Rainbow rays new

  • Home
  • Rainbow rays new

Rainbow rays new In charge of information

မိုးတွေရွာတော့ကင်းကမိုးမလုံဘူးမိုးအပတ်နည်းတဲ့နေရာလေးမှာဆောင်လေးခင်းပတ်လျက်လှန်ဖုန်းပြောနေတာခြေထောက်ကနေဗိုက်ပေါ်တတ်လာတော့...
24/05/2024

မိုးတွေရွာတော့ကင်းကမိုးမလုံဘူးမိုးအပတ်နည်းတဲ့နေရာလေးမှာဆောင်လေးခင်းပတ်လျက်လှန်ဖုန်းပြောနေတာခြေထောက်ကနေဗိုက်ပေါ်တတ်လာတော့ပုံမှန်အတိုင်းဖားမှတ်ခါချလိုက်တာ အကိုတစ်ယောက်က ကွမ်းယာစားချင်လို့ကွမ်းအိတ်ဓာတ်မီးထိုးယူတဲ့အချိန်မြွေတော့တာပဲ တော်သေးတာအရွယ်ရောက်စအကောင်လေးမို့🙁

16/11/2023
Order မှာထားတဲ့ ငှ-က်က-င်ရပါပြီချဲဂဏန်းလဲ ရပါပြီ😁😁
13/11/2023

Order မှာထားတဲ့ ငှ-က်က-င်ရပါပြီ
ချဲဂဏန်းလဲ ရပါပြီ😁😁

မန္တလေး စက်မှုရဲစခန်းအနီးမှာ နေ့ခင်းကြောင်တောင် ပုဆိန်နဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်ခံရ၊မနော်ဟရီလမ်းပေါ်မှာ ထိုးသွင်းဒဏ်ရာတွေ...
24/09/2023

မန္တလေး စက်မှုရဲစခန်းအနီးမှာ နေ့ခင်းကြောင်တောင် ပုဆိန်နဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်ခံရ၊
မနော်ဟရီလမ်းပေါ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေ့ရှိ၊

စက်တင်ဘာ - ၂၄

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၁)လမ်းနဲ့ (၁၃၆)လမ်းမှာ ယမန်နေ့ နေ့ခင်းကြောင်တောင် အမျိုးသားတစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ကို ပုဆိန်နဲ့ခုတ်ကာ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ(၂၂)ရက် နေ့လည်(၁၂)နာရီကျော်က မန္တလေးမြို့၊ (၆၁)လမ်းနဲ့ (၁၃၆)လမ်းအနီးမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ပုဆိန်နဲ့ ခုတ်ကာ ဆိုင်ကယ် လုယက်ခံရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ကူညီခဲ့တဲ့ မန္တလေးမြို့ "လောကပါလ" လူမှုကူညီရေးအသင်းက ဖော်ပြပါတယ်။

“လူကို အသေသတ်ပြီး လုတာပါ။ ဆိုင်ကယ်ဦးထုပ်ပါလို့ အသက်ဘေးက လွတ်တာပါ။ ဆိုင်ကယ်ဉီးထုပ်မှာ အရာတွေကြီးပဲ။ တခြားလူနှစ်ယောက် ထွက်လာလို့လည်း သက်သာသွားတာ” လို့ လုယက်ခံရသူနဲ့ နီးစပ်သူက ပြောပါတယ်။

အဲ့ဒီလို နေ့ခင်းကြောင်တောင် လုယက်ခံရတဲ့ နေရာဟာ လူအသွားအလာ သိပ်မပြတ်ဘဲ စစ်အုပ်စုရဲ့ စက်မှုနယ်မြေ ရဲစခန်းနဲ့ စက်မှုစျေးကြားမှာ တည်ရှိကာ အဲ့ဒီနေရာမှာ စစ်အုပ်စုနဲ့ ပျူတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို မကြာခန လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်လေ့ ရှိတဲ့နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုနဲ့ပျူတွေ အထိုင်ချနေတဲ့ စက်မှုနယ်မြေရဲစခန်းဟာ (၁၃၅)လမ်းနဲ့ (၅၉)လမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၂၃)ရက် မနက်(၅)နာရီကျော် အချိန်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ (၅၄)လမ်းထောင့်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်း တွေ့ရှိခဲ့တယ်လို့ မန္တလေးမြို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့က ဖော်ပြပါတယ်။

“မနက်(၅)နာရီခွဲအချိန်မှာ (၅၄)လမ်း၊ (၁၁၀-C) လမ်းဒေါင့် ထိုးသွင်ဒဏ်ရာဖြင့် လူတစ်ဦး လဲနေကြောင်း ဖုန်းဆက် သတင်းပေးချက်အရ ဖြစ်စဥ့်နေရာသို့ သွားရောက်ကူညီပြီး လူနာမှာ အခင်ဖြစ်နေရာတွင် သေဆုံးနေသောကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်” လို့ မြရည်နန္ဒာ လူမှု ကယ်ဆယ်ရေး အဖွဲ့က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ လူသတ်၊ လုယက်၊ ဓားပြမှုတွေ ပိုမိုဖြစ်ပွားနေပြီး စစ်အုပ်စုကလည်း ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ မရှိသလောက်ပဲလို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁နဲ့ ၂၀၂၂က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှုတချို့မှာ စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်အုပ်စုနဲ့ ပျူတွေ ကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းအနီးမှာ နေ့ခင်းကြောင်တောင် ပုဆိန်နဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်ခံရသူနဲ့ ချမ်းမြသာစည်မြို့နယ်၊ (၅၄)လမ်းနဲ့ မနော်ဟရီလမ်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ အလောင်း တွေ့ရစဉ်/Photo - "လောကပါလ" လူမှုကူညီရေးအသင်း၊ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့

မြစ်ကြီးနား-ပူတာအိုလမ်းနဲ့ မြစ်ကြီးနား -ဗန်းမော်လမ်းမှာ KIAနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေစက်တင်ဘာ ၂၃၊ The...
23/09/2023

မြစ်ကြီးနား-ပူတာအိုလမ်းနဲ့ မြစ်ကြီးနား -ဗန်းမော်လမ်းမှာ KIAနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေ

စက်တင်ဘာ ၂၃၊ The Nation Voice
ဝါဝါ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ မနေ့က အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့သလို မြစ်ကြီးနား - ဗန်းမော်လမ်းမှာ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။

စက်တင်ဘာ ၂၀ရက်မှာ မြစ်ကြီးနား - ပူတာအိုလမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ဒရိုရွာတပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကူလာတဲ့တပ်တွေနဲ့ စက်တင်ဘာ ၂၂ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ KIAက ဒီကနေ့ သတင်းဖော်ပြပါတယ်။

ပူတာအို - ဆွမ်ပရာကို စစ်ကူသွားတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို စက်တင်ဘာ ၂၂ရက်နေ့ နေ့လည်ပိုင်း ၁နာရီ အချိန်ခန့်မှာ KIA တပ်ရင်း(၄)က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်တွေ ပြန်လည်ဆုတ်ခွာသွားရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်း အောင်ဂျာဒေသမှာလည်း မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက အသိပေးပါတယ်။ အောင်ဂျာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို KIAက လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အာဏာသိမ်းစစ်တပ် အထိနာခဲ့သလို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လာတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ မြစ်ကြီးနား - ဗန်းမော်လမ်းမှာ ဒီကနေ့ စက်တင်ဘာ ၂၃ရက် မနက်ကလည်း KIAနဲ့ အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ လမ်းပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ အောင်ဂျာရွာအနီးရှိ အာဏာသိမ်းစစ်တပ်စခန်း တစ်ခုကိုလည်း KIAက စက်တင်ဘာ ၁၆ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မိုးမောက်မြို့နယ် အောင်ဂျာရွာအနီးမှာ အာဏာသိမ်းစစ်တပ်စခန်း ၃ခုရှိတဲ့အထဲက စခန်း ၁ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က တပ်သားတစ်ဦး စနိုက်ပါ ယူလာပြီး KNU ပူးပေါင်းတပ်ဖွဲ့ထံပူးပေါင်းစက်တင်ဘာ ၂၀၊ ဝါဝါဝါဝါ အာဏာသိမ်းစစ်တပ်ရဲ့ တ...
23/09/2023

အာဏာသိမ်းစစ်တပ်က တပ်သားတစ်ဦး စနိုက်ပါ ယူလာပြီး KNU ပူးပေါင်းတပ်ဖွဲ့ထံပူးပေါင်း

စက်တင်ဘာ ၂၀၊ ဝါဝါ
ဝါဝါ

အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၉)က တပ်သားတစ်ဦးဟာ စနိုက်ပါ သေနတ်နဲ့ ကျည်တွေယူလာပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းခဲ့ပါတယ်။

ခမရ (၉) တပ်ရင်းက အသက် (၃၃) နှစ်အရွယ် တပ်သားဟာ စက်တင်ဘာ ၈ရက်မှာ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး စနိုက်ပါနဲ့ စနိုက်ပါ ကျည် အတောင့် ၅၀ ယူဆောင်လာခဲ့တာ ဖြစ်တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စနိုက်ပါသေနတ်ယူလာတဲ့ တပ်သားကို ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ကျပ်သိန်း ၁၀၀ခန့်နဲ့ ညီမျှတဲ့ ထိုင်းဘတ် တစ်သိန်းပေးအပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုလို KNLA နဲ့ ပူးပေါင်းလာတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကိုမနှစ်သက်တာကြောင့်ဖြစ်တယ်လို့ တပ်သားစောသက်နိုင်ထွန်းကပြောပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ KNLA ပူးပေါင်းတပ်နဲ့အတူ ပူးပေါင်းကာ အာဏာရှင်စနစ်ကို တွန်းလှန်ထိုက်ထုတ်တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ် လက်အောက်ခံတပ်ကနေ ဘယ်စစ်သားမဆို တပ်ကိုစွန့်ခွါပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာခြင်းကို နွေးထွေးစွာ ကြိုဆိုခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပူးပေါင်းလာတဲ့ စစ်သားတွေရဲ့ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း အသိပေးထားပါတယ်။

မုံရွာရန်ကင်းရပ်ကွက်အိုပီယမ် လမ်းမှာ လေတပ်ဗိုလ် မိသားစု ရှိတယ်။
12/04/2023

မုံရွာ
ရန်ကင်းရပ်ကွက်
အိုပီယမ် လမ်း
မှာ လေတပ်ဗိုလ်
မိသားစု ရှိတယ်။

တစ်ဆက်"တုန်နေတဲ့အသားတွေကကြောက်စိတ်ကြောက်မဟုတ်ဘဲဒေါသထွက်ပေါက်ကွဲချင်တဲ့"စိတ်"
09/04/2023

တစ်ဆက်"တုန်နေတဲ့အသားတွေက
ကြောက်စိတ်ကြောက်မဟုတ်ဘဲ
ဒေါသထွက်ပေါက်ကွဲချင်တဲ့"စိတ်"

မဲဆောက် ဆေးကုသွားတဲ့ PDF ၃ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး၊ BGF ထံ လွှဲပေးပြီးနောက် အသတ်ခံခဲ့ရမနေ့က ဧပြီ ၄ ရက် မနက် ၄ နာရီခန့...
05/04/2023

မဲဆောက် ဆေးကုသွားတဲ့ PDF ၃ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး၊ BGF ထံ လွှဲပေးပြီးနောက် အသတ်ခံခဲ့ရ

မနေ့က ဧပြီ ၄ ရက် မနက် ၄ နာရီခန့်က မဲဆောက်ကို ဆေးလာကုချိန်မှာ ဖမ်းခံခဲ့ရတဲ့ တောင်ပိုင်းနဂါး PDF တပ်ဖွဲ့ဝင် ရဲဘော် ၃ ဦးကို ထိုင်းစစ်တပ်က BGF ထံ လွှဲပြောင်းပေးခဲ့ပြီး BGF က စစ်ကောင်စီထံ အပ်နှံလိုက်ပါတယ်။

“သူတို့ လွန်ခဲ့တဲ့ ၅ ရက်(ဧပြီ ၁ ရက်) က လမ်းမှားပြီး ဘန်ကောက်တက်တဲ့ လမ်းရဲ့ဂိတ်မှာ အဖမ်းခံရတယ်။ ပြီးတော့ သူတို့ကို ထိုင်းလဝက က ချုပ်ထားပြီး ဒီနေ့မနက်စောစောမှာ ရွှေကုက္ကိုလ်မှာ သွားသွန်တယ်။ BGF တွေက စစ်ကောင်စီဆီ အပ်လိုက်လို့ သူတို့ကို ဖမ်းသွားတယ်။ တောင်ပိုင်းနဂါးအဖွဲ့က သွားပြန်တောင်းတာ မပေးလို့ BGF နဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ကြားတယ်၊ ဒီနေ့ ညနေမှာတော့ စစ်ကောင်စီက သူတို့ကို သတ်လိုက်ပြီလို့ သတင်းရတယ်” လို့ ပြောပါတယ်။

ထိုင်းစစ်တပ်က မြန်မာပြည်ဘက်ကို ပြန်လည်ပို့ဆောင်ခဲ့သူတွေဟာ ကိုသီဟ ၃၈ နှစ်၊ ထက်နေဝင်း ၃၁ နှစ်နဲ့ စောဖြိုးလေး ၂၆ နှစ်တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Rainbow rays new

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဒီကနေ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူလူထုတွေ နယ်စပ်ဖြတ...
05/04/2023

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဒီကနေ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူလူထုတွေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ဘက်မှာ စစ်ဘေးရှောင် ခိုလှုံနေကြပါတယ်။
Photo -AEC News
Rainbow rays new #စစ်ဘေးရှောင်

တောင်ငူလေတပ်စခန်းဌာနချုပ် ပစ်ခတ်ခံရမှု ရဟတ်ယာဉ်ပျက်စီး~~~■ ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်က တောင်ငူလေတပ်စခန်းဌာနချုပ်...
30/03/2023

တောင်ငူလေတပ်စခန်းဌာနချုပ် ပစ်ခတ်ခံရမှု ရဟတ်ယာဉ်ပျက်စီး
~~~
■ ပဲခူးတိုင်း၊ တောင်ငူမြို့မြောက်ဘက်က တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain of Fire ဆိုတဲ့ စစ်ဆင်ရေးအနေနဲ့ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးရှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ရဟတ်ယာဉ် တစ်စင်း ပျက်စီးသွားတဲ့အကြောင်း ပဲခူးနယ်မြေ PDF အဖွဲ့ကပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက မတ် ၂၅ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ပူးပေါင်းတိုက်ခိုက်တာလို့ ပဲခူးနယ်မြေ PDF တိုင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါပေမဲ့ ပဲခူးတိုင်း စစ်ကောင်စီပြောခွင့်ရ ဦးတင်ဦးက လေတပ်စခန်းပစ်ခတ်ခံရတယ်ဆိုတာ သတင်းမှားသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လေတပ်စခန်းနားမှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။

ပူးပေါင်းအဖွဲ့က မတ် ၂၅ ရက်နေ့မှာ ပစ်ခတ်တဲ့အခါ လေတပ်စခန်း ဝန်ထမ်းလိုင်းခန်းထိမှန်ခဲ့ပြီး ၂၇ ရက်နေ့မှာ စခန်းအတွင်းက ဗုံးဂိုထောင်အနီး ဆီလှောင်ကန်အနီးနဲ့ လေယာဉ်ဂိုထောင်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Bago Region PDF က မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပဲခူး PDF အဖွဲ့က ဒီလေတပ်စခန်းဌာနချုပ်ကို ပထမဆုံးအကြိမ် ပစ်ခတ်တာဖြစ်ပြီး စစ်ကိုင်းတိုင်း အပါအဝင် တိုင်းရင်းသားနယ်မြေဒေသတွေမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
________

Rainbow rays new
Photo: Citizen Journalist

မန္တလေးရွှေဆိုင်တစ်ဆိုင်အနီးမှာ ကျပ်ငွေ သိန်းတစ်ထောင်ကျော် လုယက်ခံရ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၁ လမ်း...
29/03/2023

မန္တလေးရွှေဆိုင်တစ်ဆိုင်အနီးမှာ ကျပ်ငွေ သိန်းတစ်ထောင်ကျော် လုယက်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၅ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ရွှေအရောင်းဆိုင်အနီးမှာ ရွှေလာရောက် ရောင်းချသူတွေရဲ့ ကျပ်ငွေ သိန်းတစ်ထောင်ကျော်ကို အမျိုးသား ၃ ဦးက သေနတ်ပြပြီး လုယက်မှု မနေ့ညနေပိုင်းတုန်းက ဖြစ်ခဲ့ပါတယ်။

လုယက်မှုဟာ စိန်ကျော်မိုး ရွှေသန့်စင်နဲ့ မီးလင်းရွှေ အရောင်းဆိုင် အဝင်အထွက်ပေါက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ရှေ့မှာ ပိုက်ဆံထုတ်တွေကို သယ်ပိုးနေသူတွေကို အိမ်စီးကားငယ်နဲ့ရောက်လာတဲ့ အမျိုးသား ၃ ဦးက သေနတ်ပြခြိမ်းခြောက်ပြီး ငွေတွေ ယူသွားခဲ့တာကို လုံခြုံရေးကင်မရာ ရုပ်သံ မှတ်တမ်းတွေအရ သိရပါတယ်။

Rainbow rays new #မြန်မာ #မန္တလေး #ရွှေ #ငွေကြေး #လုယက်ခံရမှု

စစ်တပ်က KNU နယ်မြေတွေထဲ  အကြိမ် ၂၃၀ အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့ လက်နက်ကြီး‌ပစ်ခတ်မှုကြောင့်လည်း လူ ၁၀၀ ကျော်သေဆုံးအဲဒ...
29/03/2023

စစ်တပ်က KNU နယ်မြေတွေထဲ အကြိမ် ၂၃၀ အထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့
လက်နက်ကြီး‌ပစ်ခတ်မှုကြောင့်လည်း လူ ၁၀၀ ကျော်သေဆုံး

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၂ဦး သေဆုံးခဲ့ပြီး၊ ၄၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အိုးအိမ် အဆောက်အအုံ၊ ဘာသာရေး‌အဆောက်အအုံ၊ ကျောင်း၊ ဆေးရုံအပါအဝင် အဆောက်အအုံစုစုပေါင်း ၂၁၁ လုံးအထိ ပျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာအတွင်းပါဝင်ပါတယ်။

အလားတူ လက်နက်ကြီးနဲ့ ဒေသခံကျေးရွာတွေဘက်ကို ပစ်ခတ်မှုကလည်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ခုနှစ် ဒီဇင်ဘာအထိဆိုရင် အကြိမ်ရေ ၇၅၀ ကျော်အထိရှိခဲ့တယ်လို့ အစီရင်ခံစာက မှတ်တမ်းတင်ထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အကြိမ်ရေနည်းနည်းသာရှိခဲ့ပြီး အဲလိုပစ်ခတ်မှုကြောင့် ဒေသခံ ၁ဦးသေဆုံးခဲ့ပေမယ့်၊ ၂၀၂၂ခုနှစ်အတွင်းမှာတော့ ပစ်ခတ်မှုအများအပြားရှိခဲ့ကာ လူ ၁၁၉ ဦး သေဆုံးခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

ဓာတ်ပုံ - Cobra Column
ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း ကရင်ပြည်နယ်မြဝတီခရိုင်ထဲက လေးကေ့ကော် အနီးတဝိုက်မှာ စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲသွားတဲ့ ဗုံးအကြွင်းအကျန် ။

Rainbow rays new #စစ်တပ် #ကရင် #လေကြောင်းတိုက်ခိုက်မှု

မြဝတီကုန်သွယ်ရေးဇုန်ရှိ ရဲကင်းအပါအဝင် စစ်ကောင်စီတပ်နှင့် BGF ပစ်မှတ်များကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက် RRNPhoto-cr...
25/03/2023

မြဝတီကုန်သွယ်ရေးဇုန်ရှိ ရဲကင်းအပါအဝင် စစ်ကောင်စီတပ်နှင့် BGF ပစ်မှတ်များကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်
RRN
Photo-cred
Rainbow rays new #မြဝတီ #ကရင်ပြည်နယ်

ဒီကနေ့ မတ်လ ၂၄ ရက် ညပိုင်း ​လ ကို ​သောကြာဂြိုဟ် ​ကပ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံဆရာ ကိုမျိုးလှိုင် ရိုက်ကူးထားတဲ့ ပုံတွေ ဖြ...
24/03/2023

ဒီကနေ့ မတ်လ ၂၄ ရက် ညပိုင်း ​လ ကို ​သောကြာဂြိုဟ် ​ကပ်နေတဲ့မြင်ကွင်းကို ဓာတ်ပုံဆရာ ကိုမျိုးလှိုင် ရိုက်ကူးထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ ဒီလိုကြုံတောင့်ကြုံခဲဖြစ်စဥ်ကို မြန်မာနိုင်ငံအပါအဝင် ​အာရှနိုင်ငံအများစုနဲ့ အာဖရိကတိုက် ​တောင်ပိုင်းဒေသတွေက မြင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ကတည်းက အာကာသပညာဆိုင်ရာကျွမ်းကျင်သူတွေက ပြောကြားထားတာပါ။

​ကောင်းကင်ယံမှာ နေ ပြီး ရင် လ နဲ့ ဗီးနပ်စ်ဟာ အ​တောက်ပဆုံး​ဖြစ်ပြီး လ ဟာ လဆန်းရက် ဖြစ်တာ​ကြောင့် အရွယ်အစား​သေးတဲ့ လခြမ်းမျိုးဖြစ်​နေပြီး တနင်္လာဂြိုဟ်လို့ ​ခေါ်ဆိုကြတဲ့ လ နဲ့ သောကြာဂြိုဟ်တို့ လမ်း​ကြောင်း တထပ်တည်း ကျ​ရောက်​တာမျိုးဖြစ်ပါတယ်။

ဓာတ်ပုံ - Myo Hlaing
Rainbow rays new

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် သေနတ် ၄ လက် လှူပြီး စစ်သားအလောင်း ၇ လောင်း ပြီးစလွယ် စွန့်ပစ်ထားခဲ့~~~~~~~~~~~~~~~~...
24/03/2023

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် သေနတ် ၄ လက် လှူပြီး စစ်သားအလောင်း ၇ လောင်း ပြီးစလွယ် စွန့်ပစ်ထားခဲ့
~~~~~~~~~~~~~~~~
ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွါးပြီး အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေ၊ အများအပြား ဒဏ်ရာရ
……………………………….
မတ် ၂၄

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ကွီလုံတိုင်ရွာသစ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စကခ ၁၃ လက်အောက်ခံ ခမရ ၅၆၁ နဲ့ ခမရ ၄၃၂ ပူးပေါင်း အင်အား ၈၀ ခန့်ကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)နဲ့ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံပိတ်ဆို့ပြီး တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ကွီလုံးတိုင်ရွာသစ်အနီးကို စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို KNLA၊ SOF နဲ့ နဂါးနီပူးပေါင်းတပ်ဖွဲ့တွေ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ အနည်းငယ်ရရှိကာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းဟာ မတ်လ ၁၉ ရက်မှာ ကွီလုံးတိုင်ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေပြည်သူတွေရဲ့ ဆန်အိတ် ၂၀ ကို အတင်းအဓမ္မ ယူဆောင်သွားတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ ထီးသဘူ ဖိုးခီးကျေးရွာမှာလည်း ဈေးဆိုင် ၃ ဆိုင်ကနေ သိန်း ၃၀ ဖိုးခန့် တန်ကြေးရှိတဲ့ ပစ္စည်းတွေကို အဓမ္မ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ တစ်နေကုန်နီးပါးထပ်မံ တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ၂ ကြိမ်၊ Mi 35 ရဟတ်ယာဉ် နဲ့ ၃ ကြိမ် လေကြောင်းပစ်ကူ ပေးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာရှိ ဘာသာရေး အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၇ ဦးလည်း ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

တောင်ကလေးကျေးရွာအုပ်စု နယ်မြေအတွင်း ပိတ်မိနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လိုက်လံ ပိတ်ဆို့တိုက်ခိုက်ရာမှာ မတ် ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၅ ရက်အတွင်း တောင်ကလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၁၀ ဦး သေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဆုတ်ခွါထွက်ပြေးခဲ့ရာမှာ အကြမ်းဖက်စစ်သား အလောင်းတွေကို ပြီးစလွယ် စွန့်ပစ်သွားခဲ့ပြီး ၎င်းတို့ စခန်းချခဲ့ရာနေရာတွေမှာ စစ်သားအလောင်း ၇ လောင်း သွေးကွက်တွေနဲ့ သွေးစွတ်ကြောင်းတွေ တွေ့ရကာ MA1 တစ်လက်၊ MA2 (စက်ကလေး) တစ်လက်အပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ငွေမောင်းသံကို ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ အင်အား ၈၀ ဝန်းကျင် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၁၀ ဦးကျော် သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ၊ အလောင်း ၇ လောင်းစွန့်ပစ်ထားခဲ့ရကာ သေနတ် ၄ လက် ပေးလှူသွားခဲ့ပြီး ကစဉ့်ကလျား ပြန်လည် ဆုတ်ခွါသွားခဲ့ပြီလို့ သိရပါတယ်။
~~~~~
Rainbow rays

ရေတာရှည်တိုက်ပွဲမှာ စစ်တပ်ထောက်လှမ်းရေးဒရုန်းနဲ့ စစ်သား ၁၀ ဦး ထက်မနည်းကို PDF သုတ်သင်နိုင်ခဲ့ဟု ဆို=========မတ်၂၄စစ်တောင...
24/03/2023

ရေတာရှည်တိုက်ပွဲမှာ စစ်တပ်ထောက်လှမ်းရေးဒရုန်းနဲ့ စစ်သား ၁၀ ဦး ထက်မနည်းကို PDF သုတ်သင်နိုင်ခဲ့ဟု ဆို
=========
မတ်၂၄

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ထောက်လှမ်းရေး ဒရုန်းတစ်စီးနဲ့ ၁၀ ဦး ထက်မနည်းတဲ့ အကြမ်းဖက် စစ်သားတွေကို တောင်ငူခရိုင် PDF က သုတ်သင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အင်အား ၆၀ လောက်ပါတဲ့ အကြမ်းဖက် စစ်ကြောင်းနဲ့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့တို့ ရေတာရှည်မြို့နယ်၊ ဆွာရွာမကျေးရွာနဲ့ ရွာသစ်ကျေးရွာအကြားမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂ နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားပါတယ်။

ဆွာမြို့ မြောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် ခမရ ၁၉ နဲ့ ခလရ ၈၄ တပ်အတွင်းကနေပြီး တိုက်ပွဲ ဖြစ်ပွားရာအနီး စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွာသစ်‌ကျေးရွာထဲသို့ အကြမ်းဖက်စစ်တပ်ဘက်က ၁ နာရီကျော်ကြာ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်တိုက်ပွဲမှာ စစ်သား အများအပြား ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ Bago Region PDF က ဆိုပါတယ်။
~~~~~

Rainbow rays

ရေစကြို ခိုးဆိုးလုယက် အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးကင်း အနီးကပ် ရှင်းလင်းခံရပြီး ၅ ဦးသေ===========မတ် ၂၄မကွေးတိုင်း၊ ရေစကြ...
24/03/2023

ရေစကြို ခိုးဆိုးလုယက် အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးကင်း အနီးကပ် ရှင်းလင်းခံရပြီး ၅ ဦးသေ
===========
မတ် ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ရွာစဉ်ပတ် ခိုးဆိုးလုယက်နေတဲ့ စစ်တပ်ရဲ့ ရှေ့ပြေးကင်းကို အနီးကပ်ရှင်းလင်းခဲ့ရာ ၅ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေစကြိုပကဖ က ထုတ်ပြန်ပါတယ်။

မတ်လ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်က ရေစကြိုမြို့နယ်၊ သမန္တပို့တောင်ရွာကို မွှေနှောက်ပြီး သမန္တပို့အလယ်ရွာသို့အကူး အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးကင်း ၅ ဦးကို PDF တွေက မီတာ ၅၀ အတွင်း အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီးသွားကြောင်း သိရပါတယ်။

နာရီဝက်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သေဆုံးစစ်သားတွေကို လာသယ်သွား ကြ ကာ ညောင်စောက်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ဒဏ်ရာရ စစ်သားတွေကို ဆေးကုနေ တယ်လို့ ရေစကြိုပကဖက ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ မတ်လ ၂၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ တောင်အိုတာတိုင်ရွာအနီး ကိုရှိန်းဆီဆိုင်နားရောက်လာတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရ ခဲ့သလို
ရေစကြိုမြို့နယ် ဇီးတောရွာ စစ်တပ်အထိုင်စခန်းကို မတ်လ ၂၂ ရက်၊ ည ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး လက်နက်ကြီးအဖွဲ့က လက်လုပ် လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ်ခဲ့သေးကြောင်း သိရပါတယ်။

Rainbow rays
#ရေစကြို #ရှေ့ပြေးကင်းရှင်းလင်းခံရ

ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကို စစ်ကောင်စီက ထောင်ဒဏ်တသက် တကျွန်း ချမှတ်DVBမြောက်ဥက္ကလာပမြို့နယ်ကျေ...
24/03/2023

ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကို စစ်ကောင်စီက ထောင်ဒဏ်တသက် တကျွန်း ချမှတ်
DVB
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ မတ် ၂၂ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ပါတယ်။
Rainbow rays
#ဗကသများအဖွဲ့ချုပ် #ကောင်းဆက်ပိုင် #ထောင်ဒဏ်တသက်တကျွန်းချမှတ်

"မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ᴏꜰꜰɪᴄɪᴀʟ ᴛʀᴀɪʟᴇʀ ထွက်ပြီမတ် ၂၂ ၊Rainbow rays ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ "မပြီးသေ...
23/03/2023

"မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ᴏꜰꜰɪᴄɪᴀʟ ᴛʀᴀɪʟᴇʀ ထွက်ပြီ

မတ် ၂၂ ၊Rainbow rays

ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ᴏꜰꜰɪᴄɪᴀʟ ᴛʀᴀɪʟᴇʀ ဒီနေ့မှာ ထွက်ရှိလို့လာခဲ့ပါတယ်။

"မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်"ဇာတ်ကားဟာ ဒါရိုက်တာဏကြီး၊ပိုင်ဖြိုးသု၊အောင်မြင့်မြတ်တို့ ဦးဆောင်ပါဝင်ထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း နစ်နာခဲ့သူတွေ၊ အသက်ပေးခဲ့ရသူတွေ၊ ခြေလက်ဆုံးရှုံးသွားသူတွေ၊ ပျက်စီးသွားရတဲ့ ချွေးနည်းစာတွေ၊ လောင်ကျွမ်းပြာကျသွားတဲ့ အိုးအိမ်တွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင်တွေ၊ ပျောက်ဆုံးသွားခဲ့ရတဲ့ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေအတွက် ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်မှ ရပါမယ်။ လက်နက်အားကိုးပြီး ထင်ရာစိုင်း အဓမ္မပြုကျင့်သူ၊ အာဏာရူးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဘောင်မဝင်ဘူးလို့ ဇာတ်ကားနမူနာနဲ့အတူ ရေးသားထားပါတယ်။

“သမိုင်းအဆက်ဆက် ပြစ်ဒဏ်က လွတ်ကင်းခွင့်ရခဲ့တဲ့ လူ့အန္ဓတွေရဲ့ "မိုက်လို့ လုပ်တာကွာ... ဘာဖြစ်လဲ၊ ပွဲပြီးသွားရင်လည်း ငါတို့က အခြေပျက်စရာအကြောင်းမရှိဘူး" ဆိုတဲ့ စိတ်ဓါတ်တွေကို အပြီးအပိုင်ချုပ်ငြိမ်းသွားအောင် နိုင်ငံတကာခုံရုံးကနေ တရားစီရင်နိုင်ခွင့်ရဖို့ ကျနော်တို့ မဆုတ်မနစ် ဆက်ပြီး ကြိုးစားကြရပါမယ်”လို့လည်း ရေးသားဖော်ပြထားပါတယ်။

Rainbow rays #မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ် #ဒါရိုက်တာဏကြီး #ပိုင်ဖြိုးသု #အောင်မြင့်မြတ်

သထုံ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရ========================မတ် ၂၃မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ...
23/03/2023

သထုံ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရ
========================
မတ် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ကြောင်း သထုံ PDF က ထုတ်ပြန်ပါတယ်။

မတ်လ ၂၂ ရက်၊ နေ့ခင်း ၁၁ နာရီခွဲလောက်က သထုံမြို့နယ်အတွင်းရှိ စကခ ၈ ရှေ့တန်းစခန်းဖြစ်တဲ့ ပိန္နဲတောစခန်းကို KNLA၊ PDF နဲ့ TPDF ဒရုန်း ယူနစ်တို့ ပူးပေါင်းပြီး ဒရုန်းမစ်ရှင်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ပိန္နဲတောစခန်းဆိုတာက ကျိုက္ကော်ကနေ အထဲကို မိုင်၂၀ လောက်တော့ ဝင်ရတယ်။ ဒီဘက်နောက်ပိုင်း ဒရုန်းတွေက အဆင်မြင့်တဲ့အခါကျတော့ ပစ်မှတ်ကို တည့်တည့်ထိအောင် ပစ်နိုင်ကြတယ်” လို့ သထုံမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။

KNLA၊ PDF နဲ့ TPDF တို့ဟာ အခုရက်ပိုင်းအတွင်း ဒရုန်းစစ်ဆင်ရေးတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
~~~~~~~~~~~
နိုင်ကြီး
ဓာတ်ပုံ - သထုံ PDF
Rainbow rays

မင်းတပ်မြို့အဝင်ဂိတ်အထိ အနီးကပ်သွားရောက်ခဲ့တဲ့ ဓါတ်ပုံကိုဖော်ပြမတ် ၂၂ ၊Rainbow rays Newမင်းတပ်မြို့ဝင်ဂိတ်က အာဏာသိမ်းစစ်...
23/03/2023

မင်းတပ်မြို့အဝင်ဂိတ်အထိ အနီးကပ်သွားရောက်ခဲ့တဲ့ ဓါတ်ပုံကိုဖော်ပြ

မတ် ၂၂ ၊Rainbow rays New

မင်းတပ်မြို့ဝင်ဂိတ်က အာဏာသိမ်းစစ်တပ်ရဲ့အခြေအနေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့မြင်ကွင်ူကို ရိုက်ကူးထားတဲ့ ဓါတ်ပုံကို မင်းတပ်မြို့က ဓါတ်ပုံဆရာတဦးကဖော်ပြထားပါတယ်။

မင်းတပ်ဂိတ်မှာရှိမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အခြေအနေကို ဂေါက်ကွင်းတိုက်ပွဲမှာရခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ စနိုက်ပါနဲ့ CDF-Mindat က ရဲဘော်တဦးကသွားရောက်ကြည့်ရှု့ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဓါတ်ပုံအရ မင်းတပ်မြို့အဝင်ဂိတ်နဲ့ စနိုက်ပါရဲဘော်ဟာ အလွန်နီးနီးကပ်ကပ်ရှိတာကို မြင်တွေ့ရမှာဖြစ်ပြီး အခြေအနေကို အကဲခတ်ရုံလောက်သာဖြစ်ကာ ပစ်ခတ်မှု့တော့မရှိခဲ့ဘူးလို့သိရပါတယ်။

ဒီလို သွားရောက်ခဲ့တာဟာ သွားချင်တဲ့နေရာတိုင်းကို ရောက်အောင်သွားလို့ရတယ်ဆိုတာသိဖို့အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ဓါတ်ပုံဆရာက ရေးသားထားပါတယ်။

မင်းတပ်မြို့ရဲ့နေရာတော်တော်များများကို CDF-Mindat က ထိန်းချုပ်ထားနိုင်ပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှု့ထက် လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု့တို့ကိုပဲအဓိကထားနေရတာပါ။

Rainbow rays
#မင်းတပ် #မင်းတပ်မြို့ဝင်ဂိတ်

Address


Website

Alerts

Be the first to know and let us send you an email when Rainbow rays new posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share