ထမင်းချက်ရန်ပြင်ဆင်နေသည့် စစ်ကေင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်(ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၃
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ပွန်ချောင်းအနီးရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းတွင်တွင် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း KNDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲရာ အဆိုပါ ပွန်ချောင်းစခန်းရှိ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပြောင်း ၁ ခု မှာ ထိခိုက်မှုရှိပြီး လဲကျသွားကြောင်း KNDF တပ်ရင်း ၂ က ဆိုသည်။
အဆိုပါ စခန်းတွင်းမှ ပြန်လည်ပစ်ခတ်သော်လည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ပွန်ချောင်းစခန်းကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း
မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးကျဆုံး
ရန်ကုန်၊ ဩဂုတ် ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းကို ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန်တွင် သေနတ်သမား ၄ ဦးက လာရောက်ပစ်ခတ်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်အချိန် သံဖြူဇရပ်ရဲစခန်းကို ဆိုင်ကယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ရဲစခန်းအတွင်းမှ ရဲ ၂ ဦးသေဆုံးပြီး လာရောက်ပစ်ခတ်သူ ၁ ဦးမှာမူလည်း ကျဆုံးကြောင်း သိရှိရသည်။
"အပြန်အလှန်ပစ်ကြတာ။ သေနတ်သံတွေ တဒိုင်းဒိုင်းပဲ။ ဒီမနက်ကြားတာကတော့ ရဲ ၂ ဦးသေပါတယ်။ သေနတ်သမားတစ်ဦးလည်း ကျည်ထိပြီး အလောင်းကျန်ခဲ့တယ်ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
Khit Thit Media
မြိတ်လေယာဥ်ကွင်းအနီးမှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ကားမိုင်းဆွဲခံရပြီး တစ်ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၁၆
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေစီးနင်းလာတဲ့ကားကို မြိတ်မြို့လေယာဥ်ကွင်းအနီးမှာ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မြိတ်လေယာဥ်ကွင်းအနီး ကံဖျားမြေနီလမ်းထိပ်မှာ ဒီနေ့မနက် ၆နာရီဝန်းကျင်အချိန်လောက်က မိုင်းဆွဲခံခဲ့ရတာပါ။
မိုင်းဆွဲခံရတာကြောင့် ကားပေါ်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် တစ်ဦးသေဆုံးပြီး ၅ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
"ကားပေါ်မှာ ၁၅ယောက်လောက်ပါလာပါတယ်။ မိုင်းဆွဲပြီးချိန်မှာတော့ နှစ်ဖက်ပစ်ခတ်မှုတော့မရှိခဲ့ပါဘူး" လို့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကပြေ
ကရင်နီပြည်နယ်၊ ဒေါပါပါးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက် တိုက်လေယာဉ်ဖြင့် တိုက်ခိုက်သဖြင့် စာသင်နေသည့် စစ်ရှောင်ကလေးငယ်များ ပုန်းခိုခဲ့ရ (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၁၅
ရှမ်း-ကရင်နီအစပ် လွိုင်လင်လေးမြို့ရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာ ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ရှောင်ကလေးငယ်များ ပုန်းအောင်းနေရသည့် ရုပ်သံကို Free Burma Rangers အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
လွိုင်လင်လေးမြို့အရှေ့ခြမ်းရှိ ဒေါပါပါးကျေးရွာကို ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက် တိုက်လေယာဉ်များဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Free Burma Rangers အဖွဲ့က ထုတ်ပြန်သော ဗီဒီယိုတွင် မူလတန်းအရွယ် ကလေးငယ်များ စာသင်နေချိန်တွင် အကြမ်းဖက်စစ်တပ်၏ လေကြော
ကား ၁၃ စီးပါ စစ်ကောင်စီယာဥ်တန်း မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ RPG နဲ့ပစ်ခံရ
တနင်္သာရီတိုင်းမ်၊ သြဂုတ် ၁၁
စစ်ကောင်စီကား ၁၃စီးပါယာဥ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ RPG နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပုလောဘက်ကနေ ထားဝယ်ဘက်ကိုတက်လာတဲ့ အဲဒီယာဉ်တန်းကို မနေ့က ညနေ ၃နာရီဝန်းကျင်မှာ RPG တွေ၊ လက်နက်ငယ်တွေနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခဲ့တာပါ။
တိုက်ခိုက်ခံရတဲ့ ယာဥ်တန်းထဲက စစ်ကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးတာရှိတယ်လို့ သိရပါတယ်။ ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်သားအရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။
အခုတိုက်ခိုက်မှုကို ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းနဲ့ ကျားရိုင်းပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်််
မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ပိုင် ပိုက်လိုင်း နှစ်ကြိမ်ဖောက်ခွဲခံရ
တနင်္သာရီတိုင်းမ်၊ သြဂုတ် ၁၀
စစ်ကောင်စီရဲ့အဓိကစီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းနှစ်ကြိမ်ဖောက်ခွဲခံခဲ့ရပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသကနေ သာကေတ ကိုဆက်သွယ်ထားတဲ့ MOGE သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ သြဂုတ်လ ၉ ရက် မနက် ၅ နာရီ ၄၀ မိနစ်က အိန္ဒရာဇာရွာနဲ့ ဆင်ကူးရွာ အကြားမှာ တစ်ကြိမ်၊ မနက် ၈ နာရီ ၄၀ မိနစ်မှာ နတ်ကြီးစင်နဲ့ စိန်ဘုံရွာအကြားမှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာပါ။
MOGE ရဲ့ ကံပေါက်ရုံးခွဲမှာလည်း သြဂုတ်လ ၃ ရက်နေ့ မနက် ၃ နာရီ ၄၀ မိနစ်အချိန်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ဒီဖောက်ခွဲမှုတွေကို ထားဝယ်ပြည်သ
မုံရွာ-မန္တလေးလမ်းတွင် မိုင်းရှာထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၄ ဦးသေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၇
မုံရွာ-မန္တလေးကားလမ်း တနေရာတွင် မိုင်းရှာထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေလျင်စစ်သားများနှင့် မိုင်းရှာကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ Brave Heart Army BHA က ယမန်နေ့ ဩဂုတ်လ ၆ ရက်တွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၍ စစ်သား ၄ ဦးသေဆုံးကာ အချို့ ဒဏ်ရာရသွားကြောင်း BHA က သတင်းထုတ်ပြန်ထားသည်။
Khit Thit Media
တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်၊ တကူဒေသတွင် ပြည်သူလူထုနှင့် တနင်္သာရီပြည်သူကာကွယ်ရေးအဖွဲ့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် "လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ"နှင့် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ဘဝါသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး ယနေ့ ဇူလိုင်လ၂၆ရက် ညနေပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လမ်းပိုင်တစ်နေရာတွင် ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ အရက်၊ ဘီယာ ထုတ်ကုန်ပစ္စည်းများပစ္စည်းများအား LLPDF မှ သိမ်းဆည်း၍ဖျက်ဆီးပစ်ခဲ့
WHN, July 23.
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လမ်းပိုင်တစ်နေရာတွင် ကျောက်နီမော်ကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်၏ အရက်ဆိုင်တွင် ရောင်းချမည့် အရက်၊ ဘီယာ ထုတ်ကုန်ပစ္စည်းများအား သယ်ဆောင်လာသည့် ကား အား ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၊ ၂၂ ရက်နေ့ တွင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တားဆီးစစ်ဆေးမေးမြန်းပြီး ပျူခေါင်းချစ်စမ်းမောင်ဆိုင်တွင်ရောင်းချမည့်ပစ္စည်းများအား သိမ်းဆည်း၍ ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာသည်။
စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးခေါင်း ချစ်စမ်းမောင်သည် ကျေးရွာအတွင်း လက်နက်ကိုင်ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး တပည
ဆားလင်းကြီးမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း သေဆုံးသွားသည့် ရဲ ၄ ဦး ပစ်ခတ်ခံရသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ ၊ ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသာ သေဆုံးခဲ့ပြီး အရပ်သားများ လုံး၀ ထိခိုက်ခြင်းမရှိဟု မြို့ခံများပြော
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်တွင် ယမန်နေ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သေဆုံးသွားသည့် ရဲ ၄ ဦး ပစ်ခတ်ခံရသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီး ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသာ သေဆုံးခဲ့ပြီး အရပ်သားများ လုံး၀ ထိခိုက်ခြင်းမရှိဟု မြို့ခံများပြောဆိုကြသည်။
အဆိုပါဗီဒီယိုဖိုင်သည် ယမန်နေ့ ပစ်ခတ်ခံရသည့် လက်ဖက်ရည်ဆိုင်ဖြစ်သည်ဟု မြို့ခံတချို့က ပြောဆိုသော်လည်း သက်ဆိုင်ရာ PDF တပ်ဖွဲ့များထံမှ အတည်ပြုချက် မရရှိသေးပေ။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း စံနန်းလက် ဖက်ရည်ဆိုင် ထိုင်
အရှေ့တောနယ်မှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ဖို့စောင့်ဆိုင်းခဲ့ပေမယ့် အင်အားမမျှလို့ EDFပြန်ဆုတ်ခွဲခဲ့ရ
တနင်္သာရီတိုင်းမ် ၊ ဇူလိုင် ၂၁
မေတ္တာမြို့မှ ထားဝယ်ဘက်သို့ဦးတည်လာတဲ့ စစ်ကားယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းခဲ့ပေမယ့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထပ်ထိုးလာတာကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) ကသတင်းထုတ်ပြန်ပါတယ်။
မေတ္တာမြို့ကနေ ထွက်ခွါလာတဲ့ စစ်ကား ၁၁ စီးကို ဇူလိုင်လ၁၈ရက်နေ့က ကြားဖြတ်တိုက်ခိုက်ဖို့စောင့်ဆိုင်းခဲ့ချိန်မှာ ထားဝယ်ဘက်ကနေ စစ်ကား ၆စီး ကထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်္ကန်းတုံး ကျေးရွာဘက်ကိုလည်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ခြေလျှင်စစ်ကြောင်းတွေခွဲပြီး တက်လာတာကြောင့် လက်နက်အင်အားခြင်းမမျှဘဲ ပြန်လည်ဆုတ်
ထားဝယ်ခရိုင်၊ အရှေ့တောနယ်မှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ
တနင်္သာရီတိုင်းမ် ၊ ဇူလိုင် ၂၀
ထားဝယ်ခရိုင်၊ အရှေ့တောနယ်မှာ ထီးခီးနယ်စပ်ကနေ ထားဝယ်ဖက်ကိုထွက်ခွာလာတဲ့ စစ်ကားအကြီး ၁၁ စီးခန့်ပါ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံခဲ့ရတယ်လို့ Nway Oo Guerrilla Force ကထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၇ရက်၊ မနက် ၇ နာရီခွဲခန့်အချိန်က Kawthoolei Army (အထူးစပါယ်ရှယ်တပ်ရင်း)နဲ့ ပူးပေါင်းတပ်-Nway Oo Guerrilla Force ( နွေဦးပြောက်ကျားတပ်ဖွဲ့)တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။
ရုပ်သံ - နွေဦးပြောက်ကျားတပ်ဖွဲ့
မောင်တောတွင် စစ်သားနှင့်ရဲများ သေဆုံး ပြီး ရဲမှူး အပါအဝင် ၁၄ ဦး ဖမ်းဆီးလိုက်သော ဗီဒီယိုကို AA က ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ်၊မောင်တောတွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ စစ်သားနှင့်ရဲများ သေဆုံး ပြီး ရဲမှူး အပါအဝင် ၁၄ ဦး ဖမ်းဆီးလိုက်သော ဗီဒီယိုကို AA က ထုတ်ပြန်လိုက်သည်။
ဗီဒီယိုတွင် ရဲ ၄ ဦးခန့် ရဲကားပေါ်တွင် သေဆုံးနေသည်ကို မြင်တွေ့ရပြီး ၁၄ ဦးခန့်မှာလည်း လက်နက်ချ အဖမ်းခံရသည်ကို မြင်တွေ့ရသည်။
ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီတပ်ကို AA က ယနေ့တိုက်ခိုက်ရာ ရဲမှူး ၁ ဦး လက်နက်ချအညံ့ခံမှု အပါအဝင် ၁၄ ဦး ဖမ်းမိကြောင်း၊ လက်နက် ၂၆ လက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Arakan Princess Media ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ်ရှိ AA စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ စစ်သား ၇ ဦး သေဆုံး (ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၁၂
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကား ၅ စီးယာဉ်တန်းကို ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရကြောင်း သိန်းငှက်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့ Falcon PDF - TYC ထံမှ သိရှိရသည်။
ယင်းမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိအဆင့်ပါအဝင် ၇ ဦးသေဆုံးပြီး အရေးပေါ်လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မိုင်းခွဲတိုက်ခိုက်ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Falcon PDF - TYC အဖွဲ့ထံမှ သိရှိရသည်။
Khit Thit Media