10/05/2022
Moonton ကို Riot Games ကထပ်မံတရားစွဲဆိုလိုက်ပါတယ်!
တရားစွဲဆိုထားတဲ့ တရားရုံးကတော့အရင် ၂၀၁၈ ကစွဲဆိုထားဖူးခဲ့တဲ့ တရားရုံးပဲဖြစ်တယ်လို့သိရပါတယ်။
Riot ဘက်မှ Moonton ကိုစွဲဆိုချက်များစွာတင်သွင်းထားပြီး Moonton ဟာ Riot ရဲ့လုပ်ဆောင်ချက်များကို ကူးယူနေသည့်အကြောင်းကို MLBB ရဲ့ Marketing ပုံစံများ ၊ Character design များ အပြင် Community ရဲ့ ပြောဆိုမှု screen shot တွေနဲ့ပါ တင်ပြထားတာပါ။
Moonton ဘက်မှ ဘယ်လ်ိုတုန့်ပြန်လာမလဲဆိုတာတော့ မသိရသေးပါဘူး။
Moonton အနေနဲ့လည်း Mobile platform ပေါ်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ Game ကြီးတစ်ခုအနေနဲ့ အခုလို အခြားဂိမ်းတစ်ခုကို ကူးယူနေပါကြောင်း တရားအစွဲခံရတာဟာ မဖြစ်သင့်တော့တဲ့ အခြေနေတစ်ရပ်ပါပဲ။
ဒါကြောင့် Moonton အနေနဲ့ Game Designer တွေကိုတင်းကြပ်ဖို့နဲ့ ပြောင်းလဲဖို့လိုပြီး Riot ရဲ့ဖန်တီးမှူတွေနဲ့ ဆင်သယောင်ယောင် မဖြစ်တော့အောင် ဂရုစိုက်ရမှာပါ။
ဆက်လက်ပြီးတော့ Mlbb အနေနဲ့ Riot နဲ့ဆင်တူပုံစံ ဖြစ်နေတဲ့ အရာများကို ပြောင်းလဲပြင်ဆင်ရနိုင်ပါတယ်။ ဒါမှမဟုတ် ပြန်လည်ချေပနိုင်မှာလား.. ?
Moonton အနေနဲ့ တရားရုံးကို ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။
- https://www.scribd.com/document/573459114/Riot-Moonton-Complaint