Wai Yan - 김하늘 - Kim Ha Neul

  • Home
  • Wai Yan - 김하늘 - Kim Ha Neul

Wai Yan - 김하늘 - Kim Ha Neul Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Yan - 김하늘 - Kim Ha Neul, News & Media Website, .

“ကျွန်မရဲ့ ပြိုင်ဘက်က idol တွေမဟုတ်ပါဘူး”        Jeon Soyeon cosmopolitan interview (2023)Q : အခုခေတ်က 4th gen girl grou...
26/06/2023

“ကျွန်မရဲ့ ပြိုင်ဘက်က idol တွေမဟုတ်ပါဘူး”
Jeon Soyeon cosmopolitan interview (2023)

Q : အခုခေတ်က 4th gen girl group တွေရဲ့ ခေတ်လို့တောင် ပြောလို့ ရတယ်။ ဒီထဲမှာ ဂျောင်ဆိုယွန်းအတွက် စိတ်ရှုပ်စေတဲ့ အဖွဲ့ (ကြောက်စေတဲ့ အ‌ဖွဲ့) များရှိလား?

A : တကယ်ကို ကောင်းတဲ့ ကာလတစ်ခုပေါ့။ ကျွန်မက မတူညီတဲ့ သီချင်းတွေ၊ မတူညီတဲ့ concept တွေ၊ မတူညီတဲ့ စတိုင်တွေနဲ့ အမျိုးမျိုးသော အဖွဲ့တိုင်းကို လေးစားပြီး သဘောကျပါတယ်။ ဒါပေမယ့် သူတို့က ကျွန်မရဲ့ rival တွေမဟုတ်ပါဘူး။ NewJeans ရဲ့ producer Min Hee Jin , IVE ရဲ့ producer SEO Hyun Joo, Le Sserafim ရဲ့ creative director Kim Sung Hyun အဲ့ဒီ ပုပ္ဂိုလ်တွေကိုပဲ ကြောက်တာပါ။ သူတို့တွေ နောက်ထပ် ဘယ်လို idea တွေနဲ့ လာမလဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။

• Jeon Soyeon ဟာ (G)I-DLE ရဲ့ album production က အစ full creative control တစ်ခုလုံးကို တာဝန်ယူထားသူတစ်ဦးလည်းဖြစ်ပါတယ်။
(I FEEL era က သက်သေပြသွားတာပါ)

• JSY က (G)I-DLE အပြင် CUBE ရဲ့ production team ကိုပါ ခေါင်းဆောင်နေတဲ့ အမျိုးသမီးပါ။

Jeon Soyeon is THAT GIRL 💅✨

25/06/2023

😍 အမေ့ကို ပြန်မအော်ပါနဲ့ 😔😔😔😍 သုံးလတိတိ ထမင်းစားပြီးတိုင်း😍  အန်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦😍ဗိုက်ထဲက ရင်သွေးလေးကြောင်...
25/06/2023

😍 အမေ့ကို ပြန်မအော်ပါနဲ့ 😔😔😔

😍 သုံးလတိတိ ထမင်းစားပြီးတိုင်း

😍 အန်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍ဗိုက်ထဲက ရင်သွေးလေးကြောင့် မအိပ်ခဲ့ရတဲ့ ညတွေ 👩‍👦

😍ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားရပဲ ရှစ်လတိုင်တိုင်
အငတ်ခံနေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့ ၅ လတိုင် မအိပ်နိူင်ခဲ့တဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ၈ လတိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 နာဖျားမှု မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရင်း ချဉ် ငံ စပ် ခါး ရှောင်ရှားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင် ကိုက်ခဲတဲ့ဝေဒနာတွေ ခံစားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ဗိုက်ခွဲထားတဲ့ နာကျင်မှုကို မေ့ဖျောက် အနှီးတွေ လျှော်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ကိုယ့်နိူ့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လကြာအောင် အောင့်အီးသည်းခံရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၄နှစ်တိုင် သုတ်သင်ပေးရမယ့် ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ညညဆိုရင် နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံး အိပ်ရေးပျက်ခံပြီး ထရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩‍👦

😍 ဒုက္ခဆင်းရဲ စိတ်ပင်ပန်းမှုများစွာနဲ့ လောကဓံကို ကြံ့ကြံ့ခံ ကိုယ့်ရင်သွေးလေးအတွက် ပေးဆပ်အနစ်နာခံတာ အမေ 👩‍👦

😍ကိုယ့်ရင်သွေးလေး လူဖြစ်စအရွယ်မှ စပြီး လူလားမြောက်သည်အထိ ၁၅နှစ်လား အနှစ် ၂၀လား 👩‍👦

😍 သေဆုံးမသွားခင်အချိန်ထိ သားသမီးတွေအတွက် ပေးဆပ်နေတာ အမေ 👩‍👦

😍 ဒုက္ခဆင်းရဲတွေနဲ့ သားသမီးတွေ ရှေ့က မားမားမတ်မတ်ရပ်တည်လို့ ဘုရားနဲ့ တကိုင်းတည်းထားပြီး အမြဲကန်တော့ခံရတာ အမေ 👩‍👦

😘အမေ နေရာရောက်တဲ့ မိခင်များအားလုံးကို ရိုသေလေးစားလျှက်ပါ 🙏❤🙏

ကလေးတွေကို ထူးချွန်အောင် ဟော သည်လို ပြုစု ပျိုးထောင်ပါ . . . ( ဆုတင် မှတ်စု )++++++++++++++၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က...
25/06/2023

ကလေးတွေကို ထူးချွန်အောင်
ဟော သည်လို ပြုစု ပျိုးထောင်ပါ . . .
( ဆုတင် မှတ်စု )
++++++++++++++

၁။ နေ့တိုင်း
အနည်းဆုံး နာရီ၀က်ခန့်
သင့်ကလေးနဲ့ အတူ
သူတို့စိတ်၀င်စားတဲ့
အကြောင်းအရာ တစ်ခုခုကို
ဆွေးနွေး တိုင်ပင်ပါ။

၂။ ကလေးကို ငယ်စဉ်ကစပြီး
သန့်ရှင်းရေး ကို နှစ်သက်ပါစေ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
ဂရုပြု နိုင်ပါစေ။

၃။ စိတ်ရှည်ရှည်ထားပြီး
ကလေး၏ စိတ်တွင်းစကားကို
နားထောင်ပေးပါ။
ထောက်ခံအားပေးသည့်
ပုံစံမျိုးဖြင့်
နားထောင်ပေးပါ။

၄။ ကလေးကို
သတိပေးတယ်ဆိုပြီး
အနာဟောင်းကို တုတ်ဖြင့်
ခဏခဏ မဆွပါနှင့်၊
သတိပေးစကား
ခဏခဏ ပြောမိလျင်၊
ကိုယ်ပြောချင်တာပြော၊
သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

၅။ ကလေး၏ အပြစ်ကိုတွေ့လျင်
လေးလေးနက်နက် ပြောပြပေးပါ။
ဆွေးနွေးပေးပါ။
အပြစ် မှ တစ်ဆင့်
ဖြစ်ပေါ်တတ်သော
နောက်ဆက်တွဲ အကျိုးများကို
ကလေးနားလည်အောင်
ပြောပြပေးပါ။

၆။ မိမိ အကောင်အထည်
မဖေါ်နိုင်ခဲ့သော
မိမိ၏ ရည်ရွယ်ချက်များကို
ကလေးထံမလွှဲပြောင်းပါနှင့်၊
ကိုယ်က ဆရာ၀န်မဖြစ်ခဲ့လို့၊
စစ်ဗိုလ်မဖြစ်ခဲ့လို့၊ စသည်ဖြင့်
ကလေးကို
အကောင်အထည်
ဖေါ်ခိုင်းတာမျိုး
လုံးဝရှောင်ကျဉ်ပါ။

ရ။ ကလေးကို
အဖိုးအဖြားအနားမွာ
နှစ်ချီထားတာမျိုး
မပြုလုပ်ပါနှင့်၊
မြေး မှာအနှစ်၊
အနှစ်လွန်လျင် မကောင်းပါ။

၈။ ကလေးကို စိတ်ရှည်ရှည်ဖြင့်
ပုံပြင်စာအုပ် ဖတ်ပြပါ။
ပြန်ပြောပြခိုင်းပါ။
သူ့ အယူအဆလေးတွေကို
မေးကြည့်ပါ။
ထောက်ခံပေးပါ။

၉။ ကလေး၏ အပြုအမူ၊
အပြောအဆို၊ တိုးတက်မူ
စသည်တို့ကို သုံးသပ်ပြီး
နေ့စဉ် ကလေးအတွက်
တိုးတက်နိုင်စရာ
နည်းလမ်းတစ်ခုခု၊
အားပေးနိုင်စရာ
နည်းလမ်းတစ်ခုခု
စဉ်းစားပေးပါ။
အချိန်ကြာလာသည်နှင့်အမျှ
အလွန်ထိရောက်သည်ကို
တွေ့ရှိလာပါလိမ့်မည်။

၁၀။ ကလေးကို
စိတ်ရင်းကောင်း ရှိအောင်
ငယ်စဉ်ကတဲက မွေးမြူပါ။
အကောင်းဆုံးနည်းလမ်းမှာ
ကလေးရှေ့မှာ
မည်သူတစ်ဦးတစ်ယောက်၏
မကောင်းကြောင်းကို
မပြောမိပါစေနှင့်၊

၁၁။ ကလေးကို
ပြုံးတတ်အောင်
သင်ထားပေးပါ။
အလွယ်ကူဆုံး နည်းလမ်းမှာ
ကိုယ်အရင် ပြုံးပါ။

၁၂။ ကလေးကို
လွယ်လွယ် နှင့်
ကတိမပေးပါနှင့်၊
ပေးမိလျင်လည်း
အကောင်အထည်
ရအောင်ဖေါ်ပေးပါ။

၁၃။ ကိုယ့်ကလေး က
ဘယ်ကလေးထက် ညံ့တယ်၊
အားနည်းတယ် စသည်ဖြင့်
မည်သည့်အခါမှ မပြောမိပါစေနှင့်.၊

၁၄။ ကလေးပြီးမြောက်ထားသော
အလုပ်ထဲတွင် ချီးကျူးနိုင်စရာကို
ရအောင်ရှာဖွေပြီး ချီးကျူးပေးပါ။

၁၅။ ကလေးကို မည်သည့်အခါမှ
မချိန်းချောက်ပါနှင့်၊

၁၆။ လူရှေ့သူရှေ့ မှာ
မည်သည့်အခါမှ
မိမိကလေးကို ဝေဖန်ခြင်း၊
ဆဲဆိုခြင်း မပြုလုပ်ပါနှင့်။
ကလေး အနေဖြင့်
မိမ်ိကိုယ်မိမိ ယုံကြည်မူ
ထိခိုက်တတ်ပါသည်။

လက်ဦးဆရာ မိဘ များ
သတိရှိနိုင်ကြပါစေခင်ဗျား . . ။

Ref: Wechat / True Man.

Credit

🌹사랑하는 우리 어머니🌹생신축하드립니다.🎂🎊🎉🌹건강하세요.🌹그리고 예쁜 미소와 같이 저희들한테 빨리 빨리 돌아오시길 바랍니다.🙏🙏🙏🌹 저희가 어머니의 미소와 목소리를 너무 너무 보고싶습니다😢🌹사랑해요 , 보고싶어요 ...
19/06/2023

🌹사랑하는 우리 어머니
🌹생신축하드립니다.🎂🎊🎉
🌹건강하세요.
🌹그리고 예쁜 미소와 같이 저희들한테 빨리 빨리 돌아오시길 바랍니다.🙏🙏🙏
🌹 저희가 어머니의 미소와 목소리를 너무 너무 보고싶습니다😢
🌹사랑해요 , 보고싶어요 😢

BTS ရဲ့ “Take Two” ဟာ  United Kingdom Official Singles Chart မှာ ပွဲဦးထွက်ခဲ့ပါပြီ။📊 ဇွန်လ 16 ရက်နေ့ မှာ  Official Chart...
17/06/2023

BTS ရဲ့ “Take Two” ဟာ United Kingdom Official Singles Chart မှာ ပွဲဦးထွက်ခဲ့ပါပြီ။

📊 ဇွန်လ 16 ရက်နေ့ မှာ Official Charts တွေက BTS ရဲ့ 10th anniversary single “Take Two” ဟာ Official Singles Chart မှာ No. 59 နေရာကနေ debut ကြောင်းဖော်ပြခဲ့ပါတယ်။

🏆 “Take Two” ဟာ 2023 မှာ ထွက်ရှိခဲ့တဲ့ K-pop group songs ထဲက highest debut သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

📊 “Take Two” ဟာ ဒီတစ်ပတ်ရဲ့ Official Singles Downloads Chart မှာ No. 2 နှင့် Official Singles Sales chart မှာ No. 4 အသီးသီး debut ခဲ့ပါတယ်။

📈 ပြီးခဲ့တဲ့အပတ်က Spotify’s Global Top Songs chart မှာလည်း
No. 1 နေရာကနေ debut ခဲ့ပါတယ်။

Congratulations to BTS!

တောင်ကြီးဆောင်းဟာ တောင်ကြီးဆောင်းနဲ့တူအောင် သိသိသာသာ အေးလာတဲ့ ရက်ပိုင်းကျမှမြို့ကလူတွေရဲ့ ရင်ထဲက အပူတွေကအအေးထပ် ပိုပူနေခ...
15/06/2023

တောင်ကြီးဆောင်းဟာ တောင်ကြီးဆောင်းနဲ့တူအောင် သိသိသာသာ အေးလာတဲ့ ရက်ပိုင်းကျမှ
မြို့ကလူတွေရဲ့ ရင်ထဲက အပူတွေက
အအေးထပ် ပိုပူနေခဲ့ရ

တောင့်ထားတောင်ကြီး
ကပ်ကြီးအပြီး
တမြို့လုံး အနှံ့ ပဒေသာပင်ထမ်းပီး
လမ်းလျှောက်မယ့် ခြေထောက်တွေ အတွက်
တောင်ကြီးရေ တောင့်ထား

တောင့်ထားတောင်ကြီး
ကပ်ကြီးအပြီး
ရွှေဘုန်းပွင့်မှာ ချယ်ရီတွေ လန်းရဦးမှာမို့
ချယ်ရီပင်တွေ တောင့်ထား

ပြုပြင်လက်စနာရီစင်ကြီး Maskတပ်ထားဦး
စျေးသူစျေးသားတွေ မေတ္တာနဲ့လွမ်းထားတာကြောင့်
မြို့မစျေးကြီးအတွက် သိပ်မပူဘူး

Maskတစ်ဖက်ကို အောက်မြေပုံမှာချိတ်
နောက်တစ်ဖက်ကို တောင်ချွန်းထိပ်ချိတ်ပြီး
ကာကွယ်ချင်တယ်

အိုးစည်ဗုံမောင်းသံတွေ တမြို့လုံး ပြန်ကြားရမယ့်နေ့
ကျန်းမာရေး ရှောင်ရန် ဆောင်ရန်တွေ မြို့ထဲလိုက်အော်တာ တိတ်မယ့်နေ့

တောင်တက်တောင်ဆင်းတစ်လျှောက်
ဆိုင်ကယ်ကိုယ်စီနဲ့ လှိမ့်ဝင်လာမယ့်
အခြေခံလူတန်းစားအတွက်

မြို့ကို အလည်လာမယ့်ဧည့်သည်တွေကို
ဖက်လဲတကင်း ကြိုဆိုဖို့အတွက်
တောင်ကြီးရေ တောင့်ထားပေး

(ဆန်းကျော်စွာဝင်း ကဗျာကို မှီငြမ်းရေးသားပါသည်)
Credit

အိမ်ရှင်မတွေ အတွက် အသီးဝယ်တဲ့အခါ အရွေးမှားမဖြစ်ရလေအောင် သိထားသင့်တာလေးတွေphotocrd
12/06/2023

အိမ်ရှင်မတွေ အတွက် အသီးဝယ်တဲ့အခါ
အရွေးမှားမဖြစ်ရလေအောင် သိထားသင့်တာလေးတွေ

photocrd

11/06/2023

"အနာဂါတ်ရဲ့ ရင်သွေးငယ်လေးတွေ"အတွက် လူကြီးတွေမှာတာဝန်ရှိပါတယ်။

ကလေးကိုချစ်ရင်.. ဖုန်းပေးမသုံးကြပါနဲ့။ တီဗွီကြည့်တာတောင် ကြာရင်မျက်စိထိပါတယ်။


အိုင်ဖုန်းထုတ်လုပ်တဲ့ သန်းကြွယ်သူဌေးကြီးကတောင်သူ့ကလေးတွေကို အသက်(၁၂)နှစ်မပြည့်
ခင် ဖုန်းပေးမသုံးပါဘူးတဲ့။

လူဆိုတာ ခေတ်​၏သားကောင်ပါ။ ခေတ်မီတိုင်းမကောင်းပါ။ ခေတ်ရှေ့ပြေးတိုင်းမကောင်းပါ။မကောင်းဘူးဆိုတာက ကျန်းမာရေးအတွက်ပြောတာပါ။

ကံ၊စိတ်၊ဥတု၊အာဟာရ- မျှတမှ သက်ရှည်၊ကျန်းမာ စိတ်ချမ်းသာမှာပါ။

credit @ kyi Lwin Myint - Mudra'

ခြံခုန်မှာကြောက်တဲ့စိတ်နဲ့🌹စာချုပ်မှာလက်မှတ်ထိုးပြီးအပိုင်ချည်ဖို့ကြိုးစားလိုက်မယ်ပေါ့မျက်ရည်သုတ်ဖို့ဒူးနှစ်လုံးသာထောင်ထ...
11/06/2023

ခြံခုန်မှာကြောက်တဲ့စိတ်နဲ့🌹
စာချုပ်မှာလက်မှတ်ထိုးပြီး
အပိုင်ချည်ဖို့ကြိုးစားလိုက်မယ်ပေါ့

မျက်ရည်သုတ်ဖို့
ဒူးနှစ်လုံးသာထောင်ထားတော့
ဗီဇမကောင်းရင် ချည်တိုင်းလည်းမမြဲဘူး

ဆိုက်ကားသမားကဆိုက်ကားပဲနင်းမယ်
နှာသမားကနှာပဲထတယ်
ခြံခုန်တတ်တဲ့နွား၊ ကြိုးရုန်းတတ်တဲ့နွားက
ခုန်မြဲ ရုန်းမြဲပါပဲ

ကိုယ့်လက်ထဲမှာ ငြိမ်ကျသွားမယ်ထင်တာမျိုးက
ထီထိုးတာထက်ဆိုးပါတယ်
ရာခိုင်နှုန်းသိပ်နည်းတယ်
ဒီလိုကိစ္စမျိုးမှာ သူရဲကောင်းစိတ်မွေးပြီး
ကံကြမ္မာနဲ့စစ်ခင်းတာ သိပ်အန္တာရယ်များတယ်

ရည်းစားထားတာ လှည်စီးရတာနဲ့တူတယ်
အိမ်ထောင်ပြုတာ လေယဉ်စီးတာနဲ့တူတယ်တဲ့
လှည်းစီးတဲ့အခါ ဆက်မစီးချင်တော့ရင်
လမ်းခုလတ်မှာဆင်းလို့ရတယ်
ရည်းစားဘဝမှာ အကြောင်းမတိုက်ဆိုင်ရင်
လမ်းခွဲလို့ရသေးတယ်ဆိုတဲ့သဘောပါပဲ

လေယာဉ်ကလမ်းခုလတ်မှာ ခုန်ဆင်းလို့မရဘူး
ခရီးအဆုံးထိလိုက်ယုံပဲရှိတယ်
အိမ်ထောင်ပြုပြီးရင်လည်း
ကိုယ့်အိမ်ထောင်ဘက်မကောင်းလို့
ပြတ်ဆဲဖို့မလွယ်ပါဘူး

ထူထောင်ပြီးသားအိမ်ထောင်တစ်ခု
မပြိုကွဲချင်လို့ သားမျက်နှာသမီးမျက်နှာကြည့်ပြီး
ကြိတ်မှိတ်ပေါင်းနေရတဲ့
အိမ်ထောင်သည်တွေအများကြီးပါပဲ

စိတ်ဆင်းရဲစရာကို အရယူသလိုဖြစ်တတ်ပါတယ်
မကောင်းကွဲမှာပေါ့ဆိုရင်တော့
သဘောရှိတာဆောင်ရွက်ကြပါ

တစ်ချို့ဗီဇတွေက ဇီဝကကုပေးတောင်မရပါဘူး
သူရဲကောင်းလုပ်ချင်စိတ်လေး
ဆင်ခြင်ထားနိုင်ရင် အကောင်ဆုံးမို့ပါ ။

🌸🌸🌸🌸🌸
Credit
ဂျူး

သူများမ​ကောင်း​ကြောင်း​တွေ၊သူများအားနည်းချက်​တွေကိုမှပြောရတာ အရမ်းကြိုက်ကြတဲ့သူ​တွေ သိ​စေဖို့ 🙂
09/06/2023

သူများမ​ကောင်း​ကြောင်း​တွေ၊သူများအားနည်းချက်​တွေကိုမှပြောရတာ အရမ်းကြိုက်ကြတဲ့သူ​တွေ သိ​စေဖို့ 🙂

"ပုဆိန်"က မမှတ်မိပေမယ့်...သစ်ပင်ကတော့မမေ့ဘူး"တစ်ခါတစ်ခါ လောကကြီးက အတော်စိတ်နာဖို့တော့ ကောင်းသား။လောကကြီးမှာ ပုဆိန်လိုလူတ...
09/06/2023

"ပုဆိန်"က မမှတ်မိပေမယ့်...သစ်ပင်ကတော့မမေ့ဘူး"

တစ်ခါတစ်ခါ လောကကြီးက အတော်စိတ်နာဖို့တော့ ကောင်းသား။

လောကကြီးမှာ ပုဆိန်လိုလူတွေက ပြုံးနေနိုင်တယ်။
သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ ဘယ်လောက်ဆိုးဝါးလဲဆိုတာ တစ်စက်ကလေးမှတောင် နားလည်ပုံမပေါ်ဘဲ၊ အမှားလုပ်မိသူတွေအပေါ် (သစ်ပင်လိုလူတွေအပေါ်) နည်းနည်းလေးမှတောင် အားနာပုံမပေါ်ဘဲ ဘယ်လိုများ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ?

နောင်တရဖို့ မမျှော်လင့်ပေမဲ့ အားနာစိတ်လေး တစ်စက်တော့ ရှိသင့်တယ်မဟုတ်လား။
တကယ့်ကို စိတ်ရင်းနဲ့ အားနာဖို့တော့ ကောင်းတယ် မဟုတ်ဘူးလား။

ငြိမ်နေတဲ့ရေကို ဂယက်ထအောင်လုပ်မိရင်
ကြည်နေတဲ့ရေကို နောက်အောင်လုပ်မိရင်
သူ့ဘာသာသူ နေနေတဲ့ တစ်စုံတစ်ယောက်ကို ဒဏ်ရာတွေပေးမိရင် တစ်ချက်လေးတော့ စိတ်ရင်းနဲ့ အားနာသင့်တယ် မဟုတ်ဘူးလား

ဘယ်လိုများ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ။
ပုဆိန်က ဘယ်သိပါ့မလဲ။ သူက အသွားထက်ထက် ဘက်ကလူလေ။ ဘယ်မှတ်မိပါ့မလဲ။ သူ့လုပ်ရပ်တွေ ဘယ်လောက်ထိဆိုးဝါးခဲ့လဲ၊ တစ်ဖက်မှာ ဘယ်လောက်ထိ ဖြစ်ခဲ့ရလဲ၊ ပုဆိန်ကတော့ ဘယ်ခံစားမိပါ့မလဲ။

ဘယ်မှတ်မိပါ့မလဲ။

သစ်ပင်လိုလူတွေ အတွက်တော့ ဘယ်လောက်ပဲ သန်မာအောင် ပြန်တည်ဆောက်ပါစေ။ ဒဏ်ရာတွေကို အကျိုးရှိအောင် အသုံးချပါစေ။ ရင့်ကျက်အောင် နေနေပါစေ။ ဘာမှ မနာကျင်ရတော့ပါဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ဘာ အမုန်းတရား မကျေနပ်မှုတစ်စုံတစ်ရာ မရှိဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ထက်တဲ့အသွားတစ်ဖက် စူးနစ် ဝင်ခဲ့ရတာမှတ်လား။ ဝေဒနာကို ခံခဲ့ရသူ မှတ်လား။

လူတစ်ယောက်ယောက်ကို မတော်တဆ တက်နင်းမိရင်တောင် sorry လို့ ပြောရသေးတာ။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုရင်တော့ ပိုအားနာသင့်တယ် မဟုတ်ဘူးလား။

အင်းလေ။

ပုဆိန် နဲ့ သစ်ပင် ဘယ်တူပါ့မလဲ။


တောင်ကိုရီးယားနိုင်ငံမှ ဆိုလာအမိုးတပ် စက်ဘီးလမ်းအခုမြင်တွေ့ရတာကတော့ တောင်ကိုရီးယားနိုင်ငံ ဒဲဂျွန်မြို့နဲ့ ဆယ်ဂျွန်မြို့က...
08/06/2023

တောင်ကိုရီးယားနိုင်ငံမှ ဆိုလာအမိုးတပ် စက်ဘီးလမ်း

အခုမြင်တွေ့ရတာကတော့ တောင်ကိုရီးယားနိုင်ငံ ဒဲဂျွန်မြို့နဲ့ ဆယ်ဂျွန်မြို့ကြား ၈ လမ်းသွား အမြန်လမ်းအလယ်က ဆိုလာအမိုး တပ်ဆင်ထားတဲ့ စက်ဘီးလမ်းဖြစ်ပါတယ်။ စက်ဘီးလမ်းအကျယ်က ၁၃ ပေ ရှိပြီး ၅ မိုင်ခွဲ ရှည်လျားပါတယ်။ ဆိုလာအမိုး တပ်ဆင်ထားတဲ့ စက်ဘီးလမ်းအရှည်ကတော့ ၃ မိုင် ရှိပါတယ်။

ဆိုလာအမိုးဟာ စက်ဘီးသမားတွေကို အရိပ်ပေးရုံတင်မက သန့်ရှင်းစွမ်းအင်ထုတ်လုပ်ပေးပြီး နှစ်စဉ်ပျမ်းမျှ ၂၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးတာကြောင့် နေအိမ် ၆၀၀ လောက်ကို စွမ်းအင်ပေးနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ၂၀၁၄ ခုနှစ်ကတည်းက စက်ဘီးလမ်းမှာ ဆိုလာအမိုး တပ်ဆင်ခဲ့တာပါ။

Ref: Solar panel bike lane generates eco-friendly energy in South Korea

Team ( ရိုးရာလေး)

성공하세요 👍👍👍화이팅 💪💪
07/06/2023

성공하세요 👍👍👍
화이팅 💪💪

ရဟတ်ယာဉ် ပစ်ချလို့ရတဲ့ ပွိုင့် 5 စက်သေနတ် KNDF ထံရောက်ပြီ

ဇွန် ၇ ၊The Nation Voice

မောင်ခဲတံ

လေကြောင်းရန်ကာကွယ်ဖို့နဲ့ ဗျူဟာမြောက်တိုက်ပွဲတွေအတွက် လိုအပ်နေတဲ့ ပွိုင့်ဖိုက်စက်သေနတ်ဟာ KNDF ကာကွယ်ရေးတပ်ဖွဲ့ထံကို ရောက်ရှိနေပြီလို့သိရပါတယ်။

ကမ်ပိန်းက ပွိုင့်ဖိုက် ကို လက်ခံရရှိတဲ့ KNDF ဗျူဟာ (၁) ရဲ့ တာဝန်ရှိသူကပြည်သူလူထုကို ကျေးဇူးတင် စကားပြောကြားရင်း ကရင်နီအိမ်မက် နဲ့ မြန်မာပြည်လွတ်မြောက်ခြင်းအတွက် စစ်ရေးမစ်ရှင်တွေမှာ အကျိုးရှိရှိ အသုံးပြုသွားမယ်လို့ကတိပြုထားပါတယ်။

“ကျွန်တော်တို့လူငယ်တွေဟာ သေနတ်ဆိုတဲ့ လက်နက်ကိုင်လမ်းစဉ်ကို မမျှော်လင့်ပဲ အာဏာရှင်ကို တွန်းလှန်တဲ့နေရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ပွိုင့်ဖိုက်စက်သေနတ်ဟာ Jet fighter တွေကို ကာကွယ်ရာမှာ မထိရောက်ပေမဲ့ ရိက္ခာပို့နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုတော့ ပစ်ချနိုင်တာကြောင့် အာဏာသိမ်းစစ်တ်ရဲ့ စစ်ဆင်ရေးနဲ့ တပ်ကူပို့တာတွေကို သေသေချာချာ တားဆီးနိုင်သွားမှာဖြစ်ပါတယ်”လို့ ဒေါက်တာဖြိုးသီဟက ပြောဆိုခဲ့ဘူး ပါတယ်။

ပွိုင့်ဖိုက် ကမ်ပိန်းအောင်မြင်ဖို့အတွက် CDM စစ်သား Captain Zero၊ကိုနေမျိုးဇင်၊ ဒေါက်တာဖြိုးသီဟ၊ဗိုလ်နဂါး၊NUG ရဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ မအိ / အိသဉ္စာမောင်၊ဟန်နီနွေဦးနဲ့ တော်လှန်အနုပညာရှင် တွေက ပြည်သူလူထုကို တိုက်တွန်းပေးခဲ့ကြတာဖြစ်ပါတယ်။

❝ကိုဗစ် ပျောက်ကင်းပြီး ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း ပြောကြားသွားတဲ့ JISOO Unnie 😭❤️❞ ဒီနေ့မှာပဲ JISOO Unnieက Weverseကန...
07/06/2023

❝ကိုဗစ် ပျောက်ကင်းပြီး ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်း ပြောကြားသွားတဲ့ JISOO Unnie 😭❤️❞

ဒီနေ့မှာပဲ JISOO Unnieက Weverseကနေ သူမ ပြန် လည်ကျန်းမာနေပြီဖြစ်ကြောင်း ပြောဆိုသွားပါတယ်

[ photo credit to original owner ]
[Blinks to the pinks]

June လအတွက် လွှမ်းမိုးမှုအား အကောင်းဆုံး Drama သရုပ်ဆောင် (30) ဦး✨ဒီစာရင်းကတော့ ongoing ပြသနေတဲ့ drama, လွှမ်းမိုးမှု/သတ...
07/06/2023

June လအတွက် လွှမ်းမိုးမှုအား အကောင်းဆုံး Drama သရုပ်ဆောင် (30) ဦး✨

ဒီစာရင်းကတော့ ongoing ပြသနေတဲ့ drama, လွှမ်းမိုးမှု/သတင်းမီဒီယာလွှမ်းမိုးမှုတွေနဲ့ အဖက်ဖက်မှ တွက်ချက်ပြီး ရလာတဲ့ ရလဒ်တွေဖြစ်ပါတယ်✨

Repost from Soompi

KLoversMyanmar
Crd

Address


Website

Alerts

Be the first to know and let us send you an email when Wai Yan - 김하늘 - Kim Ha Neul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share