Mon State News

  • Home
  • Mon State News

Mon State News မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ပါတ်သက်တ

27/10/2021
ကြောက်ခေတ်ကို မှောက်ပစ်မည်ပေါင်၊ မေ ၉ ၊  ၂၀၂၁ခုနှစ်ပေါင်မြို့နယ် ကရင်လူငယ်များနှင့် ဓမ္မဘက်တော်သားအင်အားစုများသည် စစ်အာဏ...
09/05/2021

ကြောက်ခေတ်ကို မှောက်ပစ်မည်

ပေါင်၊ မေ ၉ ၊ ၂၀၂၁ခုနှစ်

ပေါင်မြို့နယ် ကရင်လူငယ်များနှင့် ဓမ္မဘက်တော်သားအင်အားစုများသည် စစ်အာဏာရူးဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ကြွေးကြော်သံများနှင့်အတူ ဆိုင်ကယ်ပျောက်ကျားသပိတ်ပြုလုပ်ခဲ့ကြပါသည်။ (Photo - CJ)



Source👇👇👇
https://www.facebook.com/113210780819135/posts/145918150881731/

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကွတ်ခိုင်မှာ ၄ နာရီကြာ တိုက်ပွဲပြင်းထန်============ရှမ်းပြည်နယ်မြောက်ပိုင်း က...
08/05/2021

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ကွတ်ခိုင်မှာ ၄ နာရီကြာ တိုက်ပွဲပြင်းထန်

============

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်​ဟူးရွာနဲ့နောင်ချိုရွာကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA၊ TNLA၊ MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား ၄ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ကနေ ညနေ ၆ နာရီခွဲအထိ TNLA၊ AA၊ MNDAA ပူးတွဲစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

နမ့်ဟူးရွာနဲ့ ​ေနာင်ချိုရွာကြားမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ် တပ်မ ၃၃၊ ခမရ ၁၂ တို့အကြား ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ကျဆုံးသူမရှိ​ကြောင်း၊ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ရှိမရှိဆိုတာကို မသိရသေးကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆို​ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ မေလ ၄ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်​ကောင်စီဖွင့်မည့် ​ကျောင်းမတက်ဘဲ ပညာသင်ကြားနိုင်​ရေး အ​ထောက်အကူပြုရန် ကြားကာလ ပညာ​ရေး အ​ထောက်အကူပြု​ကော်မတီ(ကျိုက်ထို...
08/05/2021

စစ်​ကောင်စီဖွင့်မည့် ​ကျောင်းမတက်ဘဲ ပညာသင်ကြားနိုင်​ရေး အ​ထောက်အကူပြုရန် ကြားကာလ ပညာ​ရေး အ​ထောက်အကူပြု​ကော်မတီ(ကျိုက်ထိုမြို့နယ်) ဖွဲ့စည်း။

08/05/2021

ဘယ်ကောင်သေရဲလဲ အကုန်ထွက်ခဲ့လေပြောခဲ့တဲ့သူတွေ ခုတော့😂😂😂

Video အဟောင်းပေမယ်.ဘယ်အချိန်ကြည့်ကြည့် အားရဝမ်းသာတယ် 👏👏

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၇ ဦးအား ကျိုက်မရော အကျဉ်းထောင် သို့ ယနေ့ညနေ ၄နာရီနောက်ပိုင်းတွင် ပို့ဆောင်လိုက်သည် ဟုသ...
22/03/2021

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၁၇ ဦးအား ကျိုက်မရော အကျဉ်းထောင် သို့ ယနေ့ညနေ ၄နာရီနောက်ပိုင်းတွင် ပို့ဆောင်လိုက်သည် ဟုသိရ။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်အာဏာရှင် တပ်သာများအတွက် ရိက္ခာသည်ယူပို.ဆောင်နေသည်အပေါ် လုံးဝသည်ခံမည်မဟုတ်ကြောင်  KNU တပ်မဟာ...
21/03/2021

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်အာဏာရှင် တပ်သာများအတွက် ရိက္ခာသည်ယူပို.ဆောင်နေသည်အပေါ် လုံးဝသည်ခံမည်မဟုတ်ကြောင် KNU တပ်မဟာ ၅ မှ (မြန်မာ ကရင် ထိုင်း အဂ်လိပ်) ၄ဘာသာဖြင့်စာထုတ်ပြန်ထားပါတယ်

တပ်ကဖမ်းသွားတဲ့ မွန်ပြည်နယ် ဝန်ကြီးသုံးဦး ပျောက်ဆုံးနေ~~~~~■ စစ်တပ် အာဏာသိမ်းတဲ့ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွန်ပြည်နယ် ဝ...
03/02/2021

တပ်ကဖမ်းသွားတဲ့ မွန်ပြည်နယ် ဝန်ကြီးသုံးဦး ပျောက်ဆုံးနေ
~~~~~
■ စစ်တပ် အာဏာသိမ်းတဲ့ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွန်ပြည်နယ် ဝန်ကြီးသုံးဦးကို အခုအချိန်ထိဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီးနောက် လက်ရှိ အစိုးရဝန်ထမ်းအိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာပါ။

ဒါပေမဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ သုံးယောက်ကတော့ ဒီနေ့ စစ်အာဏာသိမ်းတဲ့ သုံးရက်မြောက်နေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောပါတယ်။

“သတင်းရထားတာကတော့ သုံးယောက်လောက်ကျန်သေးတယ်။ ဒါပေမယ့် ဒီမနက်အထိတော့ ဘာမှမသိရသေး” လို့ ဒေါက်တာအေးဇံက RFA ကိုပြောပါတယ်။

အစိုးရ ဝန်ကြီးအိမ်ရာမှာ နေအိမ်အကျယ်ချုပ် ချုပ်ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာအေးဇံက “အခုကတော့ အပြင်ထွက်လို့တော့ မရဘူး။ အိမ်ထဲမှာပဲ နေရတယ်”လို့ပြောပါတယ်။

သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း မိသားစုဝင်နဲ့နီးစပ်သူတွေကလည်း သူတို့နဲ့ အဆက်အသွယ်မရသေးဘူးလို့ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီတာဝန်ရှိသူတဦးကလည်း “စုံစမ်းကြည့်သလောက်တော့ မနေ့ကညနေအထိတော့ ပြန်မရောက်သေးဘူးလို့ သိထားတယ်။ ဒီမနက်အထိ ဆက်သွယ်ကြည့်တယ်။ အခုထိ ဆက်သွယ်လို့မရသေးဘူး”လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ပိုင်းက တပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးခဲ့ပြီးနောက် အစိုးရဝန်ထမ်းအိမ်ရာတွေမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

RFA

ပဒိုမန်းငြိမ်းမောင်နှင့် မပတ်သက်တော့ကြောင်း KNU ကြေညာဧရာဝတီ၊ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၁စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး က...
03/02/2021

ပဒိုမန်းငြိမ်းမောင်နှင့် မပတ်သက်တော့ကြောင်း KNU ကြေညာ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၃ ၊ ၂၀၂၁

စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွင် အမည်ပါဝင်နေသော ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မပတ်သက်ကြောင်း KNU ဗဟိုက ဖေဖော်ဝါရီလ ၃ ရက်တွင် ကြေညာလိုက်သည်။

ပဒိုမန်းငြိမ်းမောင်သည် KNU ဗဟို အမြဲတမ်းကော်မတီမှ မိမိဆန္ဒအလျောက်နှုတ်ထွက်ထားသူ ဖြစ်ပြီး KNU အဖွဲ့ဝင်အဖြစ်ကလည်း နှုတ်ထွက်ထားသူဖြစ်ကြောင်း KNU ဗဟို၏ ကြေညာချက်တွင် ဖော်ပြထားသည်။

KNU သည့် တပ်မတော်၏ အာဏာသိမ်း လုပ်ရပ်အား ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုထားသည်။
ဧရာဝတီ

နေပြည်တော်က လမ်းမကြီးတွေပေါ်မှာ စစ်တပ်ယာဉ်တွေနဲ့ လုံခြုံရေးယူထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ ...
03/02/2021

နေပြည်တော်က လမ်းမကြီးတွေပေါ်မှာ စစ်တပ်ယာဉ်တွေနဲ့ လုံခြုံရေးယူထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ယနေ. ညနေ.ကမ်းနားလမ်းမွန်ပြည်နယ့်မော်လမြိုင် အခြေနေလေးပါ
03/02/2021

ယနေ. ညနေ.ကမ်းနားလမ်းမွန်ပြည်နယ့်မော်လမြိုင် အခြေနေလေးပါ

သရုပ်ဆောင် မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရေးလိုက်တဲ့စာ၈၈ တုန်းက အဖေ တို့ဆန့်ကျင်ခဲ့ပြီးပြီအခု ၂၀၂၁ မှာ...
03/02/2021

သရုပ်ဆောင် မင်းမော်ကွန်းက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရေးလိုက်တဲ့စာ

၈၈ တုန်းက အဖေ တို့ဆန့်ကျင်ခဲ့ပြီးပြီ
အခု ၂၀၂၁ မှာတော့ ကျွန်တော်တို့အလှည့်ပါ

အာဏာရှင် စစ်အစိုးရ လုံးဝ လုံးဝ အလိုမရှိ

https://m.facebook.com/story.php?story_fbid=10219069811520501&id=1362160645
မင်းမော်ကွန်း
#မင်းမော်ကွန်း
#မိုးသောက်ကြယ်


လေးစားလျက်
wa than aung

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦးဟာ တပ်မတော်က အာဏာသိမ်းမှုကြောင့် ရာ...
03/02/2021

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MYTEL စစ်ကိုင်းဌာနခွဲမှ အင်ဂျင်နီယာစုစုပေါင်း ၇၁ဦးဟာ တပ်မတော်က အာဏာသိမ်းမှုကြောင့် ရာထူးတာဝန်တွေကိုဖေဖော်ဝါရီလ ၃ရက်နေ့မှစတင်ကာ နှုတ်ထွက်ရပ်နားလိုက်ပြီဖြစ်တယ်လို့ လက်မှတ်ရေးထိုးကာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

03/02/2021

လွှတ်တော် အစည်းအဝေးခေါ်ယူပေးရန် NLD ပါတီ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များ လက်မှတ်ထိုးတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများကို အမြန်ဆုံးနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လွှတ်တော်အစည်းအဝေး ဆက်လက်ခေါ်ယူရန် NLD ပါတီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်ကြောင်း သိရသည်။

လွတ်လပ်၍ တရားမျှတသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတဆင့် ပြည်သူများက ပေးအပ်လိုက်သည့် အခွင့်အာဏာကိုကိုင်စွဲပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရှေရှုလျက် အတည်ပြုပြီးဖြစ်သည့် ရလဒ်ကို လေးစားလိုက်နာ၍ လွှတ်တော်ဥက္ကဋ္ဌများက စနစ်တကျ စီမံဆောင်ရွက်ထားသည့် တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ဆက်လက်ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဟန့်တားပိတ်ဆို့မှုများအား ရပ်ဆိုင်းပေးရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

နိုင်ငံတကာနှင့် ပြည်တွင်းရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု အကဲဖြတ်ခဲ့ကြသည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ထောက်ခံမဲ အများစုဖြင့် ရွေးကောက်တင်မြှောက်ခံထားရသော ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အပြီးအပြတ် ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ရရှိထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာကို ရရှိထားပြီးဖြစ်သူများဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေများမှ မည်သည့်အချက်နှင့်မှ ငြိစွန်းခြင်းမရှိသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင်အခိုင်အမာတည်ရှိကြောင်း၊ ရာထူး၊ တာဝန်၊ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ (၅)နှစ် သက်တမ်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ရှိနေသ၍ ကာလပတ်လုံး မည်သူကမျှ ရုတ်သိမ်းခွင့် မရှိကြောင်းထောက်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်၍ အာဏာသိမ်းခဲ့ခြင်းသည် နုနယ်သည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆောင်ရွက်နေသည့် အမျိုသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ကြောင်း ပြန်စေပြီး အဆိုးကျော့သံသရာလည်စေသည့် လုပ်ဆောင်ချက်သာလျှင်ဖြစ်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် ကော်မရှင်များနှင့် မဲရုံတစ်ရုံချင်းအလိုက် ပါတီအသီးသီး၏ မဲရုံကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ မဲဆန္ဒရှင် သက်သေများ၏ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့သော အတည်ပြုပြီးဖြစ်သည့် မဲရလဒ်နှင့် မဲစာရင်း မှားယွင်းမှုရှိသည်ဟူ သော အကြောင်းပြချက်ဖြင့် မဲမသမာမှု ဖြစ်နိုင်ခြေရှိသည်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်ကို ပျက်ဖျက်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို ထိပါးပယ်ဖျက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူ၍ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအား ဖျက်သိမ်းခဲ့ခြင်းကို မိမိတို့က ဆန့်ကျင်ပြီး ဦးဝင်းမြင့်သာလျှင် နိုင်ငံတော်သမ္မတဖြစ်ကြောင်း အခိုင်အမာလက်ခံသည်ဟု NLD ပါတီ ကိုယ်စားလှယ်များ၏ လက်မှတ်ရေးထိုးတောင်းဆိုချက်တွင် ဖော်ပြထားသည်။(S -08)

01/09/2020

သထုံမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသူ ထံမှ WY ဆေးပြား ၇၀၀ကျော် ဖမ်းဆီးရမိ

သထုံ၊ သြဂုတ် ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ မြသပိတ်ဘုရားလမ်းမှာ သြဂုတ်လ ၃၁ ရက်နေ့ ၊နေ့လည်ပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ် ၂ ဦးထံမှ WY ဆေးပြား ၇၇၀ ပြားအား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်မှုခင်းအကူဌာနစုထံမှ သိရပါတယ်။

သထုံမြို့နယ်မှာ မူးယစ်ဆေးဝါးသတင်းအရ ပြည်နယ်မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်လင်းနှင့်ရဲတပ်ဖွဲ့များသည် မြသပိတ်ဘုရားလမ်း ရွှေချောင်းကျောင်းတိုက်အနီးတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်ဖြင့်လာသူ လူငယ် ၂ ဦးအား စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

"သတင်းရလို့ စောင့်ဖမ်းတဲ့အခါမှာ ဆေးပြားတွေကို ဆိုင်ကယ်တူးဘောက်အတွင်းကနေ ဖမ်းဆီးရမိခဲ့တာပါ''ဟု ပြည်နယ်မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်လင်းကပြောပါတယ်။

ဖြစ်စဉ်မှာ ဆိုင်ကယ်ဖြင့်လာသူ ၂ဦးဖြစ်ကြတဲ့ဘုရားကြီးတောင်ဘက် သိမ်ကုန်းရပ်နေသူ သူရိန်စိုး (ခေါ်) ဖိုးသား နှင့် နတ်ကျွန်း ၃ လမ်း၊ လိပ်အင်းရပ်ကွက်နေ ထူးထက်အောင် (ခေါ်) အာနိုး တို့ကို စစ်ဆေးရာ သူရိန်စိုး ရဲ့ဆိုင်ကယ်တူးဘောက်အတွင်းမှ အနက်ရောက်မီးတိပ်ဖြင့် ပတ်ထားသော ကြွပ်ကြွပ်အိတ်ထဲမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၆၃ ပြား၊ အစိမ်းရောင် ၇ ပြား၊ စုစုပေါင်း ၇၇၀ ပြား၊ ကာလတန်ဖိုး ၃၈ သိန်း ၅ သောင်းကျပ်ခန့်အား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သူရိန်စိုး (ခ) ဖိုးသားနှင့် ထူးထက်အောင် (ခ) အာနိုးတို့ ၂ ဦးအား သထုံမြို့မရဲစခန်းမှ မယ (ပ) ၃၆/၂၀၂၀၊ မူး/ စိတ်ပြောင်းပုဒ်မ ၁၉ က/ ၂၁ အရ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရာမညတိုင်း(မ်)သတင်းအေဂျင်စီ

01/09/2020
31/08/2020


မော်လမြိုင်၊ ဩဂုတ် ၃၁







မွန်ပြည်နယ်အတွင်းရှိ ဈေးတွေမှာ Maskတပ်ဖို့အတွက် မကြပ်မတ်နိုင်ပါက ဝန်ထမ်းတွေကိုအရေးယူမည်

မော်လမြိုင်၊ ဩဂုတ် ၃၁

မွန်ပြည်နယ်အတွင်းရှိ ဈေးတွေဟာဆိုရင် COVID-19ရောဂါကြောင့် သင်္ကြန်မတိုင်မီကာလအတွင်းက စားသောက်ကုန်ဈေးတွေသာ ဖွင့်ပြီးကျန်တဲ့ဈေးတွေကို ဧပြီလကုန်ထိ ပိတ်ထားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ဖြေလျော့မှုအနေဖြင့်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်နဲ့အညီ ဈေးဆိုင်တွေ၊စားသောက်ကုန်ဈေးတွေကို ဖွင့်လှစ်ရောင်းချခွင့် ပြုထားတာပါ။

အရင်က ဈေးအတွင်း ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်ကို လိုက်နာမှုရှိပေမယ့် နောက်ပိုင်းမှာတော့ လိုက်နာမှု အားနည်းလာကြောင်း၊ အခုလိုလိုက်နာမှု အားနည်းတဲ့အတွက် အရင်းကသတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေအစား ပြစ်ဒဏ်တွေကို ထပ်မံတိုးမြှင့်ထားကြောင်းနဲ့ အခုလို ပြစ်ဒဏ်တွေတိုးမြှင့်ထားတဲ့အပြင် ဈေးတွေမှာ Maskတပ်ဖို့အတွက် မကြပ်မတ်နိုင်ပါက ဝန်ထမ်းတွေကိုပါ အရေးယူသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့မှစည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဦးမင်းကျော်လွင်က ပြောပါတယ်။

``ဈေးတွေမှာ Maskလာတဲ့လူတိုင်း Maskတပ်ဖို့ကြီးကြပ်ဆောင်ရွက်သွားဖို့၊ ကြီးကြပ်မှုအားနည်းတယ်လို့ ရှောင်တခင်ဝင်စစ်လို့ တွေ့ခဲ့မယ်ဆိုရင် အဲ့ဒီကြီးကြပ်တဲ့ ဝန်ထမ်းကို အရေးယူဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကို မနေ့က စာထုတ်ထားတယ်၊Social Distancingက လူတိုင်းမှာ တာဝန်ရှိတဲ့အတွက် အဲ့ဒါကို ဆော်ဩသွားပေးဖို့ပေါ့၊ ပြီးလို့ရှိရင် ဗဟိုက ကျန်းမာရေးက ညွှန်ကြားချက်တွေသမ္မတရုံးက ညွှန်ကြားချက်တွေ အားလုံးကို တစ်နေ့ကို (၃)ကြိမ် အနည်းဆုံး လက်ကိုင်အသံချဲ့စက်နဲ့ဆော်ဩပေးဖို့ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ ထပ်ပြီးတော့ အမိန့်စာထုတ်ထားတယ်´´လို့ ဝန်ကြီးဦးမင်းကျော်လွင်က ဆိုပါတယ်။

ဒါ့အပြင် ဈေးအတွင်း Maskမတပ်ပဲဝင်ပါကဒဏ်ငွေ (၃၀၀၀)ကျပ် ပေးဆောင်ရမှာဖြစ်ကြောင်း၊ဈေးရောင်းချနေသူတွေအနေဖြင့် Maskမတပ်ပါကပထမအကြိမ် ဆိုင်ခန်းကို (၅)ရက်ပိတ်မှာဖြစ်ပြီးဒုတိယအကြိမ် စည်းကမ်းမလိုက်နာပါက (၁)လပိတ်မှာဖြစ်ကြောင်းနဲ့ တတိယအကြိမ် မလိုက်နာပါကဈေးဆိုင်တွေကို လုံးဝပိတ်သိမ်းသည် အထိအရေးယူသွားမယ်လို့ သိရပါတယ်။

လက်ရှိဈေးတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာနိုင်ဖို့အတွက် ဩဂုတ်လ(၂၄)ရက်နေ့မှ စတင်ကာ လုပ်ဆောင်နေပြီးဖြစ်ကြောင်း၊ ဈေးအရှေ့တွေမှာလည်း အသိပေးဗီနိုင်တွေ၊ လက်ဆေးနေရာတွေ၊ Hand Gelတွေကို ပြန်ထားရှိဖို့ညွှန်းကြားထားကြောင်းနဲ့ ဈေးအတွင်း ရောင်းချသူတွေ၊ လာရောက်ဝယ်ယူသူတွေကို Maskတပ်ဖို့ အစောင့်တွေထားရှိပြီး စောင့်ကြည့်သွားမှာ ဖြစ်သလို Maskမပါသူတွေကိုလည်း ဈေးအရှေ့မှာ ရောင်းချပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရာမညတိုင်း(မ်)သတင်းအေဂျင်စီ

Covid ကာလမှာတောင် ပေါင်မြို့နယ် သဲဖြူကုန်း သိုးကျရွာနားမှာ ကြက်ဝိုင်းတွေစီကားနေလိုက်တာ။တာဝန်ရှိသူတွေကို ပေးထားကမ်းထားလို...
30/08/2020

Covid ကာလမှာတောင် ပေါင်မြို့နယ် သဲဖြူကုန်း သိုးကျရွာနားမှာ ကြက်ဝိုင်းတွေစီကားနေလိုက်တာ။
တာဝန်ရှိသူတွေကို ပေးထားကမ်းထားလို့နေမယ်


မုဒုံမြို့နယ်မှာ မူးယစ်ဆေးဝါးနှင့် လက်လုပ်သေနတ် ဖမ်းဆီးရမိမုဒုံ ၊ သြဂုတ် ၂၉မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာအ...
29/08/2020

မုဒုံမြို့နယ်မှာ မူးယစ်ဆေးဝါးနှင့် လက်လုပ်သေနတ် ဖမ်းဆီးရမိ

မုဒုံ ၊ သြဂုတ် ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာအုပ်စု ရှိကော့ခဗွီးကျေးရွာအတွင်းမှာ သြဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၅နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးနှင့်လက်လုပ်သေနတ်တစ်လက် ဖမ်းဆီးရမိခဲ့တယ်လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အခုလို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မုဒုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲနိုင်ဦးအားမေးမြန်းရာမှာတော့ "ကျနော်က ပုံမှန်တာဝန်အရ နယ်ထိန်းအဖွဲ့တွေနဲ့ မုဒုံမြို့မရဲစခန်းအပိုင်နယ်မြေထဲမှာ လှည့်ကင်းဆောင်ရွက်နေတုန်း မှိန်းကနိမ်းကျေးရွာအုပ်စု ကော့ခဗွီးကျေးရွာ စမ်းဘုရားအနီးအရောက်မှာ မသင်္ကာဖွယ်ကောင်းတဲ့ မောင်အောင်ကိုလွင်(၂၀) နှစ်ကို တွေ့ရတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်မှာ ရှာဖွေတဲ့အခါ အောင်ကိုလွင် ဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းကနေပြီး WY+R စာတမ်းပါတဲ့ စိတ်ကြွ မူးယစ်ဆေးပြား ၂၃ ပြားကိုတွေ့ရှိရခဲ့ပြီး အဲ့ဒီကမှတဆင့် ကော့ခဗွီးကျေးရွာနေ ကိုနေဝင်းစိုး(၃၇) နှစ်၏ နေအိမ်၌ လက်လုပ်သေနတ်ရှိတယ်လို့ သတင်းရတာကြောင့် သွားရောက်ရှာဖွေခဲ့တဲ့အခါမှာတော့ ကိုနေဝင်းစိုးကိုလည်း လက်လုပ်သေနတ်တစ်လက်နဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်" ဟု မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရဲနိုင်ဦးမှဆိုသည်။

လက်ရှိမုဒုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့်လက်လုပ်သေနတ်တစ်လက် ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ဒုရဲအုပ် ရဲနိုင်ဦးက တရားလိုပြုလုပ်ကာ မူးယစ်ဆေးဝါး(၂၃) ပြား လက်ဝယ်တွေ့ရှိတဲ့ အောင်ကိုလွင်(၂၀) နှစ်ကို မုဒုံမြို့မရဲစခန်းမှ မူယစ်(ပ)၆၂/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသလို လက်လုပ်သေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးရမိတဲ့ နေဝင်းစိုး (၃၇) နှစ်ကိုတော့ (ပ)၁၅၂၆/၂၀၂၀ လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့အမှုဖွင့်အရေးယူဆောင်ရွက် ထားတယ်လို့ သိရသည်။


29/08/2020
29/08/2020

သို့

မွန်ပြည်နယ်၊၀န်ကြီးချုပ်ဒေါက်တာအေးဇံနှင့်စည်ပင်၀န်ကြီးဌာနမှ သက်ဆိုင်ရာတာ၀န်ရှိသူများသိစေရန်တင်ပြလိုပါသည်။

အကြောင်းအရာ။ ။ယခုလက်ရှိအခြေ‌ေနသည် ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံး အခက်ခဲ အကျပ်တည်းများနှင့်ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ပါသည်။ယ္ခုလိုအချိန်မျိုးတွင် ပြည်နယ်တွင်းဈေးများ၌ဈေးရောင်းချနေသူများထံမှ အခွန်များအတင်းအကျပ်ကောက်ခံနေခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော မေးခွန်းထုတ်စရာဖြစ်လာပါပြီ။အစိုးရအနေဖြင့်လဲ ပြည်သူများအခက်ခဲ အကျပ်တည်းများလျော့ကျစေရန်ရည်ရွယ်၍ မီတာခများ၊အခွန်များထောက်ပံ့ငွေများပေးအပ်နေချိန်တွင် စည်ပင်၀န်ကြီးဌာနအနေဖြင့် အခွန်များအားလျော့ချပေးသင့်သည်ဟုယူဆမိပါသည်။ဈေးသယ်များအနေဖြင့် ယ္ခုကျရောက်နေသော ကပ်ဆိုးကြီးအတွင်း၌ဈေးရောင်းဈေး၀ယ်ကောင်းကြသည်များမဟုတ်သည်ကို လူကြီးမင်းတို့သိရှိပြီးဖြစ်ပါသည်။Covid_19စတင်ဖြစ်ပေါ်ချိန်တွင်လည်း ဈေးများယာယီပိတ်သိမ်းခဲ့၍ဆိုင်များနားထားပေးခဲ့ရပါသည်။ပြန်လည်‌ေရာင်းချခွင့်ပြုခဲ့သည်မှာလည်းမ‌ကြာေသးပေ။အချို့သောဈေးသည်များမှာ ကိုယ်ပိုင်ဆိုင်ခန်းမဟုတ်ပဲ မိသားစုအဆင်ပြေစေရန် ဆိုင်ခန်းဌားရမ်းရောင်းချခြင်းဖြစ်ပါသည်။မောင်ငံဈေး အတွင်းဈေးဆိုင်ခန်းများမှ အခွန်ကောက်ခံခြင်းဖြစ်ပြီး လမ်းဘေးဈေးသည်များနှင့်ဈေးတွင်းပျံကျများမှာ ကင်းလွတ်ခွင့်ရနေခြင်းမှာကော တရားမျှတပါသလား?ဆိုင်ခန်းပိုင်ရှင်များသည် ဈေးပြန်လည်တည်ဆောက်စဉ်ကမှ စည်ပင်ဌာနသို့ လစဉ်အရစ်ကျပေးဆပ်ခဲ့ရသူများဖြစ်ပါသည်။
ထို့အပြင် ဈေးရောင်းနေသူများဖြစ်၍ အစိုးရမှထောက်ပံ့သော ဆန်၊ဆီ၊ဆားများမရရှိခဲ့သည့်အပြင် အစိုးရမှထပ်မံထောက်ပံသော ၂၀၀၀၀ကျပ်လဲ မရရှိခဲ့ကြပါ။ဤကဲ့သို့ခံစားခဲ့ရသောဈေးသယ်များအပေါ် ထပ်မံ၍အခွန်ကောက်ခံခြင်းသည် ဈေးသည်များအပေါ်မတရားဖိနိပ်လွန်းရာကျသည်ဟု ထင်မြင်ခံစားမိပါသည်။ယ္ခုအချိန်ခါသည် Covid_19 ဒုတိယလှိုင်း အစပြုချိန်လည်းဖြစ်ပါသည်။
သို့တွက်ကြောင့် သက်ဆိုင်ရာ တာ၀န်ရှိ လူကြီးများအနေဖြင်၎င်းးကိစ္စအားပြန်လည်စီစစ်၍ Covid_19ကာလအတွင်း ယာယီအခွန်ကင်းလွတ်ခွင့်ပြုပေးပါရန် လေးစားစွာအသိပေးတင်ပြလိုက်ပါသည်။
လေးစားစွာဖြင့်
ကျော်ထက်စံ

29/08/2020

ကမာဝက်မြို့ သံသယလူနာ
Negative ပါလို့ သိရ။

#အမွှာညီနောင်

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
29/08/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၃၂)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၈၅)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၄၈)ခု၊
- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခုတို့တွင်-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိခဲ့ရပါသည်။

၂။ (၂၉-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆၅၆)ဦး ရှိပြီ ဖြစ်ပါသည်။

၃။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ (ပထမ+ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၂၀၂) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ (ပထမ+ဒုတိယအသုတ်)
ဓာတ်ခွဲနမူနာ (၄၄၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (ပထမ+ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၃၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၉၄) ခု စုစုပေါင်း (၂,၅၃၅)ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။


, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

ဘီးလင်းမြို့ရဲ့ အဆင့်မြင့်Quarantineစင်တာကြည့်ကြပါအုံ================သပြေနီးကျေးရွာ ဘီးလင်းမြို့နယ်ရဲ့ အဆင့်မြင့်Qစင်တာေ...
29/08/2020

ဘီးလင်းမြို့ရဲ့ အဆင့်မြင့်Quarantineစင်တာကြည့်ကြပါအုံ
================

သပြေနီးကျေးရွာ ဘီးလင်းမြို့နယ်ရဲ့ အဆင့်မြင့်Qစင်တာလေးပါ ဆိုပြီ ရင်ဖွင့်လာတဲ့ ရခိုင်ပြန်သူ၁ဦး။

အိမ်သာမရှိ၊စားစရာမရှိ၊ မိုးရွာမှရေချိုး ဆိုတဲ့ Quarantine
စင်တာ။

https://www.facebook.com/groups/345202809400305/permalink/697903184130264/

မွန်ပြည်နယ်အတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများနှင့်အသွားအလာကန့်သတ်ထားသောနေရာများတွင်ထားရှိသူများ၏ဓာတ်ခွဲနမူနာစစ...
28/08/2020

မွန်ပြည်နယ်အတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများနှင့်အသွားအလာကန့်သတ်ထားသောနေရာများတွင်ထားရှိသူများ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုအဖြေသိပေးကြေညာခြင်း

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မော်လမြိုင်မှ Case-482 ၏ ကျန်ရှိသည့်နာရေးအိမ်မှ Contact တစ်ဦး၏ ပထမအကြိမ် ဓါတ်ခွဲအဖြေသည်လည်း Negative ပါ ခင်ဗျာ။Zin moe
28/08/2020

မော်လမြိုင်မှ Case-482 ၏ ကျန်ရှိသည့်
နာရေးအိမ်မှ Contact တစ်ဦး၏ ပထမအကြိမ်
ဓါတ်ခွဲအဖြေသည်လည်း Negative ပါ ခင်ဗျာ။
Zin moe

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၈-၈-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
28/08/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၈-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၄၇၀)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၆၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၉၄) ခု၊

- စုစုပေါင်း (၁,၃၃၄)ခု အား ယနေ့၊ ညတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိရပါသည်။

၂။ (၂၈-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆၄၃) ဦးရှိပြီပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၄၉) ဦး ရှိပါသည်။
၎င်းတို့အနက် (၃၃၉) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၂၇-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၈-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၁) ဦးရှိပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

(မော်လမြိုင်တက္ကသိုလ်CBFQ) ၅လပြည့်~~~~~~~~~~~~~~~~၂၅.၈.၂၀၂၀ မော်လမြိုင်တက္ကသိုလ်ဆယ်မြို့နယ် Community Based Facility Qua...
28/08/2020

(မော်လမြိုင်တက္ကသိုလ်CBFQ) ၅လပြည့်
~~~~~~~~~~~~~~~~
၂၅.၈.၂၀၂၀ မော်လမြိုင်တက္ကသိုလ်ဆယ်မြို့နယ် Community Based Facility Quarantine Centre ကြီးရဲ့ ၅လပြည့်သွားပါပြီ၊
၂၈.၃.၂၀၂၀ မှစတင်၍ အခက်အခဲပေါင်းမြောင်းများစွာဖြင့် ကိုယ့်တိုင်းရင်းသား ပြည်သူများအတွက်

စေတနာ့ ဝါသနာ အနှစ်နာခံပြီ စိတ်ညစ်စရာများ
၊စိတ်ပျက်စရာများ ၊ပျော်ရွှင်မှုများဖြင့် ရင်ဆိုင်ကျော်လွှား
ဖြေရှင်း ကူညီနေသော မော်လမြိုင်တက္ကသိုလ်CBFQအဖွဲ့သာများအား လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည်။

#ထွေအုပ်၊
#ဌာဆိုင်ရာများ
#ရဲတပ်ဖွဲ့
#ကျန်းမာရေးအဖွဲ့
#မီးသတ်အဖွဲ့၊ #အရန်မီးသတ်အဖွဲ့
#မြို့နယ်ကြက်ခြေနီအဖွဲ့
#ဈေးကြိုရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့
#ဘိုဘိုဝင်းRescueအဖွဲ့
#တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့များ

မွန်ပြည်နယ်မှ ကိုယ်စားလှယ်လောင်း တင်သွင်သူတစ်ဦးကို မိဘ(၂)ပါးနိုင်ငံသား မဖြစ်တဲ့အတွက်ကိုယ်စားလှယ်လောင်းစားရင်မှ ပယ်ဖျက်မေ...
28/08/2020

မွန်ပြည်နယ်မှ ကိုယ်စားလှယ်လောင်း တင်သွင်သူတစ်ဦးကို မိဘ(၂)ပါးနိုင်ငံသား မဖြစ်တဲ့အတွက်ကိုယ်စားလှယ်လောင်းစားရင်မှ ပယ်ဖျက်

မော်လမြိုင်၊ သြဂုတ် ၂၇

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အခုလိုထုတ်ပြန်ပြီး နောက်မှာတော့ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာတွေကို ဇူလိုင်လ (၂၀)ရက်နေ့မှ စတင်ကာ သြဂုတ်လ (၇)ရက်နေ့အထိ ခွင့်ပြုခဲ့တာပါ။

အခုလို ကိုယ်စားလှယ်လောင်း တင်သွင်းတာတွေကိုခွင့်ပြုပြီးတဲ့နောက်မှာတော့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာ စိစစ်တာတွေကိုဩဂုတ်လ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့ထိ ပြုလုပ်ခဲ့ကြောင်း၊ ကိုယ်စားလှယ်လောင်းတွေကို စိစစ်တဲ့ကာလမှာ ကန့်ကွက်သူမရှိကြောင်းနဲ့ နောက်ပိုင်းကိုယ်စားလှယ်လောင်းရဲ့ နောက်ကြောင်းရာဇဝင်ကိုလိုက်ချိန်မှာ မိဘ(၂)ပါး နိုင်ငံသားမဖြစ်တဲ့အတွက်ကိုယ်စားလှယ်လောင်းတစ်ဦးကို စားရင်မှ ပယ်ဖျက်ရတာဖြစ်တယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးဟိဏ်လင်းထက်က ပြောပါတယ်။

``ကိုယ်စားလှယ်လောင်းစိစစ်ပြီးတော့ ဒီမှာကန့်ကွက်သူ မရှိဘူးဆိုပြီးတော့ တင်လိုက်တယ်သို့သော်လည်း ကိုယ်စားလှယ်လောင်းတွေရဲ့နောက်ကြောင်းရာဇဝင်ကို လဝကတို့၊ စသုံးလုံးတို့၊SBတို့ စသည်အားဖြင့် နောက်ကြောင်းရာဇဝင်ကိုလိုက်ပါတယ်၊ စိစစ်တော့ မွန်ပြည်နယ်မော်လမြိုင်ခရိုင်မှာ တင်သွင်းထားတဲ့ တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်က ကျိုက်မရောမြို့ ပြည်နယ်(၁)က တစ်ယောက်ကတော့ ဘာနဲ့ငြိစွန်းလဲဆိုတော့ မွေးဖွားစဉ်မှာ မိဘ(၂)ပါးက နိုင်ငံသားမဖြစ်တဲ့ကိစ္စနဲ့ပေါ့၊ ဒါတွေက ဥပဒေနဲ့ငြိစွန်းတဲ့အတွက်ကြောင့်သက်ဆိုင်ရာ ခရိုင်ကနေ တာဝန်အရ ခေါ်ယူရှင်းလင်းပြီးတော့ အခုဏကပြောတဲ့ စာရင်းကိုပယ်ဖျက်ကြောင်းဆိုပြီးတော့ ပြည်ထောင်စုကို မနေ့က တင်ထားတာဖြစ်ပါတယ်လို့ ဦးဟိဏ်လင်းထက်က ပြောပါတယ်။

အခုလို ကိုယ်စားလှယ်လောင်း အဖြစ်မှပယ်ဖျက်ခံရတာနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကနေ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမောင်မောင်က ``ခရိုင်ကော်မရှင်ကပြည်ထဲရေးဝန်ကြီးဌာနက နေပြီးတော့ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်မီဘူးဆိုပြီး ပေးတဲ့စာဖတ်ပြတယ်၊ ကျွန်တော်အဖေက (အမတ)AG မှတ်ပုံတင်ကို ကျောင်းသားအရွယ်ထဲက ကိုင်တာပေါ့နော်၊ အဲ့ဒီတုန်းက မွန်ပြည်နယ်တစ်နယ်လုံးဟာ AGပဲပေးထားတာပဲ ဘယ်လိုဖြစ်လို့ကျွန်တော်နိုင်ငံသား အရည်အချင်းမပြည့်မီရတာလည်းပေါ့၊ အခုက အကြောင်းပြချက် ခိုင်လုံမှုလည်းမရှိပဲနဲ့ ကျွန်တော်ကို မူဆလင်ဖြစ်လို့ ပယ်လိုက်တာပဲ ဒါဒဲ့ပြောလို့ရတာပေါ့၊ ကျွန်တော်ကို မူဆလင်ဖြစ်လို့ အချိန်ကပ်မှ ကပ်ပြီးဖြုတ်လိုက်တဲ့သဘောပဲ၊ ဒါဟာလုံးဝမတရားဘူး၊ ဥပဒေလည်းမညီညွတ်ဘူးပေါ့၊ ဒါရှင်းရှင်းပြောရင် ကော်မရှင်ကိုယ်တိုင်က လုပ်ထုံးလုပ်နည်းသိရဲ့သားနဲ့ ဥပဒေနဲ့မညီဘူး၊ သူတို့ကိုယ်တိုင် ဥပဒေချိုးဖောက်တာပဲကျွန်တော်ဒီလိုပဲမြင်တယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ပုံစံ(၆)နဲ့တင်သွင်းသူ အားလုံးပေါင်း (၃၀၆)ဦးရှိကြောင်း၊ အဲ့ဒီ(၃၀၆)ဦးထဲမှ ရုပ်သိမ်းသွားတာ (၃)ဦးရှိပြီး စုစုပေါင်း(၃၀၃)ဦး ကျန်ရှိကြောင်းနဲ့ လက်ရှိမှာ ကိုယ်စားလှယ်လောင်းတစ်ဦးကို ပယ်ဖျက်လိုက်တဲ့အတွက် (၃၀၂)ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

လက်ရှိ မွန်ပြည်နယ်အတွင်း ဝင်ရောင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းအနေဖြင့် ပြည်သူလွှတ်တော်က (၆၅)ဦးနဲ့ အမျိုးသားလွှတ်တော်က (၇၈)ဦးရှိကြောင်း၊ အဲ့ဒီအပြင် ပြည်နယ်လွှတ်တော်က (၁၃၆)ဦး၊ ဗမာ(၇)ဦး၊ ကရင်(၈)ဦးနဲ့ ပအိုဝ်း(၈)ဦးရှိကြောင်းနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီအနေဖြင့် (၁၇)ပါတီနဲ့ တစ်သီးပုဂ္ဂလ (၁၁)ဦးရှိတယ်လို့ သိရပါတယ်။

Photo-Maung Maung

သံဖြူဇရပ်တပ်နယ်မှဦးဆောင်၍  တပ်မတော်သားများ သံဖြူဇရပ်မြို့နယ်မှ မြို့ခံပြည်သူများစစ်ဘက်-နယ်ဘက် ပူးပေါင်းကာမိဘပြည်သူများအ...
19/08/2020

သံဖြူဇရပ်တပ်နယ်မှဦးဆောင်၍ တပ်မတော်သားများ
သံဖြူဇရပ်မြို့နယ်မှ မြို့ခံပြည်သူများ
စစ်ဘက်-နယ်ဘက် ပူးပေါင်းကာ
မိဘပြည်သူများအတွက် ၁၉-၈-၂၀၂၀ ရက်နေ့က
မော်လမြိုင်ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင်
စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။

Photo BG Kyaw Oo

#အမွှာညီနောင်

၁၀ တန်းကျလို့ ကလေးမလေးက ဖားပြတောင်ပေါ်က ခုန်ချတာဟု ကနဦးသိရလူနာ ကလေးမလေးအား ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့  မြတ်မေတ္တာမ...
19/08/2020

၁၀ တန်းကျလို့ ကလေးမလေးက
ဖားပြတောင်ပေါ်က ခုန်ချတာဟု ကနဦးသိရ

လူနာ ကလေးမလေးအား
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့
မြတ်မေတ္တာမွန် လူမှုကူညီရေးအသင်းမှ မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ကူညီ။လူနာအခြေအနေအဝါရောင်အဆင့်။

မုဒုံမြို့နယ်မှာ ဖဲရိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသမီး ၁၀ ဦးအား အမှုဖွင့်အရေးယူမုဒုံ၊ သြဂုတ် ၉မွန်ပြည်နယ် မုဒုံမြို့န...
09/08/2020

မုဒုံမြို့နယ်မှာ ဖဲရိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသမီး ၁၀ ဦးအား အမှုဖွင့်အရေးယူ

မုဒုံ၊ သြဂုတ် ၉

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တံခွန်တိုင်ကျေးရွာမှာဖဲရိုက်လောင်းကစားပြုလုပ်နေသူ အမျိုးသမီး ၁၀ ဦးကို သြဂုတ်လ ၉ ရက်နေ့က အမှုဖွင့်လှစ်အရေးယူထားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မုဒုံမြို့နယ်ရှိ တံခွန်တိုင်ကျေးရွာမှာ
လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မုဒုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တံခွန်တိုင်ကျေးရွာရှိ ဒေါ်အေးစန်း ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဒေါ်အေးစန်း၊ ဒေါ်အေးသန္တာ၊ ဒေါ်လုံးပု ၊ဒေါ်စန္ဒာဝင်းနှင့်ဒေါ်တင်ရီတို့ (၅)ဦးအား အိမ်၏ ဘုရားခန်း၌စုပေါင်းဝိုင်းထိုင်ပြီး ဆယ်တွဲ လောင်းကစားနည်းဖြင့်လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်းနဲ့ အဲ့ဒီအပြင် လောင်းကစားပြုလုပ်ရန် ရောက်ရှိနေကြသော ဒေါ်မိုးမိုး၊ ဒေါ်နော်မူ၊ဒေါ်လှကြည်၊ဒေါ်ချောချောနှင့် ဒေါ်မေဇင်ဦးတို့ကိုပါတွေ့ရှိရသည့်အတွက် ဖမ်းဆီးအရေးယူခဲ့တယ်လို့သိရသည်။

လက်ရှိ ဖဲရိုက်လောင်းကစားပြုလုပ်ရာမှာဖမ်းဆီးရမိမှုသက်သေခံပစ္စည်းတွေ အနေဖြင့် ဖဲရိုက်ရာမှာအသုံးပြုတဲ့ (၅၂) ချပ်ပါအနီရောင် ဖဲထုပ်တစ်ထုပ်၊ဝိုင်း၌စုပုံထားသည့် လောင်းကြေငွေ (၁၀၀၀၀)ကျပ်၊ ငွေအကြွေဇယ်အဖြစ် အသုံးပြုသည့် တြိဂံပုံစံ ဖဲချပ် အချပ် ၃၀ နှင့် လောင်းကစားပြုလုပ်နေကြသူများထံမှ ငွေစက္ကူရောရာစုစုပေါင်း (၇၄၅၀၀) ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရသည်။

အခုလို ဖမ်းဆီးရမိခဲ့သည့် ဖဲရိုက်လောင်းကစားပြုလုပ်နေသူ ဒေါ်အေးစန်းပါ အမျိုးသမီး (၁၀)ဦးကို မုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ်ရဲနိုင်ဦးက တရားလိုပြုလုပ်၍ အမှုဖွင့်ထားပြီး မုဒုံမြို့မ
ရဲစခန်းက (ပ)၁၄၆၆/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရာမညတိုင်း(မ်)သတင်းအေဂျင်စီ

09/08/2020

သတင်း ဆောင်းပါး အမြင်နှင့်သုံးသပ်ချက် အယ်ဒီတာ့အာဘော် ဗီဒီယို မေးမြန်းချက် မွန်သတင်းအေဂျင်စီ %

ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ခန်းမ သုံးခွင့် မပေးဧရာဝတီ၊ သြဂုတ် ၇၊၂၀၂၀လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပွဲဆူခဲ့သည့် သီချ...
07/08/2020

ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ခန်းမ သုံးခွင့် မပေး

ဧရာဝတီ၊ သြဂုတ် ၇၊၂၀၂၀

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပွဲဆူခဲ့သည့် သီချင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ ပြဿနာများအား ရုပ်ရှင်အစည်းအရုံးတွင် ယနေ့ညနေ ၅ နာရီခွဲတွင် ရှင်းလင်းမည်ဟု အဆိုတော် ယုန်လေးက ယနေ့၊ နေ့လည်ပိုင်းက ၎င်း၏ Facebook စာမျက်နှာမှတဆင့် Live လွှင့် ပြောဆိုခဲ့သော်လည်း အဆိုပါကိစ္စအတွက် ရုပ်ရှင်အစည်းအရုံး ခန်းမအား သုံးစွဲခွင့်ပြုမည်မဟုတ်ကြောင်း အစည်းအရုံးမှ ဦးဝင်းမြိုင်က ဆိုလိုက်သည်။

ယုန်လေးသည် ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းအား သြဂုတ်လ ၅ ရက်နေ့က လူမှုကွန်ယက်ပေါ် တင်ခဲ့ရာ လူအများကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

ဓာတ်ပုံ - ထက်ဝေ/ ဧရာဝတီ

ဆာလာအိတ် ၂လုံးစာဘိန်းစာရွက် များဖမ်းဆီးရမိ~~~~~~~~~~~~~~~~~~ပေါင် သြဂုတ် ၇မော်လမြိုင်အခြေစိုက် အမှတ် ၃၈ မူးယစ်အထူးရဲတပ်ဖ...
07/08/2020

ဆာလာအိတ် ၂လုံးစာဘိန်းစာရွက် များ
ဖမ်းဆီးရမိ
~~~~~~~~~~~~~~~~~~
ပေါင် သြဂုတ် ၇

မော်လမြိုင်အခြေစိုက် အမှတ် ၃၈ မူးယစ်အထူးရဲတပ်ဖွဲ့စု မွ ရဲအုပ်ကျော်
သောအဖွဲ့သည်


လို {ကာလတန္ဘိုး ၁၀ သိန်းကျပ်}အား

ဝရဇိန် ပေါင်
Paung daily

ဆာလာအိတ် ၂လုံးစာဘိန်းစာရွက် မ်ား
ဖမ်းဆီးရမိ
~~~~~~~~~~~~~~~~~~
ပေါင် သြဂုတ် ၇

မော်လမြိုင်အခြေစိုက် အမှတ် ၃၈ မူးယစ်အထူးရဲတပ်ဖွဲ့စု မြ ရဲအုပ်ကျော်
ဌေးနှင့် ဒုရဲအုပ် အောင်သူရဝင်းတို့ပါဝင်
သောအဖွဲ့သည်

သြဂုတ် ၆ရက် မနက်ပိုင်းက သံလွင်တံ
တား(မော်လမြိုင်)၏မုတ္တမဘက်ခြမ်း
တွင်စောင့်ဆိုင်းနေစဉ်ယာဉ်မောင်း စံသိန်း
မောင်းလာသော YGN 7I/9555 တိုယို တာ ဟိုင်းလတ် အစိမ်းရောင်ကားအား
ရပ်တန့်ရှာဖွေခဲ့ကြောင်း

ကားနောက်ခန်း၌ ဆာလာအိတ် ၂လုံးဖြင့်
တင်ဆောင်လာသော ဘိန်းစာရွက် ၁၀ ကီ
လို {ကာလတန်ဘိုး ၁၀ သိန်းကျပ်}အား
တွေ့ရှိသဖြင့် ယာဉ်မောင်း စံသိန်း ၅၂နှစ်
(ဘ)ဦးအောင်ပါ အမှတ် ၂၁ အောင်ချမ်း
သာရပ်ကွက် သံဖြူဇရပ်မြို့ နေသူအား
မုတ္တမနယ်မြေရဲစခန်းတွင် သြဂုတ် ၆ ရက် ညေန ၃နာရီအချိန်က မူးယစ်စိတ်
ပြောင်းဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ
မ်ားအရ အမှုဖွင့်အရေးယူထားသည်

ဝရဇိန် ပေါင်
Paung daily

Address


Website

Alerts

Be the first to know and let us send you an email when Mon State News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share