Revolutionary Youths

  • Home
  • Revolutionary Youths

Revolutionary Youths တော်လှန်ရေးလူငယ်များသာ

ဒန့်ဒန့်.......ကျွန်တော်တို့ရဲ့"တစ်ပတ်တစ်ထောင်လှူ PDFကိုအပတ်စဉ်ကူ"ဆိုတဲ့အစီစဉ်လေးဟာလာရောက်ပူးပေါင်းမှုအားကောင်းတဲ့အတွက်က...
21/05/2022

ဒန့်ဒန့်.......
ကျွန်တော်တို့ရဲ့"တစ်ပတ်တစ်ထောင်လှူ PDFကိုအပတ်စဉ်ကူ"ဆိုတဲ့အစီစဉ်လေးဟာလာရောက်ပူးပေါင်းမှုအားကောင်းတဲ့အတွက်ကြောင့်ငါးရက်အတွင်းငွေသား၆သောင်းကျော်ရရှိ၍ဒီကနေ့ပဲလာရောက်လှူဒန်းခဲ့ကြတဲ့ပြည်သူလူထုရဲ့ငွေအင်အားနဲ့ MDY Black King Scorpion UGတစ်ဖွဲ့အား‌အလှူတော်ငွေ၅သောင်းကျပ်တိတိထောက်ပို့ပေးခဲ့ပါပြီဗျာ🎉

ကျွန်တော်တို့ရဲ့ပရောဂျက်လေးဟာအလှူကြီးပဲခံနေတာမဟုတိပါဘူးနော်လက်တွေ့လှူဒန်းလိုက်ပါပြီဒါကြောင့်လူကြီးမင်းတို့၏အသိမိတ်ဆွေသူငယ်ချင်းများလည်းသိရှိစေရန်လက်တို့ပေးကြဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ🙏

Revolutionary Youths May 21



မင်္ဂလာပါခင်ဗျာ ဒီနေ့ မှာ UG တွေ အတွက်သီးသန့် ပရောဂျက် လေးတစ်ခုပြုလုပ်ထားပါတယ်ဗျာ အဲ့တာလေးကဘာလည်းဆိုတော့ "တစ်ပတ်‌ကိုတစ်ထ...
15/05/2022

မင်္ဂလာပါခင်ဗျာ ဒီနေ့ မှာ UG တွေ အတွက်သီးသန့် ပရောဂျက် လေးတစ်ခုပြုလုပ်ထားပါတယ်ဗျာ အဲ့တာလေးကဘာလည်းဆိုတော့ "တစ်ပတ်‌ကိုတစ်ထောင်လှူ PDFကိုအပတ်စဉ်ကူ" ဆိုတဲ့ Project လေးပဲဖြစ်ပါတယ်။ တစ်ပတ်လုံးမှာမှတစ်ထောင်လေးပဲအပတ်စဉ်ထောက်ပို့ရမှာပါခင်ဗျာ။လူများရင်များသလို UG တွေကိုထောက်ပို့‌နိုင်ပါတယ်ဗျာ။ အဲ့တော့ဒီအစီစဉ်လေးမှာပါဝင်ချင်တဲ့ မိဘပြည်သူများရှိရင် DM မှာတစ်ချက်လာမေးပြီးစာရင်းပေးနိုင်ပြီခင်ဗျ💞

မှတ်ချက်။ စာရင်းပေးရင်ပေးတဲ့နေ့မှာ တစ်ထောင်စလှူရပါမယ်ခင်ဗျာ။ ဥပမာ(တနင်္လာနေ့တစ်ထောင်လာထည့်ပြီးစာရင်းစပေးရင် နောက်အပတ်တနင်္လာနေ့မှာလည်းတစ်ထောင်ထပ်ထည့်ရပါမယ်ခင်ဗျာတစ်ပတ်တစ်ထောင်စီပါခင်ဗျာ)

ကျွန်တော်တို့ဒီ project လေးကိုသေချာစီစစ်ယုံကြည်မှု ‌တွေပုံအောပြီးတည်ဆောက်ထားတာမို့လူများများလေးပါဝင်ပေးစေခြင်ပါတယ်‌ဗျာ🥺

အသေးစိတ်နဲ့ လာလှူချင်ရင်တော့ Page messenger မှာ လာပြီး ဆက်သွယ်နိုင်ပါတယ်ဗျ။


03/04/2022

⛔️Revolutionary Youths April 3⛔️

⛑မဂ်လာပါကျွန်တော်တို့ Revolutionary Youths(RY)မှ(၃.၄.၂၀၂၂)တွင်ကရင်ပြည်နယ်KNLA/KNDOခွဲထွက်အမည်မဖော်လိုသောအဖွဲ့တစ်ဖွဲ့ကရိက္ခာဖိုးလိုအပ်နေပါသဖြင့်အများပြည်သူများထံမှများစွာအကူညီလိုအပ်ပါသဖြင့်စေတနာကြီးစွာလာရောက်လှူဒန်းကြပါရင်အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာကျွန်တော်တို့အလှူခံရာတွင်လည်းရပ်အကန့်သန့်မရှိပဲအလှူငွေ Targetပြည့်တာနဲ့တန်းလှူပြီးအများပြည်သူများအားအချက်လက်ပြန်ထုတ်ပြပါမယ်ခင်ဗျာယုံကြည်စွာလာရောက်ပူးပေါင်းလှူဒန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဗျာ။


ကလေးမြိုနယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလိုက်သည့် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးဖြင့် ထုံးစံအတိုင်...
02/04/2022

ကလေးမြိုနယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလိုက်သည့် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးဖြင့် ထုံးစံအတိုင်း ရမ်းသမ်းပစ်ခတ်

Revolutionary Youths April 2

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ကြံသာရွာမှ မှန်တောရွာဘက်သို ဖောကား(၂၀)စီး၊ ခြေလျင်(၅၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ် အပါအဝင် ပျူစောထီးများနှင့် ယနေ့ ဧပြီ လ(၂)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က အောင်သာရွာနှင့် မှန်တောရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF KKG က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အောင်မင်္ဂလာရွာအတွင်းသို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောင်သာရွာ နှင့် မှန်တောရွာအတွင်းသို မကြာခဏ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းများ လုပ်ဆောင်လျှက်ရှိပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Source - TachileikNewsAgency


02/04/2022

မြောင်မြို့နယ်အတွင်းက စစ်အုပ်စုပိုင် Mytel စက်ပုံးများဖျက်ဆီးခံရ (ရုပ်သံ)

Revolutionary Youths April 2

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက စုပေါင်းအော်ပရေ တာဝါတိုင်တခုကစစ်အုပ်စုပိုင် Mytel စက်ပုံးတွေနဲ့ဆက်စပ်ပစ္စည်းတွေကို မတ်လ ၃၁ ရက် ညပိုင်းက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ Natogyi Regional PDF ထုတ်ပြန်လိုက်ပါတယ်။

တာဝါတိုင်ဟာ Mytelအပြင် တခြားဆက်သွယ်ရေးအော်ပရေတာစက်ပုံးများပါရှိတာဖြစ်ပြီး ဒေသခံပြည်သူများထိခိုက်မှာစိုးလို့ မိုင်းခွဲဖျက်ဆီးတာမျိုးမလုပ်တော့ဘဲ စက်ပုံးတွေကိုဘဲဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

'' တာဝါတိုင်ရှိတဲ့ ရွာအမည်ကိုတော့ဒေသခံတွေရဲ့လုံခြုံရေးအရ မပြောလိုဘူး။ အဲ့ဒီတာဝါတိုင်က စု ပေါင်းတိုင်ဆိုတော့ မိုင်းခွဲလိုက်ရင် တခြားစက်ပုံး တွေထိခိုက်နိုင်တာနဲ့ ဒေသခံတွေထိခိုက်မှာစိုးတာ ကြောင့် Mytelစက်ပုံးတွေကိုဘဲ ဖျက်ဆီးခဲ့လိုက်တာ'' လို့ Natogyi Regional PDFရဲ့ တာဝန်ခံ ဗိုလ်လန်ဒန်ကပြောပါတယ်။

အဲ့ဒီလုပ်ဆောင်ချက်ကို ဒေသတွင်းတော်လှန်ရေး အင်အားစု ညီနောင်မဟာမိတ် Myaung Special People Defence Force- MSPDF နဲ့ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source - မြေလတ်အသံ


ဘုတ်ပြင်း အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၈၅) ဒု-တပ်ရင်းမှူးနှင့် တပ်သား ပြည်သူ့ရင်ခွင် ခိုလှုံRevolutionary Youths April ...
02/04/2022

ဘုတ်ပြင်း အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၈၅) ဒု-တပ်ရင်းမှူးနှင့် တပ်သား ပြည်သူ့ရင်ခွင် ခိုလှုံ

Revolutionary Youths April 2

လေ့ကေ့ကော်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက် လာသော ဘုတ်ပြင်း အခြေစိုက် စစ်ကောင်စီ ခမရ (၅၈၅) တပ်မှ ဒု-တပ်ရင်းမှူးနှင့် တပ်သား တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကရင်ပြည်နယ် တွင် Knla နှင့် ပူးပေါင်း တိုက်ခိုက်နေသည့် Cobra Column တပ်ဖွဲ့၏ လူမှုကွန်ရက်တွင် ဖော်ပြသည်။

ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာသော ဘုတ်ပြင်းမြို့နယ် ဟန်ပြုကျေးရွာ အခြေစိုက် ခမရ (၅၈၅) မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင် (ကြည်း - ***၅၃) နှင့် တပ်သား ကိုဟိန်းမင်းထွေး (တသ -***၁၈၀) တို့သည် ကော်ဘရာ စစ်ကြောင်းနှင့် အတူ ပူးပေါင်း ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထား သည်။

၄င်းတို့နှင့် အတူ MA -1 သေနတ် တစ်လက်၊ MA - 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ပါဝင်ခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါ က လက်ခံ​ခဲ့ကြောင်း ဆိုသည်။

ယင်းပြည်သူ့ ဘက်တော်သား နှစ်ဦးကို ကော်ဘရာ စစ်ကြောင်းမှ လုံခြုံသော နေရာသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

Source_Mizzima TV


သင်္ဘောဆိပ်ကျေးရွာတွင် ပျူစောထီးလို့နာမည် ကျော်စောသူသေနတ်ဖြင့်ပစ်ခံရRevolutionary Youths April 2လောင်းလုံမြိုနယ်၊ သင်္ဘေ...
02/04/2022

သင်္ဘောဆိပ်ကျေးရွာတွင် ပျူစောထီးလို့နာမည် ကျော်စောသူသေနတ်ဖြင့်ပစ်ခံရ

Revolutionary Youths April 2

လောင်းလုံမြိုနယ်၊ သင်္ဘောဆိပ်ကျေးရွာမှာ ပျူစောထီးလို့နာမည်ကျောစောသူဦးရဲကို သေနတ်နဲ့အပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့က ဦးရဲကို ကို သေနတ်နဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဦးရဲကိုဟာ အသက် ၃၀ ကျော်အရွယ် ပါ။ သူ့ရဲ့ပေါင်ကိုပဲ သေနတ်ကျည်နှစ်ချက်ထိခဲ့တာဖြစ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ရွာခံတစ်ဦးက ဆိုပါတယ်။

မနေ့ကလည်း လောင်းလုံး သာဂရမြို့ဟောင်းမှာ မဝတဒုဥက္ကဌဟောင်းသားအဖ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

Source - The Tanintharyi Times


၂၀၂၂ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပမည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီအဖွဲက မန္တလေး နှင့် ပြင်ဦးလွင်မြိုမျာ...
02/04/2022

၂၀၂၂ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပမည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီအဖွဲက မန္တလေး နှင့် ပြင်ဦးလွင်မြိုများတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် ဟိုတယ် တစ်ခုလျှင် ကျပ်(၁)သိန်း မဖြစ်မနေ ထည့်ကြရန် အဓမ္မကောက်ခံ တောင်ရမ်းနေပြီး မပေးချင်သူများလည်း ပေးနေရကြောင်း သိရသည်။

Revolutionary Youths April 2

"တချို Hotel များမှာ ပြည်သူများစိတ်ဆင်းရဲနေချိန် အားမပေးနိုင်ကြောင်း ကောက်ခံသည့် ငွေမထည့်ရန် ကန့်ကွက်သူများလည်း ရှိသော်လည်း Hotel လုပ်ငန်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ကိုင်လိုပါက ပေးဆောင်ကြရမည်ဖြစ်ကြောင်း စကစမှ ဖိအားပေး ခြိမ်းခြောက်ပြောဆိုလျက်ရှိသည်"ဟု CDM ရဲတပ်ဖွဲ၏ Myanmar Police CDM Channel - MPCC က ထုတ်ဖော်ထားသည်။

မန္တလေးနှင့်ပြင်ဦးလွင်မြိုများ ဟိုတယ်၊ မိုတယ်ပေါင်း (၆၀)ဝန်းကျင်ရှိပြီး သင်္ကြန်မဏ္ဍပ်များတွင် လူစည်ကားသည်ကို ပြသချင်၍ ဟိုတယ်ဝန်ထမ်းများ၏ အင်အားပါ ပေးရမည်ဟုလည်း တောင်းဆိုထားပြီး ပြိုင်ပွဲဝင် ယိမ်းအဖွဲများလည်း လျော့နည်းခြင်းမရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြိုနယ်အုပ်ချုပ်ရေးမှူးများက ညွှန်ကြားထားသည်ဟုလည်း သိရသည်။

Source- TachileikNewsAgency


မတ်လ ၁ လအတွင်း နိုင်ငံတဝှမ်း အရပ်သားပြည်သူ ၃၁၂ ဦးသေဆုံးRevolutionary Youths April 2အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့...
02/04/2022

မတ်လ ၁ လအတွင်း နိုင်ငံတဝှမ်း အရပ်သားပြည်သူ ၃၁၂ ဦးသေဆုံး

Revolutionary Youths April 2

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ပဋိအက္ခတွေကြောင့် မတ်လ ၁ ရက်ကနေ ၃၁ ရက်ထိ နိုင်ငံတဝှမ်းအရပ်သား ပြည်သူ ၃၁၂ ဦးသေဆုံးခဲ့တယ်လို့ ဧပြီ ၂ ရက် ဒီကနေ့မှာ ကရင်နီအသံ - Karenni ‘voice ကထုတ်ပြန်ထားပါတယ်။

“ တနိုင်ငံလုံးစာကတော့ မီဒီယာပေါင်းစုံက ဖော်ပြချက်တွေ၊ ထုတ်ပြန်ချက်တွေကို ကိုးကားပြီးစာရင်းလုပ်ထားတာ၊ ကရင်နီပြည်နယ်အတွက်လည်း ဒီလိုပဲလုပ်တဲ့အပြင် ကျနော်တို့ကိုယ်တိုင် လိုက်တဲ့သတင်းတွေနဲ့ နယ်မြေခံအဖွဲ့အစည်းတွေဆီက မေးမြန်းထားတာကိုစုပြီး စာရင်းပြန်လုပ်ထားတာပါ၊ “ လို့ Karenni‘voice ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Source - မြေလတ်အသံ

ဓါတ်ပုံ - Karenni's Voice


📋ကြေညာချက်အမှတ် ၁၃/၂၀၂၂ - မဟာအဖွဲ့ဝင်ဖြစ်ကြောင်း ကြေညာချက်🕰️နေ့စွဲ - ၂၉.၃.၂၀၂၂------------------မိမိတို့  Z Fighter [Key...
29/03/2022

📋ကြေညာချက်အမှတ် ၁၃/၂၀၂၂ - မဟာအဖွဲ့ဝင်ဖြစ်ကြောင်း ကြေညာချက်
🕰️နေ့စွဲ - ၂၉.၃.၂၀၂၂
------------------

မိမိတို့ Z Fighter [Keyboard Warriors] အဖွဲ့နှင့် Revolutionary Youths အဖွဲ့ တို့သည် တော်လှန်ရေးနှင့် အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများကိုထိရောက်စွာ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နှစ်ဖက်သဘောတူညီချက်တို့ဖြင့် မဟာမိတ်အဖြစ် ယနေ့မှစ၍ပူးပေါင်းလိုက်သည်။

မိမိတို့ အဖွဲ့နှစ်ဖွဲ့သည် ပူးပေါင်းပြီးချိန်မှစ အာဏာရှင် ကျဆုံးသည်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းဆောင် အားထုတ်ကြိုးပမ်းကာ နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကိုတွန်းလှန်သွားပါမည်ဟုကတိသစ္စာပြုပါသည်။

⛑️Z Fighter - ➡️TAP

⛑️Revolutionary Youths - ➡️TAP

https://t.me/revolutionaryYouths237RY Telegram channel လေးရပါပြီ။Join ပေးကြပါဦး❤️
29/03/2022

https://t.me/revolutionaryYouths237

RY Telegram channel လေးရပါပြီ။
Join ပေးကြပါဦး❤️

တော်လှန်ရေးလုပ်ရင်အမြတ်မထုတ်တက်ဖို့လိုတယ်

ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်Revolutionary Youths March 29ပဲ...
29/03/2022

ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်

Revolutionary Youths March 29

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့်နာမည်ကြီးဖျော်ဖြေရေးမဏ္ဍပ် များပါ ထည့်သွင်းကျင်းပရန် စစ်ကောင်စီက ပြင်ဆင်လျှက်ရှိသည်။

စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကို ပြည်မြို့ နာရီစင်နှင့် စာတိုက်တန်းလမ်းတွင်ပြုလုပ်မည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်း ဈေးကြီနှင့်တရုတ်ဘုံကျောင်းအထိ၊ ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေး အစီစဉ်များတွင်လည်း မြို့၏ နာမည်ကြီးဂိုဏ်းများဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့များပါဝင်မည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

" နာမည်ကြီးမဏ္ဍပ်တခုကတော့ ညဈေးတန်းမှာ ဆောက်ဖို့ ပြင်ဆင်နေတယ်။ လူကြီးသားသမီးတွေ၊ စစ်ထောက်ခံတဲ့သူတွေ လူမိုက်တွေ စီးပွားလုပ်ငန်းရှင်တွေရဲ့သားသမီးတချို့လည်းပါဝင်တဲ့အဖွဲ့ပေါ့။ ဗဟိုမဏ္ဍပ်ကတော့ စာတိုက်တန်းလမ်းကိုပိတ်ပြီး ဆောက်မယ်။"ဟု မြို့ခံတဦးကပြောသည်။

ဖြေဖျော်ရေးယိမ်းအဖွဲ့များအတွက်လည်း နယ်မြေအလိုက် အသက် ၁၃ နှစ်မှ ၁၆ နှစ်အထိ မိန်းကလေးငယ် ၂၀ ဦးစီရွေးချယ်ခိုင်းထားပြီး စာရင်းကောက်မှုများလည်း ပြုလုပ်နေပြီဖြစ်ကာ ရပ်ကွက်အားလုံးမဏ္ဍပ် ဆောက်လုပ်ရမည်ဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးထံ ကသိရသည်။

"ယိမ်းတွေအတွက်လည်း အမျိုးသမီးငယ်တွေကို လိုက်ရွေးနေတယ်။ သူတို့လက်အောက်ခံအုပ်ကြီးတွေနဲ့ စစ်ထောက်ခံအစိမ်းတွေအများဆုံးပါတယ်" ဟု မြို့ခံတဦးကပြောသည်။

မဏ္ဍပ်ဆောက်လုပ်ရန်နှင့် ယိမ်းအဖွဲ့များအတွက် လောင်းကစားလုပ်ငန်းများနှင့် KTV၊ စားသောက်ဆိုင်များ စီးပွားရေးလုပ်ငန်းရှင်များထံက ငွေကြေးကောက်ခံမှုများပြုလုပ်နေပြီဖြစ်ကြောင်း မြို့ခံများကပြောသည်။

Source - မြေလတ်အသံ

ဓါတ်ပုံ-ပြည်မြို့တွင် သင်္ကြန်ရေကစားနေကြသူများကို တွေ့ရစဉ်(ပုံဟောင်း)


ကျောက်ထု အမြောက်တပ်မှာ ပဌာန်းရွတ်ပြီး PDF ရန်ကို ကာကွယ်နေRevolutionary Youths March 29မကွေးတိုင်း၊ ဆောမြိုနယ် ကျောက်ထုမြ...
29/03/2022

ကျောက်ထု အမြောက်တပ်မှာ ပဌာန်းရွတ်ပြီး PDF ရန်ကို ကာကွယ်နေ

Revolutionary Youths March 29

မကွေးတိုင်း၊ ဆောမြိုနယ် ကျောက်ထုမြိုမှာ ရှိတဲ့ အမြောက်တပ်ကို PDF က ဝင်တိုက်မယ်ဆိုတဲ့ သတင်း တပ်တွင်းပြန့်နှံနေပြီး အဲ့ဒီအချိန်က စလို အမြောက်တပ်အတွင်းမှာ မနက်ရောညပါ ပဌာန်းရွတ်နေကြတယ်လို ဒေသခံတဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ရက်က စပြီး မနက်စောစောနဲ့ ညပိုင်းတွေမှာ ရွတ်ဖတ်သံတွေကြားရပြီး ဒီနေ့အထိ ရွတ်ဖတ်နေကြဆဲ ဖြစ်တယ်လို အဲ့ဒီဒေသခံတဦးက ပြောပါတယ်။

" သူတို နေ့ရောညရော ပဌာန်းတွေရွတ်တယ်၊ တူးထားတဲ့ ကျင်းတွေထဲမှာ အမြဲတမ်းကင်းစောင့်တယ်၊ ပတ်ပတ်လည်မှာလည်း ကျင်းတွေတူးထားတာရှိတယ် ၊ ကျင်းတွေထဲမှာ အချိန်ပြည့်ကင်းစောင့်ပြီးတော့ PDF ကလာတိုက်မယ်ဆိုတဲ့ သတင်းမှားရပြီး သူတိုဘက်က အမြဲတမ်း အဆင်သင့်ဆိုတဲ့ ပုံစံမျိုး" လို ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်က ကျောက်ထုအမြောက်တပ်ကို PDF က လက်နက်ကြီးနဲ့ ၃ချက် စမ်းသပ်
ပစ်ခတ်ခံခဲ့ရဖူးတဲ့ နေရာဖြစ်ပါတယ်။

Source - မြေလတ်အသံ


27/03/2022

အားလုံးပဲမင်္ဂလာပါ။ ပထမဆုံး သည် Page ကိုမိတ်ဆက်ပေးပါရစေ။ ဤ Page သည် မြန်မာပြည်တွင်း၌ဖြစ်ပွားလျှက်ရှိသော စစ်တပ် အာဏာခိုးယူမှုကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေး ပဍိပက္ခများနှင့် အခြားသော နိုင်ငံရေး သတင်းများ၊ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ ကို ယခု Page မှ အချိန်နှင့်တစ်ပြေးညီတင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ် PDF (People Defence Force) တပ်များ၊ တပ်ခွဲများ၊ KNU, KNLA, KIA, အစရှိသောတိုင်းရင်းသားလွပ်မြောက်ရေးတပ်များအား ပြည်သူလူထုထံမှ သဒ္ဓါတရားထက်သန်စွာ ရရှိလာသော အလှူငွေများကို လစဉ်လတိုင်း ပေးအပ် ထောက်ပို့သွားမည်ဖြစ်ပါသည်။ မိမိတို့ Revolutionary Youths (တော်လှန်ရေးလူငယ်များ) သည် စစ်တပ်အာဏာခိုးယူမှုအား လုံးဝ လက်မခံပဲ ရရာနေရာမှ တော်လှန်နေခြင်းဖြစ်ပါသည်၊ ထို့ကြောင့် ဤ Page နှင့် Channel ကိုတည်ထောင်ရခြင်းဖြစ်ပါသည်။ စာကြွင်းအနေဖြင့် မြန်မာပြည်တွင်း၌ လျှပ်စစ်မီးပျက်တောက်မှူသည် အကြိမ်ရေ စိတ် လာသောကြောင့် သတင်းများတင်ဆက်ရာတွင် အချိန်မတိကျမှူများဖြစ်ပေါ်နိုင်မည်ဖြစ်သဖြင့် ကြိုတင်အသိပေးခြင်းဖြစ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Revolutionary Youths posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share