Myanmar Press Freedom In-Depth

  • Home
  • Myanmar Press Freedom In-Depth

Myanmar Press Freedom In-Depth Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Press Freedom In-Depth, News & Media Website, .

To monitor journalists’ safety and media freedom situation in Myanmar

To provide information and trusted sources for local Journalists and International Organizations

အကျဉ်းကျ သတင်းထောက်များ၏ ထောင်ဝင်စာအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀ နှုန်း ကူညီပံ့ပိုးပါမည်===========================...
03/06/2022

အကျဉ်းကျ သတင်းထောက်များ၏ ထောင်ဝင်စာအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၆၀၀၀ နှုန်း ကူညီပံ့ပိုးပါမည်
=========================================

MPFI-D အနေဖြင့် လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီး အကျဉ်းချခံနေရသော သတင်းထောက်များအတွက် ထောင်ဝင်စာအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၆၀၀၀ နှုန်းဖြင့် (စုစုပေါင်း သတင်းထောက် ၂၀ မှ ၂၅ ဦးခန့်) ကူညီပံ့ပိုး မည်ဖြစ်ပါသည်။

ထောင်ဝင်စာခက်ခဲနေသော သတင်းထောက်များ မိသားစုများအနေဖြင့် ဆက်သွယ်နိုင်ပြီး ယခု ဇွန်လအတွင်း ကူညီသွားမည်ဖြစ်ပါသည်။

MPFI-D သည် သတင်းသမားများအတွက် အရေးပေါ် ထောက်ပံ့ကြေးများရရှိရေး ကူညီလျှောက်ထားဆောင်ရွက်ပေးလျက်ရှိသည်။

MPFI-D အဖွဲ့အနေဖြင့် စစ်အာဏာရှင် စနစ်ကြောင့် ကျဆုံးခဲ့ရသော သတင်း ထောက် ၂ ဦး၏ မိသားစု ၂ စုအတွက် မိသားစု တစ်စုလျှင် ဘတ် ၄၅၀၀၀ ဖြင့် ဘတ် ၉၀၀၀၀ ကူညီခဲ့ပြီး အခြားသော အကျဉ်းကျခံသတင်း ထောက်များ၏ ထောင်ဝင်စာအတွက်လည်း တတ်စွမ်းသမျှ ကူညီပံ့ပိုးလျက်ရှိသည်။

မြန်မာသတင်းသမားများ ဖမ်းဆီးခံရမှုအခြေအနေ
29/12/2021

မြန်မာသတင်းသမားများ ဖမ်းဆီးခံရမှုအခြေအနေ

စစ်ကောင်စီက အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ပြီး သတင်းသမား ၄၁ ဦးကို ဖမ်းဆီးထား၊ သတင်းသမား...
23/12/2021

စစ်ကောင်စီက အလွတ်တန်းသတင်းဓာတ်ပုံဆရာ ကိုစိုးနိုင်ကို စစ်ကြောရေးတွင် သတ်ဖြတ်ပြီး သတင်းသမား ၄၁ ဦးကို ဖမ်းဆီးထား၊ သတင်းသမားများနှင့် သတင်းဌာနများကို စစ်တပ်က ပစ်မှတ်ထား အကြမ်းဖက်လာ

By MPFI-D/ 23-12-2021

အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး သတင်းသမားအများအပြားကို တရားလက်လွတ် ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်လျက်ရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ MPFI-D က ရရှိထားသော သတင်းအချက် အလက်များအရ သတင်းသမား ၄၂ ဦး အဖမ်းခံရပြီး ၁ ဦးမှာ စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်သဖြင့် သေဆုံးသွားရသည်။

စစ်ကောင်စီသည် သတင်းသမားများနှင့် သတင်းဌာနများကို ပစ်မှတ်ထား အကြမ်းဖက် သတ်ဖြတ်မှုများကို ဆက်လက် ကျူးလွန်ရှိသည်ကို တွေ့ရှိရသည်။

အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ကျဆုံးBy MPFI-D / 14-12-2021ရန်ကုန်တွင် ...
14/12/2021

အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ကျဆုံး

By MPFI-D / 14-12-2021

ရန်ကုန်တွင် အလွတ်တန်းသတင်းဓာတ်ပုံဆရာ ဦးစိုးနိုင်ကို စစ်တပ်က ဒီဇင် ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် ယနေ့ စစ်ကြောရေးတွင် ကျဆုံးသွားသည်။

အကြမ်းဖက်စစ်ကောင်စီက သတင်းသမားများနှင့်သတင်းထောက်များကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကို MPFI-D အနေဖြင့် အပြင်းအထန်ရှုတ်ချပြီး ဦးစိုးနိုင်၏ ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၂ နှစ်ချမှတ်By MPFI-D/ 2-12-2021စစ်ကိုင်းတိုင်း၊...
02/12/2021

သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၂ နှစ်ချမှတ်

By MPFI-D/ 2-12-2021

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးခံရသော သတင်းသမား ကိုအောင်မျိုးထက်ကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ် စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုအောင်မျိုးထက်ကို ဧပြီလ ၂၀ ရက်နေ့တွင် လက်ဖက်ရည်ဆိုင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုအောင်မျိုးထက်သည် The Voice နှင့် တနင်္သာရီဂျာနယ်တို့တွင် သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ISP-Myanmar တွင် သုတေသနအယ်ဒီတာအဖြစ် အလုပ်လုပ်နေသူဖြစ်သည်။

MPFI-D အနေဖြင့် ကိုအောင်မျိုးထက်ကို စစ်တပ်က ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ပြီး သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်။

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်By MPFI-D / 12-11-2021အမေရိကန်ဂျာနယ်လစ် Danny Fens...
12/11/2021

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်

By MPFI-D / 12-11-2021

အမေရိကန်ဂျာနယ်လစ် Danny Fenster ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်ကြောင်း ရိုက်တာက သတင်းဖော်ပြသည် ။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး Danny Fensterကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု ၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၊ တရားမဝင် အ သင်း ဆက်သွယ်မှုများဖြင့် ဖက်ဆစ်စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက သတင်းမီဒီယာများကို ထိန်းချုပ်ရေးနှင့် သတင်းသမား အသက် အရွယ်ကန့်သတ်ရေး မူဝါချမှတ်ပြီး ရုပ်သံဥပဒေတွင် ဒဏ်ငွေအစာ...
02/11/2021

စစ်ကောင်စီက သတင်းမီဒီယာများကို ထိန်းချုပ်ရေးနှင့် သတင်းသမား အသက် အရွယ်ကန့်သတ်ရေး မူဝါချမှတ်ပြီး ရုပ်သံဥပဒေတွင် ဒဏ်ငွေအစား ထောင် ဒဏ်များ ပြင်ဆင်

By MPFI-D / 2-11-2021

မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေး ပျက်ပြားနေမှုသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် အွန်လိုင်းမီဒီယာများကြောင့် ဖြစ်ပြီး မီဒီယာများကို ချေမှုန်း ထိန်းချုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေး အမှတ် ၅ / ၂၀၂၁ တွင် မင်းအာင်လှိုင်က ပြောဆိုညွှန်ကြားခြင်းဖြစ်ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်ကို ယခုအခါ ပြည်နယ်၊ တိုင်း စစ်ကောင်စီများနှင့် ဝန်ကြီးဌာနများအားလုံးကိုစာအမှတ် ၅၁၁ (၁၈၃) /၁၂ / ဖြင့် သိရှိလိုက်နာရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပျက်ပြားနေမှုသည် ပြည်တွင်းပြည်ပ မီဒီယာများနှင့် အွန်လိုင်းမီဒီယာများကြောင့် ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မီဒီယာများကို ထိန်းချုပ် ချေမှုန်းနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် သတင်းထောက်များ၏ အသက်အရွယ်နှင့်ပတ်သက်၍ စဉ်းစားသုံးသပ်သွားရန်လည်း မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှစတင်ပြီး သတင်းမီဒီယာ ၉ ခုကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းထားခဲ့ပြီးဖြစ်သည်။

အလားတူ မင်းအောင်လှိုင်သည် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်လိုက်ပြီး ထပ်မံပြင်ဆင်သည့်ဥပဒေတွင် ငွေဒဏ်များအစား ထောင်ဒဏ်များကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင် ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်လိုက်ပြီး အဆိုပါဥပဒေတွင် ထောင်ဒဏ်များထပ်တိုးပြင်ဆင်ထားသည့်အပြင် အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်သည့်ရုပ်သံများပါ အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့သည့် ရုပ် မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၌ ငွေဒဏ်များသာချမှတ်ရန်နှင့် အင်တာနက်မှတစ်ဆင့်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုများ အကျုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားခြင်းကို မင်းအောင်လှိုင်က ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

မင်းအောင်လှိုင် ပြင်ဆင်သည့်ဥပဒေတွင် ထောင်ဒဏ်နှင့်ငွေဒဏ်များပါ ထပ်တိုးပြင်ဆင်သည့်အပြင် ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (က) ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်သည့်အစီအစဉ်များကို အများပြည်သူကတိုက်ရိုက်ဖမ်းယူ ရရှိနိုင်စေရေးအတွက် မြေပြင်အခြေစိုက်ရုပ်မြင်သံကြားနှင့် ရုပ်သံထုတ်လွှင့်စက်များ၊ မြေပေါ်မြေအောက် ဆက်ကြောင်းကြိုးများ၊ ဂြိုဟ်တုများမှတစ်ဆင့်ထုတ်လွှင့်ခြင်း (သို့မဟုတ်) အခြားနည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းကိုဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။

မင်းအောင်လှိုင်ပြင်ဆင်လိုက်သည့်ဥပဒေအရ အခြားနည်းပညာတစ်ရပ်ရပ်ကို ထည့်သွင်းထားခြင်းကြောင့် အင်တာနက်အသုံးပြုထုတ်လွှင့်ခြင်းများ အကျုံးဝင်ကြောင်း သိရှိရသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ အခန်း ၁၃ ပြစ်မှုနှင့် ပြစ်ဒဏ်များအောက်တွင်ရှိသည့် ဥပဒေပုဒ်မ ၉၅ တွင် “ငွေကျပ်သိန်းသုံးရာမှကျပ်သိန်းငါးရာအထိ” ဆိုသည့်စကားရပ်အစား အနည်းဆုံးသုံးနှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ အနည်းဆုံးကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု လည်းကောင်း၊

ပုဒ်မ ၉၇ တွင် “ငွေဒဏ်ကျပ်သိန်း ၅၀ မှကျပ်သိန်း ၁၀၀ အထိ” စကားရပ်အစား “ အနည်းဆုံး ခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု လည်းကောင်း

ပုဒ်မ ၉၈ တွင် “ ငွေဒဏ်ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိ” စကားရပ်ကို “ အနည်းဆုံး တစ်နှစ်မှ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်၊ အနည်းဆုံးကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ” ဟု လည်းကောင်း

ပုဒ်မ ၉၉ တွင် “ ငွေဒဏ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ” စကားရပ်ကို “ အနည်းဆုံး သုံးနှစ်မှ အများဆုံးငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ” ဟု အစားထိုးထား ပြင်ဆင်ထားသည်။

ပုဒ်မ ၉၉ ၏ နောက်ဆက်တွဲ (က) အဖြစ် ပုဒ်မ ၁၀၆ အရထုတ်ပြန်သည့်နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ချမှတ်ရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ (၁၀၅-က) ဖြည့်စွက်ချက်အရ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်သတ်မှတ်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ပိတ်ပင်ထားသော ပုဂ္ဂလိက သတင်းမီဒီယာများ၏ စာရင်းBy MPFI-D / 01-11-2021အကြမ်းဖက်စစ်ကောင်စီက  ပုဂ္ဂလိက သတင်းမီဒီ...
01/11/2021

စစ်ကောင်စီက ပိတ်ပင်ထားသော ပုဂ္ဂလိက သတင်းမီဒီယာများ၏ စာရင်း

By MPFI-D / 01-11-2021

အကြမ်းဖက်စစ်ကောင်စီက ပုဂ္ဂလိက သတင်းမီဒီယာများကို သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပိတ်ပင်လျက်ရှိရာ ယနေ့အထိ ပိတ်ပင်ခံရသော မီဒီယာ စုစုပေါင်း ၉ ခုအထိရှိလာပြီဖြစ်သည်။

စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ် သတင်းဌာန ၅ ခုကိုလည်းကောင်း ၊ ဧပြီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) ကို လည်းကောင်း၊ ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်နှင့် The 74 Media တို့ကိုလည်းကောင်း အသီးသီး လိုင်စင်များပိတ်သိမ်းခဲ့သည်။

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်By...
27/10/2021

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်

By MPFI-D/ 27-10-2021

ရန်ကုန်အခြေစိုက် သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာမထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့ကို ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရုံးထုတ်ပြီး ဖောက်ခွဲရေးဆိုင်ရာဥပဒေပုဒ်များဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

"ဖောက်ခွဲရေး ပုဒ်မ င နဲ့ တရားရုံးတင်တယ်ပြောတယ်" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက MPFI-D သို့ ပြောဆိုသည်။

အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်း ဆီး သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် သတင်းသမားများကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့်လည်းကောင်း၊ ဖောက် ခွဲရေးဆိုင်ရာ ဥပဒေများဖြင့် လည်းကောင်း ထပ်မံ အရေးယူလာခြင်းဖြစ်သည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်း ထော က်ချုပ် ကိုဝင်းနိုင်ဦးကို ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက် ရေး ပုဒ်မ ၅၂ (က) ၊ ဇေယျာတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် စောရန်ပိုင် အပါ အဝင် သတင်းထောက် ဒီမြတ်ငြိမ်း၊ ပြည့်ဖြိုးအောင်၊ ဝဏ္ဏအောင်၊ ငြိမ်းဇော်လင်း တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) (ဂ) ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agency ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းBy MPFI-D / 25-10-2021အကြမ်းဖ...
25/10/2021

စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agency ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်း

By MPFI-D / 25-10-2021

အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Delta News Agecy ကို အောက် တိုဘာ ၄ ရက်နေ့တွင် ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း Delta News Agency ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် လုပ်ငန်းလိုင်စင်သိမ်းလိုက်ရာ စစ်ကောင်စီက လုပ်ငန်းလိုင်စင်သိမ်းလိုက်သည့် ပုဂ္ဂလိကသတင်းဌာန (၉) ခုရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

“Delta News Agency သည် ပြည်သူများဆန္ဒနှင့်အညီ ရွေးကောက်တင် မြှောက် ပြီး ဒီမိုကရေစီစနစ်အရ တရားဝင်အာဏာအပ်နှင်းထားသည့် အစိုး ရအဖွဲ့၏ ပြန်ကြားရေးဝန်ကြီးဌာနတွင်သာ ဥပေဒနှင့်အညီ တရားဝင်မှတ်ပုံတင်ခဲ့သည်။ ယခုစာပေးပို့လာသော အဖွဲ့အစည်းသည် ပြည်သူများဆန္ဒနှင့်အညီ ရွေး ကောက်တင်မြောက်ထားသည့် အစိုးရတရပ်ကို လက်နက်အားကိုးဖြင့် အာဏာ
သိမ်းပုန်ကန်သည့် အကြမ်းဖက်အဖွဲ့အစည်းတရပ်မှ ဖွဲ့စည်းပေးထားသော ဝန်ကြီးဌာနအမည်ခံ အဖွဲ့အစည်း ဖြစ်သောကြောင့် လူကြီးမင်းများ အနေဖြင့် ကျွန်ုပ်တို့ Delta News Agency ကို ပိတ်သိမ်းပိုင်ခွင့် လုံးဝ(လုံးဝ) မရှိကြောင်း သိစေအပ်သည် “ဟု Delta News Agency တည်ထောင်သူ ဦးစိုးရက စစ်ကောင်စီ၏လိုင်စင်ပိတ်သိမ်းမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် တုံ့ပြန်ရေးသားထားသည်။

စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် ရန်ကုန်အခြေစိုက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ DVB၊ 7 Days၊ Mizzima နှင့် ခေတ်သစ် သတင်းဌာန ၅ ခုကိုလည်းကောင်း ၊ ဧပြီလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ) ကို လည်းကောင်း၊ ဧပြီလ (၂၉) ရက်နေ့တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်နှင့် The 74 Media တို့ကိုလည်းကောင်း အသီးသီး လိုင်စင်များပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ပုသိမ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို ဖမ်းဆီးပြီး  စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေBy MPFI-D / 23-10-202...
23/10/2021

ပုသိမ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို ဖမ်းဆီးပြီး စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေ

By MPFI-D / 23-10-2021

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် နေအိမ်မှ လာရောက် ဖမ်းဆီးသွားကြောင်း ကိုမျိုးမင်းထွန်း၏ မိတ်ဆွေက ပြောသည်။

"သူက မြစ်မခက ထွက်ထားတာလည်း ကြာနေပြီ။ သတင်းထောက်လည်း မလုပ်တော့ဘူး။ သတင်း ထောက်ဟောင်းတော့ မှန်တယ်။ အဲဒါ ဘာလို့ ဖမ်းတာလဲမသိဘူး။ အခု ကျနော်သိသလောက် ပုသိမ် စစ်ကြောရေးမှာလို့ ပြောတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ဘာအမှုနဲ့ ဖမ်းမှန်းလဲမသိဘူး" ဟု ကိုမျိုးမင်းထွန်း၏ မိတ်ဆွေက ဆိုသည်။

ကိုမျိုးမင်းထွန်းသည် မြစ်မခသတင်းဌာနတွင် အကြီးတန်းသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နေအိမ်သို့ လာရောက်ဖမ်းဆီးရာတွင် စစ်ကား ၁၀ စီးကျော် စစ်အင်အား ၅၀ ဖြင့် ၀ိုင်းဖမ်းသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၆၆ ဦး ပြန်လည် လွတ်မြောက်ကာ ၃၅ ဦး ဆက်လက်ဖမ်းဆီးခံ ထား...
21/10/2021

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၆၆ ဦး ပြန်လည် လွတ်မြောက်ကာ ၃၅ ဦး ဆက်လက်ဖမ်းဆီးခံ ထားရ

By MPFI-D / 21-10-2021

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာ သိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၁ ဦး အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၇ ဦး လွတ်မြောက်ခဲ့ပြီး ၃၅ ဦး ဖမ်းဆီးခံ ထားရဆဲBy MPFI-D / 20-10-2021မြန်မာနိုင်ငံတစ်ဝန်း ...
20/10/2021

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၇ ဦး လွတ်မြောက်ခဲ့ပြီး ၃၅ ဦး ဖမ်းဆီးခံ ထားရဆဲ

By MPFI-D / 20-10-2021

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၁၉ ရက်နေ့အောက်တိုဘာလ ၂၀ ရက်နေ့တွင် သတင်းသမား စုစုပေါင်း ၁၇ ဦးလွတ်မြောက်လာပြီး ၃၅ ဦး ဆက် လက် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း MPFI-D ၏ အချက်အလက်အရ သိရှိရသည်။

ပြန်လည် လွတ်မြောက်လာသော သတင်းမီဒီယာသမားများမှာ

၁။ ကိုမင်းညို၊ DVB (ပြည်မြို့)
၂။ ကိုအောင်ကျော်၊ DVB (မြိတ်မြို့)
၃။ ကိုဇော်ဇော်၊ အလွတ်တန်းသတင်းထောက် Mizzima (မြိတ်မြို့)
၄။ ကိုသက်နိုင်ဝင်း၊ CJ ၊ DVB (မင်းလှ)
၅။ မသင်းသင်းအောင်၊ တည်ထောင်သူ ၊ Mizzima (ရန်ကုန်၊ အင်းစိန်)
၆။ မမျိုးမြတ်မြတ်ပန်၊ မြစ်ကြီးနားဂျာနယ်( မြစ်ကြီးနား)
၇။ အဂျဲ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၈။ ခရစ္စတိုဖာ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၉။ မချန်ဘူ၊ 74 Media(မြစ်ကြီးနား)
၁၀။ ကိုလရော်၊ Kachin Wave(မြစ်ကြီးနား)
၁၁။ ထက်မြက်သူ၊ The Voice of Tanbuzayat (မွန်ပြည်နယ်)
၁၂။ မတူးတူးသာ၊ The Thanlyin Post (ရန်ကုန်၊ အင်းစိန်)
၁၃။ ကိုနိုင်လင်းထွန်း၊ Dakhina Insight Media
၁၄။ ကိုအောင်ကျော်ဦး၊ Tomorrow
၁၅။ ဂျိမ်းပူထောင်း၊ Mizzima
၁၆။ ကိုကျော်ဇင်ဟိန်း တာချီလိတ်သတင်းအေဂျင်စီ
၁၇။ ၀ိုင်းမော် မြန်မာသံတော်ဆင့် တို့ဖြစ်သည်။

MPFI-D ၏ ပြုစုထားသော စာရင်းများအရ စစ်ကောင်စီက မတရားဖမ်းဆီးထား သော သတင်းသမား ၅၂ ဦးရှိပြီး ၁၇ ဦးလွတ်မြောက်လာရာ သတင်းသ မား စုစုပေါင်း ၃၅ ဦး ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်သည်။

ဖမ်းဆီးခံရသော သတင်းသမားများမှာ-

၁ ဒန်နီဖန်စတာ အယ်ဒီတာ Frontier Myanmar
၂ မင်းမင်းအောင် သတင်းထောက် The Voice
၃ ဟံသာညိမ်း တွဲဖက်တည်ထောင်သူ ကမာရွတ်မီဒီယာ
၄ သက်ထွန်းအောင် ဓာတ်ပုံသတင်းထောက် ၊ ထောင်၃နှစ်အမိန့်ချပြီး
၅ စည်သူအောင်မြင့် သတင်းစာဆရာ ဆောင်းပါးရှင်
၆ ထက်ထက်ခိုင် သတင်းထောက် BBC Media Action
၇ သူဇာ သတင်းထောက် အလွတ်တန်း
၈ ထက်ထက် သတင်းထောက် သင်္ဃန်းကျွန်းပိုစ့်
၉ ဝေလင်း သတင်းထောက် သင်္ဃန်းကျွန်းပိုစ့်
၁၀ သန်းထိုက်အောင်(နေပြည်တော်) သတင်းထောက် Mizzima
၁၁ ဝင်းနိုင်ဦး သတင်းထောက်ချုပ် Channel Mandalay
၁၂ ထွန်းလင်း(တောင်သာ) သတင်းထောက် မြန်မာ့အလင်း
၁၃ ငြိမ်းချမ်းဝေ သတင်းထောက် Bago Weekly
၁၄ လပြည့်(ပြည်) သတင်းထောက် Bago Weekly
၁၅ ဒီမြတ်ငြိမ်း(စစ်ကိုင်း) သတင်းထောက် Zeyar Time
၁၆ အောင်မျိုးထက်(ကန့်ဘလူ) အယ်ဒီတာဟောင်း -
၁၇ အောင်ကျော်ဦး-ရေနံချောင်း သတင်းထောက် Tomorrow
၁၈ တင်ရွှေ(မင်းဘူး) သတင်းထောက် မကွေးပိုစ့်
၁၉ အောင်မြသန်း(မအူပင်) သတင်းထောက် ဧရာဝတီတိုင်းမ် -
၂၀ စန်မြင့်(ပုသိမ်) ဓာတ်ပုံသတင်းထောက် အလွတ်တန်း -
၂၁ ရဲရင့်ထွန်း(ပုသိမ်) သတင်းထောက် သံတော်ဆင့် -
၂၂ မျိုးစံစိုး(ဖျာပုံ) သတင်းထောက် Delta News -
၂၃ နန်းနန်းတိုင်း(ဟိုပုံး) တာဝန်ခံအယ်ဒီတာ ကမ္ဘောဇတိုင်းမ်
၂၄ နန်းဝင်းရီ(ဟိုပုံး) သတင်းထောက် ကမ္ဘောဇတိုင်းမ် -
၂၅ တင်အောင်ကျော်(ဟိုပုံး) ထုတ်ဝေသူ ကမ္ဘောဇတိုင်းမ်
၂၆ မြဝန်းရံ(တောင်ကြီး) အယ်ဒီတာချုပ် သံလွင်သွေးချင်း -
၂၇ နောင်ရိုး(ဖားကန့်) သတင်းထောက် အလွတ်တန်း -
၂၈ ဘဘဂျိုးဖြူ သတင်းထောက် အလွတ်တန်း -
၂၉ ဇော်ဝင်းမောင်(ဖားကန့်) သတင်းထောက် အလွတ်တန်း
၃၀ ဆလိုင်းပန်(ရန်ကုန်) အယ်ဒီတာချုပ် CEO Chin World
၃၁ ရဲထွန်းဦး(ပြည်) သတင်းထောက် အကုန်သိ
၃၂ ဖြိုးလေးချမ်းကို(မအူပင်) အယ်ဒီတာ မအူပင်ဟစ်တိုင်
၃၃ လွေးအမ်ဖောင် သတင်းထောက် ရွှေဖီမြေ
၃၄ စိုင်းစည်သူ ဝန်ထမ်း ကမ္ဘောဇတိုင်းမ်
၃၅ ကိုဇော်ဇော်ထွန်း အယ်ဒီတာ တို့ဖြစ်သည်။

လက်ရှိ နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၆ ဦး လွတ်မြောက်မှု အတည်ပြုနိုင်By MPFI-D / 19-10-2021မြန်မာနိုင်ငံတစ်ဝန်း ယမန်နေ့...
19/10/2021

လက်ရှိ နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၆ ဦး လွတ်မြောက်မှု အတည်ပြုနိုင်

By MPFI-D / 19-10-2021

မြန်မာနိုင်ငံတစ်ဝန်း ယမန်နေ့နှင့် ယနေ့ လွတ်မြောက်လာသော သတင်းသမား စုစုပေါင်း ၁၆ ဦးလွတ်မြောက်လာကြောင်း MPFI-D ၏ အချက်အလက် ကောက် ယူမှုများအရ သိရှိရသည်။

လတ်တလော အတည်ပြုနိုင်သော စာရင်းများအရ လွတ်မြောက်လာသူများတွင်

၁။ ကိုမင်းညို၊ DVB (ပြည်မြို့)
၂။ ကိုအောင်ကျော်၊ DVB (မြိတ်မြို့)
၃။ ကိုဇော်ဇော်၊ အလွတ်တန်းသတင်းထောက် Mizzima (မြိတ်မြို့)
၄။ ကိုသက်နိုင်ဝင်း၊ CJ ၊ DVB (မင်းလှ)
၅။ မသင်းသင်းအောင်၊ တည်ထောင်သူ ၊ Mizzima (ရန်ကုန်၊ အင်းစိန်)
၆။ မမျိုးမြတ်မြတ်ပန်၊ မြစ်ကြီးနားဂျာနယ်( မြစ်ကြီးနား)
၇။ အဂျဲ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၈။ ခရစ္စတိုဖာ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၉။ မချန်ဘူ၊ 74 Media(မြစ်ကြီးနား)
၁၀။ ကိုလရော်၊ Kachin Wave(မြစ်ကြီးနား)
၁၁။ ထက်မြက်သူ၊ The Voice of Tanbuzayat (မွန်ပြည်နယ်)
၁၂။ မတူးတူးသာ၊ The Thanlyin Post (ရန်ကုန်၊ အင်းစိန်)
၁၃။ ကိုနိုင်လင်းထွန်း၊ Dakhina Insight Media
၁၄။ ကိုအောင်ကျော်ဦး၊ Tomorrow
၁၅။ ဂျိမ်းပူထောင်း၊ Mizzima
၁၆။ ကိုကျော်ဇင်ဟိန်း တာချီလိတ်သတင်းအေဂျင်စီ တို့ဖြစ်သည်။

MPFI-D ၏ ပြုစုထားသော စာရင်းများအရ စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၅၁ ဦးရှိပြီး ၁၆ ဦးလွတ်မြောက်လာရာ သတင်းသမား စုစုပေါင်း ၃၅ ဦး ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။

DVB သတင်းထောက် ဦးမင်းညို၊ ဦးအောင်ကျော်၊ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းထောက် ကိုဇော်ဇော် ပြန်လွတ်မြောက်လာ၊ သတင်းသမားတချို...
18/10/2021

DVB သတင်းထောက် ဦးမင်းညို၊ ဦးအောင်ကျော်၊ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းထောက် ကိုဇော်ဇော် ပြန်လွတ်မြောက်လာ၊ သတင်းသမားတချို့ ပြန်လွတ်ရန်ရှိဟုဆို

By MPFI-D / 18-102021

ပဲခူးတိုင်း၊ ပြည်မြို့မှ DVB သတင်းထောက် ဦးမင်းညိုနှင့် မြိတ်မြို့မှ ဦးအောင်ကျော်၊ မင်းလှမှ DVB သတင်းထောက် သက်နိုင်ဝင်း ၊ Mizzima သတင်း ထောက် ကိုဇော်ဇော် တို့သည် ယနေ့ အကျဉ်း ထောင် မှ ပြန်လည် လွတ် မြောက် လာကြောင်း သိရှိရသည်။

DVB သတင်းထောက် ဦးမင်းညိုသည် မတ်လအတွင်းအဖမ်းခံရပြီး မေလတွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချ မှတ်ခံခဲ့ရခြင်းဖြစ်သည်။

DVB သတင်းထောက် ဦးအောင်ကျော်သည် မတ်တွင် ဖမ်းဆီးခံရပြီး ဇွန်လတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

မင်းလှ အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းလည်း ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။

အလားတူ မြိတ်မြို့မှ Mizzima သတင်းထောက် ကိုဇော်ဇော်လည်း ပြန်လည် လွတ် မြောက် လာကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီဘက်က Kachin Waveသတင်းဌာနမှ ဦးလရော်(ခ)နာဂါးလရော် နှင့် 74 မီဒီယာမှ မချန်ဘူနှင့် မဆိုင်းနုပန်၊ မတ်လ ၂၇ရက်ကတည်းက အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသောMizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်(ခ)ပုထုံ၊ဖေဖော်ဝါရီ ၁၄ရက်နေ့ကတည်းက ပဲခူးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သဘာဝဘေး ၂၅ဖြင့် အမှုဖွင့်ခံထားရသော ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ဖေဖော်ဝါရီ ၁၈ရက်နေ့ တောင်ငူ အကျဉ်း ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသောသတင်းထောက် ဦးကျော်မြင့် တို့ကို လွှတ်ပေးမည်ဟု သတင်းမီဒီယာများသို့ ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- DVB သတင်းထောက် ဦးမင်းညို ပြန်လည် လွတ်မြောက်လာစဉ်။

အယ်ဒီတာဟောင်း ကိုဇော်ဇာ်ထွန်း အဖမ်းခံထားရBy MPFI-D / 17-10-2021မြန်မာတိုင်းမ်အယ်ဒီတာဟောင်း၊ သတင်းထောက်ဟောင်း ကိုဇော်ဇော်...
17/10/2021

အယ်ဒီတာဟောင်း ကိုဇော်ဇာ်ထွန်း အဖမ်းခံထားရ

By MPFI-D / 17-10-2021

မြန်မာတိုင်းမ်အယ်ဒီတာဟောင်း၊ သတင်းထောက်ဟောင်း ကိုဇော်ဇော်ထွန်း (ကလောင်နာမည် ကိုခက်) သည် အောက်တို ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ရှိ နေအိမ်တွင် ဖမ်းဆီးခံလိုက်ရကြောင်း မိတ်ဆွေများထံမှ သိရှိရသည်။

ကိုဇော်ဇော်ထွန်းသည် နိုင်ငံရေးအခြေအနေများကြောင့် သတင်းထောက်အလုပ်ကို ၂၀၂၁ ခုနှစ် မတ်လကတည်းက ရပ်နားပြီး ၎င်း၏ ဇာတိ မုံရွာသို့ပြန်၍ စိုက်ပျိုးရေးဇောက်ချ လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၎င်းနေထိုင်သော ရွာမှ အမျိုးသား ၁၀ ဦးနှင့်အတူ ၎င်းကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးထားသည့် နေရာနှင့်၎င်း၏ အခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

ရန်ကုန်ရှိ ဧရာ၀တီသတင်းဌာန၏ ရုံးခန်းကို နှစ်ကြိမ်တိုင် စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းရှာဖွေBy MPFI-D /15-10-2021ရန်ကုန်ရှ...
15/10/2021

ရန်ကုန်ရှိ ဧရာ၀တီသတင်းဌာန၏ ရုံးခန်းကို နှစ်ကြိမ်တိုင် စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းရှာဖွေ

By MPFI-D /15-10-2021

ရန်ကုန်ရှိ ဧရာ၀တီသတင်းဌာန၏ ရုံးခန်းကို နှစ်ကြိမ်တိုင် စစ်တပ်နှင့်ရဲက ဝင်ရောက်စီးနင်းရှာဖွေကြောင်း ရန်ကုန်မြို့မှ သတင်းထောက်များနှင့် ထိုင်းနိုင်ငံအခြေစိုက်ဧရာ၀တီသတင်းဌာနအယ်ဒီတာတစ်ဦးက အတည်​ပြုပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ Naing Group Tower ရှိ ဧရာ ၀တီရုံးခန်းကို ပထမအကြိမ် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်နှင့်ရဲများက ဒုတိ ယ အကြိမ်ထပ်မံ ဝင်ရောက်စီးနင်းကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းသော်လည်း ယင်းရန်ကုန်ဧရာ၀တီရုံးမှာ ရွှေ့ပြောင်းထားပြီးဖြစ်၍ မည်သည့်ပစ္စည်းမှ မရှိတော့ကြောင်း သိရှိရသည်။

စစ်တပ်လော်ဘီ Han Nyein Oo က ဖေ့ဘုတ်စ်နှင့်လူမှုကွန်ရက်တွင် "ပြည်သူကို အဆိပ်ခတ်နေတဲ့ ဧရာ၀တီသတင်းဌာန ပုန်းနေတဲ့ တည်နေရာက အဝေးကြီးမဟုတ် ကျောက်တံတားရဲစခန်းဘေးတင်ပဲ၊ အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က Naing Group tower2 ထဲမှာတင်ရှိတယ်" ဟု အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် ရေးသားဖော်ပြပြီးနောက် စစ်ကောင်စီဘက်က ရန်ကုန်ဧရာ၀တီရုံးခန်းကို ဝင်ရောက်စီးနင်းဖြစ်သည်။

MPFI-D အနေဖြင့် စစ်ကောင်စီ၏ လူမိုက် လူရမ်းကားဆန်စွာဖြင့် သတင်းဌာနများ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဖမ်းဆီးထားသော သတင်းသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သတင်း လွတ်လပ်ခွင့်အပြည့်အ၀ ပေးရန် စဉ်ဆက်မပြတ်တောင်းဆိုသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့်မထက်ထက်ခိုင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်သော်လည်း အမှု မစစ်၊ သတင်းထောက် မသူဇာကို အင်းစိန်...
14/10/2021

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့်မထက်ထက်ခိုင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်သော်လည်း အမှု မစစ်၊ သတင်းထောက် မသူဇာကို အင်းစိန်ထောင်ပို့

By MPFI-D/ 14-10-2021

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် မထက်ထက်ခိုင်တို့ကို အောက် တိုဘာလ ၁၃ ရက်နေ့ ဗဟန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးခြင်းမရှိကြောင်း ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောဆိုသည်။

ဗဟန်းမြို့နယ်တရားရုံးတွင် ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ ဦးစည်သူအောင် မြင့်နှင့် မထက်ထက်ခိုင်တို့ကို ရုံးထုတ်သော်လည်း အမှုစစ်ဆေးခြင်းမရှိကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့ ဗဟန်းမြို့နယ်တရားရုံးတွင် ထပ်မံ ရုံး ချိန်း ချိန်းဆိုထားကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် မထက်ထက်ခိုင်ကို မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) ဖြင့် တရားစွဲဆိုထားမှု ရုံးထုတ်ရန်ရှိသော်လည်း အမှုစစ်ဆေးဖွယ်မရှိကြောင်း၊ ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅ (က) ၊ ၁၂၄(က) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ မထက်ထက်ခိုင်ကိုမူ ပုဒ်မ ၅၀၅ (က) ၊ ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ သတင်းထောက် မသူဇာကို အောက်တိုဘာလ ၁၃ ရက်နေ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အင်းစိန်ထောင်ကိုပို့လိုက်ကြောင်း၊ သတင်းထောက်မသူဇာကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယု တို့ကို စစ်ကြောရေးမှတစ်ဆင့် သာကေတရဲစခန်းသို့ ပြေ...
12/10/2021

သင်္ကန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာမထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယု တို့ကို စစ်ကြောရေးမှတစ်ဆင့် သာကေတရဲစခန်းသို့ ပြောင်းရွှေ့ပြီး တရားရုံးတွင် ရမန်ယူ

ရန်ကုန်၊အောက်တိုဘာ ၁၂

ရန်ကုန်အခြေစိုက် သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာမထက်ထက်နှင့် သတင်းထောက်ကိုဝေလင်းယုတို့ကို စစ်ကြောရေးမှ သာကေတရဲစခန်းသို့ ပို့ဆောင်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တရားရုံးတွင် ရမန်ယူခဲ့ကြောင်းမိသားစုဝင်များထံမှသိရသည်။

မိသားစုဝင်တစ်ဦးက "နှစ်ယောက်လုံးကျန်းကျန်းမာမာနဲ့ဒီနေ့တွေ့လိုက်ရပါတယ်။ရုံးကတော့ ၁၃ရက်နေ့မှထုတ်မှာပါ။ခရိုင်ရောက်သွားပြီဆိုတော့ ရှေ့နေကပဲ တွေ့ရမှာပါလို့ " ဟုဆိုသည်။

အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းယုတို့ကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်း ဆီး သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးထားသော သတင်းသမား ၅၀ ဦး၏ စာရင်း ထုတ်ပြန်ခြင်းBy MPFI-D/11-10-2021စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ...
11/10/2021

စစ်ကောင်စီက ဖမ်းဆီးထားသော သတင်းသမား ၅၀ ဦး၏ စာရင်း ထုတ်ပြန်ခြင်း

By MPFI-D/11-10-2021

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် သတင်းမီဒီယာများကို ပိတ်ပင်ခြင်း၊ သတင်းသမား များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလက်ရှိနောက်ဆုံး ဖမ်းဆီးထားသော သတင်းသမားအရေ အတွက် ၅၀ ဦးရှိကြောင်း MPFI-D က စုဆောင်းကောက်ခံထားသော အချက် အလက်များအရ သိရှိရသည်။

စစ်ကောင်စီသည် သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ် ပိုင်ခွင့် ပိတ်သိမ်းလိုက်ပြီး သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့် အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

ထောင်ချခံထားရသည့် DVB သတင်းထောက် ကိုအောင်ကျော် ၈ လနီးပါး ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်လုံး၀ မရရှိBy MPFI-D/ 9-10-2021...
09/10/2021

ထောင်ချခံထားရသည့် DVB သတင်းထောက် ကိုအောင်ကျော် ၈ လနီးပါး ကြာသည်အထိ မိသားစုနှင့် တွေ့ခွင့်လုံး၀ မရရှိ

By MPFI-D/ 9-10-2021

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ထောင်ဒဏ် ၂ ချမှတ်ခံထားရသည့် DVB သတင်း ထောက် ကိုအောင်ကျော်သည် စစ်ကောင်စီက စတင်ဖမ်းဆီးသွားသည့် မတ်လ ၁ ရက်နေ့မှစတင် ယခုအချိန်အထိ မိသားစုနှင့်လုံး၀ တွေ့ခွင့်မရရှိကြောင်း ၎င်း၏ ဇနီးဖြစ်သူထံမှ သိရှိရသည်။

မြိတ်မြို့ရှိ DVB သတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၁ရက်နေ့ညက မြိတ် မြို့ရှိနေအိမ်တွင် စစ်ကောင်စီတပ်များက အကြမ်းဖက်ပစ် ခတ်ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ပြီးနောက် ၎င်းသည် ထောင်တွင်း သတ်မှတ်ထားသည့်အချိန်ထက်ပို၍ အလုပ်စေခိုင်းမှု ခံရခြင်း အပါအဝင် ထောင်တွင်း အကျဉ်းသား အခွင့် အရေး ချိုးဖောက်ခံရမှုများရှိသည်ဟု စုံစမ်းသိရှိရသည်။

MPFI-D အနေဖြင့် မတရားဖမ်းဆီး ထောင်ချ ချမှတ်ခံခဲ့ရသည့် DVB သတင်း ထောက် ကိုအောင်ကျော် အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

Chin World သတင်းဌာန အယ်ဒီတာချုပ် ကို Salai Mang ဖမ်းဆီးခံထားရပြီး စစ်ကြောရေးတွင် စစ်ဆေးခံနေရ  By MPFI-D/ 8-10-2021ချင်းပ...
08/10/2021

Chin World သတင်းဌာန အယ်ဒီတာချုပ် ကို Salai Mang ဖမ်းဆီးခံထားရပြီး စစ်ကြောရေးတွင် စစ်ဆေးခံနေရ

By MPFI-D/ 8-10-2021

ချင်းပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာ သတင်းများကို အထူးပြု ရေးသားလျက်ရှိသည့် Chin World သတင်းဌာန၏ CEO နှင့် အယ်ဒီတာချုပ်ဖြစ်သူ ကို Salai Mang သည် ရန်ကုန်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားသည်။

လက်ရှိ ကို Salai Mang သည် စစ်ကောင်စီတပ်များ၏ စစ်ကြောရေးတွင် ရောက်ရှိနေကြောင်း သိရှိရသည်။

Chin World သတင်းဌာနသည် ချင်းပြည်နယ်ဒေသတွင်းရှိ တိုက်ပွဲ အခြေအနေများ၊ ကိုဗစ်ဆိုင်ရာ သတင်းအချက်အလက်များ၊ စစ်ရှောင် ဒုက္ခသည်ဆိုင်ရာ သတင်းများနှင့် ဒေသတွင်း အခြေအနေများကို အချိန်နှင့်အမျှ တပြေးညီ ဖော်ပြပေးနေသည့် သတင်းဌာနတခု ဖြစ်သည်။

Chin World သတင်းဌာန၏ အယ်ဒီတာချုပ် ကို Salai Mang အဖမ်းခံရပြီးနောက် Chin World သတင်းဌာန၏ သတင်း Page သည် စက်တင်ဘာလ ၂၃ ရက်နေ့ မှစတင်၍ လူမှုကွန်ရက်စာမျက်နှာပေါ်မှပါ ပျောက်ကွယ်သွားပြီး သတင်းလုပ်ငန်းများလည်း ရပ်တန့်သွားသည်။

MPFI-D အနေဖြင့် Chin World သတင်းဌာန၏ အယ်ဒီတာချုပ် ကို Salai Mang အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်း စစ်တပ်က ဖမ်းဆီးထားBy MPFI-D/ 7-10-2021ရန်ကုန်အခ...
07/10/2021

သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်း စစ်တပ်က ဖမ်းဆီးထား

By MPFI-D/ 7-10-2021

ရန်ကုန်အခြေစိုက် သင်္ဃန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာ မထက်ထက်နှင့် သတင်းထောက် ကိုဝေလင်းတို့ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်များက စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်း ကိုဝေလင်းနှင့်မထက်ထက်တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းပို့စ်သတင်းဌာန၏ အယ်ဒီတာ သတင်းသမား မထက်ထက်တွင် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။

MPFI-D အနေဖြင့် အယ်ဒီတာ မထက်ထက်နှင့်သတင်းထောက် ကိုဝေလင်း အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်း ချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ် လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

အလွတ်သတင်းထောက် မသူဇာကို စစ်ကြောရေးတွင် ၂၉ ကြာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရ...
06/10/2021

အလွတ်သတင်းထောက် မသူဇာကို စစ်ကြောရေးတွင် ၂၉ ကြာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် တရားစွဲထား၊ မိသားစုနှင့်တွေ့ခွင့်မရ

By MPFI-D/ 6-10-2021

ပြည်တွင်းမှ အလွတ်တန်းသတင်းထောက် မသူဇာကို စစ်ကြောရေးတွင် ၂၉ ရက်ကြာ ဖမ်းဆီး ထိန်း သိမ်းခဲ့ပြီးနောက် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း မသူဇာ၏ မိသားစုဝင်များထံမှ သိရှိရသည်။

သတင်းထောက်မသူဇာသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောင်သပြေ စစ်ကြောရေးစခန်းတွင် ၂၉ ရက်ကြာ ထိန်းသိမ်း စစ်ကြောခံရကြောင်း၊ ယခုအခါ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းကို လွှဲပြောင်းထားကြောင်း၊ လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် တရားရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း မသူဇာ၏ ခင်ပွန်းဖြစ်သူ က ပြောသည်။

"အခုထက်ထိတော့ မိသားစုနဲ့တွေ့ဆုံခွင့်ဆက်သွယ်ခွင့်မရရှိသေးပါဘူး။ သူလိုချင်တဲ့ အဝတ်အစားလေးတွေ ဆေးတွေဘာတွေ တစ်ဆင့်တောင်းခိုင်းတာရှိပါတယ်" ဟု မသူဇာ၏ ခင်ပွန်းဖြစ်သူက ပြောသည်။

၂၀၂၁ ခုနှစ် မေလတွင် မသူဇာ၏နေအိမ်သို့ စစ်ကောင်စီတပ်များက လာရောက် ရှာဖွေခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့ရာမှ စက်တင်ဘာလတွင် မသူဇာ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

သတင်းထောက် မသူဇာသည် ၂၀၀၇ ခုနှစ်ခန့်မှ စတင်၍ သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သဖြစ်ပြီး မော်ဒန်၊ ဧရာဝတီသတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်၊ MPA သတင်းဌာနများတွင် သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

MPFI-D အနေဖြင့် သတင်းထောက် မသူဇာ အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

မြန်မာစစ်တပ်က အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ပုဒ်မ ၅၀၅ (က) အပြင် မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့်ပါ အမှုထပ်တိုး တရားစွ...
05/10/2021

မြန်မာစစ်တပ်က အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို ပုဒ်မ ၅၀၅ (က) အပြင် မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့်ပါ အမှုထပ်တိုး တရားစွဲ

By MPFI-D/5-10-2021

မြန်မာစစ်တပ်က အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်ပါ ထပ်မံ တရားစွဲဆိုထားကြောင်း ၎င်း၏ ရှေ့နေ ဦးသန်းဇော်အောင်ကို ကိုးကား၍ အေပီ သတင်းဌာနက သတင်းဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ပြုလုပ်သည့် တရားရုံးထုတ်စစ်ဆေးမှုတွင် အမေရိကန်သတင်းထောက် ဒန်နီဖန်စတာကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ပါထပ်တိုး တရားစွဲဆိုထားသည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောဆိုသည်။

ဖရန်တီးယား မြန်မာ၏ အယ်ဒီတာ ဒန်နီဖန်စတာကို မေလ ၂၄ ရက်နေ့ ရန်ကုန်လေဆိပ်တွင် မြန်မာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

MPFI-D အနေဖြင့် အမေရိကန်သတင်းထောက် အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံ ပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် စဉ်ဆက်မပြတ် တောင်းဆိုသည်။

ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေသတင်းဌာန အမျိုးသမီး ရုပ်သံသတင်း ထောက်ဟောင်း  လွေးအမ်ဖောင် ဖမ်းဆီးခံရ၊ ၅ ရက်ကြာ စစ်ကြောရေ...
04/10/2021

ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေသတင်းဌာန အမျိုးသမီး ရုပ်သံသတင်း ထောက်ဟောင်း လွေးအမ်ဖောင် ဖမ်းဆီးခံရ၊ ၅ ရက်ကြာ စစ်ကြောရေး လုပ်ဆာင်ပြီး ရဲစခန်း ပို့ဆောင် ဖမ်းဆီးထား

By MPFI-D/ 4-10-2021

ရှမ်းပြည်နယ်၊ အခြေစိုက် ရွှေဖီမြေသတင်းဌာန အမျိုးသမီး ရုပ်သံသတင်း ထောက်ဟောင်း လွေးအမ်ဖောင်ကို စစ်ကောင်စီတပ်များက စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် ဖမ်းဆီးသွားပြီး ၅ ရက်ကြာ စစ်ကြောရေး လုပ်ဆောင်ခဲ့ကြောင်း ရွှေဖီမြေ အယ်ဒီတာချုပ်က ပြောသည်။

လွေးအမ်ဖောင်ကို စက်တင်ဘာ ၂၆ ရက် နံနက် ၁၂ နာရီခွဲအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်၁ ၊ နယ်မြေ ၃ တွင် စစ်ကောင်စီတပ်ဖွဲ့က ခြံစည်းရိုး ကျော်တက်ပြီး နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အင်အား (၃၀)ခန့် လိုက်ပါသော စစ်ကား ၂ စီး၊ ရဲကား ၂ စီး၊ အိမ်စီးကား ၁ စီးဖြင့် အိမ်ဘေး ပတ်လည်ကို ဝိုင်းရံ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို စက်တင်ဘာ ၂၆ ရက်နေ့မှ စက်တင် ဘာလ ၃၀ ရက်နေ့အထိ စစ်တပ်က စစ်ကြောရေး လုပ် ဆောင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အမှတ်(၁) ရဲစခန်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ လက်ရှိတွင် အမှတ်(၂) ရဲစခန်းတွင် လွေးအမ်ဖောင်ကို တိုင်ချက် ဖွင့်ထားပြီး မည်သည့်အမှုဖြင့် ဖမ်းဆီး တရားစွဲဆိုထားသည်ကို မသိရှိရသေးဟု ရွှေဖီမြေအယ်ဒီတာချုပ်ကပြောသည်။

"ဘာအမှုနဲ့ ဖွင့်ထားလဲဆိုတာ မသိရသေးဘူး" ဟု ရွှေဖီမြေအယ်ဒီတာချုပ်က ဆိုသည်။

ရွှေဖီ​မြေ သတင်းအေဂျင်စီသည် လွေးအမ်ဖောင်ကို ၂၀၂၁ ခုနှစ် မတ်လ ၁ ရက် နေ့ မှ စတင်ကာ သတင်းလုပ်ငန်းတာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်ပြီး ကြားကာလတွင် လုပ်ငန်းအချို့ကို ၎င်းအနေဖြင့် စေတနာ့ဝန်ထမ်းအဖြစ်သာ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း အယ်ဒီတာချုပ်က ဆက်လက်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မေလ ၅ ရက် ည ၁၀ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ ရွှေဖီမြေ သတင်းအေဂျင်စီ ရုံးခန်းနှင့် ဝန်ထမ်းနေထိုင်သည့် အိပ်ခန်းများကို စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရှိရသည်။

MPFI-D အနေဖြင့် ရွှေဖီမြေ သတင်းဌာနမှ အမျိုးသမီးရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင် အပါအဝင် ဖမ်းဆီးထားသော သတင်းသမားများ၊ ဂျာ နယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်နှင့် သတင်းလွတ် လပ် ခွင့် အပြည့်အ၀ အာမခံပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ် ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် ဆက်လက် တောင်းဆိုသည်။

ဓာတ်ပုံ- လွမ်းအမ်ဖောင်။
Photo Supported By ရွှေဖီမြေ

(MPFI-D သည် မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေကို စောင့်ကြည့်နေသော လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်)

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Press Freedom In-Depth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share