အားလုံး တန်ရာ တန်ရာ ရကြမှာပါ။

Crd

23/07/2021

မုံရွာသူ/မုံရွာသား များ အားလုံး မင်္ဂလာပါ ခင်ဗျာ 🙏

ကျွန်​တော်တို့ MBG ​အောက်ဆီဂျင် မိသားစု မှ မုံရွာ မြို့သူမြို့သားများ အတွက် Covid🦠 ကာလ အတွင်း ​အောက်ဆီဂျင် လုံလုံ​လောက်​လောက် ရရှိ​​ရေးကို အ​လေးထား​ဆောင်ရွက်လျက် ရှိပါတယ်

📢ယခုအခါ ​​နေ့ရာ ညပါ အင်တိုက် အားတိုက် လည်ပတ်​နေရပြီး စက်ရုံရှိ ဝန်ထမ်းများမှာလည်း ပင်ပန်းကာ တစ်ချို့မှာ ​​ခြေကုန်လက်ပမ်းကျနေ​သော​ကြောင့် ဝန်ထမ်းအင်အား မလုံ​လောက်မှု ပြသနာ ကြုံ​တွေ့​နေရပါတယ်

📢စက်ရုံဝန်ထမ်းများ အ​ရေးတကြီး လိုအပ်​နေ​သော​ကြောင့် ဝန်ထမ်း အနည်းဆုံး ( ၁၀ ) ​ယောက် ခန့်လိုအပ်ပါသဖြင့် စက်ရုံတွင် အလုပ်လုပ်ချင်သူ ​အမျိုးသား အသက် ၂၀ နှင့် ၃၅ ကြား မည်သူမဆို ​​အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ် အ​ကြောင်းကြား​ပေးပါ ။

📢ပရဟိတလုပ်အားပေး ကူညီပေးချင်သူများကိုလဲ ကြိုဆိုပါတယ်ခင်ဗျ🙏

မိမိလက်ကိုမကြာခဏဆေးပေးပါ 🧴

22/07/2021

Covid နမိုးနီးယားဝင်တဲ့လူနာဟာ အဆုတ်ပွပြီး
အဆုတ်ထဲမှာရေပြည့်လို့အသက်ရှူရခက်တာပါ...
အဆုတ်ပွစေမယ့် ဆော်ဒါ ပါတဲ့အစားအစာမစားရပါဘူး...
ချောင်းဆိုးမယ့်အရာတွေမသောက်ရပါဘူး
အအေးစာတွေမစားရပါဘူး
ကြက်ပြုပ်ရည် သံပုရာသီးညှစ်သောက် ပါ...အဆုတ်ထဲကရေကုန်ချင်ရင်ရေနွေးအိပ် ရင်ဘက်ကြောဘက် ညှပ်ကပ်ရပါမယ်
ရေနွေးအိပ်ကျောရင်ညှပ်ကပ်ပေးပါ...
ရေနွေးအိပ်မရှိရင်ရေသန့်ဘူးထဲရေနွေးထည့်ပြီးကပ်ပေးပါ...

20/07/2021
🚩ပြည်သူမှပြည်သူသို့ အဝါရောင်ကမ်ပိန်းအာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးစီမံခန့်ခွဲမှု အလွဲအမှားကြောင့်တိုင်းပြည်မှာ ကိုဗစ်...
20/07/2021

🚩ပြည်သူမှပြည်သူသို့ အဝါရောင်ကမ်ပိန်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးစီမံခန့်ခွဲမှု အလွဲအမှားကြောင့်တိုင်းပြည်မှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြီးရဲ့ တတိယလှိုင်းရိုက်ခတ်မှု ကို ပြင်းပြင်းထန်ထန်ခံစားနေရပါပြီ။ အားကိုးစရာကျန်းမာရေးစနစ် လောက်လောက် လားလား မရှိတာကြောင့် လူ့အသက်တွေလည်း တဖြုတ်ဖြုတ်ကြွေနေကြရပါပြီ။ အားကိုးစရာဆိုလို့ ပြည်သူအချင်းချင်းပဲရှိပါတော့တယ်။

ဒါကြောင့် ရောဂါကြောင့် အခက်ကြုံနေရသူတွေကို ပြည်သူအချင်းချင်း ကူညီမှုအစီအစဉ်ဖြစ်တဲ့ "ပြည်သူမှ ပြည်သူသို့" လှုပ်ရှားမှုကို ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

❗️ကိုဗစ်နိုင်တင်း ကြောင့် အစားအသောက်၊ဆေးဝါး၊အောက်ဆီဂျင် ရရှိမှု ခက်ခဲနေပြီဆိုရင် မိတ်ဆွေတို့အနေနဲ့ မိမိတို အိမ်ရှေ့မှာ အလံဝါ (သိုမဟုတ်) အဝါရောင်အင်္ကျီ(သိုမဟုတ်) အဝါရောင်အဝတ်အစ တခုခုကို မြင်သာအောင် ချိတ်ဆွဲလွှင့်တင်ထားလိုက်ကြပါ။

ဒီလိုလွှင့်တင်ထားတဲ့အိမ်ရှိတဲ့ လမ်း၊ ရပ်ကွက် ၊ မြို့နယ်က ပြည်သူတွေ အနေနဲ့လည်း မိမိတို့ ပတ်ဝန်းကျင်မှာ အလံဝါ (သိုမဟုတ်) အဝတ်အဝါရောင် လွှင့်ထူထားတဲ့ အိမ်တွေ မိသားစုတွေရှိရင် ပြည်သူမှာပြည်သူပဲရှိတာမို့ လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးကြဖို့၊ စေတနာ့ဝန်ထမ်းတွေ လူမူကူညီရေးပရဟိတအသင်းတွေကို တဆင့်ဆက်သွယ်ပေးကြဖို့ကိုလည်း အလေးအနက် မေတ္တာရပ်ခံပါတယ်။

◾️ အကူအညီလိုအပ်နေတဲ့ ပြည်သူများအနေနဲ့ အဝါရောင်သင်္ကတေ
ကို မိမိအိမ်ရှေ့မှာ လွှင့်ထူပါ။
◾️အဝါရောင်လွှင့်ထူထားတဲ့အိမ်ကိုတွေ့တာနဲ့ အနီးအနားပတ်ဝန်းကျင်မှ ပြည်သူများက အကူအညီပေးပါ။

ပြည်သူအချင်းချင်း ရိုင်းပင်းကူညီပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါ ကို
အတူကျော်လွှားကြပါစို့ ။





Credit

18/07/2021

ကိုဗစ်ဖြစ်နေရင်....ရေလုံးဝမချိုးရပါဘူးနော် သတိပြုကြပါ
# # # # # # # # # # # # # # # # # # # #

ဂရုစိုက်ကြပါ....

Covid ဖြစ်နေတုန်း မပျောက်မချင်း ဆရာဝန်က ရေမချိုးခိုင်းပါဖူးနော်။

မျက်နှာသစ်၊ ခြေလက်လောက်ကို ရေဖတ်တိုက်တာပဲ ခွင့်ပြုပါတယ်။

အထူးသဖြင့် အဆုတ်ရှိနေတဲ့ ရင်ဘတ်နဲ့ကျောကို ရေစိုမခံရပါဘူး။
(အဲကွန်းခန်းထဲနေခြင်းကိုလည်း တတ်နိုင်သမျှရှောင်ခိုင်းပါတယ်)။

မနက်အစော နေရောင်ခြည်ထဲ နေပူစာလှုံဖို့နဲ့ အဲ့အချိန် အသက်ရှုလေ့ကျင့်ခန်းလုပ်ခိုင်းပါတယ်။

နေမကောင်းဖူးဆိုပြီး အားရှိအောင် မိုင်လို၊ အိုဗာတင်း၊ ကွေကာအုတ်၊ ကော်ဖီသောက်တတ်ကြပါတယ်။ အမှန်က..အဲဒါတွေ..အားလုံး..မသောက်သင့်ပါဖူး။
ဘာဖြစ်လို့လည်းဆိုတော့......
ကိုဗစ်ဟာ အသက်ရှူလမ်းကြောင်းနဲ့အဆုတ်ထဲ ချွဲ၊သလိပ်ဖြစ်စေပြီး အသက်ရှူကျပ်စေတာမို့ အချို၊ အဆိမ့်တွေ ရှောင်သင့်ပါတယ်။

ဆန်ပြုတ်၊ ကြက်စွပ်၊ ကြက်ရိုးပြုတ်စွပ်၊ ဆိတ်စွပ်၊ ဆိတ်ရိုးပြုတ်စွပ်တွေကို ဂျင်းlကြက်သွန်ဖြူနိုင်နိုင်လေးနဲ့ စီမံထားတဲ့ ပူပူနွေးနွေးတွေပဲသောက်သင့်ပါတယ်။

ရေနွေးကတော့ မပြတ်တမ်း မမေ့မလျော့သောက်ပေးပါ။

**🙏ကိုဗစ်ကပ်ဘေးရှောင်ကွင်း ကျော်လွှားနိုင်ကြပါစေ🙏**
******************
Crd

17/07/2021

မနက်ဖြန်
ဇူလိုင်၁၈ရက်နေ့
ရန်ကုန် ဆင်မလိုက်သင်္ဘောကျင်းမှာ အောက်ဆီဂျင်အိုးကြီးများ
အခမဲ့ ဖြည့်ပေးမည်
မှတ်ပုံတင်တစ်စောင်ကိုအိုးတစ်လုံးရမည်
မနက် 8 နာရီ စမည်
36 Myanmar page တွင် တင်ထားသည့်
Video file မှ သတင်းကို
ပြန်လည်ဝေမျှပါသည်

17/07/2021

ရန်ကုန်၊ ဆင်မလိုက် သင်္ဘောကျင်းမှာ နေ့လည် ၁၁နာရီက စပြီး အောက်ဆီဂျင် ဖြည့်ပေးမယ်လို့ သိရပါတယ်။
အောက်ဆီဂျင် ဖြည့်မဲ့သူများ မှတ်ပုံတင် ယူလာရမယ်လို့ ပြောပါတယ်။
ဖြည့်မဲ့သူများ အခုကတည်းက တန်းစီးနေကြပါပြီး။

17/07/2021

ဒီပို့စ်လေးတော့များများshareပေးကြပါဦး

မိတ္ထီလာ ၊ မန္တလေး ၊ စစ်ကိုင်း ၊ ပဲခူး ၊ ရန်ကုန်။
📌မိတ်ထီလာ
📍ငြိမ်းရွှေပရဟိတအောက်ဆီဂျင်အကျိုးတော်ဆောင်အသင်းကျီတော်ကုန်း၊ရပ်ကွက်၊ ကန်ဦးနယ်မြေ(၃)၊ရွှေနှင်းဆီလမ်း။
(အိုးအသေးပဲဖြည့်ပေးပါတယ်။ မနက် 6 ရုံးဖွင့်တာနဲ့ဖြည့်ပေးပါတယ်) (ည ၇ ရုံးပိတ်ပါတယ်)
09797892676
📌မန္တလေး
📍မနောကြာဖြူပရဟိတအသင်း
၅၃လမ်း/မြရည်နန္ဒာရပ်ကွက်/ချမ်းမြသာစည်မြို့နယ်။ (ညနေ ၆ ခွဲတိုင်းရပါမယ်)
📍Mandalay ပြည်ကြီးတံခွန်မြို့နယ် 135-136ကြား
64B စက်မှု့ ဦးကျော်လှနှင့်သားများ
(Refill only မနက် 7 ပြန်ဆက်ပေးရန်)
09693111646
09794044133
📍ဗားကရာကျောင်းတိုက် ၊
အမရပူရမြို့နယ်
(အိုးသေးသီးသန့် ဖြည့်ပေးပါတယ် refill only။)
09440119119
📌စစ်ကိုင်း
📍မင်းကင်းမြို့နယ် အဖြူရောင်မိုးစက်လေးများအောက်ဆီဂျင် အလှူတော်အဖွဲ့
(အိုးအသေးပဲ ဖြည့်ပေးပါတယ် Refill only)
(နေ့ခင်း 1 မှစရပါမယ်)
09260460775
09-752348362
📌ပဲခူး(ပြည်)
📍NK O2(အငှား)
ပြည် ၊ လမ်းရှေ့လမ်း ၊ NKS
(မနက် 6နာရီ refill onlyပါ)
(တစ်ယောက်ကို အိုးပေါ်မူတည်ပြီး အသေးဆို ၃/၄လုံး အကြီးဆို ၁/၂ လုံးဖြည့်ပေးပါမယ်။)
09796996762
📌ရန်ကုန်
📍ဘုရင့်နောင် ဓမ္မာရုံ
(မနက် 9နာရီမှာ စဖြည့်ပေးပါတယ် ၊ တစ်ယောက်ကို 10L ဖြည့်ပေးပါတယ် Refill only ပါ။)
09253099860
📍ရွှေပြည်ညွန့်စက်ရုံ
တောင်ဥက္ကလာ စက်မှုဇုန် (၈)ရပ်ကွက် (၆)လမ်း
အမှတ်(၅)က
နေ့တိုင်း ရပါတယ်...စောင့်နိုင်ဖို့ပဲလိုပါတယ်။
098550383
📍မိတ်ဆက်
095008390
09250345546
အမှတ်(၁၅၅/၁၅၆)စက်မှုဇုံ(၃)တိုးချဲ့
နှင်းဆီလမ်းတောင်ဒဂုံ
တန်းစီရပါတယ်
နေ့တိုင်းဖြည့်ပေး


HYB page မှဖုန်းဆက်မေးမြန်းပြီးတင်ပေးထားတာပါ။
မနက်ဖြန်အတွက်ဖုန်းလေးတွေတစ်ချက်ဆက်ပြီးမှသွားကြပါခင်မျာ။ အဆင်ပြေကြပါစေ။

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၇.၇.၂၀၂၁)ရှာလို့လွယ်အောင်   လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။ရန်ကုန...
17/07/2021

ယနေ့အတွက် အောက်ဆီဂျင်ရယူနိုင်သော နေရာများ (၁၇.၇.၂၀၂၁)

ရှာလို့လွယ်အောင် လို့ hashtag နဲ့ share ပေးစေချင်ပါတယ်ရှင်။

ရန်ကုန်

အောက်ပုဇွန်တောင် (၉နာရီစပေး)

https://www.facebook.com/726232077571813/posts/1591665241028488/?d=n

ဧရာစံ
09252252832
အမှတ် ၄၄၂၊ စက်မှုဇုန် ၁ လမ်းမကြီးနှင့် ရန်ကုန်လမ်းထောင့်၊ တောင်ဒဂုံမြို့နယ်။
အိုးအသေး ဖြည့်လို့ရပါမယ်
တန်းစီရပါမယ်

MAS
1/B မင်းဓမ္မလမ်း အင်းစိန်
မင်းဓမ္မလမ်း ကျောက်တော်ကြီးဘုရားအနီး
013644856, 09765519946
မနက်၉နာရီမှည၉နာရီအထိ
တိုကင်ကြိုယူရ (စောစောသွားမှ တစ်ရက်အတွင်းရနိုင်)

ဒေါပုံ နွယ်အေး

https://www.facebook.com/100004627451984/posts/1984550011709228/?d=n

ဘုရင့်နောင် ဓမ္မာရုံ

ဘုရင့်နောင်ဈေးကိုဆင်းတဲ့တံတားအောက်ဓမ္မာရုံမှတ်တိုင်။
09253099860
မနက် 9နာရီစဖြည့် (အိုးသေး)

ရန်ကုန် Volunteer ( ကိုယ်တိုင်သွားရောက်မဖြည့်နိုင်သူများအတွက်)

https://www.facebook.com/groups/covid19oxygen/permalink/340122484431720/

မြို့နယ်အလိုက် ဈေးဝယ်ပေးမဲ့ Volunteer များ
https://www.facebook.com/106670268358107/posts/109848608040273/?d=n

မန္တလေး

ရွှေမဟာနွယ်လူမှုကယ်ဆယ်ရေးအဖွဲ့ 117 လမ်း - 53 လမ်းနှင့် 54 လမ်းကြား
09771177622, 09269133559
(၈နာရီလောက်ကနေရှိသလောက်ထိရ)

မနောကြာဖြူပရဟိတအသင်း
၅၃လမ်း, မြရည်နန္ဒာရပ်ကွက်, မြသာစည်မြို့နယ်။ ညနေပိုင်းတွေ ရမယ်ပြောပါတယ်။နေ့တိုင်းနီးပါးရ

ပဲခူး

ပြည် (အိုးအသေးရ)
NKS O2 အငှား
09796996762 (ဖုန်းဆက်ထား)

ပြည်
အောင်လုပ်ငန်းစု
095310228 (ဖုန်းဆက်ထား)
အိုးအသေး

ပြည်
ပရဟိတပါရမီလူမှုကူကယ်ဆယ်ရေးအသင်း
09453200007
အိုးအလွတ်ယူသွားပြီးမှ တစ်ဆင့်သွားဖြည့်ပေးမှာပါ။ (အဓိက ကိုယ်တိုင်အိမ်မှာလူလုံးဝမရှိလို့ ဖြည့်ချင်တဲ့သူတွေသာ သွားပါ။ဖုန်းဆက်ပြီး)

ဖုန်းဆက်ရတာခက်တယ် သို့သော် အမြဲ ဖြည့်ပေးနေကြနေရာများ

ပြောရမယ်ဆို ဖုန်းဆက်လို့ကြာတာနဲ့တင် လူနာကို ထိခိုက်နိုင်ပါတယ်။ တစ်ဖက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်နိုင်ကြတော့ ခု Website ထဲမှာပါတဲ့ နေရာတွေက နေ့တိုင်းပေးနေတဲ့ နေရာတွေဖြစ်တာမို့ အိုးအလွတ်နဲ့ မြန်မြန်သာသွားကြည့်ပြီး တန်းစီစေချင်ပါတယ်။ ဒါမဲ့မသွားခင် မြေပြင် အခြေအနေကို FB update တွေတော့ ကြည့်သွားပေးနော်။

https://oxygen.neptunemm.com/

Admin တို့ တွေ့သလောက် လက်လှမ်းမှီသလောက်လေးကို တဆင့် ပြန်မျှဝေပေးတာမို့လို့ အဆင်မပြေတာတွေရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။
နောက်ထပ် ထပ်တိုးစာရင်းတွေလည်း တွေ့ရင် တွေ့သလို Edit ပြီး ထည့်ပေးပါမယ်ရှင့်။ တိုင်းနဲ့ ပြည်နယ် ကနေရာအသစ်တွေ ထပ်တိုးတွေ့ရင်လည်း comment မှာ လာမန့်ပေးကြပါနော်။ ဖုန်းဆက် confirm ပေးထားသော်လည်း အချိန် နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်ရှင့်။

Stay Strong ❣️

16/07/2021
16/07/2021

ဓာတ်ဆား အလွယ်တကူဝယ်မရလျင်
ရေသန့် 1 ltr တွင် သကြား ဇွန်း၆ဇွန်းနှင့် ဆား ဇွန်းတဝက် ဖျော်လိုက်ရင် ဓာတ်ဆားရပါတယ်
Zunmoeoo

16/07/2021

16/07/2021

🚨🚨🚨 အောက်ဆီဂျင် ရပါမည် 🚨🚨🚨

မန္တလေးမြို့နေမိဘပြည်သူများအတွက် 16/07/2021 တွင် အမရပူရမြို့နယ် ဗားကရာ ကျောင်းတိုက်၌ အောက်ဆီဂျင်များ မျှဝေ လှူဒါန်းပေးသွားပါမည်။

​အာဟာရဒါနအဖြစ် ကြက်ပေါင်းများလဲ ဝေမျှပေးသွားပါမည်

လိုအပ်သူ ကူနိုင်ဖို့ အမြဲကြိုးစားပေးနေပါတယ်

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ ​- မန္တလေးတိုင်းဒေသကြီး ကော်မတီ

09 767 119 119
09 440 119 119

16/07/2021
ရန်ကုန်က အရေးကြီးလိုနေတဲ့သူတွေ အတွက်ပါ။‼️40L အိုး ၃၀၀ ထိ ရောင်းဖို့ရှိပါမယ်တဲ့‼️( မနက်အစောကြီးတော့သွားရတယ် တန်းစီစနစ်နဲ့...
15/07/2021

ရန်ကုန်က အရေးကြီးလိုနေတဲ့သူတွေ အတွက်ပါ။
‼️40L အိုး ၃၀၀ ထိ ရောင်းဖို့ရှိပါမယ်တဲ့‼️
( မနက်အစောကြီးတော့သွားရတယ် တန်းစီစနစ်နဲ့
၃၀၀ထိရောင်းပေးမယ်ဆိုပြီး အဲ့စက်ရုံကပြောပါတယ် )
အိုးကတော့ 40L အိုးတွေပဲရှိလိမ့်မယ် ၃သိန်းပတ်ချာလည်ဘဲလို့ကြားပါတယ်။


15/07/2021

Ko Hein
09964970788
Oxygen 40 L အိုးအလွတ် ၁၀လုံးလောက်ရမယ်တဲ့
ရန်ကုန်


အောက်ဆီဂျင်အိုး(Oxygen)ဆိုဒ်စုံ40Liter. 15.Liter. 10.Liter အိုးများလိုသလောက်ရရှိနိုင်သည်ဆိုင်(1) ဗိုလ်တထောင်စျေးလမ်းနှင်...
15/07/2021

အောက်ဆီဂျင်အိုး(Oxygen)ဆိုဒ်စုံ40Liter. 15.Liter. 10.Liter အိုးများလိုသလောက်ရရှိနိုင်သည်
ဆိုင်(1) ဗိုလ်တထောင်စျေးလမ်းနှင့်အနော်ရထာလမ်းထောင့် ရန်ကုန်ပုဇွန်တောင်မြိုနယ်
018397255.095048718.09974196962

ဆိုင်(2)17/18 ယမုံနာလမ်းမကြီးမာန်ပြေအနီးဇေယျာသိရိရပ်ကွက်ရုံးရှေ့သကေတ
0973043096.09421115487

https://m.facebook.com/story.php?story_fbid=1454127438303311&id=269642433418490
14/07/2021

https://m.facebook.com/story.php?story_fbid=1454127438303311&id=269642433418490

ဒီList ကတော့ အိမ်တိုင်ရာရောက် လာကြည့်ပေးမယ့် ဆေးခန်းListပါ ။
ဒီListကို ရှာဖွေ ပြုစုပေးထားတဲ့ အမကို ကျေးဇူးအထူးတင်ပါတယ် ။

(🔹Kaung Pyae Sone Advanced Laboratory and Specialist Clinic

🔹RIGHT Laboratory & Healthscreen တွေက home visit ရပါတယ်တဲ့

Covid patient အတွက်အိမ်ကို သွေးလာဖောက်ပေးဖို့ဆို
🔹Dr.Htein Laboratory and Medical Check Up Services က ရပါတယ်နော်

Home visit fees မြောက်ဥက္ကလာတွင်းဆို ၅၀၀၀ တခြားမြို့နယ်ဆို ၁၀၀၀၀ ပါတဲ့ )
Crd - trusted source

ထပ်ရှာတွေ့ထားတာ-

🔹 Hantha Pharmacy ( Nasal prongs oxygen,Reservoir bag တွေလည်းလှူပေးနေပါတယ်)
https://www.facebook.com/hanthapharma/

🔹 Doctors on Wheel
https://www.facebook.com/doctorsonwheelsmobilehealthcareservices/

🔹Covi-Care
https://www.facebook.com/Covi-Care-108916631458865/

🔹ဒေါက်တာသွေး
https://www.facebook.com/ygnhealthcareservice/

🔹Housecall Doctors Network
https://www.facebook.com/HDNHealthcare/

🔹Hearts& Hands Myanmar
https://www.facebook.com/Hearts-Hands-Myanmar-HHM-107216991540388/

🟡 Chest Xray/ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးရန်

ဆေးရုံတက်ခွင့်မရတဲ့/​ဆေးရုံလူပြည့်လို့​စာရင်း​ပေးစောင့်စား​နေတဲ့ကိုဗစ်​လူနာများအတွက် အ​ရေး​ပေါ် ရင်ဘတ်ဓါတ်မှန် ရိုက်ဘို့လိုလျင် BPG Healthcare 09420909072သို့ အကူညီ​တောင်းခံနိုင်ပါသည် ။



08/06/2021

Ice Ice memories❤

ပြန်မရနိုင်တော့တဲ့ အတိတ်တွေအတွက် ဒီvideoလေးနဲ့ပြန်ကြည်နူးကြရအောင်ဗျာ😞😞

်ခုစီတိုင်းကိုcreditပေးပါတယ်

31/01/2021

တရုတ်ကြီး (ခေါ် ) ACE collections😂

အရင်တုန်းကACEဆိုတာ တွေ့ရဖို့ အခုလောက်ထိမလွယ်ကူခဲ့ပါဘူး Fan matchesတွေမှာ ရှုံးတဲ့အသင်း ပုံရိုက်တင်ကြေးဆို ACEတို့က အသေကျုံးတာ😂😂 ACEရဲ့ counterဟာ cameraပါပဲလို့တောင်ပြောရတဲ့အထိ အရှက်ကြီးခဲ့တာ ACEပါပဲ😍😍

29/01/2021

ငါ့ညီမလေးတို့၊ငါ့အမကြီးတို့နဲ့ DD ရဲ့ကြားထဲမှာ ICEတံတိုင်းကြီးခြားသွားခဲ့ပြီ😟😟

Address


Website

Alerts

Be the first to know and let us send you an email when I need a cup of coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share