Htoo Daily News

  • Home
  • Htoo Daily News

Htoo Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Daily News, Media/News Company, .

အီရန်အထိနာမယ်နော် US ကို သွားမစသင့်ဘူး😫
08/01/2020

အီရန်အထိနာမယ်နော် US ကို သွားမစသင့်ဘူး😫

 #အီရန်ဗိုလ်ချုပ်ကြီးကိုလုပ်ကြံသတ်ဖြတ်နိုင်ဖို့ #အမေရိကန်သမ္မတ_ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းပြလှည့်စားခဲ့============...
08/01/2020

#အီရန်ဗိုလ်ချုပ်ကြီးကိုလုပ်ကြံသတ်ဖြတ်နိုင်ဖို့
#အမေရိကန်သမ္မတ_ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်းပြလှည့်စားခဲ့
===============================================

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ
ဘဂ္ဂဒက်ကအမေရိကန်သံရုံးတိုက်ခိုက်ခံရတဲ့အတွက်လက်စားချေတဲ့အနေနဲ့
အီရန်ရဲ့အဓိကဗိုလ်ချုပ်ကြီးဆူလေမန်နီကိုလုပ်ကြံသတ်ဖြတ်ဖို့
ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းပြလှည့်စားမှုတွေသုံးခဲ့တာတွေ့ရတယ်။

#ပထမအဆင့်
**************
အရင်ဆုံးသူ့နိုင်ငံထဲမှာလုံလုံခြုံခြုံရှိနေတဲ့ဆူလေမန်နီကို
အမေရိကန်ကိုလိုနီလိုဖြစ်နေတဲ့အီရတ်ကိုရောက်အောင်
မျှားထုတ်ခဲ့တယ်။

အီရတ်ကိုအမေရိကန်သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီး
အီရတ်နိုင်ငံရဲ့ဝေဟင်ကိုအမေရိကန်ကစိုးမိုးထားပြီးသားဖြစ်တယ်။
အဲဒီမှာDroneနဲ့လုပ်ကြံလို့ရမယ်။

အီရန်ဗိုလ်ချုပ်ကြီးဆူလေမန်နီ_အီရန်ကိုရောက်လာဖို့အတွက်
အသုံးချခံလိုက်ရတဲ့သူကတော့အီရတ်ဝန်ကြီးချုပ်အဗ္ဗဒူမာဒီဖြစ်တယ်။
ထရမ့်ကအီရတ်ဝန်ကြီးချုပ်ကိုအီရန်နဲ့အမေရိကန်အကြား
ပြေလည်အောင်စေ့စပ်ပေးဖို့တောင်းဆိုတယ်။

အဲဒီအတွက်
အီရတ်ဝန်ကြီးချုပ်က_ဆူလေမန်နီကိုတွေ့ဆုံဆွေးနွေးဖို့
ခေါ်ယူခဲ့တယ်။

#ဒုတိယအဆင့်
**************
ဆူလေမန်နီလုပ်ကြံခံရမယ့်နေ့မှာ
ဘဂ္ဂဒက်မှာအမေရိကန်ဟယ်လီကော်ပတာတွေနဲ့Droneတွေ
ထူးထူးခြားခြားပျံသန်းမှုတွေပြုလုပ်နေတယ်။
အီရတ်တာဝန်ရှိသူတွေကပြောတဲ့အခါအမေရိကန်တွေက
သူတို့သံရုံးလုံခြုံရေးအတွက်ပါလို့ပြောတယ်။

အီရန်ဗိုလ်ချုပ်ကြီးဆူလေမန်နီနဲ့အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့
အီရတ်ကိုရောက်လာတဲ့အခါလက်နက်တပ်ဆင်ပျံဝဲနေတဲ့Droneက
ပစ်ခတ်တိုက်ခိုက်လိုက်တယ်………။
အီရန်ဗိုလ်ချုပ်ကြီးကျဆုံးသွားတယ်………။

#တတိယအဆင့်
***************
အီရန်ဗိုလ်ချုပ်ကြီးကိုသတ်ဖြတ်ရတာဟာ
စစ်ပွဲမဖြစ်အောင်ကြိုတင်ကာကွယ်ချင်လို့ပါလို့ကြေညာလိုက်တယ်။
အီရတ်ဝန်ကြီးချုပ်ကအမေရိကန်သမ္မတဟာသူ့ကိုလိမ်ညာသွားခဲ့တဲ့
အကြောင်းနဲ့အီရတ်နိုင်ငံထဲကအမေရိကန်တပ်တွေထွက်သွားဖို့
တောင်းဆိုခဲ့တယ်။

#သုံးသပ်ချက်
**************
အမေရိကန်သမ္မတကိုယ်တိုင်လိမ်ညာလှည့်စားပြီးတိုက်ခိုက်တာဟာ
ဒီတစ်ခါပထမဆုံးအကြိမ်ကြားဖူးတာပဲဖြစ်ပါတယ်။

ဒီလိုမှကလိမ်ကကျစ်ဉာဏ်ကိုမသုံးရင်အီရန်လိုနိုင်ငံရဲ့ထိပ်တန်း
ခေါင်းဆောင်တစ်ယောက်ကိုသုတ်သင်နိုင်ဖို့တခြားနည်းမရှိပါဘူး။

နိုင်ငံရဲ့ကာကွယ်ရေးအစီအမံတွေကိုကိုယ်တိုင်ဆောင်ရွက်နေတဲ့
ဗိုလ်ချုပ်ကြီးကိုရုတ်တရက်လုပ်ကြံခံလိုက်ရတဲ့အတွက်အီရန်တို့
အရမ်းနစ်နာဆုံးရှုံးသွားခဲ့မှာအသေအချာပါပဲ။
ဒါဟာ အီရန်ကိုဒုံးကျည်အစင်း၁၀၀ပစ်တာထက်ပိုထိခိုက်ပါတယ်။

အခုလိုလိမ်ညာလှည့်စားပြီးလုပ်ကြံသတ်ဖြတ်တဲ့အတွက်
အမေရိကန်ကိုဘယ်သူကအရေးယူမှာလဲ…?
ဘယ်သူကစီးပွားရေးပိတ်ဆို့မှာလဲ…?
ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှအမေရိကန်ကိုအရေးမယူနိုင်ပါဘူး
နောက်ဆုံးမှာအင်အားကြီးသူသာအနိုင်ပါပဲ။

အင်အားငယ်သူတွေဟာ သတိထားနိုင်မှတော်ကာကျမှာဖြစ်ပါတယ်။

ကိုးကား။

https://www.dailymail.co.uk/news/article-7854971/Soleimani-Iraq-discuss-escalating-tensions-Saudis-killed-PM-says.html

https://thegrayzone.com/2020/01/06/soleimani-peace-mission-assassinated-trump-lie-imminent-attacks/

အမေရိကန်ဟာ စစ်ရေးမှာ အရမ်းသုံးတယ်။ အခုစာရင်းကို မကြည့်မိပေမယ့် အရင်စာရင်းအရ အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ သူ့နောက်အများဆုံ...
08/01/2020

အမေရိကန်ဟာ စစ်ရေးမှာ အရမ်းသုံးတယ်။ အခုစာရင်းကို မကြည့်မိပေမယ့် အရင်စာရင်းအရ အမေရိကန်ရဲ့ စစ်အသုံးစရိတ်ဟာ သူ့နောက်အများဆုံးသုံးတဲ့ နိုင်ငံ၇နိုင်ငံ (ရုရှား၊ တရုတ် စတာတွေ) ပေါင်းထက် များတယ်လို့ဆိုတယ်။ လွဲနေရင် ပြင်ပေးပါ။ စစ်အင်အားကောင်းရင် တကယ်တမ်းက စစ်တိုက်ရ သက်သာတယ်။ ဘာလို့လဲဆိုတော့ သူ့လန့်ပြီး ဘယ်သူမှ သိပ်မတိုက်ရဲလို့။ စစ်အင်အားကောင်းရင် ငွေကုန်ပိုသက်သာတယ်။

ဒါ့ကြောင့် အမေရိကန်က ဘယ်သူဘာပြောနေနေ စစ်အသုံးစရိတ်ကို ရက်ရက်ရောရော သုံးတယ်။ သုံးတော့ လက်နက်ကောင်းကောင်းတွေဆို သူပဲ ဦးဦးဖျားဖျား ထွင်နိုင်တယ်။ သူအသစ်ထွင်တဲ့လက်နက် သူ့ဆီရောက်ရင် တစ်ဆင့်နိမ့်လက်နက်တွေကို မိတ်ဆွေနိုင်ငံတွေကို ရောင်းပေးလိုက်တယ်။ ငွေလဲရ၊ မိတ်ဆွေလည်းဖြစ်။ ဟောလိဝုဒ်ရုပ်ရှင်တွေရိုက်ရင် စစ်တပ်ရဲ့ သင်္ဘော၊ ရဟတ်ယာဉ် သုံးချင်ရင် အမေရိကန်တပ်ကို ကောင်းတဲ့နေရာက ထည့်ရိုက်ရတယ် ဖတ်ဖူးတယ်။ မရိုက်ရင် ပေးမသုံးဘူး။ ပေးမသုံးရင် စရိတ်က ကုန်ပြီ။ ဒီတော့ ကောင်းကောင်းလေး ထည့်ရိုက်ပေးရတယ်။ စစ်အင်အားကောင်းတော့ နိုင်ငံတွေက လေးစားခန့်ညားကြတယ်။ ရန်သူမဖြစ်ချင်ဘူး။ ဟောလိဝုဒ်ကားတွေကြည့်ပြီး ပိုလေးစားကြပြန်တယ်။ ဒီတော့ အမေရိကန်တပ်မတော်ဟာ hard power ဖြစ်ပေမယ့် softpower ရနေပြန်တယ်။ softpower ကြောင့် ပြည်တွင်းကရော ပြည်ပကပါ လေးစားတဲ့အတွက် လက်နက်တွေရောင်းရပြီး သူ့ထဲ ပြန်ဝင်ပြန်တယ်၊ ကွန်ဂရက်တို့ ပြည်သူတို့ကလည်း စစ်လက်နက်အတွက် သုံးရင် သုံးပစေဆိုပြီး စေတနာဗလပွ ဖြစ်ပြန်တယ်။ အမေရိကန်တပ်မတော်ဟာ public relations သိပ်ကောင်းတဲ့ တပ်မတော်ဖြစ်တာကလည်း သူ့ရဲ့ ခွန်အားဖြစ်တယ်။

နောက်တစ်ခုက ဒီစစ်လက်နက်တွေ ထုတ်တဲ့ လုပ်ငန်းတွေက အကြီးကြီးတွေ။ ပမာဏလည်းများတယ်။ နိုင်ငံခြားလည်းရောင်းရ၊ ပြည်တွင်းကလည်းသုံးကိုး။ ဒီတော့ ပြည်တွင်းစီးပွားရေးကို အများကြီး အထောက်အကူပြုတယ်။ ဒါကြောင့် စစ်မဖြစ်တာကြာရင်တောင် အဲဒီအဖွဲ့အစည်းတွေပါဝင်တဲ့အုပ်စုတွေက စစ်ဖြစ်စေချင်ကြတယ်လို့ ဆိုတယ်။ စစ်ဖြစ်မှ လက်နက်တွေရောင်းရမယ်၊ အဲဒီလက်နက်တွေသုံးပြီးတိုက်ကြရင် ကြော်ငြာပြီးသားဖြစ်မယ်။

စစ်လက်နက်၊ စစ်ပစ္စည်းတွေက သိပ္ဗံနည်းပညာကို အများကြီး သုံးရတယ်။ စစ်နည်းပညာဟာ အရပ်ဖက်နည်းပညာထက် အလျော်အစားကြီးတတ်တဲ့အတွက် အဆင့်မြင့်ဖို့ တိကျဖို့လိုတယ်။ စစ်နည်းပညာမှာ လွဲရင် ကိုယ့်နိုင်ငံပျောက်သွားနိုင်တယ်လေ။ ဒီတော့ စစ်နည်းပညာမှာ ပိုက်ဆံသုံးရင် အမေရိကန်လွှတ်တော်တို့ ဘာတို့က သိပ်မပြောကြဘူး။ စစ်နည်းပညာကနေတဆင့် အရပ်ဖက်အသုံးချနိုင်တဲ့အတွက်လည်း ထပ်ဆင့်အကျိုးခံစားရတယ်။ ကနေ့တစ်ကမ္ဘာလုံး သုံးနေတဲ့ အင်တာနက်ဆိုတာ စစ်ဖက်ကသုံးတဲ့နည်းပညာကနေ ရလာတာ။

အမေရိကန်က ဥာဏ်ရှိတဲ့သူတွေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်တယ်။ ကမ္ဘာ့ထိပ်မှာနေလာတာလည်း ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆို ၇၅နှစ်လောက်ရှိပြီ။ သူလုပ်တာတွေဟာ သူ့ကိုထိပ်မှာ မြဲနေစေတာပဲ။

အီရတ်က..အမေရိကန်စစ်စခန်းတွေကိုပစ်ခတ်တဲ့ ဒုံးပျံတွေကို..‌အမေရိကန်က Ballastic Missile အဆင့်လို့သတ်မှတ်ထားပါတယ်..Ballastic ...
08/01/2020

အီရတ်က..
အမေရိကန်စစ်စခန်းတွေကို
ပစ်ခတ်တဲ့ ဒုံးပျံတွေကို..
‌အမေရိကန်က Ballastic Missile အဆင့်လို့
သတ်မှတ်ထားပါတယ်..
Ballastic Missile ဆိုတာ..
အကွာအဝေး မိုင် ၃၀၀ ကနေ မိုင် ၁၀၀၀၀ မကအထိ
ပစ်ခတ်လို့ရတဲ့ ဒုံးပျံတွေကို ခေါ်တာပါ..
အဲဒီမှာ ရှင်းပြစရာရှိတာက..
ဒုံးပျံ Missile နဲ့ ဒုံးကျည် Rocket မတူပါဘူး.
Rocket ဒုံးကျည် ဆိုတာ မှန်းပြီး ချိန်ပစ်ရတဲ့. ရှုးဒိုင်းလို..ပဲ့ထိန်းစနစ်မပါပဲ တည့်တည့်ထိတဲ့ ဒုံးလက်နက်ကို ဆိုလိုတာပါ....
ဒုံးပျံ Missile က ပဲ့ထိန်းစနစ်နဲ့ လမ်းညွှန်စနစ်..
ပျံသန်းရေးစနစ်
အစရှိတဲ့ နည်းပညာတွေပါဝင်တာကို ဆိုလိုတာပါ.
Ballastic Missile ဆိုတဲ့ အဓိပ္ပါယ်က..
ကမ္ဘာ့‌ဆွဲအားအောက်က မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ ဒုံးပျံပါ...
Ballastic Missile ဟာ အကွာအဝေးကိုလိုက်ပြီး..
အဆင့်..၄ မျိုး ခွဲထားပါတယ်...
မိုင် ၃၀၀ ထိ ပစ်နိုင်ရင်
SRBM (short range ballistic missile)
၃၀၀က ၆၀၀ ကို
MRBM (medium range ballistic missile)..
၆၀၀ က ၃၃၀၀ ကို
IRBM( intermediate range ballistic missile)..
၃၃၀၀ ကျော်ကို ICBM( intercontinental ballistic missile) တိုက်ချင်းပစ် လို့ သတ်မှတ်ကြပါတယ်..
တိုက်ချင်းပစ်ဒုံးပျံဆိုတာ.
ကမ္ဘာ့ တိုက်ကြီး ၇ တိုက်ကို တစ်တိုက်ကနေ တစ်တိုက် လှမ်းပစ်ခတ်လို့ရတာကို ဆိုလိုတာပါ....
Ballastic Missile အားလုံးဟာ..
စစ်ပွဲအတွင်းမှာ အသုံးပြုရင် Tactical Missile လို့ ခေါ်ပြီး...
စစ်ပွဲပြင်ပ နိုင်ငံအချင်းချင်းကို ပစ်ခတ်ရင်..
Stategic Missile လို့ ခေိါပါတယ်...
သူ့ရဲ့ warhead ထိပ်ဖူး လို့ခေါ်တဲ့ ပေါက်ကွဲစေတဲ့နေရာမှာ..အနုမြူ..ဓာတု..ယမ်းပြင်း.
အစရှိတဲ့ ဖျက်စီးရေးစနစ်တွေတပ်ဆင်လို့ရပါတယ်..
အရင်က ဒုံးပျံတွေမှာ..ထိပ်ဖူးက..ထိပ်မှာရှိပေမဲ့.
နောက်ပိုင်းစနစ်တွေမှာ Guided System တွေ..
အာရုံခံကိရိယာတွေ.ပစ်မှတ်ရှာကင်မရာတွေပါ..
ပါဝင်တာကြောင့်..ပေါက်ကွဲစေတတ်တဲ့ Warhead ထိပ်ဖူးက နောက်ရောက်သွားပါတယ်...
နိုင်ငံတကာ လက်နက်အသုံးပြုမှု
သဘောတူညီချက်တွေအရ..
ထိပ်ဖူးမျိုးစုံတပ်ဆင်လို့ရတဲ့..
Ballastic Missile အသုံးပြုမှုကို ကန့်သတ်ထားပေမဲ့.
အများစုက အသုံးပြုနေကြပါတယ်...
ဒီနေ့ အီရန်က ပစ်တဲ့ ဒုံးပျံဟာ.
1991 နဲ့ 2003 အီရတ်စစ်ပွဲမှာ..
အီရတ်တွေအသုံးပြုခဲ့တဲ့.
Scuud ဒုံးပျံနဲ့ မျိုးဆက်အဖြစ် သူ့နိုင်ငံထဲမှာ ထုတ်လုပ်ထားတဲ့ မိုင် ၃၀၀ ဝန်းကျင်ပစ်လို့ရတဲ့..
SRBM နဲ့ MRBM တာတိုပစ် နဲ့ တာလတ်ပစ်
ဒုံးပျံတွေဖြစ်တယ်လို့..ပညာရှင်တွေက ယူဆကြပါတယ်..
ဘာပဲပြောပြော Ballastic Missile နဲ့ ပစ်ခတ်လိုက်တာကြောင့်...
နိုင်ငံတစ်နိုင်ငံကို စစ်ကြေညာတာနဲ့.
ထပ်တူကျသွားတဲ့အတွေက်...
အမေရိကန်နဲ့..မဟာမိတ်နိုင်ငံတွေ..
အီရန်နဲ့ မဟာမိတ်နိုင်ငံတွေ..ဘယ်လိုတုန့်ပြန်ရမလဲ..

စောင့်ကြည့်ရပါဦးမယ်

Address


Website

Alerts

Be the first to know and let us send you an email when Htoo Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share