PremiumHub

PremiumHub Get PremiumVPNs and streaming services at a fair price only on PremiumHub

Netflix ဆိုတာဘာလဲ ? Netflix လို့ဘာလို့ခေါ်တာလဲ ? ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ No 1 Streaming Service ဖြစ်လာဖို့ဘယ...
17/03/2022

Netflix ဆိုတာဘာလဲ ?
Netflix လို့ဘာလို့ခေါ်တာလဲ ?
ဒီနေ့တော့ Netflix က တစ်ကမ္ဘာလုံးမှာ
No 1 Streaming Service ဖြစ်လာဖို့
ဘယ်လိုတွေရုန်းကန်ခဲ့ရလဲဆိုတာရယ်
Netflix ရဲ့ လူသိနည်းတဲ့ History တွေရယ်ကို
အကျဉ်းချုပ်ပြောပြသွားမှာ ဖြစ်ပါတယ်
◾Netflix ဆိုတာ Net နဲ့ Flix နဲ့ပေါင်းထားတာပါ
Net ကတော့ Internet ကို ရည်ညွှန်းတာဖြစ်ပီး
Flix ကတော့ Flick ကိုရည်ညွှန်းတာ ဖြစ်ပါတယ်
အနီးစပ်ဆုံး အဓိပ္ပာယ်ကတော့ interney ရှိရုံနဲ့
ဇာတ်လမ်းတွေ တစ်ပုံကြီးကြည့်လို့ ကြည့်လို့ရတဲ့နေရာ ဖြစ်ပါတယ်
◾Netflix ကို Marc Randolph နဲ့
Reed Hastings ဆိုတဲ့ entrepreneurs ၂ယောက်က 1997 August မှာ စတင်တည်ထောင်ခဲ့တာပါ
◾စစချင်း company base ကတော့
Scotts Valley, California မှာပဲ ဖြစ်ပါတယ်
◾Netflix စထောင်ထောင်ချင်းတုန်းကတော့
ခုလိုမျိုး ၁လချင်းစီ subscription သွင်းရုံနဲ့
ရှိသမျှ Movie/Series တွေ unlimited ကြည့်လို့ရတာမျိူး မဟုတ်ပါဘူး
◾DVD အခွေတွေကို online ကနေတစ်ဆင့်ငှားလို့ရတဲ့ website တစ်ခုမျှသာဖြစ်ပါတယ်
ဥပမာ - မိတ်ဆွေက Netflix website ကိုသွားပီး
ကိုယ်ကြည့်ချင်တဲ့ဇာတ်လမ်းကို Add To Cart လုပ်ပီးတာနဲ့ Rent လုပ်မလား Buy လုပ်မလား ရွေးရမှာပါ
ပီးတာနဲ့ မိတ်ဆွေရဲ့ လိပ်စာကိုယူပီး စာတိုက်ကနေ တစ်ဆင့်ပို့ပေးတာပါ
အဲ့ဒီအချိန်တုန်းကတော့ အခွေတစ်ခွေကို
2$ ဝန်းကျင်ကျပါတယ်
◾နောက်ပိုင်း Amazon ကပါလိုက်ပီး
DVD ခွေတွေရောင်းလာတာကြောင့်
Netflix က အခွေရောင်းတာကို ရပ်လိုက်ပီး
ငှားတာပဲ လုပ်တော့တယ်
◾အဲ့လို တစ်ခွေငှားလိုက် Netflix ရုံးကိုပြန်ပို့ပေးလိုက် လုပ်နေရာကနေ 1999 မှာတော့
Netflix က လစဉ်ကြေးပေးသွင်းရုံနဲ့ unlimited DVD အခွေတွေ စိတ်ကြိုက်ငှားလို့ရတဲ့ plan တစ်ခုကိုပါ Launch လုပ်လာပါတော့တယ်
◾အဲ့ဒီနောက်ပိုင်း လူတွေ DVD အခွေတွေဘက်ကို
စိတ်ဝင်စားမှု အားနည်းလာချိန်မှာ
Netflix က ခုကျွန်တော်တို့သိတဲဲ့ / ရင်းနှီးတဲ့
Netflix ဖြစ်လာဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်
Warner Bros တို့ Columbia Pictures တို့လိုမျိုး Company ကြီးတွေနဲ့ Partnership ယူပီးတော့
ဘယ်မှာမှ ကြည့်လို့မရသေးတဲ့ဇာတ်လမ်းတွေကို
Netflix မှာ ကြည့်လို့ရဖို့ လုပ်ခဲ့ပါတယ်
◾ဒါ့အပြင် consumer electronics company တွေနဲ့ပါ partnership ယူပီး Xbox/Playstation/Android Boxes/Smart Tv တွေမှာပါ
Netflix App ကို Built in ထည့်နိုင်ဖို့အတွက်
ကြိုးစားခဲ့ပါတယ်
ဒါကြောင့်လည်း ယခူအချိန် electronic devices တော်တော်များများမှာ Netflix App ကို သက်သက်ထပ်ဒေါင်းစရာမလိုဘဲ အသင့်ပါလာပီးသားတွေ့ရတာ ဖြစ်ပါတယ်
◾လူသိနည်းတဲ့ fact တစ်ခုကိုပြောပြရမယ်ဆိုရင်တော့ Netflix က 2000 ခုနှစ်တုန်းက
Blockbuster ကို $50Million နဲ့ဝယ်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်
ဒါပေမဲ့ Blockbuseter ဘက်က
လက်မခံဘဲငြင်းခဲ့ပါတယ်
ခုတော့ ငြင်းလိုက်တဲ့ Blockbuster က ဒေဝါလီခံသွားရပီဖြစ်ပီး $50Million တန် Netflix လေးကတော့ $215.85Billion တန်နေပါပီ
ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ စကားပုံလိုပဲအလှည့်အပြောင်းတွေကလည်း တကယ်အံ့အားသင့်စရာ ကောင်းလှပါတယ်
ကဲ Netflix နဲ့ ပက်သက်လို့ ရှင်းပြတာ ဒီလောက်ဆို
လုံလောက်ပီလို့ထင်ပါတယ်
သိချင်တာရှိရင်ဖြစ်စေ ကျွန်တော့် facts တွေမှားနေတာရှိခဲ့ရင်ဖြစ်စေ ဒီ post အောက်က comment မှာ ဒါမှမဟုတ် page cb မှာ လာရောက်မေးမြန်းလို့ရပါတယ်

17/03/2022

Address


Website

Alerts

Be the first to know and let us send you an email when PremiumHub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share