25/11/2022
peppermint candy (1999)
ဒါကတော့ကိုယ့်ရဲ့
All time favorite movie တွေထဲကတခုပေါ့
Korean art-house film တွေထဲမှာတော့
ဒီရုပ်ရှင်ကိုအကြွေရဆုံးပဲ..
director Lee Chang -dongရဲ့
အကောင်းဆုံးလက်ရာတွေထဲကတခု လို့ပြောကြတာပဲ.
တကယ်ကသူ့ရုပ်ရှင်ကို ၃ကားတည်းကြည့်ဖူးတာ..
Peppermint candy ကိုပထမဆုံးကြည့်ဖူးတော့
2012မှာဖြစ်မယ် အဲ့ချိန်တုန်းကအသက်ငယ်သေးတော့
ဒီရုပ်ရှင်ကောင်းသားပဲ ဆိုရုံလောက်ပဲ.
2018မှာ Burning ကို
မူရာကာမိရဲ့ barn burning ကြောင့်ရော
Yoo Ah-inကိုဖွန်ကြောင်ပြီးတော့ရော ကြည့်လိုက်တာ..
ကောင်းတယ်ဟ ဘယ်သူရိုက်တာလဲမသိဘူးဆိုပြီး
ရှာမိရာကနေ peppermint candyကို ပြန်ကြည့်မိတာပဲ..
အဲ့ချိန်မှာငြိပါရောလား...
ဖိနပ်ထဲမှာရေတွေဝင်နေတယ်ဆိုပြီး
သွန်ထုတ်လိုက်တဲ့အခါထွက်လာတဲ့သွေးတွေ..
အိမ်ပြန်တော့လို့ပြောနေရင်းသေနတ်နဲ့ပစ်မိလိုက်တဲ့ကောင်မလေး..
နှစ်၂၀လုံးအရွယ်အစားမပြောင်းသွားတဲ့ ပူရှိန်းသကြားလုံးတွေ..
လိင်မဆက်ဆံခင်မှာပဲဖြစ်ဖြစ်
ထမင်းမစားခင်မှာပဲဖြစ်ဖြစ် ဆုတောင်းတတ်တဲ့
မချစ်ရတဲ့ဘဝလက်တွဲဖော်အမျိုးသမီး..
အရှိန်ပြင်းပြင်းမောင်းနေတဲ့ရထားကိုမျက်နှာချင်းဆိုင်လိုက်တဲ့အခိုက်အတန့်တွေ..
ဒီရုပ်ရှင်ကိုကြိုက်မိတော့မှ
တစုံတယောက်ပြောခဲ့ဖူးတဲ့စကားကိုသတိရတယ်
ဘဝဆိုတာမြစ်ကြမ်းပြင်ကကျောက်ခဲတွေလို
ငါတို့အလိုဆန္ဒမပါပဲ
ဒီရေစီးကြောင်းထဲမှာပုံသွင်းခံရတာတဲ့. .
2:00AM